အခန်း ၃၉၈
ပိုင်ရှင်ပုက လူကောင်းတစ်ယောက်...
ကျောက်တွင်းအပြင်ဘက်၌....
အားလုံး၏ အကြည့်များက ကျောက်တွင်းအပေါက်ဝဆီသို့ ကျရောက်နေသည်။ငြိမ်သက်နေသော သူတို့၏ အော်ရာများကလည်း တစ်ဖန် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ကျောက်တွင်းဝမှ ထွက်ပေါ်လာမည့်သူကို မြင်ချင်လွန်းသောကြောင့် သူတို့ အသက်ရှူသံများပင် မတည်မငြိမ် ကြမ်းတမ်းလာသည်။
သလင်းကျောက်တွင်းဝ၌ ပေါ်လာသူ က မည်သူ ဖြစ်နေမည်နည်း...
အဏ္ဏဝါမျိုးစိတ်ပညာရှင်များနှင့် မဟာဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များက စိတ်လှုပ်ရှားဆုံး စိုးရိမ်ပူပန်မှု အဖြစ်ဆုံးပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ခရီးစဉ်၏ ရည်ရွယ်ချက်ကို သူတို့ ရှင်းရှင်းလင်းလင်း သိထားသောကြောင့်ဖြစ်သည်။ သူတို့ရည်ရွယ်သည့် ပစ္စည်းက သလင်းကျောက်တွင်းထဲ၌ ရှိနေပေသည်။ယခုလက်ရှိ၌ နှစ်ဖက်လုံး၏ ခေါင်းဆောင်များက သလင်းကျောက်တွင်းထဲ၌ ရှိနေလေရာ မည်သူက ရတနာပစ္စည်းကို ရလာမည်ကို သိရှိလိုကြသည်။
သလင်းကျောက်တွင်းပေါက်ဝ၌ ပေါ်လာသူကို တွေ့လိုက်ရသည့်အခါ၌ လူတိုင်း၏ မျက်နာအမူအရာက ထူးဆန်းသွားသည်။မဟာဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များ၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး သူတို့၏ မျက်နာပေါ်၌ မယုံကြည်နိုင်မှုက အထင်းသားပေါ်လွင်နေသည်။
အဏ္ဏဝါမျိုးစိတ်ပညာရှင်များ၏ ငါးသေကောင်ကဲ့သို့ မျက်ဝန်းများကလည်း ပို၍ ပြူးကျယ်ဝိုင်းစက်လာသည်။သူတို့က ပါးစပ်ဟောင်းလောင်းပွင့်နေပြီး ဖုံးကွယ်ထားသည့် အစွယ်များကိုပင် မြင်နေရလေသည်။သူတို့၏ အသွင်အပြင်က စွံ့အ နေသည့် ပုံရှိသော ကြက်ရုပ်ကဲ့သို့ပင် ပေါ်လာသည့် ပုံရိပ်ကို တောင့်တောင့်ကြီး စူးစိုက်ကြည့်နေကြသည်။
ဝူမူတစ်ယောက်တည်းသာလျှင် ရလဒ်ကို ကြိုတင် ပြင်ဆင်ထားပေသည်။သူက ပုဖန်မည်မျှ ကြောက်စရာကောင်းမှန်းသိနေသောကြောင့် အံ့အားတသင့်မဖြစ်ပေ။ဒီနေရာ၌ ရှိနေသာ သူများထဲ၌ ပုဖန်၏ စွမ်းရည်ကို ကောင်းစွာသိသူက သူတစ်ယောက်တည်းသာ ဖြစ်နိုင်သည်။
ဝူမူက အံ့အားသင့်မှု မဖြစ်သော်လည်း သူ့ဘေးနား၌ရှိနေသော မြွေမျိုးနွယ်အာဏာပိုင်က စွံ့အကြောင်အနေမိသည်။မြွေမျိုးနွယ်ဘုရင် တုမူကလည်း အံ့သြထိတ်လန့်နေ၏။
သူတို့သိထားသည့် ပုဖန်၏ အစစ်အမှန်စွမ်းအားအရ ထိုအချင်းအရာက မဖြစ်နိုင်ပေ။မြွေမျိုးနွယ်အာဏာပိုင်၏ မျက်ဝန်းထဲ၌ ပုဖန်က အဆင့် ၇ သူတော်စင်အဆင့် တစ်ယောက်မျှသာဖြစ်သည်။သူက ကောင်းကင်ကမ္ဘာမြေမီးလျှံကို ကံကောင်းထောက်မ၍သာ ရရှိခဲ့ခြင်းဖြစ်သည်။အကယ်၍ သူကောင်းကင်ကမ္ဘာမြေမီးလျှံကို ရရှိခဲ့လျှင်ပင် ထိုမီးလျှံကို အပြည့်အဝ အသုံးချနိုင်ဦးမည် မဟုတ်ပေ။
"ပုရွတ်ဆိတ်လိုမျိူး လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ထွက်လာနိုင်တာလဲ.....အဲ့ဒီ သလင်းကျောက်တွင်းထဲမှာ ပုဖန်ထက်တောင် သန်မာတဲ့ ကျွမ်းကျင် ပညာရှင်တွေနဲ့ ပြည့်နေတယ်မဟုတ်ဘူးလား......ဖြစ်နိုင်တာက သူက အနက်ပိုင်းထိ မသွားခဲ့လို့လား......."
ထိုအရာက လက်ရှိအချိန်၌ အားလုံးတွေးနေသည့် အတွေးပင် ဖြစ်သည်။လူတိုင်းက ထိုကဲ့သို့ တွေးလိုက်ပြီးသည်နှင့် ပုဖန်ကို ကြည့်နေသော သူတို့၏ အကြည့်များက အထင်အမြင်သေးသည့် အကြည့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော်လည်း ကျွမ်းကျင်ပညာရှင်များစွာထဲက အဏ္ဏဝါမျိုးစိတ်ပညာရှင်များက ပုဖန်ကို သံသယအပြည့်ဖြင့် စူးစိုက်စွာ ကြည့်နေကြသည်။သူတို့ထဲမှ တစ်ယောက်က ပုဖန်ကို အေးစက်စွာဖြင့် လှမ်းအော်ပြောလိုက်သည်။
"မင်းက အသက်ရှင်လျှက် ထွက်လာနိုင်တယ်ပေါ့.... ဒါဆို ထိပ်တန်း ကျိုင်းပုစွန်က ဘယ်မှာလဲ....."
ပုဖန်ကဲ့သို့ ပုရွတ်ဆိတ်တစ်ကောင်ပင် ကျောက်တွင်းထဲမှ ထွက်လာနိုင်ခဲ့လျှင် ထိပ်တန်း ကျိူင်းပုစွန်ကလည်း အသက်ရှင်လျှက် ထွက်လာနိုင်သင့်ပေသည်။
သူတို့က ပုဖန်၏ ဂရုမစိုက်သည့် အမူအရာကို မြင်လိုက်သည်နှင့် သူတို့၏ စိတ်ထဲ၌ မကောင်းသည့် ခံစားချက်များ တိုးဝင်လာသည်။
"ထိပ်တန်း ကျိုင်းပုစွန်က ဘယ်မှာလဲ......"
မဟူရာလိပ်ခုံး ဒယ်အိုးကို သယ်၍ ကျောက်တွင်းထဲမှ အေးဆေးစွာ ထွက်လာသော ပုဖန်က အဏ္ဏဝါမျိုးစိတ်ပညာရှင်များစီသို့ စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
လှိုင်းလုံး ထိပ်၌ ရပ်နေသော အဏ္ဏဝါမျိုးစိတ်ပညာရှင်က ပုဖန်ကို စူးရဲစွာ ကြည့်နေသည်။သူ့၏ ခန္ဓာကိုယ်မှလည်း အော်ရာများ လွင့်ဖြာ ထွက်နေ၏။ပုဖန်က နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးလိုက်ပြီးနောက် သူ့၏ အတွေးတစ်ချက်ဖြင့်ပင် ကြီးမားလှသည့် ပုံရိပ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။သူက ထိပ်တန်း ကျိုင်းပုစွန်ကို ဆုပ်ကိုင်လိုက်ပြီး သူကို စူးရဲကြည့်နေသည့် အဏ္ဏဝါမျိုးစိတ်ပညာရှင်ဘက်သို့ လှည့်၍ မေးလိုက်သည်။
"မင်းမေးတာက ဒီအကောင်ကြီးလား....."
ထိပ်တန်းကျိုင်းပုစွန်က အသက်ရှင်နေသေးသော်လည်း သူ့၏ နောက်ဆုံးထွက်သက်သို့ ရောက်ရှိနေပေပြီ။သူက သူ့၏ လက်ချောင်းရှည်ကို မြှောက်၍ အဏ္ဏဝါမျိုးစိတ်ပညာရှင်ကို သူ့ကိုကယ်တင်ရန် တောင်းဆိုလိုက်သည်။သို့သော်လည်း သူ့၏ လက်ကို အနည်းငယ်မျှပင် မြှောက်လိုက်နိုင်ပြီး ပြန်လည် ပြုတ်ကျသွားလေသည်။သူ့၏ ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ရန် အားမရှိတော့ပေ။
ပုဖန်၏ လက်ထဲ၌ ထိပ်တန်း ကျိုင်းပုစွန် ပေါ်လာသည့် ခဏ၌ အားလုံးက အံ့သြထိတ်လန့်စွာဖြင့် သူကို ပြူးကြောင်ကြောင် ကြည့်လိုက်ကြသည်။
"ဒီကောင်လေးက ထိပ်တန်း ကျိုင်းပုစွန်ကို အနိုင်ယူလိုက်နိုင်တာလား......သူ့လိုမျိုး သူတော်စင်အဆင့်တစ်ယောက်က ထိပ်တန်း ကျိုင်းပုစွန်ကို အနိုင်ယူနိုင်တာလား.....ဒါဘယ်လိုတောင် ကျိုးကြောင်း မညီညွှတ်တာမျိုးလဲ......"
ပုဖန်က ပတ်ဝန်းကျင်ရှိ လူတိုင်းကို အေးအေးသာသာ ကြည့်လိုက်သည်။ထို့နောက် သူ့လက်ထဲမှ အခွံများ ကျိုးအက်နေသည့် ထိပ်တန်း ကျိုင်းပုစွန်ကို ခပ်ဖွဖွလေးပွတ်လိုက်ပြီးနောက် ထုံးစံအတိုင်း သိုလှောင်နယ်မြေထဲ ပြန်လည် ထည့်သိမ်းထားလိုက်သည်။
"ဒီတစ်ခါတော့ငါ ဆီနဲ့မချက်ဘူး.....စွပ်ပြုတ်ရည်တစ်ချို့နှင့် ပေါင်းမယ်.....ဒီပုစွန်က အရမ်းကြီး ကြီးတဲ့အတွက် ပေါင်းမှသာလျှင် သူ့ရဲ့ အရသာကို အပြည့်အဝ ရလိမ့်မယ်....."
ပုဖန်က တီးတိုးရေရွတ်လိုက်သည်။ပုဖန်က သူကိုယ်တိုင်ကြားနိုင်ရုံလောက်သာ ပြောဆိုနေသော်လည်း သူ့အနား၌ ရှိနေသော လူအားလုံးက ကြားလိုက်ရသည်။ထိုသူများက ပုဖန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်၏။
"ဒီလူက ရူးသွပ်နေတာပဲ.....သူက ထိပ်တန်း ကျိုင်းပုစွန်ကိုတောင် ချက်ပြီး စားချင်နေသေးတယ်.....ဒါကြီးက လုံးဝ ယုတ္တိမရှိဘူး......."
အဏ္ဏဝါမျိုးစိတ်ပညာရှင်က သတိလွတ်မ့နေရာမှ သတိဝင်လာပြီးနောက် သူ့နှလုံးထဲမှ ဒေါသတရားများ နိုးကြွလာလေသည်။
ထိုထိပ်တန်း ကျိုင်းပုစွန်က သူတို့ အဏ္ဏဝါမျိုးစိတ် ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။အခြားလူသားတစ်ယောက်က ထိုကျိုင်းပုစွန်ကို ဟင်းပွဲတစ်ပွဲအဖြစ် ချက်ပြုတ်မည့်အား သူတို့ ဘယ်လိုနည်းနဲ့မှ ခွင့်မပြုနိုင်ပေ။ဒါက သူတို့ အဏ္ဏဝါမျိုးစိတ်ပညာရှင်အားလုံးကို အရှက်ခွဲ စော်ကားလိုက်ခြင်း ဖြစ်သည်။
တန်ခိုးရှင်အဆင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်သုံးယောက်၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး သူတို့၏ ခန္ဓာကိုယ်မှ ချွှန်မြေ့လှသော ဆူးတောင်များ ကားထွက်လာသည်။သူတို့က ပုဖန်ကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ဒါကြီးက လုံးဝ အဓိပ္ပာယ်မရှိဘူး...."
"မင်းက ငါတို့ အဏ္ဏဝါမျိုးစိတ်က ထိပ်တန်း သားရဲကိုတောင်မှ အရှက်ခွဲရဲတယ်ပေါ့ .....မင်းသေဖို့သာ ပြင်ထားလိုက်
ဘန်း....ဘန်း.....ဘန်း......"
သူတို့၏ ခြေဖဝါးအောက် လှိုင်းလုံးဆီမှနေ၍ ကျယ်လောင်လှသော ပေါက်ကွဲသံ သုံးခု ထွက်ပေါ်လာသည်။ထို့နောက်ကြီးမားလှသော လှိုင်းလုံးကြီး တစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။ထို့နောက် ထိုအဏ္ဏဝါမျိုးစိတ်ပညာရှင် သုံးယောက်က အလင်းတန်းတစ်ခုသဖွယ် လျှင်မြန်လှသော အရှိန်ဖြင့် ပုဖန်ဆီသို့ ဦးတည်လာလေသည်။
သူတို့ဆီမှ ဖြာထွက်နေသော သတ်ဖြတ်ခြင်း အငွေ့အသက်များက အလွန်ပြင်းထန်လှပေသည်။မဟာဂိုဏ်းမှ ပညာရှင်များပင်လျှင် ထိုအငွေ့အသက်များကြောင့် အနည်းငယ် ထိတ်လန့် တုန်လှုပ်သွားကြသည်။ဝူမူနှင့် မြွေမျိုးနွယ်အာဏာပိုင်၏ မျက်နာကလည်း စိုးရိမ်သည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။
တန်ခိုးရှင်သုံးယောက်၏ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသောအခါ၌ ပုဖန် ကူရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။သူ ကောင်းကင်ယံကိုပင် လွှမ်းမိုးလုနီးပါး မြင့်မားလှသော လှိုင်းလုံးကြီးကို မော့ကြည့်လိုက်၏။အပေါ်မှစီးကျလာသော ရေများက သူ့၏ ဆံပင်များကို ရွှဲရွှဲစိုနေစေသည်။
ပုဖန်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးကို စိတ်ဖြင့် ထိန်းချုပ်လိုက်သည်။ပုဖန်က ဒယ်အိုးကို တန်ခိုးရှင်သုံးယောက်စီသို့ အလျှင်အမြန် ပစ်လွှတ်လိုက်သည်။လေတိုးသံတစ်ချက်နှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုးက လေထဲ၌ ပျံဝဲသွားပြီးတန်ခိုးရှင်သုံးယောက်ရှိရာဆီသို့ ရောက်သွားလေသည်။ဒယ်အိုးက ထိုသုံးယောက်၏ လမ်းကြောင်း၌ လျှင်မြန်စွာ ပိတ်ဆို့လိုက်သည်။
"ဖယ်စမ်း....."
အဏ္ဏဝါမျိုးစိတ်ပညာရှင် သုံးယောက်က ပြိုင်တူ အော်ဟစ်လိုက်သည်။သူတို့၏ သတ်ဖြတ်ခြင်း အငွေ့အသက်များက ပုဖန်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိလေသည်။သူတို့သုံးယောက်လုံး အတူတကွ ပူးပေါင်း၍ ကြီးမားလှသော လှိုင်းလုံးကြီးဖြင့် မဟူလိပ်ခုံးဒယ်အိုးကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
ထပ်....ထပ်.....ထပ်.....
ဒေါင်....ဒေါင်....ဒေါင်.....
သူတို့ သုံးယောက်၏ တိုက်ခိုက်မှုများ ဒယ်အိုးပေါ်သို့ ကျရောက်သွားသောအခါ၌ ကျယ်လောင်သော အသံများ ထွက်ပေါ်လာလေသည်။
ပုဖန်၏ အမူအရာက မဟူရာလိပ်ခုံးဒယ်အိုးက လှုပ်ခါသွားပြီး နားကွဲလောက်စရာ အသံကျယ်များ ထုတ်လွင့်သည်ကို မြင်လိုက်ရသောအခါ၌ တန်ခိုးရှင်သုံးဦး၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။
ပုဖန်၏ အမူအရာကလည်း အနည်းငယ်ထူးဆန်းသွားသည်။သူက အဏ္ဏဝါမျိုးစိတ်ပညာရှင်သုံးဦးအတွက် စိတ်ထဲမှနေ၍ အမွှေးတိုင်ထွန်းပေးလိုက်မိသည်။
ဘလက်ကီက မဟူရာလိပ်ခုံးဒယ်အိုးထဲ၌ အိပ်ပျော်နေသည်။ဒယ်အိုးအတွင်း၌ နွေးထွေးပြီး သက်သောင့်သင်သာရှိလှသောကြောင့် အလွန်ပင် အိပ်စက်လို့ကောင်းလှသည်။သူ့၏ နှာခေါင်းပေါက်များက ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး အသက်ရှုထုတ်ခြင်းကို စည်းချက်မှန်မှန်ပြုလုပ်နေလေသည်။
ရုတ်တရက် မဟူရာလိပ်ခုံး ဒယ်အိုးဆီမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသောကြောင့် အိပ်ပျော်နေသော ဘလက်ကီ၏ အမွှေးများပင် ထောင်ထသွားသည်။
သူမျက်ဝန်းများ ချက်ချင်းဖွင့်လိုက်သည်။ဒေါသထွက်မှုကြောင့် သူ့၏ အမွှေးဖွားဖွားများက ထောင်ထနေလေ၏။
"ဘယ်သူက ဒီခွေးဘုရင် အိပ်နေတာကို နှောင့်ယှက်လိုက်တာလဲ......"
ဒယ်အိုးထဲမှနေ၍ ဘလက်ကီ၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ထို့နောက် သူ၏ ခန္ဓာကိုယ်က လေထဲသို့ လွင့်တက်လာပြီး ပို၍ ကြီးသထက် ကြီးမားလာသည်။
သူ့၏ ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများ ထွက်ပေါ်နေသောကြောင့် အဏ္ဏဝါမျိုးစိတ်ပညာရှင် သုံးယောက်က ထိတ်လန့်သွားကြသည်။သူတို့ ဘလက်ကီနှင့် ရင်ဆိုင်တွေ့ကြုံရသည့်အခါ၌ လုံးဝ ကြောက်ရွံ့ တုန်လှုပ်နေပေပြီ။
သူတို့ သုံးဦးလုံးက ကြောက်ရွံ့မှုများ ပြည့်နေသည့် အကြည့်ဖြင့် ဒယ်အိုးထဲမှ ထွက်ပေါ်လာသော ဘလက်ကီကို မလွှဲတမ်းစိုက်ကြည့်နေမိကြသည်။ဘလက်ကီ၏ ငိုက်မြည်းနေသော မျက်နာ၌ ဒေါသတရားများ ပြည့်နှက်နေပြီး အဏ္ဏဝါမျိုးစိတ်ပညာရှင်သုံးဦးလုံးကို ဝေ့ဝဲ အကဲခတ်ကြည့်ရှုလိုက်သည်။
ထိုအကြည့်တစ်ချက်တည်းဖြင့်ပင် သူတို့၏ ခန္ဓာကိုယ်များထိန်းမရနိုင်လောက်အောင် တုန်ယင်လာပေသည်။ထို့နောက် ဘလက်ကီဆီမှ ဟောင်သံတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ဘလက်ကီ၏ ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်ဟလိုက်သည်နှင့် ပြင်းထန်လှသော လေပြင်းတစ်ချက်တိုက်ခိုက်သွားသည်။ထို့နောက် ဘလက်ကီက သူတို့အားလုံးကို စုပ်ယူ ဝါးစားလိုက်လေသည်။
အဏ္ဏဝါမျိုးစိတ်ပညာရှင်သုံးဦးက အော်ရန်ပင် အခွင့်အရေးမရလိုက်ပဲ ဘလက်ကီ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။သူ့၏ အိပ်စက်ခြင်းကို နှောင့်ယှက်သောသူများကို ဝါးမြိုပြီးသည်နှင့် ဘလက်ကီ၏ ဒေါသများက ပြန်လည် တည်ငြိမ်သွားပြီး သူ့၏ အမွှေးဖွားဖွားများက ပြန်လည် ပိပြားသွားသည်။
ဖီ....
"ပင်လယ်စာတွေက ဘယ်လိုအရသာကြီးလဲ...."
ဘလက်ကီက နှုတ်ခမ်းတစ်ချက်တွန့်၍ အထင်သေးဖွယ် ပြောလိုက်သည်။ ထို့နောက် ဒယ်အိုးထဲသို့ ပြန်ဝင်၍ ပြန်လည် အိပ်စက်လိုက်လေသည်။
ယခုတစ်ကြိမ်၌ ဘလက်ကီက အရင်ကထက်ပင်ပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပေသည်။အဏ္ဏဝါမျိုးစိတ်ပညာရှင်သုံးယောက်၏ မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသော ဘေးနားရှိလူတိုင်းက ကြောက်ရွံ့တုန်ယင်နေကြသည်။
အထူးသဖြင့် အဏ္ဏဝါမျိုးစိတ်များထဲမှ ကျန်နေသေးသည့် အဆင့် ၇ အဆင့် ၈ စစ်သည်တော်များပင် ဖြစ်သည်။သူတို့၏ ခြေထောက်များက ခွေယိုင်နေပြီး ပါးဟပ်များထဲမှရေများ အဆက်မပြတ် စီးထွက်နေကြသည်။
သူတို့၏ အကြည့်များက ပုဖန်လက်ထဲ ပြန်လည် ရောက်ရှိသွားသော အိုးနောက်သို့ ထပ်ကြပ်မကွာ ပါသွားကြသည်။
"ခွေးတစ်ကောင်က တန်ခိုးရှင်သုံးယောက်ကို မြိုချပစ်လိုက်တာလား......"
ယခုအချိန်၌ သူတို့က ပုဖန်ကို မိစ္ဆာတစ်ကောင်ကဲ့သို့ မြင်နေကြပေပြီ။ပုဖန်က တစ်ချက်မဲ့လိုက်ပြီးနောက် ဘလက်ကီ အိပ်ပျော်နေသော မဟူရာလိပ်ခုံးဒယ်အိုးကို သယ်ဆောင်၍ အေးဆေးစွာ လျှောက်ထွက်သွားလိုက်သည်။သူက မဟာမြွေလူသားမြို့တော်သို့ ပြန်ရန် စီစဉ်ထားပေသည်။
သလင်းကျောက်တွင်းကြီးထဲ၌ ရှိသော သလင်းကျောက်ရင်းမြစ် သုံးခုကိုလည်း သူဖွင့်ခဲ့ပြီးပြီ။စနစ်ပေးသည့် တာဝန်ဖြစ်သော ပါဝင်ပစ္စည်းများကိုလည်း ရရှိခဲ့ပေပြီ။ထို့နောက် ယခုအချိန်၌ မဟာမြွေလူသားမြို့တော်သို့ မြန်မြန်ပြန်၍ ငါးပူတင်းကို ချက်ပြုတ်ချင်နေပေပြီ။
ပုဖန်နီးကပ်လာသည်နှင့် အဏ္ဏဝါမျိုးစိတ်ပညာရှင်များက သူ့၏ လမ်း၌ ပိတ်ဆို့၍ မရပ်နေရဲကြတော့ပေ။သူတို့က လှိုင်းလုံးများက်ို ထက်ခြမ်း ဖွင့်လိုက်ပြီး ပုဖန်အတွက် လမ်းဖွင့်ပေးလိုက်သည်။ထို့နောက် တဖြေးဖြေးလျောက်လှမ်းသွားသော ပုဖန်၏ ပုံရိပ်ကိုသာ စိုက်ကြည့်နေကြတော့သည်။
လှိုင်းလုံးများကြားမှ ဖြတ်လျှောက်သွားပြီးသော ပုဖန်က ရုတ်တရက် ပြန်လှည့်ကြည့်လိုက်ပြီးနောက် အဏ္ဏဝါမျိုးစိတ်ပညာရှင်များကို ဦးတည်၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"မင်းတို့ထဲမှာ ငါ ထိပ်တန်း ကျိုင်းပုစွန်ကို ချက်မှာနဲ့ ပတ်သတ်ပြီး ကန့်ကွက်မဲ့သူ ရှိသေးလား......"
ပုဖန်၏ မေးခွန်းကို ကြားလိုက်သည်နှင့် သူတို့အားလုံး ငိုကြွေးလုနီးပါး ဖြစ်သွားသည်။
"သေမလို့ ကန့်ကွက်ရမှာလားဟ.....တကယ်လို့ ငါတ်ို့က ကန့်ကွက်ရင်ကော မင်းက နားထောင်မှာမို့လို့လား......ဟိုခွေးကို ခေါ်ထုတ်ပြီးတော့ ငါတို့ကို စားခိုင်းလိုက်မှာမဟုတ်လား....."
အဏ္ဏဝါမျိုးစိတ်ပညာရှင်များက မည်သို့မှ မတုံ့ပြန်သောကြောင့် ပုဖန်က ခေါင်းတညိတ်ညိတ်ဖြင့် ပြန်လှည့်သွားလိုက်သည်။ယခု သူ ထွက်ခွာသွားချိန်၌ မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို တားရဲခြင်းမရှိတော့ပေ။ဝူမူက မြွေမျိုးနွယ်အာဏာပိုင်ကို ဆွဲခေါ်လိုက်ပြီး ပုဖန်နောက်သို့ လိုက် လိုက်သည်။
"ရှင်က သလင်းကျောက်တွင်းထဲက ရတနာတွေကို မယူတော့ဘူးလား....."
"ဒီနေရာမှာ အဖွဲ့နှစ်ဖွဲ့တောင်ရှိနေတယ်လေ .....ဘယ်လိုရတနာမျိုးများ ငါတို့ ရနိုင်မှာမို့လို့လဲ ...."
ဝူမူက ချက်ချင်းပြန်တုံ့ပြန်လိုက်သည်။မြွေမျိုးနွယ်အာဏာပိုင်၏ လှပသော မျက်နာလေးက တောင့်တင်းသွားလေ၏။ထို့နောက် သူ ကူကယ်ရာမဲ့စွာဖြင့်ပင် ဝူမူ၏ နောက်မှသာ လိုက်လာခဲ့လိုက်သည်။အဏ္ဏဝါမျိုးစိတ်ပညာရှင်များနှင့် မဟာဂိုဏ်းမှ စစ်သည်တော်များက ထိုနေရာ၌ ရပ်၍ ဆက်စောင့်နေကြသည်။သူတို့က ကျောက်တွင်းထဲမှ ပြန်ထွက်လာမည့် သူတို့၏ ခေါင်းဆောင်များကို စောင့်နေကြပေသည်။အချိန်ခဏမျှကြာပြီးနောက် ကျောက်တွင်းဝဆီမှ အသံတစ်ချို့ လွင့်ပျံထွက်လာသည်။
ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသူ တစ်ယောက် ကျောက်တွင်းဝ၌ ပေါ်လာသည်။သူက တုန်တုန်ရီရီဖြင့် ကျောက်တွင်းထဲမှ ကြိုးစားရုန်းကန်၍ လျှောက်လာပေသည်။ထိုသူကို မြင်လိုက်သည်နှင့် အဏ္ဏဝ်ါမျိုးစိတ်ပညာရှင်များ၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး နှစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
သူတို့က အဏ္ဏဝါမျိုးစိတ် ကျွမ်းကျင် ပညာရှင်၏ အခြေအနေကို မြင်လိုက်သည်နှင့် တိုက်ပွဲ အခြေအနေကို သဘောပေါက် နားလည်လိုက်ကြသည်။မဟာဂိုဏ်းမှ ပညာရှင်က အဏ္ဏဝါမျိုးစိတ်ပညာရှင်ထက် ပို၍ အားကောင်းလှသည်ဟု သူတို့ထင်လိုက်ကြသည်။အဏ္ဏဝါမျိုးစိတ်ပညာရှင်က ထိုသူ၏။ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်ဟုပင် တွေးထင်လိုက်ကြသည်။
"တန်ခိုးရှင် သုံးယောက် ဘယ်ရောက်သွားလဲ....."
မသေမျိုးခန္ဓာကျွမ်းကျင်ပညာရှင်က သောကပြည့်နေသည့် အမူအရာများနှင့် သူ့တန်ခိုးရှင်များကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် လှမ်းမေးလိုက်သည်။
အဏ္ဏဝါမျိုးစိတ်တစ်ယောက်က လတ်တလော ဖြစ်ပျက်ခဲ့သမျှ အခြေအနေအားလုံးကို ပြန်လည်ပြောပြလိုက်သည်။ကျောက်တွင်းထဲမှ ထွက်လာသည့် မသေမျိုးခန္ဓာ ကျွမ်းကျင်ပညာရှင်၏ မျက်နာက ရှုံ့မဲ့သွားသည်။သူ သွေးတစ်လုတ်အန်လိုက်ရပြီး သူ့၏ အခြေအနေကလည်း ပို၍ ဆိုးရွားသွားသည်။
"သွားကြစို့ ငါတို့ ပင်လယ်နန်းတော်ကို ပြန်ကြမယ်......."
သူတို့၏ မသေမျိုးခန္ဓာ အဆင့် ခေါင်းဆောင်က ဆုံးရှုံးသွားရသောတန်ခိုးရှင်သုံးယောက်အတွက် လက်စားချေခြင်းမပြုဟု သူတို့ မထင်ထားမိကြပေ။သူက လက်စားမချေမည့်အပြင် ပင်လယ်နန်းတော်သို့ ချက်ခြင်း ပြန်ရန်ပင် ညွှန်ကြားနေပေသည်။သူတို့ အားလုံးက အံ့အားသင့်သွားသော်လည်း သူ၏ အမိန့်က်ို နာခံလိုက်ကြသည်။
သူတို့မထွက်ခွာခင်၌ မသေမျိုးခန္ဓာ ကျွမ်းကျင်ပညာရှင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး မဟာဂ်ိုဏ်းမှ သူများကို လှည့်ကြည့်လိုက်သည်။သူ့၏ အပြုံးက ဖျော့တော့နေသော်လည်း သူ့၏ မျက်နာပေါ်၌ ပျော်ရွှင်မှုက အထင်းသား ထင်ဟပ်နေသည်။
သူက လေထဲတွင် ရပ်ထားသည့် စစ်သင်္ဘောကြီးပေါ်၌ ရပ်နေကြသော စစ်သည်တော်များကို ကြည့်၍ လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်သည်။
"မင်းတို့အခုတော့ ရီထားအုန်းပေါ့ ......မင်းတို့ ဂိုဏ်းက မသေမျိုးခန္ဓာ အဆင့် ခေါင်းဆောင်ရဲ့ အလောင်းကို ရှာတွေ့တဲ့အခါမှ ရီနိုင်အုန်းမလားဆိုတာ ငါကြည့်အုန်းမယ်......"
..................
ပုဖန်က မဟာမြွေလူသားမြို့တော်သို့ ပုံမှန်အရှိန်ဖြင့်သာ ပြန်လာခဲ့သည်။ဝူမူနှင့် မြွေမျိုးနွယ်အာဏာပိုင်က မြို့တော်သို့ သူထက်အရင် ရောက်နှင့်နေကြသည်။သူရောက်သည့်အခါ၌ အန္တရာယ်များကို ရင်ဆိုင်တွေ့ကြုံရခြင်းမရှိတော့ပေ။အဏ္ဏဝါမျိုးစိတ် စစ်သည်တော်များအားလုံးကို ဝူမူနှင့် မြွေမျိုးနွယ်အာဏာပိုင်က ရှင်းလင်း သုတ်သင်ပြီးပေပြီ။
မြွေလူသားမြို့တော်ဆီမှ ပျော်ရွှင်စွာ အောင်ပွဲခံနေသော အသံများ ပြန့်လွင့်နေသည်။ထိုထဲမှ လူတစ်ချို့ကလည်း ပုဖန်က်ို ကောင်းစွာ မှတ်မိနေပေသည်။အဘယ်ကြောင့်ဆိုသော် ပုဖန်က ထိပ်တန်း ကျိုင်းပုစွန်ကို ခေါ်ဆောင်သွားသည့် အတွက်ကြောင့်သာ သူတို့၏ မြွေလူသားမြို့တော်က ဆက်လက်ရပ်တည်နေနိုင်ခြင်းပင် ဖြစ်သည်။
မြောက်များလှစွာသော သူများက ပုဖန်ကို ကြည့်၍ ကျေးဇူးတင်သည့်အမူရာအရာကို ဖော်ပြလိုက်သည်။ပုဖန်က သူတို့၏ အမူအရာများကို မြင်လိုက်သည့်ခဏ၌ အနည်းငယ်ပင် ထိတ်လန့်သွားမိသည်။သူတို့၏ အပြုအမူက ထူးဆန်းနေသည်ဟု သူတွေးလိုက်မိ၏။
ပြန်ရောက်သည့်အခါ၌ မြွေမျိုးနွယ်အာဏာပိုင်နှင့် တခြားသူတစ်ယောက်က သူ့ကိုလာရှာကြ၏။မြွေမျိုးနွယ်ဘုရင် တုဝေ့၏ မျက်နာက ဖြူဖျော့နေ၏ သူမ၏ မျက်နာပေါ်၌ သွေးရောင်တစ်စက်မှပင် မရှိတော့ပေ။
မြွေလူသားမြို့တော်၏ အကာအကွယ်မှော်အစီအရင်ကို အသုံးပြုရန်အတွက် သူမ၏ စွမ်းအင်အကုန်လုံးကို သုံးစွဲခဲ့ရပေသည်။သူမက ဖြူဖျော့သော မျက်နာဖြင့် ပုဖန်ကို လှမ်းကြည့်လ်ိုက်သည်။
"ဒီလူသား.... ပထမဆုံး သူက မြွေလူသားမြို့တော်ကို တိုက်ခိုက်ခဲ့ပေမယ့် သူကပဲ မြို့တော်ကို ပြန်ကယ်တင်ပေးခဲ့တယ်....."
သူတို့ကြား၌ သဘောထားကွဲလွဲမှု အနည်းငယ်ရှိနေပေမယ့် သူမက ပုဖန်ကို လူကောင်းတစ်ယောက်ဟုပင် ခံစားမိလေသည်။မြွေမျိုးနွယ်အာဏာပိုင်နောက်မှ လိုက်လာသော ယုဖူလည်း ရောက်လာခဲ့သည်။
ပုဖန်ကို မြင်လိုက်ရသည့်ခဏ၌ သူမနှလုံးသားထဲ၌ လေးပင်နေသော အရာများ ပေါ့ပါးသွားသလိုပင် ထင်လိုက်ရသည်။သူမက ပုဖန်ကို ထက်မြင်လိုက်ရသည့်အတွက် စိတ်လှုပ်ရှားနေမိသည်။
"ပိုင်ရှင်ပု အစောပိုင်းက ငါတို့ မင်းအပေါ် အမှားကျူးလွန်ခဲ့မိတယ်.....ဒါပေမယ့်လည်း အခု မြွေမျိုးနွယ် အာဏာပိုင်နဲ့ မင်းနဲ့ ကြားထဲက သဘောထားကွဲလွဲမှုကို ငါတ်ို့ အေးအေးဆေးဆေး ဆွေးနွေးကြရအောင်....."
ဝူမူက ပုဖန်ကို နွေးထွေးမှု အပြည့်ဖြင့် ကြည့်လိုက်သည်။သူက မြွေမျိုးနွယ်အာဏာပိုင်နှင့် ပုဖန်တို့ကြားထဲက ကြားဝင် စေ့စပ်သူအနေဖြင့် ဆောင်ရွက်လိုက်ပေသည်။
ပုဖန်က မြွေမျိုးနွယ်အာဏာပိုင်ကို ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"ဘာမှမပြောနဲ့ဦး အခုလတ်တလော အရေးကြီးတာက ငါ့ကို မီးဖိုချောင်တစ်ခု ပြင်ဆင်ပေး......ကျန်တဲ့ ကိစ္စတွေကို ငါတို့ နောက်မှ ဆွေးနွေးလို့ရတယ်.....ယုဖူ လာခဲ့......ငါ့ရဲ့ အကူလာလုပ်ပေး....."
မြွေမျိုးနွယ် အာဏာပိုင် ဝူမူနှင့် ဘေးနား၌ ရှိနေသော သူများအားလုံးက သူ့စကားကြောင့် ကြောင်အသွားကြသည်။
"ဘာတွေ ဖြစ်နေပြန်တာလဲ....."