အပိုင်း ၄၀၀
Viewers 53k

အခန်း ၄၀၀

ပုစွန်ပိစိ မင်းဘာလုပ်တာလဲ.....


အရင်ကမ္ဘာမှာတုန်းက ပုဖန် ငါးပူတင်းငါးကို တစ်ကြိမ်ချက်ခဲ့ဖူးသည်။ထိုငါးကို ပြင်ဆင်ရာ၌ ပတ်သတ်၍ အလွန်ကျွမ်းကျင်ပိုင်နိုင်မှု မရှိသော်လည်း သူ့၌ သိရှိထားသည့် ဗဟုသုတများစွာ ရှိသည်။


ထိုငါးပူတင်းငါး၏ အရသာက အလွန်လတ်ဆတ်ပြီး အလွန်ချိုမြလှသည်။အသားက အလွန်နူးညံ့ပြီး ပျော့ပျောင်းလှ၏။သူ့၏ အသား ဂဏာန်းသားကဲ့သို့ပင် နူးညံ့နေ၏ သို့သော်လည်း ဝါးလိုက်သည့်အခါ၌ ဂဏာန်းသားထက်ပို၍ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပြီး မမေ့နိုင်ဖွယ် အရသာကို ပေးစွမ်းနိုင်ပေသည်။


ရှေးယခင် အချိန်ကတည်းက သူတို့၏ အသက်ကိုပင် စွန့်စား၍ ငါးပူတင်းငါးကို စားသုံးသည့်သူများရှိခဲ့ကြသည်။အကယ်၍ လူတစ်ယောက်က ငါးပူတင်းငါးအဆိပ်ကြောင့် သေဆုံးခဲ့မည်ဆိုလျှင် ထိုသူ၏ သေဆုံးမှုကို တန်ဖိုးရှိသည်ဟု ဆိုကြသည်။


တကယ်တမ်းဆိုရမည်ဆိုလျှင် ငါးပူတင်းငါးကို စားပြီးနောက် အဆိပ်မိ သေဆုံးရခြင်းမှာ ထိုငါးကို ကိုင်တွယ်သည့်နေရာ၌ သေချာမကိုင်တွယ်၍ ဖြစ်သည်။


ဥပမာအားဖြင့် ပြောရမည်ဆိုလျှင် သူတို့က ထိုငါး၏ သွေး သို့မဟုတ် အတွင်းကလီစာများကို သန့်ရှင်းရာ၌ သေချာဂရုတစိုက်မလုပ်ကိုင်သောကြောင့် အဆိပ်များက အသားထဲ စိမ့်ဝင်သွားပြီး စားသုံးသူကို အဆိပ်သင့်စေခြင်းဖြစ်သည်။


ပုဖန်က ငါးပူတင်းငါးကို ကိုင်တွယ်ရာ၌ အဆိပ်များငါးအတွင်း၌ အရှည်ကြာစွာ မရှိစေရန်အတွက် ဂရုတစိုက်ဖြင့် သေချာစွာ ကိုင်တွယ်ခဲ့သည်။သူငါးသန့်ရှင်းပြီးနောက် စိတ်သက်သာရာရသွား၏။


ပုဖန်က လမိုက်ဆူးငါးပူတင်းကို ကြွေပန်းကန်တစ်ခုထဲ ထည့်လိုက်ပြီးနောက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ထုတ်ယူလိုက်သည်။ထို့နောက် ဝိုင်အနည်းငယ်ကို အသားပေါ်ဖြန်းလိုက်၏။


ထို့နောက် သူ ငါးအသားကို ဝိုင်ဖြင့် ခဏနှပ်ထားလိုက်သည်။အေးခဲကျောက်စိမ်းနှလုံးသားဝိုင်က အရောင်မဲ့ပြီး ကြည်လင်လှ၏။တောက်ပလှသည့် ဝိုင်စက်လေးများက ငါးအသားထဲသို့ တဖြေးဖြေးစိမ့်ဝင်သွားလေသည်။


ဝိုင်ဖြင့် စိမ်သည့် အဆင့်ကလည်း တကယ့်ကို အရေးကြီးသည်။အဘယ်ကြောင့်ဆိုသော် ငါးအသားကို ဝိုင်ဖြင့် စိမ်လိုက်ခြင်းဖြင့် အသား၏ အရသာက ပို၍ ကောင်းမွန်လာသလို မွှေးရနံ့ကလည်း ပို၍ သိပ်သည်းလာ၏ ပုဖန်က ငါးအသားကို ဝိုင်ဖြင့် စိမ်ထားစဉ်တွင် တခြားအရာများကို ပြင်ဆင်လိုက်သည်။


သူနွေဦးစမ်းရေကို ဒယ်အိုးထဲသို့ ထပ်မံလောင်းထည့်လိုက်ပြီး ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်၏ အပူချိန်ကို မြှင့်လိုက်သည်။မီးအပူချိန်က ပို၍ မြင့်မားလာသာကြောင့် အိုးထဲမှ ရေများက လျှင်မြန်စွာပင် ဆူပွက်လာသည်။


မဟူရာလိပ်ခုံးဒယ်အိုးဆီမှ ရေနွေးငွေ့များ သိပ်သည်းစွာ ထွက်လာသည်။ထိုအငွေ့များက စိတ်အာရုံကို လန်းဆန်းသွားစေပြီး သက်တောင့်သက်သာခံစားရစေသည်။


ရေဆူပွက်နေစဉ်၌ ပုဖန်က ပါဝင်ပစ္စည်းများထားသည့် နေရာသို့ သွားလိုက်ပြီး စိတ်ဝိညာဉ်ဆေးပင်အချို့ကို ထုတ်ယူလိုက်သည်။သူဆေးပင်များကို ထုထောင်း၍ ငါးအသားပေါ်သို့ အရည်ညှစ်ချလိုက်သည်။


ငါးထည့်ထားတဲ ကြွေပန်းကန်ထဲ အစိမ်းရောင်အရည်များ ပြည့်သွားပြီးနောက် ဆေးရေများက ငါးအသားထဲသို့ စတင်စိမ့်ဝင်သွားသည်။


ပုဖန် ကြွေပန်းကန်ကို သူ့၏ လက်ဖဝါးပေါ်တင်လိုက်ပြီး အစစ်အမှန်စွမ်းအင်များကို စီးဆင်းစေလိုက်သည်။သူ့၏ စွမ်းအင်များပင် ထိန်းချုပ်၍ ဆေးအရည်များပင် ငါးအသားထဲသို့ သေချာစွာ ပြန့်နှံ့စိမ့်ဝင်စေလိုက်၏။ဆေးရည်များ စိမ့်ဝင်သွားသည်နှင့် ငါး၏ ပင်ကိုယ်အရောင်က အနည်းငယ်ပြောင်းလဲသွားသည်။


ဆေးရည်များ အကုန်အစင်စိမ့်ဝင်သွားပြီးနောက် လမိုက်ဆူးငါးပူတင်းကို ကြွေပန်းကန်းပြားထဲမှ ပြန်လည် ထုတ်ယူလိုက်သည်။ထို့နောက်သူက ငါးအသားကို နွေဦးစမ်းရေဖြင့် ထပ်မံ၍ ဆေးကြောလိုက်၏။ပြီးနောက် ဆူပွက်နေသော မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ ငါးကို ထည့်လိုက်သည်။


ယုဖူက အနား၌ နီးကပ်စွာရပ်၍ ပုဖန်၏ သဘာဝကျ အသက်ဝင်လှသော လှုပ်ရှားမှုများကို စိုက်ကြည့်နေသည်။သူမ၏ မျက်ဝန်းလေးများက ဝိုင်းစက်နေပြီး သူမမျက်ဝန်းထဲ၌ ဂုဏ်ယူလေးစားမှုများ ပြည့်နှက်နေလေသည်။


ပိုင်ရှင်ပုက ပါဝင်ပစ္စည်းတစ်ခုချင်းစီ၏ အရည်အသွေးကို ကောင်းစွာတိတိကျကျနားလည်ထားသည်။ထိုအရည်အချင်းက ယုဖူသင်ယူလိုသည့် အရည်အချင်းမျိုးပင် ဖြစ်သည်။ပါဝင်ပစ္စည်းများ အလွန်အကျွံသုံးမိလျှင် ဟင်းပွဲပေါ် အကျိုးသက်ရောက်မှု ရှိပြီး အရသာကိုလည်း ပျက်စီးသွားစေနိုင်သည်။


အကယ်၍ ပါဝင်ပစ္စည်းများလုံလောက်မှုမရှိခဲလျှင်လည်း ဟင်းပွဲ၏ ကောင်းမွန်သည့်အရသာကို တိတိကျကျဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ထို့ကြောင့်ပင် ပါဝင်ပစ္စည်းများ၏ အချိုးအဆကို သိရှိရန်က တကယ့်ကို လိုအပ်သည့် အရည်အချင်းတစ်ခုပင် ဖြစ်သည်။ပုဖန်က ချက်ပြုတ်ပြင်ဆင်နေစဉ်အတွင်း ယုဖူ၏ အကြည့်များက မီးဖိုပေါ်ရှိ လမိုက်ဆူးငါးပူတင်း၏ အရေခွံပေါ်သို့ ကျရောက်သွားသည်။


ထိုအရေခွံကို ကောက်ယူဖယ်ရန် ပြင်လိုက်စဉ်မှာပင် ပုဖန်က သူမဘက်သို့လှည့်ကြည့်လာပြီး ချက်ချင်းပြောလိုက်သည်။


"ပြန်ချထားလိုက်......"


ပုဖန်၏ စကားကြောင့် ယုဖူက အနည်းငယ်ကြောင်အသွားသည်။


"ဒီအရေခွံက အသုံးဝင်လို့လား......"


"ငါမပြောပဲ ဘာကိုမှ လျှောက်မကိုင်နဲ့....."


ပုဖန်၏ အသံက အေးဆေးနေဆဲဖြစ်သော်လည်း အနည်းငယ်မာထန်သည်။ယုဖူက ကြောင်အနေသေးသော်လည်း အလျှင်အမြန် ခေါင်းညိတ်လိုက်၏။သူမအမှားပြုလုပ်လိုက်မိမှန်း သူမနားလည်ပေသည်။


"ဒီလမိုက်ဆူးငါးပူတင်း၏ အရေခွံက အသုံးဝင်တာလား......"


"ဒါပေါ့ ကောင်းကောင်းကြီး အသုံးဝင်တာပေါ့....."


ထိုအပိုင်းက ဟင်းပွဲ၏ အရေးကြီးဆုံးအပိုင်းဟုပင် ပြော၍ ရပေသည်။ပုဖန်က ရေပွက်ပွက်ဆူလာအောင် စောင့်ပြီးနောက် ငါးကို ပြန်ဆယ်ထုတ်လိုက်ကာ ပန်းကန်ပြားထဲ ပြန်ထည့်ထားလိုက်သည်။ထို့နောက် သူထိုရေများကို သွန်ပစ်လိုက်၏။


ယုဖူက ပုဖန်၏ လှုပ်ရှားမှု အစိတ်အပိုင်းအားလုံးကို မျက်လုံးကျယ်ကျယ်ဖွင့်၍ တိတိကျကျသေချာလိုက်မှတ်သားနေသည်။ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို အပူထပ်ပေးလိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးနှင့်သူက စိတ်ဆက်သွယ်ချက်ခြင်းရှိသောကြောင့် အိုး၏ အပူချိန်ကို ကောင်းစွာသိပေသည်။ပုဖန်က အိုးပူလာပြီးနောက် အိုးထဲသို့ ဆီတစ်ချို့လောင်းထည့်လိုက်၏။ထို့နောက် မကြာသေးခင်က သူပြင်ဆင်ထားခဲ့သော စိတ်ဝိညာဉ်ဆေးအမှုန့်များကို ထုတ်ယူပြီး ချက်ရန် ပြင်ဆင်လိုက်သည်။


ဆီပူထဲသို့ စိတ်ဝိညာဉ်ဆေးမှုန့်များ ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရှဲခနဲ မြည်သံတစ်ချက်နှင့်အတူ မွှေးရနံ့များလည်း ထွက်ပေါ်လာသည်။ထိုရနံ့များက သိပ်သည်းပြင်းထန်မှုမရွိသ္လောည်း ရှုရှိုက်လိုက်ရသူ၏ စိတ်နွလုံးကို ကြည်လင်လန်းဆန်းသွားစေသည်။


ထိုစိတ်ဝိညာဉ်ဆေးပင်များ၏ ချိုမြသော ရနံ့ကလည်း ပုဖန်ကိုပင် စိတ်ဓာတ်ခွန်အားတက်ကြွလာစေသည်။ပုဖန်က ပြုတ်ထားပြီးသော လမိုက်ဆူးငါးပူတင်းကို ဆီပူအိုးထဲသို့ ပြန်ထည့်လိုက်သည်။အပူနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ငါးအသားဆီမှ သိပ်သည်းလှသော မွှေးကြိုင်ရနံ့များ ပြန့်လွင့်ထွက်ပေါ်လာသည်။


မွှေးရနံ့များက အလွန်ပင် ပြိုင်ဘက်ကင်းလှသည်။တစ်စုံတစ်ယောက်၏ နှလုံးသားကို ဆွဲညှို့ယူလိုက်သလိုမျိုး ထိုရနံ့ကို ဘယ်တော့မှ မေ့ပျောက်လိုက်တော့မည် မဟုတ်ပေ။ယုဖူက အသက်ပြင်းပြင်းရှိုက်၍ မွှေးရနံ့မျာကို ရှူရှိုက်လိုက်သည်။သူမ၏ မျက်နာလေးပေါ်၌လည်း အရူးအမူးစွဲလမ်းသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။


ပုဖန်က သူပြင်ဆင်ထားပြီးသော စွပ်ပြုတ်ရည်အနည်းငယ်ကို ယူလိုက်ပြီး ငါးပူတင်းအသားမြှုပ်အောင်ထိ လောင်းထည့်လိုက်သည်။ထို့နောက် စနစ်၏ သိုလှောင်နယ်မြေထဲမှ သွေးသရဖူကို ထုတ်ယူ၍ အပိုင်းလေးတစ်ခု ပိုင်းဖြတ်လိုက်သည်။ထိုအပိုင်းကို နုတ်နုတ်စင်းလိုက်ပြီးနောက် အိုးထဲသို့ အပေါ်မှနေ၍ ဖြူးထည့်လိုက်သည်။


ထိုသွေးသရဖူကို ပုဖန်က ပထမတန်းစား ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် အသုံးပြုလိုက်ခြင်း ဖြစ်သည်။ထိုသွေးသရဖူက မွှေးရနံ့ကိုသာ တိုးပွားစေရုံသာမကပဲ ဟင်းပွဲတွင်ပါဝင်နေသော စိတ်ဝိညာဉ်စွမ်းရည်ကိုလည်း ပိုမိုကြွယ်ဝလာစေကာ အရသာကိုလည်း ပိုမိုကောင်းမွန်လာစေပေသည်။


ချက်ပြုတ်နေစဉ်အတွင်း၌ ပုဖန်၏ အစစ်အမှန်စွမ်းအင်များက များပြားလှသော ပိုးချည်မျှင်များကဲ့သို့ ပြောင်းလဲသွားကာ မဟူရာလိပ်ခုံးဒယ်အိုးကို ရစ်ပတ်ထားလေသည်။ထို့နောက် အိုးအတွင်း၌ ချက်ပြုတ်နေစဉ်အတွင်း ပါဝင်ပစ္စည်းများ၏ ပြောင်းလဲမှုမှန်သမျှကို အသေးစိတ်ကြည့်ရှုနေပေသည်။


"ထိုဟင်းပွဲက သူ သေချာ ဂရုစိုက်ရန်လိုအပ်ပေသည်။အဘယ့်ကြောင့်ဆိုသော် သူ့၏ အာရုံစူးစိုက်မှသာ အနည်းငယ်မျှ လျော့နည်းသွားခဲ့ပါလျှင် လမိုက်ဆူးငါးပူတင်း၏ အသားက နူးညံ့ရမည့်အစား အနည်းငယ်မာကြော ကျစ်လစ်သွားနိုင်ပေသည်။


အသား၏ နူးညံ့မှု ပြောင်းလဲသွားသည်နှင့် ဟင်းပွဲ၏ အရသာကလည်း ပြောင်းလဲသွားပေလိမ့်မည်။တစ်ချက်ကလေးအမှားက ပြင်ဆင်ခဲ့သမျှအရာရာတိုင်းအပေါ်သို့ အကျိုးသက်ရောက်မှု ရှိနေပေလိမ့်မည်။


ပုဖန်က ထိုဟင်းကွဲကို ဂရုတစိုက်ဖြင့် သေချာစွာ ချက်ပြုတ်လျှင် အရသာကောင်းမွန်သော စားကောင်းသောက်ဖွယ်တစ်ခု ဖြစ်လာပေလိမ့်မည်။အကယ်၍ သူက လုံလုံလောက်လောက်ဂရုစိုက်မှုမရှိခဲလျှင် ထိုဟင်းပွဲက သာမန်ဟင်းပွဲတစ်ပွဲနေဖြင့် အဆုံးသတ်သွားပေလိမ့်မည်။


ထို့ကြောင့်ပင် ပုဖန်က ပြောင်းလဲမှုတစ်ခုချင်းစီ၌ သူ့၏ အာရုံစူးစိုက်မှုကို အနည်းငယ်မျှပင် လျှော့မချရဲပေ။ပုဖန်၏ အမူအရာက လေးနက် တည်ကြည်နေသည်။ယုဖူပင်လျှင် ပုဖန်ကြောင့် တိတ်ဆိတ်ငြိမ်သက်နေပြီး အသက်ပြင်းပြင်းပင် မရှုရဲပေ။


ထိုအချိန်၌ ပုဖန်၏ ပုခုံးပေါ်၌ အချိန် အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေသော ရွှေရောင် ကျိုင်းပုစွန်က မျက်လုံးများဖွင့်လိုက်သည်။သူ့၏ နှာခေါင်းမှ အတံရှည်နှစ်ချောင်းက ယမ်းခါသွားပြီးနောက် မြောက်များလှစွာသော ခြေလက်လေးများကို စတင်လှုပ်ရှား၍ အရှေ့သို့ ရွှေ့လိုက်သည်။


ပုဖန်က သူ့၏ အာရုံစူးစိုက်မှုအားလုံးကို ဟင်းပွဲအပေါ်၌သာ ပုံအောထားသောကြောင့် ၄င်း၏။လှုပ်ရှားမှုကို သတိမပြုမိလိုက်ပေ။ရွှေရောင်ကျိုင်းပုစွန်က အိုးထဲကဆူပွက်နေသော စွပ်ပြုတ်ရည်များကို ကြည့်လိုက်သည်။ထိုစွပ်ပြုတ်ရည်များက အနီရောင်တောက်တောက်လေး ဖြစ်နေသည်။ကျိုင်းပုစွန်၏ မျက်ဝန်းထဲ၌ စိတ်ရှုပ်ထွေးမှု တစ်ချက်ဖြတ်သွားပြီး သူက ပုဖန်၏ ပုခုံးမှနေ၍ အောက်သို့ စတင်၍ လျှောဆင်းလိုက်သည်။


၄င်းက ရုတ်တရက် ခုန်ချလိုက်သည်။သိပ်သည်းလှသော အပူငွေ့များကြားထဲ၌ ရွှေရောင်ခန္ဓာကိုယ်မှ အလင်းတစ်ချက်လက်သွားသည်။ကျိုင်းပုစွန်က သူ့၏ လက်တံရှည်နှစ်ချောင်းကို ဝှေ့ယမ်းလိုက်ရာ မျက်လုံးကလည်း ဝေ့ဝဲကြည့်ရှုလိုက်သည်။


ချက်ပြုတ်နေသည့် မီးဖိုခန်းထဲ၌ ပလုံခနဲ မြည်သံက ကျယ်ကျယ်ထွက်ပေါ်လာသည်။မွှေးပျံ့သင်းကြိုင်နေသည့် စွပ်ပြုတ်ရည်များက ဘေးပတ်လည်လည်ကို လွင့်စင်သွားသည်။ဟင်းအိုးကို အနားကပ်၍ ကြည့်ရှုနေသော ပုဖန်ကလည်း အထိတ်တလန့်ဖြင့် ထခုန်လိုက်မိသည်။


"ဘာလဲဟ ပုစွန်ပိစိ မင်းဘာလုပ်တာလဲ......"


ပုဖန်၏ မျက်နာအမူအရာက မဲမှောင်သွားသည်။တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ်ငြိမ်းငြိမ်းချမ်းချမ်းရှိနေသော ကျိုင်းပုစွန်က ယခုအချိန်မျိုးကြားမှ သူ့ကို ပြဿနာရှာလိမ့်မယ်ဟု မထင်ထားခဲ့မိပေ။


ထိုပုစွန်က သူ့၏ ပုခုံးပေါ်မှ နေနေရာမှ လေထဲ၌ ၃၆၀ ဒီဂရီ လှည့်ပတ်ပြီး စွပ်ပြုတ်အိုးထဲသို့ ဒိုင်ပင် ထိုးဆင်းသွားပေသည်။


"သူက စွပ်ပြုတ်အိုးကို ရေကူးကန်များ မှတ်နေတာလား......"


ပုဖန်၏ မျက်နာက လုံးဝ မဲမှောင်နေပေပြီ။ယုဖူကလည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သင့်ဖြင့် နှုတ်ခမ်းလေးများ ဝိုင်းစက်နေသည်။သူမက ပါဝင်ပစ္စည်းတစ်ခုအနေဖြင့် သူဘာသာသူ ဟင်းအိုးထဲသို့ ထိုးဆင်းသွားသည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။အံ့အားသင့်စရာကောင်းလှပေသည်။


ကျိုင်းပုစွန်၏ ခန္ဓာကိုယ်မှ အလင်းတန်းလေးများ ဖြာထွက်နေသည်။သူ့၏ အသွင်ရောမျက်လုံးများက မှေးစင်းနေကာ လက်တံရှည်နှစ်ချောင်းကလည်း တဖြတ်ဖြတ်လှုပ်ခါနေသည်။သူ့၏ မျက်နာက စွပ်ပြုတ်အိုးထဲတွင် ကူးခတ်နေရခြင်းကြောင့် စိတ်ကျေနပ်မှုဖြင့် တောက်ပနေသည်။ပုဖန် စိတ်ရှုပ်ထွေးသွားမိသည်။


"ဒီကျိုင်းပုစွန်က စွပ်ပြုတ်ရည်အိုးထဲမှာကို တကယ်ပဲရေနွေးနွေးဖြင့် ရေချိုးသလို သက်တောင့်သက်သာဖြစ်နေတာလား....."


ရုတ်တရက် မဟူရာလိပ်ခုံးဒယ်အိုးနှင့် စိတ်ဆက်သွယ်မှုရှိသည့် ပုဖန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ထိုရွှေရောင်ကျိုင်းပုစွန်၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် စွမ်းအင်လှိုင်များ ထုတ်လွင်လာသည်ကို ခံစားလိုက်မိသည်။


ထို့နောက် ကျိုင်းပုစွန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထုတ်လွင့်လာသည်။ထိုအလင်းလှိုင်းများက စွပ်ပြုတ်ရည်များ၏ လည်ပတ်မှုနှင့်အတူ လိုက်ပါ လှည့်လည်နေပြီးနောက် လမိုက်ဆူးငါးပူတင်း၏ အသားထဲသို့ စိမ့်ဝင်သွားသည်။မမျှော်လင့်ထားသောအဖြစ်အပျက်ကြောင့် လမိုက်ဆူးငါးပူတင်း၏ အသားက ပို၍ပင် နူးညံ့စိုအိလာ၏။

ပုဖန်၏ အမူအရာက အနည်းငယ်ထူးဆန်းသွားသည်။


"ဒီရွှေရောင်ကျိုင်းပုစွန်မှာ ဒီလိုစွမ်းအင်တွေရှိနေတာလား......."


ပုဖန် ရွှေရောင်ကျိုင်းပုစွန်ကို ဒယ်အိုးထဲ၌ အချိန်ကြာကြာ ကူးခတ်ခွင့်မပြုနိုင်ပေ။အချိန်ကြာကြာကူးခတ်လေလေ ကျိုင်းပုစွန်၏ ခန္ဓာကိုယ်မှ ရွှေရောင်စွမ်းရည်များ ပို၍ ထွက်လာလေလေပေဖြစ်သည်။ရွှေရောင်စွမ်းအင်များ များပြားခြင်းကလည်း မကောင်းလှပေ။


ထို့ကြောင့်ပင် ပုဖန်က သူ့၏ အစစ်အမှန်စွမ်းအင်များကို အသုံးပြုလိုက်ပြီး ရွှေရောင် ကျိုင်းပုစွန်ကို ဆယ်ယူလိုက်သည်။ထိုအပြူအမူကြောင့် ရွှေရောင်ကျိုင်းပုစွန်က မကျေမနပ်ဖြစ်သွားပုံပေါ်လေသည်။သူ့၏ ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ ကွေးညွှတ်လိုက်သည်။


"ပြဿနာထပ်မရှာနဲ့ တကယ်လို့ မင်းပြဿနာထပ်ရှာမယ်ဆိုရင်တော့ ငါမင်းကို ဟင်းပွဲလုပ်ပစ်လိမ့်မယ်....."


ပုဖန်က ထိုပုစွန်ပိစိကိုမယူလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ရွှေရောင်ကျိုင်းပုစွန်က ပုဖန်၏ စကားကို နားလည်ပုံပေါ်လေသည်။သူ့၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သေချင်ယောင်ဆောင်နေလေ၏။


ပုဖန်က ထိုသေချင်ယောင်ဆောင်နေဆဲဖြစ်သော ပုစွန်ပိစိကို ပုခုံးပေါ်ပစ်တင်လိုက်ပြီး ဒယ်အိုးထဲရှိ ပါဝင်ပစ္စည်းများကို ပြန်လည် အာရုံစိုက်လိုက်သည်။သူက ပြောင်းလဲမှုများကို သေချာစွာ ကြည့်ရှုပြီးနောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်သည်။


သူက လမိုက်ဆူးငါးပူတင်း၏ အရေခွံကို ယူလိုက်ပြီးနောက် သူ့၏ ဓားကို ဝှေ့ယမ်းလိုက်ခါ လေထဲမှာပင် သေချာစွာပိုင်းဖြတ်လိုက်ပြီး ဟင်းရည်အိုးထဲသို့ ကျဆင်းစေလိုက်သည်။


အသံ ကျယ်ကျယ်နှင့်အတူ ဒယ်အိုးအောက်မှ မီးအပူချိန်က ပို၍ ပြင်းထန်လာသည်။မီးတောက်မှ တောက်ပမှုကြောင့် ပတ်ဝန်းကျင်၌ ချက်ချင်းဆိုသလိုပင် အလင်းလှိုင်းများ လွှမ်းခြုံသွားသည်။


ခဏအတွင်းမှာပင် စွပ်ပြုတ်ရည်က စတင်ဆူပွက်လာပြီး ဆွဲဆောင်မှုရှိလှသော မွှေးရနံ့များကို စတင်ထုတ်လွင့်လာလေသည်။မွှေးရနံ့များက ပြင်းထန်သိပ်သည်းလှသည်။မွှေးရနံ့များကြားထဲ၌ ဝိုင်၏ ရနံ့ကလည်း ပူးပေါင်းပါဝင်နေသည်။


လမိုက်ဆူးငါးပူတင်း၏ မွှေးရနံ့များကြားထဲ၌ စိတ်ဝိညာဉ်အနှစ်သာရများကလည်း စီးဆင်းပါဝင်နေသည်။ထိုဆွဲဆောင်မှုရှိလှသော မွှေးရနံ့များက လူတစ်ယောက်၏ နှလုံးသားကို မလှုပ်နိုင်အောင်ပင် ဆွဲကိုင်ချုပ်နှောင်ထားပေသည်။


ထိုသိပ်သည်းလှသော မွှေးရနံ့က မီးဖိုခန်းပြင်ပသို့ လွင့်မျောသွားသည်နှင့် အနီးစပ်ဆုံးရှိနေကြသော မြွေလူသားနှစ်ယောက်၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားသည်။သူတို့၏ နှာခေါင်းများကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်ပြီး ဆွဲဆောင်မှုရှိလှသော မွှေးရနံ့များကို ရှုရှိုက်သွင်းလိုက်သည်။


"အား......မွှေးလိုက်တာ...."


..ဒါ ဘာရနံ့လဲ ....ဘာလို့ ဒီလောက်တောင်မွှေးနေရတာလဲ....ငါအသက်ရှင်လာသမျှ ကာလပတ်လုံးမှာ ဒီလို ဆွဲဆောင်နိုင်လောက်တဲ့ မွှေးရနံ့မျိုး တစ်ခါမှ မရခဲ့ဖူးဘူး.....ဒါက တစ်စုံတစ်ယောက်ရဲ့ နှလုံးသားကိုတောင် ထုတ်ပေးချင်စိတ်ပေါက်လာစေတယ်....အား ....ငါသည်းမခံနိုင်တော့ဘူး......"


အမွှေးအကြိုင်ရနံ့၏ လှုံဆော်မှုကြောင့် အနား၌ ရှိနေကြသော သူများအားလုံး၏ နားရွက်နှင့် ပါးများက ရဲရဲနီဆွေးလာကြသည်။အဆင့်မြင့်ပညာရှင်များဖြစ်သော ဝူမူနှင့် မြွေမျိုးနွယ်အာဏာအပေါ်တွင်ပင် ချွင်းချက်မရှိ သက်ရောက်မှုရှိလေသည်။မြွေမျိုးနွယ်အာဏာပိုင်က သူမ၏ နှုတ်ခမ်းပါးလေးများကို လျှာဖြင့်သပ်လိုက်ရင်း မီးဖိုချောင်ဘက်ဆီသို့ မျှော်တလင့်လင့်ဖြင့် စိုက်ကြည့်လိုက်သည်။


မီးဖိုချောင်ဘက်ဆီမှနေ၍ ထိုကဲသို့ အမွှေးအကြိုင်ရနံ့မျိုး လွင့်ပြယ်လာမည်ဟု သူမလုံးဝ မမျှော်လင့်ထားမိပေ။ဝူမူက ထိုလူသားကောင်လေး၏ ချက်ပြုတ်ခြင်းအနုပညာကို ချီးကျူးပြောဆိုသည်က အံ့သြစရာမဟုတ်တော့ပေ။


ထိုမွှေးကြိုင်ရနံ့များကို ကြုံလိုက်ရသောအခါမှသာလျှင် သူမ၏ တော်ဝင်စားဖိုမှူးများ လုံးဝ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း သိရှိလိုက်ပေသည်။ဟင်းပွဲ၏ အရသာကို မြည်းစမ်းစရာပင် မလိုတော့ပဲ အမွှေးအကြိုင် ရနံ့တစ်ခုနဲ့ပင် မြောက်များလှစွာသော အင်ပါယာ စားဖိုမှူးများကို အပြတ်အသတ် အနိုင်ယူသွားလေပြီ။


မြေက်များလှစွာသော မျက်လုံးအကြည့်များက မီးဖိုခန်းတံခါးဝဆီ၌ ကပ်တွယ်ငြိနေကြသည်။နောက်ဆုံး၌ သူတို့ ကြာမြင့်စွာ စောင့်ဆိုင်းလိုက်ရသည်အချိန်က ရောက်ရှိလာပြီ ဖြစ်ပြီး မီးဖိုခန်းတံခါးက ဖြေးညှင်းစွာဖွင့်ဟလာသည်။


တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးကြိုင်ရနံ့များက လွတ်လပ်ခွင့်ရသွားသလိုမျိုး အလုံးအရင်းနှင့် ပြေးထွက်လာလေသည်။


ရုတ်တရက် အမွှေးအကြိုင်ရနံ့များ လုံးခနဲ ထွက်ပေါ်လာခြင်းက လေပြင်းတိုက်ခတ်သံများပင် ဖြစ်သွားစေပြီး အားလုံး၏ မျက်ဝန်းများ မဖွင့်နိုင်ဖြစ်သွားစေသည်။သို့သော်လည်း သူတို့အားလုံးက ဝမ်းမြောက်ရွှင်လန်းစွာဖြင့်ပင် အမွှေးအကြိုင်ရနံ့များကို ရူးရူးမူးမူးရှုရှိုက်နေကြသည်။