အပိုင်း ၄၀၁
Viewers 53k

အခန်း ၄၀၁

နတ်သုဒ္ဓါ....


အဏ္ဏဝါ မသေမျိုး ခန္တာ ပညာရှင်ထွက်ခွာသွားပြီးနောက် သူဘက်မှသူများကလဲ အောင်ပွဲခံနေကြသည့် မဟာဂိုဏ်းမှ လူများကိုလျစ်လျူရှူလိုက် ပြီး လှိုင်းများစီး၍ အနောက်ကလိုက်ပါသွားကြသည်။


စစ်သဘေ်ာကြီးအတွင်းရပ်နေကြသော မဟာဂိုဏ်းမှ လူများ၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့်ရဲရဲနီနေသည်။

ခေါင်းဆောင်ဖန်းက အောင်မြင်ခဲ့လေ ပြီ။

အနိုင်ရခဲ့လေပြီ။

ခေါင်းဆောင်ဖန်က အဏ္ဏဝါမျိုးစိတ်ပညာရှင်ကို ရှုံးနိမ့်စေခဲ့သောကြောင့် သလင်းကျောက်တွင်းထဲရှိနေသော သလင်းကျောက်တွင်းအရင်းအမြစ်ကိုလက်ဝယ်ပိုင်ဆိုင်နိုင်ပေမည်။


သူတို့မဟာဂိုဏ်းသို့ ပြန်ရောက်သောအခါ ဆုအဖြစ် သူတို့၏ကျင့်ကြံခြင်းကိုအထောက်အပံပေးနိုင်သော အရင်းအမြစ်တစ်ချို့ကိုရရှိနိုင်ပေမည်။ 


သူတို့အားလုံးကခေါင်းဆောင်ဖန်အပေါ်ယုံကြည်ကြပေသည်။ခေါင်းဆောင်ဖန်၏စွမ်းအင်က အလွန်အင်အားကြီးလာသော သေမျိုး ခန္ဓာ ကိုယ်ကျွမ်းကျင် ပညာရှင်အဆင့်ပေဖြစ်သည်။မည့်သည့်မတော်တဆမျိုးမှ ဖြစ်ပေါ်မလာခဲ့လျှင် ဒီကုန်းမြေပေါ်၌ သူကိုအနိုင်ယူနိုင်တဲ့သူမရှိပေ။ယခုလက်ရှိတွင် အဆင့်တူအဏ္ဏဝါမျိုးဆက်ပညာရှင်ကိုအနိုင်ယူခဲ့လေရာ သလင်းကျောက်တွင်းကြီးတွင် ရှိသော အရင်းအမြစ်ကိုခေါင်းဆောင်ဖန်သာ ရရှိပေလိမ့်မည်။


သူတို့အားလုံးကစစ်သဘေ်ာပေါ်ဉ်ရပ်၍စောင့်နေကြသည်။သလင်းကျောက်တွင်းဝကို မမှိတ်မသုန်ကြည့်ရင်း ခေါင်းဆောင်ဖန် ဂုဏ်ယူဝင့်ကြွားစွာပြန်လာမည့် အချိန်ကိုစောင့်နေကြသည်။


ခုလက်ရှိအခြေနေတွင်စိတ်လှုပ်ရှားမှုများပြည့်နှက်နေပြီး ရူးသွပ်မတတ် ပျော်ရွှင်အော်ဟစ်နေကြသော်လည်းအချိန်အတော်ကြာသော်အခါ သူတို့၏မျက်နှာများကမှောင်မိုက်လာသည်။ သူတို့အချိန်အတော်ကြာစောင့်ပြီးသော်လည်း ခေါင်းဆောင်ဖန်က သလင်းကျောက်တွင်းမှ ပြန်ထွက်မလာပေ။


"သူကမတော်တဆ တစ်ခုခု များဖြစ်နေတာလား"


သူတို့ထဲမှ တစ်ယောက်ကသူ၏ ထင်မြင်ချက်ကိုပြောလိုက်သည်။သို့သော်လည်း တစ်ခြားတစ်ယောက်က အလျင်အမြန်ပင်ဝင်ရ်ျ ပယ်ဖျက်လိုက်သည်။


"ခေါင်းဆောင်ဖနကမသေမျိုး ခန္ဓာ ပညာရှင်လေ"

မတော်တဆ ကြုံမယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

ဒီကုန်းမြေတိုက်ကြီးမှာ သူသာ ဆန္ဒရှိမယ်ဆို အရာရာအားလုံးကိုကျော်ဖြတ်နိုင်တယ်..."


သူကရုတ်ချည်းပင်ပြန်လည်ချေပလိုက်သော်လည်းသူ၏ယုံကြည်မှုများက အရင်ကထက်လျော့နည်းလာပြီဖြစ်သည်။သူတို့ကဆက်လက်၍စောင့်ဆိုင်းနေကြသည်။ အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီးနောက် သူတို့ ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့ပေ။


"ခေါင်းဆောင်ဖန်းက ခုထက်ထိ ကျောက်တွင်းထဲကထွက်မလာသေးဘူး "


"သူတကယ်ပဲ မတော်တဆတစ်ခုခုများဖြစ်နေတာလား"


"အဏ္ဏဝါ မျိုးစိတ်ပညာရှင်တောင် ဒဏ်ရာအပျင်းအထန်ရပြီးထွက်ခွာသွားရတယ်ဆိုတော့ ခေါင်းဆောင်ဖန်ရော ဘယ်လိုများဖြစ်နေမလဲ.."


သူတို့အချင်းချင်းစတင်၍တီးတိုးဆွေးနွေးလာကြသည်။


ထို့နောက် သူတို့စစ်သဘော်ကြီးပေါ်ရပ်နေရာမှသလင်းကျောက်တွင်းရှိရာစီသို့ လျင်မြန်စွာ တိုးကပ်သွားလိုက်ကြသည်။

သူတို့အားလုံးကအလွန်အမင်းသတိထားနေကြသည်။


သလင်းကျောက်တွင်းအတွင်း၌ မမြင်နိုင်သော အန္တရာယ်များနှင့်ပြည့်နှက်နေရာ သူတို့ကပေါ့ဆရဲခြင်းမရှိသလို သူတို့၏အကာကွယ်ကိုလျော့ချရဲခြင်းလဲမရှိပေ။


သလင်းကျောက်တွင်းသို့ ဝင်ရောက်ပြီးသည်နှင့် အန္တရာယ်များ ရုတ်တရက်ဝင်ရောက်လာခြင်းမရှိရန် အကာကွယ်များကိုတိုးမြင့်ထားလိုက်သည်။


ထို့နောက်အရှိန် မြင့်တင်၍သလင်းကျောက်တွင်းသို့ တိုးဝင်သွားကြသည်။ အတော်အကြာခရီးပေါက်ပြီးနောက် အက်ကွဲကြောင်းများ ရှိရာနေရာသို့ရောက်ရှိလာလေသည်။


နံရံအက်ကွဲကြောင်းမှ ဝင်ရောက်လိုက်သည်နှင် တစ်ပြိုင်နက် ဥမင်လိုဏ်ခါင်းအတွင်းသို့ရောက်ရှိသွားလေသည်။


အလျှင်စလိုပင် သူတို့ရှေ့ဆက်သွားလိုက်ကြသည်။


မကြာမှီမှာပင် ခေါင်းဆောင်ဖန်ကိုတွေ့လိုက်ရလေ၏။


သူတို့၏မျက်နှာပေါ်မှစိတ်လှုပ်ရှားမှုများ ပပျောက်သွားပြီး မျက်နှာများဖြူလျော့ကာ ကြောက်ရွံ ထိတ်လန့်မှုများ အထင်သားထင်ဟပ်နေသည်။


ခေါင်းဆောင်ဖန်း.. ခေါင်းဆောင်ဖန်းကသေပြီ။


...........


မီးဖိုချောင်တံခါးက ဖြေးဖြေးချင်းဖွင့်ဟလာပြီးနောက် သိပ်သည်းမွေးပျံသော မွေးရနံများကထွက်ပေါ်လာသည်။


ထိုမွေးရနံများက တံခါးဝမှာ အချိန်ကြာမြင့်စွာစုပုံနေသလိုထင်ရပေသည်။ တံခါးဖွင့်လိုက်တာနှင့်တစ်ပြိုင်နက် အပြင်ထွက်ဖိုရာမစောင့်နိုင်ပဲ လုံးခနဲထွက်ပေါ်လာသည်။


မွေးရနံများထွက်ပေါ်လာသည့်နှင့်တစ်ပြိုင်နက် မြွေမျိုးနွယ် အာဏပိုင်၏ နန်းတော်တစ်ခုလုံးကိုမွေးရနံများ ဖုံးလွှမ်းသွားပေသည်။ထိုနေရာ၌ရှိနေကြသော လူများက ဆွဲဆောင်မှုရှိသော မွေးရနံများဖုံးလွှမ်းခံလိုက်ရသည်။


သူတို့က မစောင့်စည်းနိုင်တော့ပဲ မီးဖိုချောင် ဘက်သို့ပြိုင်တူ လှည့်လိုက်ကြသည်။

ပိန်ပါးသော လူတစ်ယောက်က ပန်းကန်လုံးကြီးကြီးတစ်လုံးကို သယ်ဆောင်၍မီးဖိုချောင်ဘက်မှ တစ်လှမ်းချင်းလျှောက်ထွက်လာသည်။  


ယုဖူကထိုသူ၏နောက်မှ တစ်လှမ်းချင်းလိုက်ပါလာပြီး သူမ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများပြည့်နှက်နေသည်။


ပို်င်ရှင်ပုရဲ့ ချက်ပြုတ်စွမ်းရည် ကအဆင့်တန်းမြင့်မားနေပြီး ငါနဲ့ အရမ်းကိုအလှမ်းကွာနေသေးတယ်။ ငါအများကြီးပဲသင်ယူဖို့လိုသေးတယ်...


ဝူမူနှင့် မြွေမျိုးနွယ်အာဏပိုင်က ပုဖန်၏ လက်ထဲမှ အငွေ့တစ်ထောင်းထောင်းထနေသော ပန်းကန်လုံးကို ကြည့်လိုက်ကြသည်။ သင်းပျံမွှေးကြိုင်သော မွှေးရနံများက ပန်းကန်လုံးတစ်ဝိုက်၌ ဝေ့ဝဲနေသည်။


"ပိုင်ရှင်ပု...

 ဒီစား ကောင်းသောက်ဖွယ်တွေကမင်းကိုယ်တိုင် ချက်ထားတာလား...သူရဲ့ မွှေးရနံက တကယ့်ကိုပဲ...."


ဝူမူက ဖန်ဖန်ဆိုင်ငယ်လေး၌ ပုဖန်ကိုယ်တိုင်ချက်ပြုတ်သော လက်ရာကို တစ်ကြိမ်မြည်းစမ်းခဲ့ဘူးသည်။


ထို့ကြောင့်ပင်သူက ပုဖန်လက်ရာကိုချီးကျုးပြောဆိုခြင်းဖြစ်သည်။ မြွေမျိုးနွယ် အာဏပိုင်က အလွယ်တကူ လက်မခံလိုသောလည်း မွှေးရနံများ ၏ဆွဲဆောင်မှု၌ ကျရှူံးနေသာ တစ်ခြားသူများကိုကြည့်၍ သူမလည်းရွေးချယ်စရာမရှိပေ။


တော်ဝင်စားဖိုမှူးများ အားလုံးကလဲ မှင်သက်ကြောင်အနေကြသည်။ထိုဟင်းပွဲ၏ ရနံတစ်ခုထဲနဲ့တင် သူတို့၏ချက်ပြုတ်ခြင်းဆိုင်ရာ မဟုသုတများထက်ကျော်လွန်နေပေသည်။


လူတစ်ယောက်က ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော.. ချိုမြိန်သည့် မွှေးရနံ့များထုတ်လွှင့်နိုင်သည့်...ဟင်းပွဲမျိုး ချက်ပြုတ်နိုင်စွမ်းရှိလိမ့်မည်ဟု သူတို့ လုံးဝ မထင်ခဲ့မိဖူးပေ။ထိုစားဖိုမှူးများထဲမှ တစ်ယောက်က ပြန်လည်သတိဝင်လာပြီး ခေါင်းခါယမ်းရင်း ပြောလိုက်သည်။


"ဒါအမှန်မဟုတ်ဘူး.....ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ......ဒီဘေးဆိုးငါးကို ဘယ်လိုလုပ်ပြီး မွှေးရနံ့ ထုံသင်းအောင် ပြောင်းလဲလိုက်တာလဲ....ပြီးတော့ ဒီငါးက အဆိပ်သင့်ပြီးစားလို့မရဘူးလေ......"


မွှေးရနံ့များ၏ ဆွဲဆောင်မှုအောက်၌ ကျရှုံးနေသော တခြားသူစားဖိုမှူးများကလည်း သူ့၏ စကားကို ကြားသည်နှင့် တစ်ပြုင်နက် ခေါင်းညိတ်၍ ထောက်ခံလိုက်ကြသည်။ကြွေပန်းကန်လုံးကို သယ်ဆောင်ထားဆဲဖြစ်သော ပုဖန်က ထိုစားဖိုမှူးများဆီသို့ ကြည့်လိုက်သည်။သို့သော်လည်း သူက စကား တုံ့ပြန်ပြောဆိုဖို့ရာအတွက် ပျင်းရိနေပေသည်။


ပုဖန်က မီးဖိုခန်း၏။ အပြင်ဘက်၌ရှိနေသော စားပွဲခုံပေါ်၌ ဟင်းပွဲကို ချလိုက်သည်။အားလုံးက ဟင်းပွဲနားသို့ အလျှင်အမြန် ဝိုင်းအုံလာကြသည်။


"ကျုပ်ချက်ပြီးလို့ရှိရင် ခင်ဗျားတို့ကို မြည်းခိုင်းမယ်လို့ ပြောခဲ့တယ်မဟုတ်လား......အခု ကျုပ်ချက်ပြီးသွားပြီ.....အဲ့ဒီတော့ ဘယ်လိုလဲ မြည်းကြည့်ချင်ကြလား....."


မြွေမျိုးနွယ်အာဏာပိုင်နှင့် ဝူမူဘက်သို့လှည့်၍ မေးလိုက်သည်။ဝူမူနှင့် မြွေမျိုးနွယ်အာဏာပိုင်က ဟင်းပွဲကို မြည်းစမ်းဖို့ရာ တွန့်ဆုတ်နေကြသည်။အဘယ့်ကြောင့်ဆိုသော် ထိုငါး၌ တန်ခိုးရှင်တစ်ယောက်ကိုပင် သေစေနိုင်သည့် ပြင်းထန်သည့် အဆိပ်များပါဝင်နေသည်ဟု ပုဖန်က ပြောခဲ့ခြင်းဖြစ်သည်။


သူတို့ကလည်း တန်ခိုးရှင်အဆင့်များသာ ဖြစ်လေရာ အဆင်အခြင်မဲ့ ငါးစားသုံးလိုက်ခြင်းက သူတို့ကို သေစေနိုင်မည်လား...


ပုဖန်က ယခုချိန်ထိအောင် တုံ့ဆိုင်းနေပြီး စကားတစ်ခွန်းမှ ပြန်မပြောသော သူတို့နှစ်ယောက်ကိုကြည့်၍ နှုတ်ခမ်းတစ်ဖတ်တွန့်ကွေးမဲ့လိုက်မိသည်။


မည်သူမှ သတိမထားလိုက်မိခင်မှာပင် ပုဖန်၏ လက်ထဲ၌ တူတစ်စုံရောက်ရှိလာသည်။ပုဖန်က ထိုတူကို ယုဖူဆီသို့ လှမ်းပေးလိုက်သည်။သူမက ငါးအသားကို မြည်းကြည့်လိုက်စဉ်၌ ပုဖန်ကလည်း ငါးကို လက်ဖြင့်ပင်နှိုက်၍ မြည်းစမ်းလိုက်သည်။


လမိုက်ဆူးငါးပူတင်း၏ အသားများက ဖြူဖွေးနူးညံ့နေ၏။အနီရောင်သန်းနေပြီး စိတ်ဝိညာဉ်အနှစ်သာရများ ထုတ်လွင့်နေသည့် စွပ်ပြုတ်နှင့် အလွန်တရာ လိုက်ဖက်မှု ရှိလှသည်။ပုဖန် ငါးအသားတစ်ဖက်ကို ယူလိုက်စဉ် ဖျော့တော့သော အဆီရည်လေးက ပန်းကန်လုံးထဲသို့ ပြန်လည်ကျဆင်းသွားသည်။လွင့်ဝဲ့နေသော မွှေးရနံ့က ပို၍ပင် ပြင်းထန်လာ၏။ပုဖန်က မျက်ဝန်းများမှေးစင်းလိုက်ပြီး ထိုမွှေးရနံ့ကို အားပါးတရ ရှူရှိုက်လိုက်သည်။သူသည်လည်း မွှေးရနံ့များ၏ ဆွဲဆောင်မှုကို ခံလိုက်ရပုံပေါ်သည်။


သူက နူးညံ့စိုအိလှသော အသားဖတ်လေးကို ပါးစပ်ထဲသို့ အသာအယာထည့်လိုက်သည်။ထိုအသား၏။ အရသာက ဂဏာန်းသားနှင့် အနည်းငယ်ဆင်တူလှပေသည်။သူ့၏ ပါးစပ်ထဲ၌ မြောက်များလှစွာသော မွှေးရနံ့များသင်းထုံရောနှောနေသလို ခံစားလိုက်ရသည်။ထိုရနံ့များက အရသာခံအာရုံကြောလေးများကိုပင် လှုပ်လှုပ်ရွရွဖြစ်လာစေသည်။


ထိုမွှေးရနံ့များက သူ့၏ အရသာခံ အာရုံကြောထဲသို့ စိမ့်ဝင်သွားပြီးနေက် ခန္ဓာကိုယ်ရှိ အကြောအချဉ်များ အားလုံးသို့ ပြန့်နှံ့သွားသည်။ထို့နောက် သူ့ပါးစပ်ထဲ၌ ရှိနေသော အသား၏ အရသာနှင့် ပြန်လည် ပေါင်းစပ်သွားပြီး မမေ့နိုင်စရာ အတွေ့အကြုံတစ်ခုကို ချန်ထားရစ်ခဲ့လေသည်။


သူ လမိုက်ဆူးငါးပူတင်းကို ချက်စဉ်က အဆင့်တိုင်းကိုလည်း သေချာစွာ ဂရုစိုက်သည့်အပြင် မီးအပူချိန်ကိုလည်း သေချာထိန်းချုပ်ထားခဲ့သည်။ထို့ကြောင့်ပင် ငါးအသားက ကြမ်းတမ်းမနေပဲ အလွန်နူးညံ့စိုအိနေကာ လတ်ဆတ်မွှေးပျံ့လှသည်။


ထိုလတ်ဆတ်လှသောအရသာက သူ့၏။ လည်ချောင်းမှ လျှောခနဲ ဝင်သွားပြီးအစာအိမ်ထဲသို့ ရောက်ရှိသွားသည်။သူ့၏ ဝမ်းဗိုက်ကြွက်သားများကြားထဲ၌ အလင်းရောင်များ တစ်စတစ်စ ထွက်ပေါ်လာသလိုမျိုး ခံစားလိုက်သည်။ထိုအလင်းရောင်က သူ့၏ အရေပြားကို ဖြတ်သန်းရောက်ရှိလာပြီး ခန္ဓာကိုယ်မှပင် အလင်းများဖြာထွက်လာသလို ထင်ရပေသည်။


ပြောရမည်ဆိုလျှင် ထိုအချင်းအရာက စိတ်၌ ထင်မှတ်ခြင်းသာ ဖြစ်သည်။သူတစ်ဦးတည်းသာလျှင် သူ့၏ ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ခံစားမိနိုင်ခြင်းဖြစ်၏။


ပုဖန်က သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသော လမိုက်ဆူးငါးပူတင်း၏ လတ်ဆတ်သည့်အရသာကို မြည်းစမ်းလိုက်ရသောအခ့ အနည်းငယ်ပင် အံ့သြသင့်သွားမိသည်။ပုဖန်က အသွင်ရော မျက်လုံးများ ကလယ်ကလယ်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေသော သူ့၏ ပုခုံးပေါ်မှ ကျိုင်းပုစွန်ကို သင်္ကာမကင်းဟန်ဖြင့် ငဲ့ကြည့်လိုကျသညျ။


"ဒါက ပုစွန် ပိစိကြောင့်များလား....."


ထိုပိစိကောင်က ဟင်းပွဲ၏ လတ်ဆတ် နူးညံ့မှုကို အဆင့်တိုးမြင့်ပေးနိုင်လေသည်။ပုဖန်အတွက် ထိုပိစိကောင်က တကယ့်ကိုရှားပါးသည့် ရတနာမျိုးပင် ဖြစ်သည်။ယုဖူကလည်း ပန်းကန်လုံး တစ်လုံးယူ၍ သူမအတွက် စွပ်ပြုတ်ရည်ကို ခတ်ထည့်လိုက်သည်။ထို့နောက် လမိုက်ဆူးငါးပူတင်း၏ အသားကို တူဖြင့် ညှပ်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။


ငါးအသားက လျှာပေါ်ရောက်သွားသည်နှင့် သူမ၏ စိတ်အာရုံကို လုံးဝ အောင်နိုင်သွားပေပြီ။ထိုကဲ့သို့အရသာကောင်းမွန်လှသော အစားအသောက်များကို သူမအရင်က မစားခဲ့ဖူးပေ။


လမိုက်ဆူးငါးပူတင်း၏ အရသာက ဖန်ဖန်ဆိုင်ငယ်လေး၌ ရရှိသော ဟင်းလျာများထက်ပင် ထူးကဲ ကောင်းမွန်နေပေသည်။သူမ၏ မျက်နာလှလှလေးပေါ်၌ လေးနက်သော အမူအရာတစ်ခု ထင်ကျန်နေလေသည်။


"ဟင်းပွဲက ဒီလောက်တောင် အရသာရှိနိုင်တာလား......"


သူမက ဖန်ဖန်ဆိုင်ငယ်လေး၌ ပညာဆည်းပူးလေ့လာရင်းထိပ်တန်း အစားကောင်းကြိုက်သူ တစ်ယောက် ဖြစ်လာပေပြီ။ထို့ကြောင့်ပင် ပို၍ပို၍ ကောင်းမွန်လှသော အရသာသစ်များကို အမြဲမျှော်လင့်တောင်းတနေမိသည်။


သူက ပန်းကန်လုံးအသေးလေးကို မယူလိုက်ပြီး နီမြန်းသော နှုတ်ခမ်းပါးလေး၌တင်၍ ပူနေသည့် စွပ်ပြုတ်ရည်များကို တစ်ချိုက်စုပ်ယူသောက်သုံးလိုက်သည်။အရသာရှိလှသော စွပ်ပြုတ်ရည်ကြောင့် သူမ၏ မျက်ဝန်းလေးများပင် ချက်ချင်းဝိုင်းစက်သွားလေ၏။


စွပ်ပြုတ်ရည်ကို ကုန်အောင်သောက်ပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်က ပူလောင်လာသလို ခံစားလိုက်ရသည်။ကောင်းမွန်လှသော အရသာက သူမ၏ စိတ်ခန္ဓာနှစ်ခုလုံးကို လွှမ်းခြုံထားပေပြီ။ပုဖန်က ငါးအသားလွှာများကို တစ်ဖတ်ပြီးတစ်ဖတ် အဆက်မပြတ်စားသုံးနေသည်။


ရူးရူးမူးမူး နှစ်ခြိုက် နေပုံပေါ်သည့် ပုဖန်၏ မျက်နာကို ငေးကြည့်ရင်း ဝူမူနှင့် မြွေမျိုးနွယ် အာဏာပိုင်ကလည်း သူတို့ကိုယ်တိုင် မြည်းစမ်းကြည့်ရန် စတင်လိုက်သည်။အချိန်ခဏအတွင်းမှာပင် ပုဖန် စားသုံးနေသည့် လမိုက်ဆူးငါးပူတင်းအသားပမာဏက အနည်းငယ်များပြီဟု ဆိုနိုင်ပေသည်။အသားမှာသာ အဆိပ်ပါခဲ့လျှင်ပုဖန်က သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။


ဝူမူက စွပ်ပြုတ်ရည်ကို ပန်းကန်လုံးလေးထဲ ထည့်လိုက်ပြီးနောက် ငါးအသားတစ်ဖတ်ကို ယူလိုက်သည်။သူစွပ်ပြုတ်သောက်ပြီးသည်နှင့် ဝူမူ၏ မျက်ဝန်းများက တောက်ပြောင်လာလေသည်။သူ့ခန္ဓာကိုယ်ရှိ အကြောအချဉ်များအားလုံး ပွင့်ထွက်သွားသလိုပင် ခံစားလိုက်ရသည်။သူ စကားလုံးတစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်တော့လေသည်။


"အရမ်းစိတ်ကျေနပ်ဖို့ကောင်းတယ်......ပိုင်ရှင်ပုရဲ့ ဟင်းပွဲက တကယ့်ကိုပဲ အရည်သွေးမြင့်မားတဲ့ စားကောင်းသောက်ဖွယ်ပဲ ....."


ဝူမူက ရိုးရှင်းစွာပင် ချီးကျူးပြောဆိုလိုက်သည်။မြွေမျိုးနွယ်အာဏာပိုင်ကလည်း အသားတစ်ဖတ်ကို စားသုံးပြီးသည့်နောက် သူမ၏ ထိန်းချုပ်ထားမှုများ လွှတ်ထွက်သွားကာ အဆက်မပြတ်စားသုံးလေတော့သည်။ထိုကဲ့သို အရသာရှိသည့် ဟင်းပွဲမျိုး တခါမှ မစားခဲ့ဖူးပေ။ပုဖန်၏ ဟင်းပွဲနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက သူမ တော်ဝင်စားဖိုမှူးများ၏ ဟင်းပွဲက အဆင့်မမှီပေ။


ပုဖန်က နောက်ဆုံးစွပ်ပြုတ်တစ်ငုံကိုသောက်လိုက်ပြီး ပန်းကန်လုံးချလိုက်သည်နှင့် သူ့ကိုစူးစမ်းနေသည့် အကြည့်များရင်ဆိုင်လိုက်ရသည်။ပုဖန်က ပြည့်တင်းသွားသော သူ့၏ ဗိုက်လေးကို စိတ်ကျေနပ်စွာဖြင့် ခပ်သာသာပုပ်လိုက်ပြီး လေချဉ်တစ်ချက်တက်လိုက်သည်။


စွပ်ပြုတ်သောက်ပြီးသည်နှင့် သူ့၏ စိတ်ထဲ၌ စနစ်၏ တည်ငြိမ်သောအသံကို ကြားလိုက်ရသည်။


"ဂုဏ်ယူပါတယ် ပိုင်ရှင်......ယာယီမစ်ရှင် ပြီးဆုံးသွားပါပြီ......သလင်းကျောက်တွင်းထဲမှ ရှားပါးတန်ဖိုးရှိလှတဲ့ ပါဝင်ပစ္စည်းကို ရယူနိုင်ပြီး ဟင်းချက်ပြုတ်နိုင်ခဲ့တဲ့အတွက် ဆုရရှိပါမယ်.....

မစ်ရှင်စု ။ ။သင့်၏ စွမ်းရည်ကျင့်ကြံမှု ၂၀ % ....."


စနစ်၏ ကြေငြာသံကို ကြားလိုက်သည်နှင့် ပုဖန် မထိန်းနိုင်ပဲ မျက်ဝန်းလေးများပင် မှေးစင်းလိုက်မိသည်။စနစ်က ဆုကို တရားဝင်မပေးသေးသော်လည်း သူ စိတ်လှုပ်ရှားပျော်ရွှင်နေမိသည်။


စနစ်ဆီမှ ဆုတရားဝင် ရရှိသည့်အခါ၌ သူ့၏ ကျင့်ကြံမှု စွမ်းအားများ တိုးတက်လာပြီး အဆင့် ၈ စစ်နတ်ဘုရားတစ်ပါးသို့ ချိုးဖောက်တက်ရောက်နိုင်ပေလိမ့်မည်။


ထိုသို့ဖြစ်လာလျှင်သူ့၏ အခြေခံ စွမ်းအားများ.. စဉ်းစားနိုင်စွမ်းများ.. အတွေ့အကြုံများလည်း တိုးတက်လာပြီး ပါဝင်ပစ္စည်းများကို ကိုင်တွယ်ရာ၌ လွယ်ကူပြီး ပြီးပြည့်စုံစုံ လုပ်နိုင်စွမ်းရှိလာပေလိမ့်မည်။


ယခုလက်ရှိ၌ မစ်ရှင်၏ ဆုကို သူမရရှိသေးသော်လည်း စိုးရိမ်ပူပန်နေမှု မရှိပေ။အဘယ့်ကြောင့်ဆိုသော် စနစ်၏ ပေးသောဆုများက သူ့ဆိုင်သို့ ပြန်ရောက်မှသာလျှင် တရားဝင်ချပေးမည်ဖြစ်ကြောင်း သူကောင်းစွာသိပေသည်။ သူစိတ်လှုပ်ရှားမှုကို ပြန်လည်၍ ထိန်းချုပ်လိုက်သည်။


ဟင်းပွဲကို မြည်းစမ်းပြီးသည့်အခါ၌ မြွေမျိုးနွယ်အာဏာပိုင်၏ ပုဖန်ပေါ် အကြည့်များက ပြောင်းလဲသွားပေပြီ။သူမ၏ အစာအိမ်ထဲ၌ အပူစွမ်းအင်များ လှည့်လည်နေသည်ကိုပင် ခံစားနေမိသည်။ထိုအပူစွမ်းအင်များ စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွင့်ပြီး သူမ၏ စွမ်းအင်အရင်းအမြစ်ထဲသို့ ထည့်ပေါင်းပေးနေသလိုပင် ထင်ရသည်။သူမ၏ ကျင့်ကြံမှု အဆင့်က မသိမသာလေး တိုးတက်လာပေသည်။


ထို့ကြောင့်ပင် ယုဖူက စားဖိုမှူးတစ်ယောက်ထံမှ အချက်အပြုတ်ပညာ သင်ယူလိုခြင်းဖြစ်ပေမည်။မျှော်လင့်နိုင်သည့် အနာဂတ်က အတိုင်းအဆမဲ့လေ၏။ပိုင်ရှင်ပု၏ နည်းလမ်းများက ငရဲမီးပညာရှင်များထက်ပင် လျှို့ဝှက်နက်နဲ ဆန်းကြယ်လှသည်။သူတို့က သူ့ကို လုံးဝ လျစ်လျူမရှုထားနိုင်တော့ပေ။


ဝူမူက တစ်စုံတစ်ရာပြောဖို့ ပြင်လိုက်စဉ်မှာပင် တိမ်ဖြူစံအိမ်မှ ကျွမ်းကျင်ပညာရှင်များ ပို့လွှတ်လိုက်သော သတင်းစကားသံတိုးတိုးက သူ့အကြားအာရုံထဲ ဝင်ရောက်လာသည်။


ဝူမူ၏ မျက်နာက မဲမှောင်သွားသည်။သူက ပုဖန်ကို အလျှင်စလို နှုတ်ဆတ်လိုက်ပြီး ခပ်မြန်မြန်ပင် ထွက်ခွာသွားလေသည်။ဝူမူက စိုးရိမ်သောက ရောက်ပြီး အလျှင်စလို ဖြစ်နေရခြင်းမှာ သူ့၏ သမီးကြောင့် ဖြစ်သည်။


ဝူယွမ်ပိုင်က မဟာဂိုဏ်းမှ သူများ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံနေရပေသည်။ထို့ကြောင့် သူမကို အမြန်ဆုံးသွားရောက် ကယ်တင်ရပေမည်။


သူက တိမ်ဖြူစံအိမ်မှ တန်ခိုးရှင်ပညာရှင်များကို ခေါ်ဆောင်လိုက်ပြီး မဟာဂိုဏ်းမှ စစ်သင်္ဘောကြီးဆီသို့ ဦးတည်သွားလိုက်သည်။


ပုဖန်၏ ဟင်းပွဲကို စားသုံးပြီးနောက် မြွေမျိုးနွယ်အာဏာပိုင်၏ ထင်မြင်ချက်များက လုံးဝ ပြောင်းလဲသွားပေပြီ။ယခုလက်ရှိအချိန်၌ ယုဖူ၏ အနာဂတ် တောက်ပလာစေရန်အတွက် ပုဖန်ဆီမှ အချက်အပြုတ်ပညာသင်မည့်အရေးကို ခွင့်ပြုလိုက်လေသည်။


သို့သော်လည်း သူမ၌ ကိုယ်ပိုင်အခက်အခဲတစ်ချို့ရှိနေပေသေးသည်။အကယ်၍ ပုဖန်ကသာ ယုဖူကို ခေါ်ဆောင်သွားလျှင် သူမထွက်ခွာသွားပြီးနောက် မြွေလူသားနန်းတော်၌ တစ်ယောက်မှမရှိ ဖြစ်နေပေလိမ့်မည်။


သူတို့သုံးယောက်သား ထိုအကြောင်းကို အကျိတ်အနယ်ဆွေးနွေးလိုက်ကြသည်။နေ့တစ်ဝက်မျှ ကြာပြီးနောက် သူတို့၏ ဆွေးနွေးမှုက ပြီးဆုံးသွားပြီး နန်းတော်တံခါး တဖြေးဖြေးချင်း ပွင့်လာလေသည်။


မြွေမျိုးနွယ်အာဏာပိုင်က ပုဖန်ကို စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်ပြီးနောက် ခွေးနက်ကြီးကို သယ်ဆောင်၍ သူထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။


ယုဖူက မြွေမျိုးနွယ်အာဏာပိုင်၏ ဘေး၌ ကျန်ခဲ့လေသည်။သူမက ထွက်ခွာသွားသော ပုဖန်ကို အင်တင်တင်အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။သို့သော်လည်း သူမ၏ မျက်ဝန်းထဲ၌ ဆုံးဖြတ်ချက် ပြတ်သားသောအရိပ်အယောင်များဖြင့် တောက်ပနေလေသည်။သူမက မြွေမျိုးနွယ်အာဏာပိုင်၏ နန်းတော်၌ နေထိုင်စဉ်မှာပင် အချက်အပြုတ်စွမ်းရည်များကို တိုးတက်လာအောင် ကြိုးကြိုးစားစားလေ့ကျင့်ရပေမည်။သို့မှသာ နောက်တစ်ချိန် ပုဖန်ကို ပြန်တွေ့သည့်အခါ၌ သူမ၏ အောင်မြင်မှုများအတွက် အံ့အားသင့်အောင် ပြုလုပ်နိုင်ပေမည်။


လေပြင်းများတိုက်ခတ်မှုနှင့်အတူ ပုဖန်၏ ဘေးနား၌ ဟာရီကိန်းမုန်တိုင်းတစ်ခုဖြစ် ပေါ်လာလေသည်။ပုဖန်က သူ့၏ ပုခုံးပေါ်၌ ရှိနေသော ပုစွန်ပိစိနှင့် အိပ်ပျော်နေဆဲဖြစ်သည့် ဘလက်ကီကို ဆွဲကိုင်လိုက်ပြီး ဟာရီကိန်းမုန်တိုင်းထဲသို့ ဝင်ရောက်လိုက်လေသည်။


သူ့၏ ခေါင်းအထက်၌ မြောက်များလှစွာသော အလင်းစက်ငယ်များဖြင့် ဖွဲ့စည်းထားသည့် မှော်အစီအရင်က သူလှမ်းဝင်လိုက်သည့်အခါ၌ တစ်ချက်တုန်ခါသွားသည်။


ထို့နောက် မုန်တိုင်း ပျောက်ကွယ်သွားသည့်အခါ၌ ပုဖန်ကလည်း အစမကျန်အောင် ပျောက်ကွယ်သွားပေပြီ။