အပိုင်း ၄၀၂
Viewers 53k

အခန်း ၄၀၂

စပ်ပြဲလန် ခေါက်ဆွဲနှင့် လျှာကဝေအစီအရင်အခင်းအကျင်း...


"ဦးလေးက ထုံးစံအတိုင်း အဆင့်မြင့် ဥထမင်းကြော်ပဲစားမှာမဟုတ်လား......"


ခုံပေါ်မှာ ခွေခောက်ထိုင်နေသော ကွမ်ရှောင်ယီက ဆိုင်ထဲသို့ ဝင်လာသော ပေကုန်းမင်ကို လှမ်းမေးလိုက်သည်။ပေကုန်းမင်က စကားတစ်ခွန်းမှ ပြန်မဆိုပဲ က

လေးမလေးထံသို့ အကြည့်တစ်ချက်သာပို့လွှတ်လိုက်သည်။ထို့နောက်သူ နေရာရှာ၍ ထိုင်လိုက်ပြီးနောက် မီးဖိုချောင်ဘက်ဆီသို့ စတင်၍ စိုက်ကြည့်နေလေသည်။


သူက ပုဖန်ကို တွေနိုင်ရန်အတွက် ဒီနေ့ထိတိုင်အောင် လက်မလျှော့ပဲ ဆိုင်ကို နေ့တိုင်းလာနေဆဲ ဖြစ်သည်။ပုဖန်က ဒီနေ့ထိပြန်မလာသေးတာ ဖြစ်နိုင်သလို ရုတ်တရက် ပြန်ရောက်လာတာလည်း ဖြစ်နိုင်ပေသည်။


ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ ခေါင်းဆောင်ဖန်းကို ချက်ချင်းအကြောင်းကြားရပေမည်။ထို့နောက် မဟာဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များအားလုံးစုပေါင်းပြီး ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်မြိုချသွားသော ထိုကောင်စုတ်လေးကို ပြန်၍ အန်ပေးလာအောင် လုပ်ရပေမည်။


မည်သူမှ သူတို့ မဟာဂိုဏ်း၏ အင်အားကို လွန်ဆန်နိုင်လိမ့်မည်မဟုတ်ပေ။ပေကုန်းမင်က သူတို့ဂိုဏ်းအပေါ် တော်တော်လေး ယုံကြည်ချက်ရှိပေသည်။ရုတ်တရက် သူတိုဂိုဏ်းကို ရန်စမိသည့် ပုဖန်၏ အခြေအနေက အလွန်သနားစရာကောင်းသည်ဟု တွေးလိုက်မိပြီး နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးလိုက်မိသည်။


ဒုန်း......


အသံကျယ်ကျယ်တစ်ချက်က သူ့ကိုအတွေးများထဲမှ ပြန်လည် ဆွဲထုတ်လိုက်လေသည်။


ကွမ်းရှောင်ယီက ထမင်းကြော်ပန်းကန်ကို ခုံပေါ်သို့ အသံမြည်အောင် ဆောင်ချြလိုက်ပြီး ဆူညံသံတစ်ချက်ပြုလုပ်လိုက်ကာ အတွေးလွန်နေသော ပေကုန်းမင်ကို လှုံ့ဆော်လိုက်သည်။


ပေကုန်းမင်၏ နှုတ်ခမ်းထောင့်စွန်းလေးများက နောက်တစ်ကြိမ်ထပ်မံ တွန့်ကွေးသွားပြီးနောက် ထမင်းကြော်ပန်းကန်ကို သူ့ရှေ့သို့ ဆွဲယူလိုက်သည်။ထို့နောက်သူ ပုံမှန်မှာစားနေကြဖြစ်သော ဥထမင်းကြော်ကို စတင်၍ စားသုံလိုက်သည်။သူယခုထိတိုင်အောင် ပုဖန်ကို မတွေ့ရသေးသော်လည်း ဒီဆိုင်ငယ်လေးမှ အစားအသောက်များက အရသာရှိလှသည့်အတွက် စိတ်ကျေနပ်စရာတစ်ခုတော့ရှိနေပေသည်။


ပထမဦးဆုံးအကြိမ် ဆိုင်သို့ရောက်လာခဲ့စဉ်က ဆိုင်မှာရှိသော ဟင်းပွဲများက သက်စောင့်ဆေးထက်ပင် စျေးကြီးနေခြင်းကြောင့် ထိတ်လန့်မိခဲ့ရသေးသည်။သို့သော်လည်း တစ်ကြိမ်မျှ မြည်းစမ်းပြီးသည်နှင့် ထိုနာမည်ပျက် စားသောက်ဆိုင်၏ ကျော့ကွင်း၌ ချိတ်မိနေပေပြီ။


ယခုလက်ရှိ၌ သူနေ့တိုင်းပင် ဆိုင်ကိုလာ၍ ပုဖန်ပြန်ရောက်မရောက် စစ်ဆေးရင်းပုံမှန်အတိုင်း အရသာရှိလှသည့် ဟင်းပွဲကို မှာယူစားသောက်နေပေ၏။


သူ ထမင်းကြော်စားသောက်နေစဉ်အတွင်း၌ ဆိုင်၏ ဒုတိယထပ်၌ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်။ပြင်းထန်လှသော လေပြင်းများ တိုက်ခတ်လာပြီးနောက် ရင်းနှီးကျွမ်းဝင်နေသောအရာဝတ္တုများက ပုဖန်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။သူ ဆိုင်သို့ ပြန်ရောက်လာပေပြီ။


သူ့၏ အခန်းထဲသို့ ပြန်လည်ရောက်ရှိလာခြင်းက နွေးထွေးပြီး သက်တောင့်သက်သာရစေသည်။သူ့၏ ပုခုံးထက်မှ ရွှေရောင်ကျိုင်းပုစွန်ကလည်း ယခုထိတိုင်အောင် အိပ်ပျော်နေဆဲ ဖြစ်သည်။


ပုဖန်က သူ့လက်ထဲမှ ဘလက်ကီကို မြှောက်၍ တစ်ချက်ကြည့်လိုက်သည်။ထိုခွေးငပျင်းက ယခုထိတိုင်အောင် အိပ်မောကျနေဆဲဖြစ်သောကြောင့် ဆိုင်ပြန်ရောက်သည့်အကြောင်း ပြောရန်မဖြစ်နိုင်သေးပေ။ပုဖန်က ထိုခွေးငပျင်းကို ဆိုင်ရှေ့သို့ သယ်မသွားချင်ပေ။ထို့ကြောင့် အခန်းထဲတွင် ထားရန်သာ ဆုံးဖြတ်လိုက်ပြီးကြမ်းပြင်ပေါ် အသာချလိုက်သည်။


သူဆိုင်သို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ့၏ ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်ပြီး အကြောအချဉ်များ ပြေသွားသလို ခံစားလိုက်ရသည်။ပုဖန်က ပထမဦးဆုံး ပုခုံးပေါ်မှ ပုစွန်ပိစိကို ဖယ်၍ စားပွဲခုံပေါ်တင်ထားလိုက်သည်။ထို့နောက် သူသန့်စင်ရန်အတွက် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။


ရေနွေးနွေးလေးဖြင် သက်တောင့်သက်သာရှိစွာ ရေချိုးပြီးနောက် ကောင်းမွန်သည့် ရေချိုးခန်းဝတ်စုံကို ဝတ်ဆင်လိုက်ပြီး ဆံပင်ရစိုဖြင့်ပင် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။သူအိပ်ရာပေါ် ခဏထိုင်လိုက်သည့်အချိန်မှာပင် စိတ်ထဲ၌ စနစ်၏ တည်ငြိမ်လှသောအသံထွက်ပေါ်လာသည်။


"ဂုဏ်ယူပါတယ် ပိုင်ရှင်.....မစ်ရှင်ပြီးမြောက်ပြီး အိမ်သို့ ပြန်ရောက်လာပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်......အခုပဲ မစ်ရှင်ဆုကို လွှဲပြောင်းပေးအပ်ပါတော့မယ်......"


စနစ်၏ စကားဆုံးလျှင်ဆုံးခြင်း ပုဖန်၏ မျက်ဝန်းအကြည့်များက တောက်ပြောင်လက်လာသည်။သူ့၏ စွမ်းအင်ဗဟိုထဲ၌ အပူငွေ့များ တိုးပွားလာသလို ခံစားလိုက်ရသည်။


သူ့၏ ကျင့်ကြံမှုအဆင့်က တဖြေးဖြေးချင်း ပြန့်ကားလာပြီး သူ့၏အစစ်အမှန်စွမ်းအင်များက စွမ်းအင်ဗဟို၌ သံချပ်ကာ ဝတ်စုံတစ်ခုသဖွယ်ဖြစ်ပေါ်လာသည်။ထိုဖြစ်စဉ်က အဆင့် ၈ စစ်နတ်ဘုရားတစ်ပါး အဖြစ်သို့ ပြောင်းလဲခြင်းပင် ဖြစ်သည်။စစ်နတ်ဘုရားများက သံချပ်ကာဝတ်စုံကို ဆင့်ခေါ်၍ သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်နိုင်ကြသည်။ယခုထိုသံချပ်ကာဝတ်စုံက သူ့၏ စွမ်းအင်ဗဟိုထဲ၌ ဖြစ်ပေါ်လာပေပြီ။


" အဆင့် ၈ ကို ဒီလိုပဲ ရောက်သွားတာလား.....သူလည်း အပိတ်အဆို့အတားအဆီးတွေကို ချိုးဖျက်လိုက်ရတယ်လို့လည်း မခံစားလိုက်ရပါလား......."


ပုဖန်က သူ့၏ လက်ကိုမြှောက်၍ ကြည်လင်နေသော လက်ဖဝါးကို ကြည့်လိုက်သည်။ထိုနောက် စိတ်ကျေနပ်မှုဖြင့် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။နောက်ဆုံးတော့ အဆင့် ၈ စစ်နတ်ဘုရားတစ်ပါးဖြစ်လာပေပြီ။


"မစ်ရှင်ကရတဲ့ဆု စွမ်းအင်ပြောင်းလဲမှုအချို့ ၂၀ % ကြောင့် ငါက စစ်နတ်ဘုရားတစ်ပါးဖြစ်လာပြီဆိုတော့ စနစ်ရဲ့အဆင့်ကလည်း ပိုပြီးတော့ မြင့်လာလောက်တယ်......."


ပိုင်ရှင် : ပုဖန်


အစစ်အမှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့် : အဆင့် ၈ (ဆန်းကြယ်သော ကမ္ဘာထဲ၌ ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် ကနဦးအဆင့်များကို ကျော်ဖြတ်ခဲ့ပြီးပါပြီ ယခု သင်က ခက်ခဲဆန်းကြယ်လှသော အခြေအနေတွင် ကျရောက်နေပါပြီ အချက်အပြုတ်နတ်ဘုရားဖြစလာရန်အတွက် လျှောက်ရမည့်လမ်းက အလွန်တရာ ခက်ခဲလွန်းလှသည်။အလုပ်ကို ကြိုးစားပါလူငယ်လေး.......)


အချက်အပြုတ်စွမ်းရည် : ကြယ်လေးပွင့် 


တစ်ခြား ကျွမ်းကျင်မှုများ : အဆင့် ၂ ကြယ်ပျံ ဖြတ်တောက်ခြင်းနည်းပညာ (၁၀၀ / ၁၀၀)

အဆင့် ၂ခုနှစ်စင်ကြယ် အသားလွှာထွင်းထုခြင်းနည်းပညာ( ၁၀၀/ ၁၀၀)

လျှာကဝေ အစီအရင် အခင်းအကျင်း (1/6

)


ကိရိယာများ : ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား (နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း) မဟူရာလိပ်ခုံးဒယ်အိုး (နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း)


အချက်အပြုတ်နတ်ဘုရားအဆင့် သတ်မှတ်ချက် : အလယ်တန်း စားဖိုမှူး (သင့်ရဲ့ချက်ပြုတ်ရေးစွမ်းရည်တွေက ပိုမိုကောင်းမွန်လာပြီး ချက်ပြုတ်ခြင်းနည်းစနစ်တွေကလည်း ပိုမို၍ သေသပ်လာပေလိမ့်မည်။ထူးခြားဆန်းကြယ်ပြီး ပို၍ ကောင်းမွန်တဲ့ချက်ပြုတ်ေ နည်းစနစ်တွေကို သင့်အတွက် ဖွင့်ပေးလိုက်ပါပြီ။ချက်ပြုတ်ခြင်းနည်းပညာတွေကို အသုံးချပြီး စွယ်စုံရ ဟင်းပွဲများ စတင် ချက်ပြုတ်နိုင်ပါပြီ)


စနစ်၏အဆင့် : ကြယ်ရှစ်ပွင့် 


ပြောင်းလဲမှု ရာခိုင်နှုန်း : ၁၀၀ ရာခိုင်နှုန်း


စနစ်၏ဆု : စပ်ပြဲလန်ခေါက်ဆွဲချက်နည်း ၊ လျှာကဝေအခင်းအကျင်းအသစ် ၊ နတ်ဘုရားအဆင့် အချက်ပြုတ်ပစ္စည်း အပိုင်းအစ (၂/၃)


စနစ်၏ ဇယားကွက်လေးက တော်တော်လေး အဆင့်မြင့်တင်ထားပေသည်။ပုဖန်က အဆင့် ၈ စစ်နတ်ဘုရားအဆင့်သို့ ရောက်သွားပြီ ဖြစ်သောကြောင့် စနစ်၏ အဆင့်ကလည်း ကြယ်ရှစ်ပွင့်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။


သူမျှော်လင်ထားသည့်အတိုင်းပင် စနစ်၏ အဆင့် မြင့်တက်သွားသည်နှင့် လုပ်ဆောင်မှု အသစ်များလည်းပွင့်သွားပေသည်။


"စွယ်စုံရ ဟင်းပွဲဆိုတာက ဘာကြီးလဲ......"


ပုဖန်က ဇဝေဇဝါဖြင့် စိတ်ရှုပ်ထွေးနေမိသည်။ဒီတစ်ကြိမ် စနစ်ဆီမှရသည့် ဆုများက တော်တော်လေး ထူးခြားနေပေသည်။


"စပ်ပြဲလန် ခေါက်ဆွဲ ....ဒီခောက်ဆွဲကို စားလို့ရှိရင် အော်ဟစ်နေရမှာလား....ဒီလိုဆိုမှတော့ ဘယ်လိုလုပ်စားရတော့မှာလဲ.....လျှာကဝေအခင်းအကျင်းဆိုတာကကော ဘာကြီးတုန်း......"


အရာဝတ္တုအသစ်များကို သတိပြုမိလိုက်သည်။


"သူက နောက်ထပ်အသစ်သစ်သောတွေကို ထပ်ပြီးတော့ သင်ယူရအုန်းမှာလား......"


ပုဖန်၏ နှလုံးသားလေးက စိတ်လှုပ်ရှားမှုဖြင့် တလှပ်လှပ် တုန်လှုပ်နေပြီး နှုတ်ခမ်းတစ်ချက် သပ်လိုက်မိသည်။


"ရရှိတဲ့ဆုတွေကိုလည်း တရားဝင်ပေးအပ်ပြီးပြီဖြစ်သောကြောင့် ပစ္စည်းတွေရဲ အသုံးပြုမှုတွေကို ကြည့်ရှုစစ်ဆေးပေးပါ ပိုင်ရှင်......"


စနစ်၏ တည်ငြိမ်လေးနက်သောအသံ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အရာဝတ္တုအသစ်များ၏ သတင်းအချက်အလက်များနှင့် ဗဟုသုတများက ပုဖန်၏ မှတ်ဉာဏ်အတွင်းသို့ လွှဲပြောင်းဝင်ရောက်လာလေသည်။


ထိုအရာဝတ္တုများ၏အကြောင်းကို ပုဖန်ယခင်က မသိခဲ့ဖူးပေ။ပုဖန်က ဟင်းပွဲအသစ်များကို ပို၍ ပင်စိတ်ဝင်တစားရှိသည်။ထို့ကြောင့်ပင် စပ်ပြဲလန်ခေါက်ဆွဲကို အရင်ဆုံး လေ့လာကြည့်လိုက်သည်။


[စပ်ပြဲလန်ခေါက်ဆွဲ....စွယ်စုံရ ဟင်းပွဲ......

ထိုဟင်းပွဲကို ပါဆယ်ယူသွားနိုင်သည်။ဟင်းပွဲတွင် ပါဝင်သည့် ခေါက်ဆွဲကို နဂါးမြို့ဟောင်းနယ်မြေ၏ တားမြစ်နယ်မြေ သုံးခုအနက် မဟူရာအကျဉ်းထောင် နယ်မြေမှ ရရှိသော စိတ်ဝိညာဉ် ဂျုံဖြင့် ပြုလုပ်ထားသည်။


စွပ်ပြုတ်ရည်ကို လွန်တရာ ရေခဲတောင်မြစ်မှရရှိသော ရေနှင့် အသူရာချောက်နက်မှ ရရှိသော ပူစပ်စပ် ငရုတ်ရည်တို့ဖြင့် ပြုလုပ်ထားသည်။ထိုဟင်းပွဲ၌ ထူးထူးခြားခြား အကျိုးသက်ရောက်မှု တစ်ချို့လည်း ရှိနေသည်။


ဟင်းပွဲကို စားသုံးလိုက်သော စားသုံးသူက ဆိုးဆိုးရွားရွားဘေးထွက်ဆိုးကျိုးတွေ မရှိပဲနဲ့ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ တိုးတက်လာပါလိမ့်မည်။သူ့၏ အခြေခံ အုတ်မြစ်ကခိုင်လေလေ အကျိုးသက်ရောက်မှုက များလေလေပင် ဖြစ်ပေလိမ့်မည်။]


စပ်ပြဲလန်ခေါက်ဆွဲ၏ ရှင်းလင်းချက်ကို ကြည့်ပြီးနောက် ပုဖန် အလွန်အံ့သြသင့်သွားသည်။


"ဒါကြောင့် စွယ်စုံရ ဟင်းပွဲလို့ခေါ်တာလား...."


လူတစ်ယောက်၏ တိုက်ခိုက်မှု အင်အားကို တိုးပွားလာနိုင်စေခြင်းက အမှန်တကယ်ကို အံ့အားသင့်စရာကောင်းလှသည် ။ထိုအစွမ်းသတ္တိက တစ်ချို့သော အံ့အာသင့်ဖွယ် သက်စောင့်ဆေးများနှင့်ပင် တူညီနေသည်။သို့သော်လည်း ဟင်းပွဲနှင့်မတူညီသည်က သက်စောင့်ဆေးများ၌ ဘေးထွက်ဆိုးကျိုးများ ရှိပေသည်။


ထို့အပြင် သက်စောင့်ဆေးများ၏ တိုက်ပွဲစွမ်းရည်တိုးတက်မှုက လွယ်ကူရိုးရှင်းသော နည်းဖြင့် တိုးတက်လာခြင်းလည်း မဟုတ်ပေ။ထိုစွယ်စုံရ ဟင်းပွဲ၌ ကြီးမားသည့် အစွမ်းသတ္တိမျိုး ရှိနေမည်ဟု သူမထင်ထားခဲ့မိပေ။


ဟင်းပွဲတစ်ပွဲက လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို အနည်းငယ်မျှတိုးပေးလာလျှင်ပင် မဆိုးလှဟု သူက တွေးထင်ထားခဲ့မိခြင်းဖြစ်သည်။ယခုကဲ့သို့ ကြီးမားသည့် စွမ်းအင်အကျိုးသက်ရောက်မှုရှိနေခြင်းက အံ့အားသင့်စရာကောင်းလှပေသည်။


သိချင်စိတ်များ ပိုမိုမြင့်တက်လာခဲ့သည်။သူက ထိုဟင်းပွဲအကြောင်းနှင့် ပတ်သတ်၍ တိတိကျကျနားမလည်နိုင်သေးဟု ထင်မှတ်လေသည်။


"စနစ်....ဒီမှာပြောထားတဲအချက်အလက်တွေအရဆိုရင် ဒီစွယ်စုံရဟင်းပွဲကို သက်စောင့်ဆေးလို့လည်း ပြောလို့ရနိုင်တာပေါ့ ဟုတ်လား.......သူ့မှာ ဒဏ်ရာတွေကို ပြန်လည်သက်သာစေတဲ့ အစွမ်းသတ္တိလည်းရှိတယ်ဆိုတော့ သက်စောင့်ဆေးအဖြစ် ထည့်တွက်လို့ရတာပေါ့ ဟုတ်တယ်မဟုတ်လား......."


ပုဖန် သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။


"သက်စောင့်ဟင်းပွဲတွေကိုတော့ စွယ်စုံရဟင်းပွဲငယ်လို့ သတ်မှတ်နိုင်တယ်......သူတို့မှာက စွယ်စုံရ ဟင်းပွဲလိုမျိုး အကျိုးသက်ရောက်မှု ပြင်းပြင်းတွေ မပိုင်ဆိုင်ထားဘူး.....ဒါ့ကြောင့် လျှာကဝေအခင်းအကျင်းကို ခင်းကျင်းရာမှာ ထည့်တွက်လို့မရနိုင်ပါဘူး....."


စနစ်က ပြန်လည်ဖြေဆို လိုက်သည်။


"လျှာကဝေအခင်းအကျင်း အဲ့ဒါကကော ဘာလဲ ....စားဖိုမှူးတစ်ယောက်ကကော မှော်ပညာရှင်တွေလိုမျိုးမှော်အစီအရင်တွေကို ခင်းကျင်းရမှာလား......."


အခင်းအကျင်းများကို ကောင်းစွာသိပေသည်။သူမဟာမြွေလူသားမြို့တော်ကို ရောက်ခဲ့သည့်အခါက မြို့တော်ကို ကာကွယ်ထားသည့် တမူထူးခြားသော အမြောက်ဆန်မှော်အစီအရင်ကို သဘောကျခဲ့သည်။


လေအလင်းအင်ပါယာ၏ လျှို့ဝှက်ကောင်းကင်ရေပြင်ကျယ်၌လည်း မှော်အစီအရင်အခင်းအကျင်းတစ်ခုရှိနေပေသည်။ပုဖန်က ထိုအစီအရင်များကို တော်တော်လေးစိတ်ဝင်စားလာသည်။


"စွယ်စုံရ ဟင်းပွဲတွေကို အဆစ်ငယ်လေးများသဖွယ်အသုံးပြုပြီး လျှာကဝေမှော်အစီအရင် အခင်းအကျင်းကို ခင်းကျင်းနိုင်မှာဖြစ်ပယ်......ဥပမာအားဖြင့် ပြောရမည်ဆိုလျှင် စပ်ပြဲလန်ခေါက်ဆွဲဟင်းပွဲကို အသုံးပြုပြီးတော့ အခင်းအကျင်းကို ဆောက်တည်တာပဲဖြစ်ပါတယ်......"


စနစ်က ပုဖန် သေချာနားလည်သွားစေရန်အတွက် ဆက်လက်၍ ရှင်းပြပြောဆိုနေသည်။ပုဖန်က မျက်ဝန်းများ မှေးကျင်းလိုက်မိသည်။ရုတ်တရက် သူအဆင့် တိုးတက်လာသည်နှင့်အမျှ တခြားသောအရာများနှင့်ပါ ဆက်နွယ်သည်ကို သတိပြုမိလိုက်သည်။ယခုလက်ရှိ၌ပင် သူအဆင့်မြင့်မားလာပြီး လျှာကဝေ အစီရင်နှင့် ဆက်နွယ်မိလာပေပြီ။


သူက ထိုစွယ်စုံရဟင်းပွဲများကလည်း သက်စောင့်ဟင်းပွဲများနှင့်သိပ်မကွားခြားသလို ခံစားမိသည်။သို့သော်လည်း အကျိုးသက်ရောက်မှက သက်စောင့်ဟင်းပွဲများထက်ပင် ပိုမိုကောင်းမွန်နေသေးသည်။


နောက်ဆုံး၌ သူ စနစ်၏ ဇယားကွက်ထဲမှ ပြန်လည်ထွက်လိုက်သည့်အချိန်ထိပင် တွေဝေငေးမောနေမိတုန်းဖြစ်သည်။ထို့နောက်သူ့၏ စိုနေသော ဆံပင်များကို သုတ်လိုက်ပြီး အိပ်ပျော်နေဆဲဖြစ်သည့် ဘလက်ကီရှိရာဆီသို့တစ်ချက်လှမ်းကြည့်လိုက်သည်။


ထို့နောက်စားပွဲခုံပေါ်မှ ပုစွန်ပိစိကို ကောက်ယူ၍ ပုခုံးပေါ်တင်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ပေကုန်းမင်က ဥထမင်းကြော် နောက်ဆုံးတစ်လုတ်ကို ပါးစပ်အပြည့် ဝါးလိုက်ပြီးနောက် သက်ပြင်းရှည်ရှည်တစ်ချက်မှုတ်ထုတ်လိုက်သည်။သူ သလင်းကျောက်တုံးအချို့ကို ထုတ်ယူလိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။ထို့နောက် မီးဖိုချောင်ဘက်ဆီသို့ စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက်ငေးကြည့်လိုက်သည်။


ဒီနေ့လည်းဆိုင်ပိုင်ရှင်က ပြန်လာသေးပုံမပေါ်ပေ။ပေကုန်းမင်က မတ်တပ်ထရပ်လိုက်ပြီး ဆိုင်မှထွက်ရန်ပြင်လိုက်သည်။သို့သော်လည်း ရုတ်တရက် အသံတစ်ချို့ကို ကြားလိုက်ရသောကြောင့် သူ့၏ နားရွက်ဖျားလေးများ လှုပ်ခတ်သွားသည်။


သူက မျက်လုံးကျယ်ကျယ်ဖွင့်၍ အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော ပိန်ပိန်ပါးပါး ပုံသဏ္ဍာန်တစ်ခုကို တွေ့လိုက်ရလေသည်။


"သူပဲ... အဲ့ဒါသူပဲ... သေချာပေါက်ကို သူပဲ......"


ပေကုန်းမင်၏ ခန္ဓာကိုယ်ပေါ်မှာရှိသော အကြောပေါင်းတစ်ထောင် ပွင့်သွားသလိုမျိုးခံစားလိုက်ရသည်။စိတ်လှုပ်ရှားလွန်းသောကြောင့် သူ့၏ ခန္ဓာကိုယ်က မိုးပေါ်ပျံတက်မတတ်ပင် ခံစားနေမိသည်။


နောက်ဆုံး၌ သူ့ကို တွေ့ရပေပြီ။ရက်ပေါင်းများစွာ စောင့်ကြည့်ခဲ့ရပြီးနောက် နောက်ဆုံး၌ သူက ကိုယ်ထင်ပြလာပေပြီ။ထိုသူက တောင်စဉ်တစ်ထောင်တောင်တန်း၌ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မြိုချခဲ့သော သူသာဖြစ်သည်။ပေကုန်းမင်၏ မျက်ဝန်းများက လျှပ်စီးတန်းများကဲ့သို့ လက်ဖြာနေပြီး သူအကြည့်များက လေထုကိုပင် ဖြတ်သန်း၍ ပုဖန်ကိုပင် ထိုးဖောက်သွားတော့မလိုပင် ထင်ရသည်။


ပုဖန်က အပေါ်ထပ်မှနေ၍ ပျင်းရိလေးကန်စွာ ဆင်းလာခဲ့သည်။သူက စိုထိုင်းနေသော ဆံပင်များကို ခပ်ဖွဖွဆုပ်ကိုင်၍ ခေါင်းလှည့်လိုက်စဉ်မှာပင် ပေကုန်းမင်၏ စူးရှလှသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်။


"အမ်......ဒီလူကို မြင်ဖူးသလိုပဲ.....ငါဘယ်မှာများ မြင်ဖူခဲ့တာပါလိမ့်.....

ပုဖန်က ပြန်လည်စဉ်းစားနေမိသည်။သူ မီးဖိုချောင်ဘက်သို့ သွားရမည့်အစား စားသောက်ခန်းထဲသို့ သွားရန်သာ ရွေးချယ်လိုက်ပြီး ဖြေးဖြေးချင်းလျှောက်လာခဲ့သည်။


"စိတ်ပုပ် သူဌေး နင်ပြန်လာပြီပေါ့.... "


ကွမ်ရှောင်ယီက ပုဖန်ကို မြင်လိုက်သောအခါ၌ သူမ၏။ လှပလှသော မျက်ဝန်းလေးများက ဝိုင်းစက်သွားပြီး ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင်ပင် ချစ်စဖွယ်ရယ်မောလိုက်သည်။


ကလေးမလေးက ပို၍ ကျက်သရေရှိပြီး လှပလာပေသည်။ပုဖန်က ထုံးစံအတိုင်း သူ့၏ လက်ကိုမြှောက်၍ ခေါင်းကို ခပ်ဖွဖွလေးပုတ်လိုက်သည်။ထို့နောက် ပေကုန်းမင်ဘက်သို့ လှည့်၍ ကြည့်လိုက်၏။


နောက်တစ်ချက် ထပ်ကြည့်လိုက်သည့်အခါ၌ ပုဖန် အံ့အားသင့်သင့် မျက်ခုံးပင့်လိုက်မိသည်။


ပေကုန်းမင်၏ ခန္ဓာကိုယ်က ဒေါသတရားများနှင့် လောင်ကျွမ်းနေပေပြီ။


"

မင်းပဲ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မြိုချခဲ့တာ မင်းပဲ....ကောင်စုတ်လေး ငါ့ကို ဒယ်အိုးနဲ့ ရိုက် ခဲ့တာလည်း မင်းပဲ....."


သူ့ကို အရိုးကျိုးကြေမတက် ဒယ်အိုးဖြင့်ရိုက်ခဲ့သော ပုဖန်ကို မှတ်မိသွားပြီးနောက် ပေကုန်းမင်၏ အမူအရာက ပို၍ မဲမှောင်သွားသည်။ဒယ်အိုးဖြင့် သူ့၏ခေါင်းကို ရိုက်ခတ်ရာမှ ထွက်လာသော အသံကို သူဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။


ဘန်း.....


ပေကုန်းမင်က ကြမ်းပြင်ကို ခြေဆောင့်နင်းလိုက်သည်။သူ့၏ အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်လာပြီး သူ့ဆံပင်များက လေအရှိန်နှင့် လွင့်ခါသွားသည်။သူက ပုဖန်ကို တကယ့်ကို ရိုက်နှက်ချင်နေပေပြီ။ပုဖန်က သူ့ဆီသို့ တိုးဝင်လာသော ပေကုန်မင်ကို မတုန်မလှုပ်ပင် ကြည့်နေသည်။နောက်ဆုံး၌ ပုဖန်က ထိုသူဘယ်သူမှန်းမှတ်မိသွားပေပြီ။


ပုဖန်က နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရုံ မဲ့ပြုံးပြုံးလိုက်ပြီး မဟူလိပ်ခုံးဒယ်အိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲထုတ်ယူလိုက်သည်။ထို့နောက် သူ့ဆီသို့ ဦးတည်လာနေသော ပေကုန်းမင်၏ ခေါင်းကို အိုးဖြင့် လွှဲရိုက်လိုက်၏။


မဟူရာလိပ်ခုံး၏ အရှိန်က အလွန်မြန်ဆန်လှသည်။ပေကုန်းမင်က သူ့၏ တိုက်ခိုက်မှူကို ရပ်တန့်ရန် မဖြစ်နိုင်တော့သောကြောင့် သူ့စီသို့ ပျံသန်းလာသော ဒယ်အိုးကိုသာ ကြောင်ကြောင်ကြီး ကြည့်နေရုံသာ တက်နိုင်ပေသည်။


ဒေါင်.....


မကြာခင်မှာပင် ပေကုန်းမင်၏ ခေါင်းနှင့် ဒယ်အိုးတို့ မိတ်ဆတ်သွားပြီး သူ့၏ခေါင်းထဲ၌ မေးခွန်းများစွာဖြင့် ပြည့်နှက်သွားလေသည်။သူကဲ့သိုအလယ်အလတ် တန်ခိုးရှင်အဆင့်တစ်ယောက်က ဘာကြောင့် ဒယ်အိုးဖြင့် အလွယ်တကူ ထုနှက်ခံနေရလည်း တွေးတောမရနိုင်တော့ပေ။


"ဒီဒယ်အိုးက ဘာကြောင့် သူ့ကိုရိုက်ဖို့အတွက်ပဲ ဖြစ်နေရတာလဲ....."


တောင့်တောင်ကြီးရပ်နေပြီးနောက် လဲကျသွားသော ပေကုန်းမင်ကို ကြည့်၍ ကွမ်ရှောင်ယီ၏ နှုတ်ခမ်းထာင့်စွန်းလေးများ ကော့တက်သွားသည်။


"ဒီလူက ရူးများနေတာလား......"


ပုဖန်က ထုံထိုင်းမူးဝေသွားသောပေကုန်းမင်ကို တစ်ချက်ကြည်လိုက်ပြီးနောက် ပျင်းရိလေးကန်စွာဖြင့် အနောက်သို့လှည့်၍ ပြောလိုက်သည်။


"ဝှိုက်တီ ဒီပြဿနာကောင်ကို အဝတ်ချွတ်ပြီး လွှတ်ပစ်လိုက်....."


မီးဖိုချောင်းဘက်ဆီမှနေ၍ အနီရောင် အလင်းတန်းများ ပြန့်ကားထွက်ပေါ်လာသည်။အလွန်လျှင်မြန်လှသော အရှိန်ဖြင့် ဝှိုက်တီက ပေကုန်းမင်၏ ရှေ့သို့ရောက်လာပြီး သူ့၏ အဝတ်အစားများကို ချွတ်လိုက်သည်။ထို့နောက် ကိုယ်တုံးလုံးဖြစ်နေသော ပေကုန်းမင်ကို ဆိုင်အပြင်ဘက်သို့ လွှတ်ပစ်လိုက်လေ၏။


လေပြေအေးလေးများ တိုက်ခတ်သွားသည့်အခါမှသာလျှင် လမ်းပေါ်၌ ပူဆွေးသောကရောက်နေသော ပေကုန်းမင်က ပြန်လည်၍ သတိဝင်လာသည်။ပုဖန်က ထိုကဲ့သို့ ပြဿနာသေးသေးလေးများကို ဆက်၍ ဂရုမစိုက်တော့ပဲ သူ့၏ လက်နှစ်ဖက်ကို ရိုက်ခါ၍ လက်နောက်ပစ်ခါ မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်သည်။


သူက စပ်ပြဲလန်ခေါက်ဆွဲဟုခေါ်သော ဟင်းပွဲ အသစ်ကို ချက်ပြုတ်ကြည့်ချင်နေပေပြီ။