အပိုင်း ၄၀၃
Viewers 53k

အခန်း ၄၀၃

ဆရာပု၏ ဟင်းပွဲအသစ်...


ကိုယ်တုံးလုံးဖြင့် အပြင်သို့ ပစ်ထုတ်ခံထားရသော ပေကုန်းမင်က ပြန်၍သတိဝင်လာသည်။ သူ၏မျက်လုံးထဲ၌ထိတ်လန့်မှု ဒေါသတရားများဖြင့် ပြည့်နှက်နေသည်။


"ဒီ ဒယ်အိုးနဲ့ပဲလား..."


"အဲဒီ အစုတ်ပလုတ်ဒယ်အိုးနဲ့ပဲထုခံရပြန်တာလား...ဒီဒယ်အိုးနဲ့ငါက ဘယ်ဘဝ ဝဋ်ကျွေးတွေလဲ....."


ပေကုန်းမင်က သူ၏ ခန္ဓာ ကိုယ်အောက်ပိုင်းကိုလက်ဖြင့်ကာ၍ ထရပ်လိုက်သည်။ ထို့နောက်ဆိုင်ငယ်လေးဘက်သို့ ခပ်စူးစူးကြည့်လိုက်၏။


အလွန်ပြောင်မြောက်လှသော တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်...

နဂါးမြို့ဟောင်းတိုက်ကြီး၌ ပထမတန်းဂိုဏ်းကြီးဖြစ်သော မဟာဂိုဏ်းကြီး၏အတွင်းတပည့်တစ်ယောက်ဖြစ်သော... သူလိုလူက ဤသာမန်နေရာလေးတစ်ခု၌ အဝတ်ချွတ်၍ ပစ်လွှတ်ခံလိုက်ရလေသည်။


ထိုသတင်းသာ ပျံနှံသွားပါက ဒီကုန်းမြေပေါ်တွင်သူခြေ ချစရာ နေရာရှိတော့မည် မဟုတ်ပေ။


ပေကုန်းမင်က တကျိကျိမြည်အောင် အံကျိတ်လိုက်ပြီး ချာခနဲလှည့်ထွက်သွားလေသည်။


ဒါက သူထိူဆိုင်နှင့်ရင်မဆိုင်တော့ဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ထိုဆိုင်ငယ်လေး၏ပိုင်ရှင်က အိုးအနက်ကြီးကဲ့သို့သော ပစ္စည်းမျိုးပေါင်းမြောက်မြားစွာကို ပိုင်ဆိုင်ထားလေသည်။ အကယ်၍ သူကထပ်ပြီး နောက်တစ်ကြိမ်ပြသာနာရှာလျှင် ထိုဆိုင်ရှင်နှင့်ရင်ဆိုင်ရပြီး သူဉ် ခက်ခဲမှုတွေသာပိုပြီး ဖြစ်ပေါ်လာလိမ့်မည်။ 


ူခေါင်းဆောင်ဖန်း ရောက်လာတဲ့အထိ စောင့်ရပေလိမ့်မည်။ ခေါင်းဆောင်ဖန်ကသေချာပေါက် ဆိုင်ငယ်လေးကို ဂရုစိုက်ပေးလိမ့်မည်။ ပေကုန်းမင်ကစိတ်ထဲမှတွေးပြီး အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်သူအောက်ပိုင်းကိုလက်ဖြင့်ကာ၍အင်ပါယာမြို့တော်တွင်းသို့ဝင်ရောက်သွားသည်။

သူတည်းခိုရာနေရာသို့ပြန်ရောက်ပြီး ဝတ်ရုံရှည်ကိုဝတ်ဆင်ပြီးမှသာလျှင် သက်ပြင်းတစ်ချက်ချလိုက်သည်။


ပုဖန်အပေါ်သူ၏အညှိးအတေးများက ပို၍ကြီးထွားလာပေသည်။ ပုဖန်လည်းသူလိုမျိုး အဝတ်စလစ်ဖြင့်သေချာပေါက်လွှတ်ပစ်ခံရစေမည်ဟု သူကျိန်ဆိုလိုက်၏။


ပေကုန်းမင်က အဝတ်စားများဝတ်ဆင်ပြီးသည်နှင့်သူ၏ သိုလှောင်ပစ္စည်းထဲမှ ကျောက်စိမ်းအဆောင်ပြားတစ်ခုကို ထုတ်ယူလိုက်သည် ။ထိုကျောက်စိမ်းပြားက မဟာဂိုဏ်းမှ အသံပို့လွှတ်ရာတွင်သုံးသည့်ပစ္စည်းဖြစ်သည်။ ပေကုန်းမင်က သူနှင့်တူညီသသည့် ကျောက်စိမ်းပြားကိုင်ဆောင်ထားသည့် ခေါင်းဆောင်ဖန်ဆီသို့ ထိုအဝါရောင်ကျောက်စိမ်းပြားကိုသုံး၍ အသံများပို့လွှတ်လိုက်သည်။


အစောပိုင်းအချိန်ထဲကပင် ကျောက်စိမ်းပြားကိုအသုံးပြု၍ခေါင်းဆောင်ဖန်ဆီသို့ သတင်းအချို့ပေးပို့ပြီးပြီဖြစ်သည်။


သို့သော်လည်းခေါင်းဆောင်ဖန်ဆီမှ မည်သည့်အကြောင်းပြန်ချက်မှ လက်ခံမရရှိသေးပေ။ပေကုန်းမင်က အနည်းငယ်တုန်လှုပ်လာမိသည်။သူကအခန်းထဲဉ်ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းညွှန်ကြားချက်ပြန်လာမည့်အချိန်ကိုစောင့်ဆိုင်းနေလေသည်။


ထိုအချိန်၌ သူစားပွဲပေါ်တင်ထားလိုက်သော ကျောက်စိမ်းပြားဆီမှ တုံပြန်ချက် အဝါရောင်အလင်းတင်းလေးများထုတ်လွှင့်လာပေသည်။


ပေကုန်းမင်ကအလွန်ပျော်ရွှင်သွားပြီးကျောက်စိမ်းပြားကို ချက်ချင်းကောက်ယူလိုက်သည်။ကျောက်စိမ်းပြားဆီမှ အလင်းများဖြာထွက်လာပြီးနောက်ပေကုန်းမင်၏ အမူရာက ချက်ချင်းပဲတောင့်တင်းသွားလေသည်။


အဘယ်ကြောင့်ဆိုသော် ထိုကျောက်စိမ်းပြားမှထုတ်လွှင့်ပြသလာသောပုံရိပ်က ခေါင်းဆောင်ဖန်၏ ပုံရိပ်မဟုတ်ပေ။


လူကငယ်ရွယ်ချောမောလှသည်။

ထိုသူက တကယ်ကိုငယ်ရွယ်ချောမောပြီး မျက်ခုံးကောင်းကောင်းတစ်စုံနှင့်တောက်ပသော မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားပေးသည်။ အသွင်ပြင်က. အထင်သေးဟန်ဖြင့်ပြည့်နေပြီးသူ၏မျက်ဝန်းများထဲဉ် မောက်မာသရော်ဟန်က အထင်ရှားပေါ်လွင်နေသည်။


".ဘယ်လိုဖြစ်ပြီးမင်းဖြစ်နေတာလဲ.."


ပေကုန်းမင်၏ မျက်ဝန်းများကျဉ်းမြောင်းသွားပြီး သူ၏အတွေးများက လဲ ရှုပ်ထွေးသွားသည်။


"မင်းလိုမျိုးအမှိုက်သရိုက်က လေ့ကျင့်ရေးကွင်းပြင်ထဲမှာ ရှိနေမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး...ငါမကြာခင်မှာပဲ လေ့ကျင့်ရေးကွင်းပြင်ထဲကိုရောက်မယ်..မင်း ငါ့ကိုလာပြီး ကြိုဆိုဖို့ပြင်ထား..."


လျန်ခိုင်က နှုတ်ခန်းတစ်ဖက်တွန့်ကွေး၍ ပြုံးလိုက်ပြီး ပေကုန်းမင်ကိုအသိပေး ပြောဆိုလိုက်သည်။


ပေကုန်းမင်က ရှုရှုရှားရှား ဒေါသထွက်လာသည်။


"ငါကဘာလို့ မင်းကို လာကြိုရမှာလဲ..

ငါကခေါင်းဆောင်ဖန်ကိုစောင့်နေတာ.

ငါတို့မှာအရေးကြီးကိစ္စတွေ လုပ်စရာရှိတယ်.."


လျန်ခိုင်၏ အပြုံးက ပို၍ မထိမဲ့မြင်ဖြစ်လာသည်။ သူက ပေကုန်းမင်ကို သနားစဖွယ်စိုက်ကြည့်လိုက်ပြီး ဒဲ့ပြောဆိုလိုက်သည်။ 


"ခေါင်းဆောင်ဖန်က သလင်းကျောက်တွင်းကြီးထဲမှာ ရတနာတွေအတွက်တိုက်ခိုက်ရင်းနဲ့ အဏ္ဏဝါမျိုးစိတ်ပညာရှင်တစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီလို့ ငါခုလေးတင်ပဲ သတင်းရလာတယ်...သူသေသွားပြီ...အဲ့ဒီတော့ မင်းမှာ ဘာတွေများလုပ်စရာရှိသေးလဲ..."


ပေကုန်းမင်က ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏စိတ်ကခနမျှ ဗလာကျင်းသွားသည်။


လျန်ခိုင်က ပေကုန်းမင်၏ အမူရာကို လုံးဝစိတ်ဝင်စားမှုမရှိပေ။သူ၏မျက်နှာကအေးစက်သွားပြီး တည်ငြိမ်ခက်ထန်စွာဖြင့်ပြောလိုက်သည်။


"မင်းအခုချက်ချင်းလေ့ကျင့်ရေးကွင်းပြင်ထဲကိုလာခဲ့...မင်း...ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို မြိုချလိုက်တဲ့ ရှေးလူမျိုးကိုစောင့်ကြည့်နေတယ်လို့ငါသိထားတယ်...အဲဒီတော့ သူဆီကိုငါ့ကိုခေါ်သွားပေး...ငါ ပြောတာကိုမင်းငြင်းဆန်လို့မရဘူး...ငါအခုမင်းကို အမိန့်ပေးနေတာ..."


.............


ပုဖန်က သက်တောင့်သက်သာဖြင့် အသက်တစ်ချက် ရှူရှိုက်လိုက်သည်။ သူက အမြဲတမ်း သူ့၏ကိုယ်ပိုင် မီးဖိုခုံကိုသာ ပို၍နှစ်သက်ပေသည်။

 

ပုဖန်က လက်ကိုဝေ့ယမ်း၍ ဓားစင်၌ချိတ်ထားသော ကြီးမားလေးလံလှသော မီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်လိုက်သည်။ သူ့၏ဓားကို အနည်းငယ် လှည့်လိုက်ပြီးနောက် စဉ့်နီတုံးပေါ်သို့ ပြင်းထန်စွာ လွှဲခုတ်လိုက်သည်။


ပုဖန်က ဓားဖြင့် ခဏမျှ လေ့ကျင့်ကစားနေရင်း စပ်ပြဲလန်ခေါက်ဆွဲ လုပ်သည့် နည်းကိုလဲ လေ့လာ နေလေသည်။ စပ်ပြဲလန်ခေါက်ဆွဲ လုပ်သည့်နည်းက ရိုးရှင်းလှပေသည်။ တိတိကျကျပြောရလျှင် အလွန့်ပင် ရိုးရှင်းလှသောကြောင့် ပူဖန်၏ အမူအရာပင် ထူးဆန်းသွားပေသည်။ 


ထိုခေါက်ဆွဲပြုလုပ်ရန် ပါဝင်ပစ္စည်း အနည်းငယ် မျှသာလိုအပ်သည်။ ခေါက်ဆွဲ၊စွပ်ပြုတ်ရည်၊ ကြက်သွန်နီ အနည်းငယ်နှင့် ပူစပ်စပ် ငရုပ်ဆီ တစ်ပုလင်းသာ လိုအပ်ပေသည်။


ပူဖန်က အံ့အားတသင့်ဖြင့် မျက်ခုံးပင့်လိုက်မိသည်။ ဒီဟင်းပွဲက တကယ့်ကို သာမန်ဆန်လွန်းသည်ဟု ခံစားမိသည်။ သူက မေးစေ့ကိုပွတ်၍ ခေတ္တစဉ်းစားတွေးတော နေလေသည်။ 


''ဒီဟင်းပွဲကို ချက်ဖို့အတွက် လျှို့ဝှက်နည်းလမ်းတွေ လိုအပ်တာလား...''  


သို့သော် သူအချိန်အတော်အတန်မျှ စဉ်းစားပြီးသည်အထိ မည်သည့် အကြောင်းအရင်းမှ ရှာမတွေ့ပေ။

ထို့ကြောင့် သူက ရိုးရိုးရှင်းရှင်း ချက်ပြုတ်ရန်သာ ပြင်ဆင်လိုက်သည်။ 


ပထမဆုံးဦးဆုံအနေဖြင့့်ဂျုံတုံးလုပ်၍ ခေါက်ဆွဲ အမျှင်ဆွဲရန်လိုအပ်ပေသည်။

ထိုစစ်ဆေးချက်က ပုဖန်အတွက် အနည်းငယ်ခက်ခဲပေသည်။ အဘယ်ကြောင့် ဆိုသော် သူ့၏ အရင်ကမ္ဘာတုန်းက ထိုအလုပ်မျိုး တစ်ခါမျှမလုပ်ခဲ့ဖူးပေ။


ဂျုံမှုန့်ကိုထုတ်ယူလိုက်ပြီး စနစ်၏ ညွှန်ကြားချက်အတိုင်း ဂျုံလုံး ဖြစ်အောင် လုပ်လိုက်သည်။ ဂျုံမှုန့်၏မူလ အရည်အသွေးကပင်သာမန်ထက် တမူထူးခြားနေပေသည်။ သူကနူးညံ့လှသော ဂျုံလုံးကို အနည်းငယ်ပုတ်လိုက်ပြီး လေထဲသို့ မြှောက်တင်လိုက်သည်။ 

လုံးဝန်းလှသော ဂျုံလုံးက ကမ္ဘာမြေကြီး ဝင်ရိုးစွန်းပေါ်လည် သကဲ့သို့ လေထဲ၌ မြောက်နေလေသည်။ 


ထို့နောက် သူက လည်နေသော ဂျုံလုံးအနားသို့ ဂျုံမှုန့်များ ထပ်မံပစ်တင်လိုက်သည်။ 


အရှိန်ဖြင့် လှည့်ပတ်နေသော ဂျုံလုံးက ဂျုံမှုန့်များကို အလျင်အမြန်ပင် စုပ်ယူလိုက်သည်။


ပုဖန်က လက်နှစ်ကို ရိုက်ခါလိုက်ရာ ဂျုံမှုန့်များကလေထဲ၌ လွှင့်မြောသွားသည့်မြင်ကွင်း ကို မြင်လိုက်ရပြီ သူ၏မျက်လုံးများပင်တောက်ပသွားသည်။  


သူ့၏လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး လေထဲ၌ လည်နေသည့် နူးအိလှသောဂျုံလုံးကိုဆှဲယူလိုက်သညျ။ထို့နောကျ ချက်ချင်းခေါက်ဆွဲ ဖြစ်အောင် ဆွဲလေတော့သည်။


ပုဖန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး သူ၏လက်များ လှုပ်ရှားကာ ခေါက်ဆွဲမျှင်ဖြစ်အောင် မပြတ်ဆွဲပေးနေသည်။ ဂျုံကို အထက်အောက်မြောက်၍ လက်နှစ်ဖက်ကို ပူးကပ်လိုက် ဆွဲခွာလိုက်လုပ်နေလေရာ သူ့ပတ်ဝန်းကျင်ရှိ ခေါက်ဆွဲများ ကနေဟန် ပုံသဏ္ဍာန် ပေါ်နေလေသည်။ ဂျုံလုံးမှနေ၍ ခေါက်ဆွဲအဖြစ် စတင်ဆွဲသည့် အချိန်က လွယ်ကူလှသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့၏လက်ထဲတွင် ခေါက်ဆွဲအမျှင်များ များပြားလာပြီး လွှဲယမ်းရန်ပင် ခက်ခဲလာသည်။ ခေါက်ဆွဲများက သူ့ဘေးနားလေထဲ၌ လိပ်ပြာငယ်လေးများ ပျံနေသကဲ့သို့ လှုပ်ခါနေလေသည်။ 


. ရှောင်ရှောင်လုံက သူ့လက်ထဲက ဓားကိုချထားပြီး ပုဖန် ခေါက်ဆွဲ ဆွဲနေသည့် အံ့သြဖွယ်ရာမြင်ကွင်းကိုပါးစပ်အဟောင်းသားဖြင့် ငေးနေလေသည်။


"ပိုင်ရှင်ပုက တကယ့်ကိုပဲ... သူများတွေနဲ့ ကွဲပြားခြားနားတယ် သူခေါက်ဆွဲ ဆွဲနေတာလေးကတောင်မှ အရမ်းကိုထူးခြားလွန်းတယ်...''


ပုဖန်က နောက်ဆုံးဂျုံသားကိုခေါက်ဆွဲဖြစ်အောင် ဆွဲလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့်ခေါက်ဆွဲများ၏ အစွန်းကိုစုပ်ကိုင် လိုက်ပြီး ပစ်တင်လိုက်လေသည်။


ခေါက်ဆွဲမျှင်များက လေထဲ၌ ပြန့်ကားသွားပြီး ပြန်လည်၍ပြုတ်ကျလာသည်ယ ပုဖန်က လက်ကိုဖြန့်ကား၍ ခေါက်ဆွဲများကို ဖမ်းယူလိုက်သည်။ခေါက်ဆွဲများက သိုးမွှေးချည်ခင်ကဲ့သို့ အထွေးလိုက်ဖြစ်နေသည်။ပုဖန်က ခေါက်ဆွဲများကို ဆံပင်များရှင်းသကဲ့သို့ သေချာစွာ ရှင်းလိုက်သည်။ဤသို့ဖြင့် ခေါက်ဆွဲပုလုပ်ခြင်းက ပြီးဆုံးသွားပေပြီ။


သူခေါက်ဆွဲများကို ဘေး၌ ထားလိုက်ပြီး စွပ်ပြုတ်လုပ်ရန်ပြင်ဆင်လိုက်သည်။ထို့နော် မဟူရာလိပ်ခုံးဒယ်အိုးပ်ါလာပြီး လေထဲ၌ လည်နေလေသည်။ပုဖန်၏ မျက်နှာက နီရဲလာပြီးနောက် ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်သည်။ မီးတောက်က ဒယ်အိုးအောက်ခြေသို့ ပျံသန်းသွားပြီး စတင်လောင်ကျွမ်းလာသည်။အချိန်ခဏအတွင်းမှာပင် မဟူရာလိပ်ခုံးဒယ်အိုး ဆီမှ အပူငွေ့လေးများစတင်ထွက်ပေါ်လာသည်။


ပုဖန်က စနစ်က ထောက်ပံပေးထားသော လွန်တရာရေခဲတောင်မြစ်ရေကိုထုတ်ယူလိုက်ပြီး ဒယ်အိုးထဲသို့လောင်းထည့်လိုက်သည်။


...ရှဲ....


ဒယ်အိုးဆီမှ ထူထဲလှသော စိတ်ဝိညဉ်စွမ်းအင်များ လှိမ့်တက်လာသောကြောင့် ပုဖန်မြင်ကွင်းပင် ဝေဝါးသွားသည်။


..ဘုရားရေ...ဒီရေက လုံးဝ သာမန်မဟုတ်ဘူးပဲ..


သူလွှတ်ခနဲပင်ချီးကျူးလိုက်မိသည်။သူက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်၏ အပူရှိန်ကိုမြှင့်တင်လိုက်သောကြောင့် အချိန်တိုအတွင်းမှာပင်ရေများဆူပွက်လာသည်။

ထို့နောက် ခေါက်ဆွဲများကို ဆူပွက်နေသည့်ရေဆူဆူထဲ ထည့်လိုက်ရာ အိုးအောက်ခြေသို့ တဖြည်းဖြည်းနစ်မြုပ်သွားလေသည်။


ခေါက်ဆွဲ များဆူပွက်လာသည်အထိစောင့်နေပြီးနောက် လက်ဖဝါးကို မြှောက်၍ ပူစပ်စပ် ငရုတ်ရည်ပုလင်းကို ဆင့်ခေါ်လိုက်သည်။ငရုတ်ရည်ပုလင်းကိုကြည့်၍ ခဏမျှတွန့်ဆုတ်နေပြီး နောက် အဖုံးကို ဖွင့်လိုက်သည်။ထို့နောက် နီရဲနေသော ငရုတ်ရည်များကိုခပ်ယူလိုက်သည်။


အစပ်ရနံ့က ပုဖန်ကိုပင် မျက်မှောင်ကြုတ်သွားစေသည် ငရုတ်နှစ်အနဲငယ်ကို ဆူပွက်နေသောရေထဲထည့်လိုက်သည်။ရေက ချက်ချင်းပင်နီရဲသွားပြီး ငရုတ်နံမွှေးမွှေးလွင့်ပျံလာလေသည်။


...ဟမ် ငါအများကြီးထည့်လိုက်မိတာလား...အိုး..ကိစ္စတော့မရှိပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ရှောင်လုံက အရင်မြည်းကြည့်မှာပဲ...


သူ မဟူရာလိပ်ခုံးဒယ်အိုး နှင့် စိတ်ဆက်သွယ်လိုက်ပြီး အိုးထဲမှ ပါဝင်ပစ္စည်းများ ၏ပြောင်းလဲမှုကိုစောင့်ကြည့်ရန်ပြင်လိုက်သည်။သို့သော် အချိန်တိုအတွင်းမှာပင် ထိုလုပ်ဆောင်ချက်က အသုံးမဝင်ကြောင်းသိလိုက်သည်။


အိုးထဲ၌ ပါဝင်ပစ္စည်း ဟူ၍ ခေါက်ဆွဲ တမျိုးသာရှိလေသည်။ထို့အပြင် ခေါက်ဆွဲကို မည်သည့်အပူချိန်ဖြင့် ချက်ပြုတ်ရမည်ကိုလဲ သူတိတိကျကျ မသိပေ။


ပုဖန်က ခပ်မဲ့မဲ့လေး ပြုံးလိုက်ပြီး လက်ကိုဝေ့ယမ်းလိုက်ရာ အိုးထဲမှ ခေါက်ဆွဲများ ပျံထွက်လာ၏။သူ ပန်းကန်လုံးတလုံးကို ဆွဲယူလိုက်ပြီး ပြုတ်ကျ လာသောခေါက်ဆွဲများကို ခံထားလိုက်သည်။


ခေါက်ဆွဲနံ့သင်းသင်းလေးကလဲ မွှေးကြိုင်နေပေ၏။ပုဖန်က အသိအမှတ်ပြုဟန် ခေါက်းတချက်ညိတ်လိုက်သည်။ထို့နောက် နီရဲရဲစွပ်ပြုတ်ရည်ကို ခပ်ယူလိုက်ပြီး အပေါ်မှ ဆမ်းလိုက်သည်။နောက်ဆုံးအနေဖြင့် ပါးပါးလှီးထားသောကြက်သွန်ကို အပေါ်မှ ဖြူးလိုက်သည်။


စပ်ပြဲလန်ခေါက်ဆွဲ၏သွင်ပြင်က မြင်လိုက်ရသုတိုင်း၏ စားချင်စိတ်ကို ဆွဲဆောင်နိုပေလိမ့်မည်။


..ဒါက တစ်ကယ့်ကို.. အလွန်တစ်ရာ ရိုးရှင်းတဲ့ဟင်းပွဲပဲ...


သူ့၏ အချက်အပြုတ်စွမ်းရည်က မြင့်မားနေပြီး ဟင်းပွဲက ရိုးရှင်းနေပေသည်။


ဘေးနားက ရပ်ကြည့်နေသော ရှောင်ရှောင်လုံ၏ မျက်ဝန်းများက တောက်ပြောင်လင်းလက်နေသည်။


..ချက်လို့ ပြီးသွားပြီလား.. ဒါက ပိုင်ရှင်ပုရဲ့ ဟင်းပွဲအသစ်လား..


ထိုခဏ၌ ပုဖန်က ပြုံး၍အချက်ပြခေါ်သည်ကို မြင်လိုက်ရသည်.ရှောင်ရှောင်လုံ က စိတ်အားထက်သန်စွာဖြင့် လျောက်သွားလိုက်သည်။


".ဒါက ငါ့ရဲ့ခရီးစဉ်ကနေ အကျိုးအမြတ်အဖြစ်ရလာတဲ့ စပ်ပြဲလန် ခေါက်ဆွဲပဲ..သူ့ရဲ့အရသာက ...အင်း...တော်တော်လေးကောင်းတယ်"


ပုဖန်က မျက်တောင်တချက်မခတ် ရုပ်တည်ဖြင့်ပြော လိုက်သည်။


ရှောင်ရှောင်လုံက ပျော်ရွှင်သွားလေသည်။ခေါက်ဆွဲပွဲ၏ အရောင်က လှပ လှသည်။မွှေးရနံ့သင်းသင်းလေးက လွင့်ပျံနေပြီး စားချင်လာအောင် ဆွဲဆောင်နေသည်။


"ဒီလိုဆိုရင်တော့ ငါအားမနာတော့ဘူးနော်.."


သူ ကျေနပ်ပြုံးဖြင့်ပြောလိုက်ပြီး ဝါးတူတစ်စုံကိုယူလိုက်သည်။ထို့နောက် နီရဲရဲစွပ်ပြုတ်ထဲ နစ်မြုပ်နေသည့် ပူနွေးနွေးခေါက်ဆွဲဖတ်များကို ညှပ်ယူလိုက်သည်။


ခေါက်ဆွဲလေးက အလွန်စားချင်စရာကောင်းလှသည်။သူတူကို မြှောက်၍ တဖူးဖူးမှုတ်၍ အနဲငယ်အအေးခံလိုက်သည်။


ပုဖန်က မည်သည့်ပါဝင်ပစ္စည်းမှမထည့်ပဲ ဂျုံသားသက်သက်ဖြင့်ပြုလုပ်ထားစဉ်ကပင် ခေါက်ဆွဲ၏ရနံကမွှေးကြိုင်ပြီးဖြစ်သည်။ယခု တောက်ပြောင်နေသည့်ခေါက်ဆွဲသားပေါ်သို့ ကြက်သွန်ဖတ်ကလေးများတင်လိုက်သောအခါ လုံးဝ ပြီးပြည့်စုံသွားပေပြီ။


"ပိုင်ရှင်ပုကတော့ တစ်ကယ့်ကို ဆရာကျတယ်.." 


ရှောင်ရှောင်လုံ ကချီးကျူးပြောလိုက်သည်။


..ရှလွတ်..


ရှောင်ရှောင်လုံက ပါးစပ်ဟ၍ ခေါက်ဆွဲကို အသံမြည်အောင်ပင် စုပ်ယူစားသုံးလိုက်သည်။ထို့နောက် ပြုံးတုံ့တုံ့အမူအရာဖြင့် တူကို ပြန်ချထားလိုက်ပြီး ခေါက်ဆွဲကို သေချာစွာဝါးလိုက်သည်။


မွှေးရနံ့နှင့် အရသာကို သေချာစွာ ခွဲခြါးသိလိုပေသည်။သို့သော်လည်း သူဝါးနေစဉ်မှာပင် သူ့မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး အမူအရာက တောင့်တင်းသွားကာ နဖူးကြောများတွန့်ရှုံ့သွားလေသည်။


သူက သွေးရောင်ရဲရဲနီနေသောမျက်ဝန်းများဖြင့် ပုဖန်ဘက်သို့ လှည့်၍ကြည့်လိုက်သည်။


...အား...


သူက ခေါက်ဆွဲကို မြိုချပြီးနောက် ပါးစပ်ဟ၍ အပူငွေ့များထုတ်ရင်း ဟစ်အော်လိုက်သည်။သူ့မျက်နှာ တပြင်လုံးနီရဲနေပြီး နှုတ်ခမ်းပါးလေးများက ဆွဲဆောုမှုရှိစွာ နီမြန်းနေပေသည်။


သူ့၏ ပုံပန်းသွင်ပြင်က မီးတောက်များမှုတ်ထုတ်နေသလိုထင်ရသည်။သုက ပုဖန်ကို ကြောက်စရာကောင်းစွာ စိုက်ကြည့်လာလေသည်။


...ပိုင်ရှင်ပု ..မင်း ငါ့ကို သတ်ချင်နေတာလား...ငါက မင်းခရီးသွားနေတုန်း တစ်ခါနှစ်ခါ ပျင်းရိမိတယ်ဆိုပေမဲ့ ဒီလိုနည်းနဲ့ အပြ်းမပေးသင့်ဘူး...တကယ်လို့ အပြစ်ပေးချင်တယ်ဆိုရင်လဲ ငါ့ကို ကြိုပြောလေ... ဒါဆို အနဲဆုံးတော့ ငါ့စိတ်ကို ပြင်ဆင်ထားလို့ရတာပေါ့...


"ရေ... ရေ... ရေပေးပါ..."


ပုဖန်က ရှောင်ရှောင်လုံကို ကြည့်လေလေ ထိတ်လနိ့မှုကို ခံစားရလေလေပင်...သူယောင်တိယောင်တောင်ဖြင့် စားပွဲပေါ်မှ ခေါက်ဆွဲ ပန်းကန်ကို ကမ်းပေးလိုက်မိသည်။


စိတ်ကယောင်ခြောက်ချားဖြင့် ထိတ်လန့် တုန်လှုပ်နေသော ရှောင်ရှောင်လုံက ပုဖန်ပေးသည်မှာ မည်သည့်အရာမှန်း သတိမထားမိပဲ ဆွဲယူလိုက်သည်။ တကျိုက်ထဲ မော့သောက်လိုက်ပြီး ကျယ်လောင်စွာဖြင့် မျိုချလိုက်သည်။


ထို့နောက် တုန်တုန်ရီရီဖြင့် ပန်းကန်ကို ပြန်ချထားလိုက်ပြီး ပုဖန်ဘက်သို့ ကြည့်လိုက်သည်။သနားစရာကောင်းလှစွာပင် သူ့မျက်ဝန်းများ မျက်ရည်များ စီးကျလာပေသည်။


" ပိုင်ရှင်ပု ငါ့အမှားကို ငါသိပါပြီ..."