အခန်း ၄၀၄
ပိုင်ရှင်ပု...နင်က အသက်မပြည့်သေးတဲ့ ကလေးမလေးကိုတောင် လှည့်ဖျားတာလား ....
ရှောင်ရှောင်လုံက ပုဖန်ကို မျက်ရည်များသွင်သွင်ကျလျှက် ကြည့်လိုက်သည်။ မျက်တောင်တစ်ချက် ခတ်လိုက်တိုင်း မျက်ရည်များက ရေကာတာများ ကျိုးလာသကဲ့သို့ပင် ဖြစ်နေ၏။ ထို့နောက်သူ့ အသံက အသက်ရှူရခက်နေသလိုဖြင့် တုန်တုန်ရီရီနှင့် ပြောလိုက်သည်။
"ဒါက အရမ်းကို အရသာရှိတဲ့ ဟင်းပွဲပါလို့ မင်းမပြောခဲ့ဘူးလား၊ ဒါက ငါ့ကိုစိတ်ကျေနပ်စေပြီး နစ်မြောပျော်ဝင်သွားမယ်လို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား...
ဒါဘယ်လိုသောက်ကျိုးနည်း အရာကြီးလဲ''
"ပိုင်...ပိုင်ရှင်ပု မင်းအရင်တုန်းက ဒီလိုမျိုးမဟုတ်ပါဘူး၊ မင်းအရင်က လုပ်ခဲ့တဲ့ ဟင်းပွဲတိုင်းက အရမ်းအရသာရှိပြီး ဆွဲဆောင်မှုရှိတယ်...မင်းက ပိုင်ရှင်ပု အစစ်မဟုတ်ဘူး...''
ရှောင်ရှောင်လုံ၏ ဖြူဖွေးနူးညံ့သော အသွင်အပြင်က ချက်ချင်း နီရဲတတ်လာပေသည်။ သူ့၏ ခန္ဓာကိုယ်က ဒေါသတရားကြောင့် အပူများ မြင့်တက် လာသလိုဖြစ်ပြီး အမြင်အာရုံများပင် ဝေဝါးလာပေ၏။
ဒါအခြေအနေ မကောင်းဘူး...
ရှောင်ရှောင်လုံက သူ၏ပေါင်ကို ရုတ်တရက် ပြင်းထန်စွာထိုးချလိုက်သည်။ နာကျင်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံးတုန်ခါသွားလေသည်။ ထို့နောက်သူ့၏လက်ကိုမြှောက်၍ စပ်ပြဲလန် ခေါက်ဆွဲပန်းကန်ကို ထိတ်လန့်ကြောက်ရွံ့မှု မကျေမနပ်မှုတို့ဖြင့် ကြည့်နေလေသည်။ ထို့နောက် ပုဖန်ကို လုံးဝလျစ်လျူရှုလိုက်ပြီး ခေါက်ဆွဲ ပန်းကန်ကိုချ၍ ထွက်သွားလေသည်။
ပုဖန်က ရှောင်ရှောင်လုံ ထွက်ခွာသွားသည်ကိုကြည့်ပြီး စိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ သူက ကျဆုံးသွားပုံပေါ်သည်။ သူကအဆင်ခြင်မဲ့စွာဖြင့် ခေါက်ဆွဲပန်းကန်ကို ချက်ရတာလွယ်ကူသည်ဟု ကောက်ချက်ချခဲ့မိသည်။
တကယ်တန်းတွင်မူ သာမန်ဟု ထင်ရသော ဟင်းပွဲကို စားကောင်းသောက်ဖွယ် အဖြစ်ချက်ရန်ပိုခက်ခဲသည်။ ယခုသူ သင်ခန်းစာကောင်းကောင်း ရသွားပေပြီ။ ပုဖန်က စပ်ပြဲလန်ခေါက်ဆွဲကို ပြန်လည်ချက်ပြုတ်ရန် အတွက် ပြန်၍ အာရုံနစ်လိုက်သည်။
ရှောင်ရှောင်လုံက မီးဖိုခန်းထဲမှ ထွက်သွားပြီးနောက် ထိုင်ခုံပေါ်၌ ဝင်ထိုင်လိုက်သည်။ သူ့၏နှုတ်ခမ်းများက ဖူးရောင်နေပြီး မျက်ရည်များ ကျဆင်းနေတုန်းဖြစ်သည်။ သူက ပုဖန်ယခုကဲ့ ဖြီးဖြန်းတတ်သော သူဟု မထင်ထားခဲ့မိပေ။
ကွမ်းရှောင်ယီက ရှောင်ရှောင်လုံ၏ အခြေအနေကို မြင်လိုက်ရသည့်အချိန်၌ လန့်ဖြန့်၍ ခုန်လိုက်မိသည်။ သူမက ရှောင်ရှောင်လုံ ၏သနားစရာကောင်းလှသော ပုံစံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ... ဘယ်သူကသူ့ကို ဒီလိုဖြစ်အောင် လုပ်လိုက်တာလဲ...''
ကွမ်းရှောင်ယီက စပ်စုချင်စိတ်ဖြင့် ရှောင်ရှောင်လုံအနားသို့ တိုးကပ်သွားလိုက်သည်။ သူမက ရှောင်ရှောင်လုံ ကိုယ်ထဲ၌ လှိုင်းခတ်နေသော အစစ်အမှန် စွမ်းအင်များကို တွေ့လိုက်ရသောအခါ တုန်ရီသွားမိသည်။
ကလေးမလေးက အဆင့်ငါး ဘုရင်အဆင့်ထိပ်ဆုံးအဆင့် သို့ရောက်နေပြီ။ မကြာခင်အချိန်တော တွင်းမှာပင် အဆင့်ခြောက် အင်ပါယာအတွင်းသို့ ချိုးဖြတ် တက်ရောက်နိုင်ပေတော့မည်။ ထို့ကြောင့်ပုံမှန်အားဖြင့် သူမက ရှောင်ရှောင်လုံ ခန္ဓာကိုယ် အတွင်းမှ အထိန်းအချုပ်မဲ့နေသော စွမ်းအင်များကို တွေ့ရခြင်းဖြစ်သည်။
သူမ၏ အမူအရာက အနည်းငယ်တည်ကြည်သွားသည်။ သူမက ရှောင်ရှောင်လုံကို ဖြစ်ခဲ့သမျှအား မေးမြန်းလိုက်ချင်သည်။
"စိတ်ပုပ်...စိတ်ပုပ် သူဌေးက စိတ်ဆိုးအောင်လုပ်လိုက်တာလား?"
ရှောင်ရှောင်လုံက ကွမ်းရှောက်ယီကို မကျေမနပ်ဖြင့် တချက်လှမ်းကြည့်လိုက်သည်။ သူ၏မျက်ရည်များ ထပ်မံကျဆင်းလာပြန်၏။ သူကကွမ်းရှောင်ရီ၏ အမေးကို ပြန်ဖြေလိုက်ချင်ပေသည်။ သို့သော်လည်း သူပါးစပ်ဟလိုက်သည့်အချိန်၌ မီးဖိုချောင်တံခါးဝဆီ၌ ပိန်ပါးသောအရိပ်လေးတစ်ခု ထွက်ပေါ်လာလေသည်။
ရှောင်ရှောင်လုံက ပုဖန်၏ အရိပ်ကို မြင်ရုံမျှဖြင့်ပင် တုန်ရီနေလေသည်။ သူခေါင်းမော့ကြည့်လိုက်သောအခါ ပုဖန်၏ မတုန်မလှုပ် တည်ငြိမ် လှသောမျက်နှာကို တွေ့လိုက်ရပေသည်။
"ရှောင်ယီ လာအုံး ငါ့မှာနင့်အတွက် ကောင်းတာလေးတွေ ရှိတယ် ''
ပုဖန်က ကွမ်းရှောင်ယီ၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံ ပြုံးပြလိုက်သည်။
ထိုအပြုံးကိုမြင်လိုက်ရသော ရှောင်ရှောင်လုံ၏ ကျောရိုးတစ်လျောက် စိမ့်တက်သွားလေ၏။
"ပိုင်ရှင်ပု အဲ့လို...အဲ့လို မပြုံးပါနဲ့...''
ကွမ်းရှောင်ယီက သူ့၏အပြုအမူကြောင့် မယုံသင်္ကာ ဖြစ်သွားပြီး မယုံကြည်မှုအပြည့်နှင့် ကြည့်လိုက်သည်။
ပုဖန်က သူ့ကို ထူးဆန်းသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး မီးဖိုချောင် အတွင်းသို့ ပြန်လှည့်ဝင်သွားသည်။
ရှောင်ရှောင်လုံက ရှောင်ယီကို တားရန်ပြင်လိုက်သော်လည်း ပုဖန်က သူ့ကို မီးဖိုချောင်အတွင်းသို့ မဝင်မီ ကြည့်သွားသောကြောင့် တွန့်သွားပေသည်။
ကွမ်းရှောင်ယီက မသင်္ကာဟန် အပြည့်ဖြင့် မီးဖိုချောင် ပြတင်းပေါက်နား သို့ ကပ်သွားလေသည်။ သူမ၏ သေးသွယ်လှသောခန္ဓာကိုယ်လေးဖြင့် မီးဖိုချောင် ပြတင်းပေါက် ဘောင်ကို မှီလိုက်ပြီး မီးဖိုချောင်အတွင်းသို့ ချောင်းကြည့်လိုက်သည်။
ပုဖန်က အငွေ့တထောင်းထောင်း ထနေသော ဟင်းပွဲကို သယ်ဆောင်၍ လာနေသည်ကို တွေ့လိုက်ရသည်။
"ဝါး... ဒါကဟင်းပွဲ အသစ်ပဲ..."
ကွမ်းရှောင်ယီ၏ မျာက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေလေသည်။
"အမ်း ဒီဟင်းပွဲကို ငါအခုလေးတင်ကမှ လုပ်ထားတာ မြည်းကြည့်အုံး... သူ့ရဲ့အရသာက အံ့အားသင့်ဖွယ်ကောင်းပြီး အရမ်းကို စိတ်ကျေနပ်စေလိမ့်မယ်...''
ပုဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
သူက ရနံမွှေးမွှေးနှင့် အငွေ့တထောင်းထောင်း ထနေသော စပ်ပြဲလန်ခေါက်ဆွဲ ပန်းကန်ကို သူမရှေ့ ၌ ချပေးလိုက်သည်။
"ကြည့်ရတာတော့ အရသာကောင်းမယ့်ပုံပဲ အနံ့ကလဲ အရမ်းမွှေးတယ်...''
ကွမ်းရှောင်ယီ၏ ချစ်စရာကောင်းလှသော မျာက်လုံးဝိုင်လေးများက စိတ်လှုပ်ရှားမှုဖြင့် တလက်လက် တောက်ပနေပြီး ပါးစပ်တပြင်ပြင်နှင့် ဖြစ်နေလေသည်။
ရှောင်ယီက ဝါးတူတစ်စုံကို ယူလိုက်သည်။ သူမ ပြတင်းပေါက်ဘောင်ကို မှီလိုက်၍ ခေါက်ဆွဲတစ်ချို့ကို ယူလိုက်သည်။
နီရဲရဲ စွပ်ပြုတ်ရည်ထဲမှ ခေါက်ဆွဲများက အနီရောင်တောက်ပနေလေ၏။ ခေါက်ဆွဲသားများက အလွန်ပင် နူးညံ့ပျော့ပျောင်းလှသည်။ တငွေ့ငွေ့ ထွက်နေသော အပူငွေ့လေးများကလဲ သူမ၏ စားချင်စိတ်ကို ဆွဲဆောင်နေပေသည်။
သူ့၏ အသွင်အပြင် တစ်ခုထဲဖြင့် အကဲခတ်ရလျှင် ထိုခေါက်ဆွဲကအလွန် အဆင့်အတန်းမြင့်ပြီး ထူးကဲလှပေသည်။
" ရှလွတ်..."
ကွမ်းရှောင်ယီသည် ခေါက်ဆွဲကို ရှလွတ်ကနဲ အသံမြည်အောင်စုပ်ယူလိုက်သည်။
ရှောင်ရှောင်လုံ၏ နီရဲနေသော နှုတ်ခမ်းသားများက တုန်ရီသွားပြီး သူ မတက်သာစွာ သက်ပြင်းချလိုက်မိသည်။
ပုဖန်က မျှော်လင့်ချက် အပြည့်ဖြင့် ကွမ်းရှောင်ယီကို စိုက်ကြည့်လိုက်သည်။
ကွမ်းရှောင်ယီ၏ မျာက်လုံးလေးများက ဝိုင်းစက်သွားသည်။ သူမဝါးနေရင်းဖြင့် ခဏရပ်လိုက်ပြီး ပုဖန်ကိုကြည့်လိုက်သည်။ သူမ၏ မျက်လုံးလေးများကလဲ ပို၍ပို၍ ပြူးကျယ်လာသည်။
"ဂလု...''
သူမခေါက်ဆွဲကို မြိုချလိုက်ပြီး ပါးစပ်အကျယ်ပြီး ဖွင့်ကာ အပူငွေ့များကို မှုတ်ထုတ်လိုက်သည်။ သူများ၏ နှာခေါင်းထိပ်ဖျားလေးက အစပ်ဒဏ်ကြောင့် နီရဲနေပြီး မျက်ဝန်းထောင့်စွန်း၌ မျက်ရည်စက်ကလေးများ တွဲခိုနေလေသည်။
"စိတ်ပုပ်သူဌေးက ဘယ်လိုဟင်းပွဲမျိုးကို ချက်ထားတာလဲ?..."
ကွမ်းရှောင်ယီက စိတ်ဆိုးဒေါသထွက်သွားလေသည်။
"ဒါကို အရသာရှိတဲ့ ဟင်းပွဲလို့ ခေါ်လို့ရလား...ပိုင်ရှင်ပု နင်က အရွယ်မရောက်သေးတဲ့ မိန်းမငယ်လေးကိုတောင် လိမ်ညာ လှည့်ဖျားတယ်ပေါ့..."
"အင်း... ကြည့်ရတာတော့ အရသာ အဆင်မပြေသေးတဲ့ ပုံပဲ ငါကပူစပ်စပ် ငရုပ်ရည်တွေ အများကြီး ထည့်လိုက်မိလို့များလား...''
ပုဖန်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ပန်းကန်ကိုမကာ သူ့၏ မီးဖိုချောင်အတွင်းသို့ ပြန်လှည့်ဝင်သွားလေ၏။
ကွမ်းရှောင်ယီ၏ နှာခေါင်းထိပ်ဖျားက ရဲရဲနီနေပြီ နှုတ်ခမ်းများလဲ ဖူးရောင်နေလေသည်။ သူမက ရှူးရှူးရှားရှား ဖြင့် ပုဖန်ကို စိုက်ကြည့်နေလေသည်။ သူမက စိတ်ဆိုး မာန်ဆိုးဖြင့် ရှောင်ရှောင်လုံ၏ ဘေးနား၌ သွားထိုင်နေလိုက်သည်။ နှစ်ယောက်လုံး၏ နှုတ်ခမ်းများက နီရဲဖူးရောင်နေပြီး မျက်ဝန်းတွင်းမှ မျက်ရည်များ စီးကျကာ ပုံစံတူဖြစ်နေလေသည်။
"မင်းတို့နှစ်ယောက် အဲ့မှာ ဘာထိုင်လုပ်နေတာလဲ...ဘယ်လိုဖြစ်လို့ နှုတ်ခမ်းတွေရောင်နေတာလဲ... နီရဲနေတာလဲ... မင်းတို့မီးများ ဝါးစားထားကြတာလား...''
မီးခိုးရောင်ဆံနွယ်များ ရှိသော သွမ့်ယွင်က ဆိုင်ထဲသို့ လှမ်းဝင်လာသည်။ သူက နှုတ်ခမ်းများ နီရဲ၍ မျက်ရည်ဝေနေသော မျက်လုံးများဖြင့်ထိုင်နေသောနှစ်ယောက်ကို တွေ့လိုက်ရသောကြောင့် အနည်းငယ် အံ့သြသွားသည်။
သူပထမဦးဆုံး အကြိမ် ဒီဆိုင်မှဟင်းပွဲများကို မြည်းစမ်းပြီးနောက် လေအလင်းအင်ပါယာမှ ထွက်ခွာမသွားချင်တော့ပဲ နေထိုင်ဖို့သာဆုံးဖြတ်လိုက်သည်။ ဘယ်အချိန်မဆို သူ့အတွက်အားလပ်ချိန်ရှိသည်နှင့် ဒီဆိုင်သို့ရောက်လာကာစားသုံးလေ့ရှိသည်။
ထိုကြောင့်ပင် ရှောင်ရှောင်လုံ၊ ကွမ်းရှောင်ယီတို့ဖြင့် အတော်လေးရင်းနှီးကျွမ်းဝင်နေပေပြီ။
ကွမ်းရှောင်ယီနှင့် ရှောင်ရှောင်လုံက သူ့ကိုစိတ်မပျော်ရွှင်သည့် အကြည့်များဖြင့် စူးစူးရဲရဲကြည့်လိုက်သည်။သူတို့နှစ်ယောက်လဲ မည်ကဲသို့ ပြန်ဖြေရမည်ကိုမသိပေ။
သွမ့်ယွင်က သူတို့၏အမူရာကိုသဘောကျသွားပြီးထပ်၍နေါက်ပြောင်ရန် ပြင်လိုက်စဉ်မှာပင် မီးဖိုချောင်ဘက်ဆီမှ ပုဖန်ထွက်လာသည်ကို တွေ့လိုက်ရသည်။
"မင်းပဲ.... ဒီကိုလာဦး...ငါမင်းကိုကောင်းတာလေးတွေပေးမယ်."
ပုဖန်ကသွမ့်ယွင်ကိုမြင်လိုက်သည့်နှင့် မျက်ခုံးပင့်လိုက်မိသည်။သူလက်ချောင်းလေးများကိုအသာလှုပ်ခတ်ကာ သူဆီလာရန်အချက်ပြလိုက်၏။
သွမ့်ယွင်က ခနမျှကြောင်အသွားသည်။
"သူကငါကိုခေါ်ပြီးဘာလုပ်မို့လဲ...
ရှောင်ရှောင်လုံနှင့်ကွမ်းရှောင်ယီ၏မျက်ဝန်းများက ချက်ချင်းပင်တောက်ပသွားသည်။ သူတို့က သွမ့်ယွင်ခေါက်ဆွဲစားပြီးဖြစ်မည့် အမူရာကိုရယ်မောရန်တေးထားလိုက်သည်။
အချိန်ခဏကြာပြီးနောက်.....
မျက်ရည်အပြည့်နှင့်နှူတ်ခမ်းများဖူးရောင်နေသော လူတစ်ယောက်သူတို့စားပွဲသို့ရောက်လာပေသည်။
မီးဖိုချောင်ထဲတွင် ပုဖန်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောက်ကျုံထားသည်။.နောက်ဆုံးခေါက်ဆွဲပွဲ၌ သူ ငရုတ်ရည်ပမာဏ အနည်းငယ်ကိုသာထည့်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း မည့်သည့်ကြောင့့် သက်ရောက်မှုက တူနေသည်ကိုမသိပေ။
ရုတ်တရက်...ပုဖန်၏ပုခုံးပေါ်၌ အိပ်ပျော်နေသော ပုစွန်ပိစိက သူ၏ ခန္ဓာ ကိုယ်ကိုလှည့်ကာ ပိုပြီး သက်တောင့်သက်သာဖြစ်မည့် အနေထားကိုပြောင်းလိုက်ပြီး ဆက်လက်၍အိပ်ပျော်နေပေသည်။
ပုဖန်က ထိုပိစိကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများက တောက်ပသွားသည်။
ပြသာနာ ၏အရင်းမြစ်က ပါဝင်ပစ္စည်းများထံမှ လာသည်ဟု သူ သံသရရှိသည်။ သို့သော်လည်း ခေါက်ဆွဲလုပ်သည့် ဂျုံမှုန့်ကမဖြစ်နိုင်ပေ။ထို့ကြောင့် ပြသာနာ ကရေအရင်းမြစ်မှာသာရှိပေလိမ်မည်။
သူ စပ်ပြဲလန် ခေါက်ဆွဲတစ်ပွဲထပ်ချက်လိုက်သည်။ယခုအချိန်၌ ခေါက်ဆွဲချက်ပြီးသည့်နှင့်တစ်ပြိုင်နက် သူပုခုံးပေါ်ဉ် အိပ်ပျော်နေဆဲဖြစ်သော ပုစွန်ပိစိကို အိုးထဲသို့ ပစ်ထည့်လိုက်သည်။
အိုးထဲသို့ကျသွားပြီး.. ပုစွန်ပိစိ၏ မျက်ဝန်းများကပြူးကျယ်သွားပြီး အလန့်တကြားခုန်ထလိုက်လေရာ ရေအနည်းငယ် စင်သွားပေသည်။သူ၏ ခန္ဓာ ကိုယ်မှ ရွေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ခေါက်ဆွဲစွပ်ပြုတ်အိုးထဲ၌ အချိန်ဖြင့်လှည့်လည်နေလေသည်။
ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးနှင့်စိတ်ဆက်သွယ်လိုက်ပြီး အိုးထဲမှ ပါဝင်ပစ္စည်း များ၏ပြောင်းလဲမှုကို အာရုံစိုက်လိုက်သည်။
ရွှေရောင်အလင်းတန်းများစိမ့်ဝင်သွားပြီးနောက် စပ်ပြဲလန်ခေါက်ဆွဲ၌ ပြောင်းလဲမှုများဖြစ်ပေါ်လာသည်။ခေါက်ဆွဲနှင့်စွပ်ပြုတ်အရည်က ထိုရွှေရောင်အလင်းတန်းများကြောင့် ပိုရ်ျနူးညံပြီးပြောင်းညွတ်လာပုံရသည်။
ဒါက တကယ်ကိုသက်ရောက်မှုရှိတာပဲ..
ပုဖန်ကစိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်။ဒီတစ်ကြိမ်၌ သူ၏ဟင်းပွဲကပို၍ မှန်ကန်ပြီး စိတ်ကျေနပ်စရာကောင်းသည်ဟု ထင်မိသည်။
သူကခေါက်ဆွဲကို ပန်းကန်ထဲသို့ခပ်ယူလိုက်ပြီး မွှေးရနံများကို နှာခေါင်းရှုံ၍ အနံခံလိုက်သည်။ ယခင်ပွဲများနှင့်ကွဲပြားခြားနားချက်ကို သူချက်ချင်းသတိပြုမိလိုက်သည်။ သူကခေါက်ဆွဲပန်းကန်ကိုသယ်၍မီးဖိုခန်းထဲမှ ထွက်လာလိုက်သည်။
ဆိုင်ပိတ်ချိန်နီးကပ်နေပြီးဖြစ်သောကြောင့် ဆိုင်ထဲ၌တခြား စားသုံးသူများမရှိတော့ပေ။ထို့ကြောင့်ပင် မွှေးရနံများက ရှောင်ရှောင်လုံနှင့်အခြားနှစ်ဦးကိုသာ ဆွဲဆောင်လိုက်လေသည်။
သို့သော်လည်း သူတို့သုံးဦးလုံးက သင်ခန်းစာအကြီးကြီး ရထားပြီးလေပြီဖြစ်သည်။
ထို့ကြောင့်ပင် ထိုစပ်ပြဲလန်ခေါက်ဆွဲကိုစားဖို့ ရန်အရူးထပြီးသဘောတူလိုက်မယ်မဟုတ်ပေ။
ပုဖန်က ခုံတစ်ခုံကိုဆွဲ၍ဝင်ထိုင်လိုက်သည်။စည်းနှောင်ထားခြင်းမရှိသော သူ၏ဆံနွယ်ရှည်များက ပုခုံးထက်၌ဝဲကျနေလေသည်။
သူ ရှောင်ရှောင်လုံကို ကြည့်လိုက်ပြီးလက်ယက်၍ခေါ်လိုက်သည်။
"ရှောင်ရှောင်လုံ လာဦး.... နောက်တစ်ခာလာမြည်းကြည့်လိုက်ဦး..."
ရှောင်ရှောင်လုံ၏မျက်ဝန်းများက ပြူးခနဲဖြစ်သွားသည်။
ပိုင်ရှင်ပုကငါကို အရူးလုပ်ချင်နေတာပဲ...
သူမကျေမနပ်ဖြင့်တွေးတောလိုက်သည်။
ပုဖန်၏အမိန့်ကိုနာခံရမည့်အစား သေဖို့သာပင်ရွေးချယ်လိုက်ပေမည်။သို့သော်...ကွမ်းရှောင်ယီနှင့် သွမ့်ယွင်တို့က သူ့ကို အရှေ့ကို တွန်းပို့လိုက်သောကြောင့် သူစူပုတ်ပုတ်မျက်နှာထားသာ လုပ်ထားနိုင်လေသည်။
...လူကြီးတွေပြောတာကတကယ်မှန်တယ်...မင်းတောင်ငရဲကိုမသွားချင်ရင်ဘယ်သူကသွားမှာလဲ...
ကွမ်းရှောင်ယီနှင့်သွမ့်ယွင်တို့ကတိတ်တဆိတ်တွေးတောလိုက်သည်။
ပုဖန်၏ နှိပ်စက်ကလူပြုမှုကိုခံရသောကြောင့် ရှောင်ရှောင်လုံ၏ စိတ်အခြေနေကအောက်ဆုံးထိထိုးကျနေလေသည်။
ထို့နောက်သူ ခေါက်ဆွဲဟင်းပွဲအသစ်ကိုပါးစပ်အပြည့် ထည့်စားလိုက်လေသည်။
ရှောင်ရှောင်လုံက ခနမျှကြောင်အသွားသည်။သူ ပို၍ ဝါးလေလေ မျက်ဝန်းများက ပိုရ်ျတောက်ပလာလေလေပင် ခောက်ဆွဲ၏ အရသာကမဆိုးလှပေ။ခေါင်းညိတ်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် လက်မထောင်ပြလိုက်သည်။
ထို့နောက်ခေါက်ဆွဲပန်းကန်ကိုဆုပ်ကိုင်လိုက်ပြီး အားပါးတရ စားလေတော့သည်။ တရွတ်ရွတ် အသံကျယ်များနှင့်အတူ ပလုတ်ပလောင်းစားပြီးနောက် ပန်းကန်ကိုမ၍ စွတ်ပြုတ် အရည်ကိုမော့သောက်လိုက်သည်။
ထို့နောက်သူ၏ပါးစပ်ကိုသုတ်လိုက်၏။
...အရသာက အရမ်းရမ်းကိုကောင်းလွန်းတယ်...
ကွမ်းရှောင်ယီနှင့်သွမ့်ယွင်တို့ကသူကို အံအားတသင့်ဖြင့်ကြည့်နေကြသည်။
..ရှောင်ရှောင်လုံက ဒီလိုရဲရင့်တဲ့သူတစ်ယောက်ဖြင့်ပြောင်းလဲသွားတာလား...
"ဘယ်လိုနေလဲ..."
ပုဖန်ကသိချင်စိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။
"အရမ်းကောင်းတယ်...အရမ်းအရသာရှိတယ်..."
ရှောင်ရှောင်လုံကသူ၏ နှူတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ရ်ျ နောက်တစ်ကြိမ်လက်မထောင်၍ပြောလိုက်သည်။
"ငါပြောတာက မင်းရဲ့ ခန္ဓာ ကိုယ်ကိုပြောနေတာ...မင်းရဲ့ ခန္ဓာ ကိုယ်ထဲက အစစ်မှန်စွမ်းအင်တွေက ပြောင်းလဲလာတာမျိုးခံစားရလား...."
ပုဖန်က ရှောင်ရှောင်လုံ ထောင်ထားသည့်လက်မကို ဆွဲဖိချ၍မေးလိုက်သည်။
"အစစ်မှန်စွမ်းအင်..."
ရှောင်ရှောင်လုံက ကြောင်အသွားပြီး သူ့ကိုယ်သူ ချက်ချင်းစစ်ဆေးလိုက်သည်။နောက်ခဏ၌ သူ့မျက်နှာက နီရဲလာပြီး သူ့မျက်ဝန်းများအတွင်း မီးတောက်များတောက်လောင်နေသလိုထင်ရသည်။သူ့အစစ်အမှန်စွမ်းအင်လှိုင်းများကလဲ ပို၍ပြင်းထန်စွာလှုပ်ရှားလာသည်ကို ခံစားမိလိုက်သည်။
ဒါ.....ဒါ....
ရှောင်ရှောင်လုံ ထိတ်လန့်တကြားပင်ခုန်လိုက်မိသည်။သူ့နှုတ်ခမ်းများကလဲ တဆတ်ဆတ်တုန်ရီနေ၏။
အချိန်တိုအတွင်းမှာပင် သူ့အစစ်အမှန်စွမ်းအင်များက သိပ်သည်းလာပြီး ပြန့်ကားလာသည်။သူ့ခန္ဓာကိုယ်က ခွန်အားများနှင့်ပြည့်နှက်လာသည်။
တိုက်ပွဲစွမ်းရည်များက နောက်ဆုံးစည်းအထိတိုးပွားသွားပုံပေါ်သည်။
"အမ်း...ကြည့်ရတာတော့ သက်ရောက်မှုရှိသားပဲ...ဒါဆို ဒီ စပ်ပြဲလန်ခေါက်ဆွဲက အောင်မြင်သွားပြီ.."
ပုဖန်က မေးစေ့ကိုပွတ်၍ ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်အားရနေသည်။
"ဒီ စပ်ပြဲလန် ခေါက်ဆွဲကို စားလိုက်တာနဲ့ စားသုံးသူရဲ့ တိုက်ပွဲစွမ်းရည်ကို တစ်ဆ တိုးစေတယ်...မင်းက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်အားမရဖြစ်နေတာလေ အခုရော.. ဘယ်လိုလဲ..."
ကွမ်းရှောင်ယီနှင့် သွမ့်ယွင်တို့ နီစ်ဦးလုံး မှင်သက်သွားကြသည်။
..ပိုင်ရှင်ပု အခုဘာပြောလိုက်တာလဲ...
..ဟင်းပွဲတစ်ပွဲက ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရေးစွမ်းရည်ကို တစ်ဆတိုးစေမှာလဲ... သက်စောင့်ဆေးမို့လို့လား...
မီးပညာရှင်တစ်ဦးဖြစ်သော သွမ့်ယွင်က ပုဖန်စကားကြောင့် မျက်လုံးကျွတ်ထွက်မတတ်ပင် ပြူးကျယ်သွားသည်။သူသည်လဲ လူတဦး၏ တိုက်ခိုက်ရေးစွမ်းရည်ကို တစ်ဆတိုးလာနိုင်သည့် သက်စောင့်ဆေး ပြုလုပ်ခဲ့ဖူးသည်။ထိုဆေးက အဆင့်ရှစ်သက်စောင့်ဆေး အဆီအနှစ်ပွင့်ထွက်ဆေးလုံးပင်ဖြစ်သည်။
သို့သော်လည်း ထိုဆေးကိုသန့်စင်ရန်အတွက် စိတ်စွမ်းအင်ဆေးများစွာစားသုံးရပြီး အင်အားများစွာ စိုက်ထုတ်ရန်လိုအပ်သည်။ထို့အပြင်က ထိုဆေးက စျေးကြီးရုံသာမက ဘေးထွက်ဆိုးကျိုးလဲရှိသေးသည်။
ယခုမူ ဒီပုဖန်က... ခေါက်ဆွဲတစ်ပွဲက အဆီအနှစ်ပွင့်ထွက် သက်စောင့်ဆေးနှင် အကျိုးအာနိသင် တူသည်ဟု ပြောနေပေသည်။
...မင်းက ငါတို့ကို ဟာသလာပြောနေတာလား...
သို့သော်လည်း...
အချိန်ခဏတွင်းမှာပင် သွမ့်ယွင်၏ အမူအရာက လုံးဝပြောင်းလဲသွားသည်။ရှောင်ရှောင်လုံ၏ ခန္ဓာကိုယ်အခြေနေက သက်စောင့်ဆေးစားသည့်သူ၏အခြေနေနှင့်တူနေသည်ကို သူ သတိပြုမိလိုက်သည်။
...ဒီခေါက်ဆွဲက တကယ်ပဲ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြှင့်ပေးနိုတဲ့အစွမ်းရှိနေတာလား...
...ရှူ.း.....
သွမ့်ယွင်က ယောင်ယမ်းနေသောနှုတ်ခမ်းများဖြင့် လေအေးများ စုပ်သွင်းလိုက်မိသည်။ အံအားသင့်စရာဟင်းပွဲကြောင့် သူထိတ်လန့်သွားမိလေသည်။
...ပိုင်ရှင်ပုက သူတို့လို မီးပညာရှင်တွေရဲ့ အလုပ်ကို ခိုးယူပြီး သူတို့ကို ငတ်ပြတ်သေအောင် လုပ်ချင်နေတာလား...