အပိုင်း ၄၀၅
Viewers 53k

အခန်း ၄၀၅

ကောင်းကင်ဘုံအမွေခံ ရောက်ရှိလာခြင်း...


အဂ္ဂိရတ်ဂိုဏ်း ၏ တပည့်တစ်ယောက်ဖြစ်သောသွမ့်ယွင်က အင်ပါယာမြို့တွင် အေးအေးသာသာဖြင့် အချိန်ဖြုန်းနေခြင်းမဟုတ်ပေ။


ဆိုင်ဖွင့်၍ သက်စောင့်ဆေးများရောင်းချရန်အတွက် နေရာရှာနေခြင်းပင်ဖြစ်သည်။ငရဲမီးတောက်ကို ပိုင်ဆိုင်ထားသော အဂ္ဂိရတ်ပညာရှင် တစ်ဦးအနေဖြင့် သူ၏ပါရမီက ဂိုဏ်းသားများအားလုံးထဲတွင် အကောင်းဆုံးဟုဆိုနိုင်ပေသည်။


သူဆိုင်တစ်ဆိုင်ဖွင့်ရခြင်း၏.ရည်ရွယ်ချက်မှာ သလင်းကျောက်များ များ များရရှိရန်ဖြစ်သည်။ 


အဂ္ဂိရတ်ပညာရှင်တို့၏ အလုပ်ကပိုက်ဆံကိုမီးရှိူ့ ခြင်းပင်ဖြစ်သည်။ထို့ကြောင့်သူတွင် သလင်းကျောက်များများစားစားမရှိတော့ပေ။


နာမည်ပျက်စားသောက်ဆိုင်လေး၌ ရှိသောဟင်းပွဲများ၏ စျေးနှုန်းကအလွန်လွန်ကိုစျေးကြီးလှသည်။ သူ့၌ သလင်းကျောက် များအလုံအလောက်မရှိလျှင် ထိုနေရာ၌သွား၍ စားသောက်နိုင်လိုက်မည်မဟုတ်ပေ။ ထိုအချက်က သူဆိုင်ဖွင့်ချင်ရခြင်း၏ အဓိကအကြောင်းပြချက်လဲဖြစ်သည်။


သူအစားစာတွက် လုံလုံလောက်လောက် သလင်းကျောက်များရရှိရန် ဆိုင်တစ်ဆိုင်ဖွင့်ရန်လိုအပ်ပေသည်။ သူက ကမ္ဘာကြီးပေါ်၌လူများကိုပင် ဖိအားပေးနိုင်သော စိတ်မသက်မသာ ဖြစ်စေနိုင်သော အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သည်။

သို့သော်လည်းယခုတွင်မူ သူထက်ကြောက်စရာကောင်းသော အရာတစ်ခုကိုသူမျက်မြင်ကြုံတွေ့လိုက်ရပေသည်။


ထိုအရာက သူ၏ စားဝတ်နေရေးလမ်းကြောင်းကို လာရောက်လုယူသွားနိုင်ပေသည်။ 


....ပိုင်ရှင်ပုက သက်စောင့်ဆေးတွေနဲ့ အာနိသင်ခြင်းတူတဲ့ ဟင်းပွဲကို ချက်ပြုတ်နိုင်တယ်...သူက ငါတို့ရဲ့ စီးပွားရေးကို လုချင်နေတာမဟုတ်ဘူးလား...


သွမ့်ယွင်က အကျေမနပ်ဖြစ်ကာဖြင့်စိတ်ထဲမှ ငိုကြွေးမြည်တမ်းနေပေသည်။ သူအသက်ပင်ဖြောင့်ဖြောင့် မရှူနိုင်တော့ပေ။


ရှောင်ရှောင်လုံက စပ်ပြဲလန်ခေါက်ဆွဲတစ်ပွဲစားပြီးနောက် သူ့ ခန္ဓာ ကိုယ်ထဲ၌ စွမ်းအင်များ ပြည့်ဝလာသလိုခံစားနေရသည်။ သူခြေထောက် တစ်ချက်စောင့်လိုက်ရုံဖြစ်ပင် မြေပြင်ကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်နိုင်သည်ဟု ခံစားနေမိသည်။


မှန်ပေသည်။ထိုအရာများက သူ၏ စိတ်ခံစားချက်သက်သက်သာဖြစ်သည်။သူ၏ ခန္ဓာ ကိုယ်ထဲမှ စွမ်းအင်များက တိုးတက်လာသော်လည်း ခြေကန်ချက်တစ်ချက်ဖြင့် မြေပြင်ကို အစိတ်စိတ်အမွှာမွှာ ခွဲနိုင်စွမ်းတော့မရှိသေးပေ။


ရှောင်ရှောင်လုံ၏ စွမ်းအင်အဆင့်က အဆင့်၄ ဝိညာဉ်တည် အဆင့်မျှသာရှိသေးသည်။ သူစပ်ပြဲလန်ခေါက်ဆွဲစားပြီးနောက် စွမ်းအင်များ တစ်ဆတိုးတက်လာသည်ဆိုလျှင်ပင် သာမန် ဘုရင်အဆင့်သို့ရောက်ခါနီးပင်ဖြစ်သည်။သို့သော်လည်း ထိုရလဒ်ကပင် အံသြသင့်စရာကောင်းနေပေသည်။


ပုဖန်က ခေါင်းညိတ်လိုက်သည်။

သူက စပ်ပြဲလန် ခေါက်ဆွဲ၏အကျိုးသက်ရောက်မှုကို အလွန်ကျေနပ်အားရနေမိသည်။သူ၏ အကျိုးသက်ရောက်မှုက တကယ်ကို ထူးကဲလှပေသည်။သူသာ ထိုခေါက်ဆွဲကိုစားလိုက်လျှင် သူ၏ တိုက်ခိုက်မှုစွမ်းရည် မည်သည့်အဆင့်ထိတက်လာနိုင်ကြောင်းကို စဉ်းစားနေမိသည်။


အခု သူ၏အဆင့်က အဆင့်၈ စစ်နတ်ဘုရားဖြစ်သည်။သူက ထိုစပ်ပြဲလန်ခေါက်ဆွဲကိုစားလိုက်ပါက တန်ခိုးရှင်များနှင့်ပင် ယှဉ်ပြိုင်လာနိုင်ပေလိမ့်မည်။


လက်ရှိအချိန်၌ ရှောင်ရှောင်လုံ၏ စိတ်ဝိညာဉ်စွမ်းအားများက မတည်မငြိမ်ဖြစ်နေသည်။သူက ချက်ပြုတ်ခြင်းပညာများကို ဆက်လက် မလေ့ကျင့်နိုင်တော့ပေ။ထို့ကြောင့်ပင် ပုဖန်ကသူကို အရင်ဆုံး အိမ်ပြန်ခိုင်း လိုက်၏။


မကြာခင်အချိန်မှာပင် ဆိုင်ပိတ်ချိန်လဲရောက်တော့မည်ဖြစ်သည်။


စိတ်ဓာတ်ကျနေသော သွမ့်ယွင်က သူကိုယ်သူ အနိုင်နိုင်သယ်၍ ဆိုင်ထဲမှ ထွက်ခွာသွားပေသည်။


တစ်စုံတစ်ရာတွေးတောနေသော ကွမ်းရှောင်ယီ၏ မျက်လုံးဝိုင်းလေးများကလဲ တဖြတ်ဖြတ်လက်နေသည်။


...ဒီဟင်းပွဲ အသစ် စပ်ပြဲလန်ခေါက်ဆွဲရဲ့ သက်ရောက်မှုတွေက တကယ်ကိုထူးခြားတယ်...တကယ်လို့ ဒီဟင်းပွဲက ပိုင်ရှင်ပု ပြောသလိုသာအကျိုးသက်ရောက်မှုတွေရှိနေမည်ဆိုလျှင် မကြာခင်မှာပင် သက်စောင့်ဆေးတွေထက် နာမည်ကြီးလာလိမ့်မယ်...


...............


"တောင်စဉ်တစ်ထောင်တောင်တန်း ကြည်လင်ကောင်းကင် ဘုရားကျောင်း"


လူတစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်၍ အေးဆေးစွာဖြင့်လျှောက်လှမ်းလာနေသည်။ သူက အဝေး၌ ရှိသော ကြည်လင်ကောင်းကင် ဘုရားကျောင်းမျှော်စင်ကို ကြည့်၍ မထီမဲ့မြင် ဟန်ပြုံးလိုက်သည်။


"ဒီလေ့ကျင့်ရေးကွင်းပြင်ထဲမှာရှိနေတဲ့ ဂိုဏ်းက သနားစရာကောင်းလောက်ကို အားနဲနေတာပဲ... သူတို့ဆီမှာ အထွဋ်ထိပ်အတားဆီးတွေကျော်ဖြတ်နိုင်ပြီး မသေမျိုး ခန္ဓာ အဆင့်ရောက်လာသူ တစ်ယောက်လေးတောင်မရှိသေးဘူး...ကျွတ်....ကျွတ်..."


ထိုသူက သရော်ဟန်အပြည့်ဖြစ်ပြောလိုက်သည်။သူမျက်ဝန်းထဲ၌ အထင်မြင်သေးခြင်းများ ပြည့်နှက်နေသည်။


သူက ရှေးကျလှသော လေ့ကျင့်ရေးကွင်းပြင်ကို အထင်သေးလှပေသည်။လက်နှစ်ဖက်ကို နောက်ပစ်ပြီး အကြောက်အရွံကင်းမဲ့စွာဖြင့်ပင် ကြည်လင်ကောင်းကင် ဘုရားကျောင်းဆီသို့လျှောက်သွားလိုက်သည်။ 


"ဘယ်သူလဲ....."


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှတပည့်တစ်ယောက်က သူ၏ လက်နက်ကိုဝှေ့ယမ်းလိုက်ပြီး လျန်ခိုင်၏ လမ်းကြောင်းကို ပိတ်ကာလိုက်သည်။


တောင်ပိုင်းဒေသ၏ ထိပ်တန်းဂိုဏ်းကြီးတစ်ခုအနေဖြင့် သူတို့၏ အင်အားက ခိုင်မာလှပေသည်။ ဂိတ်ဝကို စောင့်ကျပ်နေသော တပည့်မျါးကပင် အဆင့်၅ ဘုရင်အဆင့်များဖြစ်သည်။


သို့သော်လည်း ထိုအဆင့်က လျန်ခိုင်တွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။သူက သရော်ဟန်ပြုံးလိုက်ပြီးနောက် လက်ကို ဆန့်ထုတ်၍ လက်ချောင်းလေးကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်။


အစောင့်တပည့်များထံသို့ လေပြင်းတစ်ချက်တိုက်ခိုက်သွားသည်။ ထိုလေပြင်းက မြှားဖြင့်ပစ်လိုက်သလိုပင် အစောင့်များ၏ ခေါင်းကိုဖောက်ဝင်သွားသည်။ ခဏချင်းမှာပင် မြေပြင်ပေါ်၌ သွေးများပြည့်နှက်သွားပေသည်။


"ပုရွတ်ဆိတ်လိုလူတွေက ဒီသခင်လေးကိုလာအော်ရဲတယ်ပေါ့ ဘယ်လောက်တောင် အဆင်ချေ မဲ့လိုက်လဲ..."


လျန်ခိုင်၏ အမူအရာက အနည်းမျှပင် ပြောင်းလဲမှု မရှိပဲ အလောင်းများကိုဖြတ်ကျော်၍ ကြည်လင်ကောင်းကင် ဘုရားကျောင်း ဆီသို့ဆက်လျှောက်သွားလိုက်သည်။ အချက်ပေးသံကြောင့် ကြည်လင်ကောင်းကင် ဘုရားကျောင်း၌ရှိနေသော ကျွမ်းကျင်ပညာရှင်များက ပြေးထွက်လာလိုက်သည်။


သူတို့၏ မျက်နှာများက တင်းမာခက်ထန်နေပြီး လျန်ခိုင်ကို ရင်ဆိုင်ကြည့်လိုက်ကြသည်။ တန်ခိုးရှင် အဆင့်ပညာရှင်ပင်လျှင် ဘုရား ကျောင်းထဲမှ ပျံသန်းထွက်လာသည်။


သူကလေထဲ၌ ရှိနေစဉ်မှာပင် လျှပ်စီးတန်းကဲသို့သော် စူးရှလှသည့် အကြည့်များဖြင့်လျန်ခိုင်ကို စူးစူးရဲရဲကြည့်နေသည်။

သူ၏မျက်နှာအမူရာကလဲ အေးစက်နေပေသည်။ 


လျန်ခိုင်ကခေါင်းမော့၍ ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ အဆင့်မြင့်ပညာရှင် တန်ခိုးရှင်အဆင့်ကို သရော်ဟန်ကြည့်လိုက်သည်။တန်ခိုးရှင်တစ်ယောက်က သူ၏ အရှေ့၌ ပုရွတ်ဆိတ်တစ်ကောင်းမျှသာဖြစ်လေသည်။


ဘန်း....


လျန်ခိုင်၏.အကြည့်ဖြင့်ပင် လေထဲမှ တန်ခိုးရှင်အဆင့်က ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကိုခံစားလိုက်ရသည်။

ဖိအားက ကမ္ဘာမြေဆီမှလာသော ဖိအားနဲ့ တူညီလှသည်။ထိုတန်ခိုးရှင်၏အမူအရာက လုံးဝပြောင်းလဲသွားသည်။ ထိုကမ္ဘာမြေ ဖိအားက သူတိုကိုမြေပြင်ပေါ်သို့ ဖိချနေသလိုခံစားလိုက်ရသည်။


သူတို့၏ ခန္ဓာ ကိုယ်ပေါ်သို့ တောင်ကြီးတစ်လုံးပိကျလာကဲသို့ပင် ခံစား နေရသည်။ လျန်ခိုင်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ တန်ခိုးရှင် ပညာရှင် အနားသို့ရောက်လာပေသည်။လက်ချောင်းတစ်ချောင်းကိုဆန့်ထုတ်လိုက်ပြီး ထိုတန်ခိုးရှင်ပညာရှင် ၏ နဖူးကိုရိုက်လိုက်သည်။


ကျယ်လောင်သော အသံတစ်ခုလေထုထဲ ပဲ့တင်ထပ်မြည်ဟီးလာသည်။ တန်ခိုးရှင်၏ မျက်ဝန်းများက ပြူးကျယ် နေပြီး သူ၏ခေါင်းအနောက်ဘက်မှ သွေးများ ဒလဟော စီးကျလာသည်။ သူက ချက်ခြင်းပင်သေဆုံးသွားပြီး မြေပြင်ပေါ်သို့ လဲပြိုကျသွားလေ၏။


ကြည်လင်ကောင်းကင် ဘုရားကျောင်းမှ ပညာရှင်များ၏ အမူအရာကပြောင်းလဲသွားသည်။


သူတို့၏ မျက်နှာ၌ကြောက်ရွံမှူများသာထင်ဟပ်နေသည်။ အလွန်အမင်းကြောက်ရွံနေသောကြောင့် အသံပင်မထွက်နိုင်ကြတော့ပေ။


ကြည်လင်ကောင်းကင် ဘုရားကျောင်းကို တိုက်ခိုက်လာသောသူက တန်ခိုးရှင်အဆင့် အထွဋ်ထိပ်အတားဆီးများကို ဖြတ်ကျော်ပြီးသည့် မသေမျိုး ခန္ဓာ ပညာရှင်အဆင်ပြင်ဖြစ်ပေလိမ့်မည်။


ဒါက ကမ္ဘာမြေကြီးရဲ့ စွမ်းအားများကို ထိန်းချုပ်နိုင်သည့် တည်ရှိမှုမျိုးဖြစ်သည်။ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ ကျွမ်းကျင်ပညာရှင်များ စုပေါင်းလိုက်လျှင်ပင် ထိုသူကို အနိုင်ယူနိုင်မည့် အခွင့်ရေးမရှိပေ။ထိုသို့သော်သူမျိုးနှင့် ရင်ဆိုင်ရသောအခါ၌ သူတို့အားလုံးက လက်လျော့အရှူံးပေးဖို့သာ တတ်နိုင်သည်။ 


လျန်ခိုင်က သူ၏စွမ်းအားများကိုထုတ်ဖော်ပြီး ကြည်လင်ကောင်းကင်ဘုရားကျောင်းမှ သူများကို ဖိအားပေးလိုက်ရခြင်းတွက် ရှက်ရွံမှုတစ်စုံတရာပင်မဖြစ်ပေ။


ပြင်းထန်လှသော ဖိအားများကြောင့် ထိုသူများက အသက်ပင်ရဲရဲ မရှူရဲုကြချေ။


.....................


သုံးရက်မျှကြာပြီးနောက်... လူတစ်ယောက်က အနောက်မြောက်ပိုင်းလွင်ပြင်မှထွက်လာပြီး တောင်စဉ်တစ်ထောင် တောင်တန်းအတွင်းသို့ဝင်ရောက်လာကာ ကြည်လင်ကောင်းကင်ဘုရားကျောင်းဆီသို့ဦးတည်လိုက်သည်။


တကယ်တမ်းတွင် ပေကုန်းမင်က ဒီနေရာသို့လာရန် ဆန္ဒ မရှိပေ။သို့သော်လည်း လျန်ခိုင်က မဟာဂိုဏ်း၏ ကောင်းကင်ဘုံအမွေခံ ၁၀ပါးထဲမှ တစ်ယောက်ဖြစ်သည်။

သူ့လိုအတွင်းစည်းတပည့်လေးတစ်ယောက်က လျန်ခိုင်၏ အမိန့်ကိုမဆန့်ကျင်ရဲပေ။


ကောင်းကင်းဘုံအမွေခံဟု ပြောရခြင်းမှာလဲ ထိုသူများက ကြောက်စရာကောင်းလှသော ပါရမီကိုပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။


သူတို့၏ အရည်ချင်းများနှင့်ပါရမီကြောင့် သူတို့အားလုံးက ဂိုဏ်းအတွက် ကြီးမြတ်လှသော အဖိုးတန်ကလေးများပင်ဖြစ်သည်။


ထို့ကြောင့်ပင် သူတို့အားလုံးက သာမန်တပည့်လေးများ ထက်ကျော်လွန်ပြီး ဂိုဏ်း၏အခွင့်အာဏကို ပိုင်ဆိုင်ထားကြလေသည်။


ပေကုန်းမင်က လျန်ခိုင်အပေါ်တွင် ကြီးစွာသော မနာလိုမှု များ နှင့် သဘောထား မတူညီမှုများစွာ.ရှိသည်။ ကောင်းကင်ဘုံအမွေခံ တစ်ယောက်ခြင်းစီတိုင်းက မြောက်မြားလှစွာသော ပါရမီရှင်များကို နင်းတက်၍ လက်ရှိ မြင့်မားသောကျင့်ကြံဆင့်သို့ရောက်ရှိနေကြခြင်းဖြစ်သည်။


သူတို့ထဲက တစ်ယောက်ဖြစ်သော လျန်ခိုင်ကလဲ သိသိသာသာပင် ပေကုန်းမင်ကို နင်းတက်ခဲ့ဖူး သည်။လျန်ခိုင် အတိတ်တစ်ချိန်က သူ့ကို မည်သို့အရှက်ခွဲခဲ့သည်ကို သူရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။


လျန်ခိုင်က လေ့ကျင့်ရေးကွင်းပြင်သို့လာရောက်လိမ့်မည်ဟုလဲ သူလုံးဝမမျှော်လင့်ထခဲ့ပေ။


....လျန်ခိုင်သာ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ရရှိသွားမယ်ဆိုရင် သူရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်အခြေနေကိုများ ရောက်သွားလိမ့်မလဲ...


.............


အင်ပါယာမြို့တော်သို့ ပြန်ရောက်လာပြီးနောက် ပုဖန်က သူ၏ပုံမှန်ဘဝအခြေနေကို ပြန်ရောက်သွားပြီဖြစ်သည်။


သူ၏တစ်နေ့တာကို စိုးရိမ်ကြောင့်ကြမှူများ မရှိပဲ သက်တောင်သက်သာဖြတ်ကျော်နေသည်။


သူက မနက်စောစောအိပ်ရာမှထပြီး.. သူ၏ဖြတ်တောက်ခြင်းနည်းပညာနှင့် အသားလွှာထွင်းထုတ်ခြင်းနည်းပညာများကို ပုံမှန်လေ့ကျင့်သည်။


ထို့နောက် အချိန်တစ်ချို့ယူပြီး ဟင်းပွဲများကို လေ့ကျင့်ချက်ပြုတ်သည်။ အမြဲတစေအိပ်ပျော်နေသော ဘလက်ကီအတွက်လဲ နဂါးနံရိုးချိုချဉ်ကြော်ကို ချက်ပြုတ်ပေးလေ့ရှိသည်။


သူ၏ မနက်ပိုင်းလုပ်ငန်းဆောင်တာများ ပြီးစီးသွားသည့်နှက် တစ်ပြိုင်နက် ဆိုင်ပောက်ဝမှ ထိုင်ခုံပေါ်တွင်ထိုင်ပြီး သက်တောင့်သက်သာဖြင့် နေပူစာလှုံနေလေ့ရှိသည်။


သူစိတ်ပါလက်ပါရှိသည် အချိန်၌ မီးဖိုချောင်ထဲသို့ဝင်၍ ဟင်းပွဲတစ်ချို့ကို ချက်ပြုတ်ပေးလိမ့်မည်။


သို့သော်သူပျင်းရိသည့်အခါတွင်လည်း မျက်လုံးများ မှိတ်၍ အိပ်ငိုက်နေပေလိမ့်မည်။


.....


စပ်ပြဲလန်ခေါက်ဆွဲ၏ သတင်းက မြို့တော်အတွင်းသို့ လျှင်မြန်စွာပင်ပျံ့နှံသွားသည်။ထိုသတင်းကိုရရှိလိုက်သူ သူများက စိတ်လှုပ်ရှားကြသော်လည်း ဂျိချန်းရွဲ့ ထက်တော့ မည်သူမှ ပိုနိုင်လိမ့်မည်မဟုတ်ပေ။


လေအလင်းအင်ပါယာ၏ စစ်တပ်အင်အားက အလွန်အားနည်းသောကြောင့်သူအမြဲတမ်းစိုးရိမ်နေခဲ့ရသည်။ ယခု စပ်ပြဲလန်ခေါက်ဆွဲဖြင့် ထိုပြဿာနာများကိုဖြေရှင်းနိုင်ပေမည်။


ဂျိချန်းရွဲ့က ဖန်ဖန်ဆိုင်ငယ်လေးဆီသို့သွားသောအခါ၌ ပါဆယ်ယူ၍အကြောင်းသိလိုက်ရသည်။ ထိုအချင်းအရာကြောင့်သူအလွန်ပျော်ရွှင်သွားမိသည်။


သူခေါင်းထဲ၌ ထိုစပ်ပြဲလန်ခေါက်ဆွဲ အသုံးပြု၍ လုပ်နိုင်သည့်ကိစ္စများကိုတွေးတောနေမိသည်။သူသာ စပ်ပြဲလန်ခေါက်ဆွဲအများကြီးကိုဝယ်ပြီး သိမ်းထားနိုင်မည် ဆိုလျှင် တိုက်ပွဲအတွင်းခက်ခဲနေသောအချိန်၌ ထိုခေါက်ဆွဲများကိုအသုံးပြုနိုင်ပေလိမ့်မည်။


တိုက်ပွဲဖြစ်လာသည့်အချိန်၌ စပ်ပြဲလန်ခေါက်ဆွဲကို အသုံးပြုပြီး သန်မာသည့်တပ်တစ်တပ်ကိုဖွဲ့စည်းနိုင်ပေလိမ့်မည်။

တိုက်နေစဉ်အတွင်းခေါက်ဆွဲစားနေရခြင်းက အနည်းငယ် ထူးဆန်းနေသော်လဲ ထိုခေါက်ဆွဲက စွမ်းအင်ကို မြင့်တင်ပေးနေသ၍ မည်သူမျှ ထိုအချက်ကို ဂရုစိုက်လိုက်မည်မဟုတ်ချေ။


သက်စောင့်ဆေးများက တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြင့်ပေးသည်ဆိုသော်လည်း စပ်ပြဲလန်ခေါက်ဆွဲနှင့်နှိုင်းယှဉ်လိုက်ပါက တော်တော်ကြီး ကိုဆိုးရွားနေပေသည်။


သက်စောင့်ဆေးများက ရှာဖွေခက်သည့်အကြောင်းကို ထည့်မပြောသေးလျှင်ပင်.. ထိုဆေးများက အလွန်စျေးကြီးပြီး ဘေးထွက်ဆိုးကျိုးများလဲရှိနေပေသေးသည်။

သူအားလုံးကို ချင့်ချိန်စဉ်းစားကြည့်ပြီးနောက် အဆီအနှစ်အပွင့်တွက် သက်စောင့်ဆေးများနှင့်နှိုင်းယှဉ်လျှင် စပ်ပြဲလန်ခေါက်ဆွဲကသာ ပို၍ကောင်းမွန်သည်ဟုထင်မှတ်မိသည်။


ယခုလက်ရှိအချိန်၌ သွမ့်ယွင်ကလည်း အလွန်အမင်းစိတ်ဓာတ်ကျနေပေသည်။

အဆင့်၈ အဆီအနှစ် ပွင့်တွက်ဆေးလုံးက သူဆိုင်၏ အရေးကြီးဆုံး ထုတ်ကုန်တစ်ခုဖြစ်သည်။


သို့သော်လည်းယခု ပုဖန်က စပ်ပြဲလန်ခေါက်ဆွဲကိုကြော်ငြာလိုက်လေရာ သူဆေးလုံးက တန်ဖိုးမဲ့သွားလေသည်။သွမ့်ယွင်က ယခုအချိန်၌ သက်စောင့်ဆေးအသစ်ကိုစတင်တီထွင်ရမယ်ဖြစ်ကြောင်းနားလည်လိုက်ပေသည်။


......


ဝူလန်တောင်တန်း အာကာသ အာနမ်ဂိုဏ်း 


ခပ်နွမ်းနွမ်း အဝတ်အစားများကို ဝတ်ဆင်ထားသည့် အဆင့်မြင့် အကြီးကဲက ဟောင်းနွမ်းအိုမင်းနေသော ထပ်ခိုးလေး၌ ခြေထောက်ချိတ်ပြီးထိုင်နေလေသည်။ထပ်ခိုးတံခါးက ဖြေးညင်းစွာပွင့်သွားပြီး အမျိုးသမီးတစ်ယောက်လျှောက်ဝင်လာ၏။


နီယန်က ရှုပ်ထွေးသည့်အမူရာဖြင့် အဆင့်မြင့်အကြီးအကဲကိုကြည့်လိုက်သည်။

သူမက အဆင့်မြင့်အကြီးအကဲခေါ်သည့်အကြောင်းကိုသိချင်နေပေသည်။


"ကလေးမ... ဒီကျောက်စိမ်းပြားကိုယူလိုက်...မင်းရဲ ပါရမီက ထူးခြားလွန်းတယ်....

မင်း....ကျယ်ပြောတဲ့ ကမ္ဘာလောက ကိုခြေချနိုင်လိမ့်မည်ဟုငါမျှော်လင့်တယ်..."


"ပြင်ပကမ္ဘာလောကကြီးထဲမှာ ပိုပြီးသန်မာတဲ့သူနဲ့တွေ့ဖို့လဲ ငါမျှော်လင့်တယ်...ဒီကျောက်စိမ်းပြားက သော့တစ်ခုပဲ ...ဒီကျောက်စိမ်းပြားနဲ့ အာကာသအာနမ်ဂိုဏ်းရဲ့ လျို့ဝှက်နေရာမှာရှိတဲ့ ရွေ့ပြောင်းမှော်အစီရင်ကို ဖွင့်နိုင်လိမ့်မယ်"


 အဆင့်မြင့်အကြီးအကဲကပြောလိုက်သည်။


အဆင့်မြင့်အကြီးအကဲ၏ စကားကြောင့် နီယန်က အနည်းငယ်ကြောင်အသွားသည်။


...ဒါက ရွေ့ပြောင်းမှော်အစီရင်ရဲ့သော့လား ...အဲ့ဒီအစီရင်က ငါ့ကို ဘယ်ကိုခေါ်သွားနိုင်တာလဲ...

နီယန်က ဇဝေဇဝါ ဖြစ်သွားပေသည်။ 


အဆင့်မြင့်အကြီးအကဲက ခေါင်းအသာခါယမ်း၍ သက်ပြင်းတစ်ချက်ချလိုက်သည်။


"မင်းက မင်းမိဘတွေ ဘယ်နေရာကို သွားတယ်ဆိုတာကို သိချင်နေလိမ့်မယ်လို့ ငါထင်တယ်... တကယ်တမ်းပြောရရင် သူတို့တွေမသေသေးဘူး...သူတို့က ဒီသော့ကိုယူပြီးရွေ့ပြောင်းမှော်အစီရင်ထဲကိုဝင်ရောက်သွားခဲ့တယ်... အဲဒီအစီရင်က ဒီနေရာထက်ကြီးတဲ့ ကမ္ဘာတစ်ခုကို ပို့ဆောင်ပေးခဲ့တယ်...


နီယန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ သူမ၏မိဘများအကြောင်းကို ပထဆုံးကြားဖူးခြင်းသာဖြစ်သည်။ သူမကသူတို့ တွေသေသွားပြီဟုသာ အမြဲတမ်းတွေးထင်ခဲ့တာဖြစ်သည်။သူတို့ ရွေ့ပြောင်းအစီရင်ထဲသို့ဝင်ရောက်သွားပြီး တောင်ပိုင်းဒေသမှ ထွက်ခွာသွားခြင်းဖြစ်မည် ဟုလုံးဝမမျှော်လင့်ထားပေ။


နီယန်က ရွေ့ပြောင်းမှော် အစီရင်နဲ့ သူမ၏မိဘများအကြောင်းကိုကြားပြီးနောက် သူမအလွန်အံအားသင့်နေပေသည်။ သူမ၏ နှလုံးသားထဲ၌လဲ ခံစားချက်များပြည့်နှက်လေသည်။


"ငါတို့ အာကာသအာနမ်ဂိုဏ်းက တောင်းပိုင်းဒေသကြီးအတွင်းမှာ ဖုံးကွယ် နေတဲ့ ဂိုဏ်းသေးသေးလေးတစ်ခုပဲ... ငါတို့က တစ်ကယ့် အာကာသအာနမ်ဂိုဏ်းကြီးရဲ့ သေးငယ်တဲ့ ဂိုဏ်းခွဲလေးတစ်ခုပဲ...

ငါတို့ရဲ့ အဓိကဂိုဏ်းကြီးက ပိုပြီးကြီးမားတဲ့ ကမ္ဘာကြီးထဲမှာတည်ရှိတယ်...မင်းဒီနေရာနေထွက်သွားတဲ့အခါကျရင်တော့ အားလုံးကို အလိုအလျောက်နားလည်လာပါလိမ့်မယ်..."


"မင်းက မင်းရဲ့မိဘတွေထက် ပိုပြီးပါရမီထူးတယ်...အဲဒါကြောင့် ဒီတောင်းပိုင်းဒေသထဲမှာပဲ ကုန်ဆုံးသွားတာမျိုး မဖြစ်စေချင်ဘူး.."


"သွား....ဒီရွေ့ပြောင်းအစီအရင်က နောက်၃ရက်ကြာရင် ပွင့်လာလိုက်မယ်...အခုပြန်ပြီးသွားပြင်ဆင် တော့... "


နီယန်က စိတ်မပါလက်မပါနှင့်ပင် ပြန်လည်ထွက်ခွာသွားသည်။အဆင့်မြင့် အကြီးအကဲပြောလိုက်သည့်အကြောင်းအရာများကြောင့် သူမ ကြောင်အအဖြစ်နေလေသည်။


ရုတ်တရက် သူမ၏ ခန္ဓာ ကိုယ်ကတုန်ရင်သွားသည်။ သူမက အဆင့်မြင့်အကြီးအကဲပြောလိုက်သော အကြောင်းအရာများကို သတိပြုမိသွားသည်။ရွေ့ပြောင်းအစီရင်ထဲသို့ ခြေချလိုက်သည့်နှက်တပြိုင်နက် ဒီနေရာသို့ ဘယ်တော့မှ ပြန်လာနိုင်တော့မည်မဟုတ်ပေ။သူမနှင့်ရင်းနှီးချစ်ခင်သူများကို ဘယ်တော့မှ ပြန်လည်တွေ့ရတော့မည်မဟုတ်ပေ။သူတို့ကိုထာဝရနှုတ်ဆက်ခွဲခွာရပေတော့မည်။ 


နီယန်က အချိန်ခဏမျှတိတ်ဆိတ်ငြိမ်သက်သွားမိသည်။ သူမစိတ်မပါပဲနဲ့ တွန့်ဆုတ်နေမိခဲ့သည်။ 


သူမတောင်ပိုင်းဒေသမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ပိုင်ရှင်ပု၏ ဟင်းပွဲများကို နောက်တစ်ခေါက် ထပ်၍မြည်းစမ်းနိုင်တော့မည်မဟုတ်ပေ။


ပိုင်ရှင်ပုဆိုင်မှ စားစရာများကို နောက်တစ်ခေါက်ထပ်မစားနိုင်တော့ဘူးဟု တွေးလိုက်မိရုံနဲ့ပင် ဝမ်းနည်းကြေကွဲမှုကိုခံစားလိုက်ရသည်။ အကောင်းကြိုက်သူများအတွက် ကောင်းမွန်သော အရသာရှိသည့် အစားစာများ မစားရခြင်းထက် ဆိုးသည့်အကြောင်းအရာများ မရှိတော့ပေ။


အထူးသဖြင့် တစ်နေရာရာ၌ အစားကောင်းများရှိသည်ကို သိသိနှင့်မသွားနိုင်သည့်အခါမျိုးတွင် ဖြစ်သည်။ ထိုခံစားချက်က အလွန်ကို နှိပ်စက်ညှင်းပန်း လွန်းလှသည်။


 သူမအချိန်တစ်ချို့ ချန်၍ပိုင်ရှင်ပု၏ဆိုင်သို့သွားသင့်သည်။ သူမစိတ်ထဲ၌ရှိနေသော နှစ်သက်မိသည့်အစားစာများကို သွား၍ စားသုံးသင့်ပေသည်။တစ်ချိန်ထဲမှာပင် ပိုင်ရှင်ပုကိုလည်းနှုတ်ဆက်ရပေမည်။


.........


ပထမေန့၌

ရေခဲသံမဏိ စစ် သဘော်ကြီးကအနောက်မြောက်ပိုင်းလွင်ပြင်မှနေ၍ တောင်စဉ်တစ်ထောင် တောင်တန်းထဲသို့ ဝင်ရောက်လာခဲ့သည်။


ဒုတိယနေ့၌

ထိုစစ်သဘော်ကြီးက မြောက်မြားလှစွာသောသစ်ပင် များကိုချိုးဖျက်၍ လမ်းကြောင်းထွင်းပြီး တောင်စဉ်တစ်ထောင် တောင်တန်းမှ ပြန်လည်၍ထွက်ခွာသွားသည်။


လျန်ခိုင်က စစ်သဘော်ဦးပိုင်း၌ လက်နှစ်ဖက်ကို နောက်ပစ်၍ရပ်နေသည်။


"တောင်ပိုင်းဒေသအတွင်းက သိမ်နှုတ်တဲ့ ဂိုဏ်းလေးတစ်ဂိုဏ်းက ငါတို့ရဲ့ စစ်သဘော်ကိုဖျက်စီးပစ်ချင်တယ်ဟုတ်လား...

သူတို့ကငါတို့ဂိုဏ်းကို လွယ်ကးတဲ့ပစ်မှတ်တစ်ခုလို့ထင်နေတာလား..."


"အဲဒီ တိမ်ဖြူစံအိမ်ဆိုလား ဘာဆိုလားဂိုဏ်းက ဒီကုန်းမြေကြီးပေါ်မှာ ဆက်ပြီးတည်ရှိမနေချင်တော့ဘူးထင်တယ်...

အဲဒါထက်အရင်ဆုံးငါတို့ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို အရင်ဆုံးသွားယူကြမယ်...."


"ငါ့ရဲ့ မဟာနေမီးလျှံ နတ်ဆိုး ခန္ဓာကိုယ်ကို ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် သုံးပြီးသန့်စင်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ အဆင့်ကိုပိုပြီးနီးကပ်သွားလိုက်မယ်...ဒာဆိုရင်ငါက နောက်ထပ်အဆင့်တစ်ဆင့် ချိုးဖျက်နိုင်ပြီးတော့ ပိတ်ဆို့မှုနှစ်ခု ချိုးဖျက်ထားတဲ့ မသေမျိုး ခန္ဓာ အဆင့်ဖြစ်လာလိမ့်မယ်...နောက်ထပ် ဂိုဏ်းရဲ့ယှဉ်ပြိုင်ပွဲမှာ ငါ ကောင်းကင်ဘုံအမွေခံ အဆင့်သတ်မှတ်ချက်ထဲမှာပဲ ရှိတော့မှာမဟုတ်ဘူး..."


" ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက် ငါလာနေပြီ စောင့်နေ......."