အပိုင်း ၄၀၆
Viewers 53k

အခန်း ၄၀၆

လျှာကဝေအခင်းအကျင်း


"စနစ် ဒါက.... လျှာကဝေ အခင်းအကျင်းလို့ခေါ်တယ်ဆိုတာ သေချာရဲ့လား...?'' 


ပုဖန်က စားပွဲပေါ်တင်ထားသော စပ်ပြဲလန် ခေါက်ဆွဲ ကိုးပွဲကို မျက်နှာသေဖြင့် စူးစိုက် ကြည့်နေသည်။ နှုတ်ခမ်း ထောင့်စွန်းလေး များကကွေးတက်သွားပြီး စနစ်ကိုမေးလိုက်သည်။ 


သူအဆင့်ရှစ် စစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပြီး နောက် ဆုအနေဖြင့် စပ်ပြဲလန်ခေါက်ဆွဲ ကိုသာရရှိခဲ့ချင်းမဟုတ်ပဲ လျှာကဝေ အခင်းအကျင်းကိုပါ ရရှိခဲ့ခြင်းဖြစ်သည်။ 


သူက မှော်အစီအရင်များဖြင့် အကြိမ်ပေါင်းများစွာ ထိတွေ့မှုရှိပြီးနောက် ထိုမှော်အစီအရင်ကို စိမ်းသက်ခြင်း မရှိပေ။ နဂါးခေါင်း ကပ်ဘေးအစီအရင်နှင့် မဟာမြွေလူသား မြို့တော်မှ အမြှောက်ဆန် မှော်အစီအရင် နှစ်ခုလုံးက သူ့ကို နက်နက်ရှိုင်းရှိုင်းသဘောကျ စေသည်။


လျှာကဝေ အခင်းအကျင်းဟုခေါ်သော စားပွဲပေါ် တင်ထားသည့် ခေါက်ဆွဲပန်းကန် ကိုးခုက မည်သည်မှ ဖြစ်မလာပေ။ ပန်းကန်လုံး ကိုးခုမှ အငွေ့လေးများ တထောင်းထောင်းနှင့် မွှေးရနံ့များ တစ်ခန်းလုံး ပြည့်နေသည်မှ လွဲ၍ တခြားမည်သည့် ကိစ္စမျှ ဖြစ်မလာပေ။ ဒါက ဘယ်နေရာမှ မှော်အစီအရင်နှင့်မတူပေ။ 


"ဒီအစီအရင်က မဖွဲ့တည်ရသေးဘူး... ဟုတ်တယ်မလား...?''

ပုဖန်က စနစ်ကို မေးလိုက်သည်။ 


"ပိုင်ရှင် လျှာကဝေ အခင်းအကျင်းကို ဘယ်လို ဖွဲ့တည်ရမလဲဆိုတာ ပြောပြပြီးသွားပါပြီ...အစီအရင်ရဲ့ အဆစ်ငယ်လေးတွေကို ကိုယ့်ဘာကို ရှာဖွေပြီး စိတ်စွမ်းအင် ဘယ်လို ဆက်သွယ်ရမလဲဆိုတာကို ပိုင်ရှင်ဘာသာ သင်ယူပါ..." 


စနစ်က ရှင်းလင်းစွာ ပြန်ဖြေကြားလိုက်သည်။


"ငါ့ဘာငါ ရှာဖွေရမယ်...? မှော်အစီအရင် အဆစ်ငယ်လေးတွေ ဘယ်လိုချိတ်ဆက်ထားတယ်ဆိုတာကို ငါ့ဘာငါ ရှာဖွေရမယ်... ဟုတ်လား..."


စနစ်၏ အဖြေကြောင့် ပုဖန်လုံးဝ စွံ့အ သွားသည်။ စနစ်က သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။ 


သူခပ်မဲ့မဲ့ တစ်ချက်ပြုံးလိုက်ပြီးနောက် သူ့ အစစ်အမှန် စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ သူ့၏ အစစ်အမှန် စွမ်းအားများက ဒီရေအလား တိုးပွားလာပြီးနောက် ခေါက်ဆွဲပွဲ တစ်ခုချင်းစီမှ ထုတ်လွှင့်သည့် စိတ်ဝိညာဉ်စွမ်းအား များကို စတင်ရှာဖွေလိုက်လေသည်။ စိတ်ဝိညာဉ် စွမ်းအားများက အမွှေးနံ့များနှင့် အပူငွေ့များ ကြားတွင် ပုန်းခိုနေလေသည်။ ကြည့်ရသည်မှာ ထိုလျှာကဝေ အခင်းအကျင်းကို နားလည်နိုင်ရင် ခက်ခဲလိမ့်မည်ဟု ထင်ရသည်။ 


ပုဖန်က သူ့၏ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံပြု၍ ခေါက်ဆွဲပွဲ တစ်ခုစီမှ ထွက်လာသော စိတ်ဝိညာဉ် စွမ်းအင်ကို ဆွဲယူလိုက်သည်။ သူတို့အားလုံးကို ချိတ်ဆက်ရခြင်းက ထင်ထားသလောက် မခက်သောကြောင့် ပုဖန်အနည်းငယ် အားတက်သွားလေသည်။ ထို့နောက်သူက တခြားပန်းကန် တခုစီမှ စွမ်းအင်များကို ချိတ်ဆက်လိုက်သည်။ 


သုံးခုမြောက် ပန်းကန်လုံးကို ချိတ်ဆက်ပြီးသည်အထိ ထိုအရာက မခက်ခဲသေးပေ။သို့သော်လည်း လေးခုမြောက်ပန်းကန် ချိတ်ဆက်သည့်အချိန်၌ သူပင်ပန်းလာပြီး ခက်ခဲသည်ဟု ထင်လာလေသည်။ 


မြောက်မြားလှစွာသော စိတ်ဝိညာဉ် အမျှင်များကို ချိတ်ဆက်ပြီးနောက် အားလုံးကရှုပ်ထွေးနေပေပြီ။ ထို့အပြင် သူတို့၏ စိတ်စွမ်းအင်ကလဲ မငြိမ်မသက် ဖြစ်နေသည်။ သူဂရုတစိုက် မလုပ်မိလျှင် အမှားလုပ်မိနိုင်ကြောင်း သူသတိထားမိသည်။ 


ရုတ်တရက် ပုဖန်၏စိတ်ထဲ၌ တုန်ခါသံ တစ်ခု ထွက်ပေါ်လာသည်။ သူကြိုးစားပမ်းစား ချိတ်ဆက်ထားသော အမျှင်လေးများက ပြိုကွဲသွားကာ တစစီဖြစ်သွားသည်။စပ်ပြဲလန် ခေါက်ဆွဲပွဲ အတွင်း၌ ရှိသော စိတ်ဝိညာဉ်စွမ်းအင်တို့ကလဲ တဖြေးဖြေး လွင့်စင် ပပျောက်လာသည်။ 


ပုဖန်က သက်ပြင်းတစ်ချက်ချ လိုက်သည်။ ဒါက သူမျှော်လင့်ထားသည့် အတိုင်းပင်။ လျှာကဝေ အခင်းအကျင်းက အလွယ်တကူ ခင်းကျင်းဖို့ မဖြစ်နိုင်ပေ။ 


ပုဖန်က နဖူးကို ပွတ်သတ်လိုက်ပြီး စားပွဲပေါ်မှ ခေါက်ဆွဲ ပန်းကန်များကို သယ်ယူလိုက်သည်။ထိုအသုံးမဝင်တော့သော ခေါက်ဆွဲများကို ဝှိုက်တီ၏ ဗိုက်ထဲသို့ လောင်းထည့်လိုက်၏။ 


ထိုခေါက်ဆွဲ ပွဲများ၌ စိတ်ဝိညာဉ်စွမ်းအင် များက မရှိတော့ပေ။ ထိုခေါက်ဆွဲများက အသုံးမဝင်တော့သော်လည်း ဝှိုက်တီ စားသုံးလိုက်ခြင်းက ဘယ်လို အကျိုးသက်ရောက်မှုမျိုးမှ ရှိလာမည် မဟုတ်ချေ။ ထို့နောက်သူက တခြားပန်းကန် တစ်ခုမှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအင်နှင့် ချိတ်ဆက်ရန် ကြိုးစားလိုက်သည်။ အချိန်ခဏမျှ ကြိုးစားပြီးသည့်နောက် ချိတ်ဆက်ခြင်းက အောင်မြင်သွားသည်။ 


ပုဖန်က အကြောအချဉ် ဆန့်လိုက်ပြီးနောက် မီးဖိုချောင်တံခါးကိုဖွင့်လိုက်သည်။ အေးစိမ့်လှသော လေညှင်းက သူ့၏မျက်နှာကို လာရောက် ရိုက်ခတ်သောကြောင့် သူအနည်းငယ် မျက်စိမှေးစင်းလိုက်မိသည်။ ပုဖန်က ထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး လေအေးများကို တဝကြီး ခံစားနေလေသည်။ ပုဖန်က ဘာကြောင့်ဘလက်ကီ အိပ်ပျော်နေဆဲ ဖြစ်သည်ကို မစဉ်းစားနိုင်ပေ။ 


သို့သော်လည်း ပုဖန်က ဒီခြေအနေကို ကျေနပ်နေပေသည်။ အကယ်၍ ဒီခွေးငပျင်း ဘလက်ကီသာ နိုးလာခဲ့လျှင် သူက နဂါးနံရိုး ချိုချဉ်ကြော်ကို ပြင်ဆင်ပေးနေရအုံးမည်ဖြစ်သည်။


ရှောင်ရှောင်လုံ ဆိုင်သို့ လာသည့်အချိန်၍ ရှေါင်မန်ပါ သူနှင့် အတူပါလာလေသည်။ ရှောင်မန် အဆင့်ရှစ် စစ်နတ်ဘုရားနယ်ပယ်သို့ ရောက်ပြီးနောက် သူ၏ စိတ်ဝိညာဉ် ကလဲ တဟုန်ထိုး တိုးတက်လာသည်။သူ့ 

အကြည့်များက အေးစက် တည်ငြိမ်လှသည်။သူ့ ခန္ဓာကိုယ် ဝန်းကျင်၌လည်း ခြိမ်းခြောက်နိုင်စွမ်းသော ဖိအားများကို ထုတ်လွှတ်နေသည်။ သို့သော် ဖန်ဖန်ဆိုင်ခန်းလေး အတွင်း၌မူ သူ့အစွမ်းများက လုံးဝအသုံးမဝင်ပေ။ 


ဒီနေ့ ရှောင်မန်က သူ့၏ အဆင့်ရှစ် စစ်နတ်ဘုရား ဖိအားများကို လာရောက် ကြွားလုံးထုတ်ခြင်း မဟုတ်ပေ။ပုဖန်ကို လာရှာခြင်း ဖြစ်သည်။ သူ့၌ ပုဖန်နှင့် တွဲလုပ်စရာ ကိစ္စတချို့ ရှိနေပေသည်။ ခဏမှာပင် ပျော်ရွှင်တက်ကြွ နေသော ကွမ်းရှောင်ယီလည်း ရောက်လာလေသည်၊ သူမနှင့်အတူ ကွမ်းမိသားစု တစ်စုလုံးလည်း ပါလာသည်။  


မည်သူမှ စကားမပြောရသေးချိန်တွင် ဂျိချန်းရွဲလည်း ရောက်လာလေ၏။ 


အနည်းဆုံး လေအလင်းအင်ပါယာ၏ အထက်တန်း ဂုဏ်သရေရှိ မိသားစု၊ဂုဏ်သရေရှိလူ တစ်ဝက်လောက်က ပုဖန်၏ ဖန်ဖန်ဆိုင်ခန်းလေးသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ 


အင်ပါယာထဲမှ မည်သူမဆို ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် မည်သူမဆို ထိတ်လန့်သွားပေလိမ့်မည်။ သို့သော်လည်း ပုဖန်က မျက်လုံးများ မှေးစင်း၍သာ ကြည့်နေသည်။ ထိုသူတို့ လာရသည့် ရည်ရွယ်ချက်ကို သူသိရှိပြီး ဖြစ်သည်။


စပ်ပြဲလန် ခေါက်ဆွဲ၏ အကျိုးသက်ရောက်မှုကို ထုတ်ဖော် ပြောလိုက်သည်နှင့် မြောက်မြားလှစွာသော လူများက လာရောက်မှာယူ ကြလိမ့်မည်ဟု သူရှိနေနှင့်ပြီး ဖြစ်သည်။ ပုဖန်က ထိုသူများကို ငြင်းပယ်ခြင်း မရှိပေ။ စနစ်၏ အဆိုအရ စပ်ပြဲလန်ခေါက်ဆွဲ ရောင်းချရမှာရရှိသော သလင်းကျောက်များကလည်း ပုဖန်၏ အစစ်အမှန်စွမ်းအင် ကျင့်ကြံစဉ် အဖြစ်သို့ပြောင်းလဲသွားပေလိမ့်မည်။ သူ့၏လက်ရှိ ကျင့်ကြံမှုက အဆင့်ရှစ် စစ်နတ်ဘုရားဖြစ်သည်၊အကယ်၍ သူသာ နောက်တစ်ဆင့်သို့ တက်ရောက် လိုလျှင် သူ့၏စီးပွားရေးကို ကြောက်စရာကောင်းသည့် အဆင့်တစ်ခုထိရောက်အောင် တိုးမြှင့်ရပေမည်။ 


အကယ်၍သူက နေ့စဉ် စီးပွားရေးလုပ်ငန်းနှင့် ယာယီမစ်ရှင် များမှရရှိသော စွမ်းအင်များကို မှီခိုနေလျှင် နောက်တစ်ဆင့်သို့ ရောက်ရန် ခက်ခဲပေလိမ့်မည်။ အဆင့်တစ်ခုတက်ဖို့ရာ မည်မျှ ကြာမည်ကို သူမသိသော်လဲ နှစ်များစွာ ကြာသည်လဲ ဖြစ်ကောင်းဖြစ်နိုင်သည်။စပ်ပြဲလန်ခေါက်ဆွဲ ပေါ်ပေါက်လာခြင်းက သူ့၏ပြဿနာများကို ဖြေရှင်းပေးလိုက်လေသည်။ 


အင်ပါယာ၏ ဧကရာဇ်အနေဖြင့် သလင်းကျောက်တွင်း အနည်းငယ်ကို ထိန်းချုပ်ထားပေသည်။ ထိုသလင်းကျောက်တွင်း များမှ သလင်းကျောက်များကို စပ်ပြဲလန် ခေါက်ဆွဲအတွက် အသုံးပြုလိုက်လျှင် သူနောက်တစ်ဆင့်ကို သေချာပေါက် တက်ရောက်နိုင်လိမ့်မည်ဆိုသည်ကို ပုဖန် ကောင်းကောင်းသိသည်။ 


စပ်ပြဲလန်ခေါက်ဆွဲ၏ အကျိုးသက်ရောက်မှုက အခြား သက်စောင့်ဆေးများထက်ပင် သာလွန်လေသည်။အဆင့်ရှစ် အဆီအနှစ် ပွင့်ထွက်ဆေးလုံး သက်စောင့်ဆေးပင်လျှင် သလင်းကျောက် ရာကျော်ကျသင့်သည်။


သူ့၏ စပ်ပြဲလန် ခေါက်ဆွဲက တစ်ပွဲမှ သလင်းကျောက်တစ်ရာသာ ကျသင့်ပေသည်။ ထိုအချက်က လူအားလုံး ခေါက်ဆွဲဝယ်ဖို့ အခွင့်ကောင်းပင် ဖြစ်သည်။ 


ခေါက်ဆွဲ တစ်ပွဲ ဝယ်လိုက်ခြင်းက အဆင့်ရှစ် သက်စောင့်ဆေးလုံး ဝယ်လိုက်သည်နှင့်တူညီပေသည်။ ထို့အပြင် စပ်ပြဲလန် ခေါက်ဆွဲက ဘေးထွက်ဆိုးကျိုး မရှိသည့်အပြင် သလင်းကျောက် တစ်ရာထဲနှင့် ရရှိသောကြောင့် မည်သူမှ မတန်ဘူးဟု တွေ့လိမ့်မည်မဟုတ်ပေ။


ရှောင်မန် ဂျိချန်းရွဲ့နှင့် တခြားသူများက ပုဖန်၏ ဆိုင်တွင် တမနက်ခင်းမျှ အချိန်ဖြုန်းခဲ့ကြသည်။သူတို့က ပုဖန်နှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြသည်။ ပုဖန်က သူတို့အတွက် ခေါက်ဆွဲပွဲ အမြောက်အမြား ပြုလုပ်ပေးရပေမည်။ ပုဖန်က ခေါက်ဆွဲများ ပြင်ဆင်ပေးပြီး သူတို့က သလင်းကျောက်များ ပေးမည်ဖြစ်သည်။ 


ထို သဘောတူညီချက်မှာ ပုဖန်အတွက် အနည်းငယ်မျှပင် ဆုံးရှုံးမှု မရှိပေ။ သူတို့ပေးသော သလင်းကျောက်များကို သူ့၏ အစစ်အမှန် စွမ်းအင် ကျင့်စဉ်၌ အသုံးပြုနိုင်ပြီး ခေါက်ဆွဲချက်ရခြင်းကလည်း အခက်အခဲမရှိပေ။ခေါက်ဆွဲ တစ်ပွဲကို ချက်ချိန်က အသက်ရှုချိန်အနည်းငယ် မျှသာ ကြာသည်၊ သူက မဟူရာ လိပ်ခုံးဒယ်အိုး၊ ကြမ်းတမ်းခြင်း တစ်သောင်းမီးတောက် နှင့် ခေါက်ဆွဲပွဲများကို ချက်ပြုတ်လိုက်လျှင် ထိုခေါက်ဆွဲပွဲများချက်ပြုတ်ရခြင်းက သူ့အတွက် စိန်ခေါ်မှုတစ်ရပ်ပင် မဟုတ်တော့ပေ။


ချန်းရွဲ့နှင့် တခြားသူများပြန်သွားပြီးနောက် သွမ့်ယွင်က အားအင်ကုန်ခမ်းနေသော ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်၍ ဆိုင်အတွင်းသို့ဝင်လာသည်။ထိုင်ခုံကို မှီထိုင်လိုက်ရင်း အနည်းငယ် သမ်းဝေလိုက်၏။ ဒီရက်များ၌ သူက အိပ်စက်အနားယူခြင်းပင် မပြုပဲ သက်စောင့်ဆေး အသစ်ကို ရှာဖွေနေခဲ့သည်။


အဆုံးသတ်၌ လူတစ်ယောက်၏ ခွန်အားနှင့်အာရုံကို မြှင့်တင်ပေးနိုင်သော သက်စောင့်ဆေးလုံးကို ရှာတွေ့ခဲ့သည်။ ထိုကဲ့သို့ အခက်အခဲများ ခံစားနေရခြင်းက စပ်ပြဲလန်ခေါက်ဆွဲကြောင့် ဖြစ်သည်။ ဒီရက်များ အတွင်း၌ သူ့၏ သက်စောင့်ဆေး ရောင်းအားက ကျဆင်းနေပေသည်။ အကယ်၍ သူသာ သက်စောင့်ဆေး အသစ်ကို ရှာမတွေ့နိုင်လျှင် သူ့၏ နေ့ညများက ခက်ခဲလာပေလိမ့်မည်။ 


သူ့၌ သလင်းကျောက်များ လုံလုံလောက်လောက် မရှိတော့ပဲ အစားစာ စားသောက်ရန်ပင် ခက်ခဲလာပေလိမ့်မည်။ 


ယခုတော့ သူအခက်အခဲ ဒုက္ခများကို ကျော်လွှားနိုင်ပေပြီ။သွမ့်ယင်က ယခင်မှာနေကျထက် ဟင်းပွဲများ ပိုမှာလိုက်သည်။ သူက သူ့ကိုသူ ဆုချလိုက်ခြင်း ဖြစ်သည်။


...............


       တိမ်ဖြူစံအိမ်...


ဝူမူ၏ မျက်နှာက လူသေလို ဖြူဖျော့ နေသည် သူက ရင်ဘက်ကို ဖိ၍ အဆက်မပြတ်ချောင်းဆိုးနေ၏။သူက သူ့အောက်မှာရှိနေကြသော အိမ်ဖြူစံအိမ်၏ ကျွမ်းကျင်ပညာရှင်များကို စူးစိုက်ကြည့်လိုက်ပြီး အသက် တစ်ချက် ရှိုက်ရှူ လိုက်သည်။ သူက ဓားစာခံကို ရရန်စီစဉ်ပြီး ထို ထူးခြား ဆန်းကျယ်သော စစ်သဘော်နှင့် တိုက်ခိုက်ခဲ့ကြသည်။ သူက ဝူယွမ်ပိုင် ကို ပြန်ခေါ်ရန် အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။ 


တိုက်ပွဲက တိမ်ဖြူစံအိမ်၏ ရှုံးနိမ့်မှု အတွေ့အကြုံ တစ်ရပ်ပင်ဖြစ်သည်။ထိုတိုက်ပွဲ၌ များပြားလှစွာသော ကျွမ်းကျင်ပညာရှင်များနှင့် တပည့်များစွာ ဆုံးရှုံးခဲ့ရသည်။ သွေးချောင်း တစ်ချက်ဆိုးလိုက်သည် ဝူမူ၏ အသွင်အပြင်က ဖြူဖျော့နေသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်နေသော ဓားစွမ်းအင်များက ပုံမှန်အတိုင်း ထက်ရှနေတုန်းပဲ ဖြစ်သည်။ လျှပ်စီးတန်းကဲ့သို့ သူ့၏ အကြည့်များက အားလုံးပေါ်သို့ ဖြန့်ကျက်သွားသည်။


"တောင်ပိုင်းဒေသမှာ ရှိတဲ့ လူအားလုံးကို သတင်းပို့လိုက်၊ ဒီနေ့က စပြီး တိမ်ဖြူစံအိမ်က အပြင်ဘက်ဒေသနဲ့ ၁၀နှစ် တိတိ အဆက်အသွယ် ဖြတ်မယ်...တားမြစ်ချက်ကို ဖောက်ဖျက်ပြီးတော့ တိမ်ဖြူစံအိမ်က ထွက်ဖို့ကြိုးစားတဲ့ တပည့်တိုင်း အသတ်ခံရမယ်..."


ထိုဆုံးဖြတ်ချက် ချပြီးနောက် ဝူမူ၏ နှလုံးအိမ်ထဲမှ သွေးများ ယိုစီးကျသလိုခံစားလိုက်ရသည်။သို့သော် တိမ်ဖြူစံအိမ် လွတ်မြောက်ရန် အတွက် ထိုကဲ့သို့ဆုံးဖြတ်ချက်ချရမှန်း ကောင်းစွာသိပေသည်။ ဝူမူ၏ ရန်သူက သန်မာလှပြီး စစ်သင်္ဘောများက ကြောက်မက်ဖွယ်ကောင်းသည်။အကယ်၍ သူတို့ပြန်လာပြီး လက်စားချေလျှင် တိမ်ဖြူစံအိမ် အနေဖြင့် ယှဉ်တိုက်နိုင်သည့် အကြောင်းမရှိပေ။ 


သူတို့ကို ကယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းက ကာကွယ်ရေး အစီအစဉ်များကို ဖွင့်လိုက်ပြီး တိမ်ဖြူစံအိမ်ကို စည်းပိတ်ချလိုက်ခြင်းပင်ဖြစ်သည်။ 


ဒုတိယ တစ်နေ့၌ ထွက်ပေါ်လာသော သတင်းက တောင်ပိုင်းဒေသ တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ မြောက်မြားလှစွာသော ဂိုဏ်းများက ထိတ်လန့်သွားကြပြီး ဆူဆူပူပူ ဖြစ်လာကြသသည်။ 


တောင်ပိုင်းဒေ၏ ထိပ်သီးဂိုဏ်းကြီးတစ်ခုဖြစ်သော တိမ်ဖြူစံအိမ်က သူတို့ကိုယ် သူတို့ စည်းပိတ်ထားလိုက်ပေသည်။


"သူတို့က တောင်ပိုင်းဒေသရဲ့ ထိပ်သီးဂိုဏ်း အဆင့်ကနေ ထွက်ခွာချင်ပြီး၊ ကမ္ဘာကြီးကနေ စွန့်ခွာသွားဖို့ ဒီဆုံးဖြတ်ချက်ကို ချ လိုက်တာလား..."


အာကာသအာနမ်ဂိုဏ်း ကြည်လင်ကောင်းကင်ဘုရားကျောင်းနှင့် မြေရိုင်းလွင်ပြင်ဒေသမှ ကျွမ်းကျင်ပညာရှင်များက ထိုသတင်းကြောင့် သက်ပြင်းချလိုက်မိသည်။


 တိမ်ဖြူစံအိမ်၏ သတင်းကြောင့် ပျံံ့နှံ့လာသော တစ်ချိန်ထဲမှာပင် မဟာ မြွေလူသားမြို့တော် ၏ အာဏာပိုင်အကြီးအကဲက မြွေမျိုးနွယ်ခေါင်းဆောင်က အနောက်ဘက်ပိုင်းကမ်းရိုးတန်းမှ ပင်လယ်ဆီသို့ဝင်ရောက်သွားလေပြီ။ သူက တန်ခိုးရှင် အဆင့်အထွတ်အထိပ်သို့ ချိုးဖောက် တက်ရောက်ရာတွင် ကူညီနိုင်မည့် ကံကောင်းမှုမျိုးကိုရှာဖွေလိုခြင်းဖြစ်သည်။ 


တောင်ပိုင်းဒေသတွင် ကသောင်းတနင်း ဖြစ်သည့် နေ့ရက်မျိုးပင် ဖြစ်သည်။


..............


လေအလင်းအင်ပါယာ မြို့တော်...


လေအလင်း အင်ပါယာမြို့တော်တွင် အစောင့်များစွာ ကင်းလှည့်နေကြသည်။ လက်ရှိလေအလင်း အင်ပါယာက အရင်ကထက် များစွာပို၍ သန်မာလာပေသည်။အင်ပာရီယာမြို့တော်က အကြိမ်ပေါင်းများစွာ ပြိုလဲ ပျက်စီးခံခဲ့ရသော်လည်း လူတိုင်းက ထိုကိစ္စရပ်များကို ကျင့်သားရနေပေသည်။ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားသွားပြီး တစ်ပြိုင်နက် ဧကရာဇ်က လူတိုင်းကို ကူညီသည့် ကာကွယ်ရေးကိစ္စများ၌ ပို၍ အားစိုက်လာခဲ့သည်။ ထို့အပြင် သူကမြို့သူမြို့သားများ၏ ကျင့်ကြံမှုနှင့် ပတ်သက်သည်များကို ပို၍အလေးပေးလေသည်။


အင်ပါယာ၏ စစ်ရေးလှုပ်ရှားမှုများကို လျှော့ချခဲ့ပြီး မြို့သူမြို့သားများ၏ ကျင့်ကြံရေးကို ပို၍အလေးပေး ဆောင်ရွက်ခဲ့သည်။ လက်ရှိ အင်ပါယာတွင် စာပေအနုပညာလေ့လာခြင်းက ကိုယ်ခံပညာ လေ့လာခြင်းလောက် အရေးမကြီးတော့သဖြင့် ပညာရှင်များ၏ အဆင့်အတန်းကပင် ကျဆင်းလာခဲ့သည်။


ကိုယ်ခံပညာရပ် လေ့လာခြင်းက ပို၍တောက်ပသော အနာဂတ်များ ရှိလာနိုင်ကြောင်းကို နိုင်ငံသားများ သိရှိလာကြပြီးဖြစ်သည်။


ရုတ်တရက် အင်ပါရီယာ မြို့တော်နှင့် ဝေးကွာလှသော နေရာတစ်ခု၏ မိုးကုတ် စက်ဝန်းတစ်ခု၌ အနက်ရောင်အစက်လေး တစ်စက်ပေါ်ထွက်လာသည်။ ထိုအရာမှာ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများကို ထုတ်လွတ်နေပေ၏။


အစောင့်များ အားလုံးက ကြောက်ရွံ့တုန်လှုပ်သွားကြပြီး စိတ်ထဲ၌ တင်းကျပ်နေကြသည်။ထိုသို့သော အဖြစ်အပျက်နဲ့ ကြုံတွေ့ဖူးသူအချို့ ရှိနေကြခဲ့ကြသည်။ ထို့ကြောင့်ပင်သူတို့က အဝေးတစ်နေရာမှ အရာဝတ္ထုကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေကြသည်။ သို့သော်လဲ အဖြစ်အပျက်ပေါင်းများစွာဖြင့် ကြုံတွေ့ခဲ့ဖူးသဖြင့် အလွန်အမင်း စိုးရိမ်ပူပင်ခြင်း မရှိကြပေ။ 


သူတို့ကြုံတွေရသော အဖြစ်အပျက်များကိုပင် ပြန်လည်၍ တွေးတောနေခဲ့ကြသည်။


 အဆင့်ရှစ်သားရဲများ မြို့ကို လာတိုက်ခိုက်ခြင်း၊ ထိပ်တန်းအဆင့်မြင့် သားရဲများ မြို့ကို လာတိုက်ခိုက်ခြင်း၊ ကြီးမားလှသော စစ်တပ်တစ်တပ် မြို့ကိုလာတိုက်ခိုက်ခြင်း။


အင်ပါရီယာ မြို့တံတိုင်းများနှင့် အစောင့်များ၏ ဘဝက အတက်အကျများဖြင့်ပြည့်နေလေသည်။ သူတို့က ထိုဘဝမျိုးနှင့်နေသားတကျ ဖြစ်နေပေသည်။အင်ပါရီယာမြို့တော်ဆီသို့ ဦးတည်ပျံသန်းလာသော ထိုအရာက အဆင့်မြင့် သားရဲကြီးမျိုး မဟုတ်ပေ၏။ ထိုအရာက နေရောင်အောက်တွင် တောက်ပလင်းလက်နေသော စစ်သင်္ဘောကြီးတစ်စင်း ဖြစ်သည်။ 


"အဲ့ဒီ့ ကောင်းကင်ထက်က အရာက စစ်သင်္ဘောကြီးလား...ဘယ်လိုစစ်သင်္ဘော မျိုးက ပျံသန်းနိုင်တာလဲ..."


မြို့သားများက စစ်သင်္ဘောပျံ တစ်စင်းကိုတွေ့လိုက်ရသောကြောင့် ကြောင်အအနဲ့ စွံ့အနေခဲ့ကြသည်။ သူတို့ဘဝတွင် ပထမဆုံး အနေဖြင့် စစ်သင်္ဘောပျံ တစ်စင်းကို တွေ့ဖူးခြင်းဖြစ်သည်။ သူတို့၏ အကြီးကျယ်ဆုံး စစ်ပွဲ၌ပင် မြင်းများသုံး၍ ရန်သူများထံသို့ ချီတက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ စစ်သင်္ဘောမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ 


အင်ပါရီယာ မြို့တော်ရှိ ထိပ်တန်းပိုင်းများ အားလုံးကလဲ အထိတ်တလန့် ဖြစ်သွားကြသည်။ ဂျိချန်းရွဲ့ ရှောင်မန်နှင့် အခြားသူများကလဲ မြို့တံတိုင်းပေါ်သို့ ရောက်လာကြပြီး သူတို့ရှိရာသို့လာနေသော စစ်သင်္ဘောကြီးကို စူးစိုက်ကြည့်နေကြသည်။

စစ်သင်္ဘော၏ ကုန်းဘတ်ပေါ်၌ လူတစ်ယောက်ရပ်နေပုံ ပေါ်လေသည်။

 

လျန်ခိုင်က စစ်သင်္ဘောဘောင်တန်းကို လက်နှစ်ဖက်ဖြင့် ကိုင်၍ မှီရပ်နေသည်။ သူက မြင်ကွင်းအတွင်း ကြီးသထက့် ကြီးလာသော အင်ပါရီယာ မြို့တော်ကို မလွှဲတမ်း စိုက်ကြည့်နေသည်။ 


"ဘယ်လောက်တောင် ရိုးရှင်းတဲ့ မြို့လဲ... 

ဒါကို သူတို့က အင်ပါယာရဲ့ မြို့တော်လို့ခေါ်ကြတာပေါ့လေ...နဂါးမြို့ဟောင်း တိုက်ကြီးတွေမှာရှိတဲ့ မြို့တွေက မှ သူထက်ကြီးတယ်...နဂါးမြို့ဟောင်း တိုက်ကြီးတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါက ရွာသေးသေးလေး တစ်ခု သာသာပဲ...''


လျန်ခိုင်က အထင်အမြင်သေးဟန် ပြုံးလိုက်သည်။ သူ့၏ရဲရဲနီနေသော မျက်ဝန်း၌ မြို့တော်၏ပုံရိပ်က ထင်ရှားလာသည်။သူဒေါသမျက်လုံးများဖြင့် ကြည့်နေခြင်းမှာ ထိုမြို့ထဲတွင် ကြမ်းတမ်းခြင်း တစ်သောင်းမီးသောင်း ပိုင်ဆိုင်သည့်လူသား နေထိုင်ခြင်းကြောင့်ဖြစ်သည်။ သူဒီမြို့ကို လာရခြင်းအကြောင်းကလဲ ထိုလူသားကြောင့်ပင်ဖြစ်သည်။ 


ဂျိမ်း....

ဝေရာ...


စစ်သင်္ဘောဆီမှနေ၍ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး အေးစက်လှသော လေညှင်းတစ်ခုက မြို့တော်ဆီသို့ ဦးတည်တိုက်ခတ်သွားသည်။ မြေပေါ်မှ ကျောက်တုံး ကျောက်စများက လေနှင်ရာ အရပ်သို့ လွင့်စင်သွားလေသည်။ 


ဧရာမ စစ်သင်္ဘောကြီးက လေအလင်းအင်ပါယာ အထက် ကောင်းကင်ဆီမှ ဖုံးလွှမ်းလိုက်သောအခု ပတ်ဝန်းကျင်မှ အရာအားလုံး မှေးမှိန်သွားသလို ထင်ရပေသည်။ 


ထိုစစ်သင်္ဘောမှ ဖိအားများက လူတိုင်းကို ထိတ်လန့်ကြောက်ရွံ့ စေခဲ့သည်။

                   ...................