အပိုင်း ၄၀၇
Viewers 53k

အခန်း ၄၀၇

ရှောင်မန်..တန်ခိုးရှင်တစ်ယောက်နှင့်တိုက်ခိုက်ခြင်း....


ပုဖန် သိုလှောင်နယ်မြေထဲမှ ဧရာမ ထိပ်တန်းကျိုင်းပုစွန်ကို ဆွဲထုတ်လိုက်သည်။ မီးဖိုချောင် တစ်ခုလုံး ပုစွန်ကောင်ဖြင့် ပြည့်သွားလေသည်။ သူ ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓားကို ဆင့်ခေါ်လိုက်ပြီး ကျိုင်းပုစွန်ကို အပိုင်းများစွာရအောင် ဖြတ်ထုတ်လိုက်သည်။ အပိုင်းတစ်ပိုင်းကို ယူထားလိုက်ပြီး ကျန်သည့် အပိုင်းအားလုံးကို သိုလှောင်နယ်မြေထဲသို့ ပြန်လည်သိမ်းဆည်းထားလိုက်သည်။ 


သူက ဓားသွေးကျောက် အရွယ်အစား ခန့်ရှိသော အပိုင်းတစ်ပိုင်းကို လက်ဖြင့်ပွတ်ရင်း သူ့ကိုယ်သူ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထို အသားပိုင်းက ပင်လယ်ပြင်မှ ဖမ်းမိခဲ့သော ထိပ်တန်း သားရဲ၏ အသားဖြစ်သည်။ ၄င်းက သေသွားပြီ ဆိုသော်လည်း သူ့ခန္ဓာကိုယ် အတွင်း၌ အလွန်သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအား များ ပါဝင်နေပေသည်။ 


ပုဖန်က အသားပိုင်းကို သေချာစွာဆေးကြောလိုက်ပြီးနောက် အသားပိုင်းပေါ်သို့ ဟင်းခတ် အဆီအနှစ်အနည်းငယ် သုတ်လိမ်းလိုက်လေသည်။ ထို့နောက် သူ့၏ အစစ်အမှန်စွမ်းအင်များကို အသုံးပြုပြီး ပုစွန်အသားပေါ်မှ အခွံကိုရိုက်ချလိုက်သည်။ အစစ်အမှန်စွမ်းအင် များ အသားထဲသို့ စိမ့်ဝင်သွားသည်နှင့် အသားက နူးညံ့သွားပြီး အခွံကလဲ ပျော့ပျောင်းသွားသည်။ 


ထို့နောက်သူ့ရှေ့၌ အစိမ်းရောင် မီးခိုးငွေ့များပေါ်ထွက်လာပြီး မဟူရာ လိပ်ခုံးဒယ်အိုးပေါ်လာသည်။ပုဖန်က အနောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ဒယ်အိုး၏ အောက်ခြေသို့ ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်သည်။ အချိန်တိုအတွင်းမှာပင် ဒယ်အိုး၏ အပူချိန်က မြင့်တက်လာသည်။ 


သူက လွန်တစ်ရာ ရေခဲတောင်မြစ်ရေကို အိုးထဲသို့ လောင်းထည့်လိုက်၏။ ထို့နောက် ဝါးဖြင့်ပြုလုပ်ထားသော ပေါင်းခံခြင်းလေးကို ဒယ်အိုးထဲ၌ နေရာချလိုက်သည်။ ခြင်းကိုသေချာစွာ ထားပြီးနောက် ပုစွန်ပိုင်းကို ခြင်းထဲသို့ ထည့်လိုက်သည်။ 


အိုးထဲမှ ရေများက စတင် ဆူပွက်လာပြီး အငွေ့များ လှိုင်လှိုင်ထွက်လာသည်။ အပူငွေ့များက ပေါင်းခံခြင်းထဲသ်ို့ တိုးဝင် ဖုံးအုပ်သွား၏။ ပုစွန်၏ အရောင်ကလှပ ပြီး ဖျော့တော့သော အရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


ပုဖန်က သူ့၏ မီးဖိုချောင် အတွင်း ပျော်ရွှင်စွာ ချက်ပြုတ်နေသည့် အချိန်မှာပင် မြို့တော်အပြင်ဘက် အခြေအနေက တချို့သော အကြောင်းအရာများကြောင့် တင်းမာခက်ထန်နေပေသည်။ 


လေအလင်းအင်ပါယာရှိ လူတိုင်း၏ အသွင်အပြင်က စိုးရိမ် ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့က မြို့တံတိုင်းပေါ်မှရပ်၍ လေထဲ၌ ရွက်လွှင့်နေသော စစ်သင်္ဘောကြီးကို မမှိတ်မသုန် ရပ်ကြည့်နေသည်။ ထိုစစ်သင်္ဘော မှ ကြောက်မက်စရာ ကောင်းသော အော်ရာများကို ထုတ်လွှင့်နေသောကြောင့် သူတို့အားလုံး စိတ်ထဲမှ တင်းကြပ်နေကြသည်။ 


ဆိုင်ထဲမှ ထွက်လာသော သွမ့်ယွင်က စစ်သင်္ဘောကို တွေ့မြင်လိုက်ပြီးနောက် သူ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ 


"အဲ့တာ မဟာဂိုဏ်းက စစ်သင်္ဘောကြီး မဟုတ်လား... ဒီကို ဘာလာလုပ်တာလဲ...''


သွမ့်ယွင်၏ အမူအရာက ဖြူဖျော့သွားပြီး လေအေးများ တစ်ချက် ရှူ ရှိုက်လိုက်မိသည်။ 


မဟာဂိုဏ်းက နဂါးမြို့ဟောင်း တိုက်ကြီးအတွင်း၌ရှိသော လူမသိသူမသိ ဂိုဏ်းသေးသေးလေးမျိုး မဟုတ်ပေ။ ထိုဂိုဏ်းက မြောက်မြားလှစွာသော စွမ်းအားပြည့် ကျွမ်းကျင်ပညာရှင်များ ပြည့်နေသည့် ပထမတန်းစား ဂိုဏ်းကြီး ဖြစ်သည်။ နဂါးမြို့ဟောင်း တိုက်ကြီးအတွင်းမှ ထိပ်တန်းအဆင့် ကြောက်စရာကောင်းလှသော ဂိုဏ်းများ အနက် အင်အားအကြီးဆုံ ဂိုဏ်းကြီး ဖြစ်သည်။ 


မဟာဂိုဏ်းက ပညာရှင်များက တိုက်ခိုက်ရာတွင် အလွန်အညှာအတာကင်းမဲ့လှသည်။ သူတို့က မည်သူ့အပေါ်မှ သနားညှာတာမှု ပြသလိုက်မည်မဟုတ်ပေ။ထို စစ်သင်္ဘောကြီး ဖြတ်သွားရာ နေရာတိုင်းမှ လူများက ဧကန်မုချ သေရပေမည်။

မဟာဂိုဏ်းက မရေမတွက် နိုင်သော ဒုတိယအဆင့်၊တတိယအဆင့် ဂိုဏ်းကြီး များကိုပင် ဖျက်ဆီးခဲ့ဖူးသည်။


အဂ္ဂိရတ် ဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်သော သွမ့်ယွင်က သူဂိုဏ်း၌ ရှိနေလျှင် မဟာဂိုဏ်းမှ လူများကို ကြောက်စရာမလိုပေ။ သို့သော်လည်း ယခု လက်ရှိ၌သူက လေအလင်း အင်ပါယာ အတွင်းသို့ ရောက်နေလေသည်။ ထိုမဟာဂိုဏ်းမှ သူများက သူ့ကိုမ မှတ်မိပဲ တိုက်ခိုက် သတ်ပစ်မှာကိုပင် ကြောက်နေမိသည်။ 


ထိုကဲ့သို့သာ အမှန်တကယ် ဖြစ်လာခဲ့လျှင် သူမည်ကဲ့သို့ လုပ်ဆောင် ရမည်နည်း။ ထိုအတိုင်းသာ သေသွားခဲ့လျှင် ငိုဖို့ရန်ပင် နောက်ကျသွားပေလိမ့်မည်။ 


"မဟာဂိုဏ်းက စစ်သင်္ဘောက လေအလင်းအင်ပါယာ ကိုဘာကြောင့်ရောက်လာရတာလဲ... ပိုင်ရှင်ပု ရဲ့ ကြမ်းတမ်းခြင်း တစ်သောင်း မီးတောက်ကြောင့်များလား...


သွမ့်ယွင်က တစ်စုံတစ်ရာကို တွေးလိုက်မိပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ 


......


"ငါ့ရဲ့ လေအလင်းအင်ပါယာ ကို ဘယ်သူလာပြီး သောင်းကျန်းရဲတာလဲ...?


ယခုလက်ရှိအချိန်၌ ဂျိချန်းရွဲ့ က ယုံကြည့်မှု အပြည့် ရှိနေပေသည်။ ပုဖန်၏ ကူညီထောက်ပံ့ပေးမှုကြောင့် စပ်ပြဲလန်ခေါက်ဆွဲ များကို စနစ်တကျ စီစဉ်ထားလိုက်နိုင်ပေသည်။ ယခု အင်ပါယာ၏ သန်မာမှု စွမ်းအားက မြင့်တက်လာပြီး အင်ပါယာ တစ်ခုလုံး၏ စွမ်းအားကလည်း မြင့်တက်လာသည်။ ဂျိချန်းရွဲ့ က မြို့တံတိုင်းထိပ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများကို ထုတ်လွှင့်နေသည်။ 


ရှောင်မန်နှင့် ရှောင်ယုတို့ သားဖနှစ်ယောက်က အင်ပါယာ၏ စွမ်းအားအမြင့်ဆုံးသော ပညာရှင်များ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးကလဲ ဂျိချန်းရွဲ့ နှင့်အတူ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလိုက်ကြသည်။


 အဆင့်ရှစ် စစ်နတ်ဘုရားအဖြစ်သို့ တက်ရောက်သွားပြီးနောက် ရှောင်မန်၏ ခန္ဓာကိုယ်တွင်း၌ အစစ်အမှန် စွမ်းအင်လှိုင်းများ တဝုန်းဝုန် ရိုက်ခတ်နေသည်။သူ့၏ ကိုယ်ထဲ၌ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေသလိုပင် ထင်ရ၏။


 သူ့၏ အခြေခံ အုတ်မြစ် တည်ဆောက်မှုကလဲ အလွန်ပင် ခိုင်မာလှသည်။ ဂိုဏ်းကြီးများမှ တပည့်များ၏ အုတ်မြစ် တည်ဆောက်မှု ထက်ပင်ပို၍ အားကောင်းလှ သည်။ တကယ်တမ်းတွင် ရှောင်မန်က မည်သည့် ကျင့်ကြံမှု အရင်းအမြစ်မှ မရှိခဲ့ပေ။ တိုက်ပွဲများ အတွင်း၌ သာ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းရင်း ယခုလက်ရှိ ကျင့်ကြံမှု အဆင့်ထိရောက်ရှိ ခဲ့ခြင်းဖြစ်သည်။


ရှောင်မန်၏ စိတ်ဓာတ်က အလွန်ပင် တည်မြဲခိုင်မာသည်။ စစ်သင်္ဘောမှ ထွက်လာသောဖိအားများက ရှောင်မန်ကို အနည်းငယ်မျှ တုန်လှုပ်သွားနိုင်ခြင်းမရှိပေ။


ရှောင်ယု၏ မျက်ဝန်းအကြည့်များကလဲ တည်ကြည်လှ၏ ဓားသမား တစ်ယောက်ဖြစ်သော သူ့၏ အခြေခံ အုတ်မြစ်ကလဲ ခိုင်မာ လှသည်။


ဝေရာ...


သင်္ဘော ဆီမှ တုန်ခါသံတစ်ခုထွက်ပေါ်လာပြီး အတွင်းပိုင်းဆီမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။


"ငါထင်ထားတဲ့ အတိုင်း လေ့ကျင့်ရေး ကွင်းပြင်က လူရိုင်းတွေပဲ... မင်းတို့အခု ဘယ်သူနဲ့ ရင်ဆိုင်နေရတာလဲ ဆိုတာရော သိလား...မင်းတို့ရဲ့အခုလို ယုံကြည်ချက် တွေက ဘယ်ကနေရောက်လာတာလဲ... မဟာဂိုဏ်းရဲ့ စစ်သင်္ဘောရှေ့မှာတောင် ဘယ်လိုလုပ်ပြီး ဂုဏ်ယူဝင့်ကြွားစွာရပ်နေနိုင်တာလဲ..."


စစ်သင်္ဘော အတွင်းမှ လှောင်ပြောင် ရယ်မောသံနဲ့ အထင်သေးရှုံချ သံတို့ ထွက်ပေါ်လာသည်။ မိုးခြိမ်းသံ ကဲ့သို့ကျယ်လောင် လှသောသူ၏အသံက အင်ပါယာ မြို့တော် တစ်ခုလုံးကို ဖြတ်သန်းရိုက်ခတ်သွားသည်။ 


ဆိုင်ငယ်လေး အတွင်း၌ ရှိနေသော ပုဖန်ပင်လျှင် အံ့အား သင့်သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ သို့သော်လည်း သူက တခြား မည်သည့်အရာကိုမှ ဂရုမစိုက်ပဲ သူ့၏ အာရုံအားလုံးကို ပေါင်းခံခြင်းလေး အပေါ်၌သာ စုစည်းထားလိုက်သည်။ 


ထိုပေါင်းခံခြင်းလေး ထဲမှ အရောင်သွေး စုံလင်လှသော တိမ်ပုံသဏ်ဋ္ဌာန်များ ထွက်ပေါ်လာသည်ဟုပင် ထင်ရလေသည်။ 


သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များနှင့် ချိုမြမွှေးပျံ့ လှသော ရနံ့များက အခန်းထဲ ပြည့်နက်နေသည်။ ထိုရနံ့ ကိုရှူရှိူက်မိသော မည်သူမဆို သရေတမြားမြား ကျလာပေလိမ့်မည်။


 ပုဖန်က နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက် သည်။ သူ့ကိုကြည့်ရသည်မှာ စားချင်စိတ်များ မရိုးမယွ ဖြစ်နေပုံ ပေါ်နေသည်။ 


.....


မြို့ရိုး တံတိုင်း ထိပ်၌ ရပ်နေသော ဂျိချန်းရွဲ့၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ စစ်သင်္ဘောမှ ပျံသန်း ထွက်ပေါ်လာပြီး လေထုထဲ၌ ရပ်နေသော လူတစ်ယောက်ကို သူတို့တွေလိုက်ရ၏။ ထိုသူ့ဆီမှ ကြောက်စရာကောင်းလှသော အော်ရာများ တရှိန်ရှိန် ထွက်ပေါ်နေသည်။ ထိုသူက တန်ခိုးရှင် အဆင့်တစ်ယောက်ပင် ဖြစ်သည်။


ထိုသူက ထွက်ပြေး လွတ်မြောက်လာသော တစ်ဦးတည်းသေါ တန်ခိုးရှင် အဆင့်တစ်ယောက်ပင် ဖြစ်သည်။  


တိမ်ဖြူစံအိမ် နှင့် တိုက်ခိုက်ရာမှ သူဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း အင်ပါယာ၏ စစ်သည်တော်များနှင့် ရင်ဆိုင်ရာ၌ တွန့်ဆုတ်ခြင်းမရှိပေ။ ထိုသူများ အားလုံးကို ပုရွတ်ဆိတ်ကဲ့သို့သော ဖြစ်တည်မှုမျိုးဟုသာ တွေးထင်ထားလေသည်။


သူတို့ထဲ၌ တန်ခိုးရှင်အဆင့်တစ်ယောက်မျှတောင်မရှိလေရာ အဘယ်ကြောင့်သူတို့ကို ကြောက်ရမည်နည်း။


လျင်ခိုင်က သဘေ်ာ၏ဦးထိပ်တွင် ရပ်နေတုန်းပဲဖြစ်သည်။အင်ပါယာမှလူများနှင့်ရင်ဆိုင်ရာ၌ သူကိုယ်တိုင်လှုပ်ရှားရန်မလိုပေ။


ထိုသူများက လေ့ကျင့်ခန်းကွင်းပြင်များတွင် နေထိုင်ကြသော ရှေးလူမျိုးများသာဖြစ်သည်။


မဟာဂိုဏ်းမှ တပည့်များနှင့်ပင်သူတို့ကိုရင်ဆိုင်ဖို့လုံလောက်နေလေပြီ။

သူက စစ်သဘော်ပေါ်မှာ သာနေပြီးသူတို့တိုက်ခိုက်သမျှကို ပျော်ပျော်ကြီးစောင့်ကြည့်နေရုံသာရှိသည်။


မသာဂိုဏ်းက နဂါးမြို့ဟောင်းတိုက်ကြီး၌ရှိသော ဂိုဏ်းအများအပြားကိုသုတ်သင်ရှင်းလင်းခဲ့သည်။


ထိပ်တန်းတန်ခိုးရှင်ပင်မရှိသော အင်ပါယာငယ်လေးတစ်ခုက သူတို့ကို မည်သည့်နည်းနဲ့မျှတားဆီးနိုင်လိုက်မယ်မဟုတ်ပေ။ အကယ်၍သူတို့က ဟန့်တားနှောက်ယှက်လျှင် အင်ပါယာတစ်ခုလုံးကို အမြစ်ဖြတ် သုတ်သင်ပစ်လိုက်ပေမည်။


"မင်းတို့အားလုံးက ပုရွတ်ဆိတ်သာသာတွေပဲ..."


မဟာဂိုဏ်းမှတပည့်မှ အထင်မြင်သေးဟန်ပြုံးလိုက်သည်။ 


ရှောင်မန်၏ အကြည့်များက တင်းမာခက်ထန်သွားသည်။ထိုတန်ခိုးရှင်အဆင့်ဆီမှ ဖြာထွက်နေသာ အော်ရာများက အလွန်ပင်အားကောင်းလှသည်။ ထို့သော်လည်း ရှောင်မန်က သူကိုအနည်းငယ်မျှ ကြောက်ရွံမှုမရှိပေ။


သူ၏လက်ကိုအသာလှုပ်ခတ်လိုက်ပြီး သူ၏သိုလှောင်အိတ်ထဲမှ အငွေ့တစ်ထောင်းထောင်းထနေသောစပ်ပြဲလန်ခေါက်ဆွဲကို ထုတ်ယူလိုက်သည်။ စွပ်ပြုတ်ရည်က ပတ္တမြားရောင်သန်းနေပြီး ခေါက်ဆွဲနံမွှေးမွှေးလေးထွက်ပေါ်နေသည်။


တင်းမာခက်ထန်နေသော ရှောင်မန်၏အမူအရာက ချက်ချင်းပင်တက်ကြွသွားသည်။ သူက ပါးစပ်ကျယ်ကျယ်ဟ၍ ခေါက်ဆွဲတစ်လုပ်ကို ပလုတ်ပလောင်းစားလိုက်သည်။ စပ်ပြဲလန်ခေါက်ဆွဲတစ်ပန်းကန်လုံးကိုနှစ်လုတ်ထဲဖြင့် အပြတ်ရှင်းလိုက်၏။


မဟာဂိုဏ်းမှ ပညာရှင်က ထိုထူးဆန်းသော မြင်ကွင်းကိုကြည့်၍ အံအားသင့်ကြောင်အနေကြသည်။ 


တစ်ယောက်ထဲကြောင်အနေခြင်းမဟုတ်... စစ်သဘော်ထိပ်တွင်ရပ်နေသော လျင်ခိုင်ကလည်း ထိုမြင်ကွင်းကြောင့်အံအားသင့်သွားသည်။ အချိန်ခဏမျှကြာမှသာ သူခက်ခက်ခဲခဲ ကြိုးစား၍ ပြုံးလိုက်မိသည်။ 


"ဒီရှောင်မန်က.... ကြည့်ရတာရူးနေပုံပဲ "


"မင်းကမသေခင် အချိန်လေးမှာ စားချင်တာလေးတွေ အပြေးလွှားစားနေတာလား...ဒါမှမဟုတ်...မင်းလိုမျိုး အဆင့်၈ ပညာရှင်တစ်ယောက်ကခေါက်ဆွဲတစ်ပွဲစားပြီးတာနဲ့တန်ခိုးရှင့်အဆင့် တစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မယ်လို့ထင်နေတာလား..."


သူက သင့်စောင့်ဆေးတစ်မျိုးမျိုးကိုစားသည်ဆိုလျှင် အကျိုးကြောင်းသင့်ပေသေးသည်။သူစားလိုက်သည်က ခေါက်ဆွဲတစ်ပွဲမျှသာဖြစ်သည်။


မတိုက်ခိုက်ခင် ခေါက်ဆွဲတစ်ပွဲအရင်စားတယ်..ဘယ်လိုတောင်ထူးဆန်းတဲ့အကျင့်လဲ...


ခေါက်ဆွဲတစ်ပွဲစားပြီးနောက် သူ၏ ခန္ဓာ ကိုယ်ထဲ၌ အစစ်မှန်စွမ်းအင်များလှုပ်ခတ်မြည်ဟီးလာသည်ဟု ခံစားမိလိုကိသည်။ 

မျက်ဝန်းအိမ် အတွင်း၌လဲ မီးတောက်များလောင်ကျွမ်းနေသကဲ့သို့ တောက်ပလင်းလက်လာသည်။


ပန်းကန်လုံးကို မြေပြင်ပေါ်သို့ ပစ်ပေါက်ခွဲလိုက်သည်။ကွဲကြေသွားသော ပန်းကန်အစအနလေးများက အဖက်ဖက်သို့လွှင့်စင်သွားလေသည်။


ရှောင်မန်၏ ခန္ဓာကိုယ် ထဲ၌စွမ်းအင်များဖြင့် ပြည့်နှက်လာသည်။ သူကအရာရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော လူတစ်ယောက်ဟုပင်ခံစားလာရသည်။ သူကမဟာဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်ကို စူးရဲစွာစိုက်ကြည့်လိုက်ပြီး အော်ဟစ် မာန်သွင်း၍ မြေပြင်ကို ပြင်းထန်စွာစောင့်နင်းချလိုက်သည်။


သူ့ခြေထောက်အောက်မှ တုန်ခါမြည်ဟီးသံများ ထွက်ပေါ်လာပြီး မြို့တံတိုင်းက တုန်ခါသွားသည်။ရှောင်မန်က သူ့၏ ဓားကို ဆွဲထုတ်လိုက်ပြီး မဟာဂိုဏ်းမှ ကျွမ်းကျင်ပညာ ရှင်ထံသို့ အရှိန်ဖြင့် တိုးဝင်သွားသည်။


အစစ်အမှန် စွမ်းအင်များလှိမ့်တက်လာသကဲ့သို့ ဓားအလင်းကလည်း တစ်ချက်လက်သွားသည်။ရှောင်မန် အလျှင်စလို လှုပ်ရှားလိုက်သည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှောက်ယုကလည်း အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲပန်းကန်ကို ထုတ်ယူလိုက်သည်။


သူခေါက်ဆွဲတစ်ပွဲကို နှစ်လုတ်တည်းဖြင့်အပြတ်ရှင်းလိုက်ပြီးနောက် သူ့၏ အော်ရာများက စတင်၍ မြင့်တက်လာသည်။ဓားပညာရှင်တစ်ယောက်ဖြစ်သော သူ့၏ ဓားစွမ်းရည်များက အလွန်ပင် အင်အားကြီးမားလှသည်။ဓားသမားများက သန်မာအားကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားကြသည်။


ကောင်းကင်ကိုပင် ဆုတ်ဖြဲ ပစ်တော့မယောင်ထင်ရသော ဓားအလင်းတစ်ချက်က ရှောင်မန်၏ နောက်မှနေ၍ လိုက်ပါသွားလေသည်။


မဟာဂိုဏ်းမှ ပညာရှင်က သူတို့နှစ်ဦးလုံးကို အထင်အမြင်သေးဟန်နှင့် ကြည့်လိုက်သည်။


"စစ်နတ်ဘုရားတစ်ယောက်နဲ့ သူတော်စင် အဆင့်တစ်ယောက် .....အသုံးမဝင်တဲ့ ပုရွတ်ဆိတ်လိုလူတွေက ငါလို တန်ခိုးရှင် တစ်ယောက်ကို တိုက်ခိုက်ရဲတယ်လား......သူတို့က ငရဲကို သွားချင်နေတာပဲ ဖြစ်လိမ့်မယ်....."


သူက မာန်သွင်း၍ ကျုံးဝါးလိုက်သည်နှင့် သူ့၏ လက်သီး၌ တောက်ပလှသော မီးတောက်များ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို မီးတောက်များက ဖုံးလွှမ်းသွားလေသည်။


ဘန်း.....ဘန်း.....ဘန်း.....


သူက ထိုသူနှစ်ဦးထံသို့ မီးတောက်လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။သူ့၏ မီးတောက်လက်သီးက ချက်ချင်းပင် နဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှောင်မန်နှင့် ရှောင်ယုဆီသို့ တိုးဝင်သွားသည်။


သူကဲ့သို့ တန်ခိုးရှင်တစ်ယောက်၏ ခွန်အားများက ထိုပုရွတ်ဆိတ်နှစ်ကောင်ကို သေချာပေါက် ချေမွပစ်နိုင်မည်ဟု ယုံကြည်ထားလေသည်။


အထင်မြင်သေးစွာဖြင့် ရပ်နေသော လျန်ခန့်၏ အမူအရာက တည်ကြည်လေးနက်သွားသည်။သူရှေ့မှ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမတက်နိုင်စွာပဲ အံ့အားသင့်သွားလေသည်။


"သူတို့နှစ်ယောက်ဆီက ထွက်ပေါ်လာတဲ့ အော်ရာတွေက အရမ်းကို များနေတယ် ဘာတြွေဖစ်နေတာလဲ.....ဒါက အဆင့် ၈ အဆီအနှစ် ပွင့်ထွက်ဆေးလုံးကို စားလိုက်တဲ့ ရလဒ်နဲ့ တူညီနေတယ် သူတို့က အဲ့ဒီသက်စောင့်ဆေးကို ခေါက်ဆွဲထဲမှာ ရောထားတာလား......ဒါလည်း မဖြစ်နိုင်ဘူး ဟုတ်တယ်မဟုတ်လား.....သူတို့က ခေါက်ဆွဲထဲမှာ ရောထားနိုင်တယ်ဆိုရင် သူတို့ဆေးလုံးကြီးပဲကို သောက်လိုက်လို့ရတယ်မဟုတ်ဘူးလား.....ဘာလို့ အဲ့ဒီလိုမျိုး ရောရတာလဲ......"


ရှောင်မန်နှင့် တန်ခိုးရှင် ပညာရှင်တို့ ထိပ်တိုက်တွေ့ဆုံပြီး စတင် တိုက်ခိုက်ကြလေသည်။သူတို့နှစ်ဦးဆီမှ ထွက်ပေါ်လာသော စွမ်းအားများက ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ဘောင်ပင် ရိုက်ခတ်နေ၏။


အဆင့် ၈ စစ်နတ်ဘုရားဖြစ်သော ရှောင်မန်က တန်ခိုးရှင် အဆင့်တစ်ယောက်ကို ဆုံးရှုံးသွားခြင်းမရှိပဲ အဆက်မပြတ် ဆန့်ကျင် တိုက်ခိုက်ပေ၏။ဆိုင်ငယ်လေး၏ မီးဖိုချောင်ခန်းထဲ၌ အရောင်အသွေးစုံလင်လှသော တိမ်အခိုးအငွေ့များက တဖြေးဖြေး သိပ်သည်းလာပြီးနောက် တဖြေးဖြေးစတင်လွင့်ပါးလာသည်။


ပုဖန်က စိတ်ပျော်ရွှင် ကျေနပ်စွာဖြင့် ပေါင်းခံခြင်း အဖုံးကို ဖွင့်လိုက်သည်။


ထိပ်တန်း ကျိုင်းပုစွန်ကို ချက်ပြုတ်ပြီးစီးသွားလေပြီ။


ခပ်ဖျော့ဖျော့ အလင်းတန်း ခုနစ်ရောင် ထုတ်လွင့်နေသော တောက်ပလှသည့် ပုစွန်အသားမှ မွှေးရနံ့သင်းသင်းလေးကလည်း လွင့်ပျံနေ၏။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ဆင့်ခေါ်လိုက်ပြီး ပုစွန်အခွံကို ဖွင့်ဟလိုက်သည်။အခွံကျွတ်သွားသည်နှင့် တစ်ပြိုင်နက် ဖြူဖွေးနူးညံ့လှပြီး အနည်းငယ် အကြည်ရောင်သန်းနေသည့် အသားလေးပေါ်လာလေသည်။ပုစွန်အသားပေါင်းမှနေ၍ ဆွဲဆောင်မှုရှိလှသော မူးယစ်ဖွယ်မွှေးရနံ့လေးများ ထုတ်လွင့်နေသည်။ပုဖန်က ပုစွန်ပေါင်းကို တစ်ဖဲ့ ဖဲ့လိုက်ပြီး တစ်ကိုက် ကိုက်ဝါးလိုက်သည်။


အလွန်နူးအိနေသော အသားဖတ်လေးကို မြိုချလိုက်ပြီးနောက် ပုဖန်၏ မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်သွားပြီး လုံးဝ ကြက်သေသေနေလေသည်။


သူ ပုစွန်ပေါင်းကို ယူလိုက်ပြီး မီးဖိုချောင်ထဲမှ လျှောက်ထွက်လာလိုက်သည်။သူက ဆိုင်ပေါက်ဝသို့ လျှောက်သွားရင်းဖြင့် ထိုပုစွန်ပေါင်းကိုလည်း စားနေ၏။


ကွမ်ရှောင်ယီ ရှောင်ရှောင်လုံနှင့် ဆိုင်အတွင်းမှာရှိနေသော စားသုံးသူများက တံခါးဝ၌ စုပြုံ တိုးဝှေ့နေကြသည်။သူတို့က မြို့တံတိုင်းပေါ်မှ တိုက်ပွဲကို သေချာစောင့်ကြည့်နေကြ၏။


သူတို့က တိုက်ပွဲကိုသာ အာရုံစူးစိုက်ကြည့်နေကြသော်လည်း သူတို့၏ နှာခေါင်းများကတော့ မွှေးရနံ့များကို မိမိရရ ဖမ်းယူလိုက်နိုင်ပေသည်။ပင်လယ်စာ မွှေးရနံ့ကြောင့် သူတို့ မထိန်းချုပ်နိုင်တော့ပဲ အနံ့ထွက်ပေါ်လာရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။


ပုဖန်ကို မြင်လိုက်ရသောကြောင့် သူတို့၏ အမူအရာများက အနည်းငယ် ထူးဆန်းသွားသည်။ပုဖန်က ဓားသွေးကျောက် အရွယ်အစားခန့် ရှိသော ပုစွန်ပိုင်းတစ်ပိုင်းကို ကိုင်ထားသည်မှာ ရယ်စရာကောင်းလှသည်။


"ပလပ်.....ပလပ်.....အဲ့ဒီလူတွေက အင်ပါယာမြို့တော်ကို နောက်တစ်ခေါက်ထပ်ပြီး ပြဿနာလာရှာကြပြန်တာလား....."


ပုဖန်က ရှောင်မန်ဆီ လှမ်းကြည့်ရင်းဖြင့် ပုစွန်ကို အဆက်မပြတ်ဝါးနေသည်။ကောင်းကင်ထက်တွင် တန်ခိုးရှင်အဆင့်နှင့် တိုက်ခိုက်နေသော ရှောင်မန်ကို ကြည့်၍ သူစပ်ပြဲလန် ခေါက်ဆွဲ စားထားပြီးပြီမှန်း သိလိုက်သည်။


ရှောင်မန်၏ အခြေခံအုတ်မြစ်က တော်တော်လေး ထူးကဲလှသည်။ထိုသို့ မဟုတ်လျှင် သူ စပ်ပြဲလန်ခေါက်ဆွဲ တစ်ပွဲ စားလိုက်လျှင်တောင်မှ တန်ခိုးရှင် အဆင့်ကို ယှဉ်ပြိုင် တိုက်ခိုင်နိုင်လိမ့်မည် မဟုတ်ပေ။


လူတစ်ယောက်၏ အခြေခံအုတ်မြစ်ခိုင်မာလေလေ စပ်ပြဲလန်ခေါက်ဆွဲစားပြီး နောက် ခွန်အားတိုးတက်မှုက ပို၍မြင့်မားလေဖြစ်သည်။


သူတိုပိုတိုက်ခိုက်လေလေ မဟာဂိုဏ်းမှပညာရှင်မှ ပို၍ အံအားသင်လာလေလေ ဖြစ်လာသည်။


အဆင့်၈ စစ်နတ်ဘုရားတစ်ပါးကို ယှဉ်ပြိုင် တိုက်ခိုက်နေရခြင်းကြောင့် သူဒေါသထွက်လာပြီး ပို၍စိတ်မတည်မငြိမ်ဖြစ်လာသည်။


ရုတ်တရက် သူ၏နောက်ကျောဘက်စီမှာ စူးရှလှသော လေတိုးသံတစ်ချက် ထွက်ပေါ်လာပြီး သူ၏ နှလုံးသားက တုန်လှုပ်သွားသည်။


သိပ်သည်းလှသော အမှောင်ထုထဲသို့ အလင်းရောင်တစ်ချက်ကျဆင်းသွားသလိုမျိုး ဓါးချက်က သူ ခန္ဓာကိုယ် ပေါ်၌နက်နက်ရှိုင်းရှိုင်းထင်ကျန်ရစ်ခဲ့သည်။


သွေးများက နေရာအနှံ လွှင့်စင်သွားသည်။


ရှောင်မန်က ထိုအခွင့်ရေးကို မိမိရရ ဆုပ်ကိုင်လိုက်ပြီး သူ၏ဓါးကိုလွဲရမ်း၍ တန်ခိုးရှင်ပညာရှင်ဆီသို့ ပြင်းထန်စွာတိုက်ခိုက်လိုက်သည်။


ထိုသူက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး ကောင်းကင်ပေါ်မှနေ၍ပြုတ်ကျလာသည်။ကျယ်လောင်သောအသံနှင့် အတူ သူ၏ ခန္ဓာကိုယ်က မြေကြီးထဲ နှစ်ဝင်သွားလေ၏။


ရှောင်မန်က သူ၏ဓါးကို လက်တစ်ဖက်ဖြင့်တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး.စစ်သဘော်ကြီးရှိရာသို့ စူးစူးရဲရဲကြည့်လိုက်သည်။


ရှောင်ယုက သူ့ဓါးကိုခပ်ဖွဖွ ပွတ်သပ်လိုက်ပြီး ဘေးနား၌တိတ်ဆိတ်စွာရပ်နေလေသည်။သားအဖနှစ်ယောက်ဆီမှ ပြင်းထန်လှသော တိုက်ပွဲဆာလှောင်မှုများ လွင့်ပျံ့ထွက်ပေါ်နေသည်။


ဂျိချန်းရွဲ့က ထိုမြင်ကွင်းကိုစိတ်လှုပ်ရှားစွာဖြင့်ကြည့်ပြီးလက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားလေသည်။


နောက်ဆုံးတော့ လေအလင်းအင်ပါယာ၌ တန်ခိုးရှင်အဆင့်ကိုပင် အနိုင်တိုက်ခိုင်နိုင်သည့် စွမ်းအားရှိသူများပေါ်ပေါက်လာပေပြီ။