အပိုင်း ၄၀၈
Viewers 53k

အခန်း ၄၀၈

မပြန်ခင် ခေါက်ဆွဲစားသွားမယ်....


လျန်ခိုင်က သဘော်လက်တန်းကိုမှီ၍ အောက်ဘက်စီသို့ စူးစိုက်ကြည့်နေသည်။ သူ၏နှူတ်ခမ်းများက မထီမဲ့မြင်ဟန်အပြည့်ဖြင့်တွန့်ကွေးနေ၏။


ခေါက်ဆွဲတစ်ပွဲက စစ်နတ်ဘုရား တစ်ပါးလိုပင် ယှဉ်ပြိုင်တိုက်ခိုက် နိုင်စွမ်းရအောင် ပြုလုပ်ပေးလေသည်။ ဒါတောင်မှ ထိုတန်ခိုးရှင်ကို မြေပြင်သို့ နစ်ကျွံသွားအောင် ရိုက်ချနိုင်ခြင်းကို ထည့်မပြောပြ ရသေးပေ။ထိုတန်ခိုးရှင်က ဒဏ်ရာရ ထားသော်လည်း တန်ခိုးရှင်အဆင့်စွမ်းအားက နောက်စရာမဟုတ်ပေ။ 


စစ်နတ်ဘုရား၏ တိုက်ပွဲ စွမ်းရည်တိုးတက်လာခြင်းက တကယ့်ကို သာမန်မဟုတ်ချေ။


 တန်ခိုးရှင်အဆင့် ပညာရှင်က မြေပြင်ပေါ်ရှိ အကျိုးအပျက်များ ကြားထဲမှ တွားသွားထွက်လာပြီး မတ်တတ်ရပ် လိုက်သည်။ သူ့၏ သနားစရာကောင်းလှသော အခြေအနေကို လူတိုင်း မြင်နိုင်ပေသည်။ သူ့ရင်ဘတ်ရှိ ကြီးမားနက်ရှိုင်းလှသော ဓားဒဏ်ရာမှ သွေးများ အဆက်မပြတ် ယိုစီး ကျနေပြီး သွေးနံ့များကလည်း ပတ်ဝန်းကျင် တစ်ခုလုံး လွှင့်ပျံနေလေသည်။ သူ့၏ သွေးနံ့ များက ပြင်းထန်လှသည်။ ပတ်ဝန်းကျင်၌ ပျံ့နှံ့နေသော သွေးနံများက လူများ၏ နှာခေါင်းထဲသို့ အတင်းတိုးဝင်သွားသည်။ 


ထိုသွေးနံ့များကို ရှူရှိုက်မိသည့် သူတိုင်းက စတင်၍ တုန်ရီလာသည်။ အဘယ်ကြောင့် ဆိုသော် သူတို့က စိတ်လှုပ်ရှားမှုဖြင့် တုန်ရီလာကြခြင်း ဖြစ်သည်။ နောက်ဆုံး၌ လေအလင်းအင်ပါယာ တွင် တန်းခိုးရှင် အဆင့်ကိုပင် ဆန့်ကျင်တိုက်ခိုက်မည့်သူ ရှိလာပေပြီ။ သူတို့၏ အစွမ်းအစက စပ်ပြဲလန် ခေါက်ဆွဲ အပေါ် မူတည်နေသည် ဆိုသော်လည်း လေအလင်းအင်ပါယာ မှလူများက ထိုအချက်ကို ထည့်သွင်းဂရုမစိုက်ကြပေ။ 


တန်ခိုးရှင် အဆင့်တစ်ယောက်ကို အနိုင်ယူနိုင်မည်ဆိုလျှင် ခေါက်ဆွဲပွဲ သုံးလိုက်ရခြင်းက ဘာဆို ဘာမှ မဖြစ်ပေ။ 


လျန်ခိုင်က သင်္ဘောဘောင်တန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သူ့၏ အောက်ရှိ လေထဲတွင်ရပ်နေသော ရှောင်သားဖကို စူးစိုက် ကြည့်လိုက်သည်။ အဆီအနှစ် ပွင့်ထွက် သက်စောင့်ဆေး ကို စားထားသည် ဆိုလျှင်ပင် စစ်နတ်ဘုရားတစ်ပါးက တန်ခိုးရှင် တစ်ယောက်ကို ယဉ်ဆိုင်တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကြားမှ ခွန်အားကွာခြားချက်က အလွန် ကြီးမားနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူရှေ့မှ မြင်ကွင်းက ထိုအချက်များကို ပြောင်းပြန်လှန်ပြစ် လိုက်သည်။


"ငါတို့ မဟာဂိုဏ်းက တပည့်တွေက အရမ်းအားနည်းနေတာလား... "


မဖြစ်နိုင်ပေ။ သူတို့မဟာဂိုဏ်းက တပည့်များ၏ စွမ်းအင် ကျင့်ကြံမှုက ထိပ်တန်းမဟုတ်သော်လည်း သူတို့အသုံးပြုသည့် နည်းလမ်းများက လေ့ကျင့်ရေးကွင်ပြင်မှ လူရိုင်းများထက်သာလွန်ပေသည်။ သူတို့ဂိုဏ်းက တပည့် တန်းခိုးရှင် ပညာရှင်က ရှုံးနိမ့်ခဲ့ရသည်ဆိုပေမယ့်....ထိုတပည့်က ပင်ကုန်းမင်ထက် အားနည်းသည် ဆိုပေမယ့်... မူမမှန်တာ တခုခုတော့ရှိနေပေသည်။ 


လျန်ခိုင်က အဖြစ်ပျက် တစ်ခုလုံးကို ခြုံ၍ကြည့်လိုက်သော်လည်း အငွေ့တထောင်းထောင် ထနေသော ခေါက်ဆွဲက သူတို့၏ စွမ်းအင်များကို တိုးပေးခြင်းဖြစ်မည်ဟုသာ တွေးမိသည်။ 


အကယ်၍ ထိုသူက ရူးမနေခဲ့လျှင် မတိုက်ခိုက်ခင် ခေါက်ဆွဲတစ်ပွဲ စားလိမ့်မည် မဟုတ်ပေ။ ထိုခေါက်ဆွဲပွဲ၌ မူမမှန်မှု တစ်ခုခု ရှိနေသည်မှာ သေချာသည်။ ထိုခေါက်ဆွဲပွဲက အထင်ကြီးစရာကောင်းပေသည်။ 


"ပေကုန်းမင်... အဲ့ဒီ့ ပုရွတ်ဆိတ် နှစ်ကောင်ကို သေချာ ဂရုစိုက်ပေးလိုက်... ငါတို့မဟာဂိုဏ်းရဲ့ စွမ်းအားကို အဲ့ဒီ့ပုရွတ်ဆိတ် တွေကို ခံစားခိုင်းလိုက်....''


လျန်ခိုင်က သူ့၏ နောက်၌ ရပ်နေသော ပေကုန်းမင်ကို ပြောလိုက်သည်။


ပေကုန်းမင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်၊မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး လျန်ခိုင်ကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်သည်။ လျန်ခိုင်က ထိုအကြည့်များကို ခံစားမိလိုက်သလိုမျိုး အနောက်သို့ တဖြေးဖြေး လှည့်ကြည့် လိုက်သည်။


 သူက အထင်အမြင်သေးသည့် အမူအရာဖြင့် ပင်ကုန်းမင် ကို စူးစိုက်ကြည့်လိုက်၏။


"မင်း အဲ့ပုရွက်ဆိတ်တွေကို သွားမသတ်မရဲဘူးလို့ ငါ့ကိုလာမပြောနဲ့...မင်းက အရင်တုန်းက ငါ့ကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ သူမဟုတ်ဘူးလား... ''


ပေကုန်းမင်၏ မျက်ဝန်းထဲ၌ ဒေါသအရိပ်အရောင်များ ဖြတ်ပြေးသွားလေသည်။ သူအေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး စစ်သင်္ဘော၏ အပြင်ဘက်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ ခွန်အားများ လွှင့်ထုတ်လိုက်ပေသည်။ 


ပေကုန်းမင်က မဟာဂိုဏ်းက အတွင်းစည်းတပည့်တစ်ရောက်ပင် ဖြစ်သည်။ သူ တစ်ချိန်တုန်းက လျန်ခိုင့်ကိုပင် ဆန့်ကျင် တိုက်ခိုက်ခဲ့ဖူးသည်။ လျန်ခိုင်က သူ့ကို အနိုင်ယူခဲ့သည်ဆိုသော်လည်း သူ့၏ ခွန်အားကို အသိအမှတ်မပြု၍ မရပေ။


 အလွန်တန်ခိုးထက်သည်၊ သူက အလယ်အလတ် တန်ခိုးရှင် အဆင့် သာဖြစ်သော်လဲ အနောက်ပိုင်း တန်ခိုးရှင်အဆင့် အစွမ်းများကို ပိုင်ဆိုင်ထားသည်။ 


"ထားလိုက်တော့... ငါပြောတာကိုမေ့လိုက် စစ်သင်္ဘောမှာပဲ နေခဲ့လိုက်တော့...''


ပေကုန်းမင် စစ်သင်္ဘောပေါ် မှ ပျံသန်းထွက်ခွာသွားတော့ မည့်အချိန်မှာပင် လျန်ခိုင်၏ ပျင်းရိလေးတွဲသော အသံကို ကြားလိုက်ရ၏။


ထိုအချိန်မှာပင် ပေကုန်းမင်၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်သွားသည်။ အကန့်အသတ်မဲ့ ဖိအားများ ပြိုဆင်းကျလာသည်ဟု ခံစားလိုက်ရပြီးနောက် ထိုပြင်းထန်သည့် အင်အားများက သူ့ကို ပြင်းထန်စွာ ဆောင့်တိုက်ချလိုက်၏။


 ဘန်း...


ကျယ်လောင်လှသော အသံကိုကြားလိုက်ရပြီး ပင်ကုန်းမင်၏ ခန္ဓာကိုယ်က သဘောင်္ဝမ်းဗိုက်ထဲသို့ ပစ်ကျသွားသည်။ ပြင်းထန်လှသော အင်အား၏ တွန်းကန်ခံရမှုကြောင့် သူ့၏ နှာခေါင်းမှ သွေးများပင် ယိုစီးကျလာသည်။


"လျန်ခိုင်..."

 

ပေကုန်းမင်ကအလွန် ဒေါသထွက်သွားသည်။ သူ ဒေါသတကြီးနှင့် အသံကုန် အော်ဟစ်လိုက်ကာ လျန်ခိုင်ရှိရာဆီသို့ ပြန်ပြေးတက်လာလေသည်။ 


"ဟားးဟားး...''


"မင်းက ပုရွက်ဆိတ် တစ်ကောင်ပဲလေ...

ငါက မဟာဂိုဏ်းရဲ့ ကောင်းကင်ဘုံ အမွေခံတစ်ယောက်... ငါ့ရဲ့တည်ရှိမှုက မင်းဘဝတစ်လျှောက်လုံး မျှော်ကြည့်နေရမယ့် တည်ရှိမှုမျိုးပဲ...''

 

လျန်ခိုင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးနောက် သူ့၏ လက်တစ်ဖက်ကို အသာ ပင့်မြောက်လိုက်သည်။ ကမ္ဘာမြေကြီး၏ စွမ်းအားများက သူ့၏ ပတ်ဝန်းကျင်၌ လာရောက် စုစည်းသလိုပင် ထင်ရသည်။ ပင်ကုန်းမင်က နေရာမှပင် ရွေ့လို့မရအောင် ဖိအားပေးခံလိုက်ရပြီး သူ့၏ခန္ဓာကိုယ် တစ်ခုလုံးက တောင့်တင်းသွားသည်။နှာခေါင်း မှလည်း သွေးများ ယိုစီးကျလာပြီး ကြမ်းပြင်ပေါ်သို့ တစ်တောက်တောက် ယိုစီးကျလာသည်။ 


လျန်ခိုင်က လက်ဖျောက်တစ်ချက်တီးခတ်လိုက်ရာ ပြင်းထန်လှသော အင်အားများက ပေကုန်းမင်၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ်ဝင်ဆောင့် လိုက်ပြန်သည်။


ပင်ကုန်းမင်၏ ခန္ဓာကိုယ်က လွှင့်မြောက်သွားပြီးနောက် စစ်သင်္ဘောကုန်းပတ် ပေါ်သို့ ပြန်လည် ပြုတ်ကျလာသည်။ လျန်ခိုင်က လဲကျနေသော ပင်ကုန်းမင် ကို အမှိုက်သရိုက် တစလို လှောင်ပြောင် ကြည့်လိုက်သည်။


အတိတ်တစ်ချိန်တုန်းက ပင်ကုန်းမင်က သူ့ကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူးသည်။ ယခုချိန်၌မူ သူ့ရှေ့တွင် ခွေးသေတကောင်ကဲ့သို့လဲကျ နေပေသည်။ ထိုကဲ့သို့ စိတ်ကျေနပ်စရာ ခံစားချက်ကြောင့် သူ့ခန္ဓာကိုယ်ရှိ အကြောအချဉ်များပင် ပွင့်၍ လန်းဆန်းသွားသည်ဟုပင် ထင်ရသည်။ 


လဲကျနေသော ပင်ကုန်းမင်ကို ထပ်မံ ဂရုမစိုက်တော့ပဲ လေထုထဲသို့ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ကာ သင်္ဘောပေါ်မှ ထွက်ခွာလိုက်သည်။ 


ရှောင်မန်နှင့် ရှောင်ယုတို့က စစ်သင်္ဘောပေါ်မှ ဖြစ်ပျက်သမျှကို ဘာမှမသိကြပေ။


သူတို့က လျန့်ခိုင်ကို မလွှဲတမ်း စိုက်ကြည့်နေကြသည်။ရှေ့မှ ထိုသူက စစ်သင်္ဘော၏ ပိုင်ရှင်ဖြစ်မှန်း ရှောင်မန်သိပေသည်။သူက စစ်သင်္ဘောကြီအတွင်းမှ အဆင့်မြင့်ဆုံး သူတစ်ယောက် ဖြစ်နိုင်သည်။


သူလေ့လာချက်များအရ ထိုသူ၏ စွမ်းအင်အဆင့်က ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ထိုသူက တန်ခ်ိုးရှင်အဆင့် တည်ရှိမှုမျိုးပင် ဖြစ်လိမ့်မည်။ရှုရ ဂ်ိုဏ်းမှ ကြောက်စရာကောင်းလှသော မကောင်းဆိုးဝါးနှင့်တူသည့် သူမျိုးပင် ဖြစ်ပေမည်။


ရှောင်မန်က ဖြစ်နိင်ချေများအားလုံးကို ခန့်မှန်းလိုက်သော်လည်း ထိုသူကို အနည်းငယ်မျှပင် ကြောက်ရွံ့မှု မရှိပေ။သူကိုယ်မှ တောက်ပသော အရှိန်အဝါများကလည်း ထွက်ပေါ်နေဆဲ ဖြစ်သည်။သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး စပ်ပြဲလန် ခေါက်ဆွဲတစ်ပန်းကန်ကို ထုတ်ယူလိုက်သည်။


စွပ်ပြုတ်ရည်များက အနည်းငယ် ဖိတ်စင်သွားပြီး လေထုထဲ မွှေးပျံ့လှသော ရနံ့များ ပြည့်နှက်သွားသည်။ရှောင်မန်က သူ့၏ စွမ်းအားအခြေအနေ ထိပ်ဆုံးအဆင့်၌ ရှိရန်အတွက် နောက်ထပ် ခေါက်ဆွဲတစ်ပွဲ စားရန် ပြင်လိုက်သည်။


သူ့၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအားများ ပြည့်နှက်နေသည့် ခံစားမှုကို ကြိုက်နှစ်သက်နေပေပြီ။သူခေါက်ဆွဲပန်းကန်ကို မစားခင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။


ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားတစ်ရပ်က သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိနှိမ့်ထားသောကြောင့် ကြွက်သားတစ်မျှင်မျှပင် လှုပ်ရှား၍ မရနိုင်ပေ။သူခေါက်ဆွဲ တစ်ပွဲကို စားဖို့ပင်နေနေသာသာ ပင့်မ၍ ပင် မထားနိုင်တော့ပေ။


"ဘာဖြစ်သွားတာလဲ...."


ရှောင်မန်က မျက်လုံးပြူးများဖြင့် ပြုံး၍ ရပ်နေသော လျန့်ခိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။


လေထဲ၌ ထောင်လွှားစွာ လွင့်မျောနေသော လျန့်ခိုင်က သူ့ရှိရာဆီသို့ အေးဆေးသက်သာစွာ လျှောက်လာသည်။


"ဒီခေါက်ဆွဲက မင်းရဲ့ စွမ်းအားကို မြင့်တင်ပေးတာပေါ့ ဟုတ်လား......တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ ......"


လျန့်ခိုင်က ငြင်သာစွာ ပြောလိုက်ပြီး သူ့၏ လက်ကို အသာလေး မြှောက်လိုက်သည်။လေလှိုင်းတစ်ချက် ရိုက်ခတ်သွားပြီး ရှောင်မန်လက်ထဲမှ ခေါက်ဆွဲ ပန်းကန်က လျန့်ခိုင်ရှိရာဆီသို့ ပြန့်လွင့်သွားလေသည်။ရှောင်မန်က အံ့အားသင့်သွားသည်။


"ဒါ ဘယ်လို စွမ်းအားမျိုးလဲ....."


ထိုသူက နေရာမှပင် ရွေ့လျားမှု မရှိပဲ လက်တစ်ချက် ဝှေ့လိုက်ရုံဖြင့်ပင် ရှောင်မန်လက်ထဲမှ ခေါက်ဆွဲ ပန်းကန်ကို လုယူလိုက်နိုင်သည်။


"သူက တန်ခိုးရှင် အဆင့်တစ်ယောက် မဟုတ်ဘူးလား......တန်ခိုးရှင် အဆင့်တစ်ယောက်က ဘယ်လိုလုပ်ပြီး အဲ့ဒီလောက် စွမ်းအားကြီးနေရတာလဲ......"


ရှောင်မန်၏ နှလုံးက တဒိန်းဒိန်းခုန်ပေါက်လာသည်။ထိုစပ်ပြဲလန် ခေါက်ဆွဲက တန်ခိုးရှင်အဆင့်များအပေါ် သက်ရောက်မှုရှိမရှိ သူမသိပေ။အကယ်၍ တန်ခိုးရှင်အဆင့်များပေါ်သာ သက်ရောက်မှုရှိခဲ့လျှင် ဖြစ်လာမည့်အကျိုးအဆက်က မတွေးရဲစရာပေ။


ဝှစ်......


တောက်ပနေသော နေရောင်ခြည်အလင်းတန်းက အမှောင်ထုကို မောင်းထုတ်လိုက်သကဲ့သို့ပင်... လဲ့ဖြာနေသော ဓားအလင်းက လေထုကို ဆုတ်ဖြဲလိုက်ပြီး လျန့်ခိုင်ဆီသို့ တိုးဝင်လာခဲ့သည်။


ဓားချက်က ခေါက်ဆွဲပန်းကန်ကို ထက်ပိုင်း ပိုင်းချလိုက်သည်။နီရဲလှသော စွပ်ပြုတ်ရည်များက လွင့်စင်သွားပြီး ခေါက်ဆွဲ ပန်းကန်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။


လျန့်ခိုင်၏ အပြုံးက ချက်ချင်းပင် အေးခဲသွားပြီး ရှောင်ယုကို စူးစိုက်ကြည့်လိုက်၏ ။ထိုဓားချက်က ရှောင်ယုတိုက်ခိုက်လိုက်မှန်း သူသိပေသည်။


ရှောင်ယုက သူ့၏ ဓားကို ဆုပ်ကိုင်ထားပြီး တုန်လှုပ်မှုကင်းမဲ့စွာဖြင့် လျန့်ခိုင်ကို ပြန်ကြည့်နေသည်။သူ့၏ မျက်မာပေါ်၌ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင် တစိုးတစိမျှပင်မရှိပေ။ဓားသမားများက မည်သည့်အရာကိုမှ အကြောက်အလန့်မရှိပဲ အမြဲတစေ ရဲရင့်ပြတ်သားရပေမည်။


"မင်းက သေဖို့ တောင်းဆိုနေတာပဲ......"


လျန်ခိုင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့၏ ခန္ဓာကိုယ်က နေရာမှ ပျောက်ကွယ်သွားလေသည်။ထို့နောက် ချက်ချင်းပင် ရှောင်ယု၏ ရှေ့၌ ပြန်လည် ပေါ်ထွက်လာသည်။


ရှောင်မန်နှင့် ရှောင်ယု၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။


"သူက တော်တော်မြန်တာပဲ.....သူ့ရဲ့ လှုပ်ရှားမှုက အံ့အားသင့်ဖို့ ကောင်းတယ်......"


လျန့်ခိုင်က ရိုးရှင်းလှစွာဖြင့် ရှောင်ယုဆီသို့ ဖြောင့်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ရှောင်ယုကလည်း သူ့၏ ဓားရှည်ကို လျှင်မြန်စွာမြှောက်၍ ထ်ိုလက်သီးချက်ကို ကာကွယ်ရန် ကြိုးစားလိုက်သည်။


လက်သီးနှင့် ဓားချက်တ်ို့ ဆုံတွေ့မိလိုက်သည်နှင့် သူ့၏ ဓားက အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားလေသည်။


သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲ ခံလိုက်ရသလို ခံစားလိုက်မိပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်မိသည်။ 


ဝေါ့....


ထ်ို့နောက် ရှောင်ယု၏ ခန္ဓာကိုယ်က လေထုထဲမှ နေ၍ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာဖြင့် ကျဆင်းသွားပြီး ဖုန်များ အလုံးလိုက် လိပ်တက်သွားသည်။


ရှောင်မန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ့၏ ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး လျန်ခိုင်ဆီသို့ တိုးဝင်တိုက်ခိုက်လိုက်၏။ခေါက်ဆွဲ တစ်ပွဲစားပြီးနောက် ရှောင်မန်၏ ခွန်အားက တန်ခိုးရှင်အဆင့်တစ်ယောက်ကဲ့သို့ပင် ဖြစ်လာသည်။သူ့၏ သန်မာလှသော ခွန်အားများနှင့် အစစ်အမှန်စွမ်းအင်များအားလုံးပေါင်းစပ်၍ သူ့ဓားအတွင်းသို့ အားအင် အပြည့် ထည့်ထားလိုက်သည်။သူအရှေ့မှ လူကို ထိုဓါးချက်ဖြင့် မုန်းတီးစွာပင် ထက်ပိုင်းပိုင်းပစ်လိုက်ချင်သည်။


"တန်ခိုးရှင်အဆင့်လား.....မင်းက တန်ခိုးရှင်အဆင့် ဖြစ်တော့ကော ဘာဖြစ်သေးလဲ...."


......


"အဆင့် ၈ စစ်နတ်ဘုရားတစ်ပါးကိုတောင် မယုံနိုင်လောက်အောင် စွမ်းအားတိုးစေတယ်....ဒီခေါက်ဆွဲက တကယ့်ကို အံ့အားသင့်ဖို့ကောင်းတယ်......ငါ့ရဲ့ စွမ်းအားတွေတောင် အလွန်တိုးတက်လာမယ်ဆိုရင်တော့ .....ငါ ကောင်းကင်ဘုံ အမွေခံ အဆင့်မှာပဲ ကြာကြာနေရတော့မှာ မဟုတ်ဘူး.....ငါ ဒီခေါက်ဆွဲကို လိုချင်တယ်.....ဒီခေါက်ဆွဲကို ရမြှဖစ်မယ်......"


လျန့်ခိုင်၏ မျက်ဝန်းထဲ၌ လောဘအရိပ်အယောင်များ တောက်ပြောင်လာသည်။ရှောင်မန်၏ တိုက်ခိုက်မှုက သူ့ကို အနည်းငယ်မျှပင် ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။သူ လက်တစ်ဖက်ကို အသာလေး ဝှေ့ယမ်းလိုက်ရုံဖြင့် ဓားက ကွဲကြေသွားပြီး ဓားအတွင်း၌ ပါဝင်သည့် ကြောက်မက်ဖွယ် စွမ်းအားများကလည်း လွင့်ပြယ်သွားသည်။ရှောင်မန်ကိုယ်တိုင်လည်း အနောက်သို့ လွင့်ထွက်သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။


လျန့်ခိုင်က သူ့၏ လက်ကို ဆန့်ထုတ်လိုက်သည်။ကြီးမားသော လက်ဖဝါးမှ သိပ်သည်းလှသော အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်လာသည်။သူက အော်ရာများ အားလျော့နည်းလာသော ရှောင်မန်ကို ဆွဲကိုင်လိုက်ပြီး စစ်သင်္ဘောကုန်းပတ်ပေါ်သို့ ပစ်တင်လိုက်သည်။


သူ ရှောင်မန်ကို ဖမ်းဆီးလိုက်ရခြင်းမှာ ခွန်အားများ တိုးတက်လာသည့် နောက်ကွယ်က အကြောင်းအရင်းမှန်ကို သိချင်သောကြောင့် ဖြစ်သည်။


"ဒါက ခေါက်ဆွဲပွဲကြောင့်လား ....သေချာပေါက် ခေါက်ဆွဲ ပွဲကြောင့်ပဲ ဖြစ်ရမယ်....."


သူက ခေါက်ဆွဲ နှင့်ပတ်သတ်သည့် အကြောင်းအရင်းများကို တိတိကျကျ ပိုမိုသိချင်ပေသည်။


ကျယ်လောင်သော တုန်ခါသံနှင့်အတူ ရှောင်မန်က သင်္ဘောကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားသည်။သူပါးစပ်အပြည့် သွေးတစ်လုတ် ထပ်မံအန်ထုတ်လိုက်ရ၏။သူခန္ဓာကိုယ်ထဲမှ သူ့၏ စွမ်းအင်အဆင့်ကိုလည်း ပိတ်ဆို့ထားခြင်း ခံလိုက်ရသည်ကို ခံစားလိုက်မိသည်။


"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....တန်ခိုးရှင် အဆင့်တစ်ယောက်က အဲ့ဒီလောက် စွမ်းအားကြီးလို့လား...."


ရှောင်မန်၏ စိတ်ထဲမှ နေ၍ အပြေးအလွှားတွေးရင်း တီးတိုးရေရွတ်လိုက်မိသည်။


"အဟွတ်.....အဟွတ်......သူက တန်ခိုးရှင်အဆင့် မဟုတ်ဘူး......"


သူ့နံဘေးမှ နေ၍ အားနည်း ဖျော့တော့သော အသံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံက လူတစ်ဦး၏ အသက်ရှူသံ မျှလောက်သာရှိလေသည်။ပေကုန်းမင်က ကုန်းပတ်ပေါ် လဲကျနေသော ရှောင်မန်ကိုကြည့်လိုက်သည်။သူ တိုက်ခိုက်ပြီးနောက် အလုအယက် အသက်ရှုနေရသည့် ရှောင်မန်ကို ရှင်းပြလိုက်၏။


ရှောင်မန်က အံ့အားသင့်သွားသည်။


"သူက တန်ခိုးရှင် အဆင့် မဟုတ်ဘူးလား.....ဒါဆိုရင်သူက တန်ခိုးရှင်ထက် မြင့်တဲ့ အဆင့်လား....."


မြို့တံတိုင်းပေါ်၌ ရှိနေကြသော သူများအားလုံးက ကြောင်အ ထိတ်လန့် နေကြသည်။ဂျိချန်းရွဲ့၏ အမူအရာကလည်း တောင့်တင်းနေသည်။ 


"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....ခေါက်ဆွဲပွဲ စားပြီးတဲ့နောက် ရှောင်မန်ရဲ့ ခွန်အားက တန်ခိုးရှင် အဆင့်တစ်ယောက်နဲ့ ယှဉ်နိုင်နေပြီလေ.....သူကဘယ်လိုလုပ်ပြီး အလွယ်လေး အဖမ်းခံလိုက်ရတာလဲ......"


သူ့၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး လဲကျတော့မလိုပင် ဖြစ်နေသည်။လေအလင်းအင်ပါယာက ဒုက္ခများစွာ ခံစားပြီးမှသာလျှင် တန်ခိုးရှင် အဆင့်တစ်ယောက်က်ို တုံ့ပြန်တ်ိုက်ခိုက်နိုင်သော သူကို ရှာတွေ့ခဲ့သည်။သို့သော်လည်း အခုထိတိုင်အောင် သူတို့ မည်သည့်အရာကိုမှ ပြောင်းလဲနိုင်စွမ်းမရှိသေးပေ။


လျန့်ခိုင်က မြို့တံတိုင်းရှိရာဆီသို့ ပျံသန်းလာလေရာ သူ့၏ ဝတ်ရုံရှည်က လေအလျှင်ဖြင့် တဖျက်ဖျက်ခါနေသည်။သူက ဂျိချန်းရွဲ့ကို အလေးမထားသလို ကြည့်လိုက်ပြီး အန္တရာယ်ရှိစွာ ပြုံးလိုက်သည်။


"ဒီတော့ မင်းက ဒီအင်ပါယာရဲ့ ဧကရာဇ်ပေါ့ ဟုတ်လား.....ဒီသခင်လေးက မီးတောက်ကို ယူပြီးတာနဲ့ ဒီနေရာကနေ ထွက်ခွာသွားဖို့ စဉ်းးထားခဲ့တယ်.....ဒါပေမယ့် အခုတော့ ငါစိတ်ပြောင်းသွားပြီ.....ငါ ဒီနေရာက မသွားခင် ခေါက်ဆွဲ စားချင်သေးတယ် .....အဲ့ဒီတော့ အဲ့ဒီခေါက်ဆွဲ ဘယ်မှာစားနိုင်တယ်ဆိုတာကို ပြောပြမလား.....ဒါမှမဟုတ်....."


လျန့်ခိုင်က နွေးထွေးစွာ ပြုံးပြီးမှ ဆက်ပြောလိုက်သည်။


"မင်း အသေခံမလား......"