အပိုင်း ၄၀၉
Viewers 53k

အခန်း ၄၀၉

မင်းက သတ္တိရှိတာပဲ..


"ငါ...ဒီကနေ ပြန်ထွက်မသွားခင် ခေါက်ဆွဲ တစ်ပွဲ စားသွားရမယ်....."


လျန်ခိုင်၏ စကားကို ကြားလိုက်ရပြီးနောက် ဂျိချန်းရွဲ့ အနည်းငယ် တုန်ယင်သွားသည်။သို့သော်လည်း အစကတည်းကပင် လျန်ခိုင်က ပုဖန်၏ စပ်ပြဲလန်ခေါက်ဆွဲပွဲကို စိတ်ဝင်စားနေကြောင်းသတိပြုမိခဲ့သည်။


ထို ခေါက်ဆွဲပွဲက စစ်နတ်ဘုရားတစ်ပါး၏ တ်ိုက်ပွဲ စွမ်းရည်တွေကိုပင် တန်ခိုးရှင် တစ်ယောက်ကဲ့သို့ ဖြစ်လာအောင် တိုးမြှင့်ပေးနိုင်ခဲ့သည်။ထို့ကြောင့် စစ်သည်တော်တစ်ယောက်၏ နှလုံးသားကို လှုပ်ခတ်နိုင်ခြင်းက အံ့သြစရာမရှိတော့ပေ။


သို့သော်လည်း စစ်သေနာပတိချုပ် ရှောင်မန်ကိုပင် အလွယ်တကူ အနိုင်ယူခဲ့သူတစ်ယောက်အား ထိုခေါက်ဆွဲပွဲ ရယူခွင့် ပေးလိုက်ပါက ကြောက်မက်ဖွယ်ရာ အခြေအနေတစ်ရပ်ဖြစ်ပေါ်လာပေလိမ့်မည်။


ရန်သူဘက်က စွမ်းဆောင်ရည်သာ ထိုကဲ့သို့ တိုးမြှင့်လာခဲ့လျှင် သူပို၍ပင် နှလုံးတုန် ရပေလိမ့်မည်။


"ဘာလဲ.....မင်းက တွန့်ဆုတ်နေတာလား......"


လျန်ခိုင်က ပြုံး၍ ပြောလိုက်သော်လည်း သူ့၏ မျက်နာအမူအရာက တင်းမာနေသည်။ရုတ်တရက် ဂျိချန်းရွဲ့က မျက်နာပျက်သွားသည်။လျန်ခိုင်၏ ဖိအားများကြောင့် သူ့၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများပင် မလှုပ်ရှားနိုင်တော့ပဲ နှလုံးသားက တုန်လှုပ်ခြောက်ခြားမှုဖြင့် တုန်ရီနေပေသည်။


ထန်း......


မြို့ရိုးတံတိုင်းပေါ်ရှိ သန်မာလှသော စစ်သည်တော်များကလည်း ထိုဖိအားဒဏ်ကို မခံနိုင်တော့ပဲ မျက်နာများဖြူဖျော့သွားကာ ဒူးထောက်ကျသွား၏။


စစ်သင်္ဘောကြီးထံမှ ထွက်ပေါ်လာသောထိုသူက ကြောက်မက်ဖွယ်ရာ စွမ်းအင်အဆင့် ရှိလေသည်။စစ်သင်္ဘောပေါ်၌ ရှောင်မန်က အေးစက်သော သင်္ဘော ကြမ်းပြင်ထက်မှနေ၍ ထရပ်ရန် အလူးအလဲ ကြိုးစားလိုက်သည်။သူ့၏ မျက်ဝန်းထဲ၌လည်း စိတ်ပျက် ကြေကွဲသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ထိုသူ၏ အဆင့်က တန်ခိုးရှင်အဆင့်ထက်ပင် ကျော်လွန်နေလိမ့်မည်ဟူ၍ သူမထင်ထားမိခဲ့ပေ။


"ဒါ ဘယ်လို ဖြစ်တည်မှုမျိုးလဲ......"


သူ့၏ မျက်ဝန်းထဲ၌လည်း စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ရှောင်မန်က နောက်ဆုံးအခွင့်အရေးတစ်ရပ်အနေဖြင့် ထပ်မံ ကြိုးစားချင်သော်လည်း မလှုပ်ရှားရသေးခင်မှာပင် သင်္ဘောပေါ်၌ ရှိသော တပည့်များက သူ့၏ လမ်းကို ပိတ်ဆို့ထားစေလိုက်ကြသည်။


ထိုစစ်သင်္ဘောပေါ်၌ ရှိနေသော မဟာဂိုဏ်းမှ တပည့်များ၏ စွမ်းအင်အဆင့်ကလည်း ရှောင်မန်ကို ခြိမ်းခြောက်ဖို့ရန် လုံလောက်နေပေပြီ။


အင်ပါရီယာမြို့သူမြို့သားများက ထိတ်လန့်ကြောင်အနေကြသည်။အစောပိုင်းအချိန်တုန်းက စစ်သေနာပတိချုပ် ရှောင်မန်မှ ရန်သူတပ်မှလူကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့သည်ကို သူတို့ မျက်မြင်တွေ့ခဲ့ရသောကြောင့် စိတ်ဓာတ်တက်ကြွနေမိသည်။


သို့သော်လည်း ဘယ်လောက်မှ မကြာလိုက်သော အချိန် အတောအတွင်းမှာပင် စစ်သေနာပတိချုပ် ရှောင်မန်က သူ့ပြိုင်ဘက်၏ ရိုက်နှက်ခြင်းကို ခံလိုက်ရလေသည်။


သူက စစ်သေနာပတိချုပ်ရှောင်မန်၏ ပြိုင်ဘက်မဟုတ်ပေ။သူတို့နှစ်ယောက်ကြားက ကွာခြားချက်ကလည်း အလွန်ပင် ကြီးမားလှလေသည်။ထို့ကြောင့်ပင် အင်ပါရီဟာမြို့တော်မှ သူများက လေထဲတွင် မျောလွင့်နေသော လျန်ခိုင်ကို စိုးရိမ်သောကရောက်စွာဖြင့် ကြည့်ရှုနေကြသည်။


ထိုမှနေ၍ လျန်ခိုင်က တစ်လှမ်းချင်းတစ်လှမ်းခြင်း တိုးကပ်လာခဲ့သည်။သူအနားကပ်လာသည်နှင့် ဂျိချန်းရွဲ့၏ နှလုံးသားထဲ၌ ကြီးမားလေးလံလှသော ကျောက်တုံးကြီးဖြင့် ဖိခံထားရသလ်ို ခံစားလိုက်ရသည်။


သူတို့ကြားမှ အားနည်းသော သူများက လျန်ခိုင်၏ ဖိအားကြောင့် အဆက်မပြတ် သွေးအန်နေပေပြီ။သူက ဂျိချန်းရွဲ့၏ ဘေးနားသို့ သက်ဆင်းလိုက်ပြီးနောက် သူ့၏ ပုခုံးကို အသာအယာ ပုတ်လိုက်သည်။


"သူ့၏ ခေါက်ဆွဲကို ဘယ်နေရာမှာ ရောက်နိုင်လဲဆိုတာက်ို ငါ့ကိုပြောပြ ......"


လျန်ခိုင်က ညှင်သာစွာ ပြောလိုက်သည်။ဂျိချန်းရွဲ့၏ မျက်ဝန်းများက စူးရှ နာကျင်သွားပြီး ကမ္ဘာမြေက အိုးထိန်းစက်ကဲ့သို့ လည်သွားသလို ခံစားလိုက်ရသည်။သူ့၏ စိတ်က ဝေဝါးသွားပြီး သူ့ခန္ဓာကိုယ်နှင့် စိတ်အခြေအနေက ဗရမ်းဗတာ အခြေအနေသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။


သူ့ ၏ ခေါင်းက ပြင်းထန်စွာ မူးဝေနေပြီး စိတ်အာရုံထဲ၌ ထူးဆန်းစွာ ပြုံးနေသည့် မျက်နာတစ်ခုကိုသာ သတိပြုမိနေသည်။သူပြန်လည်၍ သတိဝင်လာသည်။


"မင်းငါ့ကို ဘာလုပ်လိုက်တာလဲ......"


ဂျိချန်းရွဲ့၏ နှလုံးသားထဲမှ တင်းကျပ်သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။လျန်ခိုင်က ခပ်ထေ့ထေ့ ပြုံးလိုက်ပြီးနောက် သူ့၏ လက်ကို လွှဲယမ်းကာ ဂျိချန်းရွဲ့ကို ရိုက်ထုတ်လိုက်သည်။ဂျိချန်းရွဲ့က မြို့တံတိုင်းနှင့် ပြင်းထန်စွာ စောင့်မိသွားပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။


"အင်ပါယာရဲ့ ဧကရာဇ်လေး တစ်ပါးက ဒီသခင်လေးကို ဘယ်လိုလုပ်ပြီး သတင်းအချက်အလက်တွေ ဖုံးကွယ်ထားရဲတာလဲ......"


လျန်ခိုင်က ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်သည်။ထို့နောက် သူ မြို့တံတိုင်းအောက်ခြေကို ကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး ဖန်ဖန်ဆိုင်ငယ်လေးရှိရာဆီသို့ ရှေးရှုလိုက်လေသည်။


ပုဖန်က ပုစွန်ပေါင်းကို အဆက်မပြတ် ဝါးနေသည်။ထိုကျိုင်းပုစွန်အသားက မွှေးပျံ့ပြီး အသားပြည့်ကာ လေးလေးပင်ပင်အရသာရှိလှသည်။ထိုအသားအရသာထဲတွင် ခ်ျိုမြမှုလေးလည်း စိမ့်ဝင်နေသေးသည်။ပုဖန်က ထိုအသားကို ပို၍ ဝါးလေလေ အရသာပေါင်းများ မျိုးစုံကို ပို၍ ရှာတွေ့လေလေပင် ဖြစ်သည်။


မြို့တံတိုင်းထက်ဆီမှ အလင်းတန်းကဲ့သို့ စူးရြှပင်းထန်သော အကြည့်တစ်ချက်က ဆိုင်ငယ်လေးဆီသို့ ကျရောက်လာသည်။ပုဖန်က တည်ငြိမ်စွာပင် တုံ့ပြန်ကြည့်လိုက်သည်။အကြည့်နှစ်ခုက လေထဲ၌ တိတ်ဆိတ်စွာပင် ထိပ်တိုက် တွေ့ဆုံသွားသည်။


လျန်ခိုင်က ရယ်မောလိုက်သည်။နောက်ဆုံးတော့ သူ့၏ ပစ်မှတ်ကို ရှာတွေ့ပေပြီ။ထိုဆိုင်ငယ်နှင့် ပတ်သတ်သည့် အချက်အလက် သတင်းကို ဧကရာဇ်ကို စိတ်ညှို့၍ သူရရှိထားခဲ့ခြင်း ဖြစ်သည်။


"ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ....."


လျန်ခိုင်က သူ့၏ ပစ်မှတ်က်ို ရှာတွေ့သည်နှင့် တစ်ပြိုင်နက် ဂျိချန်းရွဲ့နှင့် အချိန်ဖြုန်းမနေတော့ပေ။လျန်ခိုင်က မြို့တံတိုင်းကို ခြေဖျားဖြင့် ထောက်ကန်၍ လေထဲသို့ လွင့်မျောလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည်၍ ခြေချလိုက်သည်။ထို့နောက် သူ ဆိုင်ငယ်လေးရှိရာဆီသို့ လမ်းလျှောက်၍ သွားလိုက်သည်။မကြာခင်မှာပင် ဆိုင်ငယ်လေးရှိရာသို့ ရောက်လာ၏။


ကျိုင်းပုစွန်ပေါင်းကို စားနေဆဲဖြစ်သော ပုဖန်က လျန်ခိုင်က်ို အေးစက်တည်ငြိမ်စွာပင် စိုက်ကြည့်နေသည်။ရှောင်ရှောင်လုံနှင့် တစ်ခြားသူများက ကူရာမဲ့စွာဖြင့် ဆိုင်အတွင်းသို့ ပြန်၍ ဝင်ရောက်သွားကြသည်။


ကွမ်ရှောင်ယီက ပုဖန်၏ နောက်၌ ပုန်းနေလိုက်ပြီး ထို ချောမောခန့်ငြားသော်လည်း ကြောက်စရာကောင်းလှသော ထိုသူကို လေ့လာကြည့်ရှုနေသည်။


"တိုက်ခိုက်စွမ်းရည်ကို တိုးပေးနိုင်တဲ့ ခေါက်ဆွဲပွဲက မင်းလုပ်တာလား...."


လျန်ခိုင်က နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရုံ ပြုံးလိုက်ပြီး လှမ်းမေးလိုက်သည်။ပုဖန်က ချက်ချင်း ပြန်ဖြေရမည့်အစား သူ့လက်ထဲမှ အလင်းတန်းများ ထွက်လုနီးပါးဖြစ်နေသော ကျိုင်းပုစွန်ကိုသာ နောက်ထပ်တစ်ကိုက် ကိုက်လိုက်သည်။


နှစ်ခြိုက်စွာ စားသုံးလိုက်ပြီးနောက် သူ့စိတ်ခန္ဓာတစ်ခုလုံးက ပျော်ရွှင်မှုထဲ နှစ်မြှုပ်နေလေသည်။ပုဖန်က သူ့၏ ကျေနပ် နှစ်သိမ့်မှုကို ခံစားနေပြီးမှ လျန်ခိုင်ကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ပြန်လိုက်သည်။


"ဟုတ်တယ်......"


"ငါ့ကို တစ်ပွဲပေး...."


လျန်ခိုင်က ပြုံး၍ ပြောလိုက်သည်။


"တစ်ပွဲကို သလင်းကျောက်တစ်ရာ......"


ပုဖန်က တည်ငြိမ်စွာပင် ပြန်တုံ့ပြန်လိုက်၏။တကယ်တမ်းပြောရမည်ဆိုလျှင် သလင်းကျောက်တစ်ရာဆ်ိုသော ပမာဏက မတန်တဆ များပြားခြင်းမဟုတ်ပေ။သို့သော်လည်း ခေါက်ဆွဲတစ်ပွဲအတွက် သလင်းကျောက်တစ်ရာ တောင်းခြင်းက တော်တော်ကို ထူးဆန်းလှပေသည်။


လျန်ခိုင်က မျက်ခုံးပင့်လိုက်မိသည်။သလင်းကျောက်တစ်ရာ တန်သော ခေါက်ဆွဲပွဲမ်ျိုး သူတစ်ခါမှ မမြင်မကြားခဲ့ဖူးပေ။ထို့နောက် သူ့၏လက်ကို ဝှေ့ယမ်းလိုက်ရာ သလင်းကျောက်တုံးအိတ်ပေါ်လာ၏ သူက ထိုအိတ်ကို ပုဖန်ဆီသို့ ပစ်ပေးလိုက်သည်။


ပုဖန်က သူ့၏ ကျိုင်းပုစွန်က်ို လက်တစ်ဖက်တည်းဖြင့်သာ မြဲမြဲကိုင်လိုက်ပြီး တစ်ခြားလက်တစ်ဖက်ကို ဆန့်ထုတ်၍ သလင်းကျောက်ထုတ်က်ို ဖမ်းလိုက်သည်။သို့သော်လည်း ထိုသလင်းကျောက်တုံးအိတ် သူ့လက်ထဲသို့ ရောက်စဉ်မှာပင် သူ့၏ မျက်နာအမူအရာက ပြောင်းလဲသွားသည်။


လျန်ခိုင်က လေထဲမှနေ၍ အားကြီးသည့် စွမ်းအင်လှ်ိုင်းကို သုံးလိုက်ပြီး သူ့လက်ထဲမှ သလင်းကျောက်အိတ်ကို ပြန်လည် ဆွဲယူလိုက်သည်ကို သတ်ိပြုမိလိုက်သည်။သလင်းကျောက်တုံးအိတ်က လျန်ခိုင်ဆီသို့ ပျံသန်းသွားလေ၏။


ပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီး လျန်ခိုင်၏ မျက်နာပေါ်မှ အပြုံးတုက်ို လှမ်းကြည့်လိုက်သည်။


"ငါရုတ်တရက် သတိရသွားတယ်....ငါက ဘာကြောင့် မင်းကို သလင်းကျောက်တုံးတွေ ပေးရမှာလဲ....မင်းက ဒီသခင်လေးဆီကနေ သလင်းကျောက်တုံးတွေ ယူချင်နေသေးတာလား......ငါက ချက်လို့ပြောလိုက်ရင် သွားချက်လိုက်......ဒီသခင်လေးဆီက သလင်းကျောက်တုံးတွေ ယူဖို့ ဘယ်ကနေ ဘယ်လို သတ္တိတွေရလာတာလဲ......"


လျန်ခိုင်က ပုဖန်ကို စူးစိုက်ကြည့်ပြီး ထိုစကားလုံးများကို မောက်မာထောင်လွှားစွာပင် ပြောလိုက်သည်။သူ့စကားများက အလွန် ထောင်လွှားမောက်မာသောကြောင့် ပုဖန်နောက်မှ ပုန်းနေသော ကွမ်ရှောင်ယီက ဒေါသပေါက်ကွဲသွားသည်။ကလေးမလေးက သူ့၏ ဒေါသကို ထိန်းထားနိုင်ခြင်း မရှိတော့ပေ။


သို့သော်လည်း ပုဖန်က သူမဒေါသများ ပေါက်ကွဲ ထွက်မလာခင် သူမခေါင်းလေးကို အသာဖိတွန်းလိုက်သည်။သူ့၏ ရှေ့မှ လူက်ို မျက်လုံးများမှေးစင်း၍ အကဲခတ်ကြည့်ရှုလိုက်သည်။ဤတစ်ကြိမ်က ပထမဦးဆုံးအနေဖြင့် သူရှေ့မှ မောက်မာထောင်လွှားခဲ့သူ တစ်ယောက်ကို တွေ့ဖူးခြင်းဖြစ်သည်။


သူ့၏မျက်နာက ရေသေကဲ့သို့ တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲ၌ ဒေါသမီးတောက်များ လောင်ကျွမ်းနေပြီ ဖြစ်သည်။သူက အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်သည်။သူ့၏ စိတ်ထဲ၌ အတွေးတစ်ချက် လက်သွားသည်။ထိုသည်က သူထိုလူက်ို ဝက်ခေါင်းနှင့်တူသည်အထိ ရိုက်နှက်ပစ်ပေတော့မည်။


"ဒီလူကို ဝက်ခေါင်းနဲ့တူအောင် ရိုက်ပြီးတဲ့အခါကျရင် ဒီလို မောက်မာနိုင်အုန်းမလားဆ်ိုတာ ကြည့်ရသေးတာပေါ့......မင်းမှာ ရဲစွမ်းသတ္တိတွေ ရှိနေတာပဲ...."


ပုဖန်က လျန်ခိုင်ကို သုန်မှုန်စွာ ကြည့်ပြီး ပြောလိုက်သည်။သူ ကျိုင်းပုစွန်သားကို နောက်ထပ်တစ်ကိုက် ထပ်ကိုက်လိုက်သည့် ထို့နောက် လက်ကိုဝှေ့ယမ်း၍ ကျန်နေသည့် ကျိုင်းပုစွန်များက်ို စနစ်၏ သိုလှောင်နယ်မြေထဲသို့ ပစ်ထည့်လိုက်သည်။


လျန်ခိုင်က အံ့အားသင့်သွားသည်။သူ့၏ ရှေ့မှ ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ အင်အားမဲ့လှသော လူတစ်ယောက်က ထိုကဲ့သို့ တုံ့ပြန်ပြောဆ်ိုမည်ဟု မမျှော်လင့်ထားမိပေ။


သူက မျက်ဝန်းများ ကျဉ်းမြောင်း၍ မတုန်မလှုပ်အမူအရာဖြင့် ရှိနေသော ပုဖန်ကို ကြည့်လိုက်သည်။


"မင်းက ငါ့ကို ဒီလိုမျိုးပြောရဲတဲ့ ဒုတိယလူပဲ....ပထမဆုံး တစ်ယောက်ကတော့ အခုစစ်သင်္ဘောပေါ်မှ ခွေးသေကောင်တစ်ကောင်လို လဲလျောင်းနေရပြီး ငါ့ကို မျှော်ကြည့်ရုံပဲ တက်နိုင်တော့တယ်......ဒီကွင်းပြင်ထဲမှာနေတဲ့ မင်းတို့လို အရှုံးသမားတွေက ငါ့ကို ဒီလိုပြောဖ်ို့ ဘယ်ကသတ္တိတွေရလာတာလဲ....."


လျန်ခိုင်က ဒေါသထွက်စွာဖြင့် ရယ်မောလိုက်သည်။ပုဖန်က မသေမျိုးခန္ဓာအဆင့် စစ်သည်တော်တစ်ယောက်၏ ဖိအားများကို စတင်၍ ထုတ်လွှင့်လိုက်သည်။ထိုဖိအားများကြောင့် လေထုနှင့် တိမ်များပင်လျှင် အရောင်ပြောင်းသွားသည်။


စက္ကန့်ပိုင်းအတွင်းမှာပင် လေကြမ်းများတိုက်ခတ်လာသည်။မမြင်န်ိုင်သော ဖိအားတစ်ရပ်ကြောင့် မြေင်ပေါ်ရှိ ကျောက်တုံးများက ကွဲကြေသွားပြီး လေထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။


ကျောက်တုံးများက အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားပြီးနောက် အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ လေနှင့်အတူ လွင့်ပါးသွားသည်။အဆင့် (၁၀) နတ်ဘုရားနယ်ပယ်အဆင့် ခွန်အားပင် ဖြစ်သည်။ထ်ိုအင်အား၌ တန်ခိုးရှင်အဆင့်ပင်လျှင် ဒူးထောက်အရှုံးပေးရပေမည်။


လျန်ခိုင်က သူရှေ့မှ အမှ်ိုက်တစ်စကဲ့သို့သော အဆင့် ၈ နတ်ဘုရားပညာရှင်က သူ့ကို မောက်မာထောင်လွှားစွာ ကြည့်နိုင်အုန်းမလားဆိုတာ ကြည့်ချင်သေးသည်။လေ့ကျင့်ရေးကွင်းပြင်ထဲမှ ရှေးလူမျိုးလေးဖြစ်သော ထိုအဆင့် ၈ ပညာရှင်က သူ့၏ ဖိအားအောက်၌ မြေပြင်ပေါ်၌ ပြားပြားဝပ်နေမည်ဖြစ်ကြောင်း သူယုံကြည်ပေသည်။


သူ့အနား၌လည်း ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကာ သူထံသို့ သူ့လက်အောက်သို့ အညံ့ခံလာရပေမည်။ခဏမကြာခင်မှာပင် လျန်ခိုင်၏ အရိပ်ကို သတိပြုမိလိုက်သည်။


သူ့၏ မျက်ဝန်းများက ပြူးကျယ်သွားကာ သူ့နှလုံးသားက တုန်ယင်သွားသည်။သူကြောင်အ မှင်သက်မှု တစ်ခုထဲကိုသာ ခံစားနေရလေသည်။


"ဒီအရှုံးသမားလေးက ကြမ်းပေါ်မှာ လူးလိမ့်နေရမှာ မဟုတ်ဘူးလား.....ဘယ်လိုဖြစ်ပြီး သူက တည့်တည့်မတ်မတ်ရပ်နိုင်နေသေးတာလဲ......မင်းက တော်တော်သန်မာပါလား.....ဟား.....ဟား...."


လျန်ခိုင်က အေးစက်စွာ ရယ်မောလိုက်သည်။သူ့၏ စိတ်ထဲ၌ ရှားရှားပါးပါး ပုဖန်ကို လေးစားသည့် ခံစားချက်လေး ခံစားလိုက်ရသည်။သူ့၏ ခန္ဓာကိုယ်မှ ကြီးမားလေးလံသည့် ဖိအားများကို ထုတ်လွှင့်လိုက်သည်။


ထိုဖိအားကြောင့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လမ်းခင်းကျောက်များက အက်ကြောင်းများ ထင်ပြီး မွစာကြဲသွားသည်။ဆံပင်များက လေထဲ၌ လွင့်ဝဲနေသည်။သူ့၏ ဒေါသမျက်ဝန်းများကလည်း ပုဖန်ကိုသာ မလွှဲတမ်း စိုက်ကြည့်နေ၏ ထ်ိုသူက သူ့၏ အော်ရာများအောက်၌ ကြောက်ရွံ့တုန်လှုပ်နေမည်ဟု သူမြင်လိုလှသည်။


သို့သော်လည်း သူမည်မျှပင် ဖိအားများ ထုတ်လွှင့်စေကာမူ သူ့၏ရှေ့မှ လူက မြဲမြံစွာ ရပမနည်နေပြီး သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ ကြည့်နေလေသည်။သူ့၏ ဖိအားများက ထ်ိုသူ့အပေါ်ကို အနည်းငယ်မျှပင် သက်ရောက်မှု မရှိပေ။


"ဒီဖိအားတွေက တန်ခိုးရှင်အဆင့် ကိုတောင် ပြားပြားဝပ်နေအောင် ဖိနှိမ့်နိုင်တယ်လေ ဒီစစ်နတ်ဘုရားတစ်ပါးကိုတောင် မကိုင်တွယ်နိုင်ဘူးလား ......."


ဝှစ်.....


ဆိုင်ငယ်လေးထဲ၌ မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ရပ် ပျံ့နှံ့သွားသည်။ပုံရိပ်တစ်ရိပ်က မီးဖိုးချောင်ဘက်မှနေ၍ အလွန်လျှင်မြန်လှသော အရှိန်ဖြင့် ပြေးထွက်လာသည်။သူ့၏ မျက်ဝန်းများကလည်း စက္ကန့်ပိုင်းလေးအတွင်းမှာပင် ခရမ်းရောင် အဖြစ် ပြောင်းလဲသွားသည်။


ထို့နောက် ထိုခရမ်းရောင် အရိပ်မှနေပြီး အလွန်အေးစက်လှသော ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


အမြစ်ဖြတ် သုတ်သင်ခြင်း....


ဝှိုက်တီ၏ တိကျသေချာသည့် စကားလုံးများကို ကြားလိုက်ရပြီးနောက် သူ့၏ ပုံရိပ်က လေထဲ၌ မုန်တိုင်းတစ်ခုကဲ့သို့ပင် အရှိန်ဖြင့် ပြေးထွက်သွားသည်။


မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်း ခြေချလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ့၏ ကြီးမားလှသော လက်သီးကို ဝှေ့ယမ်းလိုက်သည်။ခြေထောက်အောက်မှ ဖိအားများကြောင့် ကျောက်တုံးများက ကွဲကြေသွားပြီး စွမ်းအင်များကလည်း လေထဲ ရိုက်ခတ်သွားသည်။


သူ့၏ လက်သီးချက်ကလည်း လျန်ခိုင်၏ ချောမောလှပသော မျက်နာဆီသို့ တည့်တည့်တိုးဝင်သွားသည်။သို့သော်လည်း လျန်ခိုင်က အနည်းငယ်မျှပင် တုန်လှုပ်ခြောက်ခြားမှု မရပဲ အေးဆေးငြိမ်သက်နေသည်။သူ့မျက်နာပေါ်၌လည်း မထီမဲ့မြင် အထင်မြင်သေးသည့် အရိပ်အယောင် တစ်ခုရှိနေသည်။


ဝှိုက်တီ၏ သန်မာအားကောင်းလှသော လက်သီးချက် ကျရောက်လာသည်နှင့် လျန်ခိုင်က သူ့လက်ဖဝါးကို မြင့်တင်လိုက်သည်။ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများ လွင့်ပြယ်သွားသည်။ဝှိုက်တီ၏ အားပြင်းလှသော လက်သီးက လျန်ခိုင်ကို ရွေ့သွားအောင်ပင်မလုပ်နိုင်ပေ။