Chapter 121
– ဖုန်ချန့်လင် အရူးလိုဖြစ်သွားသည်
ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က ကျန့်ရီထံမှဖိတ်စာရပြီးနောက် ထွက်လာခဲ့ကြသည်။
သူတို့က ကျန့်မိသားစုတွင် အချိန်ကြာနေခဲ့၍ အိမ်ရောက်သည့်အချိန် မှောင်နေပြီဖြစ်သည်။ကျန့်မိသားစုရထားလုံးမှဆင်းလိုက်သည်နှင့် မှောင်နေပြီဖြစ်၏။သူတို့က တံခါးသို့ဝင်ရန်ပြုလိုက်ရာ ရှန်းအန်ရှင်းအသံအားကြားလိုက်ရသည်။
“သခင်ကြီးကျန်း..."
ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က လှည့်ကြည့်လိုက်ရာ ဖြတ်သွားဖြတ်လာရထားလုံးတစ်စီးက ရပ်လာပြီး ပြတင်းပေါက်မှ ရှန်းအန်ရှင်း၏မျက်နှာပေါ်လာသည်။
“သခင်ရှန်း"ကျန်းကျန့်က ရှန်းအန်ရှင်းအား နှုတ်ဆက်လိုက်သည်။
“ဒီမှာ ဘာလုပ်နေတာလဲ..ကျွန်တော့ကိုလာရှာတာလား"
ရှန်းအန်ရှင်း၏မျက်လုံးများက ကျန်းကျန့်အပေါ်သာ ရှိနေပြီး နှုတ်ခမ်းထောင့်များကွေးညွတ်သွားကာ သူ့အကြည့်က တလက်လက်ဖြစ်နေ၏။
သူက ကျန်းကျန့်နှင့်လူကွဲသွားပြီးနောက် သူ့အဖေ၏မိတ်ဆွေထဲမှတစ်ယောက်ထံ သွားလည်လိုက်ရာ အခွင့်အလမ်းတစ်ခုရလာ၍ ပျော်ရွှင်နေ၏။မမျှော်လင့်ထားစွာ သူက ကျန်းကျန့်နှင့်ပြန်ဆုံရသည်ပင်။
ရှန်းအန်ရှင်းက ကျန်းကျန်အပေါ်တွင်သာ လုံးဝအာရုံရောက်နေ၍ ကျောက်ကျင်းကောအား လျစ်လျူရှုထားလေသည်။
ကျောက်ကျင်းကောက ယခင်က ရှန်းအန်ရှင်းနှင့်ရှိနေစဥ်အတွင်း မသက်မသာမခံစားရသော်လည်း ယခုတစ်ကြိမ်၌ တစ်ခုခုမှားနေမှန်းခံစားမိသည်။
သူ ကျန်းကျန့်ထံ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး သတိလက်လွတ်နှင့် ကျန်းကျန့်လက်အား ကိုင်လုနီးနီးပင်။
“မဟုတ်ဘူး...ငါတို့က ဒီမှာနေတာ"
ကျန်းကျန့်က သူ့ကိုယ်ပိုင်အိမ်အား ညွှန်ပြလိုက်ပြီး ကျောက်ကျင်းကောလက်အား ဆုပ်ကိုင်လိုက်သည်။ရှန်းအန်ရှင်းအား ဂရုစိုက်ရန်အချိန်မရှိပါချေ။
ကျောက်ကျင်းကောက ရုတ်တရက် သတိတထားဖြစ်လာသည်... သူက သူ့ကိုလွမ်းနေတာပဲ။
ဤလမ်းက ကုန်သည်အိမ်များနှင့်ပြည့်နေ၏။ရှန်းမိသားစုအိမ်က လမ်းအောက်ဘက် လေးငါးအိမ်လောက်တွင်ဖြစ်သည်။ကျန်းကျန့်လူများက ယခင်က ထိုနေရာရောက်ဖူး၍ ရှန်းအန်ရှင်းက ကျန်းကျန့်သူ့အား လာရှာသည်ဟု ထင်သွားခြင်းဖြစ်သည်။
ကျန်းကျန့်က သူ့အားလာရှာရန် ဤနေရာသို့လာသည်မဟုတ်သည့်အပြင် ဤနေရာတွင်နေသည်ဆိုသဖြင့် ရှန်းအန်ရှင်းက ရှက်သွားရင်း အံ့အားသင့်လာ၏။
"ဒီအိမ်ကို ဂရုတစိုက်ထိန်းသိမ်းထားပေမယ့် အရင်က ဘယ်သူမှမနေဖူးဘူးလေ..ဘော့စ်ကျန်းရောက်လာတာပဲ"
ကျန်းကျန့်တွင် ရုပ်ရည်ကောင်းကောင်းရှိသော်လည်း ဖုန်းကွယ်မထားနိုင်သည့်အရာများရှိလေ၏။ဥပမာအနေနှင့် သူ၏ကြမ်းတမ်းသည့်အသားနှင့်လက်များက အသားမာများနှင့်အမာရွတ်များရှိလေ၏။ နားလည်သည့်လူတစ်ယောက်က တစ်ချက်ကြည့်ရုံနှင့် သူက အလုပ်ကြမ်းလုပ်ခဲ့ရကြောင်း သိနိုင်၏။
ထို့ပြင် သူ့လူများအားလုံးက သူ့ဇာတ်မြစ်အား သိကြလေ၏။
ရှန်းအန်ရှင်းက ယခင်က ကျန်းကျန့်အကြောင်း မေးဖူးသည်။ကျန်းကျန့်နောက်လိုက်များက သူ့အား လေးစားကြသော်လည်း ကျန်းကျန့်မှာ ယခင်က သာမန်လယ်သမားတစ်ယောက်ဖြစ်ကြောင်း ပြောဖူးသည်။
ဒါဆို ကျန်းကျန့်က ဘယ်လိုလုပ်ပြီး ဒီနေရာကအိမ်ကို ဝယ်ခဲ့တာပါလိမ့်။
“ဒီအိမ်ငါ့လက်ထဲရောက်လာတာ သိပ်မကြာသေးဘူး"ရှန်းအန်ရှင်းက သံသယများနှင့်ပြည့်နေသော်ငြား ကျန်းကျန့်က ထွက်သွားရန်မစောင့်နိုင်တော့ပေ။
"သခင်လေးရှန်း...နောက်ကျနေပြီ ..နောက်တစ်ခါမှပြောကြတာပေါ့"
ကျန်းကျန့်က ရှန်းအန်ရှင်းအား ခေါင်းညိမ့်ပြလိုက်ပြီး ကျောက်ကျင်းကောအား အိမ်ထဲခေါ်သွားလေ၏။
ရှန်းအန်ရှင်းက သူ့ကျောပြင်အား ကြည့်နေရင်း တစ်ခုခုပြောချင်ပါသော်ငြား သူက ထိုသူနှင့်ကျောက်ကျင်းကောတို့ အတူတူလက်တွဲထားကြသည်အား မမြင်ချင်တော့။သူ့အား ထပ်ပြီးရှုံးသွားသည့်နှယ်ခံစားရ၍ပင်။
“သခင်လေး..."ရူမော့က ရှန်းအန်ရှင်းအား စိုးရိမ်သည့်အကြည့်နှင့်ကြည့်လာသည်။
“ပြန်ကြတာပေါ့.."ရှန်းအန်ရှင်းက အနည်းငယ် စိတ်ဓါတ်ကျသွားသည့်နှယ် ရထားလုံးထဲပြန်ဝင်လိုက်ရင်း ယခင်ကလောက်မပျော်နိုင်တော့ပေ။
ရထားလုံးက မကြာမီ ရှန်းအိမ်တော်ရှေ့ရပ်သွားပြီး ရှန်းအန်ရှင်းက ရထားလုံးမှဆင်းလိုက်သည်နှင့် အသက်လေးဆယ်အရွယ်အမျိုးသမီးတစ်ဦးက သူ့အား နှုတ်ဆက်လာသည်။
ထိုအမျိုးသမီးက အသက်လေးဆယ်တွင်းရှိနေပြီဖြစ်သော်လည်း သွယ်လျနေဆဲဖြစ်ကာ မျက်နှာထက် အရေးကြောင်းလေးများက သူမအလှအားနှောင့်ယှက်မနေချေ။
သူမက ရှန်အန်ရှင်းအား တွေ့လိုက်သည်နှင့် စိုးရိမ်ပူပန်နေဟန် မေးလာ၏
:"အန်ရှင်းရယ်...အဆင်ပြေရဲ့လား"
“အမေ...ကျွန်တော် ဦးလေးကျင်းဆီသွားခဲ့တယ်..သူကူညီမယ်လို့ပြောတယ်"ရှန်းအန်ရှင်းက အပြုံးလေးနှင့်ပြောလိုက်သည်။
"အမေ ..မနက်ဖြန်ကျရင် အိမ်ထောင်စုထိမ်းသိမ်းရေးဌာနက ကျင်းပမယ့် ပွဲတစ်ခုရှိတယ်..ဦးလေးကျင်းပြောတာ သူကျွန်တော့ကို အဲ့ဒီခေါ်သွားမယ်တဲ့"
ထိုနေရာသို့သွားပါက လူအချို့နှင့်တွေ့ဆုံနိုင်မည်ဖြစ်သည်။စီးပွားရေးလုပ်သည့်အခါ လူများများနှင့်သိထားရန်က အရေးကြီးသည်မဟုတ်ပါလား။
“အဲ့ဒါကောင်းတယ်...အဲ့ဒါကောင်းတယ်..."
ရှန်း၏မိခင်က ရှန်းအန်ရှင်းအား ဖက်လိုက်ကာ ဆိုသည်
"မင်းကိုကူညီမယ့်သူရှိတာ ကောင်းတာပေါ့...အန်ရှင်း..ဘယ်လိုလုပ်ပြီး မင်းဘဝက အရမ်းကို ခါးသီးလာရတာလဲ.."
သူ့အမေထံမှ ဤသို့အဖက်ခံထားရင်း ရှန်းအန်ရှင်း၏မျက်လုံးများ နီရဲလာတော့သည်။
ရှန်း၏မိခင်က ရှန်းအန်ရှင်းအား စိုးရိမ်
ကြီးစွာ ပြောလာ၏
:"အန်ရှင်း..မေမေကြားတာ မင်းဒီနေ့ လမ်းမှာဓါးပြတိုက်ခံခဲ့ရတာဆို"
“သခင်မကြီး..ဘယ်သူကများ သခင်လေးပိုက်ဆံကို ခိုးဖို့ကြိုးစားမှာလဲဗျာ...အဲ့ဒီလူက သခင်လေးကိုထိခိုက်အောင်လုပ်ဖို့ ကြိုးစားနေတာပါဗျ..."
ရူမော့က ဝင်ဖြေလိုက်ပြီး ဇာတ်လမ်းစုံပြောလာ၏:"သခင်ကြီးကျန်းသာမရှိရင် ...သခင်လေးကတော့ ဒီတစ်ကြိမ်ခံရမှာ တော်တော်ကြီးတယ်"
“အဲ့ဒီလိုသာဆို...အန်ရှင်း မင်း သခင်ကြီးကျန်းကို သေချာကျေးဇူးတင်ဖို့လိုမယ်နော်"မေမေရှန်းက သူမသားအားကြည့်လိုက်ပြီး မျက်ရည်မဆည်နိုင်ဖြစ်သွားရသည်။
"အန်ရှင်း...မေမေ့အန်ရှင်းလေး..."
အမေနှင့်သား နောက်ဆုံးဖက်ထားရင်းငိုနေကြသည်။
ကျောက်ကျင်းကောက ရှန်းအန်ရှင်းအား ချီးကျူးမိသော်ငြား ရှန်းအန်ရှင်းတွင် ခက်ခဲကြမ်းတမ်းသည့်အချိန်ရှိနေမည်ဟု မခံစားမိချေ။စင်စစ် သူက အကြီးဆုံးသခင်လေးဖြစ်ကာ ဘာမျှပြတ်လပ်မနေချေ။
ထို့ကြောင့် သူက ရှန်းအန်ရှင်းမှာ အိမ်တွင်ယခုငိုနေမည်ဟု တွေးပင်မတွေးမိ။သူက ကျန်းကျန့်နှင့်အတူအိမ်ပြန်လာသောအခါ အနည်းငယ် ခပ်ချဥ်ချဥ်ခံစားရသည်။ထို့နောက် သူက ကျန်းကျန့်အား ကြည့်လိုက်သည်။
သူက ကျန်းကျန်အား ပိုကြည့်မိလေလေ သူ့အား ပိုသဘောကျလေလေဖြစ်သည်။သူက ကျန်းကျန်ကိုကြိုက်သည့်တစ်ဦးတည်းသောသူ မဟုတ်နိုင်မှန်း ခန့်မှန်းမိသည်...ရှန်းအန်ရှင်းကရော..သူလည်း..ကျန်းကျန့်နဲ့ပတ်သတ်တဲ့ အတွေးတွေရှိနေမလား။
“ကျင်းကော..ဘာဖြစ်တာလဲ"ကျန်းကျန့်က ကျောက်ကျင်းကောလက်အား ဆုပ်ကာမလိုက်သည်။
“ဘာမှမဟုတ်ပါဘူး"ကျောက်ကျင်းကောက ဆိုလာ၏။
သူအခုလေးတင် သိလိုက်ရသည်အား မည်သည့်အခါမှ ကျန်းကျန့်ကိုပြောပြနိုင်မည်မဟုတ်ပေ။သူက ကျန်းကျန့်အား ရှန်းအန်ရှင်းတွေးနေသည့်အရာကို မသိစေချင်၍ပင်။
ဤသို့တွေးနေရင်း သူကစပြီး ကျန်းကျန့်လက်ကိုင်လိုက်ကာ အကြိမ်အနည်းငယ် ထိတွေ့လိုက်သည်။သူပိုပြီးထိတွေ့လေလေ..ပိုသဘောကျလေလေဖြစ်သည်။
ကျန်းကျန့်မှာ အထိခံနေရ၍ သူ့အား အိပ်ရာသို့သာ ချက်ချင်းခေါ်သွားချင်မိသည်..သို့သော်ငြား သူဗိုက်ဆာနေပြီဖြစ်၏။
“မင်း ဒီညဘာစားချင်လဲ...မနက်ဖြန်မနက်ရော ဘာစားချင်လဲ"
စားသောက်ပြီး အခန်းသို့ဝင်ကြသောအခါ ကျောက်ကျင်းကောအား အရာရာထိတွေ့ခွင့်ပေးထား၏။
“နေရာတိုင်း ထိမှာ"ကျောက်ကျင်းကောက အလိုမကျမဖြစ်ကာ ဆို၏။
ကျောက်ကျင်းကောက ထိုညတွင် ကျန်းကျန့်၏နေရာတိုင်းအား အမှန်ပင် ထိတွေ့လာ၏။
မူလက သူက ကျန်းကျန့်အားထိရန် မဝံ့မရဲဖြစ်နေသော်ငြား ကျန်းကျန့်က သူ့လက်အားကိုင်ပြီး တစ်ကိုယ်လုံးထိလိုက်ရန် ပြောလာ၏။
ထို့နောက် သူ့ကိုယ်သူ ပိုသေချာသိလာသည်...သူက ကျန်းကျန့်အား အခြားသူများမှယူသွားခွင့်ပေးနိုင်မည်မဟုတ်ပေ။
နောက်တစ်နေ့မနက်တွင် လီက ကျန်းကျန့်နှင့်ကျောက်ကျင်းကောအတွက် အသားပေါက်စီနှင့်ဘန်းမုန့်ပေါင်းတို့အား ပြင်ထားပေးလေ၏။
အသားပေါက်စီထဲတွင် ဝက်သားကိုတောက် တောက် စင်းထားသည့် အစိမ်းရောင်အသီးအရွက်တို့ရောထားကာ တစ်ခုစီက အကာပါးပြီး အစာများများသွပ်ထား၏။
ဘန်းမုန့်ပေါင်းအတွက်က ဝက်သားမထည့်ထားပေ။မုန့်တစ်ခြမ်းတွင် တို့ဟူးထည့်ထားပြီး ကျန်တစ်ပိုင်းက ကြာဇံနှင့်ထုပ်ထားလေ၏။
ဟယ်ချောင်စီရင်စုတွင် ဘန်းမုန့်ပေါင်းသုံးမျိုးသာရှိသည်..ဝက်သား၊သနပ်နှင့် ပဲအနှစ်တို့ဖြစ်သည်။ပထမဆုံးအကြိမ်၌ ကျောက်ကျင်းကောက ဘန်းမုန့်ပေါင်းထဲတွင် တို့ဟူးနှင့်ကြာဆံသာ ထည့်နိုင်သည်ဟုသာ သိထား၏။သူက အလွန်ထူးဆန်းသည်ဟု ခံစားရသော်လည်း တစ်ထိုင်ထည်းနှင့် အများအပြားစားနေဆဲပင်။
ကျန်းကျန့်ကလည်း အသီးအရွက်ဘန်းမုန့်အား အများအပြားစားလေ၏။သူက ကျောက်ကျင်းကောသာ အများကြီးစားပါလာက အလေးချိန်တက်ပြီး ကလေးကြီးလာကာ မွေးရခက်မည်စိုးမိသည်။သူက ကျောက်ကျင်းကောအား အသားပိုမပေးရဲတော့ရာ သူလည်း မစားတော့ချေ။
မနက်စာစားပြီးနောက် သူတို့က ဝမ်ဟိုင်ရှန်းနှင့် ဟယ်ချွန်းရှန့်အားခေါ်ကာ ငှားထားသည့်ရထားလုံးနှင့် ကျန့်မိသားစုအိမ်သို့ သွားလိုက်ကြသည်။
သေချာပေါက်ပင် ကျန့်မိသားစုက ကုန်သည်များအားဧည့်ခံရန်သုံးသည့်နေရာက ပင်မအိမ်တော်မဟုတ်ချေ....အနီးနားရှိ အိမ်ဝန်းတစ်ခုဖြစ်သည်။
ထိုအိမ်ဝန်းက ကျန့်မိသားစုကြီးပွားတိုးတက်လာပြီး နောက် အိမ်နီးချင်း၏အိမ်ကို ဝယ်ထားခြင်းဖြစ်သည်။အထဲတွင် အိမ်များစွာမရှိသော်ငြား ရှုခင်းက အံ့မခန်းဖြစ်သည်။ပွဲကြည့်စင်များ၊ဝရံတာလေးများနှင့် ကျောက်သားထိုင်ခုံလေးများ မပြတ်ထားရှိထားသည်ပင်။
ကျန်းကျန့်က စောစောလေးလာခဲ့သော်လည်း ကျန့်မိသားစုအိမ်တော်အပေါက်ဝရှေ့တွင် ကုန်သည်များက ရထားလုံးများရပ်ထားပြီး ရောက်နေကြပြီဖြစ်သည်။
အချိန်မကျသေးသဖြင့် စောစောရောက်သည့်ကုန်သည်များ အထဲမဝင်ရသေးပေ။သူတို့က တံခါးရှေ့တွင်စုပြီး စကားစမြည်ပြောနေကြသည်။
ဤဘက်ပိုင်းက အသက်ဝင်တက်ကြွနေ၍ လူအချို့အား စောင့်ကြည့်စေသည်ထိ ဆွဲဆောင်နေ၏။
မြို့တော်ရှိကုန်သည်များအားလုံး ချမ်းသာကြွယ်ဝကြကာ ကျန့်မိသားစုထံလာသည့်သူများက ပို၍ပင်ချမ်းသာကြသည်။သူတို့သုံးသည့် ရထားလုံးများက အခြားသူများထက် ကောင်းမွန်၏။သို့ရာတွင် ကျန်းကျန့်ရထားလုံးက လမ်းမှငှားလာသည်ဖြစ်ကာ ကျန်းကျန့်တို့လေးယောက်အဖွဲ့ကလည်း သာမန်အဝတ်အစားများနှင့်ဖြစ်သည်။
တစ်ခဏတွင်း သူတို့က ဝင်ပေါက်တွင်စောင့်နေကြသည့် ကုန်သည်များအားလုံးအား ဆွဲဆောင်မိသွားကာ ထိုသူတို့က အမြန်အကြည့်လွှဲသွားကြသည်။
သူတို့က ဤလူအားမသိကြ ..ထိုလူက အဝတ်နွမ်းနွမ်းဝတ်ထားလေ၏။သူက ပွဲကြည့်ပရိသတ်မဟုတ်လျှင် အခြားမိသားစုမှအစေခံဖြစ်မည်။
ကျန်းကျန့်ကလည်း လူများက အဝတ်အစားကောင်းများကြိုက်ကြပြီး ဗုဒ္ဓဘုရားတောင် ရွှေရောင်သင်္ကန်းများလိုကြောင်း သိလေ၏။သို့သော်ငြား သူက ပြင်ပြင်ဆင်ဆင်မရှိ၍ သူရောက်လာသည်နှင့် သူ့အားကြည့်နေကြရာ အထဲသို့ တည်တည်ငြိမ်ငြိမ်ပင် ဝင်သွားလိုက်သည်။
သို့သော်ငြား ထိုခဏ၌ ရှန်းအန်ရှင်းက လူအုပ်ထဲမှခေါ်လာ၏။
"သခင်ကြီးကျန်း...."
ရှန်းအန်ရှင်းက ကျန်းကျန့်အားမြင်သော် အရင်ဆုံးခေါ်လာပြီး ကျန်းကျန့်အား သိချင်စိတ်အပြည့်နှင့်ကြည့်လာ၏။"ဒီမှာ ဘာများလုပ်နေတာပါလဲ"
သူက သူ့အားခေါ်သွားမည်ဟု ကတိပေးထားသည့် ဦးလေးကျင်းအား ဤနေရာတွင်စောင့်နေချိန် ကျန်းကျန့်အားတွေ့ရမည်ဟု မထင်ထားချေ။
ကျန်းကျန့်က ရှန်းအန်ရှင်းအား မဖြေလိုက်မီ နောက်ထပ်အသိအကျွမ်းတစ်ဦးရောက်လာ၏။.
ဖုန်ချန့်လင်က သူ့အဖေနောက်လိုက်ပြီး ကျန့်အိမ်တော်သို့သွားလိုက်စဥ် ကျန်းကျန့်နှင့်ရှန်းအန်ရှင်းတို့ အတူတူရပ်နေသည်အား တွေ့လိုက်ရသည်။ဤမြင်ကွင်းက သူ့မျက်နှာအား ပိုပြီးအရုပ်ဆိုးသွားစေ၏..သူ့မျက်နှာပြဲပြဲက ဒေါသခိုးဝေနေသည်။
“ရှန်းအန်ရှင်း...မင်းတို့ရှန်းမိသားစုက စာတောင်မရဘူးလား...သေသွားတဲ့မင်းအဖေကိုထောက်ထားပြီး သူများကျေးဇူးနဲ့ လိုက်လာရတာကို ဒီလိုလူမျိုးခေါ်လာခဲ့တယ်ပေါ့"
ဖုန်ချန့်လင်က ရှန်းအန်ရှင်းကိုအထင်တသေးကြည့်လိုက်သည်။သူနှင့်သူ့အဖေတို့ ရောက်သည်နှင့် တစ်ယောက်ယောက်က ရှန်အန်ရှင်းလည်းလာသည်ဟု ပြောလာ၏။
“ဖုန်ချန့်လင်......"
ရှန်းအန်ရှင်းက ဖုန်ချန့်လင်အား ဒေါသတကြီးကြည့်ရင်း အနည်းငယ် ရှက်ရွံ့လာသည်။ ကျန်းကျန့်ဤသည်အားကြားပြီး သူ့အားမည်သို့တွေးနေမည် မသိချေ။
ကျန်းကျန့်၏မျက်နှာမူရာလည်း ကောင်းမွန်နေပုံမရ၍ ဖုန်ချန့်လင်က သူ့ကိုလည်းပြောလိုက်သည်
:"ကျန်းမျိုးရိုးနဲ့ကောင်..မင်းက တကယ်ကိုသတ္တိရှိပြီး ဘယ်လိုစွန့်စားရမလဲသိတာပဲ..ဒါပေမယ့်လေ..ဖိတ်စာတစ်စောင်မှာ လူနှစ်ယောက်ပဲဝင်ခွင့်ရတာမသိဘူးလား...မင်းသူ့ကိုအားကိုးနေရင်တော့ အသုံးမဝင်တော့ဘူး..."
ဖုန်ချန့်လင်က ကျန်းကျန့်အား အတည်မမှတ်ချေ။သူ့အဖေက ဤတစ်ကြိမ်၌ လာကြမည့် ကုန်သည်များစာရင်းအား ရရှိထားကာ သူ့အား ကြိုပြထားသည်။သူက စာရင်းထဲ ကျန်းကျန့်နာမည်မပါကြောင်း သေချာသိ၏။
ဖုန်ကျင်းယွမ်က သူ့သားပုံစံကိုကြည့်ရင်း ကျန်းကျန့်ဆိုသူဖြစ်မည်ဟု ခန့်မှန်းမိသည်။
ဒီလူက သူ့သားခေါင်းပေါ် ဟင်းရည်တွေလောင်းချတဲ့သူလား။
ဖုန်ကျင်းယွမ်က မည်သို့ပင် မိတ်ဆွေဖွဲ့ကာငွေရှာချင်သည်ပြောသော်ငြား ဝမ်းတွင်းပုပ်ဖြစ်သည် ။မဟုတ်ပါက သူ့လုပ်ငန်းကြီးပွားလာနိုင်မည်မဟုတ်။သူက ကျန်းကျန့်၊ကျောက်ကျင်းကော၊ဝမ်ဟိုင်ရှန်းနှင့် သူ့နောက်ကအခြားသူများအားကြည့်လိုက်ကာ ရှက်သွေးဖြာပြီး သိသိသာသာပင်တစ်ခုခုဖြစ်နေသည့် ရှန်းအန်ရှင်းအား စူးစိုက်ကြည့်လိုက်သည်။သူ့မျက်နှာ ပျက်သွား၏။
သူက ရှန်းမိသားစုအား သူယူချင်တိုင်းယူလို့ရသည့် ငွေထုပ်အဖြစ် သတ်မှတ်ထားခဲ့သည်...။ဒါပေမယ့် ဘယ်သူက ကျားကနေ အစာလုနိုင်မှာလဲ။
“ရှန်းအန်ရှင်း...ဒီလူက မင်းကိုအမှူထမ်းရတာ ပျော်နေတာပဲ...မင်း သူ့ကို အမြင့်ကြီးတွေးထားတာလား"
ဖုန်ချန့်လင်က ရှန်းအန်ရှင်းအား တစ်ဖန်ပြန်ကြည့်လိုက်ပြီး ဖိအားပေးသည့်လေသံနှင့် တိုးတိုးပြောလာ၏။
ရှန်းအန်ရှင်းက မျက်နှာရဲသွားပြီး ငိုတော့မည့်နှယ်ဖြစ်ကာ ဘာမျှမပြောနိုင်ချေ။ကျန်းကျန့်က ရုတ်တရက် ရှေ့တစ်လှမ်းတိုးလာပြီး ဖုန်ချန့်လင်အင်္ကျီလည်ပင်းအား ကိုင်မြောက်လိုက်သည်
"မင်း ပါးစပ်ပိတ်ထားလိုက်တော့"
ရှန်းအန်ရှင်းက ကျန်းကျန့်အား ပြောနေသည်မဟုတ်သော်ငြား ရှန်းအန်ရှင်းနှင့် ထပ်ကာထပ်ကာ ဆက်စပ်နေ၍ သူက အနည်းငယ်စိတ်ဆိုးလာ၏။
ကျောက်ကျင်းကောရှိနေတယ်လေ...။ဒီလူတစ်ခုခုပြောလိုက်လို့ ကျောက်ကျင်းကောအထင်လွဲသွားရင် ဘာလိုလုပ်မလဲ။
“မင်း ဘာလုပ်ချင်တာလဲ"
ဖုန်ချန့်လင်က ကျန်းကျန့် ဤနေရာမျိုးတွင် လုပ်ရဲလိမ့်မည်ဟု ထင်မထားချေ။သူက ချက်ချင်း ကြောက်ရွံ့လာပြီး သူ့အား ပိုကြောက်သွားစေသည်က ....သူ့အားလွယ်လွယ် ပင့်မြောက်လိုက်၍ မယုံနိုင်ဖြစ်သွားရသည်။
သူ့ကို မ,လိုက်တာလား။
သူက ကလေးဘဝကတည်းက ဝသည်ဖြစ်ရာ အခြားသူများ သူ့ကိုချီရန်ကလည်းမလွယ်လှ၍ ယခုအချိန်တွင်ဖြင့် သူ့ကအချီခံထားရ၏။
ဖုန်ချန့်လင် အသိစိတ်ပြန်မရမီ အဝတ်ပြဲသွားသည့်အသံအား ကြားလိုက်ရသည်။
ကျန်းကျန့်:"......"ဒီလူက အတော်လေးတာပဲ..။
“ဘာဖြစ်နေကြတာလဲ"ကျန့်မိသားစုအိမ်တော်ထိန်းက ဆူဆူညံညံဖြစ်နေသည်အား သတိထားမိသွားကာ အမြန်ရောက်လာသည်။
ဖုန်ချန့်လင်၏ လက်မောင်းအောက်ဘက်အဝတ်က ပြဲသွားသည်။ကျန်းကျန့်လက်လည်း နာနေပြီဖြစ်၍ ဖုန်ချန့်လင်အား ပြန်ချပေးလိုက်ကာ သူ့အဝတ်များဆွဲချလိုက်ရင်း အိမ်တော်ထိန်းအား ကြည့်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး...ကျုပ် ဖုန်သခင်ကြီးနဲ့ စကားပြောနေရုံပါ"
ကျန်းကျန့်က တည်တည်ငြိမ်ငြိမ်ပုံစံနှင့် ပြောလာသည်
"ဖုန်သခင်ကြီးက ပြောနေတာ သူကဝတယ်တဲ့..ဒါနဲ့ကျုပ်လည်း သူက အဲ့လောက်မဝပါဘူးလို့ ပြောနေတာ..တကယ်တမ်းကျ လက်တစ်ဖက်တည်းနဲ့တောင် ချီလို့ရတယ်ရော"
အစက သဘောထားကွဲလွဲနေကြသည်အား မျက်မြင်တွေ့ထားသည့် အနီးအနားရှိလူများက ရယ်လာကြသည်။
ဖုန်ကျင်းယွမ်၏မျက်နှာသည်လည်း အလွန်အမင်း ရုပ်ဆိုးသွားလေ၏။သူ့သား သိက္ခာကျပြီးအရှက်တကွဲဖြစ်ပါပြီ...ဒီကျန်းကျန့်တော့လား....။
“သခင်ကြီးကျန်းပါလား..."
ဖုန်ကျင်းယွမ် တစ်ခုခုပြောလာမည်အား မစောင့်လိုက်မီ အိမ်တော်ထိန်းက ကျန်းကျန့်အား မှတ်မိသွား၏။
"ကျွန်တော့သခင်လေးက ခင်ဗျားလာရင်ဆိုပြီး အပြင်မှာသွားစောင့်နေဖို့ ကျွန်တော့်ကို မှာထားတာ..ကျေးဇူးပြုပြီး အထဲကိုကြွပါ"