Chapter 125
ထွက်ခွာရန် အဆင်သင့်ဖြစ်ခြင်း
သူတို့သာ အိမ်မှာနေရပြီး သန့်သန့်ရှင်းရှင်း ချမ်းချမ်းသာသာရှိနေရင် ကျန်းကျန့်လို အိမ်ထောင်သည်ယောက်ျားကို လက်ထပ်ဖို့ မရှာမှာသေချာပေါက်ပဲ...
လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီး ရှန်းအန်ရှင်းကို ခြောက်လန့်ပြီးနောက် ဈေးဝယ်ထွက်ခဲ့ကြသည်။ သူတို့က ၎င်းကို အလေးအနက်မထားခဲ့ဘဲ ကျောက်ကျင်းကောနှင့်ပင် ထိုအကြောင်းကို မပြောခဲ့ကြပေ။
ကောင်းပြီ၊ သူတို့က ကျောက်ကျင်းကောနှင့်လည်း စကားပြော၍ရသည်။ကျောက်ကျင်းကော က တခြားသူတွေကို သူတို့ကို ဂရုစိုက်ပြီး စောင့်ကြည့်ခိုင်းထားသည်။အဲဒီနေ့ စျေးဝယ်ကနေ ပြန်လာတဲ့အခါ အလုပ်တာဝန်ကျပြီး အလုပ်ဆင်းရတဲ့အတွက် ဒီလိုမျိုး တစ်ခုခုကို ဘယ်သူမှတ်မိမှာလဲ...
မသိလိုက်ပါဘဲ ကျန်းကျန့် နှင့် ကျောက်ကျင်းကော မြို့တော်သို့ရောက်ရှိလာသည်မှာ တစ်လပင်ရှိသွားပြီဖြစ်သည်။ထိုအချိန်တွင် မြို့တော်ရှိလူများအားလုံးသည် ကတ်များနှင့်ကျန့်မိသားစု၏လုပ်ငန်းအမည်ကို အခြေခံအားဖြင့် သိရှိခဲ့ကြသည်။
ကျန့်ရီက ကျန်းကျန့်၏အကြံဉာဏ်ကိုယူကာ သာမန်ကတ်များ၏အနောက်ဘက်တွင် သူ၏လုပ်ငန်းအမည်ကို ရိုက်နှိပ်လိုက်သည်။
ဖဲများရေပန်းစားလာပြီးနောက် ကျန်းကျန့် လူများစွာ လောင်းကစားကို စွဲလန်းနေမည်ကို အနည်းငယ်စိုးရိမ်ခဲ့သော်လည်း မကြာမီတွင် သူသည် ၎င်းကို အလွန်အမင်း တွေးတောနေမိခြင်းဖြစ်ကြောင်း သူသဘောပေါက်ခဲ့သည်။
လောင်းကစားလိုသူများသည် ကတ်များမရှိသော်လည်း လောင်းကစားရန် နည်းလမ်းများစွာရှိပါသေးသည်။ မလုပ်ချင်သူတွေအတွက်မူ. . . ကတ်တွေဝယ်လျှင်ပင် မိသားစုတွေနှင့်သာ ကစားကြပေလိမ့်မည်။
သူကဲ့သို့ပင်၊ သူသည် အခြားသူများနှင့် လောင်းကစားမလုပ်ဖူးဘဲ ကျောက်ကျင်းကောနှင့်သာ အဝတ်အစားချွတ်ရန်အတွက် ကစားခဲ့သည်။
အထူးသဖြင့် သာမန်လူတွေ. . . သူတို့ထဲက တော်တော်များများက သူတို့ကိုယ်ပိုင်ဘဝမှာ အသက်ရှင်ရန်ပင် အချိန်မရှိကြရာ ဤသည်ကိုကစားရန် အဘယ်မှာအချိန်ရှာတွေ့မည်နည်း။
သူတို့မှာ ကတ်တွေရှိလျှင်ပင် သူတို့အမြဲတမ်းရှိနေခဲ့သည့်အတိုင်း ဘဝကို ရှင်သန်နေကြမည်ပင်။ သို့သော်၊ ဤတချီ၏အထက်တန်းစားများသည် လူကြီးလူကောင်းကတ်များကို ချီးမွမ်းကြသည်။ ကတ်များမှရရှိသောအကျိုးကျေးဇူးများအားလုံးသည် ကျန့်မိသားစုအပိုင်ဖြစ်သည်။ကျန်းကျန့်က ၎င်းကို မအံ့သြသလို ဂရုလည်းမစိုက်ပေ။သူက သာမန်ပြည်သူတစ်ဦးဖြစ်သည်။ကျန့်မိသားစုမရှိရင် သူ ၎င်းတို့ကို မိတ်ဆက်ပေးနိုင်မှာ မဟုတ်ပေ။ထို့အပြင် ကျန့်မိသားစုက သူ့ကို အများကြီး ပေးထားပြီး သူ့ကို အများကြီးလည်း ကူညီပေးခဲ့ကာ ယင်းက ကြင်နာမှုဟုခေါ်နိုင်သည်။
ထိုနေ့တွင် ကျန့်ရီ ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ခဲ့ပါသည်။ဧကရီမယ်တော်ကြီးကို ဒဏ်ရာများကို ချုပ်သည့်ကိစ္စနှင့် ပတ်သက်၍ အကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် ဆေးကုသရုံရှိလူများကို စမ်းသပ်စစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
"ကျွန်တော်ရဲ့ ဒုတိယဦးလေးက ဒီနည်းလမ်းကို ဗိုလ်ချုပ်တချို့နဲ့ ဆွေးနွေးမှာ... အဲဒီဗိုလ်ချုပ်တွေနဲ့ တွေ့ဖို့ လိုက်သွားချင်သလား"
ထိုသို့ပြောပြီးနောက် ကျန့်ရီက ထပ်မေးသည်။
"မလိုပါဘူး...ကျုပ်က ဘယ်လိုကုရမှန်းသိတာဟုတ်ဘူး...ဒီနည်းလမ်းကို မတော်တဆ တွေးမိတာပါ...အဲဒီကို သွားရတာ ရှက်စရာကြီးမို့ မသွားဘူး"
ကျန်းကျန့်က တိုက်ရိုက်ငြင်းဆိုခဲ့သည်။ သူ့အသက်မွေးဝမ်းကြောင်းတိုးတက်ရန်အတွက် စစ်တပ်ကို သွားရန် မရည်ရွယ်ထားသောကြောင့် ထိုလူတွေကို တွေ့ဆုံရန် မလိုအပ်ပါချေ။
"အင်း ...စိတ်မပူပါနဲ့...ကျွန်တော် ဆုတွေ ပို့ပေးမှာပါ"
ကျန့်ရီကဆိုသည်။
ကျန်းကျန့်က အရာရှိလောကအတွက် မသင့်တော်သလို ကျန်းကျန့်အတွက် ရှေ့မတိုးသည်က ပိုကောင်းသည်ဟု သူလည်းထင်သည်။
ကျန်းကျန့် အတွက်မူ ဆုကြေးငွေ အမျိုးမျိုးက တတ်နိုင်သော်လည်း . . . ခေတ်မီဆေးနည်းသစ်နှင့် ထွက်လာဖို့ဆိုသည်ကအချိန်ယူရသည်။ ရှေးခေတ်ရောက်နေသည်က ပြောစရာပင်မလိုပေ။
"သခင်ကျန့် ဘယ်အချိန် ယန့်ကျီမြစ်ရဲ့ တောင်ဘက် ကို ပြန်မှာလဲ"
ကျန်းကျန့်က ရုတ်တရက် မေးလိုက်သည်။
အမှန်တွင် မြို့တော်မှာ နေထိုင်ရသည်က အလွန်အဆင်ပြေပေမဲ့ ကျောက်ဖူကွေ့တို့လင်မယားက ဟယ့်ရှီမှာ ရှိနေဆဲဖြစ်ပြီး ကျောက်ကျင်းကောကလည်း အိမ် အနည်းငယ် လွမ်းနေမှန်း သိသာ၏။
ကျောက်ကျင်းကောမှာ ကိုယ်ဝန် လေးလရှိနေပြီ ဖြစ်သောကြောင့် ၎င်းတို့ မပြန်ပါက ဗိုက်ပိုကြီးလာသောအခါ ပြန်သွားရန် ပို၍ အဆင်မပြေနိုင်ပါချေ။ကျောက်ဖူကွေ့တို့လင်မယားလည်း အချိန်အကြာကြီး စောင့်ဆိုင်းရလျှင် စိတ်ပူသွားမှာ သေချာ၏။
"ကျန်းကျန့်...ကျွန်တော် ခင်ဗျားကိုမလိမ်ဘူး...ဒီတစ်ကြိမ်မှာ မြို့တော်မှာ တစ်နှစ်လောက်နေဖို့ မျှော်လင့်ထားတယ်"
ကျန့်ရီက ပြောသည်။
မူလက ကျန်းကျန့်ကို သူ့အား အရည်အသွေးမြင့်သော လောင်းကစားအိမ်တစ်ခု စီမံရာတွင် ကူညီရန်အတွက် မြို့တော်တွင် အချိန်ပိုကြာနေစေလိုသော်လည်း ယခုအခါတွင် ကြည့်ရသည်မှာ. . . မဖြစ်နိုင်ပုံပင်။ကျန်းကျန့်က မြို့တော်မှာမနေချင်တော့ပေ။ထိုသည်ကိုသိသဖြင့် ကျန့်ရီက လက်ရှိအချိန်တွင် မပြန်နိုင်သောကြောင့် ကျန်းကျန့်က သူ အရင်ပြန်သွားရန် အဆိုပြုခဲ့သည်။
ထုံးစံအတိုင်း ကျန့်ရီက မငြင်းနိုင်။ ကျန်းကျန့် ကုန်ပစ္စည်းများဝယ်ယူရာတွင် ကူညီရန် ကျန့်မိသားစုမှ အတွေ့အကြုံရင့်ကျက်သော ဘဏ္ဍာစိုးနှစ်ဦးကို စေလွှတ်ပြီး နောက်ထပ်ငွေတစ်ထောင်ကို ပေးပို့ခဲ့ကာ ကျန်းကျန့်ကို အရင်ပြန်သွားခွင့်ပြုခဲ့
သည်။
မြို့တော်တွင် တစ်လခွဲကြာနေထိုင်ပြီးနောက် ကျန်းကျန့် မပြန်မီ ရက်အနည်းငယ်အလိုတွင် ပြန်ရန်နှငွ သင်္ဘောပေါ်သို့ ကုန်ပစ္စည်းတင်သည်ကို စောင့်ဆိုင်းရန် ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။
ထိုအချိန်မှာ အရေးကြီးသည့် အဖြစ်အပျက်တစ်ခုကို သူရှာဖွေတွေ့ရှိခဲ့သည်။ကျောက်ကျင်းကော၏ဗိုက် လှုပ်ရှားသွားသည်။
ကျန်းကျန့် ထိုနေ့တွင် ကျောက်ကျင်းကော နှင့် အပြင်ထွက်ရင်း ရုတ်တရက် ကျောက်ကျင်းကော ၏ဗိုက် လှုပ်ရှားသွားသည်ကို ခံစားလိုက်ရပြီး သူ့ကို စိတ်ရှုပ်ထွေးသွားစေသည်။
ကျန်းကျန့်၏လက်က ကျောက်ကျင်းကော၏ ၏ဗိုက်ပေါ်တွင်ရှိနေသည်ဖြစ်ရာ သူ့ တစ်ကိုယ်လုံး အေးခဲသွားခဲ့သည်။
ကျောက်ကျင်းကောမှာ ကိုယ်ဝန်ရှိနေပြီဆိုသည်ကို သိပြီး မွေးလာမည့်အတွက် စိတ်ပူနေပေမဲ့ သူ အမြဲစိုးရိမ်နေသည်က ကျောက်ကျင်းကောကိုဖြစ်ပြီး သူ့ဗိုက်ထဲက ကလေးမဟုတ်ပါချေ။ ထို့ကြောင့် အခြားသူတို့၏ ကိုယ်ဝန်ဆောင်ဇနီးသည်များက သူမတို့၏ဗိုက်ထဲကကလေးအတွက် ဖြည့်စွက်စာ များများစားချင်ကြသော်လည်း ကလေးကမွေးရန် အလွန်ကြီးလွန်းမည်ကို စိုးရိမ်သောကြောင့် ကျောက်ကျင်းကောကို များများစားခိုင်းရန် သူဆန္ဒမရှိခဲ့ပေ။
သူလည်း ကလေးရှိလာသည်ကို ပျော်နေပေမဲ့ သူ၎င်းကို သတိထားမိစဥ်က အံ့သြသည်ကပိုခဲ့၏။ လောလောဆယ်မှာ မျိုးအောင်ထားသည့် မျိုးဥထက် ဘာမှ မပိုသော ကလေးလေးကို သူ တကယ်ပဲ ချစ်ခင်မှု များများစားစား မရှိခဲ့ပါချေ။
ဥပမာအားဖြင့်. . . မတော်တဆမှုတစ်ခု ဖြစ်ခဲ့လျှင် ကလေးဖျက်ချရန် လိုအပ်မည်ဆိုပါက သူ စိတ်သောကရောက်နေလိမ့်မည်မဟုတ်ပေ။ကျောက်ကျင်းကော၏ ခန္ဓာကိုယ်အတွက် သူ ပို၍သောကရောက်နေလိမ့်မည်။အမှန်တွင် ဤကလေ၏ တည်ရှိမှုကို သူတကယ် မခံစားမိသေးပါချေ။သို့သော် ဤအခိုက်အတန့်တွင် သူ့လက်အောက်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသော အသက်ငယ်တစ်ခုရှိသည်။
လှုပ်ရှားမှုက အားနည်းဖျော့တော့ပြီး ကျန်းကျန့်ကို စိတ်ပူစေသည်။ သူသာ အလုံအလောက် တွန်းလိုက်မည်ဆိုလျှင် အနှီကလေးလေး အသက်အန္တရာယ် ထိခိုက်သွားမှာကို သူစိုးရိမ်မိသည်။
"ဘာဖြစ်လို့လဲ"
ကျောက်ကျင်းကောက ကျန်းကျန့်ကို အံ့အားသင့်စွာဖြင့် ကြည့်ကာ ကျန်းကျန့်အဘယ်ကြောင့် ရုတ်တရက် မလှုပ်ရှားတော့သည်ကို သိချင်သွားသည်။
"လှုပ်သွားတယ်"
ကျန်းကျန့်က ကျောက်ကျင်းကော၏ဗိုက်ကို ညွှန်ပြသည်။
"ဗိုက်က လှုပ်နေသလိုပဲ"
ကျောက်ကျင်းကော ပြန်သတိရဖို့ ကြိုးစားပေမဲ့ ကျန်းကျန့် ဘာဖြစ်သွားသည်ကို သူ နားမလည်သေးပါချေ။
"ကလေးက လှုပ်သွားတယ်"
ကျန်းကျန့်က ပြောလိုက်၏။
ကျောက်ကျင်းကောက စိတ်ရှုပ်ထွေးနေတုန်းပင်။
သူကအမြဲတမ်း ကလေးလိုချင်ခဲ့ပေမဲ့ ကျောက်ကျင်းကော ၎င်းအတွက် တကယ်ကို ပြင်ဆင်ထားခြင်းမရှိပါချေ။ကိုယ်ဝန်နှင့် ကလေးမီးဖွားခြင်းအကြောင်း သူ များများစားစား မသိခဲ့ပေ။ အနည်းဆုံး ကလေးက သူ့ဗိုက်ထဲမှာ လှုပ်ရှားနေမယ်ဆိုသည်ကို သူမသိပေ။
"ဗိုက်တောင်မမြင်ရသေးတာကို(မထွက်သေး) သူဘာလို့ လှုပ်ရှားနေတာလဲ"
ကျောက်ကျင်းကော မနေနိုင်ဘဲ မေးလိုက်သည်။ တခြားသူတွေလည်း ဒီလိုပဲလား...
"ကိုယ်မသိဘူး"
ကျန်းကျန့်က ပြောလိုက်သည်။
ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားလှုပ်ရှားမှုအချို့ရှိလာမည်ကို သူသိသော်လည်း ကျောက်ကျင်းကော၏ဗိုက်သည် ဤရက်ပိုင်းတွင်
လေ့ကျင့်ခန်းမလုပ်သဖြင့် အနည်းငယ်ပျော့သွားသော်လည်း ပိုကြီးမလာသေးပေ။ ကလေးက အရမ်းသေးနေတာကို ဘာလို့ လှုပ်နေတာလဲ...
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူးကာ စိုက်ကြည့်နေကြပြီး မူလချစ်ခင်ကြင်နာနေမှုတို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါချေ။
နောက်နေ့မနက်မှာစောစောထပြီး ကျန်းကျန့် ကျောက်ကျင်းကော သူနှင့်အတူ သမားတော်ဟူဆီခေါ်သွားရန် စီစဉ်ခဲ့၏။
တော်ဝင်ဆေးကုသရုံသည် ဒဏ်ရာများ ချုပ်ခြင်းကိစ္စအား လေ့လာရန် အလုပ်များနေပြီး သမားတော်ဟူအနေဖြင့် ၎င်းကို ဝင်မစွက်ဖက်နိုင်ပေ။သို့ပေမဲ့ ကျန့်မိသားစုက ထိုအကြောင်းကို ဗိုလ်ချုပ်အများအပြားကို ပြောပြထားပြီးဖြစ်သောကြောင့် သူ့အိမ်မှာနေနေသည် စစ်ဘက်သမားတော်များနှင့် လေ့လာခဲ့၏။
"အရင်တုန်းက ပတ်တီးတွေက အရမ်းဈေးကြီးတယ်... ဒါပေမဲ့ ဒီနည်းလမ်းက အပ်တွေနဲ့ ချည်မျှင်တွေကိုပဲ အသုံးပြုတဲ့အတွက် ပိုက်ဆံအများကြီး သက်သာနိုင်တယ်"
"ဒဏ်ရာက ညစ်ပတ်လို့ မရဘူး...ပတ်တီးတွေကို ပြန်သုံးတဲ့အခါ အဲဒီလူတွေက အဖျားရှိလာတယ်"
"ငါ မှတ်စုရေးမယ်...အနာဂတ်မှာ စစ်ဘက်သမားတော်တွေ တည်းခိုရာနေရာတွေမှာ ပတ်တီးတွေဆေးကြောပြီး ပြုတ်ဖို့ လူအနည်းငယ်ကို အထူးတလည်ခွဲဝေပေးဖို့ လိုတယ"
. . .
ထိုနေ့နံနက်တွင် လူတိုင်းသည် စောစောထကြသည်။ကျန်းကျန့် ရောက်လာသောအခါ စစ်ဘက်သမားတော်များ၏ ဆွေးနွေးမှုက စတင်နေပြီဖြစ်သည်။
ကျန်းကျန့် ထိုစကားကိုကြားသောအခါ ယခုအချိန်တွင် ဆေးဘက်ဆိုင်ရာနည်းပညာသည် သူထင်သည်ထက်ပင် ပိုဆိုးနေပုံပေါ်ကြောင်း သူသိလိုက်သည်။ စစ်မြေပြင်မှာ ဒဏ်ရာတွေရပြီး အသက်ရှင်နေသေးသူတွေက အင်မတန်ကံကောင်းသည်က သေချာ၏။
သို့သော် ဤခေတ်တွင် မည်သူမျှ ပဋိဇီဝဆေးကို မသုံးခဲ့ကြပါဘဲ ၎င်းတို့၏ ကိုယ်ခံအားစနစ်သည် မော်ဒန်ခေတ်ကာလထက် များစွာ အားကောင်းနေသည်။
"ကျန်းကျန့် ...မင်းရောက်လာတာပဲ...ငါတို့ကို ထပ်ပြောစရာရှိသေးလား"
သမားတော်ဟူက ကျန်းကျန့်ကိုတွေ့သောအခါ ချက်ချင်းမေးလိုက်သည်။
အခြားစစ်ဘက်သမားတော်တွေကလည်း မျက်တောင်မခတ်ဘဲ ကျန်းကျန့်ကို ကြည့်နေသည်။
"ကျုပ် တတ်နိုင်သမျှ ပြောခဲ့ပြီးပြီ"
ကျန်းကျန့်က ပြောလိုက်၏။
ထိုလူများ၏ ပြောဆိုမှုကို ကြားပြီးနောက် သူ အမှန်တကယ်ပင် ဆရာဝန်ဖြစ်ရန် ဆန္ဒရှိခဲ့သော်လည်း နောက်ဆုံးတွင် သူကမဟုတ်ခဲ့ပေ။
"ဒါဆို မင်းဘာလို့ ဒီကိုလာတာလဲ"
သမားတော်ဟူက ကျန်းကျန့်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
"ကျုပ် ဒီကိုလာတာ... ကျောက်ကျင်းကော ...သူ့ဗိုက်က လှုပ်နေတယ်"
ကျန်းကျန့် အနည်းငယ် စိုးရိမ်နေသည်။
သမားတော်ဟူ : " ..."
ဘယ်ကိုယ်ဝန်ဆောင်ကောရဲ့ ဗိုက်က မလှုပ်လို့လဲ....
ကျန်းကျန့် နှင့် ကျောက်ကျင်းကော သမားတော်ဟူဆီမှ ထွက်ခွာမသွားမီ ကျောက်ကျင်းကော သူ့ထံမှ နောက်ထပ် အကဲဖြတ်ချက်တစ်ခုကို လက်ခံရရှိခဲ့သည်၊ ဆိုလိုသည်မှာ သူသည် နွားတစ်ကောင်ကဲ့သို့ပင် သန်မာလှသည်။ သို့သော်လည်း ကျောက်ကျင်းကော၏ဗိုက်ထဲတွင် အမှန်တကယ်လူတစ်ယောက်ရှိနေကြောင်း ရုတ်တရက်သိလိုက်ရသော ကျန်းကျန့်တစ်ယောက် သတိပြန်ကပ်လာခဲ့သည်။
သို့ပေမဲ့ ၎င်းကြောင့် သူတို့ မူလစီစဉ်ထားသည်ထက် သုံးရက် နောက်ကျပြီးမှ ထွက်ခွါခဲ့သည်။ကျန်းကျန့် အပြန်ခရီးအတွက် လုံလောက်စွာ မပြင်ဆင်ထားရဟု ခံစားရသည်။
ထိုကာလအတွင်း ကျန်းကျန့် သူ့သွေးသား၏တည်ရှီမှုကို အကြိမ်ပေါင်းများစွာ ခံစားခဲ့ရသည်။ လှုပ်ရှားမှုက အလွန်အားနည်းနေပေမဲ့ သူတကယ်ခံစားနိုင်၏။ကျောက်ကျင်းကော၏ဗိုက်ထဲတွင် ကလေးတစ်ယောက်ရှိနေသည်။
ကျန်းကျန့်သည် ဤအရာအားလုံးသည် အလွန်မှော်ဆန်သည်ဟု ခံစားရသည်။ တစ်ချိန်တည်းမှာပင်၊ သူသည် နောက်ဆုံးတွင် ဖခင်တစ်ယောက်လို အနည်းငယ်ခံစားရပြီး ကျောက်ကျင်းကော၏ဗိုက်ထဲရှိ ကလေးအား နှောင့်ယှက်ရန် အလွန်ရှက်ရွံ့လာသည်. . .
ကျန်းကျန့်က ၎င်းကို တွေးနေချိန်မှာ ကျောက်ကျင်းကောတစ်ယောက်ကမူ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ကျန်းကျန့်က သူ့ကို ချစ်နေပုံပေါ်ပြီး တစ်ချိန်လုံး ထိတွေ့လေ့ရှိပေမဲ့ ယခုမူ သူ့လက်တွေကို ဗိုက်ပေါ်မှာပဲ သံမိုစွဲသလိုထားထား၏။ သူနှင့် ပွတ်သီးပွတ်သပ်မနေချင်တော့ပေ။ကျန်းကျန့်က သူ့အနားမှာ တနေကုန်နေပြီး သူ့ကို အလွန် ဂရုစိုက်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ကျန်းကျန့် သူ့ကို မကြိုက်တော့ဘူးဟု တွေးနေမိလိမ့်မည်။
သူ ခရီးမထွက်ခင် ညမှာ ကျောက်ကျင်းကော အံကြိတ်ပြီး ကျန်းကျန့်၏ အဓိက အစိတ်အပိုင်းတွေကို ဆုပ်ကိုင်လိုက်ပြီး သူတို့ကို ထိလိုက်သည်. . .ကျန်းကျန့်တစ်ယောက် ဗိုက်ထဲကကလေးကို မနှောင့်ယှက်ရန်ကိစ္စ အားလုံးကို ရုတ်တရက် မေ့သွားပေမဲ့ သူ့လုပ်ရပ်တွေက အရင်ကထက် အများကြီး ပိုဂရုစိုက်လာခဲ့သည်။ကျင်းကောမှာ သူ့ကလေးလေး ကိုယ်ဝန်လွယ်ထားနေရသည်။
ကျန့်ရီက ပြန်မလာပေမဲ့ ကျန့်မိသားစု၏ သင်္ဘောအုပ်စုက ပြန်သွားကြသည်။ မူလက မြို့တော်မှ ထွက်ခွာရန် ရက်အနည်းငယ် ကြာမည်ဖြစ်သော်လည်း ကျန်းကျန့် ထွက်ခွာမည်ဆိုသောအခါ ကျန့်ရီ ကုန်တင်ပြင်ဆင်မှုကို အရှိန်မြှင့်လိုက်သည်။ကျန့်မိသားစု၏ရေယာဥ်စုကို ကျန်းကျန့် ၏ရေယာဥ်စုနှင့်အတူထွက်ခွာခိုင်းလိုက်သည်။
ကျန်းကျန့်၏ ရေယာဉ်စုနှင့် လိုက်ပါသွားပါက သူ့ရေယာဉ်စုသည် ပိုမိုဘေးကင်းမည်ဟု သူခံစားရသည်။
ကျန်းကျန့် မြို့တော်မှ ထွက်ခွာသောအခါ ကျန့်ရီက သူ့ကိုတွေ့ရန် အထူးတလည်ရောက်လာခဲ့သည်။ကျန့်ရီအပြင် ရှန်းအန်ရှင်း လည်း ပါလာသည်။
ကျန်းကျန့်က အများအားဖြင့် အိမ်တွင်သာနေ၍လူများစွာကို မသိခဲ့သောကြောင့် ရှန်းအန်ရှင်းကို သူနှင့် အသိကျွမ်းဆုံးသူကဲ့သို့ဖြစ်စေသည်။ သို့ပေမယ့်လည်း သူနှင့်မတွေ့သည်မှာကြာပြီဖြစ်သော ရှန်းအန်ရှင်းက သူ့ကို နှုတ်ဆက်ဖို့ ရောက်လာပြီး သူ့ကို အံ့သြသွားစေ၏။
"သခင်လေးရှန်း"
ကျန်းကျန့်က တက်လာပြီး ရှန်းအန်ရှင်းကို အံ့သြစွာ နှုတ်ဆက်လိုက်သည်။
"သခင်ကျန်း မြို့တော်က ထွက်သွားတော့မှာလို့ ကြားတော့ တွေ့ဖို့လာခဲ့တာပါ"
ရှန်းအန်ရှင်းက ကျန်းကျန့်ကို ပြုံးပြုံးရွှင်ရွှင်ကြည့်ကာ မြို့တော်မှ အထူးထုတ်ကုန်အချို့ကို ပေးဆောင်ရန် သူ့အစေခံများကို လက်ပြလိုက်သည်။
ဤတစ်ကြိမ်တွင် ရှန်းအန်ရှင်း၏ အပြောအဆိုနှင့် အပြုအမူများသည် ကျန်းကျန့် သူ့ကို ပထမဆုံးစတွေ့ချိန်နှင့် တူညီသည်။ကျန်းကျန့်က သူ့ကို ကြည့်ပြီး ကျေးဇူးတင်စကား ပြောလိုက်ပြီး ကျောက်ကျင်းကောလည်း သူ့ကို ယခုလိုမြင်ရသည့်အခါ စိတ်သက်သာရာ ရသွား၏။ သူတို့ထွက်သွားတော့မှာဖြစ်ပေမဲ့ ဤလူက ကျန်းကျန့်ကို မလွမ်းပါက ပိုကောင်းသည်။
အချိန်အတော်ကြာ စကားပြောပြီးနောက် ရွက်လွှင့်ရန် အချိန်တန်လေပြီ။ကျန်းကျန့်က ကျန့်ရီနှင့် ရှန်းအန်ရှင်းကို နှုတ်ဆက်လိုက်ပြီး ချက်ချင်းဆိုသလိုပဲ တစ်စုံတစ်ယောက်က သင်္ဘောနှင့် မြစ်ကမ်းစပ်ကြား ကျယ်ပြောသည့် ပျဥ်ချပ်ကို ချထားလိုက်သည်။
ကျန်းကျန့်၏လိုက်ပါစောင့်ရှောက်မှုဖြင့် ထွက်ခွာသွားသော ကျောက်ကျင်းကောကို မြင်သောအခါ ရှန်းအန်ရှင်း အသက်ပြင်းပြင်းရှူကာ ကျန့်ရီကို အပြုံးဖြင့် ကြည့်၍ဆိုလိုက်သည်။
"သခင်ကျန့်"
ရှန်းမိသားစုကိုရှေ့ဆက်သယ်ပိုးမည်ဟု သူ့အဖေကို ကတိပေးထားကတည်းက သူအရင်ကလို ဟိုဟိုသည်သည်ကို ကြောက်၍မဖြစ်တော့ပေ။သူ့လမ်းပေါ်ရောက်လာမည့် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားသင့်သည်. . .
ရှန်းအန်ရှင်း နှင့် ကျန့်ရီတို့သည် အချင်းချင်း စကားဖောင်ဖွဲ့ခဲကြသည်။
တစ်ဖက်တွင် ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့သည် သင်္ဘောပေါ်တွင်ထိုင်ကာ မြို့တော်မှ ဖြည်းညှင်းစွာထွက်ခွာသွားကြသည်။
"ကျန်းကျန့် ...အနာဂတ်မှာ မြို့တော်ကို လာဦးမှာလား"
ကျောက်ကျင်းကောက မေးလေသည်။