အကိုင်း၁၂၉
Viewers 31k

Chapter 129

Chapter 129

ကျန်းရှောင်မိန်ထွက်ပြေးသွားသည်



"သူ့ကို ရိုက်တာဘာဖြစ်လဲ... သူက ငါ့ကိုနာကျင်စေချင်တာ...ဘာလို့ သူ့ကို မရိုက်နိုင်ရမှာလဲ" အဘွားကြီးကျန်းကဆိုသည်။


"ငါ့သမီး ပျောက်နေတယ်...သူ သူ(မ)ကို ဖမ်းခေါ်သွားတာ ဖြစ်နိုင်တယ်...ရွာသူကြီး ရှင်ကျွန်မအတွက် တရားမျှတအောင် လုပ်ပေးရမယ်"


"သူ သူ့ကိုဖမ်းခေါ်သွားတာ ဘယ်လိုလုပ်ဖြစ်မှာလဲ"


ကျန်းဖျင်က ပြောသည်။ သို့သော်လည်း အဘွားကြီးကျန်းနှင့်အတူ ပါလာသော ကျန်းမိသားစုဝင်များ၏ စကားသံများကြားတွင် သူ့စကားများသည် လျင်မြန်စွာ နစ်မြုပ် သွားခဲ့သည်။


"တစ်စုံတစ်ယောက်က ကျန်းရှောင်မိန် ဒီကိုလာတာတွေ့တယ်...သူဖွက်မထားရင် ဘယ်သူလုပ်မှာလဲ"


"ကျောက်လျူ...ကျန်းရှောင်မိန်ကို လွှဲပေးရင် နင်အဆင်ပြေမှာပါ"


"ဒါမှမဟုတ် ရှာကြည့်ရအောင်"


. . .


ကျောက်မိသားစု၏ဘဝသည် ပိုပိုကောင်းမွန်လာကာ ရွာရှိလူများစွာကို မနာလိုဖြစ်လာစေခဲ့သည်။ကျန်းကျန့်က လေးလကျော် အဝေးရောက် နေခဲ့ပြီး သူဘယ်အချိန်ပြန်လာမည် သို့မဟုတ် ပြန်လာမည်ကိုမလာမည်ပင် မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့ ၎င်းကို အခွင့်ကောင်းယူရန် ကျန်းမိသားစုနှင့်အတူ လာခဲ့ကြသည်။


ထိုစကားကိုကြားပြီးနောက် အဘွားကြီးကျန်း နောက်ထပ်အကြံတစ်ခုရလာခဲ့သည်။


"ကျောက်လျူ...နင်လပိုက်ဆံပေးရမယ်...နင်ငါ့သမီးကို ခေါ်သွားပြီး သူ့အိမ်ထောင်ရေးကို ဖျက်ရင် ငါ့အတွက် ငွေပြန်ဆပ်ရမယ်"


"ဒါ...ငါက နင့်ကိုဘာလို့ပိုက်ဆံပြန်ပေးရမှာလဲ" ကျောက်လျူကက သူ့မျက်နှာကို အုပ်ထားသည်။စွန်းရှောင်ရှန်းက သူမကို ကာကွယ်ရန် ကြိုးစားပေမဲ့ သူမ တုန်နေပြီဖြစ်သည်။


"နင် ငါ့ကို ပိုက်ဆံမပေးမချင်း ငါထွက်သွားမှာမဟုတ်ဘူး"


အဘွားကြီးကျန်းက ထပ်ပြောသည်။ ပထမတုန်းက ကျောက်လျူဆီမှ ပိုက်ဆံတောင်းရန် စိတ်ကူးမရှိသော်လည်း အခုအချိန်တွင် ဤအကြောင်းကို ပိုတွေးလေလေ၊ အကြံကောင်းတစ်ခုဟု သူမထင်လေလေ မျက်လုံးတွေ တောက်ပလာလေပါပင်။


"အဓိပ္ပါမရှိတာ... ကျန်းမိသားစု... မင်းတို့သမီးက ကလေးမဟုတ်ဘူး...သူကိုယ်တိုင် ထွက်ပြေးခဲ့တာ...ကျောက်လျူက မင်းကိုဘာလို့ ပိုက်ဆံပေးရမှာလဲ"


ကျန်းဖျင်က ထပ်ပြောလိုက်ပြန်သည်။ တချိန်တည်းမှာပဲ ရွာကလူတွေ ပိုပြီးရောက်လာကြသည်။


ဤလူများ အားလုံးသည် ကျောက်မိသားစုနှင့် နီးစပ်ကြ၍ဖြစ်စေ ကျန်းမိသားစုကို မကြိုက်သောကြောင့်ဖြစ်စေ အဘွားကြီးကျန်းကို သဘာဝကျကျ ဝေဖန်ကြသည်။


"ကျန်းမိသားစု...နင်တို့သမီးကို ရောင်းစားရုံတင်မကဘဲ ငွေညစ်ဖို့တောင်ရောက်လာတယ်"


"ကျန်းမိသားစု...နင်တို့အရမ်းလွန်သွားပြီ"


"ကျောက်လျူက နင့်ကို ဘာလို့ ပိုက်ဆံပေးရမှာလဲ"


"ပိုက်ဆံလိုချင်လို့ ရူးနေတာပဲ"


. . .


ဤလူအရေအတွက်က အဘွားကြီးကျန်းကခေါ်လာသူတွေထက် အများကြီး ပိုများ၏။ သူမ ထိုလူများကိုမြင်သောအခါ ကျောက်မိသားစုထံမှ ပိုက်ဆံတောင်းခံမှုမှာ အလုပ်မဖြစ်နိုင်သည်ကို သူမသိလိုက်သည်။


ထိုအချိန်၌ ပို၍ကံဆိုးသည်မှာ ရွာသားတစ်ယောက်က မျက်လုံးများနီရဲ​​​​​နေသည့် ကျန်းရှောင်မိန်ကို ဆွဲထုတ်လာခဲ့ခြင်းပင်။


"ရှောင်မိန်က မြစ်ကမ်းနားက တောထဲမှာ ပုန်းပြီး ငိုနေတာ"


ကျန်းရှောင်မိန်က ကျောက်မိသားစုတွင် လုံးဝမရှိခဲ့ဘဲ သူမကိူတွေ့ရှိသည့်နေရာသည် ကျောက်မိသားစုနှင့် ဝေးကွာသည်။


အဘွားကြီးကျန်းကိုကြည့်နေသော ရွာသားများ၏ မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွားသည်။ သူမနှင့် လိုက်ပါလာသူများပင် ရှက်ရွံ့ကြသည်။ အဘွားကြီးကျန်းပြောသည်ကို သူတို့ နားထောင်ပြီး ကျန်းရှောင်မိန်က ကျောက်မိသားစုထဲမှာပဲဟု ဆုံးဖြတ်ခဲ့ကြသော်လည်း လွဲသွားသည်။


ကျန်းရှောင်မိန် လုံးဝမရှိခဲ့ဘူးလား...


အဘွားကြီးကျန်းကို လူအများက စိုက်ကြည့်နေသောကြောင့် သူမ ခဏတာ မျက်နှာမချင်းမဆိုင်နိုင်ဖြစ်သွားသည်။သို့ပေမဲ့ သူမက ကျောက်လျုကို ရုတ်တရက် ကြိမ်းမောင်းလိုက်၏။


"ကျောက်လျူ...နင့်မိသားစုက အခုချိန်မှာ ပိုကောင်းလာရင်တောင် ကိုယ့်ကိုယ်ကို ဂုဏ်ယူမနေပဲ့...နောက်ဆုံးမှာ သူက ငါ့သားပဲ...နင့်ရဲ့ ကျင်းကော ကလေးမမွေးနိုင်ဘူးဆိုတော့ နောင်အနာဂတ်မှာ သူ့မိသားစုနာမည်ကို လက်ဆင့်ကမ်းပေးချင်တဲ့ ငါ့သားက ကိုယ်လုပ်တော်တစ်ယောက်လိုမှာ သေချာတယ်... နင်က ငါ့မြေးကို ကူပြုစုပျိုးထောင်ပေးရုံပဲရှိမှာ"


. . .


"နင် အဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ"


ကျောက်လျူသည် ယခင်က ပါးရိုက်ခံရခြင်းအတွက် စိတ်မဆိုးခဲ့သော်လည်း ထိုအချိန်တွင် သူမ အမှန်တကယ် ဒေါသထွက်သွားခဲ့သည်။


"ငါ ဘယ်မှာ အဓိပ္ပါယ်မရှိတာပြောလို့လဲ... ငါက အမှန်တိုင်းပြောနေတာ...အောင်သွယ်တော်က နင့်သားက ကလေး မမွေးနိုင်ဘူးလို့ပြောခဲ့တယ်" အဘွားကြီးကျန်းက ပြောလိုက်သည်။


နောက်ပိုင်းမှာ ဘယ်သူကလဲမသိ၊ တစ်ယောက်ယောက်က ရုတ်တရက် "ကျန်းကျန့် ပြန်လာပြီ"ဟုထအော်သည်။


ကျန်းကျန့် ပြန်ရောက်ပြီလား။ အဘွားကြီးကျန်းတုန်လှုပ်သွားပြီး လှည့်ထွက်ပြေးချင်ခဲ့သည်။ သို့သော်လည်း ကျန်းကျန့်က လူအုပ်ကို ဘေးသို့တွန်းထုတ်လိုက်ပြီး ၎င်းတို့ထံ ရောက်ရှိနေပြီဖြစ်သည်။


အဘွားကြီးကျန်း ကျောက်မိသားစုအိမ်တွင် ပြဿနာရှာရဲသည့် အကြောင်းရင်းမှာ ကျန်းကျန့်မရှိသောကြောင့်ဖြစ်သည်။ကျန်းကျန့်ကက သူ့လူတွေကို မြို့တော်ကို ခေါ်သွားပြီး ပြန်မလာသည်က လေးလကျော်ရှိပြီဖြစ်သဖြင့် လူတွေက ထင်ကြေးပေးပြီး ကျန်းကျန့်က ပြန်မလာတော့ဘူးကဲ့သို့သော ကောလာဟလတွေ ဖြန့်ကြသည်။


ဤသည်က အဘွားကြီးကျန်း တကယ်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပြီး လူတော်တော်များများကို ပြောဖူးသည့် ကောလဟာလတွေဖြစ်သည်။ကျန်းကျန့်က ကောင်းကောင်းလုပ်နေသည်ကို တွေ့လိုက်ရသည်က သူမ စိတ်အဆင်းရဲဆုံးပင်။သူမစွန့်ပစ်ထားသော၊အထင်အမြင်သေးသော သားက အဘယ်သို့ ကောင်းသောဘဝဖြင့် နိဂုံးချုပ်၍ဖြစ်မည်နည်း။


အဘွားကြီးကျန်းက ကျန်းကျန့်ကို မုန်းတီးပြီး အပြင်မှာ သေသွားရန်ဆုတောင်းနေပေမဲ့ သူက သူမကို အကြိမ်ပေါင်းများစွာ သင်ခန်းစာပေးခဲ့သည့်အတွက် သူမ ကြောက်လည်း ကြောက်ခဲ့သည်။ ယခု ကျန်းကျန့်က လူစုလူဝေးကို ဘေးသို့တွန်းထုတ်ပြီး သူမဆီသို့ လာနေသည်ကို မြင်လိုက်ရသဖြင့် သူမကို အလွန်ကြောက်လန့်သွားကာ လှည့်ထွက်ပြေးချင်လာသည်။


အဘွားကြီးကျန့်၏နောက်ရှိ ကျန်းမိသားစုမှ အခြားအဖွဲ့ဝင်များကလည်း အလားတူတုံ့ပြန်ခဲ့သည်။ကျန်းကျန်းအဝေးရောက်နေချိန်မှာ ပြဿနာရှာရန် သူတို့ ဝံ့ရဲခဲ့ကြပေမဲ့ ကျန်းကျန့်က တိုက်ဆိုင်စွာ ပြန်ရောက်လာသည့်အခါ သူတို့ မည်သို့ဆက်လုပ်ကြရမည်နည်း။


ကျန်းမိသားစု၏ ဆွေမျိုးများနှင့် သူငယ်ချင်းအများအပြားသည် ခေါင်းငုံ့ကာ အလုပ်ရှုပ်နေကြပြီး ကျန်းကျန့် ၎င်းတို့အား မရှာနိုင်အောင် ရွာသားများကြားတွင် ပုန်းချင်ကြသည်။ကျန်းချောင်ဝမ် နှင့် သားသတ်သမားကျန်းတို့သည် ပုန်းရန် နေရာမရှိသောကြောင့် ၎င်းတို့၏ အမူအရာများမှာ အပြစ်ရှိစိတ်နှင့် ကြောက်ရွံ့မှုအပြည့်ရှိသည်။


"ဘာတွေပြောနေတာလဲ"


ကျန်းကျန့်က ရှေ့သို့ လှမ်းလာပြီး အဘွားကြီး ကျန်း၏ ရင်ဘတ်ပေါ်မှ အဝတ်များကို ဆွဲကာ အေးစက်သော အမူအရာဖြင့် သူမကို ငုံ့ကြည့်သည်။


ထိုလူပြောသည့်စကားကို သူမကြားလိုက်သော်လည်း နောက်ဆုံးစကားအနည်းငယ်ကိုကြားလိုက်ရပြီး လူအုပ်ကြားထဲရောက်သွားသောအခါ ကျောက်လျူ၏မျက်နှာပေါ်တွင် ပါးရိုက်ခံထားရသည့်အမှတ်အသားကို တွေ့လိုက်ရသည်။ကျန်းကျန့် နှင့် ကျောက်လျူသည် ထိုအမျိုးသမီးကျန်းထက် ပို၍ရင်းနှီးသည်။ထိုကတည်းက သူ ဤအဘွားကြီးကို တကယ်ပဲ ရွံရှာခဲ့သည်။


"ငါ ..."


အဘွားကြီးကျန်းတစ်ယောက် ခဏတာ စကားမပြောနိုင်။


သူမပတ်ဝန်းကျင်ကလူတွေက အဘွားကြီးကျန်းကို အတော်လေးသနားသွားကြသည်။သူတပါးမကောင်းကြောင်းပြောချိန်မှာ လက်ပူးလက်ကြပ်ဖြင့်အဖမ်းခြင်းခံရခြင်းမှာ သူမ မည်သို့ ဤမျှကံမကောင်းရသနည်း။


ကျောက်ကျင်းကောက တကယ်ကလေးမမွေးနိုင်လျှင်ပင် ကျန်းကျန့်က သူ့ကိုအလွန်ဂရုစိုက်သည်၊ထို့ကြောင့် အမှန်ဆိုပေငြား တခြားသူတွေဝေဖန်သည်ကိုခံရသည်က သည်းမခံနိုင်စရာပင်။


"ကျန်းကျန့်... မင်းမှာပြောစရာရှိလား"

ရွာသူကြီးကျန်းဖျင် မသိစိတ်က အကြံပေးပြီး ကျန်းကျန့်၏နောက်ကို ဆက်ကြည့်နေလိုက်သည်။


ကျန်းကျန့် ပြန်ရောက်လာပြီဆိုတော့ သူ့သားလည်း ပြန်လာသင့်တယ် မဟုတ်လား... သူ့သားက ဘယ်မှာလဲ... ရိုးရိုးသားသား ပြောရရင် သူ ဒီမှာ လုံးဝရန်ဖြစ်မနေချင်ဘူး...သူ့သားကို ပြန်သွားတွေ့ချင်ခဲ့တာ...


"ကျန်းကျန့်... မင်းအမေက အမှန်အတိုင်း စကားနည်းနည်းပဲပြောခဲ့တာ... ဒါတွေအားလုံးက မင်းရဲ့အကျိုးအတွက်ပဲ"


ထိုခဏခြင်းတွင် အခြားသောလူသည် ရှေ့သို့ရောက်လာ၏။ထိုသူက သားသတ်သမားကျန်နှင့်အဘွားကြီးကျန်းအတွက် ရပ်တည်ပေးခဲ့သော်လည်း ကျန်းကျန့်၏ရိုက်နှက်ခြင်းခံခဲ့ရသည့် ကျန်းမိသားစု၏ ဒုတိယဦးလေးဖြစ်လေသည်။ကျန်းမိသားစု၏ ဒုတိယဦးလေးသည် လေသံပြောင်းနေပြီဖြစ်ပြီး ကျန်းကျန့်အား အော်ငေါက်ဝံ့ခြင်းမရှိသလို ဒူးထောက်ခိုင်းခြင်းလည်းမရှိပေ။ သို့သော် သူ့အသက်အရွယ်ကို အမှီပြုပြီး ကျန်းကျန့်ကို ကျိုးကြောင်းဆင်ခြင်ခိုင်းကာ အမြတ်များစွာရနေသေးသည်။


ကျန်းကျန့်၏အကြီးအကဲတစ်ယောက်အနေဖြင့် ကျန်းကျန့်ကို ကောင်းကောင်းဆုံးမပေးသင့်သည်ဟု သူခံစားရ၏. . . ကျန်းကျန့်က ယခုအချိန်မှာ အလွန်အောင်မြင်နေပြီဖြစ်သည်က ထည့်ပြောစရာပင်မလိုပေ။ကျန်းကျန့်ကို ကျန်းမိသားစုဆီ ပြန်ခိုင်းပြီး ကျောက်မိသားစုအား သူ့ကို အခွင့်ကောင်းမယူမိစေသည်က ပိုကောင်းသည်။


ကျန်းကျန့် အပြင်မှာရှာခဲ့သည့် ပိုက်ဆံကိုမပြောနှင့်၊ကျောက်မိသားစုက မွေးမြူထားသည် ကြက်တွေနှင့် ဘဲတွေကိုပဲကြည့်–ကျန်းမိသားစုက အဲဒီကြက်တွေနဲ့ ဘဲတွေကို မွေးမြူထားရင်သာ ကောင်းမှာမဟုတ်ဘူးလား...

ဒုတိယဦးလေးအနေဖြင့် သူသည် အနည်းဆုံး ဝတ်ကြီးဝတ်ငယ်ပြုမှုကို ခံရမည်ဖြစ်သည်။


ကျန်းမိသားစု၏ ဒုတိယဦးလေး ထိုစကားများကို ပြောပြီးသည်နှင့် တပြိုင်နက် ရှိနေသူများက သူ့ကို ကြည့်လာကာ အချို့လူများက သူ့ကို စာနာ သနားစပြုလာကြသည်။


သို့သော်လည်း ကျန်းမိသားစု၏ ဒုတိယဦးလေးသည် စာနာစိတ်မရှိခဲ့ပေ။ကျန်းကျန့်က ကျောက်ကျင်းကော၏ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန်နှင့် သူ့ကိုမလိုလားသော သားသတ်သမားကျန်းနှင့် လောင်းကစားလုပ်ရန်အတွက် ကျောက်မိသားစုနှင့်ပူးပေါင်းရန် အစပြုခဲ့ကြောင်း သူအမြဲခံစားခဲ့ရသည်. . .


"ကျောက်ကျင်းကော ရဲ့ ခန္ဓာကိုယ်ကို ကြည့်ရုံနဲ့ ကလေးမွေးဖို့ဆိုတာ လွယ်တော့မှာမဟုတ်ဘူးဆိုတာ မင်းပြောနိုင်နေပြီပဲ... ရွာကလူတိုင်းသိတာမို့ မင်းအမေက အမှန်အတိုင်းပြောနေတာ"


"ကျန်းကျန့်... မင်း ကိုယ့်အနာဂတ်ကို တွေးနေဖို့ လိုနေသေးတယ်...လူတွေက သူတို့ရဲ့ မိသားစုကို အမွေဆက်ခံဖို့ သားသမီးတွေကို အမြဲလိုအပ်တယ်လေကွာ"


ကျန်းမိသားစု၏ ဒုတိယဦးလေး စကားမဆုံးမီ ကျောက်လျူက အလျင်စလို ပြေးလာပြီးဆိုသည်။


"မိမဆုံးမဖမဆုံးမအိုကြီး"

အမြဲတမ်း ရှက်ရွံ့ပြီး လူတွေကို ဆဲဆိုကြိမ်းမောင်းခြင်းမပြုတတ်သည့် ကျောက်လျူက ဤ​အခိုက်အတန့်မှာ အလွန်ရက်စက်လွန်းသည့်အတွက် ဒုတိယဦးလေး၏မျက်နှာမှာ အကုတ်ခံရပြီး သွေးတို့စွန်းထင်းနေခဲ့သည်။


အရင်က အဘွားကြီးကျန်း၏ မတရားစွပ်စွဲပြီး ပါးရိုက်ခြင်း ခံရသည့်အခါ ကျောက်လျူ ကြောက်ရွံ့မှုသာ ခံစားခဲ့ရသည်။သို့သော် ယခုပြောခဲ့သည့်စကားများက သူမကို ရင်ဘတ်ထဲကို အမှန်တကယ်ထိုးစိုက်မိခဲ့သည်။


ကျန်းကျန့်က သူတို့၏ကျောက်မိသားစုထဲကို လက်ထပ်ဝင်ခဲ့သော်လည်း သူ အခြားအမျိုးသမီးများကို သူ့သားသမီး မွေးဖွားစေလိုပါက သူမနှင့်ကျောက်ဖူကွေ့ မတားနိုင်လောက်အောင် သူကစွမ်းဆောင်နိုင်ခဲ့သည်။ကျောက်ကျင်းကောက သူ့သားသမီးများကို မမွေးပေးနိုင်ခဲ့ပါက သူတို့အနေဖြင့် သူ့ကို အခြားတစ်ယောက်ယောက်နှင့် ကလေးယူခွင့်ပေးသင့်သည်. . . ထိုသို့ဆိုလျှင် သူမ၏ကျင်းကော အနာဂတ်တွင် မည်မျှ သနားစရာကောင်းလိုက်မည်နည်း။၎င်းကို တွေးလိုက်ရုံနှင့် ကျောက်လျူ ဝမ်းနည်းသွားခဲ့ပြီး သူမကို ရုတ်တရက် အတော်ပင် ရက်စက်သွားစေခဲ့သည်။


"နင်ဘာလုပ်နေတာလဲ...ငါအမှန်အတိုင်းပြောနေတာ"


ကျန်းမိသားစု၏ ဒုတိယဦးလေးဖြစ်သူက ကမန်းကတန်းပြောလိုက်သည်။

"ကျွတ်...ကျွတ်...အာ့"


သူ့သားသမီးတွေ ၎င်းကိုမြင်သောအခါ ရှေ့တက်ပြီး ကျောက်လျူကို တားလိုက်ရုံသာရှိကြတော့သည်။


"ကျောက်လျူ ရပ်လိုက်"


"မင်း ခွေးမသား"


အခုလေးတင်း လူအုပ်ထဲကို တိုးဝင်လာသည့် ကျောက်ဖူကွေ့က ဤမြင်ကွင်းကိုမြင်လိုက်ရပြီး သူ့မိန်းမအရိုက်ခံရမှာစိုးသဖြင့် အလျင်အမြန်လာပြီး ကျောက်လျူကိုကူ၏။


"အမေ"


ကျောက်ကျင်းကောလည်း ပြေးလာသည်။သူ့ဗိုက်ထဲကကလေးကြောင့် သူရောက်သည်ကအနည်းငယ်နောက်ကျပြီး ယခုလက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး သူအတော်လေးရှုပ်ထွေးနေသည်။


"မိမဆုံးမဖမဆုံးမအိုကြီး...မိမစစ်ဖမစ်အိုကြီးအိုမကြီး...ဘယ်သူကပြောလဲ ကျင်းကောကမ–"

ကျောက်လျူ ဝါကျ၏နောက်ဆုံးအပိုင်းကို ခေါင်းမာမာနှင့် သီးလုမတတ်မြိုချလိုက်သည်။


ကျောက်လျူကို ယခုလိုမြင်သောအခါ လူတိုင်း သူမကို စာနာသွားကြပြန်သည်။သူမအတွက် ကောင်းစားနေချိန်မှာ အောင်ပွဲခံရန်ကအသုံးမဝင်ပါချေ။အနာဂတ်မှာ သူမ၏အဆင့်အတန်း မသေချာမရေရာဖြစ်လာပေလိမ့်မည်။


ကျန်းကျန့်သည် ညံ့ဖျင်းပြီး အရည်အချင်းမပြည့်မီပါက ကျောက်မိသားစုက သူ့အား သဘာဝအတိုင်း ဆုပ်ကိုင်ထားနိုင်သော်လည်း ကံမကောင်းစွာပဲ ကျန်းကျန့်က မျိုးရိုးနာမည်ကျန်းနှင့် ကလေးယူရန်အတွက် အနာဂတ်တွင် ကျောက်မိသားစုမှ ထွက်ခွာသွားနိုင်သည့် အရည်အချင်းရှိပြီး ကျောက်မိသားစုက သူ့ကို တားနိုင်သည့်အရာဘာမျှမရှိပေ။ လူတိုင်းက ထိုသို့ တွေးနေခဲ့သည်။


များစွာသော ကမောက်ကမဖြစ်နေမှုကို မြင်လိုက်ရပြီး နောက်ဆုံးမှာ ရှေ့ကို ပြေးလာသည့် ကျောက်ကျင်းကောတစ်ယောက် လူအုပ်၏တွန်းထုတ်ခြင်းကို ခံရတော့မည်။


"ကျင်းကော"


ကျန်းကျန့်က အော်လိုက်ပြီး သူ့အမူအရာက အရုပ်ဆိုးနေသည်။အဘွားကြီးကျန်းကို လွှတ်လိုက်ပြီး ကျောက်ကျင်းကောကို အလျင်အမြန် လှမ်းဆွဲလိုက်သည်။


ရုတ်တရက် တိတ်ဆိတ်သွားကာ လူတိုင်းက

ကျန်းကျန််ကို သတိထားပြီး ကြည့်လိုက်ကြသည်. . . ကျန်းကျန့်က ဘာကြောင့် ကျောက်ကျင်းကောကို ရုတ်တရက် အော်လိုက်တာလဲ...သူ့အမူအရာက အရုပ်ဆိုးလွန်းတယ်...


ကျောက်ကျင်းကောကို သူ မကြိုက်ဘူးလား...

ကျောက်လျူ ထိုကဲ့သို့ မတွေးတောဘဲမနေနိုင်ပဲ ကျန်းကျန့်ကို စိုးရိမ်တကြီး ကြည့်နေလေသည်။


"သတိထားလို့မရဘူးလား...မင်းဗိုက်ထဲမှာ ကလေးရှိနေတယ်လေ..."


ကျန်းကျန့်က ပြောသည်။ကျောက်ကျင်းကောက ကျန်းမာရေးကောင်းနေသည်ဆိုရင်လျှင်ပင် သူ ဒုက္ခရောက်၍မဖြစ်ပေ။


ကျန်းကျန့်က ၎င်းကိုပြောပြီးသည်နှင့် ရွာသားတွေ ချက်ချင်း ငြိမ်ကျသွားသည်။သူတို့ ဘာကြားလိုက်တာလဲ...ကျောက်ကျင်းကော သူ့ဗိုက်ထဲမှာ ကလေးလွယ်ထားတာလား...

အားလုံးက ကျောက်ကျင်းကော၏ ဗိုက်ကို ကြည့်လိုက်ကြပြီး တွေ့လိုက်ရသည်က. . . နည်းနည်းကြီးနေသည်။


"အမေ...ကျင်းကောက ကိုယ်ဝန်ရှိနေပြီ...အမေ အံ့သြနေလို့ မရဘူး... လူတွေကို ရိုက်တာကို ရပ်ပြီး သူ့ကို ဂရုစိုက်ပါ"


ကျန်းကျန့်က ကျောက်လျူကို ပြန်ဆွဲထုတ်လိုက်သည်။


ကျောက်လျူ အံ့ဩသွားသည်။

"အိုး..."


ကျောက်ဖူကွေ သူ့အသိစိတ်တွေ ပြန်ဝင်လာကာမှ ကျန်းကျန့်က သူ့သားကို ဘာလို့ ဘာကိုမှ သယ်ခွင့်မပေးသည်လဲဆိုသည်ကို နောက်ဆုံးမှာ သိသွားသည်။သူ ငွေမရှာနိုင်ခဲ့သည်မှာ ထင်ရှားသော်လည်း သူ့သားကို သားမွေးအဝတ်အစားများကို ၀တ်ဆင်ပေးထားဆဲဖြစ်သည်။


သူက ကျောက်ကျင်းကောကို ချက်ချင်းပြောလိုက်၏။


"ရှက်စရာကောင်းလိုက်တာကွာ...ကိုယ်ဝန်ရှိနေတာကို မင်းဘာလို့ပြေးနေတာလဲ"


ပထမတုန်း သူက မျက်နှာတည်တည်ကို ထိန်းထားပေမဲ့ သူ့စကားအလယ်လောက်မှာ သူ့မျက်နှာက တင်းမာမနေနိုင်တော့ဘဲ ကျောက်ကျင်းကော၏ ဗိုက်ကို ကြည့်ရင်း မနေနိုင်ဘဲရယ်မိလိုက်သည်။


ဟယ့်ရှီရွာသားများသည် ကျောက်မိသားစုကို ရုတ်တရက် မနာလိုဖြစ်လာသည်။ကျောက်မိသားစုက ဘယ်လိုလုပ် ဒီလောက်ကံကောင်းရသည်လဲ။ ကျောက်ကျင်းကောက အိမ်ထောင်သက် တစ်နှစ်မပြည့်သေးပေ။သို့ပေမဲ့ သူ့ဗိုက်က ထွက်နေပြီဖြစ်သဖြင့် လက်ထပ်ပြီး မကြာခင်မှာ ကိုယ်ဝန်ရခြင်းဖြစ်လောက်သည်။ကျောက်ကျင်းကောက ကလေးမမွေးနိုင်ဘူးလို့ ဘယ်သူပြောတာလဲ။ သူက အသိသာကြီးကို အလွန် မျိုးအောင်သည်။


ကံကောင်းထောက်မစွာဖြင့် ကျောက်ကျင်းကောက အစပိုင်းတွင် လီမိသားစုထဲကို လက်ထပ်မဝင်ခဲ့ပေ။ မဟုတ်လျှင် သူတို့ ကလေးတွေ ပိုတင်ကျွေးရလိမ့်မည်။


ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့က ကျောက်ကျင်းကောကို ကြည့်လိုက်ကြပြီး ကျန်းကျန့်က ရွာသူကြီးကျန်းဖျင်ကို တိုက်ရိုက်ကြည့်လိုက်သည်။

"ရွာသူကြီး... ဒီနေ့ ဘာဖြစ်နေတာလဲ"


သူ့သားကို လိုက်ရှာရင်း အလုပ်ရှုပ်နေသည့်ကျန်းဖျင်က အခေါ်ခံလိုက်ရသဖြင့်ပြောလိုက်၏။

" တချို့ကိစ္စတွေ ရှိတယ်..."


သူက ဇာတ်လမ်းတစ်ခုလုံးကို တိုတိုရှင်းရှင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပေမဲ့ ပြီးသွားသည့်အချိန်ထိ သားဖြစ်သူကို လူအုပ်ထဲမှာ မတွေ့ရသေးပါချေ။

"ကောင်းပြီ...ကျန်းမိသားစုက ကျန်းရှောင်မိန်ကို ဝှက်ထားလို့ အမေ့ကို ဆဲဆိုပြီးတိုက်ခိုက်ဖို့ ကြိုးစားခဲ့တာလား"


ကျန်းကျန့်က ကျန်းမိသားစုကို လှောင်ပြောင်သော အပြုံးဖြင့် ကြည့်ကာ ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့် ကို တိုက်ရိုက် ပါးရိုက်လိုက်သည်။


"မင်းတို့မှာ သတ္တိအများကြီးရှိတာပဲ"


ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့်တို့၏ မျက်နှာများ ရောင်ရမ်းလာသော်လည်း ယခုတစ်ကြိမ်တွင် ၎င်းတို့သည် လုံးဝမခုခံဝံ့ကြပေ။


"အဲဒါက နားလည်မှုလွဲတာ... မင်း​ဒေါသ​ထွက်​ခွင့်​ရှိ​ပေမဲ့ မင်း​ညီ​မ​ကို​တွေ့​ပြီး​ပြီ​မို့ ငါ​တို့​သွား​မယ်..."


သားသတ်သမားကျန်းက သူ့မိသားစုနှင့်ထွက်သွားတော့မည်ဟု ထဆိုသည်။


ကျန်းကျန့်နှင့် သူမတိုက်ခိုက်ချက်ပေ။အမှန်တွင် ပဋိပက္ခဖြစ်တိုင်း သူ့အတွက် ဘာအကျိုးမှ မရှိပေ။ထို့အပြင် ကျန်းရှောင်မိန် ကို"လက်ထပ်"ရန် လာသည့်လူတွေလည်း များလာသောကြောင့် ထိုကိစ္စကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။


"ဒီလိုမျိုး နားလည်မှုလွဲပြီးတဲ့နောက် ထွက်သွားချင်နေတာလား...ခင်ဗျားလိုချင်တာက ရိုးရှင်းလွန်းတယ်"


ကျန်းကျန့်က ရယ်မောလိုက်သည်။