အပိုင်း၁၃၀
Viewers 31k

Chapter 130

Chapter 130

ကျန်းရှောင်မိန်ကို ဝယ်ယူခြင်း




"မင်းဘာလိုချင်တာလဲ"


သားသတ်သမားကျန်းက မေးသည်။


"ကျုပ်တို့က ကျန်းရှောင်မိန်ကိုဖွက်ထားတယ်လိ့ ခင်ဗျားပြောတာမဟုတ်ဘူးလား...ခင်ဗျားဒီလိုပြောပြီးပြီဆိုမှတော့ သူ့ကို ကျုပ်အိမ်မှာ ဖွက်မထားရင် ကျုပ်နောင်တရလိမ့်မယ်"


ကျန်းကျန့်ကပြောပြီး ကျန်းရှောင်မိန်ကို ချက်ချင်းကြည့်လိုက်သည်။


"ဒီကိုလာ"


ကျန်းရှောင်မိန် အနည်းငယ် စိတ်ရှုပ်ထွေးသွား သည်။ သူမမိဘတွေက ယခုလိုအိမ်ထောင်ရေးမျိုး စီစဉ်ပေးသည်ကို သူမ သိကတည်းက ကျန်းရှောင်မိန် အလွန် နာကျင်ခဲ့ရသည်။ သူမက ကောင်းမွန်သော မိသားစုကို လက်ထပ်ပြီး ကောင်းမွန်သော ဘဝတစ်ခုမှာနေလိုခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမသည် ကောင်းမွန်သောဘဝတစ်ခုမှာမနေနိုင်ခဲ့ရုံသာမက တွင်းထဲသို့လည်း ကျသွားပေလိမ့်မည်။

အိမ်ထောင်မပြုလိုသည်မှာ မှန်ပါသည်၊ သို့သော် သူမ၏မိဘများက အောင်သွယ်တော်ကို သဘောတူကြောင်းပြောပြီးသောအခါတွင် သူမဘာလုပ်နိုင်မည်နည်း။


နှစ်ရက်ကြာအောင် ငိုယိုပြီး အခေါ်သွားခံရရန် စောင့်နေခဲ့သည်. . . ကျန်းရှောင်မိန် သူမအိမ်မှ တတ်နိုင်သမျှ ထွက်ပြေးခဲ့သည်။ သို့ပေမဲ့သူမ အလွန် အဝေးကြီး မသွားခဲ့၊ဤလမ်းကြောင်းက အလုပ်မဖြစ်မှန်း သူမသိ၏ . . .


သူမက မိန်းမဆိုတော့ ဘယ်သွားလို့ရမလဲ...သတိလက်လွတ်ဖြစ်သွားရင် ညစ်ပတ်တဲ့နေရာကို ရောင်းစားခံရနိုင်တယ်...

တွေးလေလေ ပိုဆိုးလေလေ၊ ငယ်ငယ်က ကစားခဲ့ဖူးသော မြစ်ကမ်းနား တောအုပ်ဆီသို့ ပြေးသွားပြီး ငိုလိုက်မိသည်။ သူမကို ရှာမတွေ့ခင်အထိကျန်းရှောင်မိန် သူမအမေက ကျောက်မိသားစုအိမ်ကို ပြဿနာသွားရှာသည်ကို မသိခဲ့ပေ။သူမ အနည်းငယ် ရှက်သွားသဖြင့် အမြန်ရောက်လာခဲ့ရသည်။


အမှန်အတိုင်းပြောရလျှင် ကျန်းရှောင်မိန် ကျောက်မိသားစုကို အကူအညီတောင်းချင်ခဲ့ပေမဲ့ ၎င်းကိုစဉ်းစားပြီးပြီးချင်း ချက်ချင်းမဖြစ်နိုင်ဘူးဟု သူမခံစားခဲ့ရသည်။ကျန်းကျန့်သာရှိလျှင် ကျန်းကျန့်ဆီသို့ သူမသွားနိုင်သည်။ကျန်းကျန့်က သူမကို ကယ်တင်မှာ သေချာပေမဲ့ အဓိသော့ချက်က ကျန်းကျန့်က ထိုမှာ မရှိခဲ့ပါချေ။ကျောက်မိသားစုတွင် အဘိုးကြီးတစ်ဦးနှင့် အဘွားကြီးတစ်ဦးသာရှိသဖြင့် အကူအညီတောင်းရန် သူမအတွက် အသုံးမဝင်ပေ။


ကျန်းရှောင်မိန် ပြန်သွားသောအခါတွင် သူမ အလွန်စိတ်အားငယ်သွားသည်။ သူမ ကိုယ်လုပ်တော်အဖြစ် ခေါ်ဆောင်သွားခံရတော့မည်ဟု သူမထင်ထားခဲ့သည်။မမျှော်လင့်ပါဘဲ ရုတ်တရက် သူမတစ်ချက်လှည့်ကြည့်လိုက်သည်နှင့် ကျန်းကျန့်ကပြန်ရောက်လာသည်။တစ်ခုသာပင်၊ကျန်းကျန့်က ရက်စက်သည့်ပုံပေါက်နေသည်

. . . ထို့ကြောင့် ကျန်းရှောင်မိန်လည်း အနည်းငယ်ကြောက်သွားသည်။


ကျန်းရှောင်မိန်က ကျန်းကျန့်ကို ဂရုတစိုက်ကြည့်သည်။ကျန်းကျန့်က ​၎င်းကိုမြင်သောအခါ ပြောလိုက်၏။


"မင်းဘာလို့ဒီကိုမလာတာလဲ...မြန်မြန်လုပ် မဟုတ်ရင် ငါမင်းကို ချက်ချင်းရောင်းစားပစ်မယ်"


ကျန်းရှောင်မိန်က ကျန်းကျန့်၏နောက်တွင် အမြန်ပုန်းနေပြီး မျက်လုံးများနီရဲလျက် သူမကို ပြုံးပြနေသော ကျောက်လျူအနားတွင် ရပ်လိုက်လေသည်။


"မင်း ...ဒါက ငါ့သမီး...ကျန်းကျန့် မင်းဘာလိုချင်တာလဲ ငါ့သမီးကို မင်းခေါ်လို့မရဘူး"


အဘွားကြီးကျန်းက အလျင်စလိုပြောလာသည်။

သတို့သား၏မိသားစုသည် သူမကိုခေါ်သွားရန်မကြာမီလာလိမ့်မည်ဖြစ်သည်။


တိုက်ဆိုင်စွာ ဖြစ်ပျက်ခဲ့သော အချို့အရာများ ရှိခဲ့သည်၊ အဘွားကြီးကျန်းက အလျင်လိုနေသလို တစ်ဖက်မိသားစုကလည်း ရောက်လာသည်။


"ဒီမှာ ဘာဖြစ်နေတာလဲ...ကျန်းရှောင်မိန် ဘယ်မှာလဲ"

အသံတစ်ခုထွက်ပေါ်လာပြီးနောက် သူစိမ်းနှစ်ယောက်သည် ဟယ့်ရှီရွာသားများမှတစ်ဆင့် ဖြတ်သွားကာ ရောက်လာကြသည်။


၎င်းတို့ထဲမှ တစ်ဦးက အသက်ငါးဆယ် ခြောက်ဆယ်အတွင်းရှိ သန်မာသော အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ အသက်သုံးဆယ်ကျော် နူးညံ့သိမ်မွေ့သော ယောက်ျားဖြစ်သည်။ သူတို့နှစ်ယောက်က ကျန်းရှောင်မိန်ကို ဝယ်ရန်လာခဲ့သည့် သားအမိတွေဖြစ်သည်။


ဤလူလတ်ပိုင်းအမျိုးသမီးသည် ယခင်က ကျန်းရှောင်မိန်နှင့်တွေ့ဖူးပြီး ထိုအချိန်တွင် သူမက ကျန်းရှောင်မိန်ကို တိရစ္ဆာန်တစ်ကောင်လို ကြည့်နေသောကြောင့် ကျန်းရှောင်မိန် သူမကို အလွန်ကြောက်သွားခဲ့သည်။


ယခု သူမကိုမြင်သောအခါ ကျန်းရှောင်မိန်က ချက်ချင်း နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ကျောက်လျူ၏နောက်မှာ ပုန်းအောင်း၍ သူမကို ထိတ်လန့်စွာ ကြည့်လိုက်သည်။


"ကျန်းရှောင်မိန် ဘယ်မှာလဲ"


အမျိုးသမီးက သူမပတ်ဝန်းကျင်က ရုန်းရင်းဆန်ခတ်တွေကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


"သူထွက်​​ပြေးတယ်လို့ငါကြား​တယ်... ဒါဘာကိုဆိုလိုတာလဲ...ငါတို့ကသူ့ကို ရကိုရရမယ်လို့ရယ်မဟုတ်ဘူး...ငါတို့မိသားစုထဲကို လက်ထပ်မဝင်ချင်ဘူးဆိုရင် ငါနောက်ထပ်တစ်ယောက် ရှာလို့ရတယ်"


ဤမိသားစု၏မျိုးရိုးအမည်မှာ လျန်ဖြစ်သည် ကိုယ်လုပ်တော်ယူလိုသူအား လျန်ဖူဖာဟုခေါ်ပြီး လျန်ဖူဖာ၏မိခင်အမည်မှာ ဟူဖြစ်သောကြောင့် လူတိုင်းက သူမကို လျန်ဟူဟုခေါ်ကြသည်။


လျန်ဟူ လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းရှောင်မိန်ကို တွေ့ရန်လာခဲ့သည်။ကျန်းမိသားစုဝင်များက စိတ်ကြီးဝင်နေကြပြီး ကျန်းရှောင်မိန်က တစ်ချိန်လုံးအလုပ်လုပ်နေသည်။သူမအလုပ်လုပ်နိုင်သည်ကိုမြင်သဖြင့် လျန်ဟူ သူမအား မျက်စိကျသွားခဲ့သည်။ အဘွားကြီးကျန်းတွင် သားသုံးယောက်အစဥ်လိုက်ရှိသည်ကို သူမပထမဆုံးသိလိုက်သောအခါ ကျန်းရှောင်မိန်ကို ပို၍ပင်ကျေနပ်လာခဲ့သည်။


သို့သော်ငြားလည်း ကျန်းရှောင်မိန်က ဤသဘောတူညီချက်ဖြင့် လူမှုရေးလှေကားထစ်ကို တက်နိုင်မည်ဟု သူမခံစားမိသေးသည်။ သူမသည် တောသူ မိန်းကလေးတစ်ဦးဖြစသော်လည်း သူ့သားအတွက် ကိုယ်လုပ်တော်ဖြစ်လာနိုင်သည်၊ ၎င်းသည် သူမ၏ယခင်ဘဝက ကောင်းချီးတစ်ခုဟု ယူဆသင့်သည်။


သူမသားက ဘယ်လောက်တောင် ကောင်းလိုက်သလဲ...တစ်ဖက်မိန်းကလေးက အရမ်းကြီး မနာခံလို့မဟုတ်ရင် သူမသားက သူ့ကို လုံးဝရိုက်မှာမဟုတ်ဘူး...


"သူ မပြေးဘူး...သူဒီမှာရှိသေးတယ်မဟုတ်ဘူးလား"

အဘွားကြီးကျန်းက ကျန်းရှောင်မိန်ကို ချက်ချင်းလက်ညှိိုးထိုးပြပြီး ဆိုသည်။


"ကျန်းရှောင်မိန် ဒီကို မြန်မြန်လာစမ်း"


ကျန်းရှောင်မိန်က ထိုကို မသွားချင်ပေ။


"ကျန်းကျန့်...ကျန်းရှောင်မိန်ကို လာဖို့ပြောပါ ...မဟုတ်ရင် မင်းကို စီရင်စုအစိုးရကို သတင်းပို့လိုက်မယ်...မင်းက လူတွေကို ပြန်ပေးဆွဲပြီး လူကုန်ကူးနေတာဟဲ့"


အဘွားကြီးကျန်းက ထပ်ပြောသည်။


ကျန်းကျန့်က စကားမပြောခင် လျန်ဖူဖာက မှုန်ကုပ်ကုပ်မျက်နှာနှင့် ရုတ်တရက်မေးလိုက်သည်။


"အဲဒီလူက ဘယ်သူလဲ...ခင်ဗျားသမီးမှာ ချစ်သူမရှိဘူးမဟုတ်လား"


လျန်ဖူဖာ၏အမူအရာက အရုပ်ဆိုးနေသည်။


အဘွားကြီးကျန်းက သူကျန်းရှောင်မိန်ကို မလိုချင်တော့မှာကို ကြောက်သည့်အတွက် ပြောလိုက်သည်။


"အဲဒါက သူ့အစ်ကို၊ငါ့သားအကြီးဆုံး... ငါ့သမီးက ဘယ်လိုလုပ် ချစ်သူရှိနိုင်မှာလဲ..."


"ကောင်းတယ်—"

လျန်ဖူဖာ၏ စကားမဆုံးခင် ကျန်းကျန့်က သူ့မျက်နှာကို တိုက်ရိုက် ပါးပိတ်ရိုက်လိုက်သည်။


ကျန်းကျန့် ထိုလူကို မှတ်မိသည်။ သူသည် စီရင်စုမြို့တဝိုက်တွင် လှည့်လည်သွားလာရင်း ယန်ကျင်းထံမှ အကြောင်းအရာများစွာကို သိရှိခဲ့ပြီး အချို့အရာများသည် သူ့ရှေ့မှလူနှင့် သက်ဆိုင်သည်။


လျန်ဖူဖာက အမျိုးသမီးများအား ရိုက်နှက်ခြင်းကို နှစ်သက်ပြီး ဇနီးသည်အား မည်သူ့ကိုမျှ စကားတစ်ခွန်းမျှ မပြောရန်ပင် တားမြစ်ခဲ့သည်။မိန်းမတစ်ယောက်ကို အမှန်တကယ်လက်ပါတဲ့ယောက်ျားက....ယောက်ျားတောင် မဟုတ်ဘူး...


"မင်းငါ့ကိုရိုက်တယ်"

လျန်ဖူဖာက ကျန်းကျန့်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။


စီရင်စုမြို့က ဆိုင်ပိုင်ရှင်ငယ်တစ်ယောက်အနေဖြင့် သူက ကျေးလက်ကလူတွေကို အမြဲတမ်း နှိမ့်ချပြီးမြင်သည်။ကိုယ်လုပ်တော်လာဝယ်သည့်အချိန်မှာ တစ်ယောက်ယောက်ဆီက အရိုက်ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။


ထိုသူကိုကြည့်လိုက်သောအခါ ထို​လူ၏အဝတ်အစားက သူဝတ်ထားသည့်အဝတ်အစားထက်ပင် ပိုကောင်းသည်။လျန်ဖူဖာစိတ်ရှုပ်ထွေးနေချိန်မှာ သူ့မျက်နှာကို နောက်တစ်ကြိမ် ပါးရိုက်ခံလိုက်ရ၏။


"ထွက်သွား"


"မင်းက ဘာလို့ ငါ့ကို ထွက်သွားဖို့ပြောတာလဲ"

လျန်ဖူဖာ ဒေါသထွက်နေသော်လည်း ထိုအချိန်တွင် ဟယ်ချွန်းရှန့် နှင့် အခြားသူများ ပြန်လာကြသည်။


ဤလူများ အားလုံးသည် တူညီဝတ်စုံများ ဝတ်ဆင်ထားကြပြီး အပြင်ထွက်ပြီးနောက် နေ့တိုင်း လေနှင့် နေရောင်ခြည်တို့နှင့် ထိတွေ့ရသောကြောင့် ၎င်းတို့ကို အလွန်ခက်ထန်ပုံပေါ်စေသည်။သူတို့ရောက်သည့်အခါ အားလုံးက ကျန်းကျန့်ကို သံပြိုင်အော်လိုက်ကြသည်။


"ဘော့စ်"


"ဒီနှစ်ယောက်ကို ဒီကနေ ခေါ်သွား"


ဟယ်ချွန်းရှန်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး လျန်ဖူဖာကို ဖမ်းကာ သယ်ထုတ်သွားခဲ့သည်။၎င်းကိုမြင်သောအခါ ဟယ့်ရှီကလူတွေအားလုံး တကွဲတပြားစီ ပြန့်ကျဲသွားပြီး ကျန့်မိသားစု၏ သက်ကြီးဝါကြီး ဒုတိယဦးလေးပင် အမြန်ပြေးထွက်သွားသည်. . . သူ့သားကိုမြင်လိုက်ရသော ကျန်းဖျင် နှင့် ကျန်းရှောင်မိန်တို့သာကျန်တော့သည်။


သူ့သားလေး အဆင်ပြေနေသည်ကိုမြင်သောအခါ ကျန်းဖျင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထို့နောက်မှာပဲ ကျန်းကျန့်က "လီယွမ် ရဲ့ မိသားစု ဘယ်လိုနေလဲ"ဟုမေးသည်ကို သူကြားလိုက်ရ၏။


"သူတို့ ဘာမှ မပြောဘူး"

ဝမ်ဟိုင်ရှန်းက ပြောသည်။


လီမိသားစုသည် အလွန်ဝမ်းနည်းကြေကွဲကြ သော်လည်း သူတို့က ထွက်သွားသောအခါတွင် ဓားပြများနှင့်တွေ့ခဲ့ခြင်းဖြစ်သည်။ကျန်းကျန့်ကို ယခုလိုမတော်တဆမှုအတွက် တကယ်ကို အပြစ်တင်၍မရပါချေ. . . သူတို့အတွက် ခက်ခဲပေမဲ့ အဖြစ်မှန်ကို လက်ခံနေဆဲဖြစ်သည်။


"အင်း ..."

ကျန်းကျန့်က ခေါင်းညိတ်လိုက်သည်။


"လီယွမ် ဘာဖြစ်သွားတာလဲ"

ကျောက်ဖူကွေ့သည် ဟယ့်ရှီမှလူများအားလုံး ကျန်းကျန့်နှင့်အတူ ပြန်လာသော်လည်း လီယွမ်ကို မတွေ့ခဲ့ရကြောင်းသတိရလိုက်သည်။


"သူဆုံးသွားပြီ"

ကျန်းကျန့်က ပြောလိုက်သည်။


ကျောက်ဖူကွေ့ သူ့သား ကလေးရတော့မည်ဟု ကြားသိရကတည်းက ပျော်ရွှင်နေခဲ့သော်လည်း မကြာမီမှာပင် ဤသည်ကိုကြားရပြီး သူ့နှလုံးသား ခုန်ပေါက်သွားသည်။


ကျန်းကျန့် ဤတစ်ခေါက် အပြင်ထွက်ရာတွင် သူ့လူတစ်ယောက် ဆုံးရှုံးသွားသည်။ အမြတ်မထွက်ဘဲ လူတွေသေတယ်. . .


"လီယွမ် ဆုံးသွားပြီလား...ဘာဖြစ်တာလဲ"

ကျောက်လျူလည်း ကြောက်လန့်သွားသည်။လီယွမ် ကြီးပြင်းလာသည်ကို သူမ မြင်ခဲ့ရသည်။သူ အခု ဆုံးသွားတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


"လမ်းမှာ ပင်လယ်ဓားပြတွေနဲ့ တွေ့တယ်...လီယွမ် ဓားထိုးခံရပြီး ဆုံးသွားခဲ့တယ်..."


ကျန်းကျန့်က ပြောသည်။


ပင်လယ်ဓားပြလား...


ကျောက်ဖူကွေ့ နှင့် ကျောက်လျူပို၍ပင် စိတ်ပူလာသည်။ကိုယ်ဝန်ရှိနေသည့် ၎င်းတို့၏ကျင်းကောသည် ပင်လယ်ဓားပြများနှင့် မထင်မှတ်ပဲ တွေ့ဆုံခဲ့သည်. . .


"လူတွေ အကုန်လုံးအဆင်ပြေတာကောင်းတယ်... အကုန်လုံးအဆင်ပြေနေသရွေ့..."

ကျောက်ဖူကွေ့က ထပ်ခါတလဲလဲ ဆိုသည်။


ကျောက်လျူလည်း ခေါင်းညိတ်သည်။

"ဟုတ်တယ်...ဘေးကင်းကင်း ပြန်လာရတာ ကောင်းတယ်...ကြက်မကြီးတစ်ကောင်ကို ချန်ထားပြီး သတ်ဖို့ မင်းပြန်လာတာကို စောင့်နေတာ... ငါ အခုချက်ချင်း သတ်လိုက်မယ်"


ကျောက်ဖူကွေ့ရော ကျောက်လျူပါ နောက်ထပ် မေးခွန်းတွေ မမေးချင်ကြသောကြောင့် စိတ်တို့လေးလံနေသောကျန်းဖျင်ကိုထားခဲ့ပြီး သူတို့ အိမ်ထဲကို အမြန်ပြန်သွားကြသည်။


သူ့သားကို စိုက်ကြည့်ပြီးနောက် ကျန်းဖျင်ကပြောလိုက်သည်။


"ငါနဲ့ အိမ်ပြန်လိုက်ခဲ့"


"အမ်...အင်း"


ကျန်းမင်က တုံ့ပြန်လိုက်သည်။ တစ်နေကုန် အပြင်ထွက်နေရရန် တွေးခဲ့ဖူးပေမဲ့ ဤတစ်ခါ အပြင်မှာ အချိန်အများကြီးကုန်ဆုံးပြီးနောက်မှာ အိမ်လွမ်းနေခဲ့သည်။ မကြာသေးမီက ကျန်းကျန့် ကျောက်ကျင်းကောအတွက် ၎င်း၏ခံစားချက်များကိုဖော်ပြသည်ကို နေ့တိုင်း မြင်တွေ့ခဲ့ရသဖြင့် သူ နှုတ်မှလွှတ်ခနဲထွက်သွား၏။


"အဖေ...သား အဖေ့ကို လွမ်းတယ်"


ကျန်းဖျင် ထိုစကားကိုကြားလိုက်သောအခါ သူ့စိတ်တွေ တုန်လှုပ်သွားသည်။ သူ့သားက အမြဲတမ်း အေးအေးလူလူသမားဖြစ်ပြီး ယခုလိုအရာမျိုးပြောလာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။အပြင်မှာ ဘယ်လောက်တောင် ဒုက္ခခံခဲ့ရမလဲ...


သူ့သားကို အိမ်ပြန်ခေါ်လာရင်း ကျန်းဖျင်က ချက်ချင်းဆိုသလိုပြောလိုက်သည်။

"သား...မင်း အခုစပြီး အပြင်မထွက်နဲ့"

"ဘာလို့လဲ"


ကျန်းမင်က မေးလိုက်သည်။သူ အပြင်ထွက်ပြီး ကြီးကျယ်သည့် တစ်ခုခုကို လုပ်ချင်သေးသည်။


"ကောင်လေး... .အပြင်ထွက်ရင် ငွေနည်းနည်းလောက်ရနိုင်ပေမဲ့ အန္တရာယ်ရှိတယ်... ဘာလုပ်မှာလဲ...မိန်းမယူပြီး ဒီမှာ ကောင်းကောင်းနေလို့မရဘူးလား"


ကျန်းဖျင်က ပြောသည်။


သူ့သားက ခရီးဆောင်အိတ်သေးသေးလေးနှင့် ပြန်လာခဲ့သည်ကို သူမြင်၏။ ကောင်လေးထွက်သွားတုန်းက သူတို့ သူ့အတွက် ပစ္စည်းတွေ အများကြီး ပြင်ဆင်ပေးလိုက်ပေမဲ့ အခု ဘာမှ ပြန်မယူလာပေ. . . သူ့အဝတ်အစားတွေက အသစ်အဆန်းဖြစ်နေပေမဲ့ အပေါ်ယံအရောင်တင်ရုံပဲဖြစ်သည်။


"အဖေ ..."


ကျန်းမင်က ကူကယ်ရာမဲ့ အော်ဟစ်လိုက်သည်။


"ဘာပဲဖြစ်ဖြစ် မင်းသွားလို့မရဘူး... မင်း ကျန်းကျန့်ကို မပြောနိုင်ရင် ငါ မင်းကို ကူညီမယ်"

ကျန်းဖျင်က ဆိုသည်။


"အဖေ ဒါကို အရင်ကြည့်"

ကျန်းဖျင်က သူ့အိတ်သေးသေးလေးကို စားပွဲပေါ်တင်ပြီး ဖြည်လိုက်သည်။


ကျန်းဖျင်ဖြစ်စေ၊ကျန်းမင်၏အမေ ဖြစ်စေ၊ မရီးဖြစ်စေ အားလုံး အေးခဲသွားကြသည်။ ဒီအိတ်သေးသေးလေးက ...ငွေနဲ့ပြည့်နေတယ်... မယုံနိုင်စရာပဲ...အဲဒါက ငွေရာနဲ့ချီတယ် မဟုတ်လား...


"လူဆိုးကောင်လေး...မင်း ပိုက်ဆံအများကြီး ဘယ်ကရခဲ့တာလဲ"

ကျန်းဖျင် လန့်သွားသည်။


"ဒါက ကျွန်တော့် လစာနဲ့ ဆုလာဘ်တွေပဲ...အဖေ အရင်က ပိုများပေမဲ့ မြို့တော်မှာ အဖေ့အတွက် ပစ္စည်းတွေအများကြီးဝယ်ပြီး တချို့ကို သုံးစွဲခဲ့တယ်"

ကျန်းမင်က ဆိုလိုက်၏။


"အဲဒီဟာတွေက ဘယ်မှာလဲ"

ကျန်းဖျင် မသိစိတ်က မေးလိုက်မိသည်။


"လှေပေါ်မှာ ချစရာပစ္စည်းတွေ အများကြီးရှိနေတယ်"

ကျန်းမင်ကဆိုသည်။


"ဒါကြောင့် ကျွန်တော်တို့အရင်ပြန်လာခဲ့တာ"


"..."


ကျန်းဖျင် တိတ်ဆိတ်သွားသည်။ သူ့သားက ဤခရီးမှာ ပိုက်ဆံအများကြီးရှာနိုင်ခဲ့သည်၊ ထို့ကြောင့် သူ့သားကို အပြင်မထွက်ရန် တားလိုက်သည်က ယုတ္တိမရှိတော့ပေ။


ကျန်သော ကျန်းဖျင်၏ မိသားစုဝင်များလည်း တိတ်ဆိတ်နေသည်။


အိမ်မှာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းဖျင်ကဆိုလိုက်၏။

"လီယွမ် . . . သူ့မိသားစုကို ပိုက်ဆံနည်းနည်းလောက်ပို့ချင်လား"

"အဖေ... ကျွန်တော် ငွေငါးစနဲ့ တစ်ချို့အရာတွေကို ပေးခဲ့ပြီးပါပြီ"


ကျန်းမင်က ပြောသည်။

"ဘော့စ်က ငွေ ၃၀၀ ပေးပြီး ပစ္စည်းတွေဝယ်ပေးလိုက်တယ်...ပြီးတော့ကျွန်တော်တို့ပေးတာတွေနဲ့...အရင်ယူခဲ့တဲ့ငွေထပ်ပေါင်းလိုက်ရင် လေးရာလောက်ရှိတယ်"


ကျန်းဖျင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ ဆေးလိပ်တစ်ခါမှမသောက်ဖူးပေမဲ့ အခု တကယ် ဆေးလိပ်သောက်ချင်နေ၏။ သူ့သားကို အန္တရာယ်မဖြစ်စေချင်ပေမဲ့ အခုချိန်မှာ သူ သူ့ကို မတားနိုင်ဘူးဆိုသည်ကို သိလိုက်သည်။


ဟယ့်ရှီရွာတွင် အခြားသူများ အနည်းနှင့်အများ ထိတ်လန့်နေချိန်တွင် လီမိသားစုသည် စတင်ငိုကြွေးနေကြသည်။မှန်ပေသည်၊ ပုံမှန်မဟုတ်သည့် အခြေအနေတွေလည်း ရှိခဲ့၏။


ဟယ်ချွန်းရှန့် နှင့် ဟယ်ရှားရှန့်က အိမ်ပြန်ရောက်သည်နှင့်တန်းပြီး သူတို့ညီငယ်ကို ရှာဖွေကြသည်။

"ချိုးရှန့်"


"အစ်ကို"

ဟယ်ချိုးရှန့် အိမ်ထဲမှ အမြန်ထွက်လာသည်။ "မင်းတို့ပြန်လာတာလား"


"ချိုးရှန့် အစ်ကို ပြန်လာပြီ"

ဟယ်ချွန်းရှန့်ကဆိုလိုက်သည်။

"ချိုးရှန့် အစ်ကို ပိုက်ဆံရှာလာတယ်... ဒါကြောင့် မင်းအနာဂတ်မှာ အိမ်ထောင်မပြုချင်ဘူးဆိုရင်တောင် ငါမင်းကို ထောက်ပံ့ပေးနိုင်တယ်သိလား"


"ချွန်းရှန့်...ချွန်းရှန့်... မင်းပိုက်ဆံရှာခဲ့တာလား... မင်းအဖေ....."


သူ့အမေလည်း ထွက်လာပြီး သူမသား၏စကားကိုကြားသောအခါ စိတ်အားထက်သန်စွာ ပြောလိုက်သည်။ခင်ပွန်းသည်ကို မတွေ့ရတာ လအတော်ကြာနေပြီဖြစ်ပြီး အိမ်မှာ ထိုယောက်ျားမရှိလျှင် သူမဘဝက ပိုကောင်းပေမဲ့ မိသားစုထဲမှာ ယောက်ျားတစ်ယောက် အမြဲရှိနေသင့်သည်. . . မည်သို့ပင်ဖြစ်စေ ထိုလူက ချွန်းရှန့်ရဲ့အဖေဖြစ်သည်ပင်။


"အမေ လီယွမ်သေပြီ"

ဟယ်ချွန်းရှန့်က ပြောသည်။

"အဲဒီမှာ ဓားပြတွေနဲ့ တွေ့တယ်...အမေ့ရဲ့သား သေလုနီးပါးပဲ...လောင်းကစားအကြွေးတွေဆပ်ဖို့ အမေ့သား ဒီလောက်ခက်ခက်ခဲခဲကြိုးစားခဲ့တဲ့ ပိုက်ဆံကို သုံးချင်သလား"


"အမေ မသိခဲ့ဘူး...ချွန်းရှန့် သားအဆင်ပြေရဲ့လား"


ငိုတော့မလိုဖြစ်ပြီး သူ့အမေ မျက်လုံးတွေ နီရဲလာသည်။


ဟယ်ချွန်းရှန့်က သူမကို ထိုအတိုင်းပင် ကြည့်နေသည်။ သူမနှင့် စကားမပြောချင်တော့သလို သူ့ပိုက်ဆံကိုပင် ထုတ်မကြွားချင်တော့ပေ။အရင်ကတော့ သူ့အဖေကို အိမ်ပြန်ခေါ်ရမခေါ်ရ စဉ်းစားထားပေမဲ့ အခုအချိန်မှာ မေ့ထားလိုက်သည်က ပိုကောင်းမည်ထင်၏။ ရက်အနည်းငယ်ကြာလျှင် လောင်းကစားအိမ်ကလူတွေကို ထမင်းစားဖိတ်ပြီး သူ့အဖေကို စောင့်ကြည့်ခိုင်းလိုက်မည်။


ကျောက်မိသားစုတွင် ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့သည် ဟင်းချက်ရန် အလုပ်များနေပြီဖြစ်သည်။ ရွှံ့တံတိုင်းခတ်ထားသောအိမ်သည် နွေရာသီတွင် ပိုအေးပြီး ထိုသစ်သားအိမ်များနှင့် နှိုင်းယှဉ်ပါက ဆောင်းရာသီတွင် ပိုနွေးသည်။ အပြင်မှာ အေးနေပေမဲ့ အိမ်ထဲက အလွန်နွေးနေသဖြင့် ကျောက်ကျင်းကောက သူ့အင်္ကျီကို ချွတ်လိုက်သည်။


အမှန်တွင် သူကမဝပေ။ ဗိုက်ကြီးနေခြင်းသာဖြစ်သည်။ယင်းက အလွန်သိသာပြီး သူ့နောက်ကလိုက်လာသည့် ကျန်းရှောင်မိန်က တစ်ချက်ကြည့်လိုက်ရုံနှင့် သိကာ"ယောက်မ"ဟု တိုးတိုးလေး ခေါ်လိုက်သည်။


"အင်း"

ကျောက်ကျင်းကောက ပျော်ရွှင်စွာထူးလိုက်သည်။


သူက ကျန်းရှောင်မိန်ကို အရသာရှိသည့် အစားအစာ တစ်ခုခု ယူလာပေးချင်ပေမဲ့ သူနှင့်အတူ ဘာမှ ယူမလာခဲ့ပေ။သူချက်ချင်းရှက်သွားပြီး သူ့ယောက်မကို ဧည့်ခံရန် တစ်ခုခုရှာဖို့ စိတ်အားထက်သန်နေသည်။


ကျန်းကျန့် ရုတ်​တရက်​အနည်းငယ်စိတ်​မ​ပျော်ဖြစ်​သွားသည်​။ကျောက်ကျင်းကောက တခြားမိန်းမတွေကို ကောင်းကောင်း ဆက်ဆံဖို့ ဘာကြောင့် လိုအပ်တာလဲ...


"ကျင်းကော ထိုင်နေ"


ကျန်းကျန့်က ပြောလိုက်သည်။ သူ့လေသံက နည်းနည်း မာလွန်းနေသည်ဟု ခံစားရသဖြင့် သူကထပ်ဖြည့်လိုက်သည်။


"မင်း မြန်မြန်ပြန်လာရတာ ပင်ပန်းနေမှာပဲ... ဘာလို့ သွားအနားမယူတာလဲ...ကိုယ် ကျန်းရှောင်မိန်ကို ဧည့်ခံလိုက်မယ်"


"ကောင်းပါပြီ"


ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်သည်။


ကျန်းကျန့်က ကျန်းရှောင်မိန်နှင့် နှစ်ယောက်တည်း စကားပြောချင်နေသောကြောင့် သူသူတို့ကို ထားခဲ့ပြီး အခန်းသို့ ပြန်သွားခဲ့သည်။


ကျောင်ကျင်းကောထွက်သွားသောအခါ ကျန်းကျန့်က ကျန်းရှောင်မိန်ကိုကြည့်ကာမေးလိုက်သည်။

"ရှောင်မိန်...နင့်ရဲ့ အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ"


"ငါ ...ငါမသိဘူး"

ကျန်းရှောင်မိန်၏ မျက်လုံးများ နီရဲလာသည်။


ကျန်းကျန့်က သူမကို ခဏလောက် ကာကွယ်ပေးနိုင်ပေမဲ့ သူမကို တစ်သက်လုံး မကာကွယ်နိုင်ပါချေ။သူမ အနာဂတ်မှာ ဘာလုပ်မည်နည်းကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ကလည်း အသက်မွေးဝမ်းကြောင်းပြုရဦးမှာဖြစ်ပြီး သူမအနေဖြင့် သူများ၏အိမ်တွင်ပဲ နေထိုင်၍မရပေ. . . ပြီးလျှင် . . . ကျန်းကျန့်က ယခုတစ်ခေါက်တွင် မည်သည့်ငွေမျှ မရှာနိုင်ခဲ့ပုံရသည်။သူက သူမအား အချည်းနှီးသာ ပြုစုပျိုးထောင်မည်မဟုတ်သည်မှာ သေချာသည်။


စာရေးသူမှာ ပြောစရာရှိတယ်


လူတွေ: ကျန်းကျန့်က သေချာပေါက် ပိုက်ဆံမရှာနိုင်ခဲ့ဘူး...