Chapter(29)
Viewers 12k

လင်ခုံးလုဝေါယာဥ်ကိုမြင်လိုက်ရချိန်တွင် အနည်းငယ်အံ့အားသင့်သွားရသည်။


ဤကဲ့သို့ဇိမ်ခံပစ္စည်းမျိုးကားအရင်ကမ္ဘာမှာသူစီးခဲ့သည့်ကားလောက်မြင့်ပြီး ကားထဲကအဆင်တန်ဆာတချို့ပင် ဒီဝေါယာဥ်ထဲကလောက်စျေးမကြီးလောက်။


သို့သော် သူ၏ခြေထောက်သုံးချောင်းသေသွားနိုင်သည်ဟုခုနကသိခဲ့ရသောဧကရာဇ်ငယ်လေးအနေဖြင့် သူဟာပျော်ရွှင်သောမျက်နှာထားအစား မည်းမှောင်သောမျက်နှာထားကိုသာဖော်ပြထားရသည်။


သူဝေါယာဥ်ထံရောက်သွားချိန်တွင် ခြေထောက်ပင်မမချင်ပေ။ မျက်လုံးထောင့်မှတဆင့် သိပ်မဝေးသောနေရာမှကျောက်ကျင်းစစ်၏အရိပ်အယောင်ကိုဖမ်းဆုပ်မိလိုက်သည်။


"ကျောက်ချင်း။"

ဧကရာဇ်ငယ်လေးလည်ချောင်းရှင်းကာ သူ့ရင်ထဲကပျော်ရွှင်မှုဖိနှိပ်လျက် အမိန့်ပေးလိုက်သည်။

"ကိုယ်တော့်ခြေထောက်နာတယ်၊ ကိုယ်တော့်ကိုအထဲကူသွင်းပေး။"


ကျောက်ကျင်းစစ်ကမထူးခြားမခြားနားဖြင့် ဧကရာဇ်ငယ်လေးဟာအရင်ဘဝကလိုမျိုးရူးသွားလောက်ပြန်ပြီဟုခံစားလိုက်ရသည်။


သူတစ်ဖက်လူကိုကူညီချင်ပေမဲ့ သူ့ပိုအလိုလိုလျစ်လျူရှုကာ သူ့ဘေးကလူကိုတိုက်ရိုက်အမိန့်ပေးလိုက်သည်။

"အရှင်မင်းကြီးကိုသွားကူပေးလိုက်။"


ဧကရာဇ်ငယ်လေး၏မျက်နှာမှာတမဟုတ်ချင်းအေးစက်သွားရသည်။ ကျောက်ကျင်းစစ်သူ့ကိုမကြိုက်မှန်းသူသိပေမဲ့ တစ်ဖက်လူကလူအများကြီးရှေ့မှာသူ့ကိုမျက်နှာသာမပေးဟုမထင်ထားမိပေ။


သူကကျောက်ကျင်းစစ်ကသူ့ကိုကူညီဖို့အမိန့်ပေးလိုက်သည့်သူ့တပ်သားကိုမုန်းတီးစွာတွန်းဖယ်ကာ ကျောက်ကျင်းစစ်ဘက်သို့ "သွားစမ်း"ဟုပြောလိုက်သည်။ သူကတပ်သားများကိုဒေါသထွက်နေပုံပေါက်ပေမဲ့ တကယ်တော့သူဒေါသထွက်နေမှန်းတစ်ဖက်လူကိုသိစေချင်လို့ ကျောက်ကျင်းစစ်ကိုတမင်ပြောလိုက်တာဖြစ်သည်။


သူကဝေါယာဥ်ကိုသူ့ဘာသာသူတက်လိုက်ပေမဲ့ နာကျင်မှုဖျောက်ထားသည့်ခြေထောက်များမှာအနည်းငယ်အားနည်းလို့နေသည်။ သူဝေါယာဥ်ပေါ်တက်လိုက်ချိန်တွင် သူခလုတ်တိုက်မိကာ သူ့ဒူးခေါင်းကသစ်သားတန်းနှင့်တိုက်မိသွားသည်။ သူနာကျင်မှုကိုမခံစားရပေမဲ့ နာကျင်မှုကအာရုံကြောများကိုလှုံ့ဆော်လိုက်ရာ သူ့မျက်လုံးများကိုနီရဲသွားစေသည်။


ဒါကိုမြင်လိုက်ရသော် မိန်းမစိုးအိုကြီးစွင်းတဲ့ချန်ကအလျင်စလိုရှေ့တိုးကာ သူ့ကိုသေချာဂရုတစိုက်ကူတွဲပေးလာသည်။

"အရှင်မင်းကြီးအဆင်ပြေပါရဲ့လား။ ဖြေးဖြေး...."


ဧကရာဇ်ငယ်လေးကသူ့ကိုမျက်နှာသာမပေးဘဲ ဒေါသတကြီးတွန်းဖယ်ကာ "ဖယ်စမ်း"ဟုပြောလိုက်သည်။


ကျောက်ကျင်းစစ်လှုပ်ရှားမှုကိုကြားလိုက်ရရာ အနောက်လှည့်ကြည့်မိတော့ မျက်မှောင်အသာကြုတ်လိုက်မိသည်။


ထိုစဥ် မနေ့ကလေသာဆောင်အပြင်မှာဧကရာဇ်ငယ်လေးကိုစောင့်ကြည့်နေခဲ့သည့်အစောင့်ကရှေ့တိုးကာခပ်တိုးတိုးပြောလာသည်။

"အရှင်မင်းကြီးရဲ့ခြေထောက်ကရောဂါအမြစ်တွယ်နေတဲ့ပုံပါပဲ၊ အဲ့ဒါကအချိန်နဲ့အမျှနာကျင်လိမ့်မယ်လို့ နန်းတွင်းသမားတော်ကပြောပါတယ်။"


တကယ်ထိခိုက်သွားတာလား။


ကျောက်ကျင်းစစ်တိတ်ဆိတ်သွားပေမဲ့ တစ်အောင့်ကြာသော်ပြောလိုက်သည်။

"အဲ့အကြောင်းစိတ်မပူနဲ့။"


လင်ခုံးလုဝေါယာဥ်ထဲရောက်သွားချိန်တွင် သူမျက်စိမှိတ်ကာ ခုနကသူ၏စိတ်ခံစားချက်များကိုငြိမ်ကျသွားစေရန်သူ့စိတ်ကိုအနားပေးလိုက်သည်။


0687: "အဆင်ပြေရဲ့လား။ အချစ်ကူအဆိပ်ရဲ့လွမ်းမိုးမှုကိုဖျောက်ပေးဖို့လိုသေးလား။"


"ဟင့်အင်း။"

လင်ခုံးလုခေါင်းခါကာပြောလိုက်သည်။

"ရတယ်။ သူ့ကိုမမြင်ရရင် သူ့အကြောင်းမစဥ်းစားရင် လွှမ်းမိုးမှုကတကယ်တမ်းအဲ့လောက်မကြီးပါဘူး။"


0687စကားမပြောဘဲ တွေးလိုက်မိသည်: ဒါကကနဦးအဆင့်ပဲရှိသေးတာ၊ အနာဂတ်မှာစိတ်ခံစားချက်ပိုပိုပြီးသန်မာလာလိမ့်မယ်၊ သူမမြင်ရရင်တောင်အဲ့အကြောင်းတစ်ချိန်လုံးမထိန်းချုပ်နိုင်အောင်တွေးနေမိလိမ့်မယ်။


ကျောက်ကျင်းစစ်ကသူ့ငယ်သားများကိုဧကရာဇ်ငယ်လေးနှင့်ပတ်သတ်ပြီးစိတ်မပူဖို့ပြောလိုက်ပေမဲ့ ဧကရာဇ်ငယ်လေးကလမ်းပေါ်မှာအကြိမ်ပေါင်းများစွာ"သူတော်ကောင်းယောင်ဆောင်"နေချိန်တွင် ဝေါယာဥ်ကသိပ်ခုန်လွန်းတာမို့ နှေးနှေးမောင်းပေးဖို့တောင်းဆိုသည်ဟုတွေးမိရင်း သူဘာမှမပြောမိပေ။


ရလဒ်အနေဖြင့် အကောင်းစားဝေါယာဥ်၏ဆိုးကျိုးများကလျင်မြန်စွာပေါ်ထွက်လာတော့သည်။


လွန်ခဲ့သောနှစ်ရက်ခန့်က သူတို့အုပ်စုမှာစီစဥ်ထားသည့်အချိန်အတွင်း စခန်းကိုရောက်သွားနိုင်ခဲ့သည်။ တတိယမြောက်ရက်မှာ မိုးကြောင့်လမ်းကရွှံ့ထူနေပြီး ဧကရာဇ်ငယ်လေး၏ခြေထောက်များမှာဆိုးဝါးစွာနာကျင်လာပေသည်။ မှောင်လာချိန်တွင် သူတို့ကအနီးဆုံးစခန်းနှင့်လေးငါးမိုင်ဝေးနေဆဲပင်။


ကျောက်ကျင်းစစ်ကသူ့ကိုအထဲမှာနေကာအနားယူခိုင်းထားပြီး ခရီးမဆက်ခင်မိုးရပ်သွားတာစောင့်နေသည်။


ဧကရာဇ်ငယ်လေးကတဲထဲသွားစရာမလိုပေ၊ သူ့ဝေါယာဥ်ကအလွန်ဇိမ်ရှိပြီး မိုးနှင့်လေကိုမောင်းထုတ်ဖို့လုံလောက်စွာကျယ်ဝန်းသည့်အပြင် အထဲမှာအပူပေးကိရိယာရှိတာမို့ ဝေါယာဥ်ထဲမှာနေတာကနွေးထွေးကာသက်တောင့်သက်တာရှိလှသည်။


သို့သော်သိပ်မကြာခင် အချစ်ကူအ​ဆိပ်၏လွှမ်းမိုးမှုအောက်မှာ သူကကျောက်ကျင်းစစ်ကိုတစ်ခဏကြာအောင်မျက်စိအောက်ကအပျောက်မခံနိုင်တော့ပေ။


ကျောက်ကျင်းစစ်ကသူ့တပ်သားများကိုခေါ်ကာ မိုးရေထဲမှာတဲဆောက်နေချိန်တွင် သူကဝေါယာဥ်ကန့်လန့်ကာကိုပင့်ကာ သစ်သီး​ခြောက်စားပြီး သူတို့ကိုပျင်းရိပျင်းတွဲချီးကျူးနေမိသည်။


ကျောက်ကျင်းစစ်ကမိုးရေထဲမှာမီးညှိပြီး အေးစက်စက်စားစရာကိုအပူပေးနေချိန် သူကဝေါယာဥ်ပြတင်းပေါက်ကိုမှီကာ စွင်းတဲ့ချန်သူ့ကိုဂရုတစိုက်ကျွေးလာသည့်စွပ်ပြုတ်နွေးနွေးကိုသောက်လျက် ဆက်ချီးကျူးနေလိုက်သည်။


ကျောက်ကျင်းစစ်ကသူ့ပေါ်ရှိလောင်မြိုက်ဖွယ်အကြည့်စူးစူးကိုသတိပြုမိပုံမရဘဲ ထိုနေရာမှာဘယ်သူမှမရှိသည့်အလားဆက်တိုက်သရုပ်​ဆောင်ကာ သူလုပ်စရာရှိတာကိုလုပ်လို့နေသည်။


ဒါပေမဲ့ ဧကရာဇ်ငယ်လေးကသူ့ကိုလွှတ်ပေးမယ်တဲ့လား။


စွပ်ပြုတ်သောက်နေရင်းတစ်ဝက်လောက်မှာ လင်ခုံးလုရုတ်ခြည်းနှုတ်ခမ်းစေ့ကာပြုံးလိုက်ပြီး စွင်းတဲ့ချန်ကိုပြောလိုက်သည်။

"ကျောက်ချင်းကတစ်လမ်းလုံးကြိုးစားလာခဲ့တာ၊ သူ့ကိုဒီစွပ်ပြုတ်လက်ကျန်သွားပေးလိုက်ချည်။"


စွင်းတဲ့ချန်ကတစ်ခုခုမှားနေသည်ဟုမထင်ပေ။ ဧကရာဇ်ကသူ၏နန်းတွင်းသူနန်းတွင်းသားများကိုစားစရာလက်ကျန်ပေးတာကကြီးမြတ်သောချီးမြှောက်မှုဖြစ်ပေသည်။


ဒါပေမဲ့ ဧကရာဇ်ငယ်လေးဘာကိုဆိုလိုမှန်း ကျောက်ကျင်းစစ်ချက်ချင်းဆိုသလိုနားလည်သွားသည်။ တစ်ဖက်လူကစွပ်ပြုတ်ကိုသောက်ထားပြီးပြီမို့ သူသာထပ်သောက်လိုက်မယ်ဆိုရင် ......


သူမျက်လုံးပင့်ကာဧကရာဇ်ငယ်လေးကိုကြည့်လိုက်တော့ တစ်ဖက်လူ၏မျက်ဝန်းထဲရှိမျှော်လင့်စောင့်စားမှုကိုမြင်လိုက်ရသည်။


အဖြေပေးရာတွင်သူ၏နှေးဖင့်မှုကြောင့်လားမသိ၊ တစ်ဖက်လူ၏မျက်နှာပေါ်ကအပြုံးမှာတဖြည်းဖြည်းပျောက်ကွယ်သွားကာမည်းမှောင်သွားသည်။ ဒါကမပျော်မရွှင်ဖြစ်သွားပြန်တာ၊ သူ့အတွေ့အကြုံအရ ဧကရာဇ်ငယ်လေးမပျော်မရွှင်ဖြစ်နေချိန်မှာ သူကလူတွေကိုရန်စလိမ့်မည်ပင်။


သူဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်လို့ရပေမဲ့ ရက်ပေါင်းများစွာခရီးနှင်လာပြီးနောက်ပိုင်းမှာ မောပန်းနွမ်းနယ်နေသည့်တပ်သားများကတော့လျစ်လျူမရှုနိုင်ပေ။


ကျောက်ကျင်းစစ်တိတ်တဆိတ်လှောင်ရယ်ကာ ဧကရာဇ်ငယ်လေး၏ဆန္ဒနောက်လိုက်ပြီး စွပ်ပြုတ်ပန်းကန်လုံးကိုယူကာ တစ်ကျိုက်တည်းသောက်ပစ်လိုက်သည်။


သူသောက်လိုက်တာကိုမြင်လိုက်ရတော့ ဧကရာဇ်ငယ်လေး၏မျက်နှာထားကချက်ချင်းတိမ်ထူရာမှာနေသာသွားပြီး သူ၏ပါးပြင်များပင်နီရဲသောအလွှာပါးလေးဖြစ်တည်လာကာ သူကလည်ချောင်းရှင်းကာပြောလာသည်။

"ကျောက်ချင်း၊ မင်းအဝတ်တွေစိုနေပြီ၊ မင်းအထဲမှာလာလှုံပါလား။"


ဧကရာဇ်ငယ်လေးကတစ်လက်မတိုးရာမှာတကယ်တော်ပေသည်။


ကျောက်ကျင်းစစ်ကသူ့ကိုကျင့်သားရဖို့ပျင်းလွန်းနေပြီမို့ စွင်းတဲ့ချန်ထံစွပ်ပြုတ်ပန်းကန်လုံးပြန်ကမ်းပေးကာ မျက်တောင်ပင်မပင့်ဘဲပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့နဂါးခန္ဓာကိုယ်ကအဖိုးတန်လှပါတယ်၊ ကျွန်တော်မျိုးအရှင်မင်းကြီးကိုအနှောင့်အယှက်မပေးဝံ့ပါဘူး။"


ဒါကိုကြားလိုက်ရချိန် ဧကရာဇ်ငယ်လေး၏မျက်နှာမှာတစ်ဖန်အုံ့ဆိုင်းသွားပြန်သည်။ ဒါပေမဲ့ဒီတစ်ခေါက် သူကသူ့ပတ်ဝန်းကျင်ရှိလူတို့ကိုအနှောင့်အယှက်မပေးတော့ဘဲ ထိုအစား အေးစက်စက်မျက်နှာဖြင့်ပြောလာသည်။

"တကယ်လား။ ဒါပေမဲ့ ကိုယ်တော်ညကအိပ်ရေးပျက်ခဲ့တာမို့ ကျောက်ချင်းကိုယ်တော့်ကိုလာစောင့်ကြည့်ပေးချည်။"


ဤသည်ကားအမိန့်တစ်ခုပင်။


လူတိုင်းထိုစကားများကိုကြားလိုက်ရချိန် သူတို့အကုန်လုံးခေါင်းငုံ့ကာ သူတို့ကိစ္စသူတို့တိတ်တိတ်လေးလုပ်လိုက်ကြသည်။


သူတို့ခရီးထွက်လာသည့်အရင်ရက်အနည်းငယ်ကတည်းက အရှင်မင်းကြီးကစိတ်အပြောင်းအလဲ​မြန်ပြီး ဘုရင်ခံမင်းသားနှင့်မကြာခဏထိပ်တိုက်တွေ့လေ့ရှိပေမဲ့ သူကဘုရင်ခံမင်းသားကိုမုန်းတီးလို့မဟုတ်ဘဲ...သူကတစ်ဖက်လူ၏အာရုံကိုဆွဲဆောင်ချင်တာဖြစ်မှန်း သူတို့အနည်းနှင့်အများအာရုံခံမိသည်။


ဘုရင်ခံမင်းသားကတော့ သူ့မျက်လုံးထဲမှာအရှင်မင်းကြီးရှိပုံမပေါ်ပေမဲ့ သူကတစ်ခါတရံတုတ်ကြီးကြီးပေးလေ့ရှိပြီး တစ်ခါတလေချိုမြိန်မှုများပေးလေ့ရှိရာ သူဘာစဥ်းစားနေမှန်းမသိပေ။


သူတို့လက်အောက်ရှိလူတို့မှာနတ်ဘုရားကြားရှိထိုကဲ့သို့တိုက်ပွဲမျိုးတွင်ဝင်မပါရဲပေ။ စွင်းတဲ့ချန်တစ်ယောက်သာလျှင် အရှင်မင်းကြီးကသူ၏ခြေထောက်ဒဏ်ရာကြောင့်ဒေါသထွက်နေတာဟုခံစားရသဖြင့် သူအလျင်စလိုရှေ့တိုးကာနှစ်သိမ့်လိုက်သည်။


ဧကရာဇ်ငယ်လေးက သူ့ထံမှသိမ်းသွင်းသောစကားတချို့ကိုနားထောင်လေ့ရှိပေမဲ့ ဒီတစ်ခေါက်အကြောင်းမဲ့ သူကမထင်မှတ်ထားစွာဖြင့်ခေါင်းမာနေပြီး ကျောက်ကျင်းစစ်ကမလှုပ်ပေရာ သူကတစ်ဖက်လူကိုမည်းမှောင်စွာဆက်တိုက်စိုက်ကြည့်နေမိသည်။


ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေးနှင့်မျက်လုံးချင်းဆုံလျက် တစ်ခဏတာထိပ်တိုက်ရင်ဆိုင်မှုအပြီးမှာ သူရုတ်ခြည်းတိတ်တခိုးရယ်မောကာပြောလိုက်သည်။

"ကျွန်တော်မျိုးနာခံပါတယ်။"


သို့သော်လည်း သူ့အပြုံးကမျက်လုံးထဲမရောက်ဘဲ သူ့မျက်နှာထားမှာအနည်းငယ်ပင်အေးစက်လို့နေသည်။


ဒါကိုမြင်လိုက်ရသော် စွင်းတဲ့ချန်မှာထိတ်လန့်သွားပြီး လင်စန်း၏ယခင်ကတင်ပြချက်ကိုသတိရသွားကာ သူဝေါယာဥ်ထဲဝင်သွားပြီးနောက် ဧကရာဇ်ငယ်လေးကိုရန်ပြုမှာစိုးကာ အလျင်စလိုသိမ်းသွင်းလိုက်မိသည်။

"အရှင်မင်းကြီး၊ အရှင်မင်းကြီးကောင်းကောင်းအိပ်မပျော်ရင် ဒီအစေခံအိုကြီးကအရှင်မင်းကြီးကိုစောင့်ကြည့်ပေးပါ့မယ်။"


ဧကရာဇ်ငယ်လေးမှာကျောက်ကျင်းစစ်သဘောတူလိုက်မှန်းမြင်လိုက်ရရာ ယခင်ကမပျော်ရွှင်မှုကိုချက်ချင်းမေ့သွားပြီး သူ့ရင်ထဲမှာပျော်ရွှင်မှုနှင့်မျှော်လင့်စောင့်စားမှုသာကျန်ရစ်ခဲ့ကာ စွင်းတဲ့ချန်ကိုပြောလိုက်သည်။

"မောင်မင်းမရဘူး။"


စွင်းတဲ့ချန်မိန်းမောသွားရသည်၊ သူကဘာလို့မရတာလဲ။ သူဘာလို့မရရတာလဲ။ သူကအရှင်မင်းကြီးကိုရေတိုက်ပေးရုံတင်မက အရှင်မင်းကြီးရဲ့ခြေထောက်ကိုနှိပ်ပေးနိုင်တယ်လေ။ ဘယ်လောက်ပဲကြည့်ကြည့် ဘယ်သူ့ကိုမှမခစားဖူးတဲ့ဘုရင်ခံမင်းသားထက်စာရင် သူကညဘက်စောင့်ကြည့်ဖို့ပိုသင့်တော်တာကို။


စွင်းတဲ့ချန်ရင်ထဲမှာအနည်းငယ်ချဥ်တူးသွားရပြီး ကျောက်ကျင်းစစ်ကသူ့အလုပ်ကိုယူသွားတာမို့ အနာဂတ်မှာသူကအရှင်မင်းကြီးခစားလို့မရတော့ဘဲ အသုံးမဝင်ဖြစ်သွားတော့မှာကိုဝမ်းနည်းနေမိသည်။


ဒါပေမဲ့ သူထိုအကြောင်းခပ်မြန်မြန်တွေးကြည့်ကာ အစောင့်ယောင်ဆောင်ထားသည့်လင်စန်းကိုအလျင်စလိုလက်ယပ်ခေါ်ကာပြောလိုက်သည်။

"ဝမ်ရယ်ဝေါယာဥ်ထဲဝင်သွားတာနဲ့ မင်းအပြင်ကစောင့်ကြပ်နေနော်။ အထဲမှာလှုပ်ရှားမှုတစ်ခုခုရှိရင် အရှင်မင်းကြီးကိုချက်ချင်းကာကွယ်ဖို့သတိရပါစေ။"


လင်စန်းအမိန့်နာခံလိုက်သည်။


ကျောက်ကျင်းစစ်ဝေါယာဥ်ထဲဝင်ပြီးနောက် အပြင်ကတစ်စုံတစ်ယောက်ကိုသတိထားမိသွားကာလှောင်ရယ်လိုက်မိသည်။


ဧကရာဇ်ငယ်လေး၏မျက်လုံးများမှာသူ့ချစ်ရသူနှင့်အတူရှိရခြင်း၏ပျော်ရွှင်မှုဖြင့်ပြည့်နှက်နေပြီး သူ၏စိတ်ခံစားချက်တစ်ခုခုမှားယွင်းနေတာကိုသတိမမူမိပေ။


ဝေါယာဥ်ထဲမှာနေရာလွတ်များစွာရှိပြီး ဧကရာဇ်ငယ်လေးကလက်ထဲမှာခြုံစောင်ကိုင်လျက်ဘေးကိုရွှေ့ကာ မေးလိုက်သည်။

"ကျောက်ချင်း၊ ဒီမှာအိပ်ချင်လား။"


ကျောက်ကျင်းစစ်ခုံအလွတ်ကိုကြည့်ကာ မျက်လုံးအသာကြုတ်မိသည်။ အောက်ဆင်းအိပ်တာနဲ့ ဧကရာဇ်ငယ်လေးနဲ့တစ်အိပ်ယာထဲအိပ်တာဘာကွာလို့လဲ။


"မလိုပါဘူး၊ ကျွန်တော်မျိုးကဒီမှာညဘက်လာစောင့်ပေးနေတာမို့ ခုံပေါ်မှာဘဲထိုင်လို့ရပါတယ်။"

သူမျက်နှာသေဖြင့်ပြောလိုက်သည်။


ဧကရာဇ်ငယ်လေးက"အို"ဟုဆိုကာ ယခင်ကသူခက်ထန်စွာပြောမိသွားပုံကိုရုတ်ခြည်းနောင်တရသွားမိပေမဲ့ သူ့ဒေါသသူမထိန်းနိုင်ပေ။


သူ့မှာရွေးချယ်စရာမရှိဘဲ ခြုံစောင်အောက်မှာလှဲလိုက်ပြီးနောက် တစ်ဖက်လူနှင့်စကားစမြည်ပြောပြီးနီးစပ်အောင်လုပ်ဖို့နည်းလမ်းကြိုးစားရှာနေမိသည်။


"ကျောက်ချင်း၊ မင်းပုံမှန်ဆိုဘာလုပ်ရတာကြိုက်လဲ။"


"ဘာစားရတာကြိုက်လဲ။"


"ဘာအရောင်ကြိုက်လဲ။"


"ဘာ...."


"အရှင်မင်းကြီးကဘာမေးချင်နေတာလဲ။"

ကျောက်ကျင်းစစ်နက်ရှိုင်းသောမျက်ဝန်းများဖြင့်မျက်လုံးဖွင့်လိုက်သည်။


ဧကရာဇ်ငယ်လေးကနှုတ်ခမ်းတင်းတင်းစေ့ကာ ရုတ်တရက်ထထိုင်ပြီး အနားတိုးကပ်ကာမေးလာသည်။

"ကျောက်ချင်းမှာသဘောကျရတဲ့သူရှိလား။"


ကျောက်ကျင်းစစ်သူ့ကိုမဖြေဘဲ ခပ်မြန်မြန်မျက်စိမှိတ်လိုက်ပြန်သည်။


"ကိုယ်တော့်မှာရှိတယ်။"

ဧကရာဇ်ငယ်လေးကပြောကာ တစ်အောင့်ကြာတွေးပြီးမှရုတ်တရက်ပြောလာသည်။

"ကိုယ်တော့်ခြေထောက်နာလို့ ကိုယ်တော်အိပ်မရဘူး၊ ကျောက်ချင်းကိုယ်တော့်ကိုသီချင်းဆိုပြနိုင်မလား။"


"ဟင့်အင်း။"


ကျောက်ကျင်းစစ်အနည်းငယ်စိတ်မရှည်တော့ပေ။


သူဝေါယာဥ်ထဲဝင်လာကတည်းက ဧကရာဇ်ငယ်လေးကပေါက်ပေါက်ဖောက်နေပြီး လုံးဝစကားပြောမရပ်သွားပေ၊ ခြေထောက်ဒဏ်ရာလိုမျိုးတစ်ခုခုကိုသူတကယ်မမြင်မိပေ။


"ဒါဆိုကိုယ်တော်ကျောက်ချင်းကိုဆိုပြမယ်။"

ဧကရာဇ်ငယ်လေးကလုံးဝစိတ်မရှိပေ၊ သူဟာသူနှင့်နီးစပ်ရတာကိုအလွန်ကျေနပ်နေပုံရသည်။


သူနူးညံ့စွာသံစဥ်ညည်းလိုက်သည်၊ လူငယ်လေး၏အသံကားနူးညံ့သိမ်မွေ့မှုတစ်စွန်းတစနှင့်အတူ ကြည်လင်ရှင်းသန့်လှပြီး ၎င်းကလူတို့ရင်ထဲကရန်လိုမုန်းတီးစိတ်ကိုဖယ်ရှားပစ်နိုင်သည့်အလား။


ကျောက်ကျင်းစစ်၏နှလုံးသားမှာတဖြည်းဖြည်းငြိမ်ကျသွားပြီး ဧကရာဇ်ငယ်လေးတေးသွားညည်းပြီးသွားချိန်တွင် သူဗလုံးဗထွေးအသံဖြင့်မေးလိုက်မိသည်။

"အဲ့ဒါဘာတေးသွားလဲ။"


ဧကရာဇ်ငယ်လေးကတီးတိုးဆိုသည်။

"ဖွင့်ဟဝန်ခံချက်။"


ကျောက်ကျင်းစစ်ချက်ချင်းစကားပြောရပ်သွားသည်။


သူသဘောကျပုံပေါ်တာကိုမြင်လိုက်ရရင်း ဧကရာဇ်ငယ်လေးကနှာမှုတ်လိုက်ပြန်သည်။


ကျောက်ကျင်းစစ်မျက်လုံးမှိတ်လိုက်ပြီး တဖြည်းဖြည်းချင်းနှင့် သူ့အတွေးများကစတင်ပျံ့လွင့်လာသည်။ တေးသွားကိုရင်းနှီးနေသလိုပဲ၊ သူတစ်နေနေရာကကြားခဲ့ပုံရတယ်၊ အိပ်မက်ထဲမှာလား။


ဧကရာဇ်ငယ်လေးကသံစဥ်ညည်းလို့ပြီးသွားသော် သူ့ကိုခေါင်းလှည့်ကြည့်လိုက်ရာ သူ့အသက်ရှုနှုန်းကပုံမှန်ဖြစ်နေပြီး သူအိပ်ပျော်သွားပုံရကြောင်းမြင်လိုက်ရသည်။


ဝေါယာဥ်ထဲမှာအလွန်တိတ်ဆိတ်လို့နေပြီး အပူပေးကိရိယာ၏မှိန်ပျပျအလင်းရောင်ကနွေးထွေးကာမပြတ်သားသောလေထုကိုဖန်တီးပေးလျက်။ သူ့ရှေ့တည့်တည့်ကချစ်ရသူကိုမြင်နေရရင်း ဧကရာဇ်ငယ်လေး၏နှလုံးခုန်သံမှာမြန်လာပြန်သည်။


သူမနေနိုင်ဘဲစောင်ကိုမကာ သေချာဂရုတစိုက်တွားသွားလိုက်ပြီး တစ်ဖက်လူ၏အေးစက်သောမျက်နှာတစ်ဖက်ခြမ်းကိုစိုက်ကြည့်လျက် သူ့မျက်လုံးများမှာစွဲလမ်းမှုနှင့်အချစ်တို့ပြည့်နေပေသည်။ သူ့ရင်ထဲကလောင်မြိုက်သောစိတ်ခံစားချက်ကိုဖိနှိပ်ရခက်ပုံရပြီး သူမနေနိုင်ဘဲအနားတိုးကပ်ပြီးရင်းကပ်သွားပြီးနောက် ဖြည်းညှင်းစွာခေါင်းငုံ့ကာ တစ်ဖက်လူ၏အေးစက်စက်နှုတ်ခမ်းကိုနမ်းရှိုက်လိုက်သည်။


ငါးစားနေသည့်ကြောင်တစ်ကောင်ပမာ သူဟာထိုအကြောင်းအချိန်ကြာမြင့်စွာတွေးနေခဲ့ပြီး သူနောက်ဆုံးတွင်ကျေနပ်သွားပေမဲ့ လွှတ်ပေးဖို့တွန့်ဆုတ်နေမိကာ သူပြန်ဆုတ်ဖို့ပြင်လိုက်ချိန်တွင် အရသာခံချင်သည့်အလား အရူးလေးပမာ အသာအယာလျက်လိုက်မိတော့သည်။


ထိုစဥ်ကျောက်ကျင်းစစ်မျက်လုံးဖွင့်လိုက်ရာ သူ၏နက်ရှိုင်းသောမျက်လုံးတစ်စုံကဧကရာဇ်ငယ်လေး၏လိပ်ပြာမလုံသောအကြည့်နှင့်တိုးသွားသည်။


ဧကရာဇ်ငယ်လေးတောင့်ခဲသွားရကယ နောက်ပြန်မဆုတ် နောက်ပြန်မဆုတ်မိဘဲ သူ့မျက်လုံးများပြူးကျယ်လျက်သားဖြင့် သူနှင့်နှုတ်ခမ်းချင်းထိသည့်အနေအထားကိုသာထိန်းသိမ်းထားလိုက်သည်။


ကျောက်ကျင်းစစ်၏မျက်လုံးများမှာနက်ရှိုင်းလို့နေပြီး သူရုတ်တရက်လှည့်ကာ ဧကရာဇ်ငယ်လေးကိုခုံပေါ်ကတွန်းချလိုက်ပြီးတစ်ဆက်တည်း၌ အကွာအဝေးခြားထားလိုက်သည်။


"အရှင်မင်းကြီးဘာလုပ်နေတာပါလဲ။"

သူခါးကိုင်းကာ ခပ်နိမ့်နိမ့်အသံဖြင့်မေးလိုက်ပြီး လူငယ်လေး၏ကြောက်လန့်နေသောမျက်နှာကိုစိုက်ကြည့်ရင်း သူ့လေသံမှာစိတ်ခံစားချက်စိုးစဥ်းမျှမရှိပေ။


ဧကရာဇ်ငယ်လေး၏နှလုံးသားမှာဒရမ်ပမာခုန်ပေါက်လို့နေပြီး သူထစ်ထစ်အအပြောလိုက်မိသည်။

"နမ်း ကျောက်ချင်းကိုနမ်းနေတာ။"


ကျောက်ကျင်းစစ်ကသူ့နှလုံးသားပေါ်လက်တင်လာပြီး သူ့လက်ဖဝါးကပူလောင်နေပေရာ သူ့နှလုံးခုန်သံကိုပိုမြန်သွားစေသည်။


"အရှင်မင်းကြီးကကျွန်တော်မျိုးနဲ့အတူရှိချင်လို့လား။"

ကျောက်ကျင်းစစ်အကွာအဝေးအနည်းငယ်ကျုံ့ကာ မပြောအပ်သောစကားလုံးများကိုမေးလိုက်ပေမဲ့ သူ့အသံမှာအံ့သြဖွယ်ကောင်းလောက်အောင်တည်ငြိမ်လျက်။


ဧကရာဇ်ငယ်လေးကသူ့ကိုစွဲလမ်းစွာကြည့်ကာ အလိုလိုခေါင်းငြိမ့်လိုက်မိသည်။


ကျောက်ကျင်းစစ်ပြုံးကာ သာမန်ကာလျှံကာပြောလိုက်သည်။

"မဖြစ်နိုင်တာတော့မဟုတ်ပါဘူး၊ ဒါပေမဲ့အရှင်မင်းကြီးကျွန်တော်နဲ့အတူရှိပြီးနောက်ပိုင်းမှာ အရှင်မင်းကြီးကနေ့ဘက်မှာပဲဧကရာဇ်ဖြစ်လို့ရတယ်၊ ညဘက်ကျရင်တော့...."


"တကယ်လား။"

ဧကရာဇ်ငယ်လေး၏မျက်လုံးများမှာတလက်လက်တောက်ပသွားပြီး ဘယ်ကခွန်အားရလာမှန်းမသိဘဲ သူကရုတ်တရက်ထကာသူ့ပေါ်တက်ဖိပြီး အံ့သြတကြီးမေးလာသည်။


ကျောက်ကျင်းစစ်တစ်အောင့်မျှမိန်းမောသွားရပြီးမှ သူ့ကိုတွန်းဖယ်ကာပြောလိုက်သည်။

"ကျွန်တော်မျိုးပြောလို့မပြီးသေးဘူး။"


"အိုး၊ ပြောလေ။"

ဧကရာဇ်ငယ်လေးကမရူးမိုက်ချိန်တွင် လိမ်မာကာနာနာခံခံရှိသည်။


ကျောက်ကျင်းစစ်တစ်အောင့်မျှပြောစရာစကားမဲ့သွားကာ "ညဘက်ကျရင်တော့အမျိုးသားအချစ်တော်ဖြစ်ရမယ်"ဟူသည့်စကားကိုမပြောနိုင်တော့ပေ။


ထားလိုက်တော့၊ ပြောတာမပြောတာဘာကွာသွားလို့လဲ။ သူဧကရာဇ်ငယ်လေးနဲ့တစ်ခုခုလုပ်ဖို့တကယ်မရည်ရွယ်ထားဘဲ သူကတစ်ဖက်လူကို သူ့အရင်ဘဝတုန်းကထိုရယ်စရာကိစ္စများကိုပိုစောစောလုပ်စေချင်ရုံပဲ။


သူနန်းတော်ကိုပြန်ရောက်သွားရင် သူကဧကရာဇ်ငယ်လေးကိုဆက်ခံသူတစ်ယောက်မွေးစားဖို့ထောက်ခံလိုက်မယ်။ ထိုမင်းသားကြီးပျင်းလာပြီး ဧကရာဇ်ငယ်လေးကရယ်စရာကိစ္စတွေကိုလုပ်ပြီးအထိန်းအကွပ်မဲ့သွားတာနဲ့ သူ့ကိုနန်းချပစ်ရမယ်။


ဒါကိုတွေးမိရင်း ကျော​က်ကျင်းစစ်ခေါင်းခါကာပြောလိုက်သည်။

"ဘာမှမဟုတ်တော့ဘူး။"


သူ့မှာပြောစရာဘာမှမရှိပေမဲ့ ဧကရာဇ်ငယ်လေးမှာတော့ပြောစရာရှိတာမို့ သူမနေနိုင်ဘဲအနားတိုးကပ်ကာပြောလိုက်သည်။

"ကိုယ်တော်ကမင်းနဲ့အတူရှိပြီဆိုတော့ မင်းကကိုယ်တော့်ဇနီးဖြစ်သွားပြီ၊ အခုကိုယ်တော့်​ခြေထောက်နာနေတာမို့ မင်း....."


________________________