Chapter 12
မူကြိုကျောင်း
ယောင်စစ် အနီရောင်ဂြိုလ်ပေါ်ရောက်သည့် ရက်အနည်းငယ်အတွင်း ယန်ရွှမ့်ကိုတစ်ခါသာတွေ့ရသေးသည်။၄င်းကလဲ သူမ၏သွေးမျိုးဆက်ကိုစစ်ရန် ဆရာဝန်ခေါ်လာသည့်အချိန်ပင် ။ နောက်တကြိမ်သူထပ်ပေါ်လာသည်က သူမဂြိုလ်ပေါ်ရောက်လာသည့် ငါးရက်မြောက်နေ့ဖြစ်သည်။
"ကလေးလေးရေ သင်ယူချင်တဲ့အရာတွေများရှိလား...ဒီဦးဦး က သူငယ်ချင်းအသစ်တွေ ရအောင် ကျောင်းကိုခေါ်သွားပေးမယ်ဆိုရင်ရော..."
"ကျောင်း..."
ယောင်စစ်မျက်ဝန်းများ ဘလင်းဘလင်းဖြစ်သွားသည်။
သူမက ဒီကမ္ဘာကြီးနှင့်ပတ်သက်၍ များများစားစားမသိသောကြောင့် ဗဟုသုတ ရရန်အလို့ငှါ ကျောင်းသွားရန်လိုပေသည်။
" ကျေးဇူးပါ ဦးဦးယန်.."
ယန်ရွှမ် ကျေနပ်ပြုံးလေးပြုံးလိုက်သည်။သူတုံ့ဆိုင်းမနေတော့ပဲ တံခါးဝဆီဦးတည်လိုက်သည်။အနီရောင်ဂြိုလ်ကိုလာသည့်အချိန်က အရမ်းကိုမိုက်သည့်ဓားပျံကြီးစီးရသည့်နှင့်ယှဉ်လျင် ဒီတကြိမ်ရွေးချယ်ထားသည်က နည်းပညာမြင့်ကိရိယာနှင့်ပိုတူသည်။
ဦးလေးယန်က လမ်းအဖြစ်ပေါ်လာသော နေရာသို့ဦးဆောင်ခေါ်သွားပြီး အဖြူရောင်ကြက်ခြေခတ်သင်္ကေတတစ်ခုပေါ်ရပ်လိုက်ကြသည်။
အသံတိုးတိုးလေးကြားလိုက်ရပြီး ရပ်နေသောနေရာကလင်းလက်လာသည်။မြေပြင်က လှုပ်ခတ်လာပြီး နှစ်မီတာခန့်ကျယ်သောကြမ်းပြင်က ဓာတ်လှေကားကဲ့သို့ မြင့်တက်လာပြီး အရှေ့သို့လျင်မြန်စွာရွေ့လျားလေသည်။
ဒါကတော့ ေ-ာက်ရမ်းမြင့်တဲ့နည်းပညာအစစ်ပဲ...
ယောင်စစ်တစ်ယောက် အံ့အားသင့်ချိန်မရခင်မှာပင် လမ်းချိုးတစ်ခုပေါ်ရောက်လာသည်။လမ်းမ၏တဖက်စီတွင် သူတို့ကဲ့သို့ သွားလာနေကြသူတွေကိုမြင်လိုက်ရသည်။
ထပ်ပြောရလျင် လိပ်ကဲ့သို့သွားနေသောသူတို့နှင့်ယှဉ်လျင် တခြားသူများက လျပ်စီးကဲ့သို့မြန်ဆန်သည်။
ထိုသွားလာမှုတစ်ခုထဲကပင် ဒီဂြိုလ်က ကောင်းမွန်ကြောင်းသိလုက်ရသည် တချိန်ထဲမှာပင် ယန်ရွှမ်က အကြောင်းအရာအမျိုးမျိုးကို မိတ်ဆက်ပေးနေသည်။
ဒါကမြို့တော်ခန်းမ.. ဒါက ရောဂါရှာဖွေရေးနဲ့ကူသရေးအဆောင်..ဟိုနားလေးက စကြာဝဠာဆိပ်ကမ်း...
သူတို့မြင်မြင်သမျှအရာရာကို ပြောပြမိတ်ဆက်နေလေ၏
ပို၍နားထောင်လေ ပို၍ အံအားသင့်ရလေလေဖြစ်သည်။နောက်ဆုံးတွင် ဒီစကြာဝဠာကမ္ဘာကြီးက သိပ္ပံဇာတ်ကားများနှင့် လုံးဝကွဲပြားကြောင်းသိလိုက်ရလေပြီ။
သူမတွေးတောင်မကြည့်ဘူးတဲ့ ပုံစံအမျိုးမျိုးနဲ့အဆောက်အဦးများကိုဖြတ်သွားရင်း ပထမဆုံး ထိတ်လန့်အံအားတကြီးဖြစ်ရာကနေ အံ့သြရုံအဖြစ်ပြောင်းလဲသွားပြီး နောက်ဆုံး စပရိုက်ဖြစ်ရလွန်း၍ နေသားကျသွားလေပြီ...
ဘယ်လိုပဲဖြစ်ဖြစ် ငါလေးကလဲ ဘာမှနားလည်တာမှ မဟုတ်တာလေ...(╯﹏╰)╭
ထိုအချိန်မှာပင် လေထဲလွင့်မျောနေသော ကြီးမားလှသည့် အစိမ်းရောင်အဆောက်အဦးတစ်ခု မြင်ကွင်းထဲဝင်ရောက်လာသည်။
၄င်းက ထူးဆန်းလှသော အဆောက်အဦးများနှင့်မတူပဲ အပြင်ဘက်တွင် အစိမ်းအရောင်အပင်များဖုံးလွှမ်းနေပြီး သူမရင်းနှီးသော ကမ္ဘာမြေမှ အဆောက်အဦးပုံစံနှင့်တူသည်။
"အဲ့ဒီနေရာကရော ဘာလဲ"
ပုံစံကိုရင်းနှီးရုံသာမက မြင်မြင်ချင်းမှာပင် ထူးဆန်းလှသောရင်နှီးသည့်ခံစားချက်ကိုရ
လိုက်သောကြောင့် ယောင်စစ် စပ်စုချင်စိတ်ကိုအောင့်မထားနိုင်ပဲ ထုတ်မေးလိုက်သည်။
ယန်ရွှမ်က သူမညွှန်ပြရာနေရာကိုကြည့်လိုက်သည်။
"အဲ့ဒါက နန်းတော်ကြီးလေ... ဦးဦးတို့ရဲ့ အင်ပါယာဘုရင်ကြီးအနားယူနေတဲ့နေရာပေါ့..."
"အင်ပါယာဘုရင်ကြီး..."
ယောင်စစ်အူကြောင်ကြောင်ဖြစ်သွားသည်။
သွေးစုပ်ဖုတ်ကောင်တွေက ဟိုးအရင်ထဲက စကြာဝဠာဒီမိုကရေစီအဖွဲ့အစည်းထဲပါဝင်ခဲ့တာမဟုတ်ဘူးလား... သူတို့က ဘုရင်စနစ်ကျင့်သုံးနေသေးတာလား... ယောင်အတွေးများနယ်ချဲ့နေစဉ်မှာပင် ပျံသန်းခြင်းရပ်တန့်သွားသည်။
"ကလေးလေးရေ ...ဦးဦး တို့ရောက်ပြီ..."
ယန်ရွှမ်က ပြောပြောဆိုဆိုဖြင့်မြေပြင်ပေါ်ဆင်းသက်လိုက်သည်။ယောင်စစ်လဲ ရွေးချယ်စရာမရှိတော့ပဲ သိချင်စိတ်များကိုဖိနှပ်လိုက်ရ၏။
ထားလိုက်ပါမယ်...ဘာပဲဖြစ်ဖြစ် ကျောင်းမှာသင်ပေးမှာပဲဟာ...
ယန်ရွှမ်၏ နောက်မှလိုက်သွားရင်းကြီးမားသောဂိတ်ဝတစ်ခုဝင်ရပ်လိုက်သည်။
ယောင်စစ် ထိုနေရာရှိဆိုင်းဘုတ်ကိုမော့ကြည့်ပြီးဖတ်လိုက်သည့်ခဏ၌ နှုတ်ခမ်းများမဲ့ရွဲ့သွားပြီး သူမနှလုံးသားထဲ၌ စကားလုံးတလုံးထွက်ပေါ်လာသည်။
ဖာ့ချ...
မြင်သာလှသော တောက်ပသည့် အနီရောင်စာလုံးကြီးများနှင့်ရေးထိုးထားသည်မှာ...
"တော်ဝင် သွေးစုပ်ဖုတ်ကောင် ကလေးထိန်းကျောင်း"
သူမ၏ ဘွဲ့လက်မှတ်များဖြင့် ယန်ရွှမ်၏မျက်နှာကိုပစ်ပေါက်ချင်စိတ်ပေါက်သွား၏။
ဒါကြီးကတော့များသွားပြီ သူမဘာမှမသိဘူးဆိုပေမဲ့ ပထမနှစ်လောက်ကတော့စတက်သင့်တယ်မဟုတ်ဘူးလား... ယီးမို့ မူကြိုခေါ်လာရတာလား...
"ကြိုဆိုပါတယ်... ဝန်ကြီးယန်..."
အသက် လေးဆယ် ငါးဆယ်အရွယ်ရှိအမျိုးသမီးတစ်ယောက်ထွက်လာပြီး အလွန်ယဉ်ကျေးစွာနှုတ်ဆက်လာသည်။
ထို့နောက် ယောင်စစ်ဘက်သို့လှည့်ကြည့်လာပြီး ရေကဲ့သို့နူးညံ့လှသောအပြုံးတစ်ပွင့် ပွင့်လန်းလာ၏။
"ဒီကလေးလေးက ပထမဆုံးအကြိမ်လာရောက်တာလား..."
"ဟုတ်ပါတယ် ကျောင်းအုပ်ယု... ဒီကလေးလေးကို အာကာသစခန်းအမှတ် ၃၃၃ ကနေ မကြာသေးခင်ကမှခေါ်လာတာပါ..."
"ဟယ်လို... ကလေးလေးရေ..."
ကျောင်းအုပ်ယု၏ မျက်နှာထားက ပို၍ပင်နူးညံ့သွားပြီး ယောင်စစ်နားတိုးကပ်လာကာ ခေါင်းလေးကိုညင်သာစွာပုတ်လိုက်သည်။
ကျောင်းအုပ်ယုက ရှင်းလင်းပီသလှသောအသံဖြင့် တလုံးချင်းပြောကာ သူမကိုယ်သူမ မိတ်ဆက်လာလေသည်။
"တ်ီတီ့ရဲ့ မျိုးရိုးနာမည်က ယု...
ကလေးလေးက ဆရာမယု လို့ခေါ်နော်..."
မွေးကာစပူတူတူးကလေးလေးများကို ပြောသည့်အသံဖြင့်ပြောလာသောကြောင့် ယောင်စစ်ဆွံ့အသွားသည်။
သူမ၏ခေါင်းကို ထပ်ပွတ်တော့မည့်လက်ကိုတွန်းဖယ်လိုက်ပြီး ...
"ဟယ်လို တွေ့ရတာဝမ်းသာပါတယ် ကျောင်းအုပ်ယု ကျွန်မနာမည် ယောင်စစ်ပါ..."
သူမ ခပ်တန်းတန်းဆက်ဆံမှရမယ် မဟုတ်ရင် အမြဲတမ်း မွေးကာစကလေးပေါက်စနလေးလို ဆက်ဆံခံရလိမ့်မယ်...
ယုကျင်း အံ့အားတသင့်ဖြင့် ယန်ရွှမ်ဘက်သို့လှည့်ကြည့်လိုက်သည်။
"ကြည့်ရတာ သူမအစောကြီးနိုးထလာရလို့ဖြစ်မယ်... သူမရဲ့ အရင်ဘဝကမှတ်ညဏ်တွေကပျောက်မသွားသေးဘူး..."
ယန်ရွှမ်ရှင်းပြလိုက်သည်နှင့် ကျောင်းအုပ်ယုက ငိုချတော့မလို သနားကြင်နာသောအကြည့်ဖြင့် ယောင်စစ်ကိုကြည့်လာလေသည်။
"ဘယ်လောက်တောင်သနားဖို့ကောင်းတဲ့ကလေးလေးလဲ...ဝန်ကြီး...ရှင်အဲ့ဒီအာကာသစခန်းကိုရှင်းပြချက်ကောင်းကောင်းတောင်းရမယ်နော်..."
"စိတ်မပူနဲ့... အဲ့ဒီကိစ္စကို သေချာကိုင်တွယ်လိုက်မယ်..."
ယန်ရွှမ်ကကြက်သီးထစရာကောင်းအောင်ပြုံးလိုက်သည်။
ယောင်စစ် ထိုစခန်းအတွက် စိတ်ထဲမှ ဖယောင်းတိုင်ထွန်းပေးလိုက်မိသည်။
"သူမ ရဲ့သွေးမျိုးဆက်အဖြေက ခုထိထွက်မလာသေးဘူး...အနားယူနေတဲ့ သွေးစုပ်ဖုတ်ကောင်တွေကိုလဲရှာဖွေနေတယ် အထူးသဖြင့် သူမကို မျိုးရိုးဗီဇလက်ဆင့်ကမ်းခဲ့တဲ့သူကိုပေါ့...ကျွန်တော်တို့ ရှာမတွေ့မချင်းတော့ ကျောင်းအုပ်ကြီးကိုပဲဒုက္ခပေးရတော့မယ်..."
ယန်ရွှမ်အကြောင်းအရာများကိုရှင်းပြလိုက်သည်။
"စိတ်မပူပါနဲ့ ဝန်ကြီး...ကျွန်မတို့သူ့ကိုကောင်းကောင်းဂရုစိုက်လိုက်ပါမယ်..."
ကျောင်းအုပ်ယု ကယောင်စစ်ကိုကြည့်၍ ပြောလိုက်သည်။
"ကလေးလေးရေ ဒီမှာကောင်းကောင်းနေရမယ်နော်... ဦးဦးက ကျောင်းပိတ်ရက်ရောက်တဲ့အခါ ပြန်လာခေါ်မယ်နော် ဟုတ်ပြီလား..."
ဒီကျောင်းက ဘော်ဒါဆောင်လိုမျိုးလား...
ယောင်စစ် ပန်းရောင်များပြည့်နေသည့်အခန်းထဲငါးရက်မျှနေခဲ့ရသည်ကိုပြန်တွေးမိလိုက်ပြီး ခိုင်ခိုင်မာမာခေါင်းညိတ်ပြလိုက်သည်။
"လိမ္မာလိုက်တဲ့ကလေး..."
ယန်ရွှမ်က စိတ်မကျေနပ်သေးပဲ သူ့၏ကလေးကို တုန်နေအောင်ချစ်သောဖအေတစ်ယောက်၏ အမူအရာဖြင့် ယောင်စစ်ကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။
ထို့နောက် သူ့အိတ်ထဲမှာ လက်ကောက်လိုအရာတစ်ခုကိုထုတ်ယူလိုက်ပြီး ယောင်စစ်လက်မှာပတ်ပေးရင်းရှင်းပြလိုက်သည်။
"ကလေးလေး ဒါကလေးက နောက်ဆုံးပေါ်ကွန်ပျူတာလက်ပတ်လေးပဲ... ဦးဦးရဲ့နံပါတ်ကိုမှတ်ထားပြီးသား...ဦးဦးကိုလွမ်းလာတာနဲ့ ဒါကိုသုံးပြီးဆက်သွယ်ပါမယ်လို့ကတိပေး...ဟုတ်ပြီလား..."
ယောင်စစ်အံ့သြသင့်သွားသည်။
အာကာသစခန်းမှာထဲက လူတိုင်းလိုလိုသုံးနေကြသည့် ထိုလက်ပတ်လေးကို စိတ်ဝင်စားနေခဲ့ခြင်းဖြစ်သည်။ယန်ရွှမ်က သူမကို ဒီအတိုင်းပေးလာလိမ့်မည်ဟုတော့ မထင်ထားမိပေ။
သူမနှလုံးသားထဲ၌ နွေးထွေးမှုကိုခံစားလိုက်ရပြီး မျက်ရည်မကျစေရန် နှာခေါင်းတစ်ချက်ရှုံ့၍ထိန်းထားလိုက်သည်။
ယန်ရွှမ်က သူမအားတချိန်လုံးကလေးပေါက်တစ်ယောက်လိုဆက်ဆံနေသော်လည်း သူမအပေါ်တကယ်ကောင်းပေသည်။
သွေးမတော်သားမစပ်သူတယောက်ကို အဝေးကြီးက လာခေါ်ပေးတဲ့အပြင် အစစအရာရာစီစဉ်ပေးဖို့ဆိုတာက တော်ရုံစိတ်ကောင်းရှိရုံနဲ့တော့ လုပ်မရဘူးလေ ဟုတ်တယ်မလား...
တခြားအရာတွေကိုထားလိုက်ဦး...ဒီကွန်ပျူတာလက်ပတ်လေးပေးတယ်ဆိုတာက သူ့တာဝန်အရလုပ်တာထက်ပိုနေပြီလေ...
သူမက ဘယ်လောက်တောင်းဆင်းရဲပြီး ပိုက်ဆံဆိုလို့မူးလို့ရှူစရာမရှိတာ သူအသိဆုံးပဲလေ...သူမရဲ့ ဖြုတ်ဦးနှောက်လေးနဲ့စဉ်းစားရင်တောင် ဒီလက်ပတ်က စျေးမပေါမှန်းသိပါသေးတယ်...သွေးစုပ်ဖုတ်ကောင် တွေဘယ်လောက်ပဲချမ်းသာသာ ဒီလိုလက်ပတ်ကို ကြုံရာလူလျောက်ပေးနေဖို့တော့ မဖြစ်နိုင်ဘူး မဟုတ်လား.....