Chapter(37)
Viewers 12k

ကျောက်ကျင်းစစ်မှာရပ်မြဲရပ်လျက် အဝေးရောက်သွားသည့်ဝေါယာဥ်ကိုစိုက်ကြည့်နေမိသည်။ ကောင်းကင်မှောင်မိုက်လာပြီး ထိုဝေါယာဥ်ကိုမမြင်ရတော့သည့်အခါမှသာ စိတ်ပျက်လက်ပျက်ပြန်လာမိသည်။


နန်းတော်ဆီပြန်လာပြီးနောက် သူမှော်သမားတော်ထံတန်းသွားကာ သြရှရှအသံဖြင့်မေးမိသည်။

"လူကြီးမင်းမယ်မယ့်ကိုပြောလိုက်တာကအမှန်ပဲလား။"


မှော်သမားတော်မှာသမားတော်ကျန်းနှင့်ဆေးပညာအတွေ့အကြုံများဖလှယ်နေတာဖြစ်သည်။ ဒါကိုကြားလိုက်ရသော် သူလန့်သွားကာမေးမိသည်။

"ဘယ်ဟာကိုပြောတာလဲ။"


"အချစ်ကူအဆိပ်နဲ့ဆိုင်တဲ့ဟာ။"

ကျောက်ကျင်းစစ်အံကြိတ်လိုက်သည်။


"အိုး၊ အဲ့ဒါလား။"

မှော်သမားတော်မှတ်မိသွားကာ ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

"အမှန်ပါပဲ။"


ကျောက်ကျင်းစစ်မှာဝိညာဥ်လွင့်သွားသည့်နှယ်တောင့်တင်းသွားတော့သည်။


အဲ့ဒါတကယ့်ကိစ္စလား။ ဧကရာဇ်ငယ်လေးကအခြားသူအပေါ်ခံစားချက်ကိုသူ့ဆီလွှဲပေးခဲ့ရုံပဲမို့ ကူကောင်ဖယ်ပြီးနောက်ပိုင်းမှာ....


"ဒါပေမဲ့မင်းဘာကိုစိတ်ပူနေတာလဲ။"

သူစဥ်းစားလို့မပြီးသေးခင် သမားတော်ကရုတ်တရက်ပြောလာသည်။

"ဧကရာဇ်ငယ်လေးကအချစ်ကူအဆိပ်မမိခင်ထဲကမင်းကိုသဘောကျခဲ့တာပဲကို။ မဟုတ်ရင် မင်းရဲ့သွေးကကူကောင်ကိုဘယ်လိုလုပ်ပြီးသွေးဆောင်နိုင်မှာလဲ။"


ကျောက်ကျင်းစစ်ကြောင်အမ်းသွားရပြန်ကာ သူ့ကိုတောင့်တောင့်ကြီးဖြည်းညှင်းစွာခေါင်းလှည့်ကြည့်မိသည်။


သမားတော်ကရှင်းပြသည်။

"အချစ်ကူအဆိပ်ပြေသွားအောင် ချစ်ရသူရဲ့သွေးကိုယူရတာမို့ ဒီလူအိုကြီးကကူအဆိပ်မဖြေခင်စမ်းကြည့်လိုက်ရုံပဲ။ သူမင်းကိုအချစ်ကူအဆိပ်မမိခင်ကပဲကြိုက်ကြိုက် အချစ်ကူအဆိပ်မိပြီးမှကြိုက်ကြိုက် မင်းကအခုသူ့ချစ်ရသူဖြစ်နေပြီပဲကို မင်းဘာတွေစိတ်ပူနေသေးတာလဲ။"


ကျောက်ကျင်းစစ်၏နှလုံးသားမှာနေရောင်ခြည်ထွန်းလင်းသွားပြန်ပုံရကာ ရုတ်ခြည်းလင်းလက်တောက်ပသွားချေသည်။


သူအမြန်လျှောက်ထွက်လာပေမဲ့ ​ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာ အနောက်လှည့်ပြီးအေးစက်စက်အသံဖြင့်ပြောလိုက်သည်။

"လူကြီးမင်း၊ နောက်တစ်ခါဆိုအကုန်လုံးတစ်ခါထဲပြီးအောင်ပြောပါ။"


သူချက်ချင်းနန်းတော်ကထွက်လာကာ ပေကျန်းကိုမောင်းသွားလိုက်သည်။


နန်းတော်အိပ်ဆောင်ထဲမှာ လင်ခုံးလုတစ်ယောက်အိပ်ရာဝင်ဖို့ပြင်နေသည်။


သူကသူ့ကိုလူတစ်အုပ်ကြီးလာခစားတာကိုသဘောမကျသဖြင့် ဒီအချိန်မှာ စွင်းတဲ့ချန်နှင့်အခြားသူတို့မှာအပြင်ထွက်သွားကြပြီဖြစ်သည်။


အဝတ်ချွတ်နေစဥ် ဖြတ်ထားသောဝတ်ရုံလက်စကသူ့လက်မောင်းကြားထဲမှထွက်ကျလာပြီး လင်ခုံးလုအလိုလိုကောက်လိုက်မိပေမဲ့ သူမော့ကြည့်လိုက်ချိန် ကန့်လန့်ကာနောက်ကွယ်မှာပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။


သူတောင့်တင်းသွားရကာ သူ့ဆံပင်များပင်စထောင်လာပြီး သူသတိရှိရှိမေးလိုက်မိသည်။

"ဘယ်သူလဲ။"


ကျောက်ကျင်းစစ်ကန့်လန့်ကာနောက်ကွယ်မှဖြည်းညှင်းစွာထွက်လိုက်ပြီး သူ့မျက်လုံးများမှာဖြတ်ထားသောဝတ်ရုံလက်စပေါ်ရောက်သွားကာ သူ့မျက်လုံးများအသာလှုပ်ခတ်သွားရပြီး နူးညံ့စွာမေးမိသည်။

"အရှင်မင်းကြီးသိမ်းထားတုန်းပဲလား။"


လင်ခုံးလု: "...." ချီး၊ မင်းငါ့ကိုကြောက်ပြီးသေသွားအောင်လုပ်နေတာပဲ။


"ကျောက်ချင်းကဘာလို့ဒီရောက်နေတာလဲ။" သူမျက်မှောင်ကြုတ်ကာ မထူးခြားမခြားနားဖြစ်ချင်ယောင်ဆောင်လိုက်သည်။

"ဘယ်သူ့ကိုမပြောဘဲနဲ့လေ၊ ဒါကသိပ်ပြီးရဲတင်းလွန်းမနေဘူးလား။"


ကျောက်ကျင်းစစ်သူ့ကိုနင့်နင့်နဲနဲကြည့်ကာ အက်ရှရှအသံဖြင့်ပြောလိုက်သည်။

"ဒီကိုလာပြီး အရှင်မင်းကြီးကိုအဝတ်လဲပေးဖို့စောင့်နေတာပါ။"


ဧကရာဇ်ငယ်လေးစကားမပြောတာကိုမြင်လိုက်ရသော် သူ့မျက်လုံးများမှိန်ကျသွားကာ ခပ်တိုးတိုးပြောမိသည်။

"သာမန်မိသားစုရဲ့ဇနီးကသူတို့ခင်ပွန်းကိုအဝတ်လဲပေးတယ်လို့ အရှင်မင်းကြီးမပြောခဲ့ဘူးလား။"


သူဒါကိုပြောလိုက်ချိန်တွင် သူ၏မျက်လုံးနက်နက်တို့ကဧကရာဇ်ငယ်လေး၏မျက်လုံးများကိုဆက်တိုက်စိုက်ကြည့်နေပြီး သူ့မျက်လုံးများမှာနူးညံ့သိမ်မွေ့ကာ ချစ်ခြင်းမေတ္တာအပြည့်နှင့်ပင်။


ဖယောင်းတိုင်အလင်းရောင်၏အရိပ်တို့ကသူတို့နှစ်ယောက်ပေါ်ကျရောက်လျက် မရေမရာလေထုတစ်မျိုးကိုဖန်တီးလို့နေသည်။


လင်ခုံးလုမနေနိုင်ဘဲသူ့နှလုံးသားကိုဖုံးကွယ်ချင်မိကာ စနစ်ကိုပြောမိသည်။

"သူကတကယ်တော့ငါ့ကိုအလှတရားနဲ့ဆွဲဆောင်နေတာရယ်၊ ငါတောင့်မခံနိုင်လောက်ဘူး။'


0687: "......" မဟုတ်ပါဘူး၊ သူကအဲ့နေရာမှာဒီအတိုင်းလေးရပ်နေပြီးတော့ စကားလုံးအနည်းငယ်ပြောသွားရုံပါပဲ။


"အဟမ်း၊ ဒါပေမဲ့ကိုယ်တော်အခုမလိုတော့ဘူး။"

လင်ခုံးလုမထူးခြားမခြားနားဖြစ်ချင်ယောင်ဆောင်နေဆဲပင်။


ဒီတစ်ခေါက်တော့ကျောက်ကျင်းစစ်မှာစိတ်ပျက်မသွားတော့ဘဲ ထိုအစားပြုံးကာနူးညံ့စွာ​ပြောလိုက်သည်။

"အရှင်မင်းကြီးပင်ပန်းတာသက်သာသွားအောင် ကျွန်တော်မျိုးအရှင်မင်းကြီးရဲ့ခြေထောက်ကိုနှိပ်ပေးရင်ကော?"


အနည်းဆုံးတော့ အရှင််မင်းကြီးကသူ့ကိုအေးတိအေးစက်မျက်နှာဖြင့်မောင်းထုတ်မလာခဲ့ပေ။ မှော်သမားတော်ပြောတာမှန်တယ်၊ အရှင်မင်းကြီးရဲ့နှလုံးသားထဲမှာသူရှိပေမဲ့ သူအရင်ကအမှားလုပ်ခဲ့တာမို့ အရှင်မင်းကြီးရဲ့နှလုံးသားထဲမှာအစိုင်အခဲဖြစ်နေတာပဲ။


လင်ခုံးလုအစကတစ်အောင့်ကြာဟန်ဆောင်ချင်ပေမဲ့ ခြေထောက်နှိပ်ပေးမည်ဟုသူကြားလိုက်ရချိန်တွင် သူ့နှလုံးသားလှုပ်ခတ်သွားရပြန်သည်။


သူရေပူကန်ထဲမှာရေစိမ်ခဲ့သဖြင့် အခုဆိုရင်သူ့ခြေထောက်မနာတော့သည့်အပြင် သူ့မှာအခြားပြဿနာများလည်းမရှိပေ။ ဒါပေမဲ့ ကျောက်ကျင်းစစ်၏နှိပ်ပုံနှိပ်နည်းများကတကယ်ကောင်းမွန်လှပြီး ၎င်းမှာသူကသိုင်းလေ့ကျင့်ပြီး နှိပ်စဥ်အတွင်းမှာအတွင်းအားသုံးခဲ့တာမို့ဖြစ်လောက်မည်။ အတိုချုံးပြောရရင် သူနှိပ်ပေးတိုင်း သူအလွန်သက်တောင့်သက်တာခံစားရသည်။


လင်ခုံးလုနှုတ်ခမ်းစေ့ကာပြောလိုက်သည်။

"ဒါဖြင့်ရင် ခဏနှိပ်ပေးလေ၊ နှိပ်ပြီးရင်ပြန်သွားတော့။"


ကျောက်ကျင်းစစ်သက်မချလိုက်မိသည်၊ အရှင်မင်းကြီးသူ့ကိုအနားကပ်ခွင့်ပေးတာကောင်းတဲ့အရာပဲ။


သူရှက်ရွံ့မိကာအမှားပြင်ဆင်ဖို့အတတ်နိုင်ဆုံးကြိုးစားမှာမို့ ပုံမှန်ထက်ပိုပြီးအားထည့်နှိပ်ပေးမိသည်။


လင်ခုံးလုအစကသူ့ကိုခဏပဲနှိပ်စေချင်ပေမဲ့ မထင်မှတ်ထားစွာဖြင့်အနှိပ်ခံရပြီးနောက်သက်တောင့်သက်တာဖြစ်စွာအိပ်ပျော်သွားတော့သည်။


နောက်တစ်နေ့မနက်နိုးလာတော့ သူဟာနွေးထွေးသောအိပ်ရာပေါ်တွင်လှဲလျက်ရှိကြောင်းလင်ခုံးလုတွေ့လိုက်ရပြီး ကျောက်ကျင်းစစ်မှာထွက်သွားပြီဖြစ်သည်။


သူသက်ပြင်းချမိပေမဲ့ ညဘက်ကျတော့တစ်ဖက်လူကအချိန်မှန်ရောက်လာပြန်ကာ သူ့အတွက် ဒူးပတ်လိုမျိုးပစ္စည်းတချို့နှင့်သူစားရတာကြိုက်သည့်သွားရည်စာမုန့်တချို့စသဖြင့်ယူလာပေးသည်.....


လင်ခုံးလုဒူးပတ်ကိုယူပြီး သေချာကြည့်လိုက်တော့ ကျောက်ကျင်းစစ်၏မျက်နှာထားတင်းမာလာတာကိုသူသိသိသာသာသတိထားမိလိုက်သည်။


"ဒါဘာနဲ့ချုပ်ထားတာလဲ။ ချုပ်ရိုးတွေကရုပ်ဆိုးလိုက်တာ။"

လင်ခုံးလုတမင်ပြောလိုက်ပေမဲ့ သူ့နှုတ်ခမ်းထောင့်များမှာမသိမသာကော့တက်သွားသည်။


ကျောက်ကျင်းစစ်သေချာမြင်လိုက်ရသဖြင့် သူ့စိုးရိမ်ပူပင်မှုကိုလွှတ်ချကာနူးညံ့စွာပြောလိုက်သည်။

"ကျွန်တော်မျိုးချုပ်ထားတာပါ။"


လင်ခုံးလုခန့်မှန်းမိတာကြာပြီဖြစ်ပေမဲ့ မျက်ခုံးအသာပင့်ကာပြောလိုက်သည်။

"အိုး၊ ကျောက်ချင်းကအပ်လည်းချုပ်တတ်တယ်လား။"


ကျောက်ကျင်းစစ်သူ့ကိုနူးညံ့သိမ်မွေ့သောမျက်လုံးများဖြင့်ကြည့်လိုက်သည်။

"ဒီနေ့ပဲသင်ခဲ့တာပါ၊ ဒါသိပ်မကောင်းဘူးလို့အရှင်မင်းကြီးထင်ရင် ကျွန်တော်မျိုးမနက်ဖြန်ထပ်လုပ်လာခဲ့ပါမယ်။"


လင်ခုံးလုရုတ်တရက်သူ့လက်ကိုလှမ်းဆွဲကြည့်လိုက်တော့ သေချာတာပေါ့၊ သူ့လက်ချောင်းများမှာအပ်ပေါက်ရာများကိုမြင်လိုက်ရသည်။


ကျောက်ကျင်းစစ်အကာအကွယ်မဲ့သွားပြီး သဘောပေါက်ပြီးသွားနောက် သူမြင်သွားမှာစိုးသည့်အလား အမြန်ပြန်ဆွဲလိုက်သည်။


လင်ခုံးလုနှုတ်ခမ်းစေ့ကာပြောလိုက်သည်။

"မောင်မင်းကိုယ်တော့်ခြေထောက်ကိုမနှိပ်ပေးချင်ရင် ဒီအတိုင်းပြောလိုက်လို့ရပါတယ်၊ ကိုယ့်ကိုယ်ကိုအပ်နဲ့ထိုးဖို့မလိုပါဘူး။"


သူကသူ့ကိုတစ်ဖက်လှည့်နှင့်ဂရုစိုက်ပေးနေမှန်းကျောက်ကျင်းစစ်သိတာမို့ သူ့မျက်နှာမှာပိုမိုနူးညံ့လာကာ ပျော့ပြောင်းစွာပြောလိုက်သည်။

"ကြောက်စရာကောင်းပုံ​ပေါက်ပေမဲ့ မနာပါဘူး။"


လင်ခုံးလုသက်ပြင်းချကာမေးလိုက်သည်။

"ဒီနေ့ဘယ်နှခုလုပ်ခဲ့လဲ။"


ကျောက်ကျင်းစစ်၏အပြုံးအေးခဲသွားကာ ချိတုံချတုံပြောလိုက်ရသည်။

"....ငါးခု။"


လင်ခုံးလု: "ကိုယ်တော့်ကိုလိမ်ပြောချင်သေးတယ်ဆိုရင် အခုချက်ချင်းထွက်သွားလို့ရပြီ။"


"၁၅ခု။"

ကျောက်ကျင်းစစ်ချက်ချင်းစကားပြောင်းပြောလိုက်သည်။


ဒီနှစ်ခုကအသင့်တော်ဆုံးဖြစ်ပြီး အခြားဟာများကိုအရှင်မင်းကြီးရှေ့ယူလာဖို့သူတကယ်ရှက်နေမိသည်။


လင်ခုံးလုသူ့ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။

"မနက်ဖြန်ကျန်တာအကုန်ယူခဲ့။"


ခဏတန့်သွားကာသူထပ်ပေါင်းပြောလိုက်သည်။

"ထပ်မလုပ်နဲ့တော့၊ ကိုယ်တော့်မှာအပ်ချုပ်သမားမရှားဘူး။"


ကျောက်ကျင်းစစ်၏မျက်လုံးများမှိန်ကျသွားလေရာ လင်ခုံးလုသက်ပြင်းချမိပြန်သည်။

"၁၅ခုကကိုယ်တော့်အတွက်အကြာကြီးသုံးဖို့လုံလောက်နေပြီ၊ ကိုယ်တော့်ကိုခြေထောက်ကိုနှိပ်ပြီး ကိုယ်တော့်ကိုဒါတွေတစ်ချိန်လုံးမသုံးစေချင်ဘူးလား။"


ဒါကိုကြားလိုက်ရသော်

ကျောက်ကျင်းစစ်၏မျက်နှာထားမှာနောက်ဆုံးအနည်းငယ်တောက်ပသွားပြီး သူကဧကရာဇ်ငယ်လေးကိုအမြတ်တနိုးကြည့်ကာနူးညံ့စွာပြောလိုက်သည်။

"ကောင်းပါပြီ။"


လင်ခုံးလုထိုသို့ပြောလိုက်ပေမဲ့ အဆုံးမှာသူ့ကိုခြေထောက်မနှိပ်ခိုင်းဘဲ စွင်းတဲ့ချန်ကိုလိမ်းဆေးတချို့ယူလာခိုင်းကာ သူ့ကိုကိုယ်တိုင်လိမ်းပေးလိုက်သည်။


ဧကရာဇ်ငယ်လေးကသူ့ကိုဆေးလိမ်းပေးလိမ့်မည်ဟုကျောက်ကျင်းစစ်မထင်ထားမိပေမဲ့ သူ့လည်ပင်းတင်းကြပ်ကာသူ့လက်များပူလောင်လာသည်ဟုခံစားလိုက်ရသည်။


အိမ်ပြန်လာပြီးနောက် သူတစ်ရက်လုံးလက်ဆေးစရာမလိုတော့ဟုခံစားရပေမဲ့ သူထိုရုပ်ဆိုးသောဒူးပတ်များကိုမြင်လိုက်ရချိန် သူစိတ်ပူစပြုလာပြန်သည်။


ဒီလိုရုပ်ဆိုးတဲ့အရာကို အရှင်မင်းကြီးကိုတကယ်ပေးချင်တာလား။ ပြီးတော့တစ်ဖက်ထဲလေ။


ထားလိုက်တော့၊ တစ်စုံမလုပ်မိရင် တခြားတစ်ခုနဲ့တွဲဝတ်လိုက်ပေါ့။


ဒါပေမဲ့အလုပ်မဖြစ်ပေ၊ စုစုပေါင်း၁၅ခုရှိတယ်၊ သူကနှစ်ခုပေးလိုက်ပြီးပြီမို့ သူစုံဂဏန်းနဲ့နောက်တစ်ဖက်ထပ်လုပ်လိုက်ရင် ဒီည၁၄ခုဖြစ်သွားမှာမဟုတ်ဘူးလား။


၁၄(ရှီစီ)၊ သေခြင်းတရား(ရှီစီ)ပဲ၊ ကံဆိုးတယ်!


ထိုအကြောင်းတွေးကြည့်ပြီးနောက် သူရိုးရှင်းစွာသုံးခုထပ်လုပ်ကာ ၁၆ခုဖြစ်အောင်လုပ်လိုက်သည်။


အန်းဝမ်ဖေးတစ်ယောက်နံနက်စာစားပြီးနောက်သူ့ဆီလာလည်တော့ သူကထိုရုပ်ဆိုးသောဒူးပတ်များကိုအပ်နှင့်ထပ်ချုပ်နေပြီး သူ့ကိုယ်နေဟန်ထားမှာအလွန်ရယ်စရာကောင်းနေတာကိုမြင်လိုက်ရသည်။


အန်ဝမ်ဖေးမှာကူကယ်ရာမဲ့သွားကာ မသန်မာတဲ့အတွက်သံကိုမုန်းတီးမိသည်။

"မင်းဒါတွေကိုနေ့တိုင်းချုပ်နေတာကဘာအသုံးဝင်လို့လဲ၊ အရှင်မင်းကြီးကကြိုက်မယ်တဲ့လား။ ငါ့အထင် မင်းပေကျန်းကိုသွားပြီးတောင်းပန်လိုက်တာပိုကောင်းမယ်။ ဒီအကွက်ကအိုဟောင်းနေပြီလို့မထင်ဘူးလား၊ မင်းကိုပြောပြမယ်၊ မင်းရဲ့ခမည်းတော်...."


"အရှင်မင်းကြီးကသဘောကျတယ်။"

ကျောက်ကျင်းစစ်ခေါင်းငုံ့ကာ အလေးအနက်အပ်ချုပ်ရင်း သာမန်ကာလျှံကာပြန်ဖြေလိုက်သည်။


"ဘာရယ်?"

အန်းဝမ်ဖေးကြောင်အမ်းသွားသည်။


ကျောက်ကျင်းစစ်သူ့အမေကိုမော့ကြည့်ကာပြောလိုက်သည်။

"ကျွန်တော့်ကိုစိတ်မပူပါနဲ့၊ ဒီဒူးပတ်ကအရှင်မင်းကြီးလိုချင်တဲ့အရာမို့ ကျွန်တော်သူ့အတွက်ပိုကြည့်ကောင်းအောင်လုပ်ပေးမှာပါ။"


အန်းဝမ်ဖေး: "အို။"


သူမရုတ်တရက်သူ့ဘေးမှာထိုင်ချကာပြောလိုက်သည်။

"အဲ့လိုဆိုမှတော့ အမေလည်းကူညီပေးမယ်လေ...."


ကျောက်ကျင်းစစ်သက်ပြင်းချကာပြောမိသည်။

"ရပါတယ်၊ မယ်မယ်ရဲ့ဓားကိုင်တဲ့လက်နှစ်ဖက်ကကျွန်တော့်လောက်မလုပ်တတ်ဘဲနဲ့။"


အန်းဝမ်ဖေး: "...." တကယ်ဖဲ့တယ်နော်။


ညနေခင်းတွင် ကျောက်ကျင်းစစ်ကဧကရာဇ်ငယ်လေး၏အိပ်ဆောင်ထဲမှာအချိန်မှန်ပေါ်လာသည်။


လင်ခုံးလုသူပေးလာတဲ့ဒူးပတ်များကိုအိပ်ရာပေါ်မှာဖြန့်ကာ တစ်ခုချင်းစီလိုက်ကြည့်မိတော့ ဒူးပတ်များထဲကတစ်ခုမှာနဂါးငယ်လေးတစ်ကောင်ပုံစံချည်ထိုးထားကာ ၎င်း၏ပါးစပ်ကနားရောက်မတတ်ပြုံးဖြီးနေတာကိုမြင်လိုက်ရသည်။


ဒါကနဂါးလား။ ပိုးကောင်မှန်းရှင်းနေတာကြီးကို။


သူဒူးပတ်များကိုပျော်ပျော်ကြီးသိမ်းလိုက်ပေမဲ့ မျက်နှာပေါ်မှာဘာအမူအရာမှမပြဘဲ ပြောလိုက်သည်။

"ရပြီ၊ မောင်မင်းကောင်းကောင်းလုပ်ခဲ့တာပဲ၊ အခုမောင်မင်းမှာလုပ်စရာနောက်တစ်ခုရှိတယ်။"


ကျောက်ကျင်းစစ်ချက်ချင်းပြောလိုက်သည်။

"အရှင်မင်းကြီးကျွန်တော်မျိုးကိုပြောလိုက်ပါ၊ ကျွန်တော်မျိုးရေနဲ့မီးကိုဖြတ်ကျော်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး။"


"ရေနဲ့မီးကိုဖြတ်ကျော်စရာမလိုပါဘူး။"

လင်ခုံးလုလက်ဝေ့ရမ်းကာပြောလိုက်သည်။

"ညဘက်အိပ်ရတာနည်းနည်းအေးလို့ မီးပြင်းဖိုလိုအပ်တယ်။"


"ကျွန်တော်မျိုးအရှင်မင်းကြီးအတွက်အခုပဲသွားပြင်ဆင်လိုက်ပါ့မယ်။"

ကျောက်ကျင်းစစ်အမောတကောပြောမိသည်။


လင်ခုံးလုနှုတ်ခမ်းထက်ကအပြုံးမှာမြင်နိုင်လောက်အောင်အေးခဲသွားရသည်။


ဒါကိုမြင်လိုက်ရသော် ကျောက်ကျင်းစစ်ချက်ချင်းစကားပြောင်းပြောလိုက်သည်။

"ကျွန်တော်မျိုးအရှင်မင်းကြီးအတွက်တစ်ခုလုပ်ပေးပါ့မယ်။"


လင်ခုံးလု: "...."


"အဲ့ဒါပဲ။ ဒီထူးခြားတဲ့မြှောင်ကလူစားထိုးခံလိုက်ရ​ပြီ၊ သူငါ့ကိုလိုက်မီဖို့တော်တော်လိုသေးတယ်။"

သူမနေနိုင်ဘဲစနစ်ကိုစောဒကတက်မိသည်။


0687: "...." ဒါပေမဲ့မကောင်းတဲ့စိတ်တန်ဖိုးကမျက်စိမှုန်တဲ့လူတောင်မြင်နိုင်လောက်အောင်ကျသွားတယ်ရော်။


ဧကရာဇ်ငယ်လေး၏မျက်နှာရုတ်ခြည်းမည်းမှောင်သွားတာကိုမြင်လိုက်ရရင်းလကျောက်ကျင်းစစ်နောက်ဆုံးမသက်မသာဖြစ်လာရပြန်ကာ စိုးရိမ်တကြီးမေးမိသည်။

"အရှင်မင်းကြီး....ကျွန်တော်မျိုးလုပ်ပေးတဲ့မီးပြင်းဖိုမလိုချင်လို့လား။"


"ဟုတ်တယ်၊ ဘာလို့မလိုချင်ရမှာလဲ။"

လင်ခုံးလုအံကြိတ်ကာပြောလိုက်ရသည်။

"ဒါပေမဲ့ကိုယ်တော်ကသဘာဝလူသားပုံစံမီးပြင်းဖိုစစ်စစ်လိုချင်တာ၊ ကိုယ်တော့်အိပ်ရာနွေးထွေးအောင်လို့ ကိုယ်တော့်ကိုလူတစ်ယောက်သွားဖမ်းလာပေးချည်။"


____________________________________