အပိုင်း ၁၄
Viewers 18k

Chapter 14

သင်ကြားရန်အသင့်


ယောင်စစ် သူလက်ထဲမှ ထက်ပိုင်းကျိုးထားသောအရိုးကိုကြည့်၍ ရုတ်တရက်ဘာလုပ်ရမယ်မသိတော့ချေ။


ငါဒါကိုလည်းပြန်ဆက်လို့မရတော့ဘူးလေ...ဟုတ်တယ်မှတ်လား...


"တောင်းပန်ပါတယ် ...ငါအသစ်ပြန်ဝယ်ပေးမယ်ဆိုရင်ရော..."


ဖက်တီးလေးက ခဏမျှရပ်သွားပြီးနောက်ပို၍ ကျယ်လောင်စွာအော်ဟစ်ငိုကြွေးလာလေသည်။ဥယျာဉ်တစ်ခုလုံးသူငိုသံများဖြင့် ပြည့်နေ၏။


သူမမည်မျှပင်ကြိုးစားချော့မော့စေကာမူလုံးဝမရပ်တန့်ပေ။သူမပါ ငိုကြွေးချင်လာသော်လည်း မျက်ရည်ကထွက်ကြမလာပေ...သူမ ထင်ထားသလိုပင် မည်သည့် ကမ္ဘာ တွင်မဆို ကလေးများကကြောက်စရာအကောင်းဆုံးသက်ရှိများပင်ဖြစ်သည်။


လုပ်ကြပါဦး...


ဘယ်လိုများသူကိုချော့ရမှာလဲ...


ကံမကောင်းစွာဖြင့်ပင် ထိုဖက်တီးလေးနားသို့ တစ်ခြားကလေးကြီးများအားလုံးဝန်းရံလာသည်။


သူမကို ဓားများဖြင့်ပင် ထိုးစိုက်ချင်သလို စူးစူးရဲရဲစိုက်ကြည်လာကြ၏။


"သူက ဘေဘီကျူးက်ိုငိုအောင်လုပ်လိုက်တာ..."


"အဲဒီလူသစ်လေးကလေ လုံးဝမကောင်းတဲ့လူပဲ..."


"သူ နဲ့ လုံးဝမဆော့နဲ့တော့..."


"ဟုတ်တယ်.. ဟုတ်တယ် ...ငါ သူနဲ့လုံးဝမဆော့တော့ဘူး...သူက ဘေဘီကျူးရဲ့ သွားသွေးတံလေးကိုတောင်မှ ယူထားတယ်..."


"သူ ဘေဘီကျူးကိုရိုက်လိုက်တာပဲဖြစ်ရမယ် ..."


ဝိုး..ဝိုး..ဝိုး...

ပေါက်တက်ကရတွေပြောတာ ရပ်ကြပါတော့... ငါသူကိုရိုက်တယ်ဆိုတာ ဘယ်မျက်လုံးနဲ့  များမြင်လိုက်ကြတာလဲ...


"ငါ ဒီလိုလုပ်ဖို့မရည်ရွယ်ပါဘူး...ပြီးတော့လဲ ငါသူကိုလုံးဝမရိုက်ဘူး..."


"လူလိမ်... နင်ဒီလိုလုပ်လိုက်တာပဲလေ..."


သူမနှင့်အနီးဆုံးတွင်ရပ်နေသော ကလေးတစ်ယောက်က ရှေ့သို့တစ်လှမ်းတိုးလာသောကြောင့်သူ၏ ကြံခိုင်သန်မာသောကြွက်သားများက လှုပ်ခါသွားပြီး သူမကိုပင် တွန်းထုတ်လိုက်သလိုဖြစ်သွားသည်။


ထိုကလေးကြီး၏ လက်ညှိးကသူမ၏နှာခေါင်းကို ညွှန်ထားပြီး သူ၏အသံကလည်းတရားမျှတသည့် ပုံဖြင့်တင်းမာခက်ထန်လေသည်။


"နင်က ကလေးဆိုးတစ်ယောက်ဖြစ်ရုံတင်မကဘူး နင်ကလူလိမ်လည်းဖြစ်နေသေးတယ်..."


ယောင်စစ် ထိုလက်ညှိးကို ဆုပ်ကိုင်၍ ဖယ်လိုက်ပြီးနောက် ဘေးသို့ရွေ့ရပ်လိုက်ပြီး ရှင်းပြလိုက်သည်။


"ငါပြောပြမယ်...ငါ ကအဲလိုမျိုး..."


သို့သော် စကားမဆုံးခင်မှာပင် တစ်စုံတစ်ခုကို တက်နင်းလိုက်သောအသံကြားရသောကြောင့်ငုံကြည့်လိုက်သည်။


သူမ၏ လက်ထဲမှအရိုးကျိုးက မည့်သည့်အချိန်မှာ ကျသွားသည်ကိုသတိမပြုမိလိုက်ပဲ အပိုင်းပိုင်းဖြစ်သွားအောင်မတော်တဆတက်နင်းမိလိုက်သည်။ 


သူမ နှလုံးခုန်သံများပင်မြန်ဆန်လာသည်။


ငါတော့သွားပြီ...


ထင်ထားသည့်အတိုင်းပင် သူမခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ဖက်တီးလေးက အငိုရပ်သွားပြီး မြေမြင်ပေါ်ရှိအရိုးအပိုင်းအစလေးများကို မျက်လုံးပြူးများဖြင့်စိုက်ကြည့်နေလေသည်။


"ဖက်တီးလေး ...စိတ်ငြိမ်ငြိမ်..."


"ဝါး....."


ခဏတွင်းမှာပင် ဖက်တီးလေး၏ငိုသံက အရင်ကထက် အဆပေါင်းများစွာ ပိုကျယ်ကာမျက်ရည်များတသောသောကျလာတော့သည်။


"မငိုနဲ့..."


ယောင်စစ် ပြာယာတွေခတ်နေသည်။


သူမကို မိုက်ကြေးခွဲနေသော ထွားထွားကျိုင်းကျိုင်းကလေးကြီးကလဲ မျက်နှာရှုံ့မဲ့ လာပြီး မျက်ရည်များကျဆင်းလာသည်။

 

"နင်ကရော ဘာလို့ငိုမှာတုန်း..."


"လက်...လက်... လက် ..."


ထိုကလေးကြီးက သူမကို နောက်လက်ညှိုးတစ်ချောင်းပင်ထိုးထားလေသည်။ 


သူမကြည့်လိုက်သည့်အချိန်၌ လက်ထဲတွင် မေ့လျော့ပြီးဆုပ်ကိုင်ထားသော ထိုကလေးကြီး၏ လက်အားဖျစ်ညစ်မိထားလေ၏။


"နင် ငါ့ လက်ကိုနာအောင်လုပ်တယ်..."


"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."


သူမလက်ကိုချက်ချင်းလွှတ်ချလိုက်သည်။


ဒါပေမဲ့လည်း အကိုကြီးရေ နင်က အရပ်ရှည်ပြီး ထွားထွားကျိုင်းကျိုင်းသန်သန်မာမာကြီးလေ...ဒီလိုလေး ဆုပ်ကိုင်မိတာကတစ်ကယ်ကြီး ငိုဖို့ လိုအပ်လို့လား ...


ထိုကလေးကြီး၏ အပြူအမှုများက ငိုရန်လိုအပ်ကြောင်းပြောပြနေလေသည်။


 သူ၏မျက်ရည်များက ရပ်တန့်သွားမည့်ပုံမပေါ်ပေ ဆက်လက်ကျဆင်းလာပြီးကျယ်လောင်စွာငိုနေသည်။


ငါ နင်တို့ ကို တောင်းပန်ပါတယ်...

ရပ်ပါတော့...ကျေးဇူးပြုပြီး ရပ်ကြပါတော့ဟ...


ယောင်စစ် ဖက်တီးနှင့်ထိုကလေးကြီးကိုမသိမသာချောင်းကြည့်လိုက်သည်။သူမ၏ ဘယ်ညာတစ်ဖက်ဆီမှ ပြိုင်တူငိုသံများထွက်ပေါ်နေသည်မှာ ကောင်းကင် ၉ထပ်မှ  သေဆုံးသွားသူများကို နိုးထစေရန်ပင်လုံလောက်နေသည်။


ထိုအပြင် ငိုကြွေးခြင်းက တစ်နည်းတစ်ဖုံကူးစက်သကဲ့သို့ပင် ပတ်ပတ်လည်မှ ကလေးကြီးများ နှာခေါင်းတစ်ရှုံ့ရှုံ့ဖြစ်လာပြီး ပါးစပ်များ ကျယ်လောင်စွာဖွင့်ဟခါ တစ်ယောက်ပြီးတစ်ယောက် စတင်ငိုကြွေးလာကြတော့သည်။


"ဝါး....ဝါး..."


အော်ဟစ်သံများမိုးထိညံနေသည်က သူမ၏ အကြောအချဉ်များအားလုံးကိုပင် ထုံထိုင်းသွားစေသည်။


သေပါရစေတော့...


ထိုငိုကြွေး ပွဲကြီးက ဆရာမအလျင်စလိုမရောက်လာခင် နာရီဝက်မျှကြာမြင့်ခဲ့လေသည်။


ထို့နောက် တစ်နာရီမျှချော့မော့နှစ်သိမ့်ပြီးသည့်အချိန်၌ ထိုကလေးကြီးများ၏ မျက်ရည်များရပ်တန့်သွားခါ ကျယ်လောင်နေသောအသံထုတ်လွှင့်မှုရပ်တန့်သွားသည်။


ကမ္ဘာကြီးကိုလာရောက်ကယ်တင်ပေးသောဆရာမက မည်သည်ကိစ္စများဖြစ်သွားသည်ကိုသိသွားပြီးနောက် ယောင်စစ်အားကလေးဆိုးကြီးတစ်ယောက်လိုကြည့်လာလေသည်။


နှစ်ပေါင်းများစွာ စံပြကျောင်းသားကောင်းလေးဖြစ်ခဲ့သော ယောင်စစ်တစ်ယောက် သူမ၏ နှလုံးသားဆိုးဆိုးရွားရွားကိုက်ခဲနာကျင်သလိုပင်ခံစားလိုက်ရသည်။


ကျောင်းအုပ်ကြီးယုက သူမကို ရုံးခန်းသို့ပင်ခေါ်ဆောင်သွားကာ ကိုယ်ကျင့်တရားနှင့်စည်းမျဉ်းများအကြောင်းကို နှစ်နာရီမျှလက်ချာရိုက်နေသည်။


"အတန်းဖော် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကူညီပြီးတော့ ချစ်ချစ်ခင်ခင်နေကြရမယ်လေ..."


ယောင်စစ် အသံတစ်စက်မှမထွက်နိုင်တော့ပေ။


လေးကြိမ်မြောက်ခေါင်းလောင်းတီးသံထွက်ပေါ်လာသည့်အချိန်မှပင် ကျောင်းအုပ်ကြီးယုကသူမကိုလွှတ်ပေးလိုက်ပြီးအတန်းသို့ပြန်ခွင့်ပေးလိုက်သည်။


ယောင်စစ်ဝမ်းနည်းငိုကြွေးချင်နေသောလည်း အသက်ပြင်းပြင်းရှိုက်၍ သူမကိုသူမပြင်ဆင်လိုက်သည်။ထို့နောက်တံခါးကိုတွန်းဖွင့်ပြီးအခန်းတွင်းသို့လျှောက်ဝင်လိုက်သည်။


ကလေးများက အလွန်မေ့ပျောက်လွယ်ကြ၍ဖြစ်နိုင်ပေသည်။သူမလျှောက်ဝင်လာသည့်အခါ၌ ခဏမျှသာလှမ်းကြည့်ကြပြီးနောက် သူတို့ဘာသာသူတို့ဆော့ကစားနေကြသည်။


ယောင်စစ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ထိုကလေးကြီးများသူမကို မြင်သည်နှင့်ထပ်မံငိုကြွေးလာမည်ကိုကြောက်ရွံနေမိခြင်းဖြစ်သည်။

အခန်းထဲဝေ့ဝဲကြည့်လိုက်ပြီးနောက် ထောင့်ဘက်ရှိ နေရာလွတ်တွင်လှဲချလိုက်သည်။


ဟုတ်တယ်...လှဲလိုက်တာ...


သူမက လူလိမ်ဟုတ်လား...ဘာဖြစ်လဲ..

ဟုတ်တယ်...လိမ်တယ်လေ..ဘာလို့လဲဆိုတော့ အဲဒါပျော်စရာကောင်းတယ်...

အနာဂတ်မှာ ဒီကလေးတွေကအဲလိုပဲ လူလိမ်တွေဖြစ်လာမှာလေ...


အခန်းထဲတွင် ထိုင်ခုံများစားပွဲများမရှိသော်လည်း သလင်းကျောက်ကဲ့သို့ပင်ကြည်လင်သော အလွယ်တကူပုံစံမျိုးမျိုးသို့ပြောင်းနိုင်သည့် ဆိုဖာပျော့များရှိနေသည်။


သူတို့အပေါ်ထိုင်လိုက်သည့်လူ၏ ခံစားချက်ပေါ်မူတည်၍ အရောင်ပင်ပြောင်းလေသည်။


ယောင်စစ် ထိုအကြောင်းကိုသိနေသည်မှာ ယန်ရွှမ်စီစဉ်ပေးထားသောသူမ၏အခန်းထဲတွင်လည်း ထိုကဲ့သို့အမျိုးစားခုံရှိသောကြောင့်ဖြစ်သည်။


ဘေးနားတွင်လည်း အရုပ်အပိုင်းအစလေးများပြန့်ကျဲနေသည်။၄င်းက နေ့ကလေးထိန်းကျောင်းအကြီးကြီးတစ်ခုနှင့်ပင်တူသည်။


"ဟွန့်..."


သူမထိုင်ချလိုက်သည့်အချိန်မှာပင် သူမ၏ဘေးနား၌ မကျေမနပ်လွှမ်းမိုးသည့်အသံပေါ်လာသည်။


သူမချက်ချင်းလှည့်ကြည့်လိုက်သည့်အချိန်၌ ကြီးမားလှသောတင်ပါးကြီးကိုမြင်လိုက်ရ၏။


ဒီအရွယ်စားကိုကြည့်ပြီးပြောရမယ်ဆိုရင်တော့...


"ကြီး...အာ... ဘေဘီကျူးလေးလား..."


သူမနာမည်ကိုခန့်မှန်းလိုက်သည်နှင့် ထိုကြီးမားသောတင်ပါးကြီးကလှည့်သွားခါ တောက်ပသောမျက်နှာလေးလှည့်လာလေသည်။


ဘေဘီဖက်တီးလေးပင်ဖြစ်သည်။


ယောင်စစ်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လျှင်မြန်စွာပင်ပြန်လှည့်သွားပြီး ဟင့်ကနဲတစ်ချက် ယိမ်းလိုက်ပြန်သည်။


သူ၏ တင်ပါးအောက်မှထိုင်ခုံကလည်းသူမျက်နှာကဲ့သို့ပင်နီရဲနေသည်။သူ၏ ပတ်ပတ်လည်တွင် ငါစိတ်ဆိုးနေသည်ဟူသော စကားလုံးများကိုရေးထွင်းထားသကဲ့သို့ ထင်ရှားနေသည်။


"နင်ရဲ့ သွားတိုက်တံလေးကို ချိုးလိုက်မိတဲ့အတွက်ငါတောင်းပန်ပါတယ်..."


 အစောပိုင်းကမတော်တဆဖြစ်ရပ်များသည်သူမအမှားသာဖြစ်သည်။


ဖက်တီးလေးက အနည်းငယ်အံအားသင့်သွားသည့်ပုံဖြင့် တွန့်ဆုတ်သည့်အမူအရာများ သူမျက်နှာပေါ်တွင် ဖြစ်ပေါ်လာသည်။ခဏမျှအကြာတွင် သူခေါင်းကိုတစ်ဖက်လွဲလိုက်ခါ ပြောလိုက်သည်။


"ငါ နင့်ကို ဘယ်တော့မှခွင့်လွှတ်မှာဟုတ်ဘူး...ဟွန့်..."


ပြီးသည်နှင့် ကြီးမားလှသော တင်ပါးဝိုင်းကြီးကိုသာ သူမဘက်သို့ပစ်ထားလေသည်။


"....."


ကြည့်စမ်းပါဦး ...

နင်ငါကိုတစ်ကယ်ခွင့်မလွှတ်ဘူးဆိုလည်း နင်ရဲ့ခုံကအပြာရောင်ပြောင်းမသွားနဲ့လေ...


"ငါ လည်း နင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူး..."


ရုတ်တရက် ယောင်စစ်၏ ဘယ်ဘက်မှ တူညီသောစကားသံထွက်ပေါ်လာသောကြောင့် ထိုဘက်ကိုလှည့်ကြည့်လိုက်လေသည်။


နင်ကရော ဘယ်သူတုန်း...


ထိုကလေးကြီးက ကြီးမားလှသော ခန္ဓာကိုယ်ကို ထိုင်ခုံတွင်ကြပ်သိပ်နေအောင် တိုးထိုင်နေသော သန်မာသည့်ကလေးကြီးပင်ဖြစ်သည်။ 


တင်ပါးကြီးနှစ်ခုကြားညှပ်နေသည်သောကြောင့် ယောင်စစ် ပြောစရာစကားပင်မဲ့သွားသည်။


ငါ တင်ပါးသိုက်ပေါ်များ ရောက်နေတာတာလားဟယ်...


ယောင်စစ် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ ထိုအတန်းဖော်ကြီးများနှင့်ငြင်းခုန်ရန်စိတ်မပါသကဲ့သို့ ...ယခုကအချိန်ကောင်းလည်းမဟုတ်ပေ။


အဘယ်ကြောင့်ဆိုသော် ထိုအခိုက်တန့်တွင်ဆရာမက အခန်းတံခါးကိုဖြတ်ကျော်၍ဝင်ရောက်လာသောကြောင့်ဖြစ်သည်။

ပြောရမည်ဆိုလျှင် ယောင်စစ်အနည်းငယ်စိတ်လှုပ်ရှားနေလေသည်။


တကယ်တမ်းတွင်းထိုအတန်းဖော်ကြီးများက အနည်းငယ်စိတ်ရှုပ်စရာကောင်းသည်ဆိုသော်လည်းမူကြိုတွင် သင်ကြားရန်က သူမတကယ်လိုအပ်နေသာအကြောင်းအရာပင် ဖြစ်သည်။


"မင်္ဂလာပါ... ကလေးတို့..."


ဆရာက ညင်သာသိမ်မွေ့စွာပြော၍နှုတ်ဆက်လိုက်သည်။


"မင်္ဂလာပါ ဆရာမ..."


ကလေးကြီးများကလည်းညီညာစွာပြန်လည်နှုတ်ဆက်လိုက်သည်။


"ဆရာမရဲ့ ကလေးလေးတွေ ဒီနေ့ပျော်ကြရဲ့လား..."


ဆရာမက နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။


"ပျော်ပါတယ်..."


အားလုံးသံပြိုင်အော်လိုက်ကြလေ၏။


ခုနလေးတင် မနက်ဖြန်မရှိတော့သလိုမျိုးငိုနေကြတဲ့နင်တို့က အခုပဲပျော်သွားပြီဆိုတော့ သေကောသေချာရဲ့လားဟယ်...


"ကောင်းပြီ...ဒီနေ့အားလုံးပဲ ပျော်ကြတယ်ဆိုတော့ ဒီနေ့အတွက်သင်ခန်းစာကိုသွားလိုက်ကြရအောင်..."


ဆရာမက ပြောပြောဆိုဆိုပင်သူမလက်မှ ကွန်ပျူတာလက်ပတ်ကိုနှိပ်လိုက်သည့်နှင့်ကြီးမားလှသော ပုံရိပ်များ ထွက်ပေါ်လာလေသည်။


လာပြီ... လာပြီ


ယောင်စစ်ချက်ချင်းပင် ကျောမတ်မတ်ထိုက်လိုက်သည်။ယခုသူမမျှော်လင့်စောင့်စားနေသော ဗဟုသုတများရောက်လာပေပြီ။


ဆရာမ၏ ပရိုဂျက်တာက အလင်းတစ်ချက်လဲ့သွားသည်ကိုမြင်လိုက်ရပြီးနောက် သူမ၏ အသံကျယ်ကို ကြားလိုက်ရသည်။


"ကဲ.. ဂိမ်းကစားကြရအောင်..."


ပရိုဂျက်တာပေါ်တွင် နဂါးငွေ့တန်းအွန်လိုင်းဂိမ်းဆိုတဲ့ စကားလုံးကြီးများပေါ်ထွက်လာလေသည်။


သောက်ကျိုးနည်း..