အပိုင်း ၁၅
Viewers 19k

Chapter 15: Courting Death


ယောင်စစ် နဖူးကြောများပေါက်ကွဲသည့်အသံကြားလိုက်ရသလိုပင်...


စားပွဲလှန်လိုက် (╯‵□′)╯︵┻━┻


ဘယ်သူက ဂိမ်းဆော့ချင်လို့လဲ...စည်းကမ်းရှိတဲ့ ပရော်ဖက်ရှင်နယ် ဆရာများမရှိဘူးလား...စံပြတစ်ယောက်ဖြစ်လာဖို့ကဘာခက်ခဲလို့လဲ...စံပြတစ်ယောက် ...စံပြတစ်ယောက် ဟုတ်ပြီလား ... 


ကလေးတွေကို ဘယ်လိုများသင်ပြနေတာလဲ...


"ကလေးတို့ရေ... ကလေးတို့ရဲ့ ကွန်ပျူတာလက်ပတ်တွေကိုဖွင့်ပြီး စကြာဝဠာကွန်ယက်နဲ့ချိတ်ဆက်လိုက်ကြနော်... "


ယောင်စစ်စိတ်ထဲမှ မည်မျှကွန်ပလိန်းတက်စေကာမူ ဆရာမကစောင်ဖက်မလုပ်ပဲ ဆက်လက်ပြောဆိုနေသည်။


"ကျောင်းရဲ့ အင်တာနက် ပက်စ်ဝက်က 23333333 နော်..."


" ....."


ပက်စ်ဝက်ကအစ ရိုက်ချင်စရာကောင်းနေတာ...


"ဟင်...ဟိုနားက ကလေးလေး...ဘာလို့ ကွန်ပျူတာလက်ပတ်မဖွင့်သေးတာလဲ... ဘယ်လိုလုပ်ရမလဲ မသိလို့လားကလေး.. ဆရာမနောက်တစ်ခေါက်ပြန်ပြပေးရမလား..."


ဆရာမက ယောင်စစ်မလှုပ်သည်ကိုမြင်ပြီးလှမ်းပြောလာလေသည်။


တခန်းလုံးယောင်စစ်ကိုလှည့်ကြည့်လာကြလေသည်။


သူရှုံ့ရှုံ့မဲ့မဲ့ဖြင့် လက်ပတ်ကိုဖွင့်လိုက်သည်နှင့် သူမရှေ့တွင် ဘာမှန်းမသိသောစာများ အကွက်များနှင့် အကြည်ရောင်မျက်နှာပြင်တစ်ခုပေါ်လာသည်။


ယောင်စစ်လဲ ဆရာမပြောထားသည့်အတိုင်း ညာဘက်ထောင့်က အကွက်လေးကိုနှိပ်လိုက်သည်နှင့် pw မေးသည့်အကွက်လေးပေါ်လာသည်။စိတ်ပျက်စရာကောင်းသည့် ထို pw ကို ကီးဘုတ်မရှိပဲဘယ်လိုရိုက်ရမလဲစဉ်းစားနေတုန်းမှာပင် pw အတန်းလိုက်အလိုအလျောက်ပေါ်လာသည်။


ယောင်စစ်အံသြသင့်သွား၏။

အိုး... ဒီကွန်ပျူတာကို စိတ်နဲ့ထိန်းချုပ်တာပေါ့လေ...


"ကလေးတို့ရေ....'အာကာသမျိုးစိတ်များကိုထိန်းချုပ်ခြင်း' ဆိုတဲ့ပုံလေးကိုတွေ့ကြလား... "


ဆရာမက ထပ်မေးလာပြန်သည်။


ကလေးများပြန်ဖြေပြီးသည်နှင့်သူမက အားတက်သရောရှင်းပြလာလေသည်။


"အဲ့ဒါက ခုလက်ရှိရေပန်းအစားဆုံးဂိမ်းပဲ...အဲ့ဂိမ်းကို အာကာသမျိုးနွယ်ရဲ့ဘုံကိုးဆင့်နန်းတော်က ထုတ်လုပ်ထားတာလေ...

သုံးဖက်မြင် ကိုယ်တိုင်ခံစားရတဲ့သက်ရောက်မှုမျိုးပါဝင်ပြီး... ရှေးခေတ်ကို မြင်ကွင်းတွေကို ပြည့်ပြည့်စုံစုံလေးမြင်ရလိမ့်မယ်...ဆရာမတို့ ဒီနေ့ ဒါကစားကြမယ်ဆိုရင်ရော... "


ဆရာမက.ဂိမ်းအကြောင်းများကို သေသေချာချာနံနံ့စပ်စပ်ရှင်းပြနေပုံကိုကြည့်၍ ယောင်စစ်သူမအား ဂိမ်းကုမ္မဏီမှလွှတ်ထားသော အရောင်းမြှင့်တင်သူတစ်ယောက်ဟုပင်ထင်လာမိသည်။


မည်သို့ပင်ဆိုစေ ထိုကဲ့သို့ ရှေးဟောင်းပုံစံဂိမ်းမျိုးက သူမနဲ့လုံးဝကွက်တိကျပေသည်။ သူမသည်လဲ ရှေးနှစ်ပေါင်းများစွာက ဘိုးဘေးအိုကြီးသာဖြစ်သည်။


အင်တာနက်ကွန်ယက် အသုံးပြုပုံကိုသင်ရသည်က ယောင်စစ်အတွက်သိပ်မခက်လှပေ ။အချိန်တိုအတွင်းမှာပင် သင်ယူတတ်မြောက်သွား၏ ။


ဂိမ်းထဲသို့ဝင်လိုက်သည်နှင့် သူမရှေ့မှအကြည်ရောင်မျက်နှာပြင်က နတ်ဘုံနတ်နန်းကိုမြင်လိုက်ရသလိုမျိုးပြောင်းလဲသွားသည်။ မှော်ဆန်ဆန်မြူခိုးငွေ့များဖုံးလွှမ်းနေသည့်နန်းတော်ကြီးများ အရှိန်ပြင်းပြင်းစီးဆင်းကျနေသော ရေတံခွန်များ.. ကောင်းကင်တခွင် တဖြေးဖြေးရွေ့လျားနေသောတိမ်တိုက်များပေါ်တွင် ဖြတ်၍ပျံသန်းနေသောကြိုးကြာများ....ထိုမြင်ကွင်းများက သူမ ရှန်းရှ ရုပ်ရှင်ကားထဲ ဝင်ရောက်လာမိသလားထင်မှတ်မှားသွားစေသည်။


ထိုမျက်နှာပြင်၏အလယ်တွင် စာကြောင်းတစ်ကြောင်းပေါ်လာသည်။


(အာကာသမျိုးနွယ်ထိန်းချုပ်ခြင်းကမ္ဘာမှ ကြိုဆိုပါတယ်... အမှတ်စဉ် 438438 မှ ကစားသမားနံပါတ် 38 ဂိမ်းစတင်လိုပါသလား... )


ဘာလဲဟ... ဒီလိုနံပါတ်တွေပဲလာပြန်ပြီလား ...နာမည်ပြောင်းလို့မရတော့ဘူးလား...


(နာမည်ပြောင်းပါ...)


သူမထိုသို့တွေးလိုက်သည်နှင့် အရှေ့၌ဇယားကွက်လေးတစ်ခုကျလာလေသည်။ယောင်စစ် မဲ့ရွဲ့နေရင်းမှ ထိုဇယားကွက်ထဲတွင် "ရှေးပဝေသဏီမှဘိုးဘေးကြီး" ဟုရိုက်ထည့်လိုက်လေသည်။


(နာမည်က သတ်မှတ်စာလုံးအရေတွက်ထက်ရှည်လျားနေပါတယ်...နာမည်အသစ်ပြောင်းလဲခြင်းကျရှုံးပါတယ်...System မှ နာမည်ကိုအလိုလျှောက်သတ်မှတ်ပေးလိုက်ပါတယ်...ဘိုးဘေးနံပါတ် 38 ဂိမ်းထဲသို့ဝင်ရောက်ပါ...)


လခွမ်း...

ဒီ 38ဆိုတာကြီးကဖျောက်လို့မရဘူးလား...


ယောင်စစ် မတုံပြန်နိုင်ခင်မှာပင် ပြင်းထန်လှသောခေါင်းကိုက်ခြင်းကိုခံစားလိုက်ရသည်။ထိုခဏသူမရှေ့မှ အရာရာကမှုန်ဝါးပျောက်ကွယ်သွားပြီးနောက် သူမ၏ခေါင်းပေါ်တွင်ဘိုးဘေး38ဟူသောစာတမ်းနှင့်အတူ ...

ငှက်များပျံသန်းနေပြီး ပန်းများဖူးပွင့်နေသော ရွာငယ်လေးတစ်ခုပေါ်လာလေသည်။ 


သူမပြန်လည်သက်သာလာဖို့ အချိန်ခဏလောက်စောင့်လိုက်ရသည်။ထို့နောက်စိတ်ရှည်ရှည်ဆွဲဆန့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။


အတန်းထဲမှ အကောင်ကြီးကြီးအတန်းဖော်များပျောက်သွားသည့်အပြင် သူမ၏ပျော့အိအေးထိုင်ခုံပါအစအနမရှိပျောက်သွားလေသည်။


ထိုအခ်ျိန်၌ ဆရာမပြောကဲ့သော သုံးဖက်မြင်စနစ်ဆိုသည့်အကြောင်းသတိရမိသွားသည်။


အဲတော့ သူပြောတဲ့သုံးဖက်မြင်စနစ်ဆိုတာက လူတစ်ယောက်ရဲ့စိတ်အာရုံတစ်ခုလုံးကို ဂိမ်းထဲထည့်လိုက်တာကို ပြောတာလား


သောက်ကျိုးနည်း...လန်းလိုက်တာ...


ယောင်စစ် စိတ်လှုပ်ရှားသွားပြီး သူမ၏ပတ်ဝန်းကျင်ကိုထပ်ကြည့်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးကတကယ်ပြင်ပလောကအစစ်နှင့်တူညီနေသည်ကိုတွေ့လိုက်ရသည်။


အရာအားလုံးကို အသေးစိတ်ကျကျပြုလုပ်ထားပြီး လမ်းဘေး၌ပေါက်နေသော ပန်းကလေးများမှပင် မွေးရနံသင်းသင်လေးထွက်ပေါ်နေလေသည်။


ဆရာမမိတ်ဆက်ပေးထားသည့်အတိုင်းဆိုလျှင် ယခုသူမရောက်နေသည့်က လူသစ်များစစချင်းရောက်လာသည့်ရွာဖြစ်ပေမည်။


သူမတကယ်ကိုပင် သူမ၏ရှေ့၌ ဖြတ်သန်းသွားလာနေသော အရိပ်များဖြင့်စည်ကားနေသည်က်ုတွေ့လိုက်ရသည်။

တော်တော်များများက သူမလို မီးခိုးရောင်ဝတ်စုံနှင့်လူသစ်လေးများဖြစ်၏။

ခါးထက်တွင်လည်း သစ်သားဓားချိတ်ထားကြလေသည်။


တစ်ချို့လူများ၏ ခေါင်းထက်တွင် သူမကဲ့သို့နာမည်လေးများပေါ်နေပြီးတစ်ချို့ကဖျောက်ထားကြသည်။ ထူးဆန်းသည်က သူမတို့မူကြိုမှ ကလေးများတစ်ယောက်မှ မတွေ့ရခြင်းပင်...


ဂိမ်းထဲမှာ server တွေ အများကြီးရှိတယ်ဆိုတော့ သူတို့တွေ တစ်ခြားလူသစ်တွေရောက်တဲ့ ရွာကိုရောက်သွားတာပဲဖြစ်လိုက်မယ်။


တကယ့်ပြင်ပလောကနှင့် ထပ်တူညီနေသည့်နေရာကိုကြည့်၍ ဂိမ်းဂျိုးယောင်စစ်ပင် မည်ကဲ့သို့ဆက်လုပ်ရမည်မသိ ဖြစ်သွားလေသည်။


သူတွေဝေနေတုန်းမှာပင် သူ၏ဘေးနား၌ အဖြူရောင်အလင်းတန်းနှင့်အတူ အစိမ်းရောင့ဝတ်စုံ ဝတ်ထားသည့်လူငယ်လေးပေါ်လာလေသည်။


သူခေါင်းပေါ်ကနာမည်က လူတိုင်းကွဲပြားနေလေသည်။ သူ၌ ထူးထူးဆန်းဆန်းအနီရောင် သင်္ကေတနှင့်ရေးထိုးထား၏။

ထိုလူက ပြုံး၍နှုတ်ဆက်လာပြီးနောက် ထူးထူးဆန်းဆန်းစကားများကိုပြောလာလေသည်။


"အာကာသမျိုးနွယ်အုပ်ချုပ်ခြင်းလောက ကကြိုဆိုပါတယ်။ကျွန်တော်က သင့်ရဲ့လူသစ်လမ်းညွှန် နံပါတ် 233 ပါ ကျွန်တော်နှင့်အတူ အာကာသမျိုးနွယ်လောကကိုခံစားလိုက်ကြရအောင်..."


သူဘာတွေပြောနေတာလဲဟ...


ယောင်စစ်ကြောင်အသွား၏


သူမ သိတာဆို၍ သူပါးစပ်အဖွင့်အပိတ်ကိုသာသိလေသည်။ကြားထဲ၌ပြောသွားသောစကား တစ်လုံးမှနားမလည်လိုက်ပေ...


ဘယ်လိုဖြစ်လို့ထူးထူးဆန်းဆန်းနားမလည်ရတော့တာလဲ...စိတ်အခြေနေ မကောင်းသလိုခံစားလိုက်ရသည်။


သူမ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးစိတ်တည်ငြိမ်အောင်ကြိုးစားလိုက်သည်။


ပေါက်ကရတွေ လျှောက်မတွေးနဲ့ ဒီလူကစကားမပီလို့ ဘာသာပြန်စက်ကသေချာမပြန်ပေးနိုင်တာများလား...

မဟုတ်သေးဘူး ဒါက ပုံရိပ်ယောင်သက်သက်ပဲမှတ်လား...ဒီတော့ ဒီဂိမ်းထဲကိုငါကစိတ်အာရုံသက်သက်ပဲရောက်လာတာမှတ်လား...ငါရဲ့ ခန္ဓာကိုယ် ကပါမလာတဲ့တွက် ဘာသာပြန်စက်ကပါမလာတာများလား...ဒါကြောင့် ငါနားမလည်တာပေါ့...


ယောင်စစ်ပထမဆုံးတွေးလိုက်သည်က ဂိမ်းထဲကထွက်ရန်ဖြစ်သည်။သို့သော်သူမစိတ်ထဲဘယ်လိုရေရွတ်ပါစေ ထွက်မရပေ။


ဂိမ်းပိတ်ဖို့တွက် အော်ပြောရတာများလား...


"ထွက်မယ်...ပိတ်လိုက်စမ်း...ဂိမ်းအိုဗာ... .

ဘိုင့်ဘိုင့်... ဆာယိုနာရာ..."


ထွက်သည့်နှင့်အဓိပ္ပါယ်ဆင်တူသော စကားများကို သူမမှတ်မိသမျှဘာသာစကားပေါင်းစုံနှင့်ပြောလိုက်သည်။


သို့သော်ဘာမှမထူးခြားပေ...


မြက်ပင် ကလေးများယိမ်းနွဲ့ပြီးလေလေးတသုန်သုန်တိုက်နေသော နေရာ၌ပင် ကျောက်ချရပ်နေရတုန်းဖြစ်၏။


မဟုတ်သေးပါဘူး...

ငါအခု ဂိမ်းထဲမှာပိတ်မိသွားပြီးလား...

ငါလေး အဲလောက်တောင်ကံဆိုးဖို့လိုလို့လားဟယ်...


....


ထိုအချိန်၌ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်.


ယန်ရွှမ် လက်ထဲတွင် သွေးမျိုးဆက် စစ်ဆေးမှုအဖြေလွှာကို ကိုင်ထားပြီး မျက်လုံးများကို အပြူးနိုင်ဆုံး ပြူးသထက်ပြူးထားသည်။


သူ၏ လက်များကလည်း အိမ်မြှောင်ဥကိုင်ထားသလို တစ်ဆက်ဆက်တုန်ရီနေ၏။


"ဒါရိုက်တာ ကျွန်တော် မှားဖတ်မိတာများလား..."


"ဟင့်အင်း..."


ဒါရိုက်တာကလည်း တုံ့ဆိုင်းမှုမရှိပါပဲ ပြန်ဖြေလိုက်သည်။


"ပြန်ရောစစ်ပြီးပြီလား..."


"၆၃ ကြိမ်ပြန်စစ်ပြီးပြီ..."


"ဒါဆို...စက်ကမှားနေတာများလား..."


" စက်၆လုံး လဲ ပြီးသွားပြီ..."


"စင်တာ ၁၃ခုပြောင်းစစ်ထားတယ်..."


ယန်ရွှမ် ဒူးထောက်ကျသွားမလိုပင်ခံစားလိုက်ရသည်။သို့သော်သူဘေးနားမှ ဒါရိုက်တာက အချိန်မီဝင်ထိန်းပေးလိုက်၏။


"ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စကြီးပဲ..

ဒါကြောင့်မို့လည်း ကျွန်တော်ကိုယ်တိုင်အဖြေကိုလာပေးတာ..."


ထိုဒါရိုက်တာက ယန်ရွှမ်နှင့်ယှဉ်လျှင် ပို၍တည်ငြိမ်နေပုံပေါက်သော်လည်း... သူ၏လက်များက တစက်စက်တုန်ရီနေပေသည်။ 


ယန်ရွှမ်၏ မျက်နှာပေါ်၌ ခံစားချက်များကင်းမဲ့ကာ အူကြောင်ကြောင်ဖြစ်နေသည်။ရုတ်တရက် သူကိုယ့်သူ ဘယ်သူနှင့် သူဘယ်နေရာမှာရောက်နေသည်ကိုပင်စဉ်းစားမရတော့ပေ။


အဲဒါ တကယ်ပေါ့လေ...တကယ်ကြီး ပဉ္စမမျိုးဆက်ပေါ့လေ...


ဟိုတစ်လောလေးကမှ အာကာသစခန်းတစ်ခုမှ သွားခေါ်ထားသည့်ကလေးအသစ်လေးက ပဉ္စမမျိုးဆက်ပေါ့လေ...


ငါးဆယ်လည်းမဟုတ်ဘူး ငါးရာလည်းမဟုတ်ဘူး...တကယ်ကြီး...ငါး...


အဲဒါက ဒဏ္ဍာရီထဲမှာပဲရှိတေ့ာတဲ့... သွေးစုပ်ဖုတ်ကောင်တစ်မျိုးလုံးကိုးကွယ်ထားရမဲ့ဘိုးဘေးကြီပေါ့လေ ...


"ခင်ဗျား ပြောပုံအရဆို ခင်ဗျားသခင်မလေးနဲ့ အချိန်တော်တော်ကြာကုန်ဆုံးသွားပြီးပြီလေ...အဲတော့ ခင်ဗျားသိထားသင့်တယ်မဟုတ်ဘူးလား ...ဘာလို့ဒီလောက်အံအားသင့်နေရတာလည်း...သခင်မလေးက သူအသက်အကြောင်းကိုတစ်ခါမှ မပြောဘူးဘူးလား..."

"ပြောတာပေါ့... ပြောတာမှ အကြိမ်ထောင်သောင်းမကဘူး..."


"အဲဒါဆိုဘာလို့ ခင်ဗျားက ဘာမှမသိတဲ့ပုံပေါက်နေရတာလည်း..."


"ငါထင်တာက သူမအရင်က မှတ်ဉာဏ်တွေနဲ့ ရောထွေးနေတယ်လို့ထင်နေတာလေ... ဘယ်သူကအမှန်လို့ထင်မလဲဟ..."


ဒါရိုက်တာယု ထပ်မမေးတော့ပေ။

အေးလေ ခင်ဗျားဘာသာခင်ဗျားသေတွင်းထူးထားတော့လည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့...


သူအချိန်အနည်းငယ်လောက် စောင့်နေလိုက်သည်။ ဒီအခြေနေမည်မျှ လေးနက်ပြီးအရေးကြီးကြောင်းသိသောကြောင့် သူမနေနိုင်စွာဖြင့် ထပ်သတိပေးလိုက်သည်။


"ဝန်ကြီးယန် အခုအချိန်ကဒီလိုမျိုးစိတ်လွတ်နေမဲ့အချိန်မဟုတ်ဘူး..."


ဒါရိုက်တာယု၏စကားကိုကြားသည့်အခါမှ ယန်ရွှမ်သတိပြန်ဝင်လာပြီး တုန်တုန်ရီရီ ထရပ်ကာ ကွန်ပျူတာလက်ပတ်ကိုဖွင့်၍ အမိန့်များတရစပ်ပေးလိုက်သည်။ 


"ဝန်ကြီးယန် ပြောနေပါတယ်...သွေးစုပ်ဖုတ်ကောင်မြို့တော်ကို ငါးမိနစ်တွင်းပိတ်ချဖို့ဌာနတွေကိုအကြောင်းကြားလိုက်.. ဝင်ထွက်သွားလာခွင့်ကို အခုပဲပိတ်လိုက်....အနီရောင် ဂြိုလ်တစ်ခုလုံးကိုလည်း လုံခြုံရေးစနစ်ချလိုက် ..."


"စကြာဝဠာ အာကာသခရီးစဉ်တွေ အာလုံးကိုလည်းဖျက်သိမ်း...အခုချက်ချင်း နိုင်ငံခြား ရေးဝန်ကြီးဌာနကနေ မူကြိုကျောင်းထိကို ယာယီယာဉ်ကြောထိန်းသိမ်းရေးဆောင်ရွက်မယ် ...နိုင်ငံတော် သမ္မတရုံးအပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပထမမျိုးဆက်လေးဆယ်အတွင်းက သွေးစုပ်ဖုတ်ကောင်တွေအာလုံး ဝန်ကြီးဌာနမှာ ငါးမိနစ်တွင်းလာစုဖို့အကြောင်းကြားလိုက်..."


" ဟုတ်တယ်..."

 

" အကုန်လုံးလာခိုင်း..."


"ဘာ... ဂြိုလ်ပေါ်မှာ မရှိတဲ့သူတွေဟုတ်လား...သူတို့အားလုံးကိုချက်ချင်းပြန်လာခိုင်းလိုက်..."


"ဆက်သွယ်လို့မရဘူး ဟုတ်လား...ငါမင်းကို ဒီမှာ အချက်လက်တစ်ခုပို့ပေးလိုက်မယ်...သူတို့ရဲ့ ကွန်ပျူတာလက်ပတ်တွေ အားလုံးဆီ ပို့ပေးလိုက် ...သူတို့ချက်ချင်း ရောက်ရာအရပ်ကနေ အမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီးပြန်လာလိမ့်မယ်..."


"ပြောတာတွေအားလုံးကို မြန်မြန်လုပ်..."


" ခုချက်ချင်းလုပ်...ခုချက်ချင်း..."


ယန်ရွှမ်စကားစရပ်လိုက်ပြီးသည်နှင့် လိုအပ်သည့်အချက်လက်များကို ထိုသူဆီသို့ပို့လိုက်သည်။ ထို့နောက်စိတ်သက်သာရာရစွာသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ထို့နောက် သူ ဘေးနားမှ ကုတ်အင်္ကျီကိုယူလိုက်သည်။


" မြန်မြန်လုပ် ...ငါတို့တော်ဝင်မူကြိုကျောင်းကိုသွားရအောင်..."


"ဘာဖြစ်တယ်...သခင်မလေးကမူကြိုကျောင်းမှာ ဟုတ်လား..."


ဒါရိုက်တာယုမူးမေ့လဲတော့မလိုပင်ဖြစ်သွားသည်။


ယန်ရွှမ် စိတ်မသက်မသာဖြင့် ခေါင်းညိတ်ပြလိုက်သည်။သခင်မလေးကို သူကိုယ်တိုင်လိုက်ပို့ပေးလိုက်သည်အား ပြန်တွေးမိသွားပြီး သွေးပွက်ပွက် အန်တော့မလိုပင်ဖြစ်မိသွားသည်။


ဒါရိုက်တာယုစကားထပ်မဆိုတော့ပဲ သူ၏ရှေ့မှ လျှောက်ထွက်လာလိုက်သည်။

သို့သော်သူနောက်လှည့်ကြည့်လိုက်သည့်အခါ၌ ဝန်ကြီးယန်ထိုနေရာမှာရပ်နေသေးသည်ကိုတွေ့လိုက်ရသည်။


"ဝန်ကြီးယန်..."


ယန်ရွှမ်က သူဆီသို့တုန်တုန်ရီရီဖြင့် လက်တစ်ဖက်ကမ်းလာပြီး တုန်ခိုက်စွာပြောလာလေသည်။


" ငါကိုတွဲကူပါဦး ...ငါ... ငါ လမ်းမလျှောက်နိုင်တော့ဘူး..."


တကယ်ပင် သူထပ်မံရပ်တည်ဖို့အားမကျန်တော့ပေ။