အပိုင်း ၁၆
Viewers 16k

Chapter 16

ဘိုးဘေးလေး၏ဝါသနာ


ဒါက ဂိမ်းတစ်ခုဆိုမှတော့ ထွက်ဖို့နည်းလမ်းတစ်ခုခုရှိရမည်ဟုသာ ယောင်စစ်တွေးလိုက်သည်။ သူမနည်းလမ်းရှာမတွေ့သေးသော်လည်း ဒါကပြဿနာကြီးတစ်ရပ်တော့မဟုတ်ပေ...


အကယ်၍သူမ မထွက်န်ိုင်သေးဘူးဆိုတော့လဲ ကျောင်းဆင်းမယ့်အချိန်ထိ စောင့်လိုက်မယ်... ဒါဆိုဆရာမကသူမ၏အခြေအနေကိုတွေ့သွားပြီးနောက် အင်တာနက်နဲ့အဆက်သွယ်ကိုဖြတ်ပေးမှာပဲ...


ဒီလိုဆိုမှတော့ သူမကခြေလှမ်းတစ်ထောင်လောက် နောက်ဆုတ်ပြီးတော့ အေးအေးဆေးဆေးထိုင်စောင့်နေရုံပဲ မူကြို ဆရာမတွေက နိုင်ငံသားကောင်းရတနာလေးတွေကို ဂိမ်းဆော့ခိုင်းပြီးဖျက်စီးနေတယ်ဆိုပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်ကျောင်းဆင်းချိန်တော့ ရှိရမှာပဲ...တစ်သက်လုံးတော့ဂိမ်းမဆော့ခိုင်းလောက်ပါဘူးလေ...


အဲ့ဒီ့တော့.....ဘာမှစိုးရိမ်စရာမရှိဘူး...

လုပ်ဖို့လိုတာဆိုလို့စောင့်ဖို့ပဲ...


သို့သော်လည်းယောင်စစ် နောက်ဆုတ်လိုက်သည့်ခြေလှမ်းတစ်ထောင်က နည်းနေသေးသည်ဟုဆိုရပေမည်။


....


ထိုအချိန်မူကြိုခန်းထဲ၌ 


သွေးစုပ်ဖုတ်ကောင်အားလုံးက အချိန်ကိုလေးစားပြီး အရာရာအားလုံးကိုမြန်မြန်ဆန်ဆန် တိတိကျကျလုပ်ဆောင်တတ်သည်ဟုဆိုရပေမည် ။


ယန်ရွှမ်၏ ကြော်ငြာချက်ကိုရပြီး ဆယ်မိနစ်အတွင်းမှာပင် ပထမမျိုးဆက်လေးဆယ်အတွင်းရှိ သွေးစုပ်ဖုတ်ကောင်အားလုံး အနီရောင်ဂြိုလ်သို့ရောက်ရှိလာကြပေသည်။


အဝေးသို့ရောက်နေကြသူအားလုံးလည်းပြန်လာသည့်လမ်းပေါ်သို့ရောက်ရှိနေကြပြီ။


မူကြိုခန်းထဲတွင် လူအုပ်ကြီးက ကြောက်စရာကောင်းလှအောင် ပြည့်ကျပ်နေပေသည်။သူတို့၏မျက်နှာပေါ်၌ မယုံကြည်နိုင်မှု အံအားသင့်မှု စိတ်လှုပ်ရှားမှု စိတ်ဖိစီးမှု စသောအမူအရာမျာဖြင့် တည်ငြိမ်စွာထိုင်နေသောယောင်စစ်ကိုစိုက်ကြည့်နေကြသည်။


မြင်ကွင်းကထူးဆန်းလှသည်။


ဒါက တကယ်ကို ပဉ္စမမြောက်မျိုးဆက်ဘိုးဘေးကြီးလား...


နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ပဉ္စမ မျိုးဆက်သွေးစုပ်ဖုတ်ကောင်ကိုရှာတွေ့သည်မှာထူးဆန်းအံသြဖွယ်ရာဖြစ်ရပ်ကြီးသာဖြစ်သည်။


အခန်းထဲ၌ရှိနေသော သူများအားလုံးသူတို့ခြေမခိုင်တော့သလိုပင်ခံစားနေရသည်။

သူတို့အားလုံးက ယောင်စစ်ကိုထိတွေ့ချင်ကြ၏။


ဒါမှသာ အစစ်ဟုတ်မဟုတ်သိရမှာလေ...


တကယ်တမ်းတွင် သွေးစုပ်ဖုတ်ကောင်ဆိုသည်က သူတို့၏သွေးမျိုးဆက်ကိုအလေးထားကြသော မျိုးနွယ်တစ်ခုပင်ဖြစ်သည်။

တစ်ခြားမျိုးနွယ်များလို ခွန်အားကြောင့် ယဉ်ကျေးမှုကြောင့်...လေးစားကြခြင်းမဟုတ်ဘဲ သူတို့၏ အသွေးအသားထဲမှကို လေးစားကြခြင်းဖြစ်သည်။


ထို့အပြင် သွေးစုပ်ဖုတ်ကောင်တို့၏ သဘာဝအရသူတို့၏ သွေးမျိုးဆက်ကပို၍မြင့်မားလေလေ ထိုသူတို့၏ စွမ်းရည်ကပို၍သန်မာလေသည်။


သွေးစုပ်ဖုတ်ကောင် ဆိုသည်မှာလည်း ရှေးမျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်းလာသော မျိုးဆက်တစ်ခုဖြစ်သောကြောင့်ပထမမျိုးဆက်နှင့်ပို၍ နီးလေလေသွေးမျိုးဆက်ကပို၍သန့်စင်လေဖြစ်သည်။


ထို့ကြောင့်နောက်ပိုင်းမျိုးဆက် တွေကအစောပိုင်းမျိုးဆက်များကိုပို၍လေးစားကြခြင်းက အထူးဆန်းကိစ္စတစ်ရပ်တော့မဟုတ်ပေ။


ယန်ရွှမ်တစ်ယောက်အာကာသစခန်းတစ်ခုဆီမှ ယောင်စစ်၏သတင်းကိုရခဲ့စဉ်တုန်းက သူ ကြယ်အစုဝေးမှ အဝေးကြီးသို့ရောက်နေသည့်တိုင်အောင် ချက်ချင်းပင်ထိုနေရာသို့သွားခေါ်ပေးချင်သည့်စိတ်ပေါက်လာရသည့်အကြောင်းကို ယခုမှသာနားလည်သွားလေသည်။


ထိုအရာက သွေးစုပ်ဖုတ်ကောင်တစ်ယောက်၏ ဗီဇသာဖြစ်သည်။


သခင်မလေးက မည့်သည့်ဖိအားမှ မထုတ်လွှင့်နေရင်တောင်သူတို့၏ ဆန္ဒ အရောက် အလိုအလျှောက်သွားကြိုပေးမည်သာဖြစ်သည်။


ပဉ္စမ မျိုးဆက်တဲ့ဟ...


စကြာဝဠာ တစ်ခုလုံးမှာတစ်ယောက်တည်းပဲကျန်တော့တဲ့မျိုးဆက်...


ထိုအခါ၌ ယန်ရွှမ်သူရင်ထဲမှ မြင့်တတ်လာသောဂုဏ်ယူမှုကိုခံစားလိုက်ရသည်။ပဉ္စမမျိုးဆက်သခင်မလေးတစ်ယောက်ကိုအရင်ဆုံးတွေ့ခဲ့ရတယ်ဆိုတာ တစ်ခြားသူတွေသိသွားရင်မနာလိုလွန်းလို့သေသွားနိုင်တယ် ဒီလိုအခွင့်ရေးမျိုးဆိုတာက နောက်တစ်ခါမရနိုင်ဘူးလေ။


သူက သခင်မလေးကိုပထမဆုံးအကြည့်တစ်ချက်နဲ့တင်သတိမပြုမိခဲ့တာတော့ ချွင်းချက်ပေါ့လေ...


"ဝန်ကြီးယန် ကျွန်တော်တို့အခုဘာလုပ်ကြမလဲ..."


အနီရောင် ဂြိုလ်၏ကာကွယ်ရေးဗိုလ်ချုပ်ကြီးတစ်ယောက် စိတ်လှုပ်ရှားသောကြောင့် ဒူးများပင်မခိုင်တော့သလိုဖြစ်နေသည်။

သူ ယန်ရွှမ်ကိုတိုက်တွန်း၍ပြောလိုက်သည်။


"ကျွန်တော်တို့သခင်မလေးကိုနှိုးလိုက်သင့်လား..."


"ဘယ်လိုဖြစ်မှာလဲ မလုပ်နဲ့..."


ယန်ရွှမ် မပြောရသေးခင်မှာပင် တစ်ခြားတစ်ယောက်ကချက်ချင်းငြင်းဆိုလိုက်သည်။


"သခင်မလေးက ဂိမ်းကစားပြီးအပန်းဖြေနေတာလေ...ဒီလိုအကြီးအကဲတစ်ယောက်ကိုနောက်ယှက်လို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


"မင်းပြောတာလဲဟုတ်သားပဲ..."


နျဲ့ကျန်း အနည်းငယ်တွေဝေသွားသည်။


"ဒါပေမဲလည်း အကြာကြီးနေပြီးပြန်မထွက်လာရင်ဘယ်လိုလုပ်မလဲ...ငါတို့ဒီတိုင်းပဲစောင့်နေလို့တော့မဖြစ်ဘူးလေ..."


သူစကားကြောင့်တစ်ခန်းလုံးပွက်လောရိုက်သွားလေသည်။


"ဗိုလ်ချုပ်ကြီးနျဲ့ ခင်ဗျားကတော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ...ခဏလေးစောင့်လိုက်ရတာ ဘာဖြစ်မှာမို့လို့လည်း ဒါကတစ်ခြားသူလဲမဟုတ်ဘူး သခင်မလေးလေ

တစ်လောကလုံးမှာ တစ်ယောက်တည်းရ်ှတဲ့သခင်မလေး..."


"သခင်မလေးသာ ဆန္ဒ မရှိဘူးဆိုရင်ခင်ဗျားလို မျိုးဆက်လေးဆယ်ကလူမပြောနဲ့ ကျုပ်တို့ကိုမျိုးဆက်သုံးဆယ်က အရိုးဆွေးနေတဲ့အဘိုးကြီးတွေတောင်သူကိုတွေ့ခွင့်ရမှာမဟုတ်ဘူး..."


"သခင်မလေးကို ကိုယ်တိုင်တွေ့ခွင့်ရတာက ကျုပ်တွက် ဂုဏ်ယူရဆုံးကိစ္စပဲ...ကျုပ်တို့က ဘယ်လိုလုပ်ပြီးသခင်မလေးကိုနှောက်ယှက်ရမှာလဲ..."


"တကယ်လို့ ဒီနေရာနှစ်ပေါင်းတစ်ရာလောက်စောင့်ရမယ်ဆိုရင်တောင် ကျုပ်အဲလိုလုပ်ဖို့ ဆန္ဒ ရှိတယ်..."


"မင်းပြောတာမှန်တယ်...ဘယ်လောက်ပဲကြာကြာငါဆက်စောင့်နိုင်တယ်..."


"တူတူပဲ..."


"ငါရောပဲ..."


"ငါလည်းပဲ..."


" ငါလည်းပါတယ်..."


တစ်ယောက်ပြီးတစ်ယောက် ဝင်၍ပြောဆိုလာကြသည်။ယောင်စစ်ကိုကြည့်နေသော သူတို့၏မျက်ဝန်းများထဲ၌ လေးစားမှုများလျှံကြနေသည်။ယောင်စစ်ဆီကအကြည့်တွေမလွဲနိုင်ကြတော့ပေ။


သူတို့က အိုင်ဒေါ ကိုအရူးအမူးကိုးကွယ်နေသော ဖန်ဂဲလ်များ ဖန်ဘွိုင်းလ်များအလားပင်..


ငါတို့ရဲ့သခင်မလေးက တကယ်ကိုလှလိုက်တာ ငါသူခြေထောက်လေးပဲဖြစ်ဖြစ်ပြေးဖက်ချင်လိုက်တာနော်...


သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့ ဂုဏ်သရေရှိလူကြီးမင်းဟုတ်လား...အဲဒါကဘာကြီးလည်း...စားလို့ရလို့လား...သခင်းမလေးကိုထိတွေ့ရတာမှ ပိုကောင်းဦးမယ်...


....


ထိုအချိန်တွင် ဂိမ်းထဲ၌ ပိတ်မိနေသောယောင်စစ်ကအကူညီစောင့်နေသည်။သို့သော်လည်းသူမနှစ်နာရီကြာစောင့်ပြီးသည့်အထိ မည်သည့်အခြေနေမျှမထူးခြားလာပေ။


သူကိုဘေးကနေစကားမနားတမ်း မမောတမ်းပြောနေသော အနီရောင်နာမည်နှင့်ကောင်လေးတောင် လွန်ခဲ့သောနာရီဝက်ကလက်လျော့ပြီးထွက်သွားလေသည်။ သူက ယောင်စစ်နားမလည်သောစကားများတစ်စီတစ်တန်းကြီးပြောပြီး အဆောင်လက်ဖွဲ့လိုလိုအပြားလေးတစ်ခုခုပစ်ပေးကာ ပျောက်ကွယ်သွားသည်။


သူကိုကြည့်ရသည်မှာဒေါသထွက်နေပုံပေါ်နေလေသည်။အဲဒီအချိန်ကစပြီး ယောင်စစ် သူပခုံးများလေးလံနေသလိုခံစားရပြီး လမ်းလျှောက်ရသည်ကလည်းအဆင်မပြေတော့ပေ။သူမထိုကောင်လေးပေးခဲ့သောအပြားကို ကောက်ယူ၍ဖတ်လိုက်သည်။


ထင်ထားတဲ့အတိုင်းပဲ..

တစ်လုံးမှနားမလည်ဘူး...


ထိုအပြားပော်တွင်ရေးထားသည်မှာ...(System ၏ စစ်ဆေးချက်...

ဤ ကစားသမားက AIဖြစ်ကြောင်းအတည်ပြုလိုက်ပြီး နာမည်ပျက်စာရင်းသွင်းလိုက်ပါပြီ။ ပြစ်ဒဏ် Hp-Hp5...

မစ်ရှင်တွေ လုပ်ဆောင်ပြီး ဂုဏ်သတင်းကျော်ကြားအောင်မြင့်တင်ပြီး ဒီအခြေနေကနေပြန်လည်လွှတ်မြောက်နိုင်ပါတယ်။)


ယောင်စစ် စကြာဝဠာ သုံးစကားကို သင်ယူဖို့လက်လျော့ထားခဲ့သည်အားတွေးမိပြီးနောင်တရလာမိသည်။


ပုံမှန်ဆို ဒီအချိန်ကအတန်းပြီးသင့်ပြီလေ ဆရာမက သူထွက်မလာတာကိုသတိပြုမိရမှာပေါ့။


ဒါမှမဟုတ် ဒီကမ္ဘာရဲ့ မူကြိုကလေးတွေရဲ့စာသင်ချိန်ကနှစ်နဲ့ချီပြီးများကြာတတ်တာလား။ယောင်စစ် သူပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးနောက် ဖြစ်နိုင်ချေတစ်ခုကိုသတိရသွားသည်။ဂိမ်းထဲအချိန်နဲ့အပြင်ကအချိန်ရောမတူရင်ဘယ်လိုလုပ်မလဲ။

ယောင်စစ်၏နှလုံးသားလေးက တွင်းနက်ကြီးထဲပြုတ်ကျသွားသလိုခံစားလိုက်ရသည်။


၂၁ရာစုတွင်ဖတ်ခဲ့သော ဂိမ်းစာအုပ်များကိုအခြေခံ၍ပြောရလျှင် ၄င်းကဖြစ်နိုင်ချေအလွန်မြင့်မားပေသည်။


အဲလိုပဲဖြစ်ရမယ် ...


ကြည့်ရတာတော့သူမဂိမ်းထဲမှာ ဆက်နေရဦးမယ့်ပုံပဲ..


ယောင်စစ် အကြောင်းပြချက်ကိုတွေးမိသွားပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

သူမအချိန်ပြည့်ထိုင်နေ၍ မဖြစ်ပေ။ဘာမှလဲ လုပ်စရာမရှိလေရာ အနားပတ်ဝန်းကျင်၌ ခဏလောက် လျှောက်ကစားလိုက်တော့မည်ဖြစ်သည်။


ယခုလက်ရှိရောက်နေသည့်ဂိမ်း၏အကြောင်းကိုမသိသော်လည်း နှစ်ပေါင်းများစွာဂိမ်းကစားခဲ့သော အတွေ့ကြုံများအရ လူသစ်လေးများတွက် မစ်ရှင်တွေက မခက်ခဲပေ။သူမတွေဝေငေးမောနေသည်မှာ အချိန်များစွာကြာမြင့်သွားခဲ့ပုံရပေသည်။လူသစ်လေးများ၏ရွာ၌ လူတွေအများကြီးမရှိတော့ဘဲ တစ်ယောက်စနှစ်ယောက်စသာမြင်ရတော့သည်။


ဘာသာစကားအတားအစည်းကြောင့် မည်သူနဲ့မျှ စကားမပြောနိုင်ပဲ ဘာလုပ်ရမည်မသိဖြစ်နေလေသည်။


အခုအချိန်မှာ တစ်ခုတည်းသောလုပ်နိုင်သောအရာဆိုလို့ ရွာထဲမှာတည့်တည့်လျှောက်ပတ်နေခြင်းသာဖြစ်ပေသည်။သို့သော်လည်းယခုအထိ သူမစ်ရှင်တစ်ခုမျှ လက်မခံရသေးပေ။


အဲဒီအချိန်မှာပင် ခေါင်းပေါ်၌ အစိမ်းရောင်နာမည်နှင့်လူတစ်ယောက်က ယုန်တစ်ကောင်နှင့်ရောက်လာပြီးအသားဆိုင်ပိုင်ရှင်ကိုယုန်အားပေးလိုက်သည်ကိုမြင်လိုက်ရသည်။


ဆိုင်ပိုင်ရှင်အသားသတ်သမားကလည်းအပြန်အလှည်အနေဖြင့် အဆောင်ပြားလေးနှစ်ခုပြန်ပေးလိုက်သည်။


ယောင်စစ်၏ မျက်ဝန်းများ ဘလင်းဘလင်းဖြစ်သွားသည်။ယုန်တွေကိုသတ်တာက ဒီလူသစ်တွေရဲ့မစ်ရှင်ပဲဖြစ်ရမယ်...

အခုသိပြီကွ..


သူဆိုင်ရှေ့သို့ မြန်မြန်လျှောက်သွားလိုက်ပြီး မည့်သည့်မစ်ရှင်မဆိုလက်ခံရန်ပြင်ဆင်လိုက်သည်။


"ဝယ်သူ  ....မင်းကိုကြည့်ရတာမရင်းနှီးဘူး...ဆန်းကျယ်ယုန်ကြီးမျိုးနွယ်ရွာကိုအခုမှ ရောက်ဖူးတာနဲ့တူတယ်...ဘာများ ဝယ်ချင်ပါသလဲ..."


NPCကစိတ်အားထက်သန်စွာဖြင့်နှုတ်ဆက်လိုက်သည်။(NPC-ကစားသမားမဟုတ်တဲ့ ဂိမ်းပရိုဂရမ်ထဲကလူ)


ဘာမှနားမလည်သည့်ယောင်စစ်က ဘလာဘလာ စကားအရှည်ကြီးကိုနားထောင်နေရလေသည်။


ဟုတ်ပြီ ဒါသူမစ်ရှင်အကြောင်းရှင်းပြနေတာပဲဖြစ်ရမယ်။


သူမဘာမှ ပြန်မပြောသည်ကို ကြည့်ပြီးနောက် ဆိုင်ရှင် NPC အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။သို့သော်လည်း ကျွမ်းကျင်တဲ့ NPC တစ်ယောက်အနေဖြင့်ဟန်မပြတ်ဆက်လက်၍ရှင်းပြလိုက်လေသည်။


"ဘယ်လိုအသားမျိုးကို လိုချင်ပါသလဲ..

ဒီဆိုင်မှာရှိတဲ့အသားတွေအားလုံးက လတ်ဆက်ပါတယ်...မိန်းကလေး အမဲသား ဒါမှမဟုတ် သိုးသား ဒါမှမဟုတ် ဝက်သားဝယ်ချင်ပါသလား..."


ယောင်စစ် တိတ်ဆိတ်စွာဖြင့်ပင်နားလည်သလိုဟန်ဆောင်နေလိုက်သည်။


"ဒါမှမဟုတ်ရင်လည်း ဒီဆိုင်မှာ အခုမှအသစ်ရောက်လာတဲ့ ယုန်သား လတ်လတ်ဆတ်ဆတ်လေးတွေလည်းရှိပါတယ်..."


မစ်ရှင်ရှင်းပြနေတာ မပြီးသေးဘူးလားဟ...


"ဝယ်သူ..ဝယ်သူ...ဘာမှမဝယ်တော့ဘူးလား...စိတ်တိုင်းကျရွေးချယ်လို့ရပါတယ်

ကျွန်တော်ချင်က ဒီနေရာမှာ အလုပ်လုပ်လာတာ ဆယ်နှစ်ကြာပါပြီ...အရည်အသွေးနဲ့ပတ်သက်လို့အာမခံပေးနိုင်ပါတယ်...

ဒီအသားတွေမှာဘယ်လိုအပြစ်အနာအဆာမှ မရှိပါဘူး..."


တော်တော်ရှည်လျားထွေပြားတဲ့မစ်ရှင်မိတ်ဆက်ပဲ...


"ဒီမှာကြည့်ပါဦး လွန်ခဲ့တဲ့နှစ်က ကျွန်တော် ဒီရွာထဲမှာစံပြလုပ်သားအဖြစ်ချီးမြင့်ခြင်းခံခဲ့ရတယ်...အခုထက်ထိ ဒီလက်မှတ်ရှိနေတုန်းပဲ..."


ဆိုင်ရှင်က ပြောပြောဆိုဆိုဖြင့် သစ်သားပြားလေးတစ်ခုကိုဂုဏ်ယူစွာဖြင့်ထုတ်လိုက်ပြီးကမ်းပေးလာလေသည်။


ထိုသစ်သားပြားလေးကိုရလိုက်သည်နှင့်ယောင်စစ် စိတ်သက်သာရာရစွာဖြင့်သက်ပြင်းရှည်ကြီးတစ်ချက်မှုတ်ထုတ်လိုက်သည်။


နောက်ဆုံးတော့မစ်ရှင်ကိုလက်ခံရသွားပြီပဲ...

 သူမ ချာကနဲလှည့်ကာ ရွာပြင်သို့ပြေးထွက်သွားလိုက်သည်။


ဟုတ်ပြီကွ...

ငါနောက်ဆုံးတော့ ငါယုန်တွေရှာပြီးသတ်ရတော့မယ်...ဒီNPCကတအား စကားများတာပဲ...


သူ၏ ဂုဏ်ပြုလတ်မှတ်ကို လုယူခံလိုက်ရသောကြောင့်ဆိုင်ပိုင်ရှင်ကြောင်အပြီးကျန်ခဲ့လေသည်။


ဘာတွေဖြစ်သွားတာလဲ...ငါကဘယ်သူလဲ...ငါဘယ်နေရာကိုရောက်နေတာလဲ...


"ဝယ်သူ....ဝယ်သူ ...ပြန်လာခဲ့...အဲဒါကရောင်းဖို့မဟုတ်ဘူး...ဝယ်သူရေ..."