Chapter 17
မင်းအလိုရှိတဲ့ယုန်...
ရွာအပြင်ဘက်၌ အလွန်ပင်ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးရှိသည်။၎င်းက လူသစ်လေးများအတွက် ပိုမို လွယ်ကူစေရန် ရည်ရွယ်ခြင်းလည်းဖြစ်နိုင်သည်။
သစ်ပင်များက အလွန်မြင့်မားခြင်းမရှိပဲ ၎င်းတို့ကြားထဲမှ လူသွားလမ်းများကိုပင် မြင်နိုင်သေးသည်။ရံဖန်ရံခါတွင် မြက်ခင်းပြင်ပေါ်၌ ပြေးလွှားနေသော သတ္တဝါငယ်လေးများကို တွေ့နိုင်သည်။မကြာမီ မြက်ခင်းပြင်များထဲမှ ခုန်ဆွခုန်ဆွ သတ္တဝါတစ်ကောင်ထွက်ပေါ်လာလေသည်။
မျက်လုံးများ အင်မတန် စူးရှပြီး အင်မတန် လက်မြန်တဲ့ ယောင်စစ်တစ်ယောက် ယုန်လေးကို ချက်ချင်းပင်ဖမ်းလိုက်ပြီး နောက်တစ်ကောင်ဆက်ရှာလိုက်သည်။
ရွာထဲက ထွက်လာတာ ဆယ်မိနစ်မပြည့်ခင်မှာပင် သူ ယုန်နှစ်ကောင်ဖမ်းမိသွားလေပြီ။ထို့ကြောင့် ယုန်နှစ်ကောင်ကိုဆွဲ၍ ရွာထဲမှ အသားဆိုင်ဆီသို့ ပြန်သွားလိုက်သည်။
သူယုန်နှစ်ကောင်ကို စဉ်းနှီးတုံးပေါ်တင်ပေးလိုက်သည်။သားသတ်သမား ဆိုင်ပိုင်ရှင်က ထိုယုန်နှစ်ကောင်ကို ငေးကြည့်နေပြီးနောက် အူကြောင်ကြောင်ဖြင့် ယောင်စစ်ကို ပြန်ကြည့်လာသည်။
"ဝယ်သူ ဒါဘာလုပ်တာလဲ..."
သူကငါ့ကို ဘာလို့ ယုန်တွေလာပေးနေတာလဲ ...
ယောင်စစ်က တိတ်ဆိတ်နေတုန်းပင်ဖြစ်သည်။သူမက မစ်ရှင်အရ ယုန်နှစ်ကောင်ပေးလိုက်ပြီဆိုသည့်အတွက်ကြောင့် မည်သည့် ဆုလာဘ်ရမည်ကို သိချင်နေမိသည်။
ချင် ခဏမျှ ကြောင်အနေပြီးမှ တစ်ဖက်လူ၏ ခေါင်းပေါ်မှ နာမည်ကို လှမ်းကြည့်လိုက်ပြီးတော့ အသိဝင်သွားသည်။
"အော်ဝယ်သူက ကြင်နာခြင်းအဆိပ်မိနေလို့ ကျော်ကြားလေးစားမှု ရအောင် လုပ်ဖို့ လိုအပ်နေတာကို...ဒါဆိုလည်း ကျွန်တော် ဒီယုန်တွေကို ယူလိုက်ပါမယ် ကျေးဇူးတင်ပါတယ်..."
ထက်မြက်သော NPC တစ်ယောက်အနေဖြင့် တစ်ဖက်သို့ ဘာလုပ်ချင်နေသည်ကို နားလည်သွားပေသည်။ထို့နောက် သူ စဉ်းနှီးတုံးပေါ်မှ ယုန်နှစ်ကောင်ကိုယူ၍ စားပွဲအောက်ထဲ ထည့်လိုက်သည်။ဆုလာဘ်ဆောင်ကို စောင့်နေသော ယောင်စစ်တစ်ယောက် စွံ့အသွားလေသည်။
"ဟမ်....မစ်ရှင်ပြီးတဲ့အတွက် ဘာမှမရဘူးလား...ငါပေးတဲ့ ယုန်က မလုံလောက်သေးလို့လား...ဒါပေမယ့် ခုဏက လူကလည်း ယုန်နှစ်ကောင်ပဲ ပေးတာလေ..."
ယောင်စစ် ဇဝေဇဝါဖြင့် အရင်က ဆော့ခဲ့ဖူးသာ ဂိမ်းများအကြောင်းကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။
ဒီမစ်ရှင်က ထပ်ခါထပ်ခါ လုပ်ရတာမျိုးများလား တစ်ကြိမ်နှင့် တစ်ကြိမ် အရေအတွက်က မတူတာလား...ဟုတ်ပြီ အဲ့ဒီလိုပဲ ဖြစ်ရမယ်...
အဓိက သော့ချက်ကို ဖမ်းဆုပ်မိသွားပြီးနောက် ရွာအပြင်သို့ ပြန်ထွက်၍ ယုန်များကို အမဲလိုက်ရန် ဆုံးဖြတ်လိုက်သည်။ဆိုင်ပိုင်ရှင်ချင်က တစ်စုံတစ်ရာကို သတိရသွားပြီးနောက် သူမကို လှမ်းပြောလာလေသည်။
"ဝယ်သူရေ ခဏလေးနေပါဦး...အစောပိုင်းက ယူသွားတဲ့ ဂုဏ်ပြု လက်မှတ်ပြားလေးကို ပြန်ပေးခဲ့နိုင်မလား..."
ကံမကောင်းစွာပင် ယောင်စစ်က သူ့ကို အနည်းငယ်မျှပင် ဂရုစိုက်မနေတော့ပဲ ရွာအပြင်သို့ လျှောက်ထွက်သွားလေပြီ။သူက တစ်နာရီအတွင်း ယုန်ကြီး ငါးကောင်ကို ဖမ်းပြီးနောက် ဆိုင်သို့ ပြန်လာခဲ့သည်။
သူမက NPC ၏ ရှေ့မှ စားပွဲပေါ်သို့ ယုန်များနှင့်အတူ သစ်သားပြားလေးကိုပါ တင်လိုက်သည်။
ဒီလောက်ဆိုရင်တော့ လုံလောက်သင့် ပြီ...
"ငါ့ရဲ့ ဂုဏ်ပြုလက်မှတ်လေး..."
ဆိုင်ရှင်ချင် ထခုန်မိမတက်ပင်ဖြစ်သွားပြီး သစ်သားပြားလေးကို ကောက်ယူပွေ့ဖတ်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
"မိန်းကလေးရေ မင်းကတော့ ငါကို သေအောင်ခြောက်လန့်လိုက်တာပဲ ဒီဂုဏ်ပြုလက်မှတ်လေးက်ို ငါ့ရဲ့ မျိုးဆက်တွေကို လက်ဆင့် ကမ်းပေးဖို့ သိမ်းထားတာ...ကြင်နာခြင်း အဆိပ်မိနေတာက အရမ်းမပြင်းထန်ပါဘူး ဒါကို လွယ်လွယ်ကူကူဖြေရှင်းလို့ရပါတယ်...ဘာလ်ို့များ ငါ့ကို လန့်အောင်လုပ်ရတာလဲ..."
ယုန်များကို သိမ်းလိုက်ပြီးနောက် လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ ယောင်စစ်ဆီ လှမ်းပေးလိုက်သည်။
"ပင်ပန်းနေတယ်မဟုတ်လား ရော့ရော့ ဒီမှာ ရေငတ်ပြေသွားအောင် ဒီလက်ဖက်ရည်လေးသောက်လ်ိုက်..."
ထင်ထားသည့်အတိုင်းပင် လူသစ်လေးများအတွက် မစ်ရှင်ဆုက အရမ်းကို စျေးပေါလွန်းလှသည်။သို့သော်လည်း ကိစ္စမရှိပေ။ဆရာမ ဂိမ်းထဲက ထွက်ဖို့ လာမခေါ်ခင်အထ်ိ သူအနည်းငယ်လောက်ရှာဖွေပြီး သတ်လို့ရနိုင်ပေသည်။
သူမလက်ဖက်ရည်ကို သောက်ပြီးသည်နှင့် ယုန်များကို ထပ်ဖမ်းရန် လှည့်ထွက်သွားလိုက်သည်။သူမစိတ်ထင်ခြင်းလား မထင်ခြင်းလား မသိပေမယ့် ထိုလက်ဖက်ရည်ကို သောက်ပြီးနောက် ခန္ဓာကိုယ်က ပို၍ ပေါ့ပါးလာသလို ခံစားလိုက်ရသည်။
အနီရောင်နာမည်နှင့် ကောင်လေး ထွက်သွားပြီးသည့်နောက် ဖြစ်ပေါ်လာသော လေးလံမှုများက တမဟုတ်ချင်း ကွယ်ပျောက်သွားလေပြီ။
"အဲ့ဒီတော့ စောနက လက်ဖက်ရည်က အဲ့ဒီကောင်လေး ချသွားတဲ့ အဆိပ်ကို ဖြေပေးတဲ့ ဆေးပေါ့ ...မိုက်လှချည်လား အနာဂတ်ကမ္ဘာရဲ့ ဂိမ်းလို့ မပြောရဘူး NPC တစ်ယောက်ကတောင်မှ ကစားသမားရဲ့ လိုအပ်ချက်နဲ့လိုက်ပြီးတော့ ဆုပေးနိုင်တယ်..."
ထို့နောက် ယောင်စစ် တက်တက်ကြွကြွဖြင့် ယုန်များကို စတင်ရှာဖွေတော့သည်။ နှစ်နာရီမျှ ရှာပြီးနောက် ယုန်၁၀ကောင်နှင့်အတူ ပြန်ရောက်လာလေသည်။
ဆိုင်ရှင်ချင် ငေးကြည့်နေရုံသာ တက်နိုင်တော့သည်။သူ စားပွဲပေါ်မှ ရုန်းကန်နေသော ယုန်များကိုကြည့်၍ င်ိုချင်စိတ်ပင် ပေါက်လာမိသည်။
ဒီကောင်မလေးက ဘာလို့ ပြန်လာရတာလဲ ...
"မိန်းကလေးရေ မင်းရဲ့ ကြင်နာခြင်း အဆိပ်က ပြေသွားပြီ မဟုတ်လားဟင်...ဒီယုန်တွေကို ဘာလုပ်ဖို့ထပ်ယူလာရတာတုန်း..."
တော်တော်စကားများတဲ့ NPC ပဲဟ...
"ကျွန်တော်တို့ဆိုင်မှာ ယုန်တွေများနေပြီလေ ဒါမှမဟုတ်ရင် ဒီလိုလုပ်ပါလား..."
ဆုပေးဖို့ အရေးကို စကားတွေ ပြောနေတာ မပြီးနိုင်တော့ဘူးလားဟေ့...
"တခြားဆိုင်တွေမှာ သွားရောင်းကြည့်လိုက်ပါလား..."
မြန်မြန်လေးလုပ်ပါ ဘာဆုပေးမှာလဲ...
ဆိုင်ရှင်ချင် ဘာစကားမှ ထပ်မပြောနိုင်တော့ပေ။ပိုဆိုးသည့်အချက်က သူယောင်စစ်ကို လုံးဝ ငြင်းလွှတ်၍ မရခြင်းပေ။အာကာသမျိုးနွယ် ထိန်းချုပ်ခြင်းဂိမ်းက လတ်တလော စကြာဝဠာ ကွန်ရက်တွင် အလွန်နာမည်ကြီးနေသည့် ဂိမ်းဖြစ်သောကြောင့် ဂိမ်းပို၍ အသက်ဝင်စေရန် NPC များ၏ဉာဏ်ရည်ကို တိုးမြင့်ပေးထားသောကြောင့် သူတို့၌ ကိုယ်ပိုင် အသိဉာဏ်ပင်ရှိကြသည်။ထို့ကြောင့် ဂိမ်းထဲတွင် လူသစ်များအတွက် ရွာမှ လွဲ၍ တခြားနေရာများတွင် NPC နှင့် ကစားသမားကိုပင် ခွဲ၍ မရနိုင်လောက်အောင် ဖြစ်တတ်သည်။
သို့သော်လည်း NPC များမည်မျှပင် ဉာဏ်ကောင်းပါစေ ဂိမ်း၏ တည်ငြိမ်မှုအတွက် မဖြစ်မနေလိုက်နာရသော စည်းမျဉ်းများ ချမှတ်ထားပေသည်။ဥပမာဆိုရလျှင် ဆိုင်ရှင်ချင်က သူ အသားရောင်းရတော့သည်ကို မကြိုက်တော့ပါက အသီးအရွက်များ ပြောင်းရောင်းနိုင်သည်။သို့သော်လည်း ကစားသူများကဲ့သို့ စွမ်းအင်ကျင့်ကြံခြင်းတော့ လုပ်၍ မရပေ။
နောက်တစ်မျိုးက NPC များသာမက ကစားသူများပါ လိုက်နာရသည့် စည်းမျဉ်းဖြစ်သည်။ထိုစည်းမျဉ်းကို ဂိမ်း၏ ဟန်ချက်ညီမှုအတွက် ချမှတ်ထားပြီး ဂိမ်းထဲတွင် အဖျက်အမှောက်ကောင်များပေါ်လာမည်အား ကြိုတင်ကာကွယ်ပေးထားလေသည်။
အစောပိုင်းက ယောင်စစ်သည်လည်း ဂိမ်း၏ စည်းမျဉ်းချက်အတိုင်းစက်ရုပ်ဟုတ်မဟုတ် အစစ်ခံခဲ့ရလေသည်။
အာကာသ မျိုးနွယ်ထိန်းချုပ်ခြင်း ဂိမ်းထဲ၌ လူတစ်ယောက်ကိုတစ်ကောင့်သာ ဆော့ကစားခွင့်ရသော စည်းမျဉ်းရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တစ်ချို့လူများက Level နိမ့်များကနေ စတင် မဆော့ချင်ကြပဲ Level မြင့်များကို ဆော့ချင်လာကြသည်။ထို့ကြောင့် တခြားသူများကို ပိုက်ဆံပေးပြီး သူတို့၏ အကောင့်များကို Level တင်ခိုင်းကြသည်။
ထိုသူများကလည်းသူတို့၏ အကောင့်ထဲသို့ ပရိုဂရမ်တစ်ခု ထည့်သွင်းလိုက်ကြသည်။
ထ်ိုပရိုဂရမ် စက်ရုပ်က ကစားသမားအဖြစ် ရုပ်ဖျက်ပြီးlevelများက်ိုအမြန်ဆုံး မြင့်တင်ပေးနိုင်သည်။ထိုကဲ့သို့ ပရိုဂရမ် ထည့်ထားသောစက်ရုပ်ကစားသူတွေ အသုံးပြုသည့် နည်းလမ်းက တစ်နေရာထဲမှာ နေ၍ မစ်ရှင်တစ်ခုကို ထပ်ခါထပ်ခါ ပြုလုပ်ကြခြင်းပဲဖြစ်သည်။
ထိုသို့ဆိုလျှင် အတွေ့အကြုံများ ရလာပြီး Level အမြန်တက်နိုင်ကြသည်။သို့သော်လည်း ၎င်းက ဂိမ်းကို တစ်နည်းတစ်ဖုံ ထိခိုက်စေ၏။ဂိမ်း၏ level အမြင့်ပိုင်း၌ မဆော့တက်ပဲ ရောက်လာသူများ ပိုမိုများပြားလာသည်။ထ်ို့ကြောင့် ဂိမ်းတီထွင်သူများက စက်ရုပ်ဆော့ကစားသူများကို ကာကွယ်ရန်အတွက် နည်းလမ်းတစ်ခု ချမှတ်ခိုင်းခဲ့သည်။
NPC တိုင်းကို စက်ရုပ် ခွဲခြားသည့် စနစ်တစ်ခု ထည့်ပေးလိုက်ပြီးနောက် ကစားသူ၏ စိတ်အခြေအနေကို ဖတ်ခြင်း ကစားသူ၏ အပြုအမူများကို စောင့်ကြည့်ခြင်းတို့ဖြင့် စက်ရုပ်ဟုတ်မဟုတ်ခွဲခြားလာနိုင်ကြသည်။
ကြင်နာခြင်းအဆိပ်ဆိုသည်က ထိုကဲ့သို့ ဘယ်နေရာမှ မသွားပဲ တစ်နေရာထဲတွင် ရပ်နေကြသောကစားသူများအတွက် အသက်သာဆုံး အပြစ်ဒဏ်ပင် ဖြစ်သည်။
ထ်ိုအပြစ်ဒဏ်ကို စိတ်ဖတ်ခြင်း အောင်မြင်သွားပေမယ့်လည်း သံသယဖြစ်စရာအပြုအမူမျိုး လုပ်နေသော ကစားသူများကို ပေးလေ့ရှိသည်။ဥပမာအားဖြင့် ဂိမ်းထဲ ဝင်ဝင်ခြင်းတစ်နေရာထဲမှာ နာရီပေါင်းများစွာထိုင်နေသော ယောင်စစ်လို လူမျိုးဖြစ်သည် ။
သို့သော်လည်း ထိုကြင်နာခြင်းအဆိပ်မိနေသောကစားသမားများအတွက် NPC များအပေါ် ချမှတ်ထားသော စည်းကမ်းများလည်းရှိလေသည်။ထိုကစားသမားများပေးလာသည့် လက်ဆောင်များကို ငြင်း၍မရပဲ သင့်တော်သည့် ဆုလာဘ်ဆောင်များကိုပြန်ပေးရပေမည်။သို့မှသာ ကစားသမားများက ပြစ်ဒဏ်မှ လွတ်မြောက်နိုင်ပြီး ဂိမ်းကို ဆော့ချင်စိတ် ရှိလာမည်ဖြစ်သည်။သို့မဟုတ်ပါက ဂိမ်းထဲမှ ထွက်သွားချင်နေပေလိမ့်မည်။
ကစားသူတွေ အတွက်လည်းသူတို့ ခံစားနေရသော ပြစ်ဒဏ်များကို ကောင်းသည့်အရာ နည်းနည်းလုပ်လိုက်သည်နှင့်ပပျောက်သွားအောင် စီစဉ်ပေးထားသည်။
ကစားသူအများစု လုပ်လေ့ရှိကြသည်က သူတို့၏ ပြစ်ဒဏ်ပပျောက်သွားအောင် NPC ကို လက်ဆောင်တစ်ခုခု သွားပေးလိုက်ခြင်းသာဖြစ်သည်။သို့သော်လည်းအပြစ်ဒဏ်လျော့သွားသည်ဆိုသည်နှင့် မည်သူမှ ထပ်မံ၍ လက်ဆောင် မပေးကြတော့ပေ။ဥပမာတစ်ဖက်က လုံးဝ မလိုချင်ကြောင်း ပြနေသည့်အခြေအနေတွင်....
ပြောရမည်ဆိုလျှင် NPC တစ်ယောက်ကို ကလန်ကဆန် လုပ်ပြီးသူမကြိုက်တာဇွတ်လုပ်နေ၍လည်း ဘာအကျိုးကျေးဇူးမှ မရှိပေ။ထို့ကြောင့် အာကာသမျိုးနွယ်အုပ်ချုပ်ခြင်း ဂိမ်းက ဘာပြဿနာမှ မရှိပဲ ပုံမှန်အတိုင်းလည်ပတ်နေခဲ့လေသည်။
သို့သော်လည်း ၎င်းက မည်သည့်စကားမှ နားမလည်သည့် ယောင်စစ် ရောက်မလာခင်အထိသာ ဖြစ်လေသည်။
ဆိုင်ပိုင်ရှင်ချင် တစ်ယောက် သူငြင်းပယ်ပြီးသည့် အချိန်ထိတိုင်အောင် ဆိုင်ရှေ့တွင် ရပ်နေသော ယောင်စစ်ကို ကြည့်၍ ခေါင်းကိုက်လာလေသည်။
နောက်ဆုံးတော့ ဘာမှမတက်နိုင်တော့ပဲ စိတ်ပျက်လက်ပျက်ဖြင့် စားပွဲပေါ်ရှိ ယုန်၁၀ကောင်ကို ယူထားလိုက်ရသည်။ဆ်ိုင်ရှင်တစ်ယောက်အနေဖြင့် သူ ကစားသူတစ်ယောက်လာပေးသည့် လက်ဆောင်ကိုလည်း အတင်းအကျပ်ငြင်းပိုင်ခွင့်မရှိပေ။
ပြီးနောက် သူ နောက်ဖက်ရှိ သေတ္တာတစ်လုံးထဲမှ မွှေနှောက်ရှာဖွေလိုက်ပြီးသံချေးတက်နေသောဓားတစ်ချောင်းကို ပြန်ပေးလိုက်သည်။
လက်ဆောင်ယူပြီးပြီဆိုတော့ သူကလည်း လက်ဆောင် ပြန်ပေးရမယ်လေ...
ငါလေးထင်ထားတဲ့အတိုင်းပဲ ...မစ်ရှင်အတွက် ဆုတွေက တစ်ခါနဲ့တစ်ခါ မတူဘူးပဲ ...ဒီ NPCတွေက တော်တော်လေး တွေးတောတတ်တယ်လို့ ပြောရမယ်...
ဘာမှ နားမလည်သည့် ယောင်စစ်တစ်ယောက်ကဆိုင်ရှင်ချင်ပေးသော ဓားကို ပျော်ပျော်ကြီးယူလိုက်ပြီး နောက်ထပ်ယုန်များ ထပ်ဖမ်းရန်ထွက်သွားလေသည်။
သူ ယုန်ဖမ်းတာ လက်လွန်သွားခြင်းကြောင့် ဖြစ်နိုင်ပေသည်။ရွာ၏ အနီးတောထဲ၌ မည်သည့် ယုန်တစ်ကောင်မှ မတွေ့ရတော့ပေ။ထို့ကြောင့် ဘာမှမတက်နိုင်တော့ပဲ တောနက်နက်ထဲသာ ဝင်လာခဲ့ရလေသည်။သို့သော်လည်း ဓားရှည်တစ်ချောင်းထွက်ပေါ်လာပြီဖြစ်သောကြောင့် ယုန်ဖမ်းရခြင်းက ပို၍ လွယ်ကူနေပေလိမ့်မည်။
ယုန်တစ်ကောင်ဖမ်းရန်အတွက် ဓားတစ်ချောင်းသာလွှဲရန် လိုအပ်ပြီး ခဏအတွင်းမှာပင် ယုန်၁၀ကောင် ဖမ်းမိသွားလေပြီ။သူ ယုန်များကို စု၍ ကြိုးဖြင့် ချည်လိုက်ပြီးနောက် ယုန်များကို ထည့်ရန် အိတ်တစ်အိတ်ရှိလျှင် ကောင်းမည်ဟု စဉ်းစားလိုက်ပြီး လှမ်းယူလိုက်သည်။ထိုခဏမှာပင် သူ့၏ရှေ့မှ ယုန်အထွေးလိုက်ကြီးက ဖျက်ခနဲပျောက်ကွယ်သွားလေသည်။
"လခွမ်း ဘာဖြစ်သွားတာလဲဟ...ယုန်တွေ ဘယ်ရောက်သွားတာလဲ ...ငါ မနည်းဖမ်းထားရတာ ဒီလိုမျိုးပျောက်သွားတော့ ဘယ်မှာသွားရှာရတော့မှာလဲ..."
သူတွေးနေတုန်းမှာပဲ အလင်းတန်းတစ်ခု ထပ်မံပေါ်လာပြီး သူ့၏ ခြေထောက်အောက်၌ မပျောက်သွားခင်ကနှင့် တစ်ပုံစံတည်းတူသော ယုန်အထွေးလိုက်ကြီးပြန်ရောက်လာလေသည်။ယောင်စစ် ကြောင်အသွားသည်။
"ဒါက ဂိမ်းထဲမှာပစ္စည်းထည့်သိမ်းတဲ့ အိတ်မျိုးလား..."
ယောင်စစ် တွေဝေစွာနဲ့ပဲထိုယုန်အထွေးလိုက်ကြီးကို ထိလိုက်ပြီး သိမ်းမယ်လို့ ရေရွတ်လိုက်၏။ချက်ချင်းပင်ယုန်များ ပျောက်ကွယ်သွားပြီးနောက် သူ ယုန်အကြောင်း ပြန်လည် စဉ်းစားလိုက်သည်နှင့် မြက်ခင်းပြင်ပေါ် ပြန်ပေါ်လာလေသည်။
"မိုက်တယ်ဟ ဒီလိုဆိုရင် ငါနောက်ထပ် ယုန်အများကြီး ဖမ်းလို့ရပြီ..."
ထို့နှင့် သူမဖမ်းရင်းဖမ်းရင်းနှင့် ယုန်များ အကောင်နှစ်ရာလောက် ဖြစ်သွားလေသည်။
တောင်ပုံရာပုံ ပုံနေသော ယုန်ပုံကြီး၏ ရှေ့တွင် ရပ်နေသောဆိုင်ရှင်ချင်...
ဘိုးလေးလေးရေ တခြားသူတွေကို ပြောင်းပြီး နှိပ်စက်လို့မရဘူးလား ငါ့ကိုပဲ နှိပ်စက်မှ ဖြစ်မှာလား...ငါတကယ်ကြီး ယုန်တွေ မလိုချင်တော့ဘူးလို့ ...
......
ထိုအချိန်၌ တော်ဝင်မူကြိုကျောင်းတွင် ...
သူတို့၏ ဘိုးဘေးလေး ဂိမ်းဆော့ပျက်သွားမည်ကို ကြောက်နေသော လူစုတစ်စု ..
"ငါတို့ရဲ့ သခင်မလေးက ဂိမ်းထဲက ထွက်လာပြီး ငါတို့ကို တွေ့ဖို့ အစီအစဉ်မရှိတော့ဘူးလားဟင်..."