အပိုင်း ၁၈
Viewers 15k

Chapter 18

ဘယ်လိုတောင် ကလိမ်ကကျစ်ကျရတာလဲ


ယောင်စစ် ဂိမ်းထဲတွင်အချိန်အတန်ကြာနေ၍ ယုန်များအားတစ်ချိန်လုံးအမဲလိုက်နေခဲ့သည်။သူမက ရွာအနီးတစ်ဝိုက်တွင်ရှာဖွေနေရာမှ တစ်ဖြည်းဖြည်းတောအုပ်အတွင်းသို့ရောက်ရှိလာသည်။ ယုန်အရေအတွက်သည်လည်းပိုမိုနည်းပါးလို့လာသည်။မူလက ရွာအနီးတွင်အများအပြားတွေ့ရှိခဲ့သောယုန်များမှအပ ယခုတောနက်သို့ရောက်သောအခါ သူမအတွက်တစ်ကောင်နှစ်ကောင်တွေ့ရန်ပင်ခက်ခဲလို့နေသည်။


သူမက ဤသည်ကို ဂိမ်းဒီဇိုင်းဆွဲသူ၏လိုအပ်ချက်ဟုတွေးလိုက်သည်။ဂိမ်း၏အခြေခံတိရိစ္ဆာန်အနေဖြင့်အချိန်ပိုင်းအတွင်းပြန်လည်ဖွံ့ဖြိုးပြီးဖြစ်သင့်သည်။ယခုသူမ တောနက်အတွင်းအမဲလိုက်ရန်ပင်ရောက်ရှိနေပြီဖြစ်ပြီး ရွာအနီးတစ်ဝိုက်ရှိယုန်ပမာဏကမူပြန်လည်ဖြည့်တင်းပြီးခြင်းမရှိပေ။


ယောင်စစ်ကဤပြဿနာအား ဂိမ်းဝန်ဆောင်မှုကိုမည်သို့ပြန်လည်အထွန့်တက်ရမည်ကိုစဥ်းစားရင်းဖြင့် သူမဖမ်းဆီးရမိလာသော ယုန်ငါးထောင်အားကျောပိုးအိတ်အတွင်းသို့ထည့်သွင်းနေသည်။ သူမရွာသို့ပြန်ရန်ပြင်လိုက်ချိန်မှာပဲ ကောင်းကင်ထက်မှ  ' တင် ' ဟူသောအသံနှင့်အတူနောက်တစ်ခဏတွင် ကောင်းကင်အနှံမှဆည်းလည်းသံများပဲ့တင်ထပ်လာလေသည်။


[ တင်.. အာကာသမျိုးနွယ်ထိန်းချုပ်ခြင်းလောကမှပြန်တမ်းအကြောင်းကြားစာ : လူသားတို့တွင်မခန့်မှန်းနိုင်သောစိတ်ခံစားချက်များစွာနှင့် စစ်မှန်သောချစ်ခြင်းမေတ္တာတို့ရှိသည်  ကစားသမား 38 သည်သူ၏ကြင်နာတတ်သောလက်အစုံဖြင့် ဆန်းပြားယုန်ရွာ အားအချိန်အတော်ကြာအနှောင့်အယှက်ပေးနေခဲ့သော ယုန်ဖျက်ကပ်ကိုကူညီဖြေရှင်းပေးခဲ့သည် ယခုအချိန်မှစ၍ရွာသည်ယုန်များ၏ဒဏ်အားထပ်မံခံစားရတော့မည်မဟုတ်၍ ကစားသမားအား  ' ကုသခြင်းနှင့်ကူညီတတ်သော ရောင်ဝါ ' အားချီးမြှင့်လိုက်သည်...

အပျက်အစီးဆောင်ရမှတ်တိုင်းအား -10%သာရစေရန်ချီးမြှင့်လိုက်သည်  ဆန်းပြားယုန်ရွာကအမည်သစ်တစ်ခုထပ်မံအပ်နှင်းခံရမည် ]


ယောင်စစ်က ဘယ်ကမှန်းမသိထွက်ပေါ်လာသောအသံကြောင့်ထိတ်လန့်သွားရသည်။သို့သော်ဤအရာက ဂိမ်းထဲရှိပုံမှန်ကိစ္စတစ်ခုဖြစ်မည်ဟုတွေးလိုက်၏။ဂိမ်းမှကြေငြာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ဂိမ်းထဲရှိဘောစိတစ်ဦးက စပီကာဝယ်ယူလိုက်ခြင်း စသည်စသည်တို့ဖြစ်နိုင်ပေသည်။ယောင်စစ်က သူမကိုယ်သူမပြင်ဆင်လိုက်ကာ သူမ၏မစ်ရှစ်ကိုအဆုံးသတ်ရန် ရွာဘက်သို့ဦးတည်လာခဲ့သည်။


ဂိမ်းလောကတစ်ခုလုံး ပွက်လောရိုက်သွားခြင်းကိုမူသူမမသိလိုက်ပါချေ။


[ world ( မြူမိုးကြားမှအစိမ်းရောင်ဝတ်ရုံ) : လူသစ်ကြိုဆိုရွာလေးမှာတောင် ဒီလောက်မြင့်တဲ့ဆုကြေးရှိတယ်ပေါ့ ငါမသိခဲ့ရပါလား...]


[world ( နောက်ဆုံးဇာ့ဂျ်လေး) : မီတူး မသိခဲ့ဘူး သိန်းဆုထီကြီးနဲ့လွဲသွားသလိုခံစားနေရပြီ ]


[world (စကြာဝဠာအုပ်စိုးသူ) :အဓိကက အဲဒီ အဖျက်ရမှတ် 2_10%ကြီးပဲ သူလူတစ်ခါသတ်တိုင်း 1%ပဲသက်ရောက်လိမ့်မယ် သူစိတ်တိုလွန်းလို့တစ်မြို့လုံးကိုလိုက်သတ်တောင် လောကရဲ့အမျက်ဘေးသင့်မှာမဟုတ်တော့ဘူး.. ]


[world (အုမဲကာဝ ကုလဲ့) : အပေါ်ထပ်ရေ အာရုံစိုက်တဲ့နေရာမှားနေပြီနော် Systemရဲ့အကျိုးသက်ရောက်မှု​ကိုပြန်လှန်လိုက်ရင် တစ်ယောက်ယောက်ကသူ့ကိုမဆင်မခြင်သွားထိတာနဲ့ အဖျက်ပွိုင့်က11%ကိုရောက်သွားပြီး လောကအမျက်ဘေးကစမှတ်ရောက်တဲ့ထိရိုက်ထုတ်ပေးလိုက်လိမ့်မယ် ]


[ world (စကြာဝဠာအုပ်စိုးသူ) : အိုး ရှစ် ]


[ world ( ရွှေမင်းသားလေးမူရဲ့ဦးနှောက်ဗလာဖန်ဂဲလေး) : အိုး ရှစ် +1]


[world (နီ နီ နီ နီ နီ): အိုး ရှစ် +2 ]


[ world ( ထာဝရလူပေါ်ကျော့ ) : အဲဒီ အိုင်ဒီက အရမ်းဖြစ်ကတတ်ဆန်းနိုင်တယ်လို့တွေးနေတာငါတစ်ယောက်တည်းလား  တားမြစ်ထားတဲ့အထူးဇာတ်ကောင်တွေကရော... ငါ့ထက်မိုက်တဲ့သူတွေမြင်ရတာလုံးဝကြိုက်မနေဘူး ]


[ world ( လောင်းထည့် လောင်းထည့်) : Systemရဲ့သွေးသားပဲ ထောက်ခံချက်အတည်ပြုပြီး ]


ယောင်စစ်က လောက၏ အများသုံးချန်နယ်ကို မဖွင့်တတ်ပေ။ဖွင့်တတ်လျှင်ပင် ဘာသာစကားကိုနားမလည်သည့်အတွက်    ဖြစ်ပျက်နေသည်များကို နားမလည်သလို သူမထံတွင် ထူးခြားသောပိုင်ဆိုင်မှုများ ရှိနေသည်ကိုလည်းသိမနေ။


ထိုအစား သူမက အသားဆိုင်ပိုင်ရှင်၏ ရှေ့ကောင်တာ၌ သူမဖမ်းဆီးရမိလာသောယုန်များအားအစီအရီနေရာချနေသည်။


ဒီတစ်ခေါက်အတွက်ဘာဆုလာဘ်ရမှာပါလိမ့်...


???


မွဲတေသောဘဏ်အကောင့်ပိုင်ရှင် ချင် သည်လည်းပြောမစရာပင်မရှိတော့ချေ။


○| ̄|__


ယောင်စစ်က ဤတစ်ကြိမ်တွင်အရင်အကြိမ်များ၏ပြတ်သားတက်ကြွမှုတို့နှင့်မတူဘဲ တုံ့ဆိုင်းနေသောဆိုင်ရှင်ကိုသတိထားမိသွားသည်။ဆိုင်ရှင်၏မျက်နှာက နီတစ်ဖန် စိမ်းတလှည့် မှောင်တစ်ခါ ပြောင်းလဲနေပြီး အဆုံး၌ဖြူလျော်လို့နေ၏။သူက သူ၏အသားပဲ့ပါသွားသကဲ့သို့အကြည့်များဖြင့် စာအုပ်ငယ်လေးတစ်အုပ်အားကတုန်ကယင်ထုတ်ပေးလာသည်။


ယောင်စစ်က စာအုပ်ငယ်ကိုလှမ်းကိုင်လိုက်သော်လည်း ဆိုင်ရှင်၏လက်ချောင်းများက စာအုပ်ကိုအားကုန်ညှပ်ထားဘိသကဲ့သို့ရှိပြီး သူမအချိန်အတော်ကြာ ဆွဲနေသည့်တိုင်ကျွတ်ထွက်မလာချေ။


မစ်ရှစ်အတွက်လိုအပ်တဲ့ပမာဏကမလုံလောက်သေးလို့များလား...


ယောင်စစ်က သူမအိတ်ထဲမှယုန်အကောင်နှစ်ရာကိုဆွဲထုတ်လိုက်သည်။


တစ်ခြားတော့မသိဘူး ငါ့မှာယုန်ကအပေါဆုံး ... ╮(╯_╰)╭


ပိုင်ရှင်၏လက်များတဆတ်ဆတ်တုန်ယင်လာကာ စာအုပ်လေးမှာမြေပေါ်သို့ ဖုတ်ခနဲဆိုသလို ပြုတ်ကျသွားလေသည်။


တော်သေးတာပေါ့ ယုန်အပိုတွေရှိနေလို့...


ယောင်စစ်က​စာအုပ်ငယ်လေးကိုမြေပြင်ပေါ်မှကောက်ယူလိုက်ကာ ဖုန်သုတ်လိုက်ပြီး ရွာမှထွက်ခွာလာခဲ့သည်။လမ်းတွင်သူမက ရွာရင်ပြင်တွင်တောင်ပို့ငယ်တစ်ခုလိုစုပြုံနေသော ယုန်များအားငဲ့ကြည့်လိုက်ပြီးတွေးမိသည်။


ဒီယုန်တွေဘယ်တော့မှပြန်သားပေါက်လာမှာပါလိမ့်...


ယောင်စစ်ကလက်ထဲရှိ စာအုပ်ငယ်လေးအား တစ်ချက်မျှငုံ့ကြည့်လိုက်ပြီး ဤသည်ကလူသစ်များအတွက်စွမ်းရည်များ သို့မဟုတ်ထိုသို့သောအရာတစ်ခုဖြစ်မည်ဟုမှန်းဆလိုက်သည်။ သူမစာအုပ်ကိုဖွင့်ကြည့်လိုက်သောအခါ ခန့်မှန်းထားသကဲ့သို့ တစ်လုံးတစ်ပါဒမျှနားမလည်သည့်အတွက် ကျောပိုးအိတ်အတွင်းသို့ပစ်ထည့်ထားလိုက်ပေသည်။ 


သဘာဝကျစွာပင် စစ်စတမ်မှထပ်မံပြန်ကြားလာသောကြေငြာချက်မှအကြောင်းအရာများကိုလည်း သူမသတိမထားလိုက်မိချေ။


[ တင် အာကသမျိုးနွယ်ထိန်းချုပ်ခြင်းလောကမှ ပြန်တမ်းအကြောင်းကြားစာ : အမည်မသိမြေပုံမှ ကျင့်ကြံသူ38 သည် နှိုင်းတာ၍မရနိုင်သောကိုယ်ကျင့်သီလများအတွက်  ' အာကာသထိန်းကျောင်းခြင်းစာလိပ် ' ကိုလက်ခံရရှိခဲ့သည်၊ အကန့်အသတ်မဲ့သောအခွင့်အလှမ်းများကိုဖွင့်လှစ်လိုက်နိုင်ပြီဖြစ်ကာ မသေမျိုးအဆင့်သို့တိုးတက်ရန်အခွင့်အလမ်းမှာအချိန်နှင့်တစ်ပြေးညီဖြစ်သည် ]


ထိုထုတ်ပြန်ချက် ပြီးဆုံးသွားသည်နှင့် ချိန်နယ်အတွင်း ပွက်လောရိုက်လို့သွားပြန်သည်။


[ world(မြက်ခင်းနယ်မြေ): ဘုရားသခင်  ငါဘာကြားလိုက်ရတာလဲ   အဆင့်တစ်ဆင့်ချင်းစီမှာ ကောင်းကင်ကမ္ဘာမြေထိန်းကျောင်းခြင်းစာလိပ်တွေရှိတဲ့ကြားက ဆာဗာတစ်ခုလုံးရဲ့ထိပ်ဆုံးအဆင့်နတ်ဘုရားတောင်မှ ကမ္ဘာမြေထိန်းကျောင်းခြင်းစာလိပ်ကိုပဲရခဲ့တာလေ  အာကသထိန်းကျောင်းခြင်းဆိုတာကြီးက မင်းမေ...ဘာကြီးလဲဟ ] 


[ world ( မှိုခူးနေတဲ့မိန်းမပျို ) :ရှုပ်ပွနေတဲ့ကုဒ်တွေနဲ့38 ဆိုတာကဘာကြီးလဲ ဒီလူကဂိမ်းအတွင်းပိုင်းဌာနကဝန်ထမ်းများလား ]


[world ( ကမ္ဘာခြားမှအလှလေး) : ခုနကပဲအကြီးအကျယ်အောင်မြင်သွားတာကိုခုကျ စကြာဝဠာထိန်းကျောင်းခြင်းစာလိပ်တဲ့လား   ညှီနံ့တွေရနေတယ်]


[ world ( အုမဲကာဝ ကုလဲ့ ) :တစ်ယောက်ယောက်များအဲဒီပွစာကျဲနေတဲ့ကုဒ်တွေကိုသိကြလား  ငါသူ့ဝတ်ရုံစလေးဆွဲပြီးလိုက်လို့ရလားဟင် သုံးလမ်းအကွာလောက်ကလိုက်ရလည်းအဆင်ပြေပါတယ် ]


[world (မူမိသားစုရဲ့ဘေဘီလေး) : သူ့ကို PMလိုက်ပြီ တစ်ဖက်လူကသူ့ရဲ့ဆက်သွယ်ရေးကိုပိတ်ထားတယ် ]


[ world (အုမဲကာဝ ကုလဲ့) : လူသစ်ရွာကတစ်ယောက်ယောက်များ အဲဒီ ကုဒ်38ကိုတွေ့မိကြရင် သူအဲ့မှာရှိနေသေးလားဖြေကြပါဦး]


[ world ( စေ့ စေ့ စေ့ စေ့ စေ့ ) : အဆင့်တက်ပြီးသွားတာမြန်လွန်းတယ် ထွက်သွားပြီ ]


[ world ( ပဲစေ့ ပဲစေ့ ပဲစေ့ ပဲစေ့ ပဲစေ့) : လွန်ခဲ့တဲ့ ရှစ်မိနစ်ကထွက်သွားတယ် ]


[  world ( အသီးတွေငါရပြီးပြီ ) : ငါးမိနစ် ]


[ world ( ရှစ်လေး ) : သုံးမိနစ် ]


[  world ( အာကာသလောကအုပ်စိုးသူ : ဆာဗာဖွင့်တာဖြင့်ရက်ကြာလှပြီ နုလေးတွေဘယ်ရှိတော့မှာလဲ ကုဒ်38ကထွက်သွားနှင့်လောက်ပေါ့]


[ world (အုမဲကာဝ ကုလဲ့) : ...]


ဤသို့ဖြင့်ဝတ်ရုံစဆွဲရန်အကြံအစည်များကိုအားတက်သရောဆွေးနွေးနေကြစဥ် လူသစ်ရွာလေးရှိNPC များတွင်လည်း ရွာ၏သေရေးရှင်ရေး ကိစ္စရပ်တစ်ခုအားအကြိတ်အနယ်ဆွေးနွေးနေကြရသည်။


" ရွာလူကြီး သူမကရွာနားကယုန်တွေအကုန်နီးပါးသတ်ပြီးပြီ ကျွန်တော်တို့ရွာကယုန်တွေကြောင့်ပျက်ကိန်းဖြစ်နေတာမှန်ပေမဲ့ သူမ မသွားသေးရင် အကုန်မျိုးတုံးကုန်တော့မယ်..."


" မင်းသူ့ကို အဆင့်တက်မယ့်အဆောင်မပေးလိုက်ဘူးလား..."


အဆင့် 10တွင်ရှိသော ချီစုဆောင်းသည့်အဆင့်ကျင့်ကြံသူများက ထိုအဆောင်ကိုအသုံးပြုသည်နှင့် လူသစ်ရွာ၏အပြင်ဘက်သို့ အလိုလျောက် ပို့ဆောင်ခံလိုက်ရမည်ဖြစ်သည်။


" ကျွန်တော်ပေးလိုက်တယ်ဗျ သူကမသုံးဘူး..."


ချင် ကငိုချလုမတတ်ရှိနေသည်။

" ကျွန်တော်ဘာလုပ်ရမယ်ကို မသိတော့ဘူး ကျွန်တော့်ရဲ့နုံချာတဲ့ဆိုင်လေးမှာလည်းဘာမှမကျန်ဘူးလေ ကျွန်တော်သူ့ကိုဆိုင်ခေါင်မိုးပါချွတ်ပေးတော့မလို့ပါ တကယ်ပါ..."


သို့သော်လည်း ဂိမ်းစည်းမျဥ်းများအရ တန်ဖိုးရှိသောတစ်စုံတစ်ခုဖြစ်ရန်လိုသည်။


" ကျွန်တော် သူ့ကို အာကာသထိန်းကျောင်းခြင်းစာလိပ်တောင်ပေးလိုက်တာ ဒါကြီးသာဆက်ဖြစ်နေရင် ကျွန်တော်လည်းသူ့ကိုအမွေအနှစ်တွေကလွဲပြီးတခြားပေးစရာကျန်တော့တာမဟုတ်ဘူး..."


အဖြူရောင်မုတ်ဆိတ်ရှည်များဖြင့် ရွာလူကြီးသည် လက်ရှိအခြေအနေ၏ပြင်းထန်မှုကို သတိပြုမိသွားကာ ရွာရင်ပြင်ရှိ ယုန်တောင်ပို့ကြီးအားကြည့်၍ စိတ်ဖိစီးသွားရလေသည်။


" သူမထွက်သွားအောင်လုပ်ဖို့ တစ်ခြားနည်းလမ်းရှိသေးလား..."


တစ်ခြားရွာက NPCတွေကိုသွားဒုက္ခပေးလိုက်စမ်းပါ...


" ရွာလူကြီး အကြံတစ်ခုရပြီ..."


 အပ်ချုပ်ဆိုင်မှအန်တီလီကဆိုသည်။


" သူမဘာသာထွက်မသွားရင် ကျွန်မတို့မောင်းထုတ်ကြမယ်လေ..."


"မင်းပြောချင်တာ မိစ္ဆာသားရဲကိုဆင့်ခေါ်ဖို့လား..."


ဉာဏ်ရည်မြင့်NPCတစ်ယောက်အနေဖြင့် သူမဆိုလိုသည်အား ချက်ချင်းသဘောပေါ်လိုက်သည်။ရွာလူကြီးကခေတ္တမျှစဥ်းစား၍ သူ၏ခေါင်းကိုခါယမ်းလိုက်၏။


" မဖြစ်ဘူး မဖြစ်ဘူး ငါတို့ရွာမှစည်းမျဥ်းတွေရှိတယ်လေ ချီသန့်စင်ခြင်းအဆင့်ထက်မြင့်တဲ့သားရဲတွေဝင်လို့မရဘူး ဆင့်ခေါ်လို့ရမှာမဟုတ်ဘူး ..."  (လူသစ်ကာကွယရေးဇုန်)


" ချီသန့်စင်ခြင်းအဆင့်တစ်ဆယ်ဆိုအတော်ပဲမဟုတ်ဘူးလား..."


အန်တီလီကဆက်၍အကြံပြုသည်။


" သူမကချီသန့်စင်ခြင်းအဆင့်တောင်မရောက်သေးတဲ့ လူသစ်လေ သူမရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေက သာမာန်လူထက်သာလွန်နေတာမဟုတ်ရင် ချီသန့်စင်ခြင်းအဆင့်တစ်ဆယ်သားရဲက လုံလောက်ပါတယ်..."


ရွာလူကြီးက အသက်ရှင်စရာအကြောင်းပြချက်ကုန်ခမ်းနေသူကဲ့သို့ရှိနေသည့် ချင်နှင့် အခြားအကြံမရှိသောရွာသားများကိုကြည့်လျက် အံကြိတ်လိုက်၏။


"ကောင်းပြီလေ စမ်းကြည့်တာပေါ့..."


ထို့ကြောင့်ယုန်ရှာထွက်နေသော ယောင်စစ်၏ရှေ့၌ အဖြူရောင်အလင်းတန်းတစ်ခု ရုတ်ချည်းပေါ်ထွက်လာသည်။


ဒုန်းးး


ငါးဆယ့်ငါးလက်မလောက်ရှည်လျားသည့်ယုန်ကြီးတစ်ကောင်က သုမရှေ့၌ဟိန်းဟောက်နေကာ ပတ်ပတ်လည်ရှိအပင်များပင် တုန်ခါသွားစေသည်။


နကန်းတစ်လုံးမျှနားမလည်သည့် ယောင်စစ်၏မျက်ဝန်းများတောက်ပသွားသည်။


ဝေါင်းး ဒါကဘော့စ်လား...


(⊙ o ⊙)


ဒီတော့...


နာရီဝက်ခန့်ကြာသောအခါ သူမက သန္ဓေပြောင်းယုန်ကြီးအားတရွတ်ဆွဲလာလေသည်။


ချင် : "..."


ရွာလူကြီး : "..."


အန်တီလီ : "..."


ရွာသားအပေါင်းအပါများ : "..."


System :"..."


[ တင် ကစားသမား 38 သည် တစ်မူထူးသောအရည်အချင်းများနှင့် သူမတူသောအတွေးအခေါ်များရှိသည်  သူမအား ဇာမဏီမွှေးအဆင်တန်ဆာနှင့်  အာကာသဝတ်ရုံတို့အားချီးမြှင့်လိုက်သည်   ကျင့်ကြံခြင်း၏လမ်းစဥ်မှာရှည်လျားသည် မဆုတ်မနစ်ဇွဲထုတ်ကြိုးစားသူတို့ကတစ်ချိန်တွင် ကောင်းကင်ဘုံစံမြန်းရပေမည် ]


ရွာသားများ၏ အတွေးထဲ၌ အကြောင်းအရာတစ်ခုသာရှိနေ၏။


ယူ ယူ ယူ အကုန်ယူသွား ကျေနပ်ပြီလား...


(?_?)


ယခုယောင်စစ်၏မစ်ရှင်သည် ယုန်ဖမ်းရာမှ ယုန်ဘောစ့်ဖမ်းသည့်အဆင့်သို့တိုးတက်သွားခဲ့ပြီဖြစ်သည်။