အပိုင်း ၁၉
Viewers 18k

Chapter 19: 

ငါ့ဓားကိုမေးလိုက် 


ထိုအချိန် "အာကာသမျိုးစိတ်များကိုထိန်းချုပ်ခြင်း" ဂိမ်းကုမ္မဏီ၏ ဌာနချုပ်တွင်...


"ဘာတွေဖြစ်နေတာလဲ.. ဆာဗာအသစ်ကဖွင့်တာဖြင့်နှစ်ပတ်ပဲရှိသေးတာလေ.. ဘယ်လိုလုပ်ပြီး အမွေအနှစ်ပစ္စည်းကပေါ်လာရတာလဲ... အဲ့တာက 'နတ်ဘုရားနှင့်မိစ္ဆာတို့ကြားက တိုက်ပွဲ'ဆိုတဲ့ နောက်ပိုင်းဇာတ်ကြောင်းမှာမှ ပေါ်လာမယ့် ထိပ်တန်းပစ္စည်းမဟုတ်ဘူးလား..."


"ထုတ်လုပ်သူဗျ.."

နည်းပညာရှင်တစ်ယောက်က သူ၏လက်သုံးချောင်းကို တုန်တုန်ရီရီထောင်လိုက်ပြီးပြောလိုက်သည်။

"အတိအကျပြောရမယ်ဆိုရင် သုံးခုတောင်ပေးလိုက်ရတာ..."


"ဘာကြီး.."

ဂိမ်းထုတ်လုပ်သူ ရုတ်ချည်းပင်ပေါက်ကွဲသွားတော့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ systemမှာပြဿနာရှိနေတာလား... ဘာဖြစ်နေလဲ မြန်မြန်လေးရှာကြစမ်းပါ..."


"ကျွန်တော်ရှာဖွေပြီးသွားပြီ..."

နည်းပညာရှင်၏ မျက်လုံးများတွန့်လိမ်သွားသည်။

"ကစားသူတစ်ယောက်တည်းကပဲ အဲ့ဒီ့အမွေအနှစ်ပစ္စည်းတွေရသွားခဲ့တာ..."


"လူတစ်ယောက်တည်းက..."

ထုတ်လုပ်သူ ဒေါခီးသွားသည်။

"ငါတို့ရဲ့ systemအကာအကွယ်ကိုချိုးဖောက်ဖို့ အဲ့ကောင်ဘာ cheat တွေသုံးလိုက်တာလဲ..."


"သူမက လယ်ဗယ်သုညရှိတဲ့ စဆော့ကာစလူလေးဖြစ်ပြီးတော့ ဘယ် cheat ကိုမှမသုံးထားဘူး..."

နည်းပညာရှင်က သူရှာတွေ့ခဲ့သောအရာများကို ခါးသက်သက်ပြောလိုက်သည်။


ထိုစကားအားလုံးကို ထုတ်လုပ်သူကြားသောအခါ သူ၏အမူအယာက "သောက်ချီးလိုပဲ"ဟူသောအမူအယာကို ဖော်ပြနေသည်။

ဂိမ်းထဲမှာ အဲ့လိုဟာကွက်ကြီးရှိနေမှန်း သူဘာကြောင့်မသိရတာလဲ...


(⊙_⊙)


"ဒါဆို လူသစ်တွေရဲ့ရွာက NPCတွေက အမွေအနှစ်ပစ္စည်းတွေကိုဘာလို့ ဆုအဖြစ်ပေးနေရတာလဲ.."

သူတို့က ရိုးရိုး NPC တွေမဟုတ်ဘူးလား...


"ထုတ်လုပ်သူ ခင်ဗျားမေ့သွားပြီလား.."

နည်းပညာရှင်ပြောလိုက်သည်။

" နောက်ထပ်အသစ်ဇာတ်ကြောင်းမှာ လူသစ်တွေရဲ့ရွာထဲက NPC တွေကို 'အာကာသမျိုးနွယ်စု'တွေနဲ့အစားထိုးထားတာလေ..."

သူတို့မှာ အမွေအနှစ်ပစ္စည်းအချို့ရှိတာ သာမန်ပဲမဟုတ်ဘူးလား...


"..."

ချီးပဲ.... အဲ့တော့ ဒါကငါ့ဘာသာတူးထားတဲ့ သေတွင်းပေါ့လေ..


ထုတ်လုပ်သူ စိတ်ဖိစီးသွားပြီး ရုံးခန်းထဲတွင် အကြိမ်ပေါင်းများစွာ ရှေ့လျှောက်နောက်လျှောက်လုပ်နေပြီး အံတင်းတင်းကြိတ်၍ပြောလိုက်သည်။

"အဲ့ဒီ့ဖတ်မရတဲ့ code ID နဲ့ကစားသူက ဘယ်နေရာကနေ ဝင်ထားတာလဲဆိုတာရှာပြီး သူမဆော့ထားတဲ့ ဂိမ်းဒေတာတွေအကုန် ဖျက်ပစ်လိုက်... ဒေတာတွေအတင်းပြန်သိမ်းလိုက်ပြီးရင် သူမက ဂိမ်းစည်းမျဉ်းတွေဖောက်ဖျက်လို့ အခုလိုလုပ်ရတာလို့သာပြောပြလိုက်... ပြီးတော့ အခုကစားနေတဲ့သူတိုင်းကို ဗားရှင်းအသစ်အတွက် စမ်းသပ်တာဖြစ်ကြောင်း System ကနေ စာပို့ခိုင်းလိုက်..."

သူ အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

"ဒီဂိမ်းကိုညီမျှစေဖို့ ဒီကစားသူပေါ်ကို ငါတို့အမှားလုပ်ရမှာပဲ..."


နည်းပညာရှင်က ဒေတာများကိုစတင်ရှာဖွေလိုက်ပြီး ခဏအကြာတွင် သူ့ခန္ဓာကိုယ်တောင့်ခဲသွားကာ မျက်ရည်များဝိုင်းနေသောမျက်လုံးများဖြင့် ကြည့်ကာပြောလာသည်။

"ထုတ်လုပ်သူ... ကျွန်တော်တို့ ဒီလူကို အမှားလုပ်လို့မရလောက်ဘူး..."


"ဘာလို့လဲ... သူမရဲ့ဒေတာနဲ့ပတ်သတ်ပြီး တစ်ခုခုလွဲနေလို့လား..."


"ဒေတာကဘာမှမမှားဘူးဆိုပေမယ့် တည်နေရာကပြဿနာရှိနေတာ..."


"သူမဘယ်ကနေ အကောင့်ဖွင့်ထားတာလဲ..."


"အနီရောင်ဂြိုလ်က..."


“…”


ရုတ်တရက် စီမံရေးဌာနတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။


ယီးပဲဟေ့... ဒီနှစ်ထဲ သူ့ကိုနတ်ဘုရားတွေက မျက်နှာသာမပေးပါလား... မျိုးစိတ်တွေအများကြီးမှ အများကြီးထဲမှ ဒီ စိတ်သဘောထားကျဉ်းမြောင်းတဲ့ စိတ္တဇကောင်သွေးစုပ်ဖုတ်ကောင်တွေဖြစ်နေရလားဟ... ဒီနေ့သူသာ သူမအကောင့်ကို ပိတ်လိုက်ရဲရင် မနက်ဖြန်ကျရင် ငါတို့အကုန်လုံးကိုလာသတ်လိမ့်မယ်


အချိန်အကြာကြီးတိတ်ဆိတ်သွားပြီးနောက်တွင်...


"မသေမျိုးအရှင်လီယွဲ့ကို အသံမက်ဆေ့ပို့လိုက်စမ်း... သူကအဲ့မျိုးနွယ်နဲ့တော်တော်လေး ရင်းနှီးတယ်မဟုတ်လား... သူသာ ဝန်ကြီးယန်နဲ့ဆက်သွယ်ပေးရင် ငါတို့ဒီပြဿနာက ကျွတ်သွားလောက်မှာပါ..."

ထုတ်လုပ်သူက ငိုချင်နေပါသော်လည်း မျက်ရည်ကျမလာပေ။

"ငါတို့ ကစားသူဆုံးရှုံးခဲ့ရတဲ့ အတွေ့အကြုံတွေအကုန်လုံးအတွက် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်လို့.."


နည်းပညာရှင်က လီယွဲ့ကိုဆက်သွယ်လိုက်သော်လည်း ခဏအကြာတွင် ခါးသီးနေသောမျက်နှာဖြင့် ပြန်လာပြန်သည်။


"မသေမျိုးအရှင်လီယွဲ့ပြောတယ်... လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက အနီရောင်ဂြိုလ်က လုံခြုံရေးကိုတင်းတင်းကြပ်ကြပ်ချထားပြီး အဆက်အသွယ်တွေအကုန်လုံးကိုဖြတ်တောက်ထားတယ်တဲ့... သူတို့ရဲ့ကိုယ်ပိုင်မျိုးနွယ်တွေကိုတောင်မှ ဝင်ထွက်ခွင့်ပိတ်ထားလို့ သူဆက်သွယ်လို့မရပါဘူးတဲ့..."


"..."

နတ်ဘုရားတွေက ငါ့ကိုအဆုံးသတ်ဖို့များ ကြံစည်နေကြတာလားကွာ...


ယခုအချိန်တွင် ယောင်စစ်တစ်ယောက် သူမရေမတွက်နိုင်သည့် အကြိမ်မြောက်သတ်ထားသော ယုန်ဘော့စ်ကြီးကို တရွတ်တိုက်ဆွဲပြီး ပျော်ပျော်ကြီးလမ်းလျှောက်နေသည်။


အမှန်ပဲ.. ဒီဂိမ်းကတကယ့်ကိုပျော်ဖို့ကောင်းတယ်... ဘော့စ်တွေတောင်အများကြီးလုပ်ထားတာပဲ... ဒါနဲ့ မူကြိုဘယ်တော့ဆင်းမလဲပဲနော်...


ဂိမ်းSystem၏ ကြေငြာချက်ထုတ်သည့်နေရာတွင် လွန်ခဲ့သောအပတ်မှစ၍ စကားပြောကွက်တွင် စနစ်၏ရူးကြောင်ကြောင် ကြေငြာချက်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။


[တင်.. ကစားသူ "*#38" "အမွေအနှစ်ပစ္စည်း: ဇာမဏီငှက်မွှေးလည်ရှည်ဖိနပ်"ကို လက်ခံရရှိသည်]


[တင်.. ကစားသူ"*#38" "အမွေအနှစ်ပစ္စည်း: ဇာမဏီငှက်မွှေးခေါင်းဆောင်း"ကို လက်ခံရရှိပါသည်]


[တင်.. ကစားသူ"*#38" "အမွေအနှစ်ပစ္စည်း: ဇာမဏီငှက်မွှေးချပ်ဝတ်"ကို လက်ခံရရှိပါသည်]


[တင်.. ကစားသူ"*#38" ... လက်ခံရရှိပါသည်]


ကျန်ကစားသူများ၏အမူအယာ: ဟားဟား... နင်ပျော်ရင်ပြီးတာပါပဲလေ..



မူကြိုကျောင်းထဲတွင် တစ်လလုံးနီးပါး မမောနိုင်မပန်းနိုင်  ထိုင်စောင့်နေကြသော ဖန်ဂဲ များနှင့် ဖန်ဘွိုင်း များအားလုံး တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလာကြသည်။


ထိတ်လန့်စရာပဲ... နှစ်ပေါင်းကုဋေကုဋာ ချီအောင် အိပ်ပြီးလို့နိုးလာတဲ့ ဘိုးဘေးကြီးက ဂိမ်းထဲဈာန်ဝင်နေပုံများ ဘာမှကို မစားမသောက်ပါလား...


ဘယ်သူပဲကြည့်ကြည့် ဘယ်လိုပဲစဉ်းစားစဉ်းစား တစ်ခုခုတော့မှားနေပြီလို့ခံစားရမှာပဲမလား...


ဤနေရာတွင် စောင့်ဆိုင်းနေကြသူများအားလုံးသည် သွေးစုပ်ဖုတ်ကောင်များထဲတွင် ထိပ်ပိုင်းအဆင့် ခေါင်းဆောင်များသာဖြစ်ကြသည်။ နိုင်ငံ့အရေးကိစ္စအများစုကို စကြဝဠာကွန်ရက်မှတစ်ဆင့် ကိုင်တွယ်နိုင်သည်ဖြစ်သော်လည်း လူကိုယ်တိုင်လုပ်ဆောင်ရမည့် ကိစ္စအချို့တို့ရှိနေဆဲဖြစ်သည်။ ထို့အပြင် သခင်မလေး၏ ခွင့်ပြုချက်မပါပဲ မည်သူမျှသတင်းမဖြန့်ရဲပေ။ အနီရောင်ဂြိုလ်ကိုလည်း လုံခြုံရေးတင်းကြပ်သောအခြေအနေတွင် အချိန်အကြာကြီးထားရန်လည်း မသင့်လျော်ပေ။


"ဗိုလ်ချုပ်ကြီး နျဲ့...."

ယန်ရွှမ် စိုးရိမ်နေသောအသံဖြင့်မေးလိုက်သည်။

"သခင်မလေးက အဲ့ထဲမှာပြဿနာတွေနဲ့များရင်ဆိုင်နေရတာလား..."


နျဲ့ကျန်း ကြောင်အသွားကာ အခြားသူများကိုလှည့်ကြည့်လိုက်ပြီး သူ့မျက်နှာတွင် တုံ့ဆိုင်းမှုအချို့ ဖြတ်ပြေးသွားသည်။

"ဒီတစ်ချိန်လုံး သူမလုံးဝပြန်ထွက်မလာခဲ့ဘူး... သခင်မလေးကိုနှိုးလိုက်ရင်ရော ဘယ်လိုလဲ..."


"မရဘူး လုံးဝကိုမရဘူး..."

ယန်ရွှမ် သဘောမတူရသေးမီ သုံးဆယ့်ငါးဆက်မြောက်မျိုးဆက်အကြီးအကဲက ငြင်းဆိုလိုက်သည်။

"သခင်မလေးက အချိန်အကြာကြီးဆောင်းခိုခဲ့တော့ အနာဂတ်ကမ္ဘာကြီးအကြောင်း သိချင်စိတ်ပြင်းပြနေလို့လောက်တယ်... အဲ့တာကြောင့် သူမဂိမ်းထဲကနေ အကြာကြီးနေတာတောင်ထွက်မလာတာနေမှာ..."


"ဒါပေမယ့် အချိန်ကတော်တော်လေးကြာနေပြီလေ..."

နျဲ့ကျန်း ပြန်ပြောလိုက်သည်။

"အကယ်၍ သခင်မလေးရဲ့ ဒီကမ္ဘာကြီးအပေါ် ရင်းနှီးကျွမ်းဝင်မှုမရှိတာကိုအခွင့်အရေးယူပြီး အခြားမျိုးစိတ်ကလူက လှည့်စားလိုက်ရင်ဘယ်လိုလုပ်မလဲ... အပြင်လောကကြီးမှာ လူအမျိုးမျိုးရှိနေတာလေ..."


အကြီးအကဲ၏မျက်နှာမဲမှောင်သွားလေသည်။ ထိုအရာကဖြစ်နိုင်ချေရှိပေသည်။ သူတို့မျိုးနွယ်၏ဘိုးဘေးက မကောင်းဆိုးဝါးပုံစံနှင့် အခြားဂြိုလ်သားများ၏ လှည့်ဖျားခြင်းကိုခံနေရလောက်မည်။ သူတွေးကြည့်ရုံနှင့်ပင် လက်သင့်မခံနိုင်ပေ။


"ဒါပေမယ့် ငါတို့ သခင်မလေးကို ဒီတိုင်းနှောက်ယှက်လိုက်ကြမလို့လား..."


"ငါတို့ သခင်မလေးကို အတင်းအကြပ်နှိုးစရာမလိုပါဘူး..."

ယန်ရွှမ် အကြံပြုလိုက်သည်။

"သခင်မလေးက ထွက်မလာချင်မှတော့ ငါတို့ဝင်သွားလို့ရတယ်လေ... ငါတို့ဂိမ်း ကုမ္ပဏီဆီက အထူးအိုင်ဒီတွေယူပြီး သခင်မလေးဘေးကိုသွားလိုက်ကြမယ်... အဲ့တာဆိုရင် သခင်မလေးရှေ့ကိုရောက်သွားပြီး ဘာမဆိုမေးချင်တာမေးလို့ရသွားမယ်လေ..."


ထိုစကားများကို ကြားလိုက်ရသောအခါ လူတိုင်း၏မျက်လုံးများ တောက်ပသွားကြသည်။

သူတို့ဒီအကြံကို ဘာလို့မတွေးမိလိုက်ကြရတာပါလိမ့်....


သူတို့ ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်ကြပြီး ဂိမ်းကုမ္ပဏီနှင့် ဆက်သွယ်လိုက်ကြသည်။


မက်ဆေ့များတစ်ပုံတစ်ခေါင်းလက်ခံလိုက်ရသော ထုတ်လုပ်သူက ပျော်လွန်း၍ ဝံပုလွေတစ်ကောင်လိုအူချင်သွားပြီဖြစ်သည်။


ယူလိုက်.. အကောင့်တွေ ကြိုက်သလောက်သာယူလိုက်...


ဘာ... အရန်အကောင့်အလုံအလောက်မရှိဘူး အခုအချိန်မှာတစ်ယောက်တည်းပဲဝင်လို့ရတယ်တဲ့လား... အဲ့တာဆို အကောင့်အသစ်တွေထပ်ထည့်လိုက်လေ...


ဘာ... သွေးစုပ်ဖုတ်ကောင် အမှုဆောင်တွေအကုန်လုံး အကောင့်တွေလိုချင်နေတာလား...


ဟားဟား.. သူတို့ ဂိမ်းထဲက bug ကိုရှာတွေ့တဲ့တစ်ယောက်နဲ့စကားပြောနိုင်ရင် သွေးစုပ်ဖုတ်ကောင်တွေ စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်လိုက်မယ်ဆိုရင်တောင် ကိစ္စမရှိဘူးကွ...


_


လူသစ်များ၏ရွာတွင် ယုန်ဘော့စ်များစွာကို ရက်သတ္တပတ်များစွာ သတ်ပြီးနောက်တွင် ယောင်စစ်သူမ၏ ကျောပိုးအိတ်ပြည့်နေသည်ကို သတိပြုမိလိုက်သည်။


သူမ၏ အိတ်တစ်ခုလုံးတွင် ရွှေရောင်တောက်နေသော ပစ္စည်းများစွာဖြင့်ပြည့်နေသည်။ သို့သော် သူမထိုပစ္စည်းများကိုလွှင့်မပစ်နိုင်သပေ။ သူမတစ်ခုပြီးတစ်ခုလွှင့်ပစ်သော်လည်း သူမ၏အိတ်ထဲသို့သာ ပြန်ရောက်လာသည်။ ယောင်စစ် ထိုပစ္စည်းများက အကောင့်နှင့်ချိတ်ဆက်ထားသည်ဟု ခန့်မှန်းမိလိုက်သည်။


သူမ ယုန်တွေကိုထပ်မသတ်နိုင်တော့သည့်ပုံဖြစ်နေသည်။ သူမလက်သီးလက်မောင်းတန်းကာ သူမဆီတည့်တည့်ပြေးလာသော ယုန်ကြီးဆီပြေးသွားလိုက်သည်။


ထို့နောက် ယုန်ကြီးနှင့်ထိပ်တိုက်မတွေ့မီအနည်းငယ်မျှအလိုတွင် လမ်းကြောင်းပြောင်း၍ပြေးလိုက်သည်။ သွေးစုပ်ဖုတ်ကောင်ဖြစ်ရသည်မှာ ကောင်းကျိုးများစွာရှိပေသည်။ အနည်းဆုံး သူမထိုသားရဲများ၏ လိုက်ဖမ်းခြင်းခံရသော်လည်း အဖမ်းမခံရပေ။ ယုန်ကြီးကတဖြေးဖြေးခြေကုန်လက်ပန်းကျလာတော့သည်။


သူမ နောက်ဆုံးလက်သီးချက်ကိုမပစ်သွင်းမီ သူမဘေးတွင် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အရန်အကောင့်နှင့် ယန်ရွှမ်တစ်ယောက်ထွက်ပေါ်လာသည်။သူ မျက်နှာပုံပန်းသွင်ပြင်ပြောင်းမထားသော ဘိုးဘေးကို အကြည့်တစ်ချက်နှင့်ပင်မှတ်မိလိုက်သည်။


သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတို့လှိုင်းထန်လာသည်။ 

သူမကငါတို့ရဲ့ဘိုးဘေးလို့မပြောရဘူး... အရမ်းယုံကြည်ချက်ရှိနေတာပဲ....


သူခေါင်းမော့လိုက်ကာ စိတ်လှုပ်တရှားဖြင့်ပြောလိုက်သည်။

"သခင်မလေး ကျွန်တော်နောက်ဆုံးတော့ဆုံ..."


သူစကားမဆုံးမီ ယောင်စစ်သူမဓားကိုမြှောက်လိုက်ပြီး သူ့ကိုခုတ်ချလိုက်သည်။


သေလေ... ငါ့သတ်မယ့် ဘော့စ်ကိုခိုးချင်တာလား... ငါ့လက်ထဲကဓားကိုအရင်မေးကြည့်လိုက်စမ်းပါ...


ပြန်စမှတ်ကိုရောက်ရှိလာသော ယန်ရွှမ် ဆွံ့အသွားခဲ့သည်။


ဘာဖြစ်သွားတာလဲဟ....