အပိုင်း ၄၁၁
Viewers 62k

အခန်း ၄၁၁

 ငါ့နည်းလမ်းတွေကို မင်းဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး...


ပိုင်ရှင်ပုက တက်ကြွစွာဖြင့်ပြိုင်ဘက်ကို ရင်ဆိုင်လိုက်ခြင်းက လူအားလုံးကိုအံအားသင့်သွားစေသည်။


ကုလားထိုင်ပေါ်၌ ထိုင်ပြီးနေပူစာလှုံတတ်သော ပိုင်ရှင်ပုက အမြဲတမ်းမျက်နှာသေဖြင့်သာရှိပြီး သူ၏အမူအရာက အေးဆေးတည်ငြိမ်နေတတ်သည်။ထိုသို့သော် သူမျိုးက ရန်သူကို တက်ကြွစွာတိုက်ခိုက်မည့်သူမျိုးမဟုတ်ပေ။


ထို့အပြင် ပိုင်ရှင်ပု၏ ကျင့်ကြံအဆင့် အဆင့်ရှစ် စစ်နတ်ဘုရားမျှသာရှိသေးသည်။ သူက မည်သည့်နည်းနှင့်မသေမျိုး ခန္ဓာ အဆင့်ကို ယှဉ်ပြိုင်နိုင်ပါမည်နည်း။


လျန်ခိုင်က တစ်ခြားသူများ၏ အတွေးကိုစိတ်မဝင်စားပေ။ သူ၏ အကြည့်များက အေးစက်သွားပြီး သူ၏ ကောက်ကျစ်လှသော အပြုံးက မြင်လိုက်ရသူအားလုံးကို ကျောရိုးစိမ့်သွားစေသည်။


ဆိုင်ငယ်လေး၏ ဒုတိယအထပ်၌....


ဘလက်ကီက ကျယ်လောင်စွာ ဟောက်၍အိပ်ပျော်နေသည်။သူကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသောကြောင့် မကြာခင်နိုးလာတော့မည့် အရိပ်အယောင်မရှိပေ။


ပုဖန်ကလဲ ထိုအကြောင်းကိုသိပေသည်။

ခွေးငပျင်းက သလင်းကျောက်အရင်းမြစ်ထဲမှ ထူးခြားဆန်းကျယ်သော တစ်စုံတစ်ခုကို ရှာတွေ့ခဲ့ပုံရသည်။ထို့အပြင်သူက ထိုအရာကိုမြိုချ စားသုံးပြီးနောက် သူ၏ စွမ်းရည်ရစ်ဝဲ၌ စွမ်းအားများလည်ပတ်စေပြီးပြီး စွမ်းအင်များကို စုပ်ယူရင်းအိပ်ပျော်သွားပုံရသည်။


ယခုအချိန်၌ ဘလက်ကီကို ထည့်တွက်ထား၍မရကြောင်းသိပေသည်။


စပ်ပြဲလန်ခေါက်ဆွဲတစ်ပွဲကို စားပြီးနောက် ပုဖန်၏ စွမ်းအားများက တိုးတက်လာခဲ့သည်။


သူကမဟူရာလိပ်ခုံးဒယ်အိုးကိုလှည့်လိုက်ရာ အလွန်လျှင်မြန်လှသော အချိန်ဖြင့်ပျံသန်းသွားလေသည်။ ဒယ်အိုးက လေထုကိုပင်စုတ်ပြဲသွားပြီး မုန်တိုင်းတစ်ခုသဖွယ်လျန်ခိုင်ဆီသို့တိုးဝင်သွားလေ၏။


လျင်ခိုင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး အမူမထားဟန်ဖြင့် နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးလိုက်သည်။ သူ လက်သီးဆုပ်လိုက်ပြီးမဟူရာလိပ်ခုံးဒယ်အိုးကို ထိုးချလိုက်၏။


ဘန်း......


ကျယ်လောင်သောအသံက ပဲ့တင်ထပ်သလွင့်ပျံလာသည်။


လျန်ခိုင်က မဟူရာလိပ်ခုံးဒယ်အိုးကိုကြည့်၍အံအားသင့်သွားသည်။ အလွန်မြင့်မားလှသော တောင်ကြီးတစ်တောင်ကို ထိုးနှက်လိုက်သလိုထင်လိုက်ရ၏။ ထို့အပြင် ဒယ်အိုးဆီမှ ပျံ့လွင့်လာသော အင်းအားများ၏ သူအပေါ်သို့ တောင်တစ်တောင်ဖိဆင်းကျလာသလိုမျိုး ခံစားလိုက်ရသည်။


သို့သော်လည်း လျန်ခိုင်က လျန်ခိုင်သာဖြစ်သည်။


မသေမျိုး ခန္ဓာ အဆင့်ပညာရှင်တစ်ယောက်ဖြစ်သော သူ၏ ခန္ဓာကိုယ် ကအလွန်ပင်မာကျောလှသည်။ မဟူရာလိပ်ခုံးဒယ်အိုး၏ စွမ်းအားက အလွန် ပြင်းထန်လှသော်လည်းသူကို လွင့်ထွက်သွားအောင်လုပ်နိုင်ခြင်းမရှိချေ။


 ထို အချိန်၌ ပုဖန်၏ ခြေထောက်အောက်မှ စွမ်းအင်လှိုင်းများ ပျံ့နှံထွက်လာပြီး ပတ်ဝန်းကျင်၌ လေထန်လာစေသည်။ လေထုကအနား၌ ရှိနေသော ကျောက်တုံးကျောက်အစအနများနှင့်အမှိုက်သရိုက်များအားလုံးကို အဝေးသို့လွင့်ထွက်သွားစေ၏။


ပုဖန်၏ ခန္ဓာကိုယ် ကလေထဲသို့မြောလွင့်သွားသကဲ့သို့ မြေပြင်ကလဲ စတင်၍အက်ကွဲလာသည်။သူ၏ ခန္ဓာကိုယ် မှာအစစ်မှန်စွမ်းအားများပျံနှံ့ထွက်ပေါ်လာ၏ ။


စပ်ပြဲလန်ခေါက်ဆွဲတစ်ပွဲ စားလိုက်ရခြင်းက သူ ခန္ဓာကိုယ် တစ်ကိုယ်လုံးလောင်ကျွမ်းနေသလိုခံစားနေရသည်။သူ၏ အစစ်အမှန်စွမ်းအားများက လှိုင်းလုံးများသဖွယ် တစ်လှိမ့်လှိမ့် တိုးတက်လာပြီး မသေမျိုး ခန္ဓာ အဆင့်တစ်ယောက်ထက်အားမနဲတော့ဟုပင်ခံစားနေရသည်။


လျန်ခိုင်က မဟူရာလိပ်ခုံးဒယ်အိုးကို ထိုးနှက်တိုက်ခိုက်လိုက်သည်။


ပုဖန်က လေထုထဲ၌လွင့်ဝဲလာပြီး ထိုထိုးနှက်ချက်ကိုရိုက်ချလိုက်၏။


ပုဖန်၏ စိတ်ထဲမှ အတွေးတစ်ချက်ဖြင့်ပင် မဟူရာလိပ်ခုံးက တဖြေးဖြေးကြီးမားလာပြီး.လျန်ခိုင်၏.ပုံရိပ်ကိုပင် ဖုံးကွယ်လုမတတ်ဖြစ်သွားသည်။


ထိုအချင်းအရာကို မြင်လိုက်ရသော လျင်ခိုင်၏ မျက်နှာက ရှူံ့မဲ့သွားသည်။သူကြီးမားသောဒယ်အိုးကြီး၏ အောက်တွင်လုံးဝ ဖိနှိပ်ခံလိုက်သည်။


ဘမ်း...ဘမ်း...ဘမ်း...


မဟူရာလိပ်ခုံး၏ အလေးချိန်က ပုဖန်အတွက်မူ.ပေါ့ပါးလှသည်။ဒယ်အိုးက အစမတန်ကြီးမားနေသ်ာလည်း သူကအလွယ်တကူဆွဲကိုင်လိုက်ပြီးမြေပြင်ပေါ်သို့ဖိချလိုက်နိုင်သည်။


ပြင်းထန်လှသော တုန်ခါမှုနှင့်အတူ မြေပြင်ပေါ်၌နက်ရှိုင်းလှသော အက်ကြောင်းရာကြီးထင်ကျန်ခဲ့သည်။ပတ်ဝန်းကျင်၌လဲ အခိုးအငွေ့များတလူလူလွင့်တတ်နေလေသည်။


 ကြည့်ရူနေကြသော လူအုပ်ကြီးက အသက်ရှုရန်ကိုပင်မေ့လျော့နေကြသည်။ အထူးသဖြင့် မြို့ရိုးတံတိုင်းပေါ်၌ရပ်ကြည့်နေသော ဂျိချန်းရွဲ့၏ မျက်ဝန်းများက ပြူးကျယ်နေပြီး ပြောစရာစကားများပင်ပျောက်ရှနေလေ၏။


ဆိုင်ငယ်လေး၏အင်အားက ရုပ်သေးရုပ်ဝှိုက်တီနှင့်ထူးခြားဆန်းကြယ်လှသော ခွေးနက်ကြီးဘလက်ကီသာ ဖြစ်သည်ဟု သူအမြဲတမ်းတွေးထင်ထားခဲ့သည်။ကျင့်ကြံဆင့်နှိမ့်သောပိုင်ရှင်ပု၌ ထိုကဲ့သို့တူညီသော တိုက်ခိုက်ရေးစွမ်းရည်ရှိလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့မိပေ။ မသေမျိုး ခန္ဓာ အဆင့်စစ်သည်တော်တစ်ယောက်ကိုပင် ဖိအားပေးထိန်းချုပ်ပြီး မြေပြင်ပေါ် ဖိနှိပ်ထားနိုင်သည်။


ထိုကဲ့သို့ မမျှော်မှန်းနိုင်သော စွမ်းရည်များက ကြည့်ရှုနေသူအားလုံးကို စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်သွားစေသည်။


ဘုန်း....ဘုန်း...ဘုန်း....


မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ထားဆဲဖြစ်သော ပုဖန်၏ မျက်နှာအမူအရာက လေးနက်တည်ကြည်သွားသည်။ မြေပြင်တစ်ခုလုံးက ပြင်းထန်စွာလှုပ်ခါနေပြီး ထိုနေရာမှာအပူလှိုင်းများ မှုတ်ထုတ်နေသလိုထင်ရသည်။


မဟူရာလိပ်ခုံးဒယ်အိုးအောက်မှာ စွမ်းအားများက ကြီးထွားလာသည်ကို ခံစားလိုက်ရသည်။ 


ဒယ်အိုးက တဖြေးဖြေး မြင့်တက်လာ၏။

မဟူရာလိပ်ခုံးဒယ်အိုးက မြေပြင်ပေါ်မှ ကြွတတ်လာပြီးနောက် လေထဲ၌ လည်နေသည်။


မဟူရာလိပ်ခုံးဒယ်အိုးအောက်၌...


 လျန်ခိုင်၏အနက်ရောင်ဆံပင်များက လေအရှိန်နှင့်လွင့်ခါနေသည်။သူ၏ ခန္ဓာကိုယ် ကကြီးမားဖောင်းကားနေသကဲ့သို့ သူ၏မျက်ဝန်းများကလည်း မီးတောက်များလောက်ကျွမ်းနေသလိုထင်ရသည်။


သူ၏ လက်နှစ်ဖက်လုံး၌ ထောင်ထနေသောသွေးကြောများကိုပင်ရှင်းလင်းစွာမြင်ရလေ၏။


သူ၏ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားများကိုစုစည်းပြီး မဟူရာလိပ်ခုံးဒယ်အိုးကိုလေထဲသို့တွန်းတင်နိုင်ခဲ့သည်။


ပုဖန်၏ စိတ်ထဲ၌ တုန်လှုပ်သွားသည်။ သူမဟူရာလိပ်ခုံးဒယ်အိုးကို ရိုက်ထုတ်လိုက်ပြီးအဝေးသို့ရွေ့လျားလိုက်သည်။


ထို့နောက် သူ၏ အတွေးတစ်ချက်ဖြင့်ပင် မဟူရာလိပ်ခုံး ဒယ်အိုးက ပြန်လည်၍ သေးကျုံ့သွားပြီး နောက် အနက်ရောင်အလင်းတန်းတစ်ခုဖြင့်သူလက်ထဲသို့ပြန်ရောက်လာလေသည်။


မဟူရာလိပ်ခုံးဒယ်အိုး၏ ဖိနှိပ်မှု မရှိတော့သည်နှင့်တစ်ပြိုင်နက် လျန်ခိုင်၏ စွမ်းအားများကပျံ့နှံလာပြီး ပို၍ပင် အားကောင်းပြင်းထန်လာသည်။

 

သူ၏ ပုံရိပ်က လျှပ်စီးတန်းတစ်ခုကဲ့သို့ပင် ကောင်းကင်ပေါ်သို့ထိုးတက်သွားပြီးနောက် ပုဖန်ဆီသို့တည့်တည့်ကြီးတိုးဝင်သွားလေသည်။


"ဟမ့်...နာမည်တောင်မရှိတဲ့ သနားစရာ ရှေးလူမျိုးလေးတစ်ယောက်က ဒီသခင်လေးကို တိုက်ခိုက်ရဲတယ်ပေါ့..."


လျန်ခိုင်၏ မျက်နှာက မဲမှောင်နေလေသည်။အမှိုက်သရိုက် အဆင့်၈ တစ်ယောက်၏ ဖိနှိပ်ထားခြင်းကို ခံခဲ့ရသည်။ထိုသတင်းသာ.ပျံ့နှံသွားလျှင် မဟာဂိုဏ်း၏ ကောင်းကင်ဘုံအမွေခံတစ်ယောက်အနေဖြင့် သူမျက်နှာပြရဲတော့မည်မဟုတ်ပေ။


ကောင်းကင်ဘုံတစ်ယောက်ဖြစ်သော သူက ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိရမည်။အဆင့်တူများထဲ၌ပင် ပြိုင်ဘက်ကင်းဖြစ်သော သူက ဘာမဟုတ်သော အဆင့်၈ တစ်ယောက်ကြောင့်မျက်နှာပျက်မခံနိုင်ပေ။


ကျယ်လောင်သော မာန်သွင်းသံတစ်ချက်နှင့်အတူ လျန်ခိုင်၏ ပုံရိပ်က ပုဖန်၏ ရှေ့သို့ရောက်လာသည်။ 

သူ၏မျက်ဝန်းထဲ၌ ဒေါသတရားများဖြင့် ပြည့်နှက်နေပြီး သူ ခန္ဓာကိုယ် မှာသတ်ဖြတ်ခြင်းအငွေ့သက်များ လှိုင်လှိုင်ထွက်ပေါ်နေသည်။


ပုဖန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မဟူရာ လိပ်ခုံးဒယ်အိုကို နောက်တစ်ချက် လွှဲရမ်းလိုက်သည်။ 


ဤတစ်ကြိမ်၌ လျန်ခိုင်က ရှောင်တိမ်းရန် ပင် မကြိုးစားတော့ပေ။ 


သူ့၏ ခန္ဓာကိုယ် တစ်ခုလုံးက ဘောလုံးသဏ္ဍာန် ဖောင်းကားလာပြီး မျက်ခုံးနှစ်ဖက်ကြား၌ ပူပြင်းလှပြီး နေမင်းသဖွယ် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ့၏ မျက်ခုံး နှစ်ဖက်ကြားရှိ သွေးနီရောင်အလင်းတန်း ထွက်ပေါ်လာပြီး ထိအလင်းတန်းက သူ့ခန္ဓာကိုယ် တစ်ခုလုံးကိုဖုံးအုပ်သွားသည်။


မဟူရာ လိပ်ခုံးဒယ်အိုးက အနောက်သို့ပြန်လွင့်သွားပြီး ပုဖန်၏ ခန္ဓာကိုယ်ကို တိုက်မိသွားသည်။ ရိုက်ခတ်လာသော ခွန်အားများကြောင့် ပုဖန် အနောက်သို့လွင့်ထွက်သွား၏။ 


"မင်းလို အဆင့်ရှစ်တစ်ယောက်အနေနဲ့ သခင်လေးရဲ့ နေမီး နတ်ဆိုးခန္ဓာကိုယ် ကို မြင်ရတာ ကံကောင်းမှုပဲ ဒီသခင်လေး လက်ချက်အောက်မှာ သေရတာ ဂုဏ်ယူလိုက်...''


လျန်ခိုင်၏ အမူအရာက ရက်စက်ကြမ်းကြုတ်မှုသို့ ပြောင်းလဲသွားသည်။


 ရုတ်တရက် လေထုထဲ၌ ပေါက်ကွဲသံများဖြင့် ပြည့်နက်သွား၏။ ချက်ချင်းပင် သူ့၏ ပုံရိပ်က ပုဖန်ရှေ့၌ ပေါ်လာသည်။


ဘန်း...


လက်တစ်ချောင်းပင် မမြှောက်လိုက်ရပဲ သူ့ခန္ဓာကိုယ် အတွင်းမှစွမ်းအင်များဖြင့်ပင် ပုဖန်ကို အဝေးသို့ လွှင့်စင်သွားအောင် လုပ်လိုက်သည်။ ပုဖန် မြေပြင်ပေါ်သို့ ခြေကားယား လက်ကားယား ပြုတ်ကျသွားလေသည်။ 


ဝှစ်...


ပုဖန်က ပြန်လည်၍ ထရပ်လိုက်သည့် အချိန်မှာပင် လျန်ခိုင်က သူ့အရှေ့သို့ နောက်တစ်ကြိမ် ရောက်လာပြန်သည်။ ကြီးမားသော လက်သီးချက်ဖြင့် နောက်တစ်ကြိမ် ထိုးခံလိုက်ရပြန်၏။


လက်သီးချက်ကို ကာကွယ်ရန် ပုဖန်က မဟူရာလိပ်ခုံး ဒယ်အိုးကို လွဲရမ်းလိုက်လေသည်။ သို့သော် နောက်တစ်ကြိမ် အသံတစ်ချက်နှင့် အတူ ပုဖန်၏ ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်သွားပြန်၏။


နေမီး နတ်ဆိုး ခန္ဓာကိုယ်ကို အသက်သွင်းပြီးနောက် လျန်ခိုင်၏ စွမ်းအားများက ပို၍မြင့်တက်လာသည်။ သူ့၏ တိုက်ခိုက်မှုများကလဲ ပို၍ ကြောက်စရာကောင်းလှ၏။ သူက ပုဖန်ကို နှိပ်စက်ရန် ကြံစည်ထားလေသည်။ 


ပုဖန်က စပ်ပြဲလန်ခေါက်ဆွဲ ကို စားခဲ့သော်လည်း သူက အဆင့်၁၀နတ်ဘုရား နယ်ပယ်နှင့် တိုက်ခိုက်နေရခြင်းဖြစ်သည်။ထို့ပြင် ထိုသူက နတ်ဘုရားနယ်ပယ် မသေမျိုး ခန္ဓာကိုယ်အဆင့်များ ကြားထဲတွင် တိုက်ခိုက်ရေး အကောင်းဆုံး စစ်သည်တော် တစ်ယောက်ဖြစ်သည်။ 


သူက ဒဏ်ရာများကို ခံနိုင်ရည် ရှိအောင်သာ ကြိုးစားထားရပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိပေ။ 


စောင့်ကြည့်နေကြသော လူအုပ်က တိတ်ဆိတ်သွားသည်။


 အဆင့်ရှစ် စစ်နတ်ဘုရား တစ်ပါးမျှသာ ဖြစ်သော ပိုင်ရှင်ပုက မသေမျိုး ခန္ဓာနှင့် ယှဉ်ပြိုင်ရန် အလှမ်းဝေးနေသေးသည်။ ပုဖန်က လျန်ခိုင်၏ လွှမ်းမိုးခြင်းကို ခံနေရပေသည်။


သူပြန်လည်၍ ထရပ်နိုင်သည့်အချိန်၌ လျန်ခိုင်က သူ့ကို လက်သီးချက်ဖြင့် အဝေးသို့လွှင့်ထွက်သွားစေသည်။ သို့မဟုတ် မြေပြင်ပေါ်သို့ ပြားပြားဝပ်သွားအောင် လက်ဝါးဖြင့် ရိုက်ချသည်။ 


ထိုနတ်ဘုရား နယ်ပယ် အဆင့်က ပုဖန်ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမပေးပေ။ ထို့အပြင် ပုဖန်က တိုက်ခိုက်ရေးစွမ်းရည်များကို လုံးဝ မလေ့ကျင့် ဖူးသောကြောင့် သူ့၏ ပြန်လည် တိုက်ခိုက်နိုင်မှု အင်အားက အလွန်ပင် နည်းလှသည်။  


ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် လျန်ခိုင်၏ လှုပ်ရှားမှုများက အသံ၏ နှုန်းထားအတိုင်းပင် လျင်မြန်လာ၏။ သူ့၏ လှုပ်ရှား မှုများကို မည်သူမျှပင် မမြင်နိုင်တော့ပေ။ 


ပုဖန်က မတ်တပ် ထရပ်လိုက်သည်။ သူ့၏ အဝတ်အစားများကလဲ စုတ်ပြဲနေပေပြီ။ သူက နှုတ်ခမ်းထောင့်စွန်းရှိသွေးများကို လက်ဖြင့် သုတ်လိုက်၏။ သူ့၏ နှလုံးသားထဲ၌လဲ အမျက်ဒေါသများဖြင့် ပြည့်နက်နေလေသည်။ 


ပထမဆုံး အကြိမ် သွေးအန်သည်အထိ အရိုက်ခံရခြင်း ဖြစ်၏။ သူ့၏ နှလုံးသားထဲ၌ ဒေါသမီးလျှံများက မထိန်းချုပ်နိုင်အောင် မြင့်တက်လာလေသည်။


 အံ့အား သင့်စရာ အမြန်နှုန်း ဖြင့်ရွေ့လျားနေသော လျန်ခိုင်၏ ပုံရိပ်ကိုကြည့်ရင်း သူ့၏ မျက်ဝန်းများက တောက်ပြောင်လင်းလက်လာသည်။ ထို့နောက် သူ့လက်ထဲ၌ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာပြီး အစစ်အမှန်စွမ်းအင် များကို ဖြည့်သွင်းလိုက်သည်။ 


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက တောက်ပြောင်လင်းလက်သော ရွှေရောင် အလင်းတန်းများထွက်ပေါ်လာပြီး ကြီးမားလှသော ဓားကြီးအဖြစ်သို့ပြောင်းလဲသွားသည်။ ပုဖန်က ထိုဓားကို ပခုံးဖြင့် ထမ်းထားလိုက်သည်။


ပုဖန်က လျန်ခိုင်၏ လျင်မြန်လှသော ပုံရိပ်ကို ဖမ်းယူနိုင်ရန် မျက်စိလျင်လျင်ထားလိုက်သည်။ ထို့နောက်ထက်မြက်လှသော ဓားက လေထုထဲ ပျံဝဲသွားပြီး လျန်ခိုင့် ဆီသို့ တိုးဝင်သွားသည်။


လျန်ခိုင်၏ မျက်ဝန်းများကရေခဲတစ်မျှအေးစက်နေသည်။ သူ၏လက်ကို အစစ်အမှန်စွမ်းအင်လုံးဖြင့် ကာလိုက်ပြီး ရွှေနဂါးရုပ်မီးဖိုချောင်သုံးဓားကို တိုက်ရိုက်ဖမ်းယူလိုက်သည်။


ထို့နောက်ဓါးကို ပြင်းထန်လှသော အားဖြင့်ဖိချလိုက်ပြီး ပုဖန်ကိုအေးစက်စွာကြည့်လိုက်သည်။


"မင်း..တတ်နိုင်တာဒါအကုန်ပဲလား.....

ဒီလိုနည်းလမ်းလေးနဲ့ ငါကိုတိုက်ခိုက်ချင်နေတာလား...မင်းကို အဲ့ဒီသတ္တိတွေဘယ်သူပေးလိုက်တာလဲ"


လျန်ခိုင်က နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေး၍ ပြုံးလိုက်ပြီး ခက်ထန်လှသော အသံဖြင့်ပြောလိုက်သည်။


မျက်ခုံး နှစ်ဖက်ကြားမှ နေမင်းသဏ္ဍန်ကလဲအပူလှိုင်းများ ပို၍ထုတ်လွှင့်လာသည်။

လျန်ခိုင်၏ ခန္ဓာကိုယ် မှာရွှေရောင်အလင်းတန်းများထွက်ပေါ်နေပြီး.သူ၏ မျက်ဝန်းတစ်စုံမှလည်း အပူငွေ့များထုတ်လွှင့်နေသည်။


ပူပြင်းလှသော နေမင်းနှင့် မျက်နှာချင်းဆိုင်နေရသလိုပင် ပုဖန်ခံစားလာမိသည်။


ပုဖန်က လျန်ခိုင်ကို အေးဆေးစွာပင်ကြည့်လိုက်သည်။ သူ၏ အမူအရာကလဲ အလွန်တည်ငြိမ်နေသည်။


လျန်ခိုင်က တကယ်ကိုသန်မာလှကြောင်း သူဝန်ခံရပေမည်။ သူ အစောပိုင်းကတွေ့ကြုံခဲ့သော ရှုရဂိုဏ်းမှ အရှင်သခင်ထက်ပင်ပို၍ အင်အားကြီးလှသည်။


"မင်းက ငါရဲ့နည်းလမ်းတွေကို ဘယ်တော့မှ ခန့်မှန်းနိုင်မှာမဟုတ်ဘူး.."


ပုဖန်က အေးစက်စွာပြန်ပြောလိုက်သည်။


လျန်ခိုင်က သူစကားကြောင့်အေးစက်စွာရယ်မောလိုက်လေသည်။


ဒီလူက သူကိုယ်သူအလွန်သန်မာတယ်လို့ထင်နေတာလား.....အဲဒီယုံကြည်မှုတွေက ဘယ်ကရောက်လာတာလဲ။


"နည်းလမ်း....မင်းမှာဘာနည်းလမ်းတွေများရှိသေးလို့လဲ...ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်လား...ဟမ့်...မင်းက ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ဘယ်လိုအသုံးချရမယ်ဆိုတာတောင် သိလို့လား....တကယ်လို့ မင်းသာ ငါ့ကို မီးတောက် ပေးမယ်ဆိုရင် ငါရဲ့ နေမီးနတ်ဆိုး ခန္ဓာကိုယ် ကပြီးပြည့်စုံသော အဆင့်ကိုရောက်သွားလိုက်မယ်....နတ်ဘုရားလက်ဆောင်ကို ချက်ပြုတ်တဲ့နေရာမှာသုံးနေတာက ဖြုန်းတီးပစ်တာပဲ..."


လျန်ခိုင်က အံတင်းတင်းကျိတ်၍ ဒေါသတကြီးပြောလိုက်သည်။


ပုဖန်က ရွှေရောင် အလင်းတန်းများဖြင့်လင်းလက်နေသော လျန်ခိုင်၏ ပုံရိပ်ကို မျက်မှောက်ကျုံ၍ ကြည့်လိုက်သည်။


"ဘယ်လိုတောင် လာထောင်လွှားနေတာလဲ ....ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ရဲ့ အဓိပ္ပါယ်ကိုက ချက်ပြုတ်ဖို့ပဲ..."


ပုဖန်ကပြန်လည်ချေပပြီးသည်နှင့် ပါးစပ်ကိုဖွင့်ဟ၍ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်သည်။


လေထုထဲ၌ပြင်းထန်လှသော အပူရှိန်များထွက်ပေါ်လာသည်။ မီးတောက်ကို မှုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပုခုံးပေါ်၌အိပ်ပျော်နေသော ရွှေရောင်ကျိုင်းပုစွန်က ခေါင်းထောင်ကြည့်လိုက်သည်။


သူ၏မျက်ဝန်းများကို ရွေ့လျား၍ကြည့်လိုက်ပြီးနောက် လက်သေးသေးလေးများကို အသုံးပြု၍ ပုခုံးပေါ်၌ တွားသွားလိုက်သည်။ 


 ထို့ နောက် ပုဖန်၏ ပုခုံးကိုထောက်ကန်လိုက်ပြီး လေထုထဲသို့ ခုန်တက်လိုက်သည်။သူ၏ လှုပ်ရှားမှုများက အလွန်လျှင်မြန်လှပြီး အလင်းတန်းတစ်ခုသဖွယ်လေထဲသို့ ထိုးတက်သွားလေသည်။ 


လျန်ခိုင်က ပုဖန်၏ရွှေရောင်မီးတောက်ကို မြင်လိုက်ရပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ်ရွှေရောင်အလင်းတန်းတစ်ခုက သူနှင့်နီးကပ်လာသည်ကို တွေ့လိုက်ရသည်။


"အဲဒါ ဘာလဲ ..."


လျန်ခိုင်၏ စိတ်ထဲ၌ တုန်လှုပ်ခြောက်ခြားသွားသည်။သူ့.ဝမ်းဗိုက်မှ နီညှိရောင်သွေးများစီးကျလာလေသည်။သူ နာကျင်စွာအော်ဟစ်မြည်ကြွေးလိုက်ရပြီး ပြင်းထန်လှသော ဖိအားကြောင့်မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။


သူ့၏ ဗိုက်ရှိ ကြီးမားလှသော အပေါက်မှ သွေးများ အဆက်မပြတ်စီးကျ လာသောကြောင့် သူ့ခန္ဓာကိုယ်ရှိ ရွှေရောင် အလင်းတန်းများ မှေးမှိန်သွားသည်။


"သေစမ်း... သေစမ်း...''


လျန်ခိုင်ကမြေပြင်ပေါ်၌ လှုပ်ရှား ရုန်းကန်နေရသည်။ သူ့၏ မျက်နှာက ကြည့်ရဆိုးလောက်အောင် ရှုံ့မဲ့နေ၏။ သူ့၏ စွမ်းရည်များက မတည်မငြိမ်ဖြစ်နေပြီး နေမီး နတ်ဆိုး ခန္ဓာကိုယ် ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မလွယ်ကူတော့ပေ။


  သူခက်ခက်ခဲခဲ ခေါင်းမော့၍ ကြည့်လိုက်သည်။ သူ့၏ ခန္ဓာကိုယ်ကို အပေါက်ဖြစ်အောင် ဖောက်ခဲ့သော သတ္တဝါက ပုဖန်၏ ပခုံးပေါ်မှ နေ၍ အေးအေးဆေးဆေး ကြည့်နေသည်ကို မြင်လိုက်ရ၏။


"အဲ့ဒီ ကျိုင်းပုစွန်က မဟာဂိုဏ်းရဲ့ ကောင်းကင်ဘုံ အမွေခံ မသေမျိုးခန္ဓာအဆင့် စစ်သည်တော်ရဲ့ ခန္ဓာကိုယ်ကိုတောင် အပေါက်ဖောက်နိုင်လောက်အောင် စွမ်းတာလား....."


လျန်ခိုင်၏ ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။


.....


ပုဖန် ဆုပ်ကိုင်ထားသော မဟူရာလိပ်ခုံးဒယ်အိုးထဲ၌ ရေခဲတောင်မြစ်ရေများက ပွက်ပွက်ဆူနေလေသည်။


သူ့စိတ်ထဲမှ အတွေးတစ်ချက်ဖြင့်ပင် ရေများကြားထဲ၌ ခေါက်ဆွဲမျှင်များ ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်ဘေး၌လည်း ကြွေပန်းကန်ကိုးလုံး လွင့်မျောနေလေသည်။


ပုဖန်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။သူ့၏ မျက်နာအမူအရာက တည်ကြည်လေးနက်နေတုန်းပင်ဖြစ်၏။သူ ဒယ်အိုးထဲမှ ခေါက်ဆွဲများကို ပန်းကန်လုံးကိုးလုံးထဲသို့ လှယ်ထည့်လိုက်သည်။


ရေနွေးငွေ့များနှင့်အတူ စိတ်ဝိညာဉ်စွမ်းအင်များ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားလေသည်။စပ်ပြဲလန်ခေါက်ဆွဲကို ပန်းကန်လုံး ကိုးခုထဲသို့ ထည့်၍ ပြီးစီးသွားလေပြီ။


သူ့ခန္ဓာကိုယ်ဘေး၌ လွင့်မျောနေသော ပန်းကန်လုံး ကိုးလုံး၏ အပေါ်၌ မျက်စိဖြင့် မမြင်န်ိုင်သော စွမ်းအင်လှိုင်းများ ဖုံးလွှမ်းနေသည်။


လျန်ခိုင်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း အငွေ့အသက်များက ပိုမို၍ အားကောင်းလာသည်။


သူ့လက်ထဲ၌ ရွှေရောင် လှံရှည်တစ်ချောင်းပေါ်ထွက်လာပြီးနောက် ပုဖန်ကို ချိန်ရွယ်လိုက်သည်။


ပုဖန်၏ စိတ်ထဲမှ အတွေးတစ်ချက်ဖြင့်ပင် သူ့ပတ်ဝန်းကျင်ရှိ ပန်းကန်လုံးကိုးလုံးက စက်ဝိုင်းပုံသဏ္ဍာန်လှည့်လည်နေလေသည်။


"ငါ ပြောခဲ့သလိုပဲ မင်းက ငါ့ရဲ့ နည်းလမ်းတွေကို ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး......"


ပုဖန်က လျန်ခိုင်ကို ကြည့်၍ မဲ့ပြုံးပြုံးလိုက်သည်။


လျှာကဝေ အခင်းအကျင်းက နောက်ဆုံး၌ လေထုကို ဖုံးလွှမ်းသွားလေပြီ။