အပိုင်း ၄၁၂
Viewers 53k

အခန်း ၄၁၂

ဒေါသကြီးနေသော ပုဖန်...


"ဘုန်း ဘုန်း ဘုန်း....''


လေထုထဲ၌ ပေါက်ကွဲတုန်ခါသံများ ဆက်တိုက်ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင် အနှံ့ လွှမ်းမိုးသွားသည်။ လူတိုင်းက အသံသေးသေးလေး ပြုလုပ်မိမှာကိုပင် ကြောက်ရွံ့ထိတ်လန့်မိသောကြောင့်အသက်ရှူ ပင် အောင့်ထားပြီး မျက်လုံး ပြူးများဖြင့် ပုဖန်တို့၏ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။


 ပိုင်ရှင်ပု၏ မယုံနိုင်စရာ တိုက်ခိုက်စွမ်းရည်က သူတို့ကို တုန်လှုပ်သွားစေသည်။ သူတို့အားလုံးက ပိုင်ရှင်ပုဆိုသည်မှာ ထိုင်ခုံပေါ်တွင် ပျင်းရိစွာ ထိုင်ပြီး အေးအေး သက်သာနေပူစာ လှုံတတ်သူဟု သိရှိထားကြခြင်း ဖြစ်သည်။ ထိုကဲသို့ ကြောက်စရာကောင်းလှသော စွမ်းရည်များရှိနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။ 


ပိုင်ရှင်ပုက ကောင်းကင်ယံ၌ ထူးခြား ဆန်းကျယ်လှသော အသွင်အပြင်ဖြင့် မျောလွင့်နေသည်။သူ့၏ နံဘေးနား၌လည်း အငွေ့တထောင်းထောင် ထနေသော ခေါက်ဆွဲပန်းကန်များ မျောလွင့်နေ၏။ ခေါက်ဆွဲ ပန်းကန်များ၏ အထက်၌ စွမ်းအင် လှိုင်းလုံးလေးများ ဖုံးအုပ်နေသည်။ ထိုပိုးချည်မျှင်ကဲ့သို့ လှိုင်းလုံးကလေးများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်ဟုပင်ထင်ရသည်။


ခေါက်ဆွဲပွဲ ကိုးပွဲ...

ပိုင်ရှင်ပုက အဲ့ခေါက်ဆွဲ ကိုးပွဲလုံးကို စားမှာလား...


ကြည့်နေသူများ၏ အမူအရာက ပြောင်းလဲသွားသည်။ ထိုအခင်းအကျင်းက မှော်အစီအရင်ဟူသော အတွေးမျိုးတော့ သူတို့ခေါင်းထဲ အနည်းငယ်မျှပင် ဝင်မလာပေ။ ဦးနှောက်ကောင်းသူ ခေါင်းကောင်းသူ မည်သူမှစားကောင်းသောက်ဖွယ်များနှင့် မှော်အစီအရင် များဆက်စပ်နေကြမည်ဟု တွေးမိလိုက်ကြမည်မဟုတ်ပေ။ 


လျန်ခိုင်၏ ဦးနှောက်ကလဲ ချိုင့်မနေသောကြောင့် ပုဖန်မည်သည့်အရာ လုပ်ဆောင်နေသည်ကို သူရှင်းရှင်းလင်းလင်း မသိပေ။


အထူးသဖြင့် ကျိုင်းပုစွန်က သူ့ဗိုက်ကို အပေါက်ဖြစ်အောင် ဖောက်သွားသောကြောင့် သွေးများယိုစီးကျနေပြီး သူ့အခြေအနေက ဆိုးရွားနေလေသည်။ သူကနေမီး နတ်ဆိုး ခန္ဓာကိုယ်ဖြင့် သူ့၏ ဒဏ်ရာများကို သက်သာအောင် လုပ်ဆောင်နေလေသည်။ သူ့၏ စွမ်းအင်များကလဲ ဆိုးဆိုးရွားရွား ယုတ်လျော့နေသည်။ 


သူ့၏ နေမီး နတ်ဆိုးခန္ဓာကိုယ်ကို ခိုင်မြဲနေအောင် ထိန်းသိမ်းထားရသည်ကလဲ ပို၍ခက်ခဲလှသည် ခြုံ၍ပြောရလျှင် သူ့၏ နေမီး နတ်ဆိုးခန္ဓာကိုယ်ကို ထိန်းသိမ်းရန် သူ့၏ စွမ်းအင်များစွာ လိုအပ်ပေသည်။ လျန်ခိုင်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူ့၏ မျက်ခုံးနှစ်ဖက်ကြားက နေမီး နတ်ဆိုးခန္ဓာကိုယ်က ပျောက်ကွယ် သွားသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလန်းတန်းများကလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ 


သို့သော်လည်း သူ့၏ လက်ထဲ၌ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် လှံရှည်တစ်ချောင်းကျန်နေခဲ့သည်။ 


ရွှတ်...


သူက လှံရှည်ဖြင့်ချိန်ရွယ် လိုက်သည်။ ထိုခဏ၌ လေထုက တိုးဖောက်ခံလိုက်ရတော့ မယောင် တုန်ခါသွားသည်။ ကျယ်လောင်သော အသံ ထွက်ပေါ်လာပြီး၌ လျန်ခိုင်၏ ခန္ဓာကိုယ်က ပုဖန်ရှိရာ ဆီသို့ ရွေ့လျားသွားသည်။ သူက သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့်ပုဖန်ကို စိုက်ကြည့်လိုက်၏။ 


"မင်းက ငါ့ကို ကြောက်မယ်လို့ ထင်နေတာလား...'' 


လျန်ခိုင်က အေးစက်စွာပင် နှာခေါင်း ရှုံ့လိုက်သည်။ သူကအရူးတစ်ယောက် မဟုတ်ပေ။ခေါက်ဆွဲပွဲများက မည့်သို့သော စွမ်းအင်ကို စုဆောင်းနိုင်ပါမည်နည်း။


အကယ်၍သာ စုဆောင်းနိုင်မည်ဆိုလျှင် ပုဖန်က တိုက်ပွဲ မစခင် ခေါက်ဆွဲပွဲ ခုနစ်ပွဲ ရှစ်ပွဲ စားထားသင့်သည်။ ယခုအချိန်ကျမှ သန်မာချင်ယောင်ဆောင်ပြနေရန် မလိုအပ်ပေ။


ပုဖန်က သူ့၏ စိတ်အာရုံကိုသာ စုစည်းထားပြီး ခေါက်ဆွဲပွဲ ကိုးပွဲ ကို ထိန်းချုပ်ထားလိုက်သည်။အရိုးသားဆုံးပြောရလျှင် သူက လျှာကဝေ အစီအရင်ကို အပြည့်အဝ အသုံးနိုင်စွမ်းမရှိသေးပေ။ သူအကောင်းဆုံး လုပ်ဆောင်လျှင်တောင်မှ သူပန်းကန်လုံး ခြောက်လုံးထဲမှ စွမ်းအင်များကိုသာ ချိတ်ဆက်နိုင်သေးသည်။ 


စပ်ပြဲလန်ခေါက်ဆွဲ ကိုးပွဲလုံး၏ စိတ်ဝိညာဉ်စွမ်းအင်များကို ချိတ်ဆက်ရာ၌ အောင်မြင်မှုရရှိနိုင်မည်ဟု သူ ယုံကြည်ချက် မရှိချေ။  


သို့သော်... သူ့၌ တခြားရွေးချယ်စရာလဲ မရှိပေ။ ထပ်ပေါင်း၍ ပြောရလျှင် သူတို့ နှစ်ယောက်ကြားရှိ ကွာခြားချက်ကအလွန်ကြီးမားလွန်းလှသည်။


 မှန်ပေသည် သူ့၌ တခြား ဖြစ်နိုင်ချေတစ်ခုလဲရှိနေပေသေးသည်။ အကယ်၍ ဘလက်ကီသာ နိုးထလာလျှင် အရာရာ အားလုံးကလွယ်ကူသွားပေလိမ့်မည်။ 


ထိုအစားကြူး ခွေးငပျင်း ဘလက်ကီ၏ တိုက်ခိုက်မှု စွမ်းရည်က တကယ့်ကို မြင့်မားလှပေသည်။ တကယ်၍ ဘလက်ကီသာ ဆိုလျှင် လျန်ခိုင့်ကို သေသည်အထိ အသာလေး ထုချေ နိုင်ပေလိမ့်မည်။သို့သော်လည်း ဘလက်ကီက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပြီး ဘယ်အချိန်မှ နိုးထလာမည်ကိုလည်း သူမသိပေ။ ထိုကြောင့် ဒီနေ့အတွက် ဘလက်ကီကို အားကိုးနေ၍ မရချေ။


 လျှာကဝေ အစီအရင်ကသာ သူ့၏ နောက်ဆုံးရွေးချယ်စရာပင်ဖြစ်သည်။ အလွန်ခက်ခဲလှသော အခြေအနေများတွင် မိမိ ကိုယ်ကို ဖိအားပေးခြင်းက အမြန်ဆုံး ရင့်ကျက်လာနိုင်မည့် အကြောင်းအရင်းများလဲ ဖြစ်ပေသည်။ 


လျန်ခိုင်၏ လှံရှည်က သူ့ဆီသို့ ပျံသန်းလာပြီ ဖြစ်သော်လည်း သူ့၏ အစီအရင်ကမူ ပုံပေါ်လာခြင်း မရှိသေးပေ။ သူ့၏ ပခုံးပေါ်၌ အေးဆေး သက်သာစွာ အနားယူနေသော ကျိုင်းပုစွန်က အသွင်ရော မျက်ဝန်းများကို လှည့်လိုက်သည်။ 


သူက ချက်ချင်းဆိုသလိုပင် အလျင်အမြန် ပြေးထွက်လိုက်သည်။ သူ့၏ ခန္ဓာကိုယ်က ရွှေတုံးများဖြင့် ပြုလုပ်ထားသလို့ အလင်းရောင်များ ထွန်းလင်းတောက်ပလာပေသည်။ လျန်ခိုင်က ထိုတောက်ပမှုကို ကြည့်ရင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။


ထို့နောက် သူ့၏လက်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲမှ နေ၍ သူ့ဆီလာနေသော ပုစွန်ပိစိထံသို့ စွမ်းအင် တစ်လှိုင်းပစ်လွှတ်လိုက်သည်။ 


"ပိစိကောင်က ငါ့ကို နောက်တစ်ကြိမ် အရူး ထပ်လုပ်ချင်နေတာလား... မင်းက ကျိုင်းပုစွန် တစ်ကောင်သာသာပဲ...မင်းငါ့ကို တစ်ခါပဲ လှည့်စားလို့ရမယ်... 'မင်းက ငါ့ကို နောက်တစ်ကြိမ် အရူး လုပ်နိုင်အုံးမယ်ထင်နေသေးတာလား ...''


လျန်ခိုင့်၏ လက်ဖဝါးမှ သိပ်သည်းလှသော စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်လာပြီးနောက် တချွင်ချွင် မြည်နေသော ချိန်းကြိုးအစများအဖြစ်သို့ ပြောင်းလဲ သွားသည်။ထိုစွမ်းအင်ကြိုးစက ကျိုင်းပုစွန်ကို ချည်နှောင်လိုက်လေသည်။ ပုစွန်ပိစိ၏ မျက်ဝန်းများက ပြူးကျယ်သွားသည် သူ့၏ အမွှေးရှည်နှစ်ချောင်းကို လှုပ်ရမ်းလိုက်ပြီး လွတ်မြောက်နိုင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူပို၍ လှုပ်ရှားလေလေ စွမ်းအင်ကြိုးက ပို၍ တင်းလေလေ ဖြစ်သည်။ 


နောက်ဆုံး၌ အစစ်အမှန် စွမ်းရည် အချုပ်အနှောင်များကြောင့် ပုစွန် ပိစိ၏ ခန္ဓာကိုယ်က ဘောလုံးတစ်ခု ကဲ့သို့ လုံးဝန်းသွားသည်။ လေထဲက တစ်ဆင့် မြေပြင်ပေါ်သို့ပြုတ်ကျပြီး လွင့်ထွက်သွားလေ၏။ ပိစိက မြေပြင်နှင် ရိုက်မိသွားသည်နှင် တစ်ပြိုင်နက် သူ့၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ့ကိုယ်အတွင်းရှိ အစစ်အမှန်စွမ်းအင် များက ချိတ်ပိတ် ခံလိုက်ရသည်။ သူလုပ်နိုင်သည့် အရာမှာ မျက်တောင်ခတ်၍ အကူအညီမဲ့ ကြည့်နေခြင်းပင် ဖြစ်သည်။ 


လျန်ခိုင်က အေးစက်စွာ နှာခေါင်းရှုံလိုက်သည်။ ကျိုင်းပုစွန်တစ်ကောင်က သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်နိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။ သူ့ကိုအရူးဟုထင်မှတ်ထားခဲ့သည်။ 


ထိုခဏ၌ လေထုထဲမှ စွမ်းအင် အတက်အကျ လှိုင်းများက ပျောက်ကွယ်သွားလေသည်။ လျန်ခိုင်က မကောင်းသော ခံစားချက်ကို ခံစားလိုက်မိပြီး သူ့၏ နှလုံးသားက တင်းကျပ်သွားသည်။သူခေါင်းမော့ ကြည့်လိုက်လေရာ ပုဖန်၏ ဘေးနား၌ ပန်းကန်လုံး ကိုးလုံးက အနည်းငယ် မှုံဝါးသည့်အခြေအနေသို့ ပြောင်းလဲလာသည်ကိုတွေ့လိုက်ရသည်။ 


"ဘာတွေ ဖြစ်နေတာလဲ...?'' 


လျန်ခိုင်က အနည်းငယ် တုန်ရီသွားသည်။ သူအသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ပုဖန်ဆီသို့ တဟုန်ထိုး ပြေးဝင်လိုက်ရာ လေထုထဲ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ့၏လက်ထဲ၌ စွမ်းအင်များဖြင့်ပြည့်နေသော ရွှေရောင်လှံရှည်က လေထုထဲ၌ စွမ်းအင်ရေဝဲ တစ်ခုသဖွယ် ဖြစ်တည်လာပြီး အဆက်မပြတ် စတင်လည်ပတ်လာသည်။


ပုဖန်က မျက်လုံးများ ပိတ်ထားပြီး သူ၏ စိတ်အာရုံကို လည်ပတ်နေသော ပန်းကန်လုံးကိုးလုံးဆီသို့ စူးစိုက်ထားသည်။ သူ့၏ ခန္ဓာကိုယ်အပေါ်မှ ပိုးမျှင်ကဲ့သို့ စွမ်းအင်များ ထွက်ပေါ်လာပြီး ခေါက်ဆွဲပန်းကန် တစ်ခုချင်းစီအတွင်းသို့ တိုးဝင်ရောနှောသွားသည်။ 


ခေါက်ဆွဲ ပန်းကန် ရှစ်ခုမှ အစစ်အမှန် စွမ်းအင်များကို အောင်မြင်စွာချိတ်ဆက်ပြီးနောက် ပုဖန်၏ မျက်နှာက ဖြူဖျော့လာသည်။ 


အချိန်ခဏအတွင်း၌ပင် သူ့ခန္ဓာကိုယ် အတွင်းရှိ အစစ်အမှန်စွမ်းအင် များပင်ကုန်စင်သွားတော့မည်ဟုပင် ထင်ရသည်။ အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါး၏ အစစ်အမှန်စွမ်းအင်များကို အကုန်အစင် ညှစ်ထုတ်လိုက်သကဲ့သို့ပင် ထိုအစီအရင်က စွမ်းအင်အများအပြားကို စားသုံးလေသည်။ထို့အပြင်သူက ယခု လက်ရှိ၌ ခေါက်ဆွဲပန်းကန် ရှစ်ခုကိုသာ ချိတ်ဆက်၍ ပြီးသေး၏။ 


လေထဲ၌ ပျံသန်းလာနေသော လျန်ခိုင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထိုခံစားမှုကြောင့် ပုဖန်၏ ခန္ဓာကိုယ်မှ ကြောအချဉ်များတောင့်တင်း သွားပြီး ခြေမှ ခေါင်းအဆုံး ကြက်သီးမွှေးညှင်းများ ထသွားသည်။


 မြန်ရမည်.. သူမြန်မြန် လုပ်ဖို့ လိုအပ်ပေသည်။ 


ပုဖန်က သူ့၏ သိုလှောင်အိမ်ထဲမှ ကမာ နှလုံးသား ပန်ကိတ်များ တစ်ခုပြီး တစ်ခု ထုတ်စားလိုက်သည်။ ထိုပန်ကိတ်က ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးသည်။သူ့၏ စွမ်းအင်ဖြည့်တင်းမှုက နှေးကွေးသည်ဆိုသော်လည်း အကျိုးသက်ရောက်မှု ရှိနေဆဲပင် ဖြစ်သည်။


သူ ကမာနှလုံးသား ပန်ကိတ်များ အဆက်မပြတ် ထိုးသွင်းပြီးသည်နှင့်မျက်လုံး ပြန်မှိတ်လိုက်သည်။ ထို့နောက် စိတ်ထဲမှ နေ၍ ကိုးလုံးမြောက် ခေါက်ဆွဲပန်းကန်နှင့် စွမ်းအင်ချိတ်ဆက်ရင် ကြိုးပမ်းလိုက်လေ၏။ထိုအရာက လျန်ခိုင်ကို ထိုးနှက်နိုင်မည့် အဓိက သော့ချက်ပင်ဖြစ်သည်။


လူအုပ်ကြီးက ဖြူဖျော့သော မျက်နှာများဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။ သူပေါ်၌ စိုးရိမ်ပူပန်မှုဖြင့် အထင်းသား ပြည့်နက်နေပြီး ဆူညံသံ သေးသေးမျှပင် မပြုလုပ်ရဲကြပေ။


လူအုပ်ကြီးက ခေါင်းမော့၍ကြည့်လိုက်သည့်အချိန်... ထိုကဲ့သို့ ထူးဆန်းလှသော မြင်ကွင်းကိုမြင်ရသည်တောင်မှ သူတို့အသံမထွက်ရဲကြပေ။


ပိုင်ရှင်ပု၏ ခန္ဓာကိုယ်ဘေး၌အငွေ့တထောင်းထောင်းထနေပြီး အမွေးရနံ့များ ထုတ်လွှင့်နေသည့် ခေါက်ဆွဲပန်းကန် ၉လုံးဝန်းရံနေသည်။ သို့သော်လည်း သူက ထိုခေါက်ဆွဲပွဲများကို လျစ်လျူရှုထားပြီး ကမာနှလုံးသားပန်ကိတ်ကိုသာ ပါးစပ်ထဲ အဆက်မပြတ်ထိုးထည့်ပြီး လျင်မြန်စွာဝါးနေသည်။


ထိုအမူအရာက တမူထူးခြားသလို ဟာသလဲ မြောက်လှသည်။ 


"လှည့်ကွက်တွေကို ရပ်လိုက်တော့...

ဒီသခင်လေးက မင်းရဲ့အလောင်းကောင်ကနေပြီးတော့ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ထုတ်ယူသွားမယ်..."


လျန်ခိုင်က မျက်လုံးပြူး၍ အော်ဟစ်လိုက်သည်။


သူလက်ထဲရှိ ရွှေရောင် လှံတံရှည်ကိုဝှေ့ယမ်းလိုက်ပြီးနောက်ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်၏။


ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ လေဟာနယ်ကိုဖြတ်သန်းသွားလေသည်။


အစစ်အမှန်စွမ်းအင်ကြိုးဖြင့် ထိန်းချုပ်ခံထားရသော ကျိုင်းပုစွန်က သူ၏မျက်လုံးများကိုလှည့်၍ အကဲခတ်လိုက်သည်။

ထို့နောက် အသံဖျော့ဖျော့တစ်ခု ထွက်ပေါ်လာသည်။ ကျိုင်းပုစွန်က သူကိုချုပ်နှောင်ထားသော အစစ်အမှန်ကြိုးကို ဝါးစားရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ သို့သော်လည်း အကုန် ဝါးစားရန်အတွက်အချိန်ယူရပေဦးမည်။


"သေလိုက်.."


ဘ်ုန်း........


မြေပြင်မှနေ၍ မြှောက်မြားလှသော ဓါးမြောင်များ လျန်ခိုင်ဆီသို့တိုးဝင်လာလေသည်။


ဝှိုက်တီက အပျက်စီးပုံများကြားမှ လိမ့်ထွက်လိုက်သည်။သူ၏ ငွေရောင်မျက်ဝန်းများက တစ်ဖျက်ဖျက် လင်းလက်နေ၏။

ကျောဘက်မှ သတ္တုတောင်ပံတစ်စုံကို ပြန့်ကားလိုက်ပြီး ကောင်းကင်ထက်ဆီသို့ ထိုးတက်လိုက်သည်။ ထို့နောက် လျန်ခိုင်ဆီသို့ လက်သီးပြင်းပြင်းတစ်ချက်ထုတ်လိုက်၏။


သူက လျန်ခိုင်ကိုတားဆီနှောက်ယှက်နိုင်ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း လျန်ခိုင် ကသူကို စိတ်ကူးထဲမှာပင်ထည့်မထားပေ။


ရုပ်သေးရုပ်တစ်ရုပ်ကသူကိုမည်သို့တားနိုင်ပါမည်နည်း.....


သူကလှံရှည်ကို လွဲရမ်း၍ ပစ်ထုတ်လိုက်သည်။လှံက လေထုကိုစုတ်ဖြဲ၍ ဖြတ်သန်းသွားပြီး ဝှိုက်တီဆီသို့တည်တည့် ထိုးဖောက်ဝင်ရောက်သွားသည်။


မယုံနိုင်စရာကောင်းလှစွာပင် ထိုလှံရှည်က ဝှိုက်တီကို ထိုးဖောက်နိုင်သွားသည်။


ဘန်း.....


ဝှိုက်တီက မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကြသွားသည်။သူ၏ ခန္ဓာကိုယ် ပေါ်၌ အပြာရောင်လျှပ်စီးတန်းများ တောက်ပနေသည့် ကြီးမားလှသောအက်ကြောင်းကြီးရှိနေသည်။


ဝှိုက်တီ၏ ငွေရောင်မျက်ဝန်းများက အမဲရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး လှုပ်ရှားမှုများရပ်တန့်သွားသည်။ 


ပုဖန်၏နှလုံးသားက ခုန်လှုပ်သွားပြီး သူ၏ မျက်ဝန်း များကျဉ်းမြောင်းသွားသည်။ ဝှိုက်တီက လှံရှည်ဖြင့် ထိုးဖောက်ခံလိုက်ရပြီး မြေပြင်ပေါ် ပြုတ်ကျသွားသည့်မြင်ကွင်းကို သူထင်ထင်ရှားရှား မြင်လိုက်ရသည်။


သူ၏ အတွင်းစိတ်ထဲမှ ငြိမ်းအေးမှုက ပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှု လှိုင်းလုံးများက သူ၏နှလုံးသားကို ဖုံးလွှမ်းသွားသောကြောင့် တည်ငြိမ်အေးဆေးသည့် အမူအရာကလည်း ကွယ်ပျောက်သွားသည်။


သူ၏ စိတ်ထဲ၌ ဒေါသမီးလျှံများ အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေသည်။


ဝေါ့......


ပုဖန်က သွေးချောင်းဆိုးပြီး ပါးစပ်အပြည့် သွေးအပြည့်တစ်လုတ်အန်ထုတ်လိုက်ရသည်။ အနည်းဆုံးအနေနှင့်နောက်ဆုံး သူစိတ်ဝိညာဉ်စွမ်းအင်များကို ချိတ်ဆက်ပြီးဆုံးသွားခြင်းက ကံကောင်းလှပေသည်။


ဘေးပတ်လည်၌ ရှိနေသော စပ်ပြဲလန်ခေါက်ဆွဲ၉ပွဲဆီမှ ထူးခြားဆန်းကျယ်သော ပုံသဏ္ဍန်လေးများဖြစ်ပေါ်လာပြီးနောက် သူ့ကိုဗဟိုပြု၍ တဖြေးဖြေးချင်း လှည့်ပတ်လာသည်။


ပုဖန်က ကောင်းကင်ပော်မှ ကျဆင်းသွားပြီးနောက် နက်ရှိုင်းလှသော တွင်းတစ်ခုလမ်းပေါ်၌ ဖြစ်ပေါ်လာသည်။ သူ၏ စွမ်းအင်များ က ကုန်ခမ်းလုနီးပါးဖြစ်သွားပြီးနောက် သူ ခန္ဓာကိုယ် ပေါ်၌တန်ကြိမ်များစွာလေးလံသော ဧရာမ ကျောက်တုံးကြီး ဖိထားသလိုခံစားနေရသည်။


သို့သော်လည်း သူနှလုံးသားထဲ၌ စိတ်လှုပ်ရှားမှု တစ်ခုဖြင့် လှုပ်ခတ်နေခဲ့သည်။

နောက်ဆုံး၌ လျှာကဝေ မှော်အစီရင်ကစတင် ဖွဲ့တည်လာပေပြီ။


လျှာကဝေ မှော်အစီရင်နဲ့ပတ်သက်သည့် များပြားလှသော ဗဟုသုတများကလည်း သူမှတ်ဉာဏ်ကို ဖုံးလွှမ်းသွားသည်။

ပုဖန်က ဂရုတစိုက်ဖြင့် ဖတ်ရူလိုက်၏။


လျန်ခိုင်က သူ၏လက်ထဲမှ လှံရှည်ကိုဝှေ့ယမ်းလိုက်သည်။ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့သက်များကြောင့် လှံဖျားဦးတည်ရာ မြေပြင်ပေါ်ရှိကျောက်တုံးများက ကွဲအက်ကြေမွသွားသည်။


ဟူး......


ပုဖန်က အသက်တစ်ချက်ရူထုတ်လိုက်ပြီးနောက်ဖြေးညင်းစွာထရပ်လိုက်သည်။ ခေါက်ဆွဲပွဲ ၉ပွဲ၏အလယ်ဗဟိုမှာ အဖြူရောင်အလင်းတန်းများစတင်ထွက်ပေါ်လာသည်။


ထိုအဖြုရောင် အလင်းတန်းများက သူ၏ခေါင်းပေါ်၌လည်ပတ်နေပြီး အလွန်လျင်မြန်လှသော အချိန်ဖြင့် မှော်အစီရင်အဝန်းဝိုင်းတစ်ခုကိုဖွဲ့စည်းလာသည်။


အပေါ်မှနေ၍ အောက်ဘက်ဆီသို့ အလင်းရောင်တန်းများ ထုတ်လွှင့်နေသည့် မှော်အစီရင်ပုံစံကို ကြည့်ရသည်က ထူးခြားဆန်းကျယ်လှသည်။


ပုဖန်က ခန္ဓာကိုယ် တစ်ခုလုံးအင်အားများဖြင့်ပြန်လည်ပြည့်လာသည်ဟု ခံစားလိုက်ရသည်။သူခေါင်းမော့လိုက်ပြီး လျန်ခိုင်ကို မျက်နှာသေဖြင့် စိုက်ကြည့်လိုက်သည်။


လျန်ခိုင်၏ စိတ်ထဲ၌ တထိတ်ထိတ်ရင်တုန်သွားသည်။


"ဘာတွေဖြစ်နေတာလဲ"


"ဒီကောင်လေးရဲ့ အကြည့်တစ်ချက်က ဘာလို့ငါကိုကြောက်ရွံစေရတာလဲ....".


"မဟုတ်သေးဘူး

သူက အဆင့်၈ လေးတစ်ယောက်ပဲလေ လှံတစ်ချက်အဝေ့မှာတင် လှံဖျားမှာအသက်ပါသွားနိုင်တယ်....."


"သေလိုက်တော့"


လင်းလက်လှသော ရွှေရောင်အလင်းတန်းများ ကောင်းကင်ပေါ်မှကျရောက်လာပြီး ပုဖန်ဆီသို့ဦးတည်လာလေသည်။ ပုဖန်က ထိုရွှေရောင်အလင်းတန်းများကို ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။


သူလက်ဖျောက်တစ်ချက်တီးလိုက်သည်။


ဝှီး......


ထူးခြားလှသော စွမ်းအင်လှိုင်းများစတင်ပျံ့နှံလာသည်။


ပုဖန်၏ ခေါင်းအထက်မှ မှော်အစီရင်က တုန်ခါလာပြီး သူအရွယ်အစားက ကြီးမား ပြန့်ကားလာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မှော်အစီရင်က အင်ပါယာမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားပေသည်။


ကြီးမားလှသော ခေါက်ဆွဲပန်းကန်လုံးပုံသဏ္ဍန် အရိပ်များက မြို့၏ ထောင့်များဆီသို့ ပျံသန်းသွားပြီးနောက် ကောင်းကင်ပေါ်သို့ ထိုးတတ်နေသည့် အလင်းတိုင်များအဖြစ်သို့ပြောင်းလဲသွားသည်။


ပုဖန်က ထိုမှော်အစီရင်၏ အလယ်တည့်တည့်၌ ရပ်နေပြီးနောက် သူ၏လက်ကိုမြှောက်လိုက်သည်။

........

မှော်အစီရင်က ရမ်းခါသွား၏။


လျန်ခိုင်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။


ထို့နောက်သူ ကောင်းကင်ပေါ်မှနေ၍ မြေပြင်ဆီသို့ ပြင်းထန်လှသော အားဖြင့်ရိုက်ချလိုက်သည်။ပု ဖန်က ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီးနောက် လေထဲ၌ ရပ်တန့်လိုက်သည်။


သူလက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးက စတင်၍လည်ပတ်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသောစွမ်းအင်များကို ထုတ်လွှင့်လာလေသည်။


ပုဖန်က မလှမ်းမကမ်း၌ ရှိနေသာ ဝှိုက်တီကို မဲမှောင်နေသော အကြည့်များဖြင့်လှမ်းကြည့်လိုက်သည်။


ဝှုက်တီ၏ ခန္ဓာကိုယ် မှ လျှပ်စီးတန်းများတောက်ပနေသည်ကိုကြည့်၍ သူ၏ စိတ်ထဲမှဒေါသတရားများ ရှုန်းကြွလာသည်။

လေတိုးသံအသံတစ်ချက်နှင့်အတူ မဟူရာလိပ်ခုံး ဒယ်အိုးကလှည်ပတ်သွားပြီးတောက်ပလှသည့် ရွှေရောင်အရိပ်အဖြစ်သို့ပြောင်းလဲသွားသည်။


ရူတ်တရက် ဒယ်အိုးက လေထုထဲမှနေ၍ အောက်သို့ဆင်းသက်လာသည်။


လျန်ခိုင်၏ နှလုံးသားက တုန်ရင်သွားသည်။သူက နေမီးနတ်ဆိုး ခန္ဓာကိုယ် ၏စွမ်းအားများကို ဖြန့်ကျက်လိုက်ပြီးနောက် ရွှေရောင်မီးတောက်များတောက်လောင်နေသော သူလက်ထဲမှ လှံရှည်ကို ဝေ့ယမ်း၍ ခုခံတွန်းလှန်ရန်ပြင်ဆင်လိုက်သည်။


ပေါက်ကွဲသံများ ဆင့်ကဲထွက်ပေါ်လာသည်။ 


မဟူရာလိပ်ခုံးဒယ်အိုးက မရပ်မနားလည်နေပြီးနောက် အရာရာ အားလုံး ကိုဝါးမြိုပစ်လိုက်သလိုထင်ရသည်။


ထို့နောက် လျန်ခိုင်၏ ခန္ဓာကိုယ် ကိုကျောက်ခင်းလမ်းမပေါ်သို့ ရိုက်ချလိုက်လေသည်။