အပိုင်း ၄၁၃
Viewers 52k

အခန်း ၄၁၃

အားလုံးပြီးသွားပြီ...


ကိုးခုမြောက် ခေါက်ဆွဲပန်းကန်မှ စွမ်းအင်များကို အောင်မြင်စွာ ချိတ်ဆက် ပြီးစီးသွားလေပြီ။သို့သော်လည်း ရလဒ်အနေဖြင့် ပုဖန်၏ စိတ်ဝိညာဉ်စွမ်းအင်များက အလွန် ယုတ်လျော့သွားသည်။


ကိုးခုမြောက် စိတ်ဝိညာဉ်စွမ်းအင် ဆက်သွယ်မှုက သူ့လက်ရှိ ကျင့်ကြံစဉ်ထက် ကျော်လွန်နေပေပြီ။ထိုပြင်းထန်လှသည့် ဖိအားများကြောင့် သူ့မျက်ဝန်းများက သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


အနည်းဆုံးအနေဖြင့် သူ့၏ စိတ်စွမ်းအင်များကို အဆုံးစွန်ထိရောက်အောင် တွန်းအားပေးနိုင်ပြီး အစီအရင်ကို အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပေသည်။


ထို့နောက် လျှာကဝေ မှော်အစီအရင်အခင်အကျင်းက ပုံပေါ်လာပေပြီ။


မှော်အစီအရင် ပြီးပြည့်စုံသွားသည့် အခ်ျိန်၌ သူ့၏ အစစ်အမှန်စွမ်းအားများက လုံးဝ ကုန်ဆုံး ပျောက်ကွယ်သွားပေပြီ။သူ့၏ ခေါင်းက ယခင်ကထက်ပင် ပိုမို၍ လေးလံလာသလို ခံစားရပြီး သူမူးဝေ ငိုက်မြည်းလာပေသည်။


၄င်းက လူတစ်ဦး၏ စွမ်းအင်များ ကုန်ဆုံး သွားခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။ပုဖန်က သူချက်ပြုတ်သည့် အချိန်တိုင်းတွင် အစစ်အမှန် စွမ်းအင်များကို အသုံးပြုရန် လိုအပ်သောကြောင့် သူ့၏ စိတ်စွမ်းအင်က အလွန်သန်မာအားကောင်းလှသည်။ထို့ကြောင့်ပင် သူ့၏ စိတ်စွမ်းအင်က သူ့စွမ်းအင်အဆင့်အထက် ကျော်လွန်နေခြင်းပင် ဖြစ်သည်။


 သူ့၏ ကျင့်ကြံမှု စွမ်းအင်အဆင့်က အဆင့် ၈ စစ်နတ်ဘုရားမျှသာ ရှိသေးသော်လည်း သူ့၏ စိတ်စွမ်းအင်ကမူ နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။


သို့သော်လည်း လျှာကဝေအစီအရင်ကို တည်ဆောက်ရာ၌ အလွန်သန်မာလှသောနတ်ဘုရားနယ်ပယ်အဆင့် နီးပါး စွမ်းအင်များကို အကုန်အစင် သုံးစွဲခဲ့ရသည်။ကံကောင်းထောက်မစွာဖြင့် မှော်အစီအရင်ကတော့ ပြီးမြောက်သွားပေပြီ။


လျှာကဝေ မှော်အစီအရင် ဖြစ်တည်လာသည်နှင့် တစ်ပြိုင်နက် စွမ်းအားများက အင်ပါယာ မြို့တော်တစ်ခုလုံးသို့ ပြန့်နှံ့သွားပြီး မြို့တော်ကို လွှမ်းခြုံသွားလေသည်။


ပုဖန်၏ စိတ်စွမ်းအင်များကို အသုံးပြုပြီး ဆက်သွယ်ထားခြင်း ဖြစ်သောကြောင့် ပုဖန်က ထိုအစီအရင်၏ ထိန်းချုပ်သူပင် ဖြစ်သည်။မှော်အစီအရင်အတွင်း၌ ရှိနေသော ပုဖန်၏ ခန္ဓာကိုယ်က ပို၍ သန်မာလာသလို ခံစားလိုက်မိသည်။မှော်အစီအရင်မှ စိတ်ဝိညာဉ်စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး တိုးဝင်လာလေသည်။


စပ်ပြဲလန် ခေါက်ဆွဲ တစ်ပွဲ၏ စွမ်းအား တိုးမြင့်နိုင်စွမ်းနှင့် နှိုင်းယှဉ်လျှင် မှော်အစီအရင်၏ တိုးမြင့်နိုင်စွမ်းက အံ့သြဖွယ်ရာ ကောင်းလှသည်။


သူ့ခန္ဓာကိုယ် သွေးကြောထဲ၌ သွေးများ အရှိန်အဟုန်ဖြင့် စီးဆင်းနေသကဲ့သို့ ခန္ဓာကိုယ်ထဲ စွမ်းအင်များ အဆမတန် မြင့်တက်လာပြီး ပေါက်ကွဲလုနီးပါးပင် ခံစားနေမိသည်။


ဘုန်း.....ဘုန်း.....ဘန်း.....


ပြည့်ဝလှသော စွမ်းအင်လှိုင်းများက မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ တိုးဝင်သွားသည်။မဟူရာလိပ်ခုံးဒယ်အိုးပေါ်ရှိ လိုင်းငယ်လေးများမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထိုဒယ်အိုးက တောင်သေးသေးလေးတစ်လုံး အရွယ်အစားလောက်ထိ ကြီးမားပြန့်ကားလာပြီးနောက် အောက်သို့ နိမ့်ဆင်းလာကာ လျန်ခိုင်ကို ဖုံးအုပ်လိုက်လေသည်။


မြေပြင်က ပြင်းထန်စွာ တုန်ခါသွားပြီးအက်ကြောင်း များ ဖြစ်ပေါ်လာသည်။မှော်အစီအရင်က ဖြေးဖြေးချင်း လှည့်ပတ်နေပြီး စွမ်းအင်များဆက်လက် ထုတ်လွှင့်ပေးနေသည်။


ပုဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲမှပင် မဟူရာလိပ်ခုံးဒယ်အိုးကို ထိန်းချုပ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်က မသေမျိုးနတ်ဘုရားတစ်ပါးကဲ့သို့ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။


အောက်၌ စောင့်ကြည့်နေကြသော သူများအားလုံးက ထိတ်လန့်အံ့အားသင့်သွားကြသည်။ထိုအခြေအနေတစ်ခုလုံးကို ပုဖန် ထိန်းချုပ်နေသည့် ဖြစ်ရပ်ကို သူတို့ သတိမထားမိကြသေးပေ။


"လျန်ခိုင်က ဒယ်အိုးနက်ကြီးကို တွန်းလှန်နိုင်တယ် မဟုတ်ဘူးလား.....သူက ဘယ်လိုဖြစ်ပြီးဒယ်အိုးရဲ့ ဖိချေခြင်း ခံလိုက်ရပြန်တာလဲ....."


မည်သူမှ ထိုအခြေအနေကို နားမလည်နိုင်ကြပေ။သွမ့်ယင်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိသည်။သူ့၏ ထိုးဖောက်မြင်နိုင်စွမ်းကို တောင်ပိုင်းဒေသမှာရှိသော ရှေးလူမျိုးများက ယှဉ်နိုင်စွမ်းမရှိပေ။သူက ပတ်ဝန်းကျင်၌ ပြန့်နှံ့နေသော စွမ်းအင်လှိုင်းများကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကော စိတ်ဝိညာဉ်ပါ ပြင်းပြင်းထန်ထန် တုန်ရီနေလေသည်။


ပုဖန်၏ တိုက်ခိုက်ရေး စွမ်းရည်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခြင်းက သူ့ကို ဝိုင်းရံနေသော စွမ်းအင်လှိုင်းများနှင့် အဆက်အစပ်ရှိနေသည်။သူက စွမ်းအားများနှင့်ပတ်သတ်၍ မစိမ်းသက်ပေ။ထိုအရာက မှော်အစီအရင် အခင်းအကျင်းတစ်ခု၏ စွမ်းအားများပင် ဖြစ်သည်။


အဂ္ဂိရတ် ပညာရှင် တစ်ယောက်အနေဖြင့် သူက မှော်အစီအရင်များ ပြုလုပ်နိုင်ရန်အတွက် သင်ကြားထားခဲ့ပြီး ဖြစ်သည်။


မှော်အစီအရင်များကို သလင်းကျောက်များဖြင့် ဖွဲ့တည် ပြုလုပ်ထားသည်။

၄င်းက စွမ်းအားအပြောင်းအလဲများ ဖြစ်ပေါ်လာစေရန်အတွက် သလင်းကျောက် ကြားခံနယ်ထဲ၌ ရှိသော အမျိုးမျိုးသော စွမ်းအင်များကို ယူဆောင်သုံးစွဲသည့် နည်းလမ်းဖြစ်သည်။ထိုနည်းလမ်းက လျှို့ဝှက်ဆန်းကြယ်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်၏။


"ပိုင်ရှင်ပုရဲ့ မှော်အစီအရင်က တကယ့်ကိုပဲ နယ်ပယ် ပိုင်နက် အစီအရင်နဲ့ ဆက်စပ်မှုရှိတယ် ပိုင်ရှင်ပုက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ......"


သွမ့်ယင်က အလွန်အံ့သြထိတ်လန့်နေမိသည်။ပိုင်ရှင်ပုက သူ့ကို အကြိမ်ပေါင်းမြောက်များစွာ အံသြထိတ်လန့်စေခဲ့ပြီး ဖြစ်သည်။


နယ်ပယ်ပိုင်နက် အစီအရင်ဆိုသည်မှာ သာမန် မှော်အစီအရင်မျိုး မဟုတ်ပေ။


သာမန်အားဖြင့် ပြောရမည်ဆိုလျှင် နယ်မြေဆိုင်ရာ မှော်အစီအရင် တစ်ခုကို ပြုလုပ်ရန်အတွက် ထိုသူ တန်ခိုးရှင်အဆင့် အထွဋ်အထိပ်ကို ဖြတ်ကျော်ပြီး နတ်ဘုရားနယ်ပယ်ထဲသို့ ရောက်ရှိနေရန် လိုအပ်သည်။


တန်ခိုးရှင်အဆင့် ဖြတ်ကျော်ခြင်း အဆင့်က ပို၍ အားကောင်းသန်မာလေလေ မှော်ဆရာ၏ နယ်ပယ် ပိုင်နက် အစီအရင်က ပို၍ ခိုင်မာလေလေပင် ဖြစ်သည်။


မှန်ပေသည်။မှော်ဆရာများ၏ အဆင့်အတန်းက အကန့်သတ်ချက် ရှိသောကြောင့် နတ်ဘုရားနယ်ပယ် အဆင့် စစ်သည်တော်များက မှော်ပညာရပ်များလေ့လာရန် စိတ်မဝင်စားကြပေ။ထိုအရာက ကျယ်ပြန့်လှသော နယ်မြေတစ်ခွင်၌ လေးနက်လှသည့် လေ့လာမှု တစ်ရပ်ပင် ဖြစ်သည်။


"ပိုင်ရှင်ပုက အဆင့် ၈ စစ်နတ်ဘုရားပဲ ရှိသေးတယ်လေ...သူက နတ်ဘုရားနယ်ပယ်အဆင့်မှ ပြုလုပ်နိုင်တဲ့ မှော်အစီအရင်ကို ဘယ်လိုများလုပ်လိုက်တာလဲ ဒီလူက ဘယ်လိုလူမျိုးလဲ....."


ပုဖန်ကိုယ်တိုင်လည်း ထိုလျှာကဝေ အစီအရင်က ပြင်းထန်လှသော ဖိအားများ ပေးနိုင်မည်ဟုမမျှော်လင့်ထားမိပေ။ထိုအရာက အရာအားလုံး၏ ပျက်စီးခြင်းကိုယူဆောင်လာနိုင်သည်ဟူသောခံစားချက်မ်ျိုးကို ပေးစွမ်းလေသည်။


သူလက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်နှင့် မဟူရာလိပ်ခုံးဒယ်အိုးဆီမှ တွန်းကန်မှုများ ဖြစ်ပေါ်လာသည်။


ခရပ်....ခရပ်.....ခရပ်......


မြေပြင်ပေါ်မှ ကျောက်တုံးများက ကွဲကြေလွင့်စင်သွားသည်။အိုး၏ အောက်ခြေမှ ဒေါသတရားများဖြင့် ပြည့်နက်နေသည့် အော်သံကျယ်လွင့်ထွက်လာသည်။


ဘုန်း ....


ကျယ်လောင်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာပြန်၏။ကြီးမားလှသော အင်အားတစ်ခုက ဒယ်အိုးပေါ်သို့ ကျရောက်လာပြီး ဒယ်အိုးက မြေပြင်မှ နေ၍ အနည်းငယ် ကြွတက်လာသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီးနောက် မြေပြင်ပေါ်ရှိ ကြီးမားလှသော ချိုင့်ဝှမ်းကြီးကို အေးစက်စွာ စိုက်ကြည့်နေသည်။ထိုနေရာ၌ မီးလုံးများကြားထဲ၌ ရပ်နေသည့် လျန်ခိုင်ရှိနေသည်။


လျန်ခိုင်၏ အခြေအနေက ဆိုးရွားနေပြီး သူ့၏ သွေးများကလည်း မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်။ပုဖန်က သူ့ကိုယ်သူ အဆုံးစွန်ထိ တွန်းအားပေးခဲ့သလိုပင် လျန်ခိုင်ကလည်း အဆုံးစွန်အခြေအနေထိ လျှောက်လှမ်းနေပေသည်။


အဟွတ်....အဟွတ်.....


လျန်ခိုင်က သွေးများဖြင့် ပြည့်နေသည့် လည်ချောင်းကို ချောင်းဆိုး၍ ရှင်းထုတ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်ကလည်း တုန်ယင်နေ၏။သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော မီးတောက်များ၏ အပူရှိန်က ချက်ချင်း ကျဆင်းသွားပြီ။သူက နေမီးနတ်ဆိုး ခန္ဓာကိုယ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်းလမရှိတော့ပေ။


"မင်းလို အရှုံးသမား တစ်ယောက်မှာ ဒီလို အံ့သြဖွယ်စွမ်းရည်တွေ ရှိနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ......မယုံနိုင်စရာမှော်အစီအ ရင်ပဲ.....ဘာမှမဟုတ်တဲ့ အဆင့် ၈ လေးတစ်ယောက်က ငါ့မျက်စိရှေ့မှာတင် နယ်ပယ် ပိုင်နက် မှော်အစီအရင်ကို တည်ဆောက်နိုင်တယ်....."


လျန်ခိုင်က သူ့ကိုယ်သူ လှောင်ရယ်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ပုဖန်က ခေါက်ဆွဲ ကိုးပွဲကို အသုံးပြုပြီး နယ်ပယ်ပိုင်နက် မှော်အစီအရင်ကို ဖန်တီးနိုင်လိမ့်မည်ဟု သူလုံးမထင်ထားခဲ့မိပေ။


သူ့စိတ်ထဲမှာ အလွန်အမင်းနာကျင်နေမိသည်။ရွှေရောင်ကျိုင်းပုစွန်၏ အလစ်ဝင်ထိုးဖောက် တိုက်ခိုက်မှုကြောင့် သူ့၏ စွမ်းအင် အမြောက်အများကိုလည်း ဆုံးရှုံးထားရသေးသည်။ယခုအခါ၌ သူ့၏ တိုက်ခိုက်မှု စွမ်းရည်များကိုပါ ဆုံးရှုံးသွားပေပြီ။


နောက်ဆုံး၌ သူ့လို ပါရမီရှင်က နိမ့်ကျသော လူတစ်ယောက်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရပေပြီ။သူ့ပါးပြင်ကို ဖြတ်ရိုက်ခံလိုက်ရသလိုပင် နာကျင်နေမိသည်။


သူမြေပြင်ကို ပြင်းထန်စွာ စောင့်နင်းလိုက်လေရာသူ့ခြေထောက်အောက်ရှိ မြေကြီးက အက်ကွဲကြောင်းများ ထသွားသည်။


သူ့၏ ခန္ဓာကိုယ်ပတ်လည်၌ အစစ်အမှန် စွမ်းအင်များ ဝန်းရံလာပြီး တွင်းနက်ထဲမှ လွတ်မြောက်နိုင်ရန် ပြင်ဆင်လိုက်သည်။သူ့၏ ခန္ဓာကိုယ်က လေထဲသို့ မျောလွင့်လာပြီး တွင်းနက်ထဲမှ လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် သူ့နှလုံးသားထဲမှ နာကျင်မှုကို ခံစားလိုက်ရသည်။


ပုဖန်က သူ့ကို အေးစက်စွာပင် စိုက်ကြည့်နေသည်။ပုဖန်က ကြီးကျယ်မြင့်မြတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ လေထဲ၌ ရပ်တည်နေပြီး သူ့၏ လက်ကို အသာအယာ လှုပ်ခါလိုက်သည်။သူ့လက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးက နောက်တစ်ခေါက် ပျံသန်းထွက်ခွာသွားသည်။


လေထဲ၌ ဒယ်အိုး၏ အရွယ်အစားက တဖြေးဖြေးပြန့်ကားလာပြီး တောင်ငယ်လေးတစ်လုံးအရွယ်အစား ဖြစ်လာသည်။လျန်ခိုင်၏ အမြင်အာရုံက နောက်တစ်ကြိမ် မှောင်မိုက်သွားသည်။သူ့၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထုချခြင်းကို ခံလိုက်ရလေသည်။


ဘုန်း.....ဘုန်း.....ဘန်း.....


မြေပြင်က တုန်ခါသွားပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြန်သည်။မြို့တံတိုင်းထက်၌ ရပ်နေကြသော ဂျိချန်းရွဲ့နှင့် တခြားသူများက ထိုမြင်ကွင်းကြောင့် စွံ့အနေကြသည်။


လျန်ခိုင်က ပြန်လည် နှိုးထလာပြီးနောက် ဒယ်အိုးဖြင့် မြေကြီးထဲသို့ နစ်ဝင်သွားအောင် နောက်တစ်ကြိမ် ထပ်ရိုက်ခံလိုက်ရသည်ကို ကြည့်၍ သူတို့ ပြောစရာစကား ပျောက်ရှသွားကြသည်။


စစ်သင်္ဘောပေါ်၌ ရှိနေကြသော မဟာဂိုဏ်းမှ တပည့်များအားလုံးက ကြောင်အ ကြက်သေသေနေကြသည်။သူတို့ ထိတ်လန့်စွာပင် တံတွေးတစ်လုတ် မြိုချလိုက်မိကြ၏။


မဟာဂိုဏ်း၏ ကောင်းကင်ဘုံ အမွေခံ ဆယ်ပါးထဲမှ တစ်ယောက်ဖြစ်သော လျန်ခိုင်က အဆင့် ၈ စစ်နတ်ဘုရား၏ ရိုက်နှက်ခြင်းကို ခံနေရပေသည်။


"ဒါ ဘယ်လို ရူးကြောင်ကြောင် မြင်ကွင်းမျိုးလဲ....."


စစ်သင်္ဘောထိပ်ပိုင်း၌ ကြိုးစားပမ်းစားရပ်နေရသော ပေကုန်းမင်က သူ့၏ အောက်မှ တိုက်ပွဲကို ကြည့်ပြီး လေအေးများ ရှုရှိုက်လိုက်မိသည်။


လျန်ခိုင်၏ အံ့သြဖွယ်ရာ စွမ်းရည်များကို မည်သူမှ ကောင်းစွာမသိသော်လည်း သူသိပေသည်။မဟာဂိုဏ်းမှ စွမ်းအင်အရင်းအမြစ် ထောက်ပံ့မှုများကို ရရှိထားသော လျန်ခိုင်၏ စွမ်းအင် ကျင့်ကြံစဉ်က ထူးခြားအံ့သြဖွယ်ကောင်းလှသည်။


အနည်းဆုံးအနေဖြင့်သူက ပေကုန်းမင်ကိုပင် အပြတ်အသတ် အနိုင်ယူနိုင်ပေသည်။သို့သော်လည်း ထိုကဲ့သို့သော စစ်သည်တော်မျိုးက ခွေးသေကောင်တစ်ကောင်ကဲ့သို့ ဒယ်အိုးဖြင့် ရိုက်နှက်ခြင်းကို ခံနေရပေသည်။


သူ သင်္ဘောလက်ရန်းကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိသည်။သူ့၏ မျက်ဝန်းများထဲ၌လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ပြန်လည်၍ ဆင့်ခေါ်လိုက်သည်။ထိုအချိန်၌ သွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သော လျန်ခိုင်က ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။


သူ ပျံသန်းရန် ပြင်လိုက်စဉ်မှာပင် အမှောင်ထုက သူ့ပေါ်သို့ နောက်တစ်ကြိမ်သက်ဆင်းလာပြန်သည်။သူ မဟူရာလိပ်ခုံးဒယ်အိုးဖြင့် နောက်တစ်ကြိမ် ထုနှက်ခြင်းကို ခံလိုက်ရပြန်သည်။


ထိုတစ်ကြိမ်၌ လျန်ခိုင်က နာကျင်ဒေါသများဖြင့် အသားကုန် ဟစ်အော်လိုသော်လည်း ဒယ်အိုး၏ ထုနှက်မှုကြောင့် ဆူညံသံတစ်ခုမျှပင် မပြုလုပ်နိုင်လိုက်ပေ။


"အရှက်မဲ့လိုက်တာ မင်းက လူတစ်ယောက်ကို ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ်ပြီး အနိုင်ကျင့် တိုက်ခိုက်နိုင်ရတာလဲ.....မင်းသတ္တိရှိရင် ငါ့ကို တွင်းထဲက ထုတ်ပေးလိုက်....."


လျန်ခိုင်က သွေးချောင်းဆိုးလိုက်သည်။သူ့၏ နှလုံးသားထဲ၌လည်းနာကျင်မှုများဖြင့် ပြည့်နှက်နေပေ၏။သူ့၏ ခန္ဓာကိုယ်ပေါ်၌လည်း ဆိုးရွားလှသော ဒဏ်ရာများဖြင့် ပြည့်နှက်နေပေသည်။သူနောက်ထပ် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့လျှင် ဒီနေရာ၌ပင် တကယ်သေနိုင်ပေသည်။


မဟာဂိုဏ်း၏ ထူးချွန်သူ ကောင်းကင်ဘုံအမွေခံ တစ်ယောက်ဖြစ်သောသူက လေ့ကျင့်ရေးကွင်းပြင်ထဲ၌ ဒယ်အိုးဖြင့် ထုသတ်ခြင်းကို ခံ လိုက်ရပေမည်။ထိုသတင်းသာ ပြန့်နှံ့သွားပါက ကုန်းမြေတိုက်ကြီး တစ်ခုအတွင်းတွင် သူလှောင်ပြောင်စရာ တစ်ခု ဖြစ်လာပေလိမ့်မည်။


ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် လျန်ခိုင်က မိုးကြိုးမုန်တိုင်းကဲ့သို့သော စွမ်းအားများကို ထုတ်ဖော်လိုက်သည်။


ဘုန်း....


မဟူရာလိပ်ခုံးဒယ်အိုးက သူ့အပေါ်သို့ နောက်တစ်ကြိမ် ဆင်းသက်လာပြီး လျန်ခိုင် နာနာကျင်ကျင် ခံစားလိုက်ရသည်။သူ ငရဲကို တိုက်ရိုက်ရောက်သွားပြီဟုပင် ထင်မှတ်ရသည်။


အဟွတ်....အဟွတ်.....အဟွတ် .....


....


ကောင်းကင်ယံထက်၌ ပုဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်များမှ သွေးများအဆက်မပြတ် စီးဆင်းကျနေသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး ဆေးရောင်ဆိုးထားသလို ရဲရဲနီနေပေ၏။


သူ့ခန္ဓာကိုယ်၏ စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်သော စွမ်းရည်များကို အတင်းအကျပ် ထိန်းချုပ်ခြင်းက သူ့၏ ရုပ်ပိုင်းဆိုင်ရာကို ကြီးကြီးမားမား ထိခိုက်စေသည်။


မဟူရာလိပ်ခုံး ဒယ်အိုးက နောက်ဆုံး အကြိမ် ကျဆင်းလာသည်။ပုဖန်၏ ပုံရိပ်ကလည်း ကောင်းကင်ထက်မှနေ၍ ထိုးကျလာသည်။သူက တွင်းနက်ကြီးဘေး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။


ကလန်ခနဲ မြည်သံနှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုးကလည်း မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီးပျောက်ကွယ်သွားသည်။တောက်ပနေသော လျှာကဝေ မှော်အစီအရင်မှ အလင်းတိုင်ကိုးခုကလည်း တဖြေးဖြေးမှေးမှိန်သွသည်။


လူတိုင်းက မူးနောက်နေပြီး ဆူညံသံလေးပြုလုပ်ဖို့ရန်ပင် ကြောက်လန့်နေကြသည်။ဆိုင်ငယ်လေးထဲ၌ ကွမ်ရှောင်ယီက ပုဖန် ပြုတ်ကျလာသည်ကို မြင်သည်နှင့် သူ့၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။ထို့နောက် ထိုကလေးမလေးက အပြင်ဘက်သို့ အလျှင်အမြန် ပြေးထွက်လာလေသည်။


ပိုင်ရှင်ပု၏ အခြေအနေက သိပ်မကောင်းဟု သူမ ခံစားနေရသည်။သူ ပုဖန်၏ အသက်ရှူသံကို ကြားလိုက်ရပြီးသူ့စိတ်ထဲ၌ တုန်ယင်သွားသည်။


သူကပထမဦးဆုံးအကြိမ် အဖြစ် ပိုင်ရှင်ပု၏ ဆိုးရွားလှသည့် အခြေအနေကိုမြင်ဖူးခြင်း ဖြစ်သည်။သူက သက်ပြင်းအသာချလိုက်ပြီး ပုဖန်ကို ဆွဲ၍ ဆိုင်ဘက်သို့ ပြန်လှည့်လိုက်သည်။


"အားလုံးပြီးဆုံးသွားပြီ....."


ကွမ်ရှောင်ယီက တီးတိုး ရေရွတ်လိုက်၏။


"ပြီးသွားပြီလို့ ဘယ်သူပြောတာလဲ အဲ့ဒီ စက်စုပ်ဖွယ်ကောင်းတဲ့ သူရဲကောင်းကို ငါ့လက်ထဲ လွှဲပေးလိုက်စမ်း......."


သွေးချောင်ဆိုးသံနှင့် ရောနေသော ပြာအက်အက်အသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာသည်။ကွမ်ရှောင်ယီ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမ ပြန်လည် လှည့်ကြည့်လိုက်သည်။


ခန္ဓာကိုယ်တစ်ခုလုံး ဆိုးရွားလှသော ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သွေးများ ဖုံးလွှမ်းနေသော လျန်ခိုင်က တွင်းနက်ထဲမှ ထွက်လာသည်က်ို တွေ့လိုက်ရသည်။


"ဒီလူက အခုထိ မသေသေးဘူးလား......သူက အရမ်းကို တက်ကြွနေတဲ့... သတ်လို့ မသေနိုင်တဲ့ ပိုးဟပ်လား......"


ကွမ်ရှောင်ယီက စိုးရိမ်ပူပန်ပြီးထိတ်လန့် တုန်လှုပ်နေမ်ိသည်။လျန်ခိုင်က ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော်လည်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်လိုက်သော ဖိအားများက သူမကို လှုပ်ရှား၍ မရနိုင်အောင် ဖိနှပ်ထားနိုင်ပေသည်။သူမလှည့်ပြေးရန် ပြင်လိုက်သော်လည်း ထ်ို့သို့မလုပ်နိုင်တော့သည်ကို တွေ့လိုက်ရသည်။


ခရပ်....ခရပ်.....


လျန်ခိုင်က အရှေ့သို့ ခက်ခက်ခဲခဲ လျှောက်လာခဲ့သည်။သူခြေလှမ်းတစ်လှမ်းတိုးလိုက်သည်နှင့် ပုဖန်ကို ဆွဲကိုင်ထားသော ကွမ်ရှောင်ယီနှင့် ပိုမို နီးကပ်လာခဲ့သည်။


သူ့၏ စွမ်းအားများကို အစွမ်းကုန်အသုံးပြုထားရသောကြောင့် သူက အလွန်တရာမောပန်းနေသည့်ပုံပေါက်နေသည်။သူက ပုဖန်ကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ကြည့်လိုက်သည်။


ရုတ်တရက် ထိုအခြေအနေကို သတိပြုမိသွားပြီး ရှောင်ရှောင်လုံကလည်း အလွန်လျှင်မြန်လှသော အရှိန်ဖြင့် ပြေးထွက်လာခဲ့သည်။သွမ့်ယင်က မျက်မှောင်ကြုတ်လိုက်မိပြီး ပုဖန်ကို ကယ်ဆယ်ရန်အတွက် လူအုပ်ထဲမှ နေ၍ ပြေးထွက်လာခဲ့သည်။


သို့သော်လည်း သူ ခြေလှမ်းအနည်းငယ် ပြေးလိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်က အေးခဲသွားသည်။သူ့မျက်နာပေါ်၌လည်း အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။


အဘယ့်ကြောင့်ဆိုသော် လျန်ခိုင်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ထိုးဖောက်ခံလိုက်ရသည်ကိုမြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။ထိုရွှေရောင်အလင်းတန်းက သူ့၏ ခန္ဓာကိုယ်ကို ထုတ်ချင်းပေါက် ဖောက်သွားပြီးနောက် သွေးများ ဒလဟော စီးကျနေသောကြီးမားသည့် ဒဏ်ရာတစ်ခုကို ချန်ထားခဲ့သည်။


ထို့နောက် ထိုအလင်းတန်းက ကောင်းကင်ထက်ဆီသို့ တွန့်လိမ်၍ တက်သွားပြီးနောက် အလင်းရောင်များ ပျက်ပြယ်သွားကာအတွင်းရှိ ပုံရိပ်ကို လှစ်ဟပြလာလေသည်။


လူအားလုံး ကြောင်အ မှင်သက်သွားကြသည်။ထိုရွှေရောင်အလင်းတန်းက တစ်ခြားအရာများ မဟုတ်ပဲ....ပုဖန်၏ ပုခုံးပေါ်၌ သူ့၏ အမွှေးနှစ်ချောင်းကို တစ်လှုပ်လှုပ်ခါရင်း အနားယူနေလေ့ရှိသည့် ရွှေရောင် ကျိုင်းပုစွန်ပင် ဖြစ်သည်။