အခန်း ၄၁၄
မင်းမှမသေရင်..ဘယ်သူသေမလဲ...
ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ရွှေရောင်လိမ်းခြယ်ထားသလို တောက်ပနေသော ကျိုင်းပုစွန် ပေါ်ထွက်လာသည်။လေထဲ၌ လွင့်မျောနေသော ရွှေရောင်ကျိုင်းပုစွန်၏ ခေါင်းထက်မှ အမွှေးရှည်နှစ်ချောင်းကလည်း တလှုပ်လှုပ် လှုပ်ရမ်းနေသည်။
သူ့၏ အသွင်ရော မျက်လုံးများကို လှည့်လိုက်ပြီး အဝေးမှ လျန်ခိုင်ကို ကြည့်လိုက်သည်။ထိုကျိုင်းပုစွန် ပေါ်ထွက်လာမှုက အားလုံး၏ မျှော်လင့်ချက်ထက် ပိုလွန်နေပေပြီ။
တစ်ခြားသူများအားလုံးက လျန်ခိုင်ကို စူးစူးဝါးဝါး ထိခိုက်အောင် တိုက်ခိုက်ရန် အားနည်းနေသော အချိန်၌ ရွှေရောင်ကျိူင်းပုစွန် ပေါ်ထွက်လာမည်ဟု မည်သူမှ မထင်ထားခဲ့မိပေ။
ပုဖန်ကို တွဲကူထားသော ကွမ်ရှောင်ယီက လေထဲ၌ မျောလွင့်နေသော ကျိုင်းပုစွန်က်ို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်လိုက်သည်။ရှောင်ရှောင်လုံ၏ ခြေလှမ်းများက နှေးကွေးသွားသော်လည်း ကွမ်ရှောင်ယီ၏ ဘေးနားသို့ ရောက်လာလေသည်။အော်သံများကြောင့် သွမ့်ယင်လည်း ပြန်လည် သတိဝင်လာသည်။
သူက ရှောင်ရှောင်လုံနှင့် ကွမ်ရှောင်ယီတို့ကို ထိုနေရာမှနေ၍ အဝေးသို့ ဆွဲခေါ်လိုက်သည်။လျန်ခိုင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည်ဆိုသော်လည်း သူက မသေမျိုးခန္ဓာအဆင့် စစ်သည်တော် ဖြစ်သည်။
ထိုကျိုင်းပုစွန်သာ လျန်ခိုင်၏ သတ်ဖြတ်မှုမှ မလွှတ်ေ့မြာက်နိုင်ခဲ့လျှင်....တက်နိုင်သမျှ အဝေးဆုံးသို့ သွားသည်က အကောင်းဆုံး ဖြစ်ပေသည်။
လျန်ခိုင်၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ သွေးချောင်းအဆက်မပြတ် ဆိုးလိုက်သည်။သူ၏ မျက်ဝန်းများထဲ၌လည်း အံ့သြထိတ်လန့်မှု များ ပြည့်နှက်နေသည်။သူကြိုးစားပမ်းစားဖြင့် ခေါင်းငုံ့ကြည့်လိုက်ရာ သူ့ခန္ဓာပေါ်၌ သွေးများ အဆက်မပြတ် စီးထွက်နေသည့် ကြီးမားလှသည့် အပေါက်တစ်ခုကို ထပ်တွေ့လိုက်ရသည်။ပြင်းထန်လှသော သွေးနံ့များကလည်း နေရာအနှံ့ပြန့်နှံ့သွားသည်။
"ဘယ်လိုများ... ဒီ ကျိုင်းပုစွန်က ငါ့ကို နောက်တစ်ခေါက် ထပ်တိုက်ခိုက်နိုင်ရတာလဲ......"
လျန်ခိုင်က ကျိုင်းပုစွန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။သူ့၏ စိတ်ထဲ၌ ဒေါသတရားများ လောင်ကျွမ်းနေပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် လှုပ်ခါနေပြီး သူ့၏ မျက်နာက တစ္ဆတေစ်ကောင်ကဲ့သို့ ဖြူဖျော့နေလေသည်။
"သေစမ်း .....ငါမင်းကို ဖမ်းပြီးတော့ ကင်စားပစ်မယ်......"
လျန်ခိုင်၏ မျက်ဝန်းထဲ၌ မုန်းတီးမှုများ ဖြတ်သန်းသွားပြီးနောက် သူအရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။
လေထဲတွင် မျောလွင့်နေသော ကျိုင်းပုစွန်က သူ့၏ အမွှေးရှည်နှစ်ချောင်းကို လှုပ်ရမ်းနေတုန်းပင် ဖြစ်သည်။သူက လျန်ခိုင် အရှေ့သို့ ခြေလှမ်းလိုက်သည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရောင်အလင်းတန်း အဖြစ် ပြန်ပြောင်းလိုက်ကာ သူ့ခန္ဓာကိုယ်ကို အောက်သို့ ထိုးစိုက်ချလိုက်သည်။
လျန်ခိုင်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ထိုးဖောက်ခံလိုက်ရခါ သူနာနာကျင်ကျင် အော်ဟစ်လိုက်သည်။ထိုအပေါက်ငယ်လေးမှ သွေးများ ဒလဟော စီးကျလာပြန်သည်။ရွှေရောင်အလင်းတန်းများက ပြန်လည် ပျောက်ကွယ်သွားပြီး လေထဲ၌ ကျိုင်းပုစွန် ပြန်ပေါ်လာပြန်သည်။သူ့၏ ခန္ဓာကိုယ်က သွေးတစ်စက်မှပင် ထင်ကျန်မနေပဲ ရွှေရောင် တောက်ပြောင်နေတုန်းပင် ဖြစ်သည်။
ခဏမျှ အနားယူနေပြီးနောက် ကျိုင်းပုစွန်က ရွှေရောင် အလင်းတန်းများ အဖြစ်သို့ နောက်တစ်ကြိမ် ပြန်ပြောင်းသွားသည်။သူက လျန်ခိုင်၏ ခန္ဓာကိုယ်ကိုအဆက်မပြတ်ဖောက်ဝင်နေပြီး သွေးများ ပြည့်နေသည့် အပေါက်ငယ်လေးများ ချန်ထားရစ်ခဲ့လေသည်။
လျန်ခိုင်က သွေးချောင်းဆိုးနေခြင်းကို မရပ်တန့်နိုင်တော့ပေ။သူ့၏ ခန္ဓာကိုယ်မှ စွမ်းအင်များက လျှင်မြန်စွာပင် ယုတ်လျော့သွားသည်။သူက ထိုကျိုင်းပုစွန်ကို တစ်ချက်တည်းနှင့် ရိုက်သတ်လိုလှသည်။သို့သော်လည်း သူ့၏ နေမီး နတ်ဆိုး ခန္ဓာကိုယ်က အလွန် အားနည်းနေပြီ ဖြစ်သောကြောင့် အသုံးမပြုနိုင်တော့ပေ။
လျန်ခိုင်က ထိုအဖြစ်အပျက်ကို လုံးဝ လက်မခံနိုင်ပေ။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးက ထိုသွေးများ ဖုံးလွှမ်းနေပြီး သူ့ဘဝ၏ အဆိုးရွားဆုံး အမှတ်တရအဖြစ် မှတ်မိနေတော့မည် ဖြစ်သည်။
သူ့၏ မျက်ဝန်းထဲ၌ ပူဆွေးသောကများ ပြည့်နှက်သွားသည်။ဒေသကြီး တစ်ခုလုံး၌ ပါရမီအရှိဆုံး လူတစ်ယောက် မဟာဂိုဏ်း၏ ပါရမီရှင် တစ်ယောက်က ကျိုင်းပုစွန်တစ်ကောင်၏ လက်ချက်ဖြင့် မဆုံးသတ်ရပေတော့မည်။
ထိုအကြောင်းအရာက အလွန်တရာ ဝမ်းနည်းစရာကောင်းလှသည်။လျန်ခိုင်၏ ခေါင်းက မြေပြင်နှင့် ထိကပ်သွားပြီးနောက် သူ သူ့ဘဝတစ်လျှောက်လုံးအတွက် နောက်ဆုံးသော အသက်ရှုသံ ပြင်းပြင်းကို ရှုထုတ်လိုက်ပြီး အသက်ဝိညာဉ် ချုပ်ငြိမ်းသွားလေသည်။
သူ့ခန္ဓာပေါ်၌ ဆိုးဆိုးရွားရွား ဒဏ်ရာများနှင့် ပြည့်နှက်နေပေသည်။သူ့၏ ရင်ဘတ်မှာပင် ကြီးမားလှသော အပေါက်ကြီးတစ်ခု ရှိနေပြီး သူ့နှလုံးက ဆိုးဆိုးရွားရွား ပျက်စီးနေ၏။
သူ့ကို မည်သည့်အရာနှင့်မျှ မကယ်တင်နိုင်တော့ပေ။ဒါက ကြီးမားလှသော ဆုံးရှုံးမှုကြီး ဖြစ်၏ စစ်သင်္ဘောပေါ်၌ ရှိနေကြသော မဟာဂိုဏ်းမှ တပည့်များက ထိတ်လန့် အံ့သြသင့်နေကြသည်။
အစောပိုင်းက ထိတ်လန့်ဖွယ် အခြေအနေများကို ကြုံတွေ့ခဲ့ရပြီးနောက် သူတို့၏ စိတ်နှင့် မျက်ဝန်းထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။
"သေပြီ...."
"နာက်တစ်ယောက် ထပ်သေပြီ....ဒီလေ့ကျင့်ရေးကွင်းပြင်က တကယ့်ကို ကြောက်စရာကောင်းတယ်......"
မသေမျိုး ခန္ဓာအဆင့် စစ်သည်တော် နှစ်ယောက်က ဒီနေရာ၌ ကျဆုံးခဲ့ပေပြီ။ခေါင်းဆောင်ဖန်းနှင့် လျန်ခိုင်တို့နှစ်ဦးလုံးက သူတို့ မဟာဂိုဏ်း၏ အဆင့်မြင့် မသေမျိုး ခန္ဓာစစ်သည်တော်များ ဖြစ်သည်။
လေ့ကျင့်ရေးကွင်းပြင်လို နေရာမျိုး၌ သူတို့နှစ်ယောက်သာ အနိုင်ရသင့်ပေသည်။သို့သော်လည်း အဖြစ်မှန်က ရက်စက်လွန်းလှ၏။သူတို့နှစ်ဦးလုံး သေဆုံးသွားပေပြီ။
ဝှစ်.......
လျန်ခိုင်၏ အလောင်းက မြေပြင်နှင့် ရိုက်မိသွားသည်နှင့်တစ်ပြိုင်နက် စွမ်းအင်လှိုင်းလေးများ ဖြန့်ကျက်လာသည်။သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာသည်။ထို့နောက် စိတ်ဝိညာဉ် စွမ်းအင်များ ရစ်သိုင်းနေသည့် ကျောက်စိမ်းအဆောင်ပြား တစ်ခုက စစ်သင်္ဘောဆီသို့ ဦးတည်ပျံသန်းသွားလေသည်။
ထိုကျောက်စိမ်းအဆောင်ပြားက မဟာဂိုဏ်းမှနေ၍ ကောင်းကင်ဘုံ အမွေခံတပည့်တိုင်းကို ထုတ်ပေးထားသည့် အသက်ကယ် ကျောက်စိမ်းပြားဖြစ်သည်။သူတို့၏ ခန္ဓာကိုယ်က တစ်စုံတစ်ယောက်၏ သတ်ဖြတ်မှုဖြင့် သေဆုံးခဲ့လျှင် ကျောက်စိမ်းပြားထဲ၌ စိတ်ဝိညာဉ် သိုလှောင်၍ လွတ်မြောက်နိုင်ပေသည်။
ထို ကျောက်စိမ်း အဆောင်ပြားက အလွန်ပင် တန်ဖိုးရှိလှသောကြောင့် ကောင်းကင်ဘုံ အမွေခံ များကိုသာ ပေးအပ်နိုင်လေသည်။
ကျိုင်းပုစွန်က ထိုကျောက်စိမ်းပြားကို အနှောင့်အယှက်မပြုနိုင်ပေ။သူက လေထဲမှ ပြန်လည် ခုန်ဆင်းလာပြီးနောက် ကွမ်ရှောင်ယီ...တွဲထားဆဲ ဖြစ်သည့် ပုဖန်၏ ပုခုံးပေါ်သို့ တက်လိုက်သည်။ပုဖန်၏ ပုခုံးပေါ်တွင် လှည့်လည်၍ နေရာယူလိုက်ပြီးနောက် နှစ်ခြိုက်စွာ အိပ်မောကျသွားလေသည်။
ရှူး....ရှူး.....
ကျောက်စိမ်းအဆောင်ပြားထဲတွင် ပါဝင်နေသော လျန်ခိုင်၏ စိတ်ဝိညာဉ်က စစ်သင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။
"ရွက်လွှင့်.....မဟာဂိုဏ်းကို အမြန်ဆုံး ပြန်ကြမယ်....."
သင်္ဘောပေါ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းပြားထဲမှ လျန်ခိုင်၏ ခန္ဓာကိုယ်ပုံရိပ်က ထွက်ပေါ်လာသည်။ထို့နောက် သူက ကြောက်စရာကောင်းလှသောနေရာမှ အမြန်ဆုံး ထွက်ခွာရန်အတွက် ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။
မဟာဂိုဏ်းမှ တပည့်များအားလုံးကလည်း လျှင်မြန်စွာပင် ပြန်လည် ရွက်လွှင့်ရန် ပြင်ဆင်လိုက်ကြသည်။ကြီးမားလှသော စစ်သင်္ဘောကြီးက အင်ပါယာမြို့တော်ကို ဦးတည်ထားရာမှ ဖြေးဖြေးချင်း ပြန်လည်၍ ဦးလှည့်သွားသည်။
စစ်သင်္ဘောပေါ်၌ ရှိနေဆဲဖြစ်သော ရှောင်မန်က သူ့၏ ရင်ဘတ်ကို ဖိကိုင်၍ ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်သည်။သူကပြာယာခတ်နေကြသော မဟာဂိုဏ်းမှ တပည့်များကို ကြည့်လိုက်ပြီး စစ်သင်္ဘောပေါ်မှ ထွက်ခွာရန် ပြင်လိုက်သည်။
မဟာဂိုဏ်းမှ တပည့်များက သူ့ကို သတိပြုမိကြသော်လည်း ဂရုမစိုက်နိုင်ပေ။
ပေကုန်းမင်ကလည်း မတ်တပ်ထရပ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းမှ ကျဆင်းနေသော သွေးများကို သုတ်ဖယ်လိုက်သည်။
လျန်ခိုင်၏ စိတ်ဝိညာဉ် အနှစ်သာရများ ရှိနေသည့် ကျောက်စိမ်းပြားကို လှမ်းကြည့်လိုက်ပြီး သူ့၏ မျက်ဝန်းအကြည့်များက ပြောင်းလဲသွားသည်။သူ ကျောက်စိမ်းပြားရှိရာဆီသို့ တစ်လှမ်းချင်း ဖြေးညှင်းစွာ လျှောက်လှမ်းလာလေသည်။သူ့၏ မျက်နာပေါ်မှ ကြွက်သားများက လှုပ်ရှားသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ့၏ ရယ်သံက ကျယ်သထက် ကျယ်လောင်လာသည်။ထိုအသံကြောင့် စစ်သင်္ဘောပေါ်၌ အလုပ်ရှုပ်နေကြသော မဟာဂိုဏ်းမှ တပည့်များက သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
"ပေကုန်းမင် မင်းဘာလုပ်နေတာလဲ ထွက်သွားစမ်း......"
ပေကုန်းမင်က တဖြေးဖြေးသူနဲ့ နီးကပ်လာသည်ကို မြင်လိုက်သည်နှင့် ကျောက်စိမ်းပြားထဲ၌ ရှိနေသော လျန်ခိုင်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ့၏ အသံထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ဒေါသအရိပ်အယောင်များ ပါဝင်နေသည်။ကျောက်စိမ်းပြားကလည်း ပြင်းထန်စွာ တုန်ခါလာသည်။မဟာဂိုဏ်းမှ တပည့်နှစ်ယောက်က ပေကုန်းမင်ရှေ့မှနေ၍ ပိတ်ကာလိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
"မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ....."
ပေကုန်းမင်က ထိုတပည့်နှစ်ယောက်အပေါ် မျက်လုံးစွေ၍ ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းတစ်ဖတ် တွန့်ကွေးလိုက်သည်။
"ငါက ဘာလုပ်ရမှာလဲ.....ဟုတ်တာပေါ့ ငါက လက်စားချေရမှာပေါ့.....ငါနှစ်ပေါင်းများစွာ ဒီအချိန်ကို စောင့်စားလာခဲ့တာ....နောက်ဆုံးတော့ လက်စားချေနိုင်မယ့် အခွင့်အရေးရခဲ့ပြီ....ငါ့ကို တားဆီးမယ့်မည်သူမဆို သေရမယ်...."
ဘုန်း.....
ပေကုန်းမင်၏ ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲ ထွက်လာပြီးနောက် မဟာဂိုဏ်းမှ တပည့်နှစ်ယောက်အပေါ်သို့ ကျရောက်သွားသည်။သူ လက်နှစ်ဖက်ကိုတပြိုင်ထဲ ဆန့်ထုတ်လိုက်ပြီး ထိုတပည့်နှစ်ယောက်၏ နဖူးကို ရိုက်ချလိုက်သည်။တပည့်နှစ်ယောက်က အံ့အားသင့်မှုများ ပြည့်နှက်နေသည့် မျက်နာဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။သူတို့က ဒီအတိုင်း အသတ်ခံလိုက်ရပေသည်။
ပေကုန်းမင်က ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရမ်းခါနေသည်အထိ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောလိုက်သည်။မည်သူမှ သူ့ကို မတားဆီးရဲတော့ပေ။ကျောက်စိမ်းပြားထဲ၌ ရှိနေသော လျန်ခိုင်ကလည်း ကြောက်ရွံ့ထိတ်လန့်နေ၏။
"မင်း ငါ့ကို သတ်လို့မရဘူး....မင်းငါ့ကို သတ်လိုက်မယ်ဆိုရင် ဂိုဏ်းက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး....."
ပေကုန်းမင်က တုန်ခါနေသော ကျောက်စိမ်းပြားကိုကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်သည်။ထိုကျောက်စိမ်းပြားက သူရသင့်သည့် ပစ္စည်းဖြစ်ပေသည်။သူက ကောင်းကင်ဘုံ အမွေခံတစ်ယောက် ဖြစ်လာသင့်သည်။သို့သော်လည်း အားလုံးကို လျန်ခိုင်က လုယူသွားခဲ့သည်။
"ကိစ္စမရှိပါဘူး ဒီနေ့ ပြီးသွားပြီ ဆိုတာနဲ့ အရာအားလုံးက ငါ့လက်ထဲကို ပြန်ရောက်လာမှာပဲ......"
နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ထို့နောက် လက်က်ို မြှောက်လိုက်ပြီး ကျောက်စိမ်းပြားကို ဖမ်းဆုပ်လိုက်၏။ကျောက်စိမ်းပြားထဲ၌ ရှိနေသော လျန်ခိုင်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အပြင်းအထန် ရုန်းကန်လာသည်။သူ ဒေါသတကြီးဖြင့်လည်း အော်ဟစ် ကြိမ်းမောင်းနေ၏။
ထ်ို့အပြင်သူက သနားညှာတာမှုကိုလည်း တောင်းခံနေသေးသည်။သို့သော်လည်း ပေကုန်းမင်က အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိပေ။သူကျောက်စိမ်းပြားကို ထုချေလိုက်သည်နှင့် လျန်ခိုင်က လုံးဝ သေဆုံးသွားပေလိမ့်မည်။
လျန်ခိုင်က မသေချင်သေးပေ။
"မင်းမှ မဟုတ်ဘူး....ဘယ်သူမှ မသေချင်ဘူး.....
ပေကုန်းမင်က ကြိတ်ရယ်လိုက်သည်။ထို့နောက် သူ့၏ အစစ်အမှန်စွမ်းအင်များကို ထုတ်လွှင့်လိုက်ပြီး ကျောက်စိမ်းပြားကို အသာအယာ ဖိကိုင်လိုက်၏။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အစစ်အမှန်စွမ်းအင်များက ကျောက်စိမ်းပြားကို ဖျက်စီးလိုက်ပြီး ကျောက်စိမ်းပြားထဲမှ စွမ်းအင်များကလည်း ပျက်စီးသွားသည်။
ထိုအစစ်အမှန် စွမ်းအင်များ အလယ်၌ ရှိနေသော လျန်ခိုင်၏ ပုံရိပ်ကလည်း တဖြေးဖြေးပြိုကွဲ လာသည်။သူက ပေကုန်းမင်ကို ခါးသီးသော ခံစားချက်များ ပြည့်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေရင်း အဆက်မပြတ် အော်ဟစ်နေခဲ့သည်။
ကျောက်စိမ်းပြားမရှိတော့လျှင် သူ့၏ စိတ်ဝိညာဉ် အနှစ်သာရကလည်းအချိန်ခဏအတွင်းမှာပင် ပျက်စီးပျောက်ကွယ်သွားပေလိမ့်မည်။
မဟာဂိုဏ်း၏ ကောင်းကင်ဘုံ အမွေခံ လျန်ခိုင်က သေဆုံးသွားခဲ့ပေပြီ။စစ်သင်္ဘောပေါ်၌ ရှိနေသော မဟာဂိုဏ်းမှ တပည့်များက အသက်တစ်စက်မှပင် မထွက်ရဲကြပေ။သူတို့က ပေကုန်းမင် လျန်ခိုင်ကို တကယ်သတ်လိုက်မည်ဟု မထင်ထားခဲ့ကြပေ။
မဟာဂိုဏ်းမှ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့သော ကောင်းကင်ဘုံ အမွေခံက ဒီတိုင်း သေဆုံးသွားခဲ့ပေပြီ။ရုတ်တရက် မဟာဂိုဏ်းမှ တပည့်များက တုန်လှုပ်သွားကြသည်။ပေကုန်းမင်က သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ကြ၏။သူ့၏ အကြည့်များက သွေးဆာနေသည်။
"သူက ငါတို့ကို သတ်ပစ်တော့မလို့လား......."
"မင်းတို့ အပြစ်တင်မယ်ဆိုရင်လည်း မမြင်သင့်တာကို မြင်ခဲ့မိတဲ့ အပေါ်ကိုပဲ အပြစ်တင်လိုက်တော့....."
ပေကုန်းမင်၏ ခန္ဓာကိုယ်မှသိပ်သည်းလှသော အစစ်အမှန်စွမ်းအင်များက မုန်တိုင်းတစ်ခုသဖွယ် ထွက်ပေါ်လာသည်။
ရွှပ်....ရွှပ်.....
မဟာဂိုဏ်းမှ ကျန်ရှိနေသော တပည့်များက ပေကုန်းမင်ကို ခုခံ တွန်းလှန်နိုင်သူ တစ်ယောက်မှမရှိပေ။သူတို့အားလုံး သတ်ဖြတ်ခံလိုက်ရ၏။သွေးများက နေရာအနှံ့လွင့်စင်သွားပြီး စစ်သင်္ဘောတစ်ခုလုံး ပြင်းထန်လှသောသွေးနံ့များပြည့်နှက်သွားသည်။
ပေကုန်းမင်၏ ခန္ဓာကိုယ်တစ်ခုလုံးလည်းသွေးများဖြင့် စိုနစ်နေ၏။သူက သင်္ဘောကုန်းပတ်ပေါ်သို့ ဖြေးညှင်းစွာ လျှောက်သွားလိုက်ပြီး သင်္ဘောလက်ရန်းကို မှီလိုက်သည်။
စစ်သင်္ဘောပေါ်နေ၍ တဖြေးဖြေး သေး၍ သေး၍ သွားသော လေအလင်းအင်ပါယာကို ကြည့်လိုက်၏။သူ့၏ မျက်ဝန်းထဲ၌ လေအလင်းမြို့တော် မှိန်ဖျော့ ပျောက်ကွယ်သွားသည့် အချိန်ထိ ငုံ့ကြည့်နေမိပေသည်။
......
လေအလင်းအင်ပါယာအင်ပါရီယာ မြို့တော်အတွင်း၌ လူအားလုံးက စစ်သင်္ဘောကြီး တဖြေးဖြေး ဝေးလံသွားသည်ကို ကြည့်ရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ထိုစစ်သင်္ဘောကြီး သူတို့အထက်သို့ ရောက်ရှိလာချိန်က သေစေနိုင်သော လက်နက်တစ်ခုကို ထမ်းပိုးထားသကဲ့သို့ပင် ခံစားနေရသည်။ပြန်လည်၍ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ပြန်၍ စိတ်အေးသွားကြသည်။
ထိုတိုက်ပွဲကလည်းသူတို့၏ ရှေ့မှောက်၌ပင် ဖြစ်ပွားခဲ့သည်။ဂျိချန်းရွဲ့က မြို့တံတိုင်းထက်မှ ပြန်လည်၍ ဆင်းသက်လာခဲ့ပြီး နောက်ဆက်တွဲ လုပ်သင့်သည့် ကိစ္စများကို စတင်ဆောင်ရွက်လိုက်သည်။
သူက တိုက်ပွဲတစ်ခုအပြီး၌ ဖြစ်ပေါ်လာသည့် ရှုပ်ထွေးမှုများနှင့် ပတ်သတ်ရာ၌ အလွန်အတွေ့အကြုံ ရင့်ကျက်နေပေပြီ။
....
ဆိုင်ငယ်လေးအတွင်း၌ ပုဖန်က ထိုင်ခုံပေါ်မှာ ထိုင်၍ အသက်ပြင်းပြင်းရှု၍ အနားယူနေသည်။ထို့နောက် သူ့၏ မျက်ဝန်းများကို ဖြေးညှင်းစွာ ဖွင့်လိုက်သည်။
သူ့၏ မျက်ခွံများက လေးလံ ထိုင်းမှိုင်းနေသလို ခံစားလိုက်ရသည်။ဝှိုက်တီ၏ ခန္ဓာကိုယ်ကိုလည်း လူအုပ်ကြီးက သယ်ယူလာကြသည်။ကွဲပြားခြားနားချက် တစ်ခုက လူအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြတုန်းပင် ဖြစ်သည်။
ဝှိုက်တီ၏ ထိုသို့သော အခြေအနေမျိုးကို မည်သူမှ မမြင်ဖူးကြပေ။ဝှိုက်တီ၏ ခန္ဓာကိုယ်က ဆိုးဆိုးရွားရွားထိခိုက်ထားပြီး လျှပ်စီးတန်းများက တဖြတ်ဖြတ် လက်ခါနေတုန်းဖြစ်သည်။
ဝှိုက်တီ၏ စွမ်းရည်များကလည်း ဆိုးဆိုးရွားရွား ပင် ဆုံးရှုံးထားလေသည်။ပုဖန်၏ ဆံပင်များကလည်း ပြေလျော့ရှုပ်ပွနေ၏။
"ဒီနေ့အတွက် ဆိုင်ပိတ်ပြီ.....ကျေးဇူးပြုပြီး ထွက်သွားပေးကြပါ......"
ပုဖန်က တိုးညှင်းစွာ ပြောလိုက်၏။ကွမ်ရှောင်ယီနှင့် တစ်ခြားသူများက တစ်စုံတစ်ရာ ပြောလိုက်လိုသော်လည်း ပုဖန်၏ လက်ရှိအခြေအနေကို ကြည့်၍ သက်ပြင်းသာအသာချရင်း ထွက်ခွာသွားကြသည်။
တံခါးကို ဆွဲပိတ်လိုက်သည်။
ပုဖန်က တံခါးရွက်ပေါ်၌ မှီချလိုက်၏ သူ့၏ ခန္ဓာကိုယ်ထဲမှစွမ်းအင်များ လုံးဝခြောက်ခန်းသွားသည်ကို ခံစားနေမိသည်။သူတစ်လက်မမျှပင် မရွှေ့နိုင်တော့ပေ။
ကြုံတွေ့ခဲ့ရသော တိုက်ပွဲက အလွန်ပင် ခက်ခဲလှသည် သူ့လက်ထဲ၌ ရှိနေသော လှည့်ကွက်များအားလုံးကို အသုံးပြုပြီး ရန်သူကို ရိုက်ချခဲ့သော်လည်း အဆုံး၌ ရှုံးနိမ့်ခဲ့ရသည်။
အကယ်၍ ကျိုင်းပုစွန်သာ လျန်ခိုင်၏ ခန္ဓာကိုယ်ကို မတူးဆွခဲ့လျှင် အဆုံးသတ်က မည်သို့ ဖြစ်လာမည်မှန်း သူမတွေးရဲပေ။ပုဖန်က အကူအညီ မဲ့မှုကို ခံစားနေရသည်။ထိုအကြောင်းအရာတွေအားလုံးက သူ့၏ စွမ်းအင်အဆင့် နိမ့်ကျနေခြင်းကြောင့်သာ ဖြစ်သည်။
သူ လျှာကဝေ မှော်အစီအရင်ကို အသက်သွင်းနိုင်သော်လည်း သူ့၏ ကိုယ်ပိုင် စွမ်းအင်အဆင့်က စစ်နတ်ဘုရားတစ်ပါးမျှသာ ဖြစ်သည်။ထိုသူမျိုးက မသေမျိုးခန္ဓာ စစ်သည်တော်၏ လက်ထဲ၌ မရှုမလှပင် သေဆုံးရပေလိမ့်မည်။ဒီနေ့တိုက်ပွဲ၌ အဓိကသူက ကျိုင်းပုစွန်သာ ဖြစ်ခဲ့သည်။
ရုတ်တရက် သူ ငြိမ်းအေးစွာနေထိုင်ခဲ့ရသော စားဖိုမှူး ဘဝကို သတိရသွားသည်။သူ့၏ စွမ်းအင်အဆင့်က မြင့်မားလှရန် လိုအပ်ပေသည်။ထိုသို့မဟုတ်လျှင် သူ ဘယ်တော့မှ တစ်ယောက်တည်းနေနိုင်လိမ့်မည် မဟုတ်ပေ။
သူက ဆံပင်များကို ထိုးဖွလိုက်ပြီးနောက် ပိတ်ထားသော တံခါးရွက်ကို မှီနေရင်း တိတ်ဆိတ်စွာနေလိုက်သည်။
"စနစ် ငါ့ရဲ့ စွမ်းအင်အဆင့်ကို တိုးတက်လာနိုင်စေမယ့် တခြားနည်းလမ်းတွေရှိလား......"
အချိန်ခဏမျှ တိတ်ဆိတ်နေပြီးနောက် စနစ်က ပြန်လည် ဖြေကြားလာသည်။
"ပိုင်ရှင်ရဲ့ စွမ်းအင်ကျင့်ကြံစဉ်တွေအကုန်လုံးက ဆိုင်ရဲ့ စီးပွားရေးအပေါ်ပဲ တည်မှီနေပါတယ်.....စွမ်းအင်အဆင့် တိုးတက်လာဖို့အတွက် ဆိုင်ရဲ့ စီးပွားရေးလုပ်ငန်းကို တိုးမြှင့်ဖို့ လိုအပ်ပါတယ်.....ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း ပ်ိုင်ရှင်က ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်ပါတယ်......ဒါပေမယ့် ဆိုင်ခွဲရဲ့ ယာယီတာဝန်တွေ ပွင့်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ပိုင်ရှင်က တာဝန်တွေမပြီးမချင်းပင်မ ဆိုင်ကို ပြန်လာနိုင်မှာမဟုတ်ပါဘူး......."အခန်း ၄၁၄

"ပိုင်ရှင်ရဲ့ စွမ်းအင်ကျင့်ကြံစဉ်တွေအကုန်လုံးက ဆိုင်ရဲ့ စီးပွားရေးအပေါ်ပဲ တည်မှီနေပါတယ်.....စွမ်းအင်အဆင့် တိုးတက်လာဖို့အတွက် ဆိုင်ရဲ့ စီးပွားရေးလုပ်ငန်းကို တိုးမြှင့်ဖို့ လိုအပ်ပါတယ်.....ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း ပ်ိုင်ရှင်က ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်ပါတယ်......ဒါပေမယ့် ဆိုင်ခွဲရဲ့ ယာယီတာဝန်တွေ ပွင့်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ပိုင်ရှင်က တာဝန်တွေမပြီးမချင်းပင်မ ဆိုင်ကို ပြန်လာနိုင်မှာမဟုတ်ပါဘူး......."