အပိုင်း ၄၁၆
Viewers 62k

အခန်း ၄၁၆

မြူကောင်းကင်မြို့၏ နောက်ဆုံးသောစားသောက်ဆိုင်...


တောင်ပိုင်းဒေသ နယ်ပယ်က အလွန်ကျယ်ပြော လှသည်။ သို့သော်လည်း နဂါးမြို့ဟောင်းနှင့် ယှဉ်လိုက်လျှင်တော့ သေးငယ်လှ၏။ နဂါးမြို့ဟောင်း တိုက်ကြီးက အဆုံးအစမဲ့ကျယ်ပြောလှသည်။ တောင်ပိုင်းဒေသ နယ်ပယ်က သူ့၏ အစွန်အဖျား၌ရှိသော နယ်မြေလေး တစ်ခုမျှသာဖြစ်သည်။ တောင်ပိုင်းဒေသ ကို ဖြတ်လိုက်သည်နှင့် တိုက်ကြီး၏ တောင်ပိုင်းနယ်မြေပိုက်နက်ထဲသို့ ဝင်ရောက်သွားပေလိမ့်မည်။ 


နဂါးမြို့ဟောင်း တိုက်ကြီးက အဆုံးအစမရှိ ကျယ်ပြောလှသည် ဆိုသော်လည်း ဟိုရှေးယခင်ထဲကပင် နေထိုင်သူအများအပြားပြည့်နက်နေပြီးသား ဖြစ်သည်။ ထိုတိုက်ကြီးကို နယ်မြေလေးခု ပိုင်းခြားထား၏။ 


အရှေ့ပိုင်း၊အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ သူတို့နေထိုင်ရာ နေရာကို ရည်ညွှန်း၍ ခေါ်ဆိုကြသည်။ နောက်ဆုံး ပိုင်နက်က နဂါးမြို့ဟောင်းတိုက်ကြီး အလယ်ဗဟို၌ရှိသည်။ သို့သော်လည်း ထိုနေရာကို ဗဟိုပိုင်နက်ဟူ၍ မခေါ်ဆိုကြပဲ နဂါးမြို့ဟောင်း တိုက်ကြီး၏ အသဲနှလုံးဟု ခေါ်ဆိုကြသည်။ 


ထိုနေရာနှင့် စည်းမျဉ်းများကို အလွန်အင်အားကြီးလှသော အဖွဲ့က ထိန်းချုပ်ထားသည်။ ထိုအဖွဲ့က နဂါးမြို့ဟောင်းနယ်မြေ တော်ဝင် ခုံရုံးအဖွဲ့ဖြစ်သည်။ သူတို့က နဂါးမြို့ဟောင်း တိုက်ကြီး တစ်ခုလုံးတွင်ရှိသည့် တစ်ခုတည်းသော ခမ်းနားကြီးကျယ်သော အဖွဲ့ကြီး တစ်ဖွဲ့ဖြစ်သည်။ အရှေ့ပိုင်း၊ အနောက်ပိုင်း၊တောင်ပိုင်းနှင့် မြောက်ပိုင်း ပိုင်းနက်များကို ပထမအဆင့်ဂိုဏ်းက စည်းမျဉ်းဆွဲ၍ အုပ်ချုပ်သည်။


မဟာဂိုဏ်းက ပထမအဆင့် ဂိုဏ်းကြီးတစ်ခုဖြစ်သည်။ ပထမအဆင့် ဂိုဏ်းတစ်ခုဖြစ်ယုံသာမက အလွန်လူသိကျော်ကြားလှသော ဂိုဏ်းလည်း ဖြစ်သည်။ တောင်ပိုင်းဒေသ၏ လေ့ကျင့်ရေး ကွင်ပြင်ပင် မဟာဂိုဏ်း၏ ပိုင်ဆိုင်မှု တစ်ခုပင်ဖြစ်သည်။ တောင်ပိုင်း ပိုင်နက်ထဲ၌ မဟာဂိုဏ်းလိုပင် လူသိများလှသော နောက်ထပ်ဂိုဏ်းကြီး တစ်ခုလဲ ရှိသည်။ ၄င်းက အားလုံးသိကြသည့် အဂ္ဂိရတ်ဂိုဏ်းပင်ဖြစ်သည်။ 


သူတို့ ပထမအဆင့်ကို ပိုင်ဆိုင်သွားရခြင်းမှာ ကျွမ်းကျင်ပညာရှင်များ များပြားခြင်းကြာင့်မဟုတ်ပဲ သက်စောင့်ဆေး အရင်းအမြစ်ကို ဆုပ်ကိုင်ထားနိုင်သောကြောင့် ဖြစ်သည်။ မြောက်မြားလှစွာသော ကျွမ်းကျင်ပညာရှင်များက သက်စောင့်ဆေးရရန် အလို့ငှာ မဟာဂိုဏ်းကို အမြဲတစေ ကူညီလိုစိတ်ရှိကြသည်။ သူတို့က တောင်ပိုင်းပိုင်နက် တစ်ခွင်၌ အမြဲတစေ လှည့်လည်သွားလာနေကြရင်း သူတို့ကို သူတို့ အရေးကြီး ခရီးသွားများအနေဖြင့် ပြုမူကြပေလိမ့်မည်။ 


နဂါးမြို့ဟောင်းတိုက်ကြီး၌ သူတို့ကို အဂ္ဂိရတ် ပညာရှင်များ အစား တခြားနာမည်တစ်ခုကို ခေါ်တွင်ကြသည်။ ထိုနာမည်က လှည့်လည်နေသော ဆေးလုံးနန်းတော်ဟူ၍ ဖြစ်သည်။ ထိုဆေးနန်းတော်များက ဆေးမြို့တော် သုံးခု၏ လက်အောက်မှ ဖြစ်သည်။ ဆေးမြို့တော် သုံးခုထဲမှ လူသိအများဆုံး ဆေးမြို့တော်မှာ ကောင်းကင် ဆေးမြို့တော်ဖြစ်သည်။နောက်ထပ်နှစ်ခုမှာ တောက်ပ ကောင်းကင်မြို့တော်နှင့် မြူကောင်းကင်မြို့တော်တို့ ဖြစ်သည်။


မြူကောင်းကင်မြို့တော်က ထိုဆေးလုံး မြို့တော်ထဲမှ အားအနည်းဆုံး မြို့တော်ဖြစ်သော်လည်း သူပိုင်ဆိုင်ထားသော နယ်မြေက အလွန်ကျယ်ဝန်းလှသည်။ သူတို့၏ ခမ်းနားကြီးကျယ်မှုကို လေအလင်းအင်ပါယာ ပင် မယှဉ်ပြိုင်နိုင်ပေ။ ထိုမြို့တော်၌ မြောက်မြားလှစွာသော ကျွမ်းကျင်ပညာရှင်များ ရှိသည်။ ဆေးလုံး မြို့တော်ဖြစ်သည့် အလျောက် မရေမတွက် နိုင်လှသော အဂ္ဂိရတ်ပညာရှင်များလဲနေထိုင်ကြသည်။  


လူတစ်ယောက်က အကောင်းဆုံးသော အဂ္ဂိရတ်ပညာရှင် ဖြစ်လာရန်အတွက် အထင်ကြီးလောက်စရာ အဂ္ဂိရတ်စွမ်းရည်များရှိရန်လိုအပ်သလို ကြီးမားသည့်စွမ်းရည်များ ပိုင်ဆိုင်ထားရန်လိုအပ်သည်။ 


ဆေးလုံး မြို့တော်ဟု ခေါ်ဆိုရခြင်းမှာ ထိုမြို့ထဲ၌ ကြီးမားလှသော ဆေးလုံးအဆောက်အဦးတည်ရှိနေခြင်းကြောင့်ဖြစ်သည်။ အဆောက်အဦးက ဆေးလုံးမြို့တော်၏ သင်္ကေတပင်ဖစ်သည်။ 


ထို အဆောက်အဦး ၌ မြောက်မြားလှစွာသော တန်ဖိုးအလွန်ကြီးလှသည့် သက်စောင့်ဆေးများရှိသည်။ ထိုဆေးလုံးများထဲ၌ အဆင့်ငါး နတ်ဘုရားဆေးလုံးပင် ပါဝင်လေသည်။ မြူကောင်းကင်မြို့က ညဘက်အချိန်တွင်ပင် ထွန်းလင်းတောက်ပနေပြီး ဘယ်သောအခါမှ တိတ်ဆိတ် ငြိမ်သက်သွားခြင်းမျိုး မရှိပေ။ 


အနည်းငယ် မှောင်နေသော လမ်းကြားလေးတစ်ခုအတွင်း.. ပတ်ဝန်းကျင်တစ်ခွင်၌ လေပြင်းများ စတင်တိုက်ခိုက်လာသည်။


 လေထဲ၌ မြောက်မြားလှစွာသော အလင်းစက်ကလေးများ ပေါ်ထွက်လာပြီး မှော်အစီအရင်များ ပေါ်ထွက်လာသည်။ ထိုအစီအရင်ထဲမှ ပိန်ပါးလှစွာသော ပုံဏ္ဍာန်တစ်ခု ထွက်ပေါ်လာသည်။


 ပုဖန်က အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူ့ဆံနွယ်ရှည်များကို သိုးမွှေးကြိုးကွင်းဖြင့် သေချာစွာ စည်းနှောင်ထားသည်။ မှော်အစီအရင်ထဲမှ လျှောက်ထွက်လာသော သူ့ကိုကြည့်ရသည်မှာအနည်းငယ် စိတ်ဓာတ်ကျနေပုံပေါ်သည်။ မြူခိုးများက ပြန်လည် ပျောက်ကွယ်သွားပြီးနောက် ပတ်ဝန်းကျင်က တဖန်ပြန်လည်တိတ်ဆိတ်သွားသည်။


သူ အသက်ပြင်းပြင်း တချက်ရှုရှိုက်လိုက်သည်။ထူးဆန်းသော အနံအသက်တစ်ခု နှာခေါင်းထဲ တိုးဝင်လာသောကြောင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။


စနစ်၏ တည်နေရာရွှေ့ပြောင်းအစီအရင်က စိတ်မချရဖြစ်လာပေပြီ။သူ့ကို မှောင်မည်းနေသော လမ်းကြားလေးတစ်ခုအတွင်း နံစော်နေသော အမှိုက်ပုံဘေးသို့ ပို့လိုက်သည်။


ပုဖန်က နှာခေါင်းနှင့် ပါးစပ်ကို လက်တစ်ဖက် ဖြင့် ပိတိကာလိုက်ပြီး..လက်တဖက်ဖြင့် အနံ့အသက်များကို ဝှေ့ရမ်းကာ လမ်းကြားအပြင်ဘက်သို့ မြန်မြန်ထွက်လာလိုက်သည်။


လမ်းကြားလေးအပြင်ဘက်သို့ ရောက်ရှိသည်နှင့် မှောင်မည်းနေသောလှိုဏ်ခေါင်းတစ်ခုအတွင်း မှ ကမ္ဘာအပြင်ဘက်ကိုခြေချလိုက်သလိုမျိုး ခံစားလိုက်မိသည်။


သူ့ပတ်ဝန်းကျင်က အလင်းရောင်များလင်းထိန်နေသည်။နားနှစ်ဖက်အတွင်းသို့ ဆူညံသံများ ထိုးဖောက်ဝင်ရောက်လာသလို အလင်းရောင်များကြောင့်လဲ မျက်လုံးအစုံပြာဝေသွားသည်။သူ မခံနိုင်စွာပဲ မျက်စိမှိတ်လိုက်ရသည်။ထို့နောက် သူရောက်ရှိနေသည့် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။


မြူကောင်းကင်မြို့ တော်က အလွန်တောက်ပပြီး တက်ကြွစည်ကားလှသည်ကို သိလိုက်ရသည်။တချို့အဆောက်အဦးများက အလွန်မြင့်မားလှပြီး.. အချို့က မီတာဒါဇင်ခန့်မျှသာမြင့်မားသည်။


ထိုမြင်ကွင်းက သူ့အရင်ကမ္ဘာကိုပင်ပြန်လည်သတိရသွားစေသည်။ရုတ်တရက်၌ သူအရင်ကမ္ဘာကို ပြန်ရောက်နေသည်ဟုပင် ထင်မှတ်မှားသွားသည်။


...ဒါ.တကယ်ရော ဆန်းကြယ်ကမ္ဘာဟုတ်ရဲ့လား...


ပုဖန် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။သူလက်နှစ်ဖက်ကိုနောက်ပစ်လိုက်ရင်း လမ်းမကျယ်ဆီသို့ အေးဆေးစွာ လျောက်လာလိုက်သည်။


လမ်းမ တစ်ဖက်တချက်စီ၌ သူတို့၏ ကုန်ပစ္စည်း များကို အော်ဟစ်ရောင်းချနေသော စျေးသည်များ၏ အသံကိုလဲ သူကြားနေရသည်။သေချာနားစိုက်ထောင်ကြည့်လျင် သူတို့ရောင်းချနေသည်က သက်စောင့်ဆေးများသာ ဖြစ်သည်ကို သိရပေမည်။


လေအလင်းအင်ပါယာ၌ သက်စောင့်ဆေးများက အလွန်ရှားပါးသောလဲ မြူကောင်းကင်မြို့၌မူ ဂေါ်ဖီထုပ်ရောင်းချသကဲ့သို့ နေရာအနှံ၌ တွေ့နေရသည်။ပြောရမည်ဆိုလျှင် ဆိုင်တိုင်းလိုလို ၌ပင် သက်စောင့်ဆေးများရောင်းချနေကြသည်။


မီတာ ဒါဇင်ခန့်မျှသာမြင့်သော အဆောက်အဦးများက အရေးမပါလှဟု သူခံစားမိသည်။မြင့်မားလှသော အဆောက်အဦး၌မူ ကြေးတံခါးများတပ်ဆင်ထားပြီး လူများစွာကလဲ ဥဒဟို ဝင်ထွက်သွားလာနေကြ၏။


 သူ့အရင်ကမ္ဘာတွင်... လူနုံတယောက် ခေတ်နောက်ကျနေသောတောမှ မြို့တက်လာသော ခံစားချက်ကဲ့သို့ပင် သူခံစားနေမိသည်။နေရာအသစ်နှင့် နေသားမကျ ဖြစ်နေသည့်အပြင် အကူအညီမဲ့မှုကိုလဲ ခံစားနေရသည်။


စနစ်က သူ့ကို ဒီမြို့၌ ဆိုင်ခွဲဖွင့်စေချင်သည်။ထိုမစ်ရှင်က သူ့၏စွမ်းအင်အဆင့်နှင့်သာ သက်ဆိုင်နေခြင်းမဟုတ်ပဲ... ဝှိုက်တီ၏ ပြန်လည်ကောင်းမွန်ခြင်း (သို့)ပျက်စီးခြင်းနှင့်ပါ သက်ဆိုင်နေပေသည်။


မြူကောင်းကင်မြို့၌ ရှိသော လူများ၏ ပျမ်းမျှ စွမ်းအင်အဆင့်ကလဲ လေအလင်းအင်ပါယာ ရှိလူအများ၏အဆင့်ထက် ပို၍ မြင့်မားကြသည်။ထိုသို့ကွာခြားချက်ကြောင့်လဲ မြူကောင်းကင်မြို့ က ကြီးကျယ်ခမ်းနားသော မြို့ဖြစ်နေခြင်းပင်။


ပုဖန်က ခဏမျှအကဲခတ်ကြည့်ရူလိုက်ပြီးနောက်...ဒီနေရာ၌ အားအနည်းဆုံးသူအဖြစ် ဝှေးတန်းလန်းဖြင့် ပျော်ရွှင်စွာလျှောက်ပြေးနေသည့် ကလေးတစ်ယာက်ကိုတွေ့လိုက်ရသည်။ထိုကလေးကပင် တတိယအဆင့်တိုက်ခိုက်သူတစ်ယောက်ဖြစ်သည်။


တစ်ခြားသူများက အင်ပါယာအဆင့် သူတော်စင်အဆင့်သို့ ရောက်ခါနီး သူများဖြစ်သည်။အဆင့် ၈ စစ်နတ်ဘုရားအဆင့်ရောက်နေသည့် သူများလဲရှိသည့်အပြင် တန်ခိုးရှင်အဆင့်ပညာရှင်များလဲ မရှားပေ။ 


ထိုအဆောက်အဦးအမြင့်ကြီးရှေ့၌ စောင့်ကြပ်နေသော အစောင့်မျါးပင်လျှင် တန်ခိုးရှင် အဆင့် သို့ရောက်ခါနီးသူများဖြစ်သည်။


ထိုသို့သောအဆင့်များက လေအလင်းအင်ပါယာ၌ ဆိုလျှင် ရှင်သခင်လိုအဆင့်မျိုးဖြစ်သည်။သို့သော်လည်းမြူကာင်းကင်မြို့၌မူ နေရာ အနှံအပြားတွေ့နိုင်သည်။


ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး လမ်းမတစ်လျှောက် ဆက်၍ လျှောက်လာသည်။


အခု သူ တကယ့် ပြသာနာ ကြီး၌ရင်ဆိုင်နေရပေပြီ။ သူမြူကာင်းကင်မြို့၌ ဆိုင်နေရာရှာရပေမည်။လေအလင်းအင်ပါယာတွင်ပင် ဆိုင်ရှာရန် ပုဖန်အတွက်အလွန်ခက်ခဲခဲ့သည်။ မြူကာင်းကင်မြို့တော်၌ဆိုလျှင် ပို၍ပင်ခက်ခဲပေမည်။


"အဆင့်၈သက်စောင့်ဆေး..ကျားဝိညာဉ်ဆေးလုံးတွေကိုအခုကစပြီးတော့စရောင်းချနေပြီ...ဆေးတစ်လုံးကိုမှ သလင်းကျောက် တစ်သောင်းပဲကျသင့်မယ်...အရင်လာသူ အရင်ရမယ်"


"အဆင့်၈ သက်စောင့်ဆေး မဟူရာဆန်းကျယ်ဆေးလုံးနော်.....ဒီဆေးလုံးကို ဆေးနန်းတော်က တိမ်တစ်ဆ အဂ္ဂိရိတ်ပညာရှင် ကိုယ်တိုင်ပြုလုပ်ထားတာနော်.....နန်ကုန်းမင် ကိုယ်တိုင်ပြုလုပ်ထားတယ်ဆိုမှတော့ ဒီဆေးလုံးမှာဘာချို့ယွင်းချက်မှရှိမှာမဟုတ်ဘူး စိုးရိမ်စရာ မလိုပဲဝယ်ယူနိင်တယ်...တကယ်လို့ဒီရောင်းချမှုကိုသာ လွတ်သွားမယ်ဆိုလျှင် မင်းတို့ တစ်ဘဝလုံးနောင်တရနေမယ်..."


ပုဖန် ပို၍လျှောက်လှမ်းလာလေလေ ပို၍စိတ်ဓာတ်ကျလာလေလေဖြစ်သည်။မြူကောင်းကင်မြို့တော်ရှိ ဆိုင်တိုင်းလိုလိုက သက်စောင့်ဆေး များကိုသာ ရောင်းချနေကြသည်။ သူတို့၏ ကုန်ပစ္စည်းများကို အလုအယက်ကြေညာသံက ပုဖန်နားထဲသို့ဆူညံစွာပင်တိုးဝင်နေသည်။


နေ့တစ်ဝက်ခန့်မျှ ရှာကြည့်ပြီးသည့်အချိန်၌ပင် စားသောက်ဆိုင်တစ်ဆိုင်မှ မတွေ့ရသေးပေ။


...ဒီ မြူကောင်းကင်းမြို့က သူတွေအားလုံးက မစားတာများဖြစ်နိုင်လား...သူတို့ကဆေးလုံးတွေကိုများ ပဲကြော်စားသလိုစားကြတာလား....


...ဒါဆိုသူတို့ဗိုက်ထဲမှာ သက်စောင့်ဆေးတွေပဲ ပြည့်နေတာလား...


အစားအစာက လူသားများ၏ အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။ဒီမြို့၌ အဘယ်ကြေါင့် စားသောက်ဆိုင်တစ်ဆိုင်တစ်လေမျှပင် မရှိရသည်နည်း။ စားသောက်ကုန်လုပ်ငန်းမှာ အလွန်ပင် ကြီးမားလှသည့် စီးပွားရေး အခွင့်လမ်းမဟုတ်သည်လော။


တကယ်တမ်း ပုဖန် ခန့်မှန်းခဲ့သည်က မှန်လေသည်။ 


မြူကာင်းကင် မြို့သူမြို့သားများက စားသောက်ဆိုင်မလိုအပ်ပေ။


မြို့ထဲ၌ တည်းခိုခန်းအများအပြားရှိသောလည်း စားသောက်ဆိုင် တစ်ဆိုင်မျှပင်မရှိပေ။


ပုဖန်က ညနေထိတိုင်အောင် လျှောက်၍ ပတ်ကြည့်နေခဲ့သည်။ သူတစ်နေ့တာလုံး ကြည့်ပြီးသည့်အထိသူရှာဖွေနေသည့်အရာကို မတွေ့ပေ။သူအနည်းငယ် ပင်ပန်းလာသောကြောင့် တည်းခိုခန်းတစ်ခုတွင်းသို့ဝင်လိုက်သည်။


တည်းခိုခန်းက အဆင့်တန်းမြင့်လှသည်။

အပြင်ဆင်များကလည်း ထူးခြားလှ၏။ သူတည်းခိုခန်းအတွင်းဝင်လိုက်သည့်နှင့် ငယ်ရွယ်ပြီးလှပသော အမျိုးသမီးတစ်ဦးက ခရီးဦးကြိုပြုလေသည်။


"ဒီမြူကောင်းကင်မြို့မှာ စားသောက်ဆိုင်ဘယ်နေရာမှာများ ရှိသလဲ ဆိုတာမင်းသိလား"


ပုဖန်က သူအတွက် အခန်းပြင်ဆင်ပေးသည့် အမျိုးသမီး ကိုမေးလိုက်သည်။


"စားသောက်ဆိုင် "


အမျိုးသမီးက အနည်းငယ် အံသြသွားသည။ ပ်ုဖန်က စားသောက်ဆိုင်တစ်ဆိုင်ရှာနေသည်ဟု ကြားသောအခါ သူမက ထူးဆန်းသောအကြည့်ဖြင့် ပုဖန်ကို ကြည့်လိုက်သည်။


ထိုအကြည့်ကြောင့် ပုဖန်က မျက်မှောင်ကျုံ့လိုက်မိပြီးမှ စိတ်အားထက်သန်စွာဖြင့်သူမကိုရှင်းပြလိုက်သည်။


"အော်......စားသောက်ဆိုင် ဆိုတာက အဲဒီနေရာကိုသွားပြီး စားစရာတွေမှာစားလို့ရတဲ့နေရာလေ..."


"ရှင်က မြူကောင်းကင်မြို့ အပြင်ဘက်ကလာတဲ့သူဖြစ်ရမယ်... ဒီမြို့က ဆေးနန်းရဲ့အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ဆေးမြို့တော်လေ...ဘယ်သူမှ ဒီနေရာမှာ စားသောက်ဆိုင်လာဖွင့်မှာမဟုတ်ဘူး "


"လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ ကျော်လောက်က ဆေးနန်းတော်ရဲ့ နန်ကုန်းမိသားစုမှ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကနေပြီးတော့ အရသာမျိုးစုံအဆာခံဆေးလုံးတွေ ထုတ်လုပ်ခဲ့တယ်လေ...စျေးသက်သာပြီးတော့ အရည်အသွေးကလဲ ကောင်းတယ်....

တစ်ခုစားလိုက်ရုံနဲ့ လုံးဝဗိုက်ပြည့်သွားစေလိမ့်မယ်... ပြီးတော့... အရသာအမျိုးမျိုးလဲရှိတယ်...အဲဒီတော့ စားသောက်ဆိုင် လုပ်ငန်းတွေအကုန် ရပ်တန့်လိုက်ရကုန်တာပေါ့.."


ထိုအမျိုးသမီးက ခပ်ပြုံးပြုံး မျက်နှာထားဖြင့်ပုဖန်ကို ရှင်းပြလိုက်သည်။ 


"အရသာမျိုးစုံ အဆာခံဆေး"


ပုဖန်၏ အူကြောင်ကြောင် အမူအရာကိုကြည့်၍ အမျိုးသမီးက ခပ်ပြုံးပြုံး ဖြင့်သူမအိတ်ကပ်ထဲက ဆေးလုံးတစ်ချို့ကို ထုတ်ယူလိုက်သည်။ထိုဆေးလုံးများက အရောင်အသွေးစုံလင်လှပြီး ဆွဲဆောင်မှုပြင်းလှသော မွေးရနံလေးများ ကိုထုတ်လွှင့်နေသည်။


"ဒီဆေးလုံးတွေက ကျွန်မရဲ့ နှစ်ဝက်စာဝေစုပဲ"


အမျိုးသမီး ကဆေးလုံးများကိုပြပြီးနောက် တစ်ခုကိုယူလိုက်ပြီး ပုဖန်ကို လှမ်းပေးလိုက်သည်။


"မြည်းကြည့်လိုက်"


ပုဖန် မျက်ခုံးပင့်လိုက်မိသည်။ဆေးလုံးအနည်းငယ်က နှစ်ဝက် စာမျှနှင့်တန်ဖိုးညီနေပေသည်။စိတ်ဝင်စားစရာကောင်းလှ၏။


ပုဖန်က မငြင်းပယ်လိုက်ပေ။

သူဆေးလုံးကိုယူပြီး နှာခေါင်းနားကပ်၍ အနံခံလိုက်ပြီးမှ ပါးစပ်ထဲထည့်လိုက်သည်။


ပါးစပ်ထဲ ရောက်သည်နှင့် သူခံတွင်းတစ်ခုလုံး သစ်သီးရနံဖြင့်ပြည့်သွားသည်။

ဆေးလုံးက အရည်ပျော်သွားပြီး သူဗိုက်ထဲသို့စီးဝင်သွားလေသည်။ဆေးရည်များ သူအစာအိမ်ထဲ ဝင်သွားသည်နှင့် သူဗိုက်ပြည့်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။သို့သော်လည်းပုဖန်က မျက်မှောင်ကျုံ့လိုက်သည်။ထိုခံစားချက်က ထူးဆန်းလှပေသည်။သူ ထိုခံစားချက်ကို မနှစ်သက်ပေ။


အရသာရှိသည့် စားကောင်းသောက်ဖွယ်များကို စားပြီးရလာသည့် စိတ်ကျေနပ်မှုနှင့်မတူပေ။ဗိုက်ဆာနေသည့်အခါ၌ ဆေးလုံးစားလိုက်ရခြင်းက ကျေနပ်နှစ်သိမ့်မှုကို ရရှိနိုင်လိုက်မည်မဟုတ်ပေ။ 


"ဒီဆေးလုံးကို တီထွင်တဲ့ လူရဲ့ ဦးနှောက်က အခန်းလွတ်နေပြီ...သူက လူသားတွေရဲ့ သဘာဝကိုဖျက်စီးနေတာပဲ..."


ပုဖန်က အသံမာမာဖြင့်ပြောလိုက်သည်။

အမျိုးသမီး ကမထိန်းနိင်ပဲရယ်လိုက်၏။ 

ပုဖန်၏ စကားက ဟာသမြောက်လှပြီး သူမကို နောက်ပြောင်သည်ဟုသာယူဆလိုက်သည်။ 


ပုဖန်အတွက် အခန်းပြင်ဆင်ပြီးနောက် မှော်အစီရင်ထဲသို့ဦးဆောင်၍ ဝင်လိုက်သည်။


မှော်အစီရင်ထဲသို့ ဝင်လိုက်သည့်နှင့်တစ်ပြိုင်နက် အလင်းရောင်များ တောက်ပလာပြီး သူတို့ ၁၀ထပ်မြောက်သို့ ရောက်ရှိသွားသည်။ထိုနေရာက အမြင့်ဆုံးမဟုတ်သေးပေ။


"ဒါက ရှင်ရဲ့ အခန်းပါ...ကျေးဇူးပြုပြီး သလင်းကျောက် ၅၀ ပေးချေထားပါ...မနက်ဖြန် ရှင်အခန်းပြန်အပ်မယ်ဆိုလျှင် သလင်းကျောက်တစ်ဝက်ကိုပြန်ပေးပါ့မယ်..."


အမျိုးသမီး က ပုဖန်ကိုပြောပြီးနောက် အစီရင်အပြင်ဘက်သို့ ခြေချလိုက်သည်။


ပုဖန်နှူတ်ခမ်းများတွန့်ရှုံလိုက်မိသည်။

တစ်ညတာနေဖို့အတွက် သလင်းကျောက်၅၀တောင် ကျသင့်ပေသည်။ ဒီတည်းခိုခန်းက သူ၏စားသောက်ဆိုင်ထက်ပင် ပို၍ အမြတ်ကြီးစားနေသည်။


သူ့ဆိုင်၌ ဥထမင်းကြော် တစ်ပွဲမှ သလင်းကျောက်ဆယ်တုံးသာ ကျသင့်ပေသည်။သူက အမျိုးသမီးကို သလင်းကျောက်များလှမ်းပေးလိုက်ပြီးနောက် အခန်းတံခါးကိုပိတ်လိုက်သည်။


သို့သော်လည်း အမျိုးသမီးက သူ့ကိုလှမ်းခေါ်လိုက်၏ သူမ၏ မျက်နှာပေါ်၌ တွန့်ဆုတ်သည့်အမူအရာတခု ရှိနေသည်။


ပုဖန်က ဇဝေဇဝါ ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။


"တကယ်တော့လေ...ဒီမြို့မှာ စားသောက်ဆိုင်တစ်ဆိုင်ရှိပါတယ်..."


အမျိုးသမီးက ခဏမျှ တွေဝေနေပြီးမှ လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။


ပုဖန် အံအားသင့်သွားပြီးမှ... သူ့မျက်ဝန်းထဲ ပျော်ရွှင်မှုများ ပြည့်လာသည်။


"ဟုတ်တာပေါ့...ဒီလိုမြို့ကြီးမှာ စားသောက်ဆိုင် တစ်ဆိုင်မှ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး...အဲ့ဒီစားသောက်ဆိုင်က ဘယ်နေရာမှာလဲ..."


အမျိုးသမီးက သက်ပြင်းချပြီးမှ ဆက်ပြောလိုက်သည်။


"တကယ်တော့ အဲ့ဒီစားသောက်ဆိုင်ကိုကျွန်မ သူငယ်ချင်းဖွင့်ထားတာ...ကျွန်မက သူ့ကို အဂ္ဂိရတ်ပညာသင်ဖို့ အကြံပေးခဲ့တယ်.. ဒါမှသာ အနာဂတ်မှာ သူအလုပ်အကိုင်အဆင်ပြေနိုင်မယ်မဟုတ်လား...

ဒါပေမဲ့ သူက အရမ်းခေါင်းမာတယ်...ဘာမျှော်လင့်ချက် ဘာအနာဂတ်မှ မရှိတဲ့ သူ့မိသားစုစားသောက်ဆိုင်ကိုပဲ အမွေဆက်ခံခဲ့တယ်..."


"ဘာလို့ မျော်လင့်ချက် မရှိရမှာလဲ...အဲ့ဒါ တကယ့်အနာဂတ်ကောင်းပဲလေ...ခဗျားရဲ့သူငယ်ချင်းက တော်တော့်ကိုအမြင်ရှိတာပဲ..." 


ပုဖန် မကျေမနပ်ဖြစ်မိသွားသည်။သူမက စားသောက်ဆိုင်ဖွင့်ခြင်းကို ဘာကြောင့် မျှော်လင့်ချက်မရှိဟု ပြောရသနည်း။


သူမ စားသောက်ဆိုင်များပေါ်အမြင်က တစ်ခုခုမှားနေပေသည်။သူမသာ လေအလင်းအင်ပါယာတွင်ဆိုလျှင် ဝက်ခြံထဲပစ်ထည့်၍ ဖမ်းထားခံရပေလိမ့်မည်။


ထိုအမျိုးသမီးနှင့် စားသောက်ဆိုင်အကြောင်း ထပ်ဆွေးနွေးရမည်မထင်ပေ။


သူမကလဲ စားသောက်ဆိုင်တည်နေရာကို ပုဖန်အားပြောပြပြီးသည်နှင့် ချက်ချင်းလှည့်ထွက်သွားသည်။


ပုဖန် အခန်းထဲ ပြန်လှည့်လိုက်ပြီးနောက် လက်နှစ်ဖက်နောက်ပစ်ရင်း အခန်းကိုအကဲခတ်လိုက်သည်။


ထို့နောက် အမျိုးသမီးပြောသွားသည့် စားသောက်ဆိုင်အမည်ကို ရေရွတ်လိုက်သည်။ 


"တိမ်ခိုး စားသောက်ဆိုင်..."


"မြူကောင်းကင်မြို့ထဲက နောက်ဆုံးသော စားသောက်ဆိုင်...တိမ်ခိုးစားသောက်ဆိုင်..."