အပိုင်း ၄၂၁
Viewers 53k

အခန်း ၄၂၁

ပုဖန်ချက်သော တို့ဟူးပုပ်..


အချစ်၌ ပျော်ဝင်ကျရှုံးနေသော အမျိုးသား ထွက်ခွာသွားပြီးနောက်...


 သက်စောင့်ဆေးဆိုင်ထဲမှ ဆံပင်နီနှင့်အမျိုးသမီးက ထိုမြင်ကွင်းကို တွေ့လိုက်ရပုံပေါ်သည်။သူမက တင်းတင်းစေ့ပိတ်ထားသော တိမ်ခိုးစားသောက်ဆိုင်တံခါးကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည်။


စားသောက်ဆိုင်က ဒီနေ့ စောစောစီးစီး ပိတ်သွားသည်ဟုသာသူမတွေ့းလိုက်မိသည်။ရုတ်တရက် ဆိုင်ထဲမှ အလင်းတန်းများ တောက်ပနေသည်ကို တွေ့လိုက်ရသောကြောင့် မျက်ဝန်းများ ပြူးကျယ်သွားလေသည်။


"ဆိုင်ထဲမှာ ဘာတြွေဖစ်နေတာလဲ....."


အမျိုးသမီး၏ မျက်ဝန်းများက သိချင်စိတ်ကြောင့် ပုပ်ခတ်ပုပ်ခတ် ဖြစ်သွားသည်။


.......


စနစ်၏ ပြန်လည် ပြုပြင်မွမ်းမံခြင်းကို ပထမဦးဆုံး မြင်ဖူးသည့် ပုဖန်ကလည်း အံ့သြမှင်သက်နေမိသည်။


သူမျက်စိရှေ့မှဆိုင်တစ်ခုလုံးက တောက်ပြောင်လင်းလက်နေသည်။နံရံလေးဘက်လုံးမှလည်း တောက်ပလှသော အဖြူရောင်အလင်းများကို ထုတ်လွှင့်နေ၏။


ထိုအလင်းများက အလွန်အမင်းတောက်ပလွန်းသောကြောင့် ပုဖန်ပင် မခံနိုင်ပဲ မျက်ဝန်းအနည်းငယ် မှေးမှိတ်လိုက်မိသည်။ထိုအချိန်၌ သူ့နားထဲသို့ အသံကျယ်ကျယ်များ တိုးဝင်လာသည်။ထိုအသံများက ပြန်လည်နေရာချနေသောကြောင့် ခုံနှင့်ကုလားထိုင်များ အချင်းချင်းတိုက်မိရာမှ ထွက်ပေါ်လာသော အသံများဖြစ်သည်။


ဆိုင်ထဲ၌ များပြားလှစွာသော အရိပ်များဖြင့် တောက်ပနေသည်ကိုလည်းပုဖန်မြင်နေရသည်။လေပြင်းတစ်ချက် တိုးဝင်လာသောကြောင့် ပုဖန်၏ ခေါင်းစည်းကြိုးပင် ပြတ်ထွက်သွား၏။


သူ့၏ အနက်ရောင်ဆံပင်များက ပြေလျော့သွားပြီး ပုခုံးပေါ် ဝဲပျံကျသွားသည်။အခ်ျိန်ခဏမျှ ဆိုင်ထဲ၌ တောက်ပနေပြီးနောက် အလင်းတန်းများ ပြန်လည် မှေးမှိန်သွားကာ အသစ်စက်စက် ဆိုင်အခြေအနေ ပေါ်ပေါက်လာလေသည်။


ထိုဆိုင်သစ်ကို မြင်လိုက်ရသည်နှင့် ပုဖန်၏ မျက်ဝန်းများ တောက်ပသွားသည်။ဆိုင်၏ အတွင်းပိုင်း အရွယ်အစားက မပြောင်းလဲသွားသော်လည်း ပစ္စည်းများ မထားအသိုနှင့် ပုံစံက လေအလင်းအင်ပါယာ၌ ရှိသော ဖန်ဖန်ဆိုင်ငယ်လေးကဲ့သို့ ထပ်တူ ညီသွားသည်။


တကယ်တမ်းပြောရမည်ဆိုလျှင် ဆိုင်အသစ်က ပို၍ပင် နှစ်သက်ဖွယ်ကောင်းသည်ဟု ထင်ရသည်။ဆိုင်၏ ထောင့်လေးထောင့်လုံးတွင် ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်တစ်ပင်စီ ရှိနေသည်။ထိုသစ်ပင်များမှာ လူတစ်ယောက်၏ စိတ်ကို ကြည်လင် လန်းဆန်းစေနိုင်သော စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွင့်နေသည်။


သူဒီနေရာကို ရပ်နေရင်းမှပင် လေအလင်းအင်ပါယာမှ ဆိုင်ငယ်လေးဆီသို့ ပြန်လည် ရောက်ရှိသွားသလိုပင် ခံစားလိုက်ရသည်။ဆိုင်ငယ်လေး ဆိုင်ဖွင့်ခဲ့ချိန်ကလိုပင် ဟင်းပွဲများ၏ စာရင်းကို ဖော်ပြာထားသော မီနူးတွင်တော့ အပြောင်းအလဲကြီးတစ်ခုကို ကြုံခဲ့ရသည်။ထိုမီနူးပေါ်၌ ဟင်းပွဲသုံးပွဲရှိနေသည်။


"ဥထမင်းကြော် (သလင်းကျောက် ၁၀ တုံး) ၊ ဝက်နံရိုးချိုချဉ်ကြော် (သလင်းကျောက်တုံး ၅၀ ) ၊ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲ (သလင်းကျောက် ၁၀၀၀၀ ) "


မြောက်များလှစွာသော ဟင်းပွဲများ ဖော်ပြထားသည့် ဖန်ဖန်ဆိုင်ငယ်လေး၏ မီနူးနှင့် ယှဉ်လိုက်လျှင် ဒီမီနူးက အလွန်အရေအတွက်နည်းပါးနေသည်။


သို့သော်လည်း ထိုဟင်းပွဲ သုံးပွဲလုံးက သူ့၏ အကောင်းဆုံးလက်ရာများဖြစ်သည်။ ဥထမင်းကြော် ၊ ဝက်နံရိုးချိုချဉ်ကြော်နှင့် နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲများက ဖန်ဖန်ဆိုင်ငယ်လေး၌ အကျော်အကြားဆုံး ဟင်းပွဲများပင် ဖြစ်သည်။


ဒီဆိုင်ခွဲ၏ ပထမဦးဆုံး ဟင်းပွဲ သုံးပွဲကပင် ထိုဟင်းပွဲများဖြစ်လျှင် နောက်လာမည့် ဟင်းပွဲများက ပို၍ ထူးခြားနေပေလိမ့်မည်။သို့သော်လည်း ယခုလက်ရှိအချိန်၌ ပုဖန်က ထိုအချက်ကို မတွေးမိသေးပေ။


ပုဖန်က မီနူးကို ခဏမျှကြည့်နေပြီးမှ မီးဖိုချောင်ဘက်ဆီသို့ ဝင်သွားလိုက်သည်။မီးဖိုချောင်ထဲ၌ သူ့အတွက် မီးဖိုခုံတစ်ခုံသာရှိနေသည်။အခြားပစ္စည်းများအားလုံးက ဖန်ဖန်ဆိုင်ငယ်လေး၏ မီးဖိုချောင်ထဲက ပစ္စည်းများနှင့် အတူတူပင် ဖြစ်သည်။


သူမျှော်လင့်ထားသည့်အတိုင်းပင် စနစ်၌ ဖန်တီဆန်းသစ်နှိုင်မှု စွမ်းအင် အနည်းငယ်မျှပင် မရှိပေ။မီးဖိုချောင်က လုံးဝ တသွေမတိမ်း တူညီနေသည်။သို့သော်လည်း ထိုနည်းလမ်းကပင် ပုဖန်အတွက် ပို၍ အဆင်ပြေလှသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး သတ္တုမီးဖို၏ မျက်နာပြင်ကို အသာအယာ ထိတွေ့လိုက်သည်။သူ့မျက်နာပေါ်၌ အရူးအမူး နှစ်သက်စွဲလမ်းသည့် အပြုအမူမျိုး ပေါ်နေသည်။


ဒီမီးဖိုချောင်က သူနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပြီးသားမီးဖိုချောင်ပဲ ဖြစ်သည်။ပုဖန်က လက်ကို မြှောက်လိုက်ပြီး ဓားစင်မှ မီးဖိုချောင်သုံး ဓားတစ်ချောင်းကို ဆွဲယူလိုက်သည်။


ဓားကို အနည်းငယ် ဝှေ့ယမ်းကြည့်လိုက်၏ မီးအလင်ရောင်အောက်တွင် ဓားသွားက တောက်ပနေပြီးအေးစိမ့်လှသော လေများကို ထုတ်လွင့်နေလေသည်။


ပုဖန်က ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ကြောင်အိမ်ကို ဖွင့်လိုက်သည်။ထို့နောက်ကြောင်အိမ်ထဲမှ တိမ်ပျံဝက်သိုး အသားကို ထုတ်ယူလိုက်၏။


သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ပြီး အသားကို လျှင်မြန်စွာဖြင့် စတင် ဖြတ်ပစ်လိုက်သည်။သူ့၏ ကြယ်ပျံ ဖြတ်တောက်ခြင်းနည်းပညာက အထွဋ်အထိပ်အဆင့်ထိ ရောက်နေပြီဖြစ်သောကြောင့် အသားခုတ်ထစ်ရခြင်းက သူ့အတွက် အလွန်လွယ်ကူလှသည်။


သူ့၏ဓားချက်များမှာတောက်ပနေပြီး အံ့အားသင့်စရာမြင်ကွင်းတစ်ခုပင် ဖြစ်ပေါ်နေသည်။ခဏအတွင်းမှာပင် တိမ်ပျံဝက်သိုးသားများအားလုံးကို ဖြတ်တောက်ပြီးစီးသွားလေပြီ။အသားတစ်ဖက်ချင်းစီက ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ပင် ပါးလွှားနေ၏။


သူ ဓားကို လွှဲယမ်းလိုက်ပြီး ပါးလွှာသော အသားလွှာလေးများကို လေထဲသို့ မြှောက်တက်စေလိုက်သည်။ထိုခဏ၌ တစ်ခြားဗီရိုတစ်ခုကို ဆွဲဖွင့်လိုက်ပြီးနောက် အပြာရောင် ကြွေပန်းကန်လုံးတစ်လုံးကို ထုတ်ယူလိုက်ကာ ပြန်ကျလာသည့် အသားလွှာများကို ခံယူလိုက်သည်။


သူ စိတ်ပျော်ရွှင်နေမိသည်။ပုဖန်က သူ့၏ မီးဖိုခုံဆီသို့ လျှောက်သွားလိုက်သည်။ရင်းနှီးကျွမ်းဝင်နေသောခံစားချက်က သူ့၏ စိတ်ကို သဘာဝအတိုင်း သက်တောင့်သက်သာ ဖြစ်စေပြီး လှုပ်ရှားမှုများကို ပို၍ပင် လျှင်မြန်ဖျတ်လတ်စေသည်။


"ပိုင်ရှင် ဆိုင်ကို ပြန်လည်ပြုပြင်လို့ ပြီးစီးသွားပါပြီ.....ဒီနေ့မှစပြီး ဆိုင်လုပ်ငန်းကို စတင်လို့ရပါပြီ.....နောက်သုံးရက်အတွင်း ဆိုင်ခွဲဖြစ်တဲ့ တိမ်ခိုးစားသောက်ဆိုင်ရဲ့ နာမည်ကို လူထူကြားထဲ ပြန့်နှံ့သွားစေမယ့် ဟင်းပွဲတစ်ပွဲကို တီထွင်ဖန်တီးပါ....."


 ပျော်ရွှင်နေသော ပုဖန်၏ စိတ်ထဲ၌ စနစ်၏ အသံ ထပ်မံထွက်ပေါ်လာသည်။သူက မေးစေ့ကို ပွတ်၍ စဉ်းစားလိုက်သည်။တကယ်တမ်းတွင် သူ ဖန်တီးပြုလုပ်မည့် ဟင်းပွဲသစ်အကြောင်းကို သေချာစွာ စဉ်းစားထားခဲ့ပြီးသား ဖြစ်သည်။


ထိုဟင်းပွဲက သူ့၏ အရင်ကမ္ဘာ၌ အလွန်ပင်နာမည်ကြီးသည်။တရုတ်ပြည်တစ်ပြည်လုံးကို ထိုဟင်းပွဲ၏ နာမည် ပြန့်နှံ့သွားသည့်အပြင် ထိုကမ္ဘာလုံးပါမကျန် ထိုဟင်းပွဲကိုသိကြသည်။


ထိုဟင်းပွဲကို စားသုံးဖူးသည့် လူအားလုံးနီးပါးက သူ့၏ အရသာကို မမေ့တော့ပေ။ထို့အပြင် ထိုဟင်းပွဲကို ပြုလုပ်ရသည်က တော်တော့်ကို လွယ်ကူလွန်းလှသည်။ထ်ိုဟင်းပွဲက လူများ၏ အာရုံစိုက်မှုကို အလွယ်တကူပင် ဆွဲဆောင်နိုင်စွမ်းရှိသည်။


သူ ထိုဟင်းပွဲကို ပြုလုပ်ပြီးသည့်နောက် တိမ်ခိုးစားသောက်ဆိုင်ကို အာရုံမစိုက်သေးသည့်သူ ရှိမည်ဆိုလျှင် ထိုသူက နှာခေါင်းမကောင်းသည့် သူသာ ဖြစ်ပေလိမ့်မည်။


ပုဖန်က စိတ်လှုပ်ရှားစွာဖြင့်နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးလိုက်ပြီး ဟင်းပွဲကို ချက်ချင်းပင် စတင်ချက်ပြုတ်လိုက်သည်။သူ... စနစ်၏ သိုလှောင်နယ်မြေထဲမှ စိတ်ဝိညာဉ် ဆေးပင် အပုံလိုက်ကို ထုတ်ယူလိုက်သည်။ထိုထဲမှ စိတ်ဝိညာဉ် ဆေးပင် ၁၀ မျိုးကို ရွေးထုတ်လိုက်၏။


ထို့နောက် ထိုဆေးပင်များကို ကျိတ်ချေလိုက်ပြီး အရည်များကို ပုံးတစ်ခုအတွင်းသို့ ထည့်ထားလိုက်သည်။သူ စနစ်၏ သိုလှောင် နယ်မြေထဲမှ ပဲနက်တစ်ချို့ကို ထုတ်ယူလိုက်၏။


သူ ထိုပဲများကို လတ်ဆတ်လှသော ရေချိုဖြင့် ပြုတ်လိုက်သည်။ထို့နောက် ထိုပဲပြုတ်ရည်ကိုစစ်၍ ပထမပုံးလေးထဲသို့ ရောနှော၍ ထည့်လိုက်သည်။ထို့နောက်သူ ထိုပုံးကို စနစ် ပြင်ဆင်ပေးထားသော ဗီရိုထဲ ထည့်လိုက်၏။ထိုဗီရိုက အချိန်စီးဆင်းမှု မြန်စေသော အကျိုးသက်ရောက်မှု ရှိသည်။


အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် ပုဖန်က ထိုပုံးကို ဗီရိုထဲမြှပန်လည်ထုတ်ယူ၍ သေချာစွာ မွှေလိုက်သည်။ထို့နောက် ပြန်လည် ထည့်ထားလိုက်၏။သူ ထိုပုံးထဲမှ ပါဝင်ပစ္စည်းများ အချဉ်ပေါက်လာမည့်အချိန်ကို စောင့်ရင်း အဓိကပါဝင်ပစ္စည်းကို စတင်ပြင်ဆင်လိုက်သည်။


သူတစ်မနက်ခင်းလုံး များပြားလှစွာသောတို့ဟူးများကို ပြုလုပ်ခဲ့သည်။တောက်ပဖြူဖွေးလှသော အဖြူရောင်တို့ဟူးမှ ရေနွေးငွေ့လေးများနှင့်အတူ မွှေးပျံ့ကြိုင်လှိုင်လှသော ရနံ့များကို ထုတ်လွင့်နေသောကြောင့် ပုဖန်ပင်လျှင် မထိန်းနိုင်ပဲ အသက်ပြင်းပြင်း ရှုရှိုက်နေမိသည်။


ထိုအမွှေးနံ့သာများက အချိန်တိုတိုအတွင်းမှာပင် ပျောက်ကွယ်သွားမည် ဖြစ်သောကြောင့် သူနှမြောတဿ ဖြစ်နေမိသည်။ယခု သူပြုလုပ်နေသော ဟင်းပွဲက ယခင်ပြုလုပ်ဖူးသော ဟင်းပွဲများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ယခင်ပြုလုပ်ခဲ့ဖူးသော ဟင်းပွဲများ၏ ရနံ့က အလွန့်အလွန် မွှေးပျံ့သော်လည်း ယခုကမူ အလွန်အနံ့ပြင်းလှသည်။


မွှေးပျံ့ကြိုင်လှိုင်သော ရနံ့များက စားသုံးသူများ၏ အာရုံစိုက်မှုက်ို ဆွဲဆောင်နိုင်ရန် အလွန်ခက်ခဲလှသည်။ထို့ကြောင့်ပင် ပုဖန်က အဆုံးစွန်ဆုံးသော နည်းလမ်းကို ရွေးချယ်လိုက်ပြီး အလွန်ထူးဆန်းပြင်းထန်လှသော ရနံ့များကို သူတို့ကို ခံစားခိုင်းလိုက်မည်။


ပြောရမည်ဆိုလျှင် ပုဖန်က သူ့ဆိုင်ပေါက်ဝထိရောက်အောင် တန်းစီနေသော လူအုပ်ကြီးပေါ်၌ အမြင်ကောင်း မရှိပေ။


"မင်းတို့က တန်းစီချင်နေကြတယ် မဟုတ်လား......ငါမင်းတို့ကို တန်းစီခွင့် ပြုထားလိုက်မယ်.....ငါက တို့ဟူးပုပ် လုပ်ပြီးတဲ့အချိန်ထိတောင်မှ တန်းစီနေအုန်းမယ်ဆိုရင်တော့ အဲ့ခါကျရင် မင်းတို့က အရမ်းအံ့သြဖို့ကောင်းကြောင်း ငါဝန်ခံလိုက်မယ်....."


ထိုသို့ ဖြစ်လာပြီးနောက် မြူကောင်းကင်မြို့ထဲ၌ သူ့၏ တိမ်ခိုးစားသောက်ဆိုင်ကို ချစ်လျုရှုနိုင်သူ ရှိအုံးမလားဟု သူကြည့်ရပေမည်။ပုဖန်က တို့ဟူးများကို ဘေးတစ်ဖက်သို့ ကပ်လိုက်ပြီး ဗီရိုကို ဆွဲဖွင့်လိုက်သည်။ထိုဗီရိုက အခ်ျိန်စီးဆင်းမှုကို မြန်စေခြင်းကြောင့် ပုံးထဲမှ အရည်များက အသုံးပြု၍ ရနေပေပြီ။


သူ ဗီရိုကို ဆွဲဖွင့်လိုက်သည့်အခါ၌ စိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ အလွန်ပြင်းသည့် ရနံ့များပါ ထိုးထွက်လာသောကြောင့် မျက်ခုံးပင့်လိုက်မိသည်။ရနံ့က တကယ်ကို ပြင်းလွန်သော်လည်း ပုဖန်က နှုတ်ခမ်းသပ်လိုက်မိ၏။သူပုံးကိုယူပြီး ကြမ်းပြင်ပေါ်သို့ ချထားလိုက်သည်။ထို့နောက် အရသာပစ္စည်းတစ်ချို့ကို ယူလိုက်ပြီး ထိုပုံးထဲသို့ ရောထည့်လိုက်၏။


ပွက်.....ပွက်.....


ပုံးထဲမှ အနက်ရောင်အရည်များက လည်သွားပြီး ပူစီဖောင်းလေးများ တပွက်ပွက်ထလာသည်။ ထို့အတူ အနံ့ပြင်းပြင်းများကလည်း သူ့မျက်နာသို့ ရိုက်ခတ်လာသောကြောင့် ရှုံ့မဲ့သွားမိ၏။


ထိုအနံ့ဆိုးက တကယ့်ကို ပြင်းထန်လွန်းလှသည်။ပုဖန်က နှာခေါင်းကို လက်တစ်ဖက်ဖြင့် ဖိညှစ်ထားလိုက်ပြီး သူပြုလုပ်ထားပြီးသား တို့ဟူးများကို ထိုအနံ့ဆိုးရည်ထဲသို့ စိမ်လိုက်၏။


တို့ဟူးများအားလုံး ပုံးထဲမှ ပဲပုပ်ရည်ထဲသို့ နစ်မြှုပ်သွားသည်ကို ကြည့်ရင်း ပုဖန်၏ မျက်နာပေါ်၌ စိတ်ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။သူ တို့ဟူးများကို လေးနာရီကြာအောင် စိမ်ထားပြီးနောက် ပြန်လည် ဆယ်ယူလိုက်သည်။


တို့ဟူး ဖြူဖြူလေးများကို ပဲပုပ်ရည်ထဲတွင် စိမ်ထားခဲ့သောကြောင့် အနည်းငယ် အနက်ရောင်သန်းနေပေသည်။အဆက်မပြတ် ပြန့်လွှင့်နေသော ရနံ့ဆိုးများကြောင့် ပုဖန် အနည်းငယ်ပင် မူးဝေလာသည်။


အရိုးသားဆုံးပြောရလျှင် ထိုတို့ဟူးပုပ်၏ ရနံ့က သည်းမခံနိုင်စရာကောင်းလောက်အောင် ဆိုးရွားလှလေသည်။သို့သော်လည်း သူ့၏ အရသာက မျှော်လင့်မထားနိုင်လောက်အောင် ကောင်းမွန်လှ၏။


အလွန်ပင် ကွဲပြားခြားနားသော ဆန့်ကျင်ဘက် အရည်အသွေးများရှိသည့် ဟင်းပွဲဟူ၍ တို့ဟူးပုပ် တစ်မျိုးတည်းသာရှိလေသည်။ကမ္ဘာပေါ်ရှိ အစားကောင်း ကြိုက်သူများကို ထူးဆန်းသူများဟုပင် ယူဆနိုင်လေသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကိုဆင့်ခေါ်လိုက်ရာ အစိမ်းရောင်အခိုးအငွေ့များပေါ်လာပြီး လေထဲ၌ မဟူရာလိပ်ခုံးဒယ်အိုးကလည်နေလေသည်။သူက ဒယ်အိုးထဲသို့ ဆီလောင်းထည့်လိုက်ပြီးနောက် ကြမ်းတမ်းခြင်းတစ်သောင်း ရွှေရောင်မီးတောက်က်ို ဒယ်အိုးအောက်ခြေသို့ ပစ်လွှတ်လိုက်သည်။အပူခ်ျိန်က သိသိသာသာပင် မြင့်တက်လာခဲ့သည်။


ပုဖန်က သူ့လက်ကို ဆီအိုးထဲနှစ်ပြီး အပူချိန်ကိုခံစားကြည့်လိုက်သည်။ဆီ ပူနွေးလာပြီဆိုမှသာလျှင် ထိုအမဲရောင်တို့ဟူးလေးများကို အိုးထဲထည့်လိုက်ပြီး သေချာကျနစွာ ကြော်လိုက်သည်။


ရှဲ....


တို့ဟူးများကို ကြော်နေစဉ်အတွင်း ဒယ်အိုးဘေး၌ ဆီပူငွေ့များနှင့်အတူ အနံ့ဆိုးများက ရစ်ဝဲနေလေသည်။ထိုအနံ့ကြောင့် ပုဖန်၏ မျက်နာပေါ်၌ ခါးသီးသည့် အမူအရာတစ်ခု ထင်ထင်ရှားရှားပေါ်လွင်နေ၏။


သူ့၏ ပုခုံးပေါ်မှ ကျိုင်းပုစွန်က အလွန်စိတ်လှုပ်ရှားပုံပေါ်လေသည်။သူ့၏ ခြေထောက်သေးသေးလေးများကို အဆက်မပြတ် လှုပ်ရှားရင်း ဟိုဟိုဒီဒီ ရွေ့လျားနေလေသည်။


အိုး၏ အပူချိန်က အလွန်မြင့်မားလာပြီး ဆီများ ပွက်ပွက်ဆူလာသည့်အခါ၌ သူ့၏ ပုခုံးထက်မှ ပုစွန်ပိစိကောင်က ဒယ်အိုးထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ခုန်ချသွားသည်။


ထိုပိစိကောင်က ဒယအိုးထဲ၌ ၃၆၀ ဒီဂရီ လှည့်ပတ်ကူးဆတ်နေလေရာ ဆီများက လွင့်စင်နေပြီး အနံ့ဆိုးများကလည်း ပို၍ ပြင်းထန်လာသည်။ထိုအနံ့ဆိုးများကြောင့် ကျိုင်းပုစွန်က အနည်းငယ် ကြောင်အသွားသည်။ထို့နောက် သူ ဆီအိုးထဲမှနေ၍ စတင်၍ အပြင်းအထန် ရုန်းကန်လာသည်။သူ သူ့၏ အမြီးကို လွှဲယမ်းလိုက်ပြီး ဆီပူအိုးထဲမှခုန်ထွက်လိုက်၏။


ထို့နောက် သူ့၏ ဝိညာဉ်စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး အပေါ်မှ ဆီများကို အငွေ့ပျံ ပျောက်ကွယ်သွားစေလိုက်သည်။ထို့နောက် ပုဖန်၏ ပုခုံးပေါ်သို့ ပြန်တက်လာပြီး အမူအရာမဲ့စွာဖြင့် လဲလျောင်းနေလိုက်သည်။သူ့၏ ပါးစပ်မှလည်း အမြှုပ်များ တစီစီထွက်လာလေသည်။


ယခုလက်ရှိ အခြေအနေကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြာရလျှင် တကယ့်ကို အံ့အားသင့်ဖို့ကောင်းလေသည်။ဆိုးသွမ်းလှသော ပိစိကောင်ကလေး အနံ့ဆိုးများ သီးနင်နေသည့် မြင်ကွင်းက ပုဖန်အတွက် တကယ့်ကို ရယ်စရာကောင်းလှ၏။


အနက်ရောင်မှနေ၍ အနည်းငယ် အဝါရောင်လေး သန်းလာပြီ ဖြစ်သောတို့ဟူးပုပ်ကို ဆယ်ယူလိုက်သည်။ဆီစစ်ပြီးနောက် ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။


သူ တူတစ်ချောင်းဆွဲယူလိုက်ပြီး တို့ဟူးပုပ်ကြော်ပေါ်၌ အပေါက်လေးသေးသေးလေးတစ်ပေါက် ဖောက်လိုက်သည်။တို့ဟူးပုပ်၏ ရနံ့များက ပို၍ပင် သိပ်သည်းပြင်းထန်လာသည်။


သူ ပန်းကန်ထဲသို့ အရသာတစ်ချို့ ပေါင်းထည့်လိုက်ပြီးနောက် တို့ဟူးပုပ်ကြော်က အောင်မြင်စွာ ပြီးဆုံးသွားပေပြီ။


ပုဖန်က နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး ထူးခြားလှသော အနက်ရောင်ပေါ်၌ အဝါရောင်အနည်းငယ်သန်းနေသော တို့ဟူးပုပ်ကြော်ကို ကြည့်လိုက်သည်။


ထိုတို့ဟူးပုပ်ကြော်က သူ့၏ ဆိုင်ခွဲသစ် တိမ်ခိုးစားသောက်ဆိုင်ကို လူသိများစေရန် အစီအစဉ်ဖြင့် ပထမဦးဆုံးပြုလုပ်သည့် ဟင်းပွဲဖြစ်သည်။


ထိုတို့ဟူးပုပ်ကြော်က မြူကောင်းကင် မြို့တော်အတွက် စိတ်ကျေနပ်စရာကောင်းသည့် ဟင်းပွဲတစ်ပွဲဖြစ်မှာ သေချာပေသည်။မွှေးပျံ့သင်းကြိုင်လှသော ရနံ့များက သူတို့ အာရုံကို မဆွဲဆောင်နိုင်သောကြောင့် သူက အနံ့ဆိုးများဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။


ထိုဟင်း၏ ရနံ့က ပို၍ ပြင်းထန်သည်ကို သူတို့ သိရပေတော့မည်။


သူ့ ဆိုင်ဘေးနားဝန်းကျင်၌ ရှိနေသော သက်စောင့်ဆေးဆိုင်များမှ ရသာစုံ အစာခံဆေးလုံး၏ ရနံ့ VS သူ့ တို့ဟူးပုပ်၏ ရနံ့ ...


ပုဖန်၏ နှုတ်ခမ်း ထောင့်စွန်းလေးများက စိတ်ကျေနပ်မှုဖြင့် ကွေးညွှတ်သွားသည်။


ထို့နောက် သူတူတစ်စုံကို ယူလိုက်ပြီး တို့ဟူးပိုင်းတစ်ခုကို ကောက်ယူလိုက်သည်။သူ့ပုခုံးပေါ်၌ ရှိနေသော ပုစွန်ပိစိကောင်က တို့ဟူးကြော် နီးကပ်လာသည်နှင့်အမျှ မျက်ဝန်းများပြူးကျယ်လာပြီး ခေါင်းထောင်ကြည့်လိုက်၏။


သူ ပုဖန်၏ ပုခုံးပေါ်သို့ ပြန်လည်လဲကျသွားကာ ပါးစပ်မှ အမြှုပ်များတစီစီ ထွက်လာပြန်သည်။ပုဖန်က ထိုပုစွန်ပိစိကို အမူအရာမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် တို့ဟူးကြော်ကို ပါးစပ်ထဲ ထည့်လိုက်သည်။