အပိုင်း ၄၂၆
Viewers 62k

အခန်း ၄၂၆

အဝတ်ချွတ်နတ်ဆိုး ပြန်လာပြီ...


နောက်တစ်နေ့၌ ဆိုင်အပြင်ဘက်မှ ဆူညံသံများကြောင့် ပုဖန်အိပ်ရာမှနိုးလာသည်။


အိပ်ရာမှထလိုက်ပြီး အကြောအချဉ်ဆန့်လိုက်သည်။ ထို့နောက် ပါးစပ်ကိုဟလိုက်ပြီး ကျယ်လောင်စွာသန်းဝေလိုက်၏။


ထို့နောက်ပြတင်းပေါက်နားဆီသို့ လျှောက်သွားလိုက်ပြီး အပြင်ဘက်လမ်းမထက်ကို ကြည့်လိုက်၏။


သက်စောင့်ဆေး ဆိုင်များက နောက်တစ်ဖန်စည်ကားသိုက်မြိုက်နေပေသည်။

မဆုံးနိုင်သော လူအုပ်ကြီးက ဆိုင်အတွင်းသို့ ဝင်ချေထွက်ချေဖြင့် ရှုပ်ယှက်ခတ်နေကြသည်။


ပုဖန်က မေးစေ့ကို လက်ဖြင့်ထောက်၍ ထိုစည်းကားသိုက်မြိုက်နေသော မြင်ကွင်းကို ခပ်မဲ့မဲ့စိုက်ကြည့်နေသည်။


သူရေချိုးသန့်စင်ပြီးနောက် အောက်ထပ်သို့ဆင်းလာပြီး မီးဖိုချောင်ဆီသို့ဝင်လိုက်သည်။သူပုံမှန်အတိုင်း ချက်ပြုတ်ပညာများကို လေ့ကျင့်နေလိုက်၏။သူစိတ်ထဲ၌ ဝှိုက်တီ ပြန်ရောက်လာမည့် အကြောင်းကိုတွေးတောနေမိသည်။တစ်ညကုန်ဆုံးသွားပြီဖြစ်သောကြောင့် ဝှိုက်တီ၏ ပြင်လည်ပြုပြင်ချိန်က ပြီးမြောက်သင့်နေပြီ။


သူတော်တော်လေး စိတ်လှုပ်ရှားနေမိသည်။


ပုဖန်က မီးဖိုချောင်သုံး ဓါးကိုဆွဲကိုင်၍ လေထဲ၌ဝှေ့ယမ်းကာဆော့ကစားနေသည်။

ဓါးမှအလင်းရောင်တန်းလေးများပင် တစ်ဖျတ်ဖျတ်တောက်ပနေသည်။ပုဖန်က ဓါးကို စင်ရှိရာဆီသို့ လွဲပစ်လိုက်သည်။

ဓါးကလွင့်ပျံသွားပြီးနောက် ဓါးစင်ရှိရာသို့တည့်တည့်မတ်မတ်ကျသွားသည်။


သူအသက်ပြင်းပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ပြီးနောက် မီးဖိုချောင်ထဲမှထွက်လာခဲ့သည်။ဆိုင်တံခါးရှိရာဆီသို့သွားပြီးနောက်ကြေးနီတံခါးကြီးကိုတွန်းဖွင့်လိုက်သည်။


တံခါးဖွင့်လိုက်၌တစ်ပြိုင်နက် တောက်ပလှသော နေရောင်ခြည်များက သူ ခန္ဓာကိုယ် ပေါ်သို့ဖြာကျလာသည်။အလင်းရောင်များက သူကို ပို၍ကြည့်ကောင်းအောင် ပံပိုးနေသကဲ့သို့ပင်ရှိသည်။


ဝှိုက်တီကို ပြင်လည်ပြင်ဆင်ပြီးပါပြီ..

သူ၏အဆင့်ကိုလဲ မြင့်တင်ပြီးပါပြီ...

အခုပဲရွေ့ပြောင်းခြင်းကို စတင်ပါတော့မယ်...


တံခါးဖွင့်ပြီးသည့် အခိုက်တန့်၌ သူ၏စိတ်ထဲ စနစ် ၏ တက်ကြွလှသော ကြော်ငြာသံကထွက်ပေါ်လာသည်။


ဝှိုက်တီက ပြင်လို့ပြီးသွားပြီလား....


ပုဖန်၏ မျက်ဝန်းများက လင်းလက် တောက်ပသွားသည်။ဝှိုက်တီက ပြန်လည်ပြင်ဆင်ပြီးသည့်အပြင် အဆင့် လဲမြင့်တင်ထားသောကြောင့်ပို၍ သန်မာလာသင့်ပေသည်။


ဝှိုက်တီပိုသန်မာလာမည့်အဖြစ်ကို တွေးမိရုံဖြင့် သူစိတ်လှုပ်ရှားလာသည်။


မနေ့က... လမ်းမပေါ်၌ ဆိုးရွားပြင်းထန်လှသော အနံဆိုးများဖုံးလွှမ်းသွားပြီးသည့်နောက် တိမ်ခိုးစားသောက်ဆိုင်အကြောင်းကို လူသိသွားပေသည်။တို့ဟူးပုပ်ကအနံပြင်းလှသော်လည်း မြည်းကြည့်ဖူးသော လူတိုင်းက အရသာ တကယ်ကောင်းမွန်ကြောင်းသိသွားကြပေသည်။


သူ၏အရသာက အရသာမျိုးစုံ အစာခံ ဆေးလုံးထက်ပင် ပို၍ကောင်းလှပေသည်။


ဆိုင်ရှေ့၌ လူတချို့တန်းစီနေကြသည်။

ထိုသူများက မနေ့ကတို့ဟူးပုပ်ကြော်ကိုစားခဲ့ဖူးသည့် သူများဖြစ်သည်။


"ပိုင်ရှင်ပု မဂ်လာ နံနက်ခင်းပါ...ငာတို့ကို တို့ဟူးကြော်ချပေး...."


ထိုသူများက ပုဖန်ကိုနှုတ်ဆက်ပြီး ဆိုင်ထဲသို့ဝင်လာကာ ခုံရှာ၍ ထိုင်လိုက်ကြသည်။


မနေ့က တို့ဟူးကြော်ကို မြည်းစမ်းကြည့်ပြီးနောက် သူတို့အိမ်ပြန်ရောက်သည့်တိုင်အောင် ထိုအရသာကိုမမေ့ပျောက်သွားပေ။

သူတို့က အနံဆိုးများထုတ်လွှတ်သော တို့ဟူးပုပ်အကြောင်းကို တွေးလိုက်မိရုံဖြင့် သူတို့၏ စိတ်နှလုံးသားထဲ ထိုကောင်းမွန်လှသော အရသာဖြင့် ပြည့်နှက်သွားလေသည်။


သူတို့အိပ်ရာမှာချက်ချင်းပင်ခုန်ထကာ နောက်ထပ်တစ်ပွဲ သွားရောက် မှာစားလိုလာသည်။ထိုကဲ့သို့ အငမ်းမရဖြစ်မှုက သူတို့ကိုသူတို့ပင် အံသြထိတ်လန့်မိသည်။ အရသာမျိုးစုံ အစာခံဆေးလုံးနှင့်တောင်မှ ထိုကဲ့သို့ မဖြစ်ခဲ့ကြဖူးပေ။


ပုဖန်က ထိုသူများကိုတစ်ချက်ကြည့်၍ အေးဆေးစွာပြန်ပြောလိုက်သည်။


"အင်း...ခဏစောင့်..."


ထိုသူများက ခေါင်းညိတ်ပြလိုက်ပြီး ပုဖန် မီးဖိုချောင်ထဲသို့ဝင်သွားသည်ကိုကြည့်နေလိုက်ကြသည်။


သူတို့က ပုဖန်တို့ဟူးပုပ်သွား၍ ကြော်သည်ဟုသာထင်မှတ်နေကြသည်။သို့သော်လည်း ပုဖန်က မီးဖိုချောင်ထဲသို့ ဝင်ပြီးခဏတွင်းမှာတင်ပြန်ထွက်လာသောကြောင့် သူတို့ အံသြသင့်သွားကြသည်။


ပုဖန်က တို့ဟူးပုပ်ပုံးကို ယူ၍ထွက်လာခဲ့သည်။အံသြသင့်စွာကြည့်နေသော ထိုသူများကိုကျော် ဖြတ်၍ ဆိုင်အပေါက်ဝ၌ ပုံးကိုချလိုက်သည်။ထို့နောက် မဟူရာလိပ်ခုံး ဒယ်အိုးကို ဆင့်ခေါ်လိုက်သည်။အိုးအောက်ခြေသို့မီးတောက်ကို မှုတ်ထုတ်လိုက်ပြီးနောက် အိုးထဲသို့ဆီဖြည့်လိုက်၏။

မီးစတင်လောင်ကျွမ်းပြီးခဏအတွင်းမှာပင် အိုးထဲရှိဆီများ ပွက်ပွက်ဆူလာသည်။


ပုဖန်က ပုံးထဲမှတို့ဟူးပုပ်များကို ယူ၍ အိုးထဲပစ်ထည့် လိုက်သည်။


ရွဲ..........


ထူးဆန်းလှသော အနံဆိုးများက ထိုဧရိယာတစ်ခွင် ပြန့်နှံသွားပေသည်။

သက်စောင့်ဆေးဆိုင်များအားလုံးလဲ တို့ဟူးပုပ်၏ ဆိုးရွားသော ရနံဖြင့်ဖုံးအုပ်ခြင်းကို ခံလိုက်ရပြန်သည်။


"လခွမ်း...အဲဒီစားသောက်ဆိုင်ပိုင်ရှင်က အဲဒီအပုပ်အစပ်တွေကို ထပ်ချက်နေပြန်ပြီလား..."


"ဒါ...တကယ်ပဲ... မနက်စောစောစီးစီး သူဒီအပုပ်အစပ်တွေချက်ပြီးဘာလုပ်ချင်နေတာလဲ....ဒီဆိုင်ပိုင်ရှင်က ပြသာနာ ရှာချင်နေတာလား". 


"သူဒါတွေချက်နေမှာတော့ ငါတို့ရဲ့ အရသာမျိုးစုံ အဆါခံ ဆေးလုံးတွေကို ဘယ်လိုလုပ်ရောင်းရတော့မှာလဲ"


သက်စောင့်ဆေးဆိုင်များရှေ့၌ တန်းစီနေကြသော လူအုပ်ကြီးကလဲထိုအနံဆိုးများကြောင့် မျက်နှာများမှောင်မိုက်သွားပြီးစတင်၍ အော်ဟစ်ဆူပူကြလေတော့သည်။


သူတို့က တို့ဟူးပုတ်၏ အရသာကိုလုံးဝမမြည်းစမ်းကြည့်ဘူးပေ။ထို့ကြောင့် ရိုးရှင်းစွာပင် သူတို့ ထိုအနံကိုမခံစားနိုင်ပေ။

သူတို့၏ ဒေါသများဆူပွက်လာပြီး မျက်မှောင်ကျုံ၍ ဆိုင်ဘက်သို့လှည့်ကြည့်လိုက်သည်။ဆိုးရွားသည့် အနံအသက်များကို ထပ်မံရရှိသည့် အချိန်၌ သူတို့လုံးဝကိုစိတ်ပျက်လက်ပျက်ဖြစ်နေကြပေပြီ။


"ဒီကောင်ကတော့... သေအောင်ရိုက်ခံရမှာမကြောက်ဘူးလား...မနက်စောစောစီးစီး ကိုအနံ့ဆိုးထုတ်နေတယ်..."


ပတ်ဝန်းကျင်၌ ရှိနေသောသက်စောင့်ဆေးဆိုင်ပိုင်ရှင်များ စိတ်မထိန်းနိုင်ဖြစ်နေကြသည်။သူတို့၏ မျက်ဝန်းများက ဒေါသတရားကြောင့် သွေးနီရောင်ရဲရဲတောက်နေပေသည်။


ဒီကောင်ကတော့ ငါတို့ရဲ့စီးပွားရေးကိုဖျက်စီးချင်နေတယ်...


အနံဆိုးများက သူတို့၏ ဝယ်သူများကို မောင်းထုတ်လိုက်လေရာ မည်သည့်နည်းနှင့်ပိုက်ဆံရှာရမည်နည်း။တကယ့်ကို စိတ်တိုစရာ ကောင်းလှသည်။


"ဒီလို အရှက်မဲ့လှတဲ့ သူမျိုး ဒီကမ္ဘာကြီး၌ ဘယ်လိုလုပ်ပြီးရှိနေတာပါလိမ့်"


ပုဖန်က ထိုမခံသိမခံသာ ဒေါသထွက်နေသော အခြေအနေများကို လုံးဝ လျစ်လျူရှုထားပြီးပုံမှန်အတိုင်း တို့ဟူးဆက်ကြော်နေသည်။သူက သေချာကြွပ်နေအောင် ကြော်ထားသောတို့ဟူးများကိုဆယ်၍ ပန်းကန်ထဲထည့်လိုက်သည်။ထို့နောက်အရသာမှုန့်အနည်းငယ်ဖြူးလိုက်ပြီး ဆိုင်ထဲမှ စားသုံးသူများထံ ယူလာခဲ့လိုက်သည်။


"ဒီမှာ....မင်းတို့ရဲ့ တို့ဟူးပုပ်ကြာ်...ငါက စိတ်ကောင်းနှလုံးကောင်းထားပြီး ပြောရမယ်ဆိုရင်တော့ ဒီတို့ဟူးပုပ်ကြော်ကို မင်းတို့ဆိုင်ပြင်ကိုယူသွားနိုင်တယ်..."


ပုဖန်က သူတို့ကိုပြောလိုက်ပြီးနောက် ပန်းကန်ကို စားပွဲပေါ်ချပေးလိုက်သည်။


ထိုသူများက အံသြသင့်သွားကြပြီး ဟန်ဆောင်ပြုံးလေးတစ်ခုသာ ပြုံးပြလိုက်လေသည်။ဤဆိုင်ပိုင်ရှင်က တကယ်ကို ဆိုးသွမ်းလွန်းလှသည်။


သူတို့အပြင်ကို ယူသွားရန် မရွေးချယ်ကြပဲ ဆိုင်ထဲမှာသာ စားလိုက်သည်။တို့ဟူးပုပ်က တကယ်ကိုအရသာရှိလွန်းလှသည်။လက်ရှိအချိန်၌ သူတို့အားလုံး၏ စိတ်ထဲမှအတွေးများက တူညီနေပေသည်။


တို့ဟူးပုပ်မှ ထွက်လာသော ရနံများကို လေပြေများက မကျေမနပ်ဖြစ်နေသော လူစီသယ်ဆောင်သွားလေသည်။ထိုသူများက ပုဖန်၏ ဆိုင်အပေါက်ဝမှ အလျင်အမြန်ထွက်သွားကြလေသည်။


ရုတ်တရက်...

ဆိုင်အပြင်ဘက်မှ ဆူညံသံတစ်ချို့ကို ကြားလိုက်ရ၏။လူစုတစ်စု စည်းချက်ကျကျ ညီညာစွာလျှောက်လာသည့် ခြေသံများကို ကြားလိုက်ရပေသည်။


ထိုလူစုက မြူကောင်းကင်မြို့ မိသားစုကြီးများမှ လူများဖြစ်သည်။ ထိုသူများက ပုဖန်ဒယ်အိုးကိုသုံး၍ ဆိုင်ပြင်သို့ တွန်းထုတ်ခဲ့သူများဖြစ်သည်။ သူတို့က ဒီနေ့ လက်စားချေရန် အတွက် ရောက်လာခဲ့ကြခြင်းဖြစ်၏။ 


သူတို့အနေဖြင့် ပထမဆုံးအကြိမ် နေရာတစ်ခုမှနေ၍ ပထမဆုံး မောင်းထုတ်ခံခဲ့ဖူးခြင်းဖြစ်သည်။ ပုဖန်က ဒယ်အိုးကို အသုံးပြု၍ သူတို့ကို လွှင့်ပျံသွားအောင်လုပ်ခြင်းက တကယ်ကို ဆိုးရွားလှပေသည်။ မြူကောင်းကင်မြို့ထဲရှိ ပထမတန်းစား သက်စောင့်ဆေး ဆိုင်ပင်လျှင် သူတို့ကို ထိုကဲ့သို့ ဆက်ဆံ ရဲမည်မဟုတ်ပေ။ 


ဘာမဟုတ်သော စားသောက်ဆိုင် သေးသေးလေးက သူတို့ကို လေးစားမှု မရှိဆက်ဆံရဲပေသည်။ ထိုကိစ္စကြောင့်ပင် ထိုဆိုင်က လုံးဝ ပိတ်သိမ်းသင့်ပေသည်။ ထိုသူများ၏ နောက်တွင် အစောင့်များ လိုက်ပါလာသည်။ ထိုအစောင့်များက တန်ခိုးရှင် အဆင့်သို့ပင် ရောက်ရှိနေသည့် သူများ ဖြစ်၏။ သူတို့က တိတ်ဆိတ်စွာပင် စားသောက်ဆိုင်ရှိရာဆီသို့ လျှောက်လှမ်းလာကြသည်။ 


ပုဖန်က သူ့ဆိုင်ရှေ့ဝသို့ ရောက်လာသော များ ပြားလှသော လူအုပ်ကို ကြည့်ရင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ သူ့လက်ထဲ၌လဲ တို့ဟူးကြော်တစ်ခုကို ကိုင်ထားလေသည်။ 


"ကောင်လေး မင်းကအရမ်းကို မောက်မာထောင်လွှားနေတယ်လို့ငါကြားတယ်... ကြည့်ရတာ ဒီနေ့ မင်းဆိုင်ကလဲ ပိတ်ထားပုံမပေါ်ဘူး... ဒီတော့ ဒီသခင်လေးကပဲ မင်းဆိုင်ပိတ်ဖို့ ကူညီပေးမယ်...''


ပိုးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေးက ပုဖန်ကို စူးစိုက်ကြည့်ရင်း လှောင်လိုက်သည်။ သူပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့၏နောက်မှာ တန်ခိုးရှင် အဆင့်လူနှစ်ယောက်က အော်ရာများကို ထုတ်လွှင့်လိုက်ပြီး ရှေ့သို့ တိုးလာခဲ့သည်။ 


"မင်းတို့က ပြဿနာ ရှာချင်တာလား..."


ပုဖန်က ထိုသူများကိုဝေ့ဝဲ ကြည့်၍ ပြောလိုက်သည်။ သူ့၏အသံက ရေခဲတမျှ အေးစက်နေပေပြီ။ သူ့လက်ထဲမှ တို့ဟူးတစ်ခုက ဆီပူအိုးထဲသို့ ပြန်လည် ပြုတ်ကျသွားပြီး ဘေးပတ်ပတ်လည်သို့ ဆီများစင်သွားသည်။ အနံ့ပြင်းပြင်းများက တန်ခိုးရှင်နှစ်ယောက်၏ နှာခေါင်းထဲသို့ တိုးဝင်သွားလေသည်။


"ဘုရားရေ... ဒါဘာအနံ့ကြီးလဲ....


တန်ခိုးရှင်နှစ်ယောက်၏ မျက်မှာအမူအရာက မဲမှောင်သွားသည်။သူတို့ လက်ကိုဝေ့ယမ်းလိုက်ပြီး အနံ့အသက်များကို ဖယ်ထုတ်လိုက်၏။ 


ဒီလူက သူတို့သခင်ပြောသည့် အတိုင်း မစင်များကို တကယ်ပဲ ချက်ပြုတ်နေတာလား...


"ပြဿနာရှာတယ်...တို့က မင်းတို့ ဆိုင်ကို ဖျက်ဆီးမလို့လာခဲ့တာ... အာလုံးပဲ ဒီကောင့်ဆိုင်ကို ဖျက်ဆီးကြ...သူက မနေ့က ငါတို့ကို စော်ကားလိုက်ပြီဆိုထဲက သေဖို့ ပြင်ဆင်ထားဖို့ပဲ ရှိတော့တယ်...''


ထိုမိသားစုကြီးများမှ သခင်လေးများက သူတို့၏ အင်အားကိုသုံး၍ မြူကောင်းကင်မြို့ထဲတွင် အနိုင်ကျင့်လေ့ရှိကြသောသူများပင်ဖြစ်သည်။ မနေ့က ပုဖန် သူတို့ကို မထီမဲ့မြင်ပြုသောကြောင့် သူတို့ အလွန်ပင် စိတ်ဆိုးဒေါသထွက်ခဲ့ရသည်။ ထို့ကြောင့်ပင် တန်ခိုးရှင်အဆင့်အစောင့်များကို ဦးဆောင်ပြီး ပုဖန်၏ ဆိုင်ကို ခြေမှုန်းဖျက်ဆီးရန်လာခဲ့ကြခြင်းဖြစ်သည်။ 


ရှေ့ဆုံးမှ ရှိနေသော တန်ခိုးရှင်နှစ်ယောက်၏ ဦးဆောင်မှုအောက်တွင် သူတို့အားလုံး ပုဖန်ဆီသို့ တိုးဝင်တိုက်ခိုက်ရန်ပြင်ထားကြသည်။ သူတို့၌ရှိသော စွမ်းအင်များက ပြင်းထန် များပြားလှသောကြောင့် ပတ်ဝန်းကျင် ရှိလေးထုကိုပင် တွန်းဖယ်လိုက်သလိုပင် ဖြစ်သွားသည်။


ပုဖန်က အဆင့်ရှစ် စစ်နတ်ဘုရားအဆင့်သာဖြစ်သောကြောင့် သူ့ကို တိုက်ခိုက်ရန် မည်သူမျှ မကြောက်ရွံကြပေ။ 


တန်ခိုးရှင်နှစ်ယောက်က ပုဖန်ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သည်။ သူတို့၏ မျက်ဝန်းများမှ အလင်းတန်းများ တောက်ပလာပြီး ပုဖန်ကို အလွယ် တကူခြေမှုန်းရန် ကြိုးစားလိုက်ကြသည်။ သူတို့ မျက်ဝန်းထဲ၌ အထင်မြင်သေးမှုများကို အထင်းသားတွေ့မြင်နေရသည်။ သူတို့၏ စွမ်းအင်များက လေထုထဲ၌ ပြည့်နက်နေပြီး ပုဖန်၏ ဆံပင်နှင့် အဝတ်အစားများကိုပင် တဖြတ်ဖြတ်လှုပ်ခတ်သွားစေသည်။ 


ပုဖန်ကလည်း သူတို့ကို ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်။သို့သော်လဲ သူ့၏ လှုပ်ရှားမှုများက လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားသည်။ သူ့၏ မျက်ခုံးများက မြင့်တက်သွားပြီး နှုတ်ခမ်းပါးလေးများက ကော့ညွှတ်သွားလေသည်။ သူနောက်ထပ် စိုးရိမ်စရာ မလိုတော့ကြောင်း သိလိုက်ရပေပြီ။ 


သူကပြန်တိုက်ခိုက်ရမည့်အစား တို့ဟူးပုပ်ကြော်ကိုသာ ပြန်၍ အာရုံစိုက်လိုက်သည်။ ပုဖန်က သူ့နဂိုအတိုင်း အေးအေးဆေးဆေး ဆက်လက်၍ ကြော်နေလိုက်သည်။ 


ရွဲ... 


ဆီများလွှင့်စင်သည့် အသံကလည်း အဆက်မပြတ် ထွက်ပေါ်နေလေ၏။ တန်ခိုးရှင်အဆင့် နှစ်ယောက်က ဒေါသထွက်သွားသည်။ 


"ဒီကောင်လေးက သူတို့နဲ့ရင်ဆိုင်နေရတာတောင်မှ အေးဆေးတည်ငြိမ်နိုင်သေးတယ်လား... သူက တန်ခိုးရှင်တွေကိုတောင် အထင်မြင်သေးနေတာလား...သူ့လို စစ်နတ်ဘုရားက တစ်ယောက်က သူတို့ကို အထင်မြင်သေးဖို့အတွက်အရည်အချင်းရှိလို့လား...''


သူတို့ကသခင်လေးများ၏ အစောင့်များဖစ်သော်လည်း တန်ခိုးရှင် များသာဖစ်၏။ 


"မင်းက သေချင်တယ်ဆို...သွားသေလိုက်တော့...''


တန်ခိုးရှင်တစ်ယောက်က ကြုံးဝါးလိုက်ပြီးနောက် ပုဖန်ရှိရာသို့ ပျံသန်းသွားလိုက်သည်။ သူကစကားဆက်မပြောတော့ပဲ ပုဖန်ဆီသို့ တည့်တည့်ကြီးသာ လက်သီး တစ်လုံး ပစ်လွှတ်ပေးလိုက်သည်။ အစစ်အမှန်စွမ်းအင် များက ပေါက်ကွဲထွက်လာပြီး သူ့လက်သီးက ပုဖန်ရှိရာဆီသို့ ပျံသန်းသွားလေ၏။ 


ရုတ်တရက် တန်ခိုးရှင် နှစ်ယောက်၏ ခန္ဓာကိုယ်က တုန်ခါသွားလေသည်။ သူတို့မသိစိတ်၏ လှုံ့ဆော်မှုကြောင့် စားသောက်ဆိုင်၏ မီးဖိုချောင်သို့ လှမ်းကြည့်လိုက်မိသည်။ ထိုနေရာမှနေ၍ အေးစိမ့်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြာထွက်နေပေသည်။


"ပြဿနာကောင်တွေ... တခြားသူတွေကို ဥပမာပေးဖို့အတွက် မင်းတို့အဝတ်တွေကို ချွတ်ပစ်ရလိမ့်မယ်...''


ရေခဲတမျှ အေးစိမ့်လှသော အသံနှင့်အတူ မဲမှောင်နေသော မီးဖိုချောင်ခန်းဘက်ဆီမှ ခရမ်းရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းကလည်း ရေခဲတမျှအေးစက်နေသည်။ ထွက်ပေါ်လာသော အော်ရာများက တန်ခိုးရှင် နှစ်ယောက်၏ နှလုံးသားကိုပင် တုန်ရီသွားစေသည်။ 


သူတို့၏ အကြည့်အောက်တွင်မှာ ကြီးမားလှသော အရိပ်တစ်ခုက မီးဖိုချောင်ဘက်မှ ထွက်ပေါ်လာလေသည်။ ထိုအရိပ်ကြီးက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူတို့၏ နှလုံးသားက ထိန်းချုပ်မရအောင် တုန် ရီသွားလေသည်။ 


"ဘာ...ဘာတွေဖြစ်နေတာလဲ...အဲ့တာက ဘာကြီးလဲ...'' 


တန်ခိုးရှင် နှစ်ယောက်က ထိတ်လန့်တုန်လှုပ်၍ တံတွေးကိုပင် အနိုင်နိုင်မြိုချကာ တစ်ယောက်ကိုတစ်ယောက် မေးလိုက်ကြသည်။


 ပုဖန်၏စိတ်ထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နက်နေပြီး သူ့၏နှုတ်ခမ်းလေးများပင် အနည်းငယ် ကော့တက်နေပေသည်။ 


ဝီ....


လေတိုးသံ တစ်ချက်ကို ကြားလိုက်ရပြီးနောက်တန်ခိုးရှင် နှစ်ယောက်၏ ခန္ဓာကိုယ်ကို ပြင်းထန်သော ဟာရီကိန်း မုန်တိုင်းဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ ထိုကြီးမားလှသော အရိပ်ကြီးက သူတို့၏ ရှေ့သို့ ချက်ချင်းရောက်လာလေသည်။ ထိုအရာကို သူတို့ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသောအခါ၌ လေအေးများပင် ရှူရှိုက်လိုက်မိသည်။ 


အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့က အရာက ရုပ်သေးရုပ်ကြီးတစ်ရုပ် ဖြစ်နေသည်။ တိတိကျကျပြောရလျှင် သံမဏိတောင်ကြီးလိုဖြစ်နေသော ရုပ်သေးတစ်ရုပ်ဖြစ်သည်။ 


ထိုရုပ်သေးရုပ်မှ ထွက်လာသော အော်ရာများက သူတို့၏ အာရုံကြောလေးများကိုပင် ထုံကျင်သွားစေသည်။ ရုပ်သေး၏ အော်ရာများက အဆုံးအစမဲ့ များပြားလွန်းလှသည်။ ထိုအရာ၏ ကိုယ်ပေါ်ရှိ သံချပ်ကါဝတ်စုံပေါ်တွင် နက်ရှိုင်းလှသော အစင်းကြောင်းများကို တွေ့လိုက်ရသောကြောင့် သူတို့ မျက်ဝန်းများပင် ကျဉ်းမြောင်းသွား လေသည်။ ကြည်လင်တောက်ပသော ခရမ်းရောင် မျက်ဝန်းတစ်စုံကလည်း သူတို့၏ စိတ်ကို ကြောက်ရွံတုန်လှုပ်နေစေသည်။ 


ထိုရုပ်သေး၏ ခရမ်းရောင်မျက်ဝန်းများက တစ်ချက်လှုပ်ခါသွားပြီးနောက် သူ့၏ကြီးမားလှသော လက်ကို မြှောက်လိုက်သည်။


 ထို့နောက်ကြည်လင် ပြတ်သားလှသော အသံနှစ်ခု ထွက်ပေါ်လာလေသည်။ 


တန်ခိုးရှင် နှစ်ယောက်ကအလွယ်တကူပင် ရှုံးနိမ့်သွားလေသည်။ ဝှိုက်တီ၏ လက်ဝါးရိုက်ချက် တစ်ချက်ထဲနှင့်ပင် သူတို့နှစ်ယောက်မြေပေါ် လဲကျသွားလေသည်။ 


နောက်ခဏ၌ ထိုတန်ခိုးရှင် နှစ်ယောက်က စိုးရိမ်ကြောက်လန့်မှုကြောင့် ငိုကြွေးတော့မလိုပင် ဖြစ်နေသည်။ ထိုရုပ်သေးရုပ်ကြီး၏ လက်က သူတို့ဆီသို့ ထပ်မံရောက်လာသည်ကို မြင်လိုက်ရသည်။ 


"ပြဿနာကောင် တခြားသူတွေ ဥပမာပေးဖို့အတွက် မင်းတို့ရဲ့ အဝတ်အစားတွေကို ချွတ်ပစ်ရမယ်...''


"မ...မလုပ်ပါနဲ့.... မလုပ်ပါနဲ့... ရပ်..."


ဝှစ်...ဝှစ်...


အားးးး