အပိုင်း ၄၂၈
Viewers 53k

အခန်း.၄၂၈

တင်ပါးဖွေးဖွေး...


စားသောက်ဆိုင်၏ အရှေ့၌...

ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တဖျတ်ဖျတ်လင်းလက်နေသည်။သူ့ခန္ဓာပေါ်ရှိရှေးကျလှသော တိုက်ပွဲ ဝတ်စုံကလည်း ထူးဆန်းပြီး နက်ရှ်ိုင်းလှသော အစင်းကြောင်းများနှင့် ပြည့်နှက်နေသည်။သူက ရှေ့သို့ ဖြေးဖြေးချင်း လှမ်းလိုက်သည်။


ကျန်းမိသားစုမှ သခင်လေးက အသဲအသန်အော်ဟစ်၍ အနောက်သို့ အလျှင်အမြန် ပြန်ဆုတ်လိုက်သည်။သူက သူ့မိသားစုမှ တန်ခိုးရှင်များ၏ နောက်ကွယ်၌ ပုန်းလိုက်သည်။


ထိုတန်ခိုးရှင် အုပ်စုကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးကျန်းသခင်းလေးကို ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။ကျန်းမိသားစုမှ သခင်လေး အန္တရာယ်တွေ့နေချိန်တွင် ကူညီလိုက်ခြင်းက ကျန်းမိသားစုအပေါ် ကျေးဇူးကြွေးတစ်ခု တင်သွားသည်ဟု တွေးနိုင်ပေသည်။


မြူကောင်းကင်မြို့၏ ကျန်းမိသားစုအပေါ်တွင် ကျေးဇူးကြွေးတစ်ခု ရှိနေခြင်းက အလွန်တန်ဖိုးရှိလှပေသည်။ကျန်နေသည့် တန်ခိုးရှင်များအားလုံးက ဝှိုက်တီနှင့် ရင်ဆိုင်တွေ့ရန်သာ ရွေးချယ်လိုက်ကြသည်။


ဝှိုက်တီ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းလှသော အော်ရာများ ဖြာထွက်နေသည်ကို သူတို့ ခံစားမိသော်လည်း ဒါကို အရေးထားမနေတော့ပေ။ပြောရမည်ဆိုလျှင် ထိုဖိအားများက ကမ္ဘာကြီး၏ ဖိအားများ မဟုတ်ပေ။ထိုအဓိပ္ပာယ်က သူတို့ရှေ့မှုရှိနေသော ရုပ်သေးရုပ်က နတ်ဘုရားနယ်ပယ် သေမျိုး ခန္ဓာအဆင့် တည်ရှိမှု မဟုတ်ပေ။


မသေမျိုး ခန္ဓာပညာရှင်များက တန်ခိုးရှင် အဆင့် အထွဋ်အထိပ်အတားအဆီးကို ချိုးဖောက်ပြီးသူများ ဖြစ်သည်။ထိုသူများက ကမ္ဘာ့စွမ်းအားများနှင့် ဆက်သွယ်နိုင်ပြီး ကမ္ဘာ့ဖိအားများကို ထုတ်လုပ် သုံးစွဲနိုင်ပေသည်။ကမ္ဘာဖိအားများက တန်ခိုးရှင်အဆင့်များကို ချေမွပစ်လိုက်နိုင်သည်။


သူတို့ရှေ့က ရုပ်သေးရုပ်၌ ထိုကဲ့သိူ့ ဖိအားများကို မပိုင်ဆိုင်ထားပေ။ထိုရုပ်သေးက တန်ခိုးရှင်အဆင့်သာ ဖြစ်နိုင်ပေသည်။သူတို့အားလုံးကလည်းတန်ခိုးရှင်များ ဖြစ်ကြလေရာ ရုပ်သေးတစ်ရုပ်မျှကို အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။


သူတို့ တန်ခိုးရှင်များက ထိုရုပ်သေးရုပ်ကို ရင်ဆိုင်ဖို့ လုံလောက်သည်ထက်ပင် ပိုနေပေပြီ။သူတို့က ထိုရုပ်သေးကို အလွယ်တကူပင် သတ်ဖြတ်ပစ်နိုင်ပေသည်။


"ဒီရုပ်သေးကို ဖျက်ဆီးပစ်ကြ အသုံးမကျတဲ့ အရုပ်တစ်ရုပ်က ငါတို့ကိုများ နှောင့်ယှက်တားဆီးရဲတယ်......ဟိုစားဖိုမှူး အတွက်ကတော့ ဟမ့်....သူ့ကို ငါ့အတွက် ဖမ်းပေးခဲ့ ငါအဲ့ဒီစားဖိုမှူးကို တဖြေးဖြေးချင်း ညှင်းပန်းနှိပ်စက်ပြမယ်......"


ကျန်းမိသားစု၏ သခင်လေးက တန်ခိုးရှင်များ၏ နောက်တွင် ပုန်းကွယ်နေပြီးနောက် သူ လုံခြုံသွားသည်ဟု ခံစားလိုက်မိသည်။ထို့ကြောင့်ပင် သူသတ္တိများ ပြန်လည်လရရှိလာပြီး အသားကုန်ကုန်းအော်၍ အမိန့်ပေးလိုက်သည်။


လင်းမိသားစု၏ သခင်လေးက သူ့ကို ပြောစရာစကားမဲ့စွာသာ စိုက်ကြည့်လိုက်မိသည်။


"မင်း အခုလေးတင် ငါ့ကို လှောင်ပြောင်ပြီး ကြည့်နေတာ မဟုတ်ဘူးလား.....မင်းအခု ဘာလို့ ဆက်ပြီး မရယ်တော့တာလဲ....."


လင်းမိသားစု၏ တတိယသခင်လေးက ကျန်းမိသားစု၏ သခင်လေးကို အေးစက်စွာဖြင့် လှောင်ပြောင်လိုက်သည်။ကျန်းသခင်လေး၏ မျက်နာက မဲမှောင်သွားလေသည်။သူက သူ့ပြိုင်ဘက်၏ လှောင်ပြောင်မှုကို ခံလိုက်ရပေပြီ။ထို့ကြောင့် သူမည်ကဲ့သို့ အမူအရာမျိုး ပြသရမည်ကို မသိတော့ပေ။လင်းသခင်လေး၏ စကားကြောင့် သူပုဖန်ကို ပို၍ပင် ဒေါသထွက်လာမိသည်။ထို့နောက် သူ အစွမ်းကုန် ထပ်အော်လိုက်ပြန်သည်။


"မင်းတို့အားလုံး သူ့ကို တိုက်ကြ......"


ထိုတန်ခိုးရှင် ပညာရှင်များအားလုံးက ချက်ချင်းပင် သူတို့၏ အစစ်အမှန်စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။တန်ခိုးရှင်ပညာရှင်အချို့တစ်ချိန်တည်း ပြိုင်တူ လှုပ်ရှားလိုက်ခြင်းက အတော့်ကို ထိတ်လန့်စရာကောင်းလှသည်။


လမ်းတစ်ဖက်၌ ရပ်နေသော နန်ကုန်းဝမ်က သူမ၏ မေးစေ့ကို ပွတ်သပ်ရင်းပုဖန်၏ ဆိုင်ကို စူးစိုက်ကြည့်နေသည်။တဖျတ်ဖျတ်လှုပ်ခါနေသော မျက်ဝန်းလှလှလေးများထဲ၌ သိချင်စိတ်ပြင်းပြသည့် အရိပ်အယောင်များ ပေါ်ထွက်နေလေသည်။


တန်ခိုးရှင်များစွာက ပုဖန်ကို တစ်ချိန်တည်း တိုက်ခိုက်လေရာ ပုဖန်ထိုသူများကို ဘယ်လို ရင်ဆိုင်မလဲ။နန်ကုန်းဝမ်က မျက်ဝန်းများ မှေးစင်း၍ ပုဖန်ဆိုင်ကို ငေးမောကြည့်ကာ အတွေးနက်နေပေသည်။


ပုဖန်က အေးဆေးတည်ငြိမ်စွာပင် သူ့၏ ဒယ်အိုးကို ပြန်လည် သိမ်းလိုက်ပြီးနောက် ပုံးကိုဆွဲယူ၍ ဆိုင်ထဲသို့ ပြန်ဝင်သွားလိုက်သည်။


ဝရော....ဝုန်း.....


ပြင်းထန်လှသော တုန်ခါသံများကြောင့် သူမ၏ အာရုံက ဝှိုက်တီကို တိုက်ခိုက်နေကြသော တန်ခိုးရှင်များဆီသို့ ပြန်လည်ရောက်ရှိလာသည်။သူမ၏ အမြင်၌ ထိုရုပ်သေးရုပ်က အလွန်စွမ်းအားရှိသော်လည်း များပြားလှစွာသော တန်ခိုးရှင်များကို တစ်ပြိုင်တည်း ရင်မဆိုင်နိုင်ဟုသာ ထင်နေလေသည်။


အကယ်၍ ထိုရုပ်သေးက မသေမျိုးခန္ဓာအဆင့် ဖြစ်နေလျှင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။သို့သော်လည်း မသေမျိုးခန္ဓာအဆင့် ရုပ်သေးများက တကယ့်ကို ရှားပါးလွန်းလှသည်။


နဂါးမြို့ဟောင်း တိုက်ကြီးမှာရှိသော ဂိုဏ်းပင်လျှင် မသေမျိုးခန္ဓာအဆင့် ရုပ်သေးကို မထုတ်လုပ်နိုင်သေးပေ။သို့သော်လည်း စားသောက်ဆိုင်ရှေ့တွင် ဖြစ်ပွားလာသော မြင်ကွင်းက သူမ၏ မျက်ဝန်းလေးများကို ဝိုင်းစက်သွားစေသည်။သူမ၏ မျက်ဝန်းထဲ၌ ထိတ်လန့်အံ့သြမှုကို အထင်းသား တွေ့နေရသည်။


သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစစ်အမှန်စွမ်းအင်များဖြင့် ဖုံးကာထားသည့် တန်ခိုးရှင် တစ်ယောက်က စစ်မြင်းတစ်ကောင်ကဲ့သို့ပင် ဝှိုက်တီဆီသို့ တိုးဝင်သွားသည်။


သန်မာလှသော တန်ခိုးရှင် အဆင့် ခန္ဓာကိုယ်နှင့် အစစ်အမှန်စွမ်းအင်များ၏ ပေါင်းစပ်မှုအရ သူက ဝှိုက်တီကို ချေမွ ဖျက်ဆီးပစ်တော့မည်ဟုပင် ထင်ရသည်။


တစ်ချိန်တည်းမှာပင် တစ်ခြားတန်ခိုးရှင်များကလည်း စုပေါင်း တိုက်ခိုက်လိုက်ကြသည်။သူတို့၏ အစစ်အမှန်စွမ်းအားများက စားသောက်ဆိုင်ကို တစ်စစီ ဆုတ်ဖြဲပစ်တော့မလို တိုးဝင်သွားလေသည်။


ဝှိုက်တီ၏ မျက်ဝန်းများက ဖျက်ခနဲ လှုပ်ရှားသွားပြီး နက်မှောင်လှသည့် ခရမ်းရောင်များ ပို၍ တောက်ပလာသည်။ထို့နောက် ဝှိုက်တီက သူ့၏ အတောင်ပံများကို ဖြန့်ကားလိုက်သည်။


ကျယ်လောင်လှသော အသံများ ပဲ့တင်ထပ် မြည်ဟီးလာသည်။ပြိုင်ဘက်ကင်းလှသော နတ်ဘုရားလက်နက်က သူ့၏ ဓားအိမ်မှ ထွက်လာသကဲ့သို့ပင် ဝှိုက်တီ၏ ဘေးပတ်ဝန်းကျင်ရှိ လေထုကပါ ပြောင်းလဲသွားသည်။သူ ထုတ်လွှင့်နေသော အော်ရာများကလည်း ပို၍ ပြတ်သားတိကျလာသည်။


ဘန်း......


ယပ်တောင်ကဲ့သို့ လက်ဖဝါးက လျှင်မြန်စွာ လှုပ်ရှားသွားပြီး တန်ခိုးရှင် တစ်ယောက်၏ ခေါင်းကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် ဝှိုက်တီက ထိုသူ၏ ခေါင်းကို မြေပြင်နှင့် ရိုက်ချလိုက်ရာ ကျယ်လောင်လှသော အသံကို လူတိုင်း ကြားလိုက်ရလေသည်။


ထိုအခိုက်အတန့်၌ တန်ခိုးရှင်၏ ခေါင်းက မြေပြင်နှင့် ပြင်းထန်စွာ စောင့်မိသွားပြီး သွေးများပြန့်ကျဲသွားလေသည်။မြူကောင်းကင်မြို့တော်ရှိ လမ်းများက အလွန်ပင် မာကျောကျစ်လျစ်လှသည်။ထို့ကြောင့် ဝှိုက်တီ၏ ရိုက်ချက်က မြေပြင်ကို ကွဲအက်မသွားစေပေ။


အကယ်၍ လေအလင်းအင်ပါယာ အင်ပါရီယာ မြို့တော်မှာသာ ဆိုလျှင် ဝှိုက်တီရိုက်ချက်ကြောင့် မြေပြင်၌ တွင်းကြီး ဖြစ်သွားပေလိမ့်မည်။ထိုတွင်းကလည်း ဝှိုက်တီ၏ အင်အားကြောင့် မီတာ ဒါဇင်အနည်းငယ်မျှခန့်ပင် နက်နေပေလိမ့်မည်။


ထိုသို့သော အကြောင်းများကြောင့်ပင် မြူကောင်းကင်မြို့က ဆေးလုံးအဆောက်အဦးကိုပိုင်ဆိုင်ထားသည့် ဆေးမြို့တော် ဖြစ်နေရခြင်းပင် ဖြစ်သည်။


ဒီမြို့၌ မြို့ကို ကာကွယ်ရန်အတွက် ထူးခြားဆန်းကြယ်လှသည့် မြောက်များလှစွာသော အစီအရင်များကို ဖွဲ့တည်ထားပေသည်။ဝှိုက်တီက သူ့ကို ရိုက်ချပြီးသည်နှင့် ထိုတန်ခိုးရှင်၏ အဝတ်အစားများကိုချွတ်ယူလိုက်သည်။


ထိုတန်ခိုးရှင်၏ အဝတ်အစားများက ဆုတ်ပြဲသွားသော်လည်း သူ မြေပြင်ပေါ်၌ အားနည်း ဖျော့တော့စွာ လဲလျောင်းနေတုန်းပင် ဖြစ်သည်။


ဒီရုပ်သေးရုပ်က လှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင် တန်ခိုးရှင် တစ်ယောက်ကို အနိုင်ယူနိုင်စွမ်းရှိနေပေသည်။ကျန်သည့် တန်ခိုးရှင်များအားလုံးက ထိုမြင်ကွင်းကို ကြည့်၍ တုန်လှုပ် ကြောက်ရွံ့နေကြသည်။ဝှိုက်တီက ခေါင်းမော့လိုက်ပြီး စက်ရုပ်သံဖြင့် ပြောလိုက်သည်။


"ဘယ်သူမှ မလွှတ်မြောက်နိုင်ဘူး....."


ဝှိုက်တီက ထိုလူစုကို မလှုပ်နိုင်အောင် စွမ်းအားများ ထုတ်လွှင့်၍ ဖိနှိမ့်ထားလိုက်ရာ ရုန်းကန်သံများ ထွက်ပေါ်လာလေသည်။သူတို့က ဝံပုလွေ အုပ်ထဲ ရောက်နေသော သိုးများနှင့်ပင် ဆင်တူလှသည်။


ဝှိုက်တီ၏ ခန္ဓာကိုယ်၌ အဆုံးအစမဲ့သော စွမ်းအားများကို ပိုင်ဆိုင်ထားလေရာ ထိုဖိနှ်ိမ့်မှု အောက်၌ သူတို့ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။ဝှိုက်တီက သူတို့၏ အဝတ်အစားများကို ဆုတ်ဖြဲပစ်လိုက်ပြီး ကိုယ်တီးလုံးဖြင့် မြေပြင်ပေါ်၌ ပစ်ထားလိုက်လေသည်။


ကျန်နေသည့် တန်ခိုးရှင်များအားလုံးက တူညီသော နည်းလမ်းဖြင့်ပင် ဝှိုက်တီ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ထို့နောက် သူတို့၏ အဝတ်အစားများကို ဆုတ်ဖြဲခံရပြီး ဆိုင်ပြင်ဘက် လမ်းမပေါ်သို့ လွှင့်ပစ်ခြင်းခံလိုက်ရသည်။


နောက်ဆုံးသော တန်ခိုးရှင်ကို အဝတ်ချွတ်ပြီးသည်နှင့် လမ်းမပေါ်သို့ ပစ်ထုတ်လိုက်သည်။ထိုကဲ့သို့ လွယ်ကူစွာပင် တန်ခိုးရှင်များအားလုံးကိုဟအနိုင်ယူလိုက်နိုင်ပေသည်။ထိုမြင်ကွင်းကို မြင်လိုက်ကြရသော သူများအားလုံး ထိတ်လန့်နေကြသည်။


"ဒါ ဘယ်လို ရုပ်သေးမျိုးလဲ ဒီရုပ်သေးက ဘာကြောင့် အဲ့ဒီလောက် အံ့သြဖို့ကောင်းနေတာလဲ....."


တန်ခိုးရှင်များ၏ အဖြစ်ကို မြင်လိုက်ရသော သူများအားလုံးက သူတို့၏ ခန္ဓာကိုယ်ကို လေအေးများ ဖြတ်တိုက်သွားသလိုပင် ခံစားလိုက်ရသည်။သူတို့ကိုယ်တိုင်ပင် အဝတ်ချွတ်ပြီး ပစ်ခံရသကဲ့သို့ ခံစားနေရသည်။


ကိုယ်တီးလုံးဖြင့် လူများကိုကြည့်၍ ကူရာမဲ့စွာဖြင့် တံတွေးတစ်လုတ် မြိုချလိုက်မိကြသည်။ဒါဇင်မျှသော တန်ခိုးရှင်များ ရှုံးနိမ့်သွားခြင်းက ကြောက်မက်ဖွယ်မကောင်းသေးပေ။ကြောက်စရာ အကောင်းဆုံးကိစ္စမှာ ထိုရုပ်သေးက သူတို့၏ အဝတ်အစားများကို ချွတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။


ထိုရုပ်သေးကလည်း သခင်ကဲ့သို့ပင် အကျင့်ပျက်နေမည်ဟု မမျှော်လင့်ထားခဲ့မိပေ။သခင်က လူမြင်ကွင်းတွင် မစင်ကဲ့သို့ အပုပ်အစပ်များကို ချက်ပြုတ်ရတာကို ကြိုက်နှစ်သက်သလို ရုပ်သေးကလည်း လူမြင်ကွင်းတွင် အဝတ်အစားချွတ်ရတာကို ကြိုက်နှစ်သက်ပေသည်။


"အဲ့ဒီ ထူးဆန်းတဲ့ အတွဲလိုက်က မြူကောင်းကင် မြို့ထဲကို ဘယ်လိုလုပ်ရောက်လာတာလဲ......"


ကျန်းမိသားစုမှ သခင်လေးက သူ့ရှေ့မှ ဖြစ်ပျက်သည့် မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်နေပေသည်။သူ အလွန်ထိတ်လန့်တုန်လှုပ်နေမိသည်။သူ့၏ စဉ်းစားဆင်ခြင်ဉာဏ်များပင် ခဏမျှ အလုပ်မလုပ်နိုင်တော့ပေ။


ရုတ်တရက် အဆုံးအစမဲ့ စွမ်းအင်များက သူ့၏နှလုံးသားကို ဆုပ်ကိုင်လိုက်သကဲ့သို့ သူ့၏ မျက်ဝန်းများ ပြူးကျယ်သွားလေသည်။


ဝှိုက်တီက သူနှင့် တစ်လက်မအကွာ၌ မတ်တပ်ရပ်နေသည်ကို သတိပြုမိလိုက်သည်။သူ့၏ မနှစ်မြို့စရာကောင်းလှသော မျက်ဝန်းထဲ၌လည်း ခရမ်းရောင် အလင်းများ လဲ့ဖြာနေလေသည်။


"ငါက ကျန်းမိသားစုရဲ့ သခင်လေး ....အား.....ငါ့ကို အောက်ချပေး....မလုပ်နဲ့ ရပ်...."


ကျန်းမိသားစု၏ သခင်လေးက မျက်ရည်များပြိုစီးကျမလိုပင် ဖြစ်နေပေသည်။ထိုရုပ်သေးက မသေမျိုး ခန္ဓာအဆင့် ရုပ်သေး ဖြစ်နိုင်ပေသည်။


"ဒီလိုမသေမျိုးခန္ဓာ ရုပ်သေးမျိုးက ဘယ်လိုလုပ်ပြီး မြူကောင်းကင်မြို့မှာ ရှိနေတာလဲ......"


သူက လူဘော်ကျော့ သခင်လေးတစ်ယောက်ဖြစ်သော်လည်းရူးသွပ် မိုက်မဲနေသည့် သူတစ်ယောက်တော့ မဟုတ်ပေ။သူက ကျန်းမိသားစု၏ မျိုးဆက်ဖြစ်သည့် အားလျော်စွာ ကမ္ဘာကြီးနှင့် ပတ်သတ်သည့် ဗဟုသုတ အနည်းငယ်မျှကို သိပေသည်။


"မသေမျိုးခန္ဓာရုပ်သေးရုပ်ဆိုတာက ရုပ်သေးဂိုဏ်းက လူပဲ ပိုင်ဆိုင်ထားသင့်တာ မဟုတ်ဘူးလား......ဝှစ်......"


ဝှိုက်တီက ကျန်းမိသားစုသခင်လေး၏ ငိုကြွေး အော်မြည်သံများကို လုံးဝ လျစ်လျူရှုထားသည်။သူက ပိုးထည်ဝတ်စုံကို ဆွဲချွတ်ချွတ်ယူလိုက်ပြီးနောက် ခပ်လှမ်းလှမ်းဆီသို့ ပစ်ပေါက်လိုက်လေသည်။


ပတ်ဝန်းကျင်၌ ရှိနေသော သူများကလည်း တင်ပါးဖွေးဖွေးများ ကောင်းကင်ပေါ်မှရဖြတ်သန်းသွားသည်ကို ကြည့်၍ အာမေဍိတ်သံများ ထွက်လာကြသည်။


"ဝါး.....တော်တော်လေးကို ဖြူတာပဲ ......"


လင်းမိသားစု၏ တတိယသခင်လေးကလည်း သူ့၏ ပြိုင်ဘက်အဝတ်အစားများ ချွတ်ပြီး လမ်းမပေါ် ပစ်လွှတ်ခံလိုက်ရသည့် မြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။


ရုတ်တရက် သူ့၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ကျန်းသခင်လေး၏ တင်ပါးဖြူဖြူများကို ကြည့်နေသော သူ့၏ အကြည့်များက အေးခဲသွားသည်။ထို့နောက် သူ ဖြေးဖြေးချင်းလှည့်ကြည့်လိုက်လေရာ ဝှိုက်တီ၏ ခရမ်းရောင် မျက်ဝန်းများနှင့် ထိပ်တိုက်ရင်ဆိုင်ရလေသည်။


"ဘာလို့ ငါ့ကို လာကြည့်နေတာလဲ ငါ မဟုတ်....အား....မလုပ်နဲ့....."


နောက်ထပ် အော်ဟစ်မြည်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ကျန်းမိသားစု၏ သခင်လေးဘေးနားသို့ တင်ပါးဖြူဖြူတစ်ခု ထပ်မံ ရောက်ရှိလာသည်။အားလုံးကို အနိုင်ယူပြီးနောက် ဝှိုက်တီက သူ့၏ တောင်ပံများကို ပြန်လည် သိမ်းဆည်းလိုက်သည်။ခရမ်းရောင်မျက်ဝန်းများကလည်း တစ်ချက်လက်တောက်သွားသည်။ထို့နောက် သူ ဆိုင်ဘက်သို့ ပြန်လှည့်လျှောက်သွားလိုက်သည်။အားလုံး၏ အကြည့်များအောက်မှာပင် ကြီးမားလှသော ဝှိုက်တီ၏ ခန္ဓာကိုယ်က တဖြေးဖြေးချင်း ဆိုင်ထဲ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။


ပုဖန်က ဝှိုက်တီ၏ ဗိုက်ပူပူကို ပုတ်၍ ခေါင်းညိတ်လိုက်သည်။သူ ဝှိုက်တီ၏ စွမ်းဆောင်ရ်ာများကို အလွန်ကျေနပ် အားရနေမိသည်။မျှော်လင့်ထားသည့်အတိုင်းပင်ဝှိုက်တီက ပုဖန်ကို ပြဿနာများစွာထဲမှ ကယ်တင်ပေးလိုက်သည်။


ပြဿနာကောင်များကို အဝတ်ချွတ်၍ လွှင့်ပစ်ခြင်းက ပို၍ လွယ်ကူပေသည်။ဒါက ဒယ်အိုးဖြင့် ရိုက်နှက်ခြင်းဖြင့် နှိုင်းယှဉ်လိုက်လျှင် ပို၍ ကောင်းမွန်သည့် နည်းလမ်းဖြစ်သည်။


သူက ဆိုင်အပေါက်ဝဆီသို့ အေးဆေးစွာ လျှောက်သွားလိုက်သည်။လင်းမိသားစု၏ သခင်လေးနှင့် တစ်ခြားသူများ မြေပြင်ပေါ်မှကုန်းရုန်းထနေသည့် မြင်ကွင်းကို စိုက်ကြည့်နေ၏ ထိုသူများက တင်ပါးဖြူဖြူများကို ဖုံးကာ၍ လူအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွှတ်သွားသည်။


"ငါ့ဆိုင်က ဆက်ဖွင့်နေဦးမှာပဲ......"


ပုဖန်က ထိုသို့ ရေရွတ်ပြီးသည်နှင့် ဆိုင်ထဲသို့ ပြန်လှည့်ဝင်လာလိုက်သည်။ထိတ်လန့်အံ့အားသင့်နေရာမှ ပြန်လည် သတိဝင်လာသော နန်ကုန်းဝမ်က သူမ၏ မျက်ဝန်းလေးများကို လခြမ်းကွေးသဏ္ဍာန် မှေးကျင်းလိုက်သည်။


ထို့နောက် သူမ၏ ဆိုင်ကို သွက်လက်စွာပင် ပိတ်လိုက်ပြီး တိမ်ခိုးစားသောက်ဆိုင်ဆီသို့ အလျှင်စလို ထွက်သွားလိုက်လေသည်။သူမက ထိုစားသောက်ဆိုင်ကို အလွန်အမင်း စိတ်ဝင်စားနေမိပေပြီ။


လင်းမိသားစု၏ တတိယသခင်လေးနှင့် ကျန်းမိသားစု၏ သခင်လေးတို့က နန်ကုန်းဝမ်စားသောက်ဆိုင်ဆီသို့ ပျော်ရွှင်စွာ သွားသည်ကို မြင်လိုက်ရသောအခါ၌ ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါးပင် ဖြစ်သွားသည်။


သူတို့က နတ်သမီးလေး၏ အာရုံကို ရရှိရန်အတွက် အချင်းချင်း တိုက်ခိုက်ခဲ့ကြရသော်လည်း သူမကတော့ သူတို့ကို အဝတ်ချွတ်၍ လွှင့်ပစ်ခဲ့သော ဆိုင်ရှင်ရှိရာဆီသို့ ပျော်ပျော်ကြီးသွားလေသည်။အဖြစ်မှန်က ရက်စက်လွန်းလှ၏။


တိမ်ခိုးစားသောက်ဆိုင်ရှေ့၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်က မြူကောင်းကင် တစ်မြို့လုံးဆီသို့ လျှင်မြန်စွာပင် ပြန့်နှံ့သွားလေသည်။


"လင်းမိသားစုရဲ့ တတိယသခင်လေးက အဝတ်အစားချွတ်လွှင့်ပစ်ခံလိုက်ရတယ် ....သူက လမ်းမပေါ်မှာ ကိုယ်တီးလုံးနဲ့ လျှောက်ပြေးနေတယ်လေ....."


"ကျန်းမိသားစုရဲ့ သခင်လေးကလည်း နတ်သမီးလေး နန်ကုန်းဝမ်အတွက် တိုက်ခိုက်ကြတာ... အဆုံးတော့လည်း ပိုးဝတ်စုံ ဆုတ်ဖြဲခံရခြင်းနဲ့ ဆုံးသတ်သွားတယ်လေ.....သူလည်းပဲ လမ်းမပေါ်မှာ ကိုယ်တီးလုံးနဲ့ လျှောက်ဖို့ ဖိအားပေးခံရတယ်...."


"လင်းမိသားစုက တတိယသခင်လေးနဲ့ ကျန်းမိသားစုက သခင်လေးတို့နှစ်ယောက်က မြူကောင်းကင် တစ်မြို့လုံးကိုကိုယ်တီးလုံးနဲ့ လျှောက်ပြေးနေတာတဲ့.....သူတို့ နှစ်ယောက်က ဘယ်သူ့တင်ပါး ပိုဖွေးလဲလို့ ပြိုင်နေကြတာတဲ့လေ......"


သတင်းကောင်းက တစ်အိမ်မှ တစ်အိမ်သို့ ပြန့်နှံ့ရန်ပင် မလွယ်ကူသော်လည်း သတင်းဆိုးကတော့ မိုင်တစ်သောင်း ဝန်းကျင်ထိအောင်ကို ပြန့်နှံ့သွားလေသည်။


ခဏအတွင်းမှာပင် လင်းမိသားစု၏ တတိယသခင်လေးနှင့် ကျန်းမိသားစု၏ သခင်လေးတို့ နှစ်ယောက်သား မြူကောင်းကင် တစ်မြို့လုံးကို ကိုယ်တီးလုံးဖြင့် လျှောက်ပြေးသည် ဟူသောသတင်းက အမျိုးအစားပေါင်းတစ်ရာကျော်နီးပါးအထိ ကွဲပြားလာပြီး တစ်မြို့လုံးကို ပြန့်နှံ့သွားလေသည်။


နန်ကုန်းဝမ်က စူးစမ်းမှု အပြည့်ဖြင့် ဆိုင်ထဲသို့ လျှောက်ဝင်လာပြီးနောက် သူ ယခင်နေ့က ထိုင်ခဲ့သောနေရာ၌ပင် ထိုင်လိုက်သည်။ထို့နောက် သူမ၏ မျက်နာကာကို ဖြုတ်၍ ပြစ်မျိုးမှဲ့မထင် မျက်နာကို လှစ်ဟပြလာကာ အပြုံးလေးဖြင့် ပုဖန်ကို ပြောလိုက်သည်။


"ပိုင်ရှင်ပု ရှင်က ရုပ်သေးဂိုဏ်းကလား ဒီရုပ်သေးက အရမ်းအံ့သြဖို့ကောင်းတယ်...."


"ရုပ်သေးဂိုဏ်း....ငါတစ်ခါမှတောင် မကြားဖူးဘူး...."


ပုဖန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြန်လည် တုံ့ပြန်ပြောဆိုလိုက်သည်။သူ့၏ အမူအရာက အခါများစွာကကဲ့သို့ပင် မျက်နာသေနှင့်ပင် ဖြစ်သည်။နန်ကုန်းဝမ်က အပြုံးချိုချိုလေးဖြင့် ဆက်၍ ပြောလိုက်သည်။


"ဒီလို မသေမျိုးခန္ဓာအဆင့် ရုပ်သေးမျိုးကို ပြုလုပ်....."


"ငါက ရုပ်သေးဂိုဏ်းက မဟုတ်ဘူးလို့ ပြောပြီးပြီ...နင်ဘာစားမှာလဲ.....တကယ်လို့ ဘာမှမစားဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ......"


ပုဖန်က မျက်မှောင်ကြုတ်လိုက်မိသည်။နန်ကုန်းဝမ်၏ စကားများကြောင့်လည်း သူ အနည်းငယ် အံ့အားသင့်မိသည်။သူတကယ့်ကို ရုပ်သေးဂိုဏ်းကို မသိပေ၏။


"ကောင်းပြီ...ကောင်းပြီ.....ရှင်ဝန်မခံချင်ဘူးဆိုလည်း ရတယ်.....ဒါပေမယ့် ကျွန်မကတော့ ရှင့်ကို စိတ်ကောင်း စေတနာကောင်းနဲ့ သတိပေးလိုက်ဦးမယ်....နောက်လဝက်လောက်ကြာရင် မြူကောင်းကင်မြို့မှာ လျှို့ဝှက်နယ်ပယ်အဆင့် ယှဉ်ပြိုင်ပွဲရှိတယ်....သုံးနှစ်တစ်ကြိမ် ပြုလုပ်တဲ့ပွဲပဲ....အဲ့ဒီအချိန်ရောက်ရင် နဂါးမြို့ဟောင်း တိုက်ကြီးမှာရှိတဲ့ ဂိုဏ်းတိုင်းက သူတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေကို ဒီကို ပို့လွှတ်လေ့ရှိတယ်....အဲ့ဒီအခါကျရင် ရုပ်သေးဂိုဏ်းက ပညာရှင်ကလည်း ဒီကိုရောက်လာလိမ့်မယ်.....ရှင့်ရဲ့ အပြူအမူတွေကိုရှင်သတိထားသင့်တယ်....."


နန်ကုန်းဝမ်ကပြောလိုက်သည်။


"အဲ့ဒီတော့ နင်ဘာစားမှာလဲ...."


ပုဖန်က သူ့၏ မေးခွန်းကိုပဲ ထပ်မေးလိုက်သည်။နန်ကုန်းဝမ်၏ နှင်းဆီရောင် နှုတ်ခမ်းပါးလေးများက တွန့်မဲ့သွားလေသည်။သူမက စေတနာဖြင့် သတိပေးလိုက်သော်လည်း သူက သူမ၏ ကြင်နာမှုကို အသိအမှတ်မပြုပေ။


"သူက ရုပ်သေးဂိုဏ်းက မဟုတ်ဘူးလား.....အဲ့ဒီလိုဆိုရင် ဒီမသေမျိုး ခန္ဓာအဆင့် ရုပ်သေးက ဘယ်ကနေလာတာလဲ....ထားပါတော့ သူ့ကို စုံစမ်း ထောက်လှမ်းဖို့အတွက် အန်တီမူကို သေချာ စေခိုင်းလိုက်ရုံပေါ့..


".ကျွန်မကို တို့ဟူးပုပ် တစ်ပွဲပေး....မဟုတ်သေးဘူး...နေဦး...ဥထမင်းကြော် တစ်ပွဲပဲ ပေးတော့ ...ဒီစားသောက်ဆိုင်မှာရှိတဲ့ အစားအစာတွေအကုန်လုံးက အရသာကောင်းမှာပဲဟုတ်တယ်မဟုတ်လား....."


နန်ကုန်းဝမ်က ခဏမျှ စဉ်းစားပြီးနောက် စားစရာမှာယူလိုက်သည်။သူမ၏ မေးစေ့ကိုလက်ဖြင့်ထောက်၍ ပုဖန်ကို စူးစိုက်ကြည့်နေလိုက်သည်။


"ငါ့ဆိုင်က ဟင်းပွဲတွေက ဘယ်လိုအရသာရှိတယ်ဆိုတာကို ခဏနေရင်သိရလိမ့်မယ်...."


ပုဖန်က မတ်တပ်ထရပ်လိုက်ပြီးနောက် စိတ်လှုပ်ရှားမှု တစိုးတစိမှပင် မရှိသော အသံဖြင့်ပြောလိုက်သည်။