အပိုင်း ၄၃၂
Viewers 62k

အခန်း ၄၃၂

လူပြက် နန်ကုန်းဝူချယ်...


"သူ့ဆီက တောင်းလိုက် သူက ချမ်းသာတယ်...''


နန်ကုန်းဝူချယ်က ရွတ်နောက်နောက်ဖြင့် ပြောလိုက်သည်။ သူပြောပြီးသည်နှင့် မျက်ခုံးပင့်၍ ပုဖန်ကို ကြည့်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။


"ငါ့ကိုယုံကြည်စမ်းပါ....''


ပုဖန်ပင်လျှင် စွံ့အနေမိသည်။ သူ ဒီလူပြက်ကောင်နှင့် နန်ကုန်းဝမ်တို့ တကယ့်ကို မောင်နှမရင်းချာ ဟုတ်ရဲ့လားဟုပင် တွေးမိသည်။ သူတို့၏ အပြုအမူများက အလွန့်အလွန်ကို ကွဲပြား ခြားနားနေပေ၏။


 နန်ကုန်းဝမ်၏ အပြုအမူက အေးစက်ပြီးသီးခြားဆန်သည်။ သူ့၏ စားကောင်းသောက်ဖွယ်များ အောက်တွင်ကျရှုံးသွားသော အခါမှသာ မိန်းမငယ်လေး တစ်ယောက်ရဲ့ သာမန်ဆန်သော အပြုအမူများကို ထုတ်ပြလာခြင်းဖြစ်သည်။ နန်ကုန်းဝူချယ်ကမူ သူ့၏ ရှေ့၌ပင် သူ့ညီမကို လှည့်စားနောက်ပြောင်နေပေသည်။ 


နန်ကုန်းဝမ်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ့ပါးစပ်ထဲမှ တောင်ပံရိုးများပင် ထွက်ကြလာလေသည်။ သူမက မကျေမနပ်ဖြစ်စွာဖြင့် နန်ကုန်းဝူချယ်ကို ကြည့်လိုက်သည်။


"နင်က ဘယ်သူ့ကို ချမ်းသာတယ်လို့ လာခေါ်နေတာလဲ...''


ထိုကဲ့သို့ ငွေကြေးများရလာရန် အတွက် သူမ ကြိုးကြိုးစားစားဖြင့် သက်စောင့်ဆေးများကို သန့်စင်ထားရခြင်းဖြစ်သည်။ 


"နန်ကုန်းဝူချယ် နင်က သေချင်နေတာပဲ...''


သူမအံကိုကြိတ်၍ ကြိမ်းလိုက်သည်။ သူမအစ်ကိုနှင့် မျက်နှာချင်းဆိုင်လိုက်သည့် အခါတိုင်း အလွန်အမင်းကို ဒေါသထွက်နေရပေသည်။ အရင်ကလည်း သူမကို လင်းမိသားစု၏ ပထမသခင်လေး လင်းဝူယင်းနှင့် အောင်သွယ်ဖို့ ကြံစည်သေးသည်။ လင်းဝူယင်းက နန်ကုန်းဝူချယ်ကို သူ့၏ ရန်သူတော်အဖြစ် သတ်မှတ်ထားသူ ဖြစ်သည်။ ဒါကိုတောင် သူမ၏ အစ်ကိုက သူ့၏ ယောက်ဖ ဖြစ်ချင်နေသေးသည်။ 


သူကတကယ် ရူးသွပ်နေပေပြီ။ ဒီတစ်ကြိမ်၌လည်း ပိုင်ရှင်ပုကိုတောင်မှ ကျိုးကြောင်းမညီညွတ်တဲ့ စကားတွေ ပြောဆိုနေပြန်သည်။ သူ့၏ အတွေးများကို သူမ လုံးဝ လိုက်မတွေးနိုင်တော့ပေ။ပိုင်ရှင်ပု ချက်ပြုတ်သော ဟင်းပွဲများက အလွန် အရသာရှိနေရုံ ဖြင့်ပင်သူက ပြောင်းလဲ နှစ်သက်သွားပြန်သည်။


"နင်က တကယ့်ကို ဆေးမမှီတော့ဘူးပဲ...ငါ့မှာပေးစရာမရှိဘူး''


နန်ကုန်းဝမ်က သူမအစ်ကိုကို မသိချင်ယောင်ဆောင် လိုက်ပြီးနောက် စွပ်ပြုတ်တစ်ဇွန်း ခပ်ယူလိုက်သည်။ တဖြေးဖြေးလေး မှုတ်လိုက်ပြီးနောက် အသာမြိုချလိုက်၏။ 


"အဲ့လို မလုပ်ပါနဲ့...နင့်ရဲ့ အစ်ကိုက အခုလေးတင် သီးသန့်လေ့ကျင့်ရေးက ထွက်လာတာလေ... ငာ့ရဲ့ပိုက်ဆံတွေအကုန် သုံးပြီးသွားပြီ...ငာ့ရဲ့ ညီမလှလှလေး... ငါ့ရဲ့ ချစ်စရာကောင်းတဲ့ညီမလေး... ဒီတစ်ကြိမ်လေးပဲ နင့်ရဲ့ အစ်ကိုအတွက်ပေးလိုက်ပါနော်...''


နန်ကုန်းဝူချယ်က နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲမှထွက်လာသော မွှေးရနံ့များကြောင့် လုံးဝ ဟန်မဆောင်နိုင်တော့ပေ။ ထိုမွှေးရနံ့များက ရသာမျိုးစုံ အဆာခံဆေးလုံး၏ မွှေးရနံ့များထက် ချိုမြနေလေသည်။ သူနန်ကုန်းဝမ်၏ အငမ်းမရ စားသောက်နေပုံကို ကြည့်ပြီး ပို၍ပင် ထိန်းချုပ်မရဖြစ်လာပြီး စားချင်လာသည်။


"ဒီတစ်ကြိမ်ပဲ ဟုတ်လား... အစ်ကို နင်ငါ့ဆီက သလင်းကျောက် တစ်သောင်းမက ချေးထားပြီးပြီလေ...''


နန်ကုန်းဝမ်က စားပွဲပေါ်မှ အရိုးများကို သူမအစ်ကို ပါးစပ်ထဲ ထိုးသိပ်ထည့်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ သူမအစ်ကိုကဲ့သို့ ကျိုးကြောင်းမညီညွတ် အရှက်မဲ့လှသော သူမျိုးကို သူမ တစ်ခါမှ မမြင်ခဲ့ဘူးပေ။ 


"ဟား...ဟား... ဟုတ်လား... ကြည့်ရတာ နင်က တကယ် ချမ်းသာတာပဲ...အဲ့တော့ နည်းနည်းလေး ပိုပြီး ချေးလိုက်တော့လဲ ကိစ္စ မရှိဘူးမဟုတ်လား...ခဏလေးပဲစောင့် ငါအဆင့်နှစ်ဆေးလုံးကို သန့်စင်ပြီးသွားတာနဲ့ ပိုက်ဆံရှာနိုင်ပြီ... အဲ့တာဆိုရင် နင့်ဆီက ချေးထားတာတွေ အကုန်ပြန်ပေးမယ် တကယ်...''


နန်ကုန်းဝူချယ်က ရယ်လိုက်ပြီးနောက် သူ့၏ ရင်ဘက်ကို သူပုတ်ရင်း အာမခံပြောဆိုလိုက်သည်။


"ငါ့မှာ ပေးစရာမရှိဘူး... နင့်ကိုလဲ မယုံဘူး...''


"အဲ့လိုမလုပ်ပါနဲ့ ငါရဲ့ ချစ်လှစွာသော ညီမလေးကလဲ... ဒီမှာကြည့်အုံး နင့်အစ်ကိုက နင့်ရဲ့ လက်ထပ်ပွဲကိုတောင် ကူညီမှာလေ..."


နန်ကုန်းဝူချယ်က မျက်ခုံးပင့်၍ ပြူးတူးပြဲတဲ ပုံစံဖြင့် ပြောလိုက်သည်။ 


"ဟင်းဟင်းး... ငါ့ကို အဲ့စကားထပ်ပြောလို့ရှိရင်တော့ ငါ နင့်ကို အရိုးကျိုးအောင် ရိုက်မှာကို အပြစ်မတင်နဲ့တော့...''

နန်ကုန်းဝမ်ကလည်း အေးစက်စက် ရယ်လိုက်ပြီး ပြန်တုံ့ပြန်လိုက်သည်။ 


"ဒါက သလင်းကျောက် တစ်သောင်းပဲလေ မဟုတ်ဘူးလား... ကဲပြော နင်အဲ့တာကို ဘာနဲ့ လဲ ချင်တာလဲ...''


"နင်ဆေးလုံးအဆောက်အဦးက ရလာတဲ့ အဆင့်တစ် စိတ်ဝိညာဉ် ဆေးလုံးကို သန့်စင်တဲ့ နည်းလမ်းကို ငါ့ကိုပေး...သဘောမတူဘူး ဆိုရင်တော့ ဒီအကြောင်းထပ်ပြောစရာ မလိုတော့ဘူး...'' 


 နန်ကုန်းဝမ်က ပြောလိုက်သည်။ 


"ဟုတ်ပြီ သဘောတူတယ်... ''


နန်ကုန်းဝူချယ်က ခဏမျှ စဉ်းစားပြီးနောက် အနည်းငယ်မျှပင် တုံ့ဆိုင်း မှုမရှိပဲ သဘောတူလိုက်သည်။ သူ့၏ သိုလှောင်ပစ္စည်းထဲမှ သားရေလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲကိုဖြန်းကနဲ မြည်အောင် ရိုက်လိုက်သည်။ သူ့အပြုအမူကြောင့် နန်ကုန်းဝမ်ပင် ထိတ်လန့်သွားပေသည်။ 


ဒာက ဆေးအဆောက်အဦးရဲ့ အရမ်းကို အရေးကြီးတဲ့ ဆေးညွှန်း မဟုတ်ဘူးလား...အစ်ကိုက ဘာလို့ အလွယ်တကူပေးရတာလဲ... ဒီအကြောင်းကို ဆေးအဆောက်အဦးက သိသွားမှာကို မကြောက်ဘူးလား....


နန်ကုန်းဝမ် စိတ်ထဲ၌ မယုံသင်္ကာဖြစ်နေမိသည်။


"ငါတကယ်ပဲ ယူလိုက်လို့ရတာလား...'' 


 သူမက သားရေလိပ်ကို ဆုပ်ကိုင်ထားလိုက်ပြီး နန်ကုန်းဝူချယ်ကို ကြည့်လိုက်သည်။ 


"ယူလိုက်... အစ်ကိုက ပေးတယ်ဆိုမှတော့ ငါ့ရဲ့ ညီမလေးက ယူလို့ရတယ်...ဒါပေမယ့် ငါသတိပေးစရာ တစ်ခုတော့ရှိသေးတယ်... တိမ်တစ်စ ပညာရှင်အဆင့်ကို မရောက်သေးပဲ အဲ့ဒီ့အဆင့်တစ် စိတ်ဝိညာဉ်ဆေးလုံးကို သန့်စင်မယ်ဆိုရင်တော့ အရမ်း အန္တရာယ်များတယ်...အဲ့လိုဆိုရင် စွမ်းအားမညီမျှပဲနဲ့ ဆေးလုံးက ပေါက်ကွဲ သွားပြီးတော့ နင်ရဲ့ နူးညံ့ချောမွေ့တဲ့ အသားရေနဲ့ လှပတဲ့ မျက်နှာလေး ပျက်ဆီးသွားလိမ့်မယ်...''


နန်ကုန်းဝူချယ်က သူ့အကျင့်အတိုင်း မျက်ခုံး တပင့်ပင့်ဖြင့် ပြောလိုက်သည်။ ထို့နောက်ဒေါသများပေါက်ကွဲ မတတ် ဖြစ်နေသော သူ့ညီမကို လျစ်လျူရှုလိုက်ပြီး ပုဖန်ဘက်သို့လှည့်လိုက်သည်။


"ငါ့ကို နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်တစ်ပွဲပေး... ဒီချမ်းသာတဲ့ အမကြီးက ပေးမယ်ဆိုတာကို မင်းလဲ ကြားတယ်မလား...''


သူ့ရှေ့က မောင်နှမ နှစ်ယောက်၏ အငြင်းအခုံ အပေးအယူကို ပုဖန်လည်း ကြားလိုက်ပေသည်။ 


"ခဏလောက်စောင့်...''


ပုဖန်က တည်ငြိမ်စွာ ပြောလိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားလိုက်သည်။


 ပုဖန်၏နောက်ကျောကို ကြည့်ရင်း နန်ကုန်းဝူချယ်၏ မျက်ဝန်းများက တောက်ပသွားသည်။ သူ မီးဖိုချောင်ထဲသို့ လိုက်ဝင်ရန် ရည်ရွယ်လိုက်ပြီး ပုဖန်နောက်မှ လိုက်လိုက်သည်။ 


ပုဖန်က အနည်းငယ်မျှပင် ရပ်တန့်မှုမရှိပဲ မီးဖိုချောင် ထဲသို့ လျင်မြန်စွာပင် ဝင်ရောက်ပျောက်ကွယ်သွားသည်။ 

...


နန်ကုန်းဝူချယ်က နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲ၏ မွှေးရနံ့များကို ရသည့်အချိန်က သူအလွန်သိချင်စိတ်ပြင်းပြနေခဲ့သည်။ ထိုဟင်းကို ချက်ပြုတ်ရာ၌ အဂ္ဂိရတ်ပညာရှင် တို့၏ နည်းလမ်းအတိုင်း ပါဝင်ပစ္စည်းများ၏ စိတ်ဝိညာဉ်စွမ်းအင် ကို မူလအခြေအနေအတိုင်းထိန်းသိမ်းထား ခြင်း ဖြစ်မည်ဟု သူသတိပြုခဲ့မိသည်။ လက်တွေ့ တွင်လည်း ထိုဟင်းပွဲက အောင်မြင်မှု ရထားပေသည်။ ထို့ကြောင့်ပင် ပိုင်ရှင်၏ အဂ္ဂိရိတ်ပညာ အဆင့်က တော်တော်လေးမြင့်မားမည်ဟု ခန့်မှန်းခဲ့မိသည်။ 


ဆေးများထဲတွင်ပါသည့် စိတ်ဝိညာဉ်စွမ်းအင် ကို မူလအတိုင်း ထိန်းသိမ်းသည့်နည်းလမ်းက အလွန်ပင် အရေးကြီးလှပြီး အဂ္ဂိရတ်ပညာရှင် တိုင်းအတွက် တန်ဖိုးရှိပေသည်။ 


နန်ကုန်းဝူချယ် မီးဖိုချောင်တွင်းသို့ လိုက်ဝင်ရန် ရည်ရွယ် လိုက်ခြင်းမှာ သူထိုနည်းလမ်းနှင့် ပတ်သတ်သည့် ဗဟုသုတများကို ရှာဖွေ လိုခြင်းကြောင့်ဖြစ်သည်။ 


သူ့အရှေ့မှ ပုဖန် မီးဖိုချောင်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူ့အပေါ်မှ အေးစက်လှသော အော်ရာများ ကျလာသည်ကို သူသတိထားလိုက်မိသည်။


ထိုအော်ရာများက သူတစ်ကိုယ်လုံးတုန်ရီလာစေပြီး ကြက်သီးမွှေးညှင်းများပင် ထလာလေသည်။ 


ဒီခံစားချက်က... 


နန်ကုန်းဝူချယ် ချက်ချင်းခေါင်းလှည့် ကြည့်လိုက်လေရာ သူ့ကို ဖမ်းဆုပ်ရန်အတွက် ယပ်တောင်ကဲ့သို့ လက်ဝါးကြီးကို လွှဲယမ်းလိုက်သော ရုပ်သေးရုပ်ကို တွေ့လိုက်ရသည်။ ဤရုပ်သေးရုပ်က သူ့ကို ပြင်းထန်လှသော ဖိအားများကို ပေးထားနိုင်သောကြောင့် သူတကယ် ထိတ်လန့် အံ့အားသင့်နေမိသည်။ ဤခံစားချက်က သူနှင့်အဆင့်တူသူနှင့် တိုက်ခိုက်သည့်အခါ ဖြစ်ပေါ်လာသော ခံစားချက်နှင့်တူညီပေသည်။ 


ထို့ကြောင့်ပင် သူထိတ်လန့်သွားရခြင်းဖြစ်သည်။ သူက တန်ခိုးရှင်အဆင့် ထိပ်တန်းအထွတ်အထိပ် အတားအဆီးကို ချိုးဖောက်နိုက်ပေသည့် မသေမျိုးခန္ဓာအဆင့် စစ်သည်တော် တစ်ယောက်ဖြစ်သည်။ ထိုအဓိပ်ပါယ်က သူရှေ့မှ ရုပ်သေးကလဲ မသေမျိုးခန္ဓာအဆင့်သို့ ရောက်နေသည်ကို ဆိုလိုခြင်းဖြစ်သည်။ 


"မသေမျိုးခန္ဓာအဆင့် ရုပ်သေးရုပ်...မဖြစ်နိုင်ဘူး... အဲ့လိုရုပ်သေးတွေကို ရုပ်သေးဂိုဏ်းတွေကပဲ လုပ်ပေးနိုင်တာ မဟုတ်ဘူးလား...


ဒီပိုင်ရှင်က ရုပ်သေးဂိုဏ်းကလား... 


မဖြစ်နိုင်ချေ.။ရုပ်သေးဂိုဏ်းက အရူးများက ဘယ်တော့မှဟင်းလျာ ချက်ပြုတ်ခြင်းမလုပ်ပေ။


ဝှိုက်တီ၏ မျက်လုံးများက ခရမ်းရောင် လင်းလက်သွားပြီး သူ့၏ လက်ကိုလွှဲယမ်းလိုက်သောကြောင့် လေတိုးသံများပင် ထွက်ပေါ်လာသည်။ နန်ကုန်းဝူချယ်လည်း သူ့၏ အစစ်အမှန်စွမ်းအင် များကို လှည့်ပတ်လိုက်ပြီး လက်ဝါးဖြင့် ကာလိုက်သည်။


 နန်ကုန်းဝူချယ်နှင့် ဝှိုက်တီတို့ ထိပ်တိုက်တွေ့ဆုံရာမှ အသံကျယ်ကြီးထွက်ပေါ်လာလေသည်။


သူတို့နှစ်ယောက် ထိတ်တိုက်တွေ့ဆုံရာမှာ ဆိုင်ထဲ၌ လေပြင်းများတိုက်ခိုက်သွားသည်။သို့သော်လည်း ထိုလေပြင်းများကဆိုင်အတွင်းရှိ မည်သည့်ပစ္စည်းကိုမှ ဖျက်စီးနိုင်ခြင်းမရှိချေ။


နန်ကုန်းဝူချယ် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။ သူဝှိုက်တီကို မယုံနိုင်စွာဖြစ် ကြည့်လိုက်မိသည်။ 


ဒီရုပ်သေးက အရမ်းအံသြဖို့ကောင်းတယ်။


"ဒီ မီးဖိုချောင်က အရေးပါတဲ့နေရာပဲ...မဆိုင်တဲ့ လူတွေကိုဝင်ခွင့်မပြုဘူး...ဝှိုက်တီပြန်လာခဲ့ "


နန်ကုန်းဝူချယ်က ဝှိုက်တီကို မျက်လုံးတောက်တောက်များဖြင့် ငေးကြည့်နေသည့် အချိန်၌ သူ့ကိုသတိပေးလိုက်သော ပုဖန်၏ အသံက မီးဖိုချောင်ဆီမှ ထွက်ပေါ်လာသည်။


ဝှိုက်တီက နန်ကုန်းဝူချယ် ထံမှ အကြည့်လွဲလိုက်ပြီး မီးဖိုချောင်ဘက်ဆီသို့ပြန်လည်ဝင်ရောက်သွားသည်။


သူ၏ မီးဖိုချောင်ထဲ ဝင်ရောက်မှုက ကျဆုံးသွားသဖြင့် နန်ကုန်းဝူချယ် စိတ်မကျေမနပ်ဖြစ်သွားပြီး ထိုင်ခုံ၌သာ ပြန်လာထိုင်လိုက်သည်။


ထို့နောက် သူ၏ရှေ့မှ သရေလိပ်ကိုသိမ်းပြီးနောက် စွပ်ပြုတ်ကို အငမ်းမရပြန်လည်စားသောက်နေပြီဖြစ်သော သူညီမကိုသာထိုင်ကြည့်နေလိုက်သည်။


သူတံထွေးတစ်လှုပ် မြိုချလိုက်ပြီး လှမ်းမေးလိုက်သည်။


"ညီမလေး အရသာက ဘယ်လိုနေလဲ"


နန်ကုန်းဝမ် သူကိုမျက်လုံးတစ်ချက်သာ လှန်ကြည့်ပြီး စကားပြန်မပြောချေ။


ဝူချင်လဲ မပျော်မရွှင်ဖြစ်သွားသည်။

သူ၏ ညီမအရင်းကြီးက အစ်ကိုရင်းခေါက်ခေါက်ကို ဘယ်လိုလုပ်ပြီးလျစ်လျူရှုနိုင်ရတာလဲ။


သူ ထိုင်နေရသည်ကို ငြီးငွေ့လာသောကြောင့် မတ်တပ်ထရပ်လိုက်ပြီး ဆိုင်အတွင်းပိုင်းကို အကဲခတ်လိုက်သည်။


ဒါ ငါးလမ်းကြောင်းသိမြင်မှုသစ်သီးပင် ဒါအရမ်းတန်ဖိုးရှိတဲ့အရာမဟုတ်ဘူးလား...

နန်ကုန်းဝူချယ် ငါးလမ်းကြောင်းသိမြင်မှု သစ်ပင်ရှေ့၌ရပ်ပြီးတစ်အံတစ်သြ ပြုလိုက်မိသည်။လက်ကိုဆန့်တန်း ထုတ်လိုက်ပြီး အစိမ်းရောင်အရွက်လေးတစ်ရွက်ကို လှမ်းကိုင်လိုက်သည်။


မီးဖိုချောင် ထဲ၌ရပ်နေသော ဝှိုက်တီက အပြင်ဘက်ဆီသို့ ခေါင်းပြူ၍ကြည့်လာသည်။ သူ၏ ခရမ်းရောင်တောက်တောက် မျက်ဝန်းများက နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ် ပေါ်သို့ကျရောက်လာသည်။


နန်ကုန်းဝူချယ် လဲသစ်ရွက်ကိုပြန်လွှတ်လိုက်ပြီး သူမှင်သေသေဖြင့် ဝှိုက်တီကို လက်ဝှေ့ယမ်းပြလိုက်သည်။


အချိန်ခဏကြာပြီးနောက် ပုဖန်က နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ် နောက်တစ်ပွဲကို ချက်ပြုတ်ပြီးစီးသွားပြီဖြစ်သောကြောင့် သယ်ဆောင်၍ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။


စွပ်ပြုတ်ပွဲဆီမှ အလင်းရောင်များ တောက်ပနေသည်။ပုဖန်က စွပ်ပြုတ်ပွဲကိုသူ၏ ရှေ့၌ချပေးလိုက်သည်။


နန်ကုန်းဝူချယ် ကခဏမျှပင် သည်းခံစောင့်မနေတော့ပဲ အဖုံးကိုချက်ချင်းဖွင့်၍ မွှေးရနံများကို ရှိုက်သွင်းလိုက်သည်။လိမ့်တက်လာသော စ်န်ဝိညာဉ်စွမ်းရည်များကြောင့် သူစိတ်ပျော်ရွှင်သွားမိသည်။


ဆိုင်အပေါက်ဝ၌ရှိနေသော အခြားသူများလဲ ဆိုင်အထဲသို့ လျင်မြန်စွာဝင်လာကြပြီး နတ်မင်းစွေ့စွေ့ခုန်ဟင်းကို မှာလိုက်ကြသည်။


ပုဖန်က ထိုလူများကို အေးဆေးစွာကြည့်လိုက်ပြီး....


"နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ် တစ်နေ့နှစ်ပွဲပဲရောင်းတယ်...ဒါကြောင့်မို့လို့ မင်းတို့စားချင်တယ်ဆိုရင် မနက်ဖြန် မနက်စောစောမှလာခဲ့ကြ...


သူစကားကြောင့် ထိုလူများစိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။


....


"ဘုရားရေ....ဒီအရသာက ဟိုထောင်လွှားနေတဲ့ အဘိုးကြီးချမ့်ရဲ့ ရတနာရှစ်သွယ်ကြက်နဲ့တောင် ယှဉ်လို့ရတယ်..."


ဝူချင်က စွပ်ပြုတ်တစ်ဇွန်းမြည်းကြည့်ပြီးသည့်နှင့် အံအားတစ်သင့် ရေရွတ်လိုက်သည်။


သူစကားကြောင့် အားလုံးထိန့်လန့်အံသြသွားကြသည်။


"ဘာ....ရတနာရှစ်သွယ်ကြက်"


"ဆေးအဆောက်အဦးက တိမ်သုံးစ အဂ္ဂိရတ်ပညာရှင် မဟာသခင်ချမ့်ကျုံးရဲ့ ရတနာရှစ်သွယ်ကြက်လား...


"သခင်လေး ဝူချင်ရဲ့စကားက ဘာအဓိပ္ပါယ်လဲ ဖြစ်နိုင်တာက ..."


နန်ကုန်းဝမ်လဲ တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ မျက်လုံးပြူးများဖြင့် သူအစ်ကိုကိုကြည့်လိုက်သည်။ထို့နောက် စူးရှလှသော အသံဖြင့် .. 


"နန်ကုန်းဝူချယ် နင်မှန်မှန်ပြော ...နင်အဆောက်အဦးကနေ အစောကြီး ထွက်လာတာ မဟာသခင်ချမ့်နင်ကို မောင်းထုတ်လိုက်လို့မဟုတ်လား...ဟုတ်တယ်မဟုတ်လား...ဘာလို့... မောင်းထုတ်တာလဲဆိုတော့...နင်သူရဲ့ ရတနာရှစ်သွယ်ကြက်ကို သတ်လိုက်လို့...ဟုတ်တယ်မဟုတ်လား..."


ဝက်ခြေထောက်ကို စစားနေသော နန်ကုန်းဝူချယ် ၏ ခန္ဓာကိုယ် ကတောင့်ခနဲဖြစ်သွားသည်။ထို့နောက်သူ ခေါင်းကိုပလုတ်တုတ်ကဲ့သို့ အဆက်မပြတ်ခါလိုက်သည်။


နန်ကုန်းဝမ် လဲထိုအခြေနေကိုကြည့်၍ ချက်ချင်းပင် အမှန်တရားကို သဘောပေါက်သွားသည်။သူမစိတ်ပျက်လက်ပျက်ဖြစ်ကိုယ့်နဖူးကို ရိုက်လိုက်မိသည်။


ဘုရားရေ....မဟာသခင်ချမ့်က ဘာလို့များ ဒီလူကို သေအောင်ရိုက်မသတ်လိုက်တာလဲ...


ထို့ရတနာရှစ်သွယ်ကြက်က နတ်ဘုရားသားရဲဖြစ်ပြီး မဟာသခင်ချမ့်နှစ်ပေါင်းများစွာပျိုးထောင်လာခဲ့သော သားရဲဖြစ်သည်။အဆုံးတွင်တော့ ဒီလူက ထိုကြက်ကို စာသုံးဖြစ်လိုက်လေပြီ။သူက မဟာသခင်အပေါ်မှာ ဘယ်လိုမျိုးမကျေလည်မှုတွေ ရှိနေလို့လဲ...


"ငါတကယ် မစားဘူး ...ငါ က တောင်ပံလေးတစ်ဖက်ပဲ ခုတ်ဖြတ်လိုက်တာ...တကယ်ပြောတာ...ငါ တကယ်မသတ်ဘူး...

အဲဒါက သူလအနည်းငယ်လောက် သေချာလေးပြုစုလိုက်မယ်ဆိုရင် တောင်ပံကပြန်ထွက်လာမှာပဲလေ...ပြီးတော့လည်း မဟာသခင်ချမ့် ကအခုတံခါးပိတ်ကျင့်ကြံနေတယ်...အဲတော့ ဒီအကြောင်းတွေကို သူဘာမှမသိသေးဘူး...အဲလိုဆိုမှတော့ သူငါကိုမောင်းမထုတ်နိုင်ဘူးလေ...အခုက ငါဘာသာထွက်လာတာ..."


နန်ကုန်းဝူချယ် ကပါးစပ်ထဲ၌ အစားအပြည့်ဖြစ် ပလုတ်ပလောင်းအသံဖြင့်ပြောလိုက်သည်။


နန်ကုန်းဝမ် ကမျက်လုံးများ မှေးကျဉ်း၍ သူကိုအေးစက်စက်စိုက်ကြည့်လိုက်သည်။


ပုဖန်၏ မျက်ဝန်းများက တောက်ပသွားသည်။


"ရတနာရှစ်သွယ်ကြက် "


ထိုကြက်က ထူးကဲလှသောပါဝင်ပစ္စည်းဖြစ်သည်။ထိုကြက်က အဆင့်၁၀ နတ်ဘုရားသားရဲလည်းဖြစ်သည်။ထို့အပြင်သူ၌ မည့်သည့်တိုက်ခိုက်ရေးစွမ်းရည်မှမရှိပေ။

ခန္ဓာကိုယ် တစ်ခုလုံးကတန်ဖိုးရှိလှသော အဆီအနှစ်များဖြင့် ပြည့်နှက်နေသည်။သူကို အထူးနည်းလမ်းသုံးပြီး ချက်ပြုတ်လိုက်လျှင် တန်ဖိုးမဖြတ်နိုင်သည့် စားကောင်းသောက်ဖွယ်တစ်ခုဖြစ်လာပေမည်။


ထို့အပြင် ထိုရတနာရှစ်သွယ်ကြက်၏ တောင်ပံကို ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန်ဟင်းအတွက်အသုံးပြုနိုင်သည်။


ယခုပုဖန်ချက်သည်က သေမျိုးအဆင့် နတ်မင်းစွေ့စွေ့ခုန်ဟင်းဖြစ်သည်။ သူတို့နှစ်ခုကြား၏ ကွာခြားချက်က ကြီးမားလှသည်။ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်က ပို၍ချက်ရခက်သည့်အပြင် လိုအပ်သည့်ပါဝင်ပစ္စည်းများကလည်း လုံးဝကွဲပြားခြားနားသည်။


ဆေးအဆောက်အဦး၌ တန်ဖိုးရှိလှသော ရတနာကရှစ်သွယ်ကြက်ရှိနေသည်ဆိုလျှင် သူအားသည့်အချိန်၌ ထိုနေရာသို့သွား၍တောင်ပံတစ်ဖက်လောက် ချေးဌားရပေမည်။


ပုဖန်အတွေးထဲ နစ်မြှပ်နေစဉ်မှာပင်တစ်ခြားစားသုံးသူများက ဟင်းပွဲအချို့ကိုမှာယူသောကြောင့် သူပြန်လည်သတိဝင်လာသည်။


ယခုလက်ရှိ၌ နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲကို မရရှိတော့သော်လည်း.နံရိုးချိုချဉ်ကြော်နှင့် ဥထမင်းကြော်တို့ရှိသေးသည်။


သူတို့က နန်ကုန်းဝမ် ဥထမင်းကြော်စားသည်ကို မြင်ဘူးထားခဲ့သည်။ထို့ကြောင့် ထိုဟင်းပွဲ အပေါ်တော်တော်လေးယုံကြည်မှုရှိသည်။


ထို့ကြောင့်ပင် သူတို့အားလုံးက ဥထမင်းကြော်ကိုသာ မှာလိုက်ကြသည်။


ပုဖန်မီးဖိုချောင် ထဲသို့ ဝင်သွားလိုက်ပြီး စတင်ချက်ပြုတ်လိုက်သည်။သူယခုထိတိုင်အောင် ဘလက်ကီကြိုက်သော နံရိုးချိုချဉ်ကြော်တစ်ပွဲမှ မရောင်းရသေးပေ။


....

ခဏကြာပြီးနောက်...


မွှေးပျံလှသော ဥထမင်းကြော် ပွဲများကိုသယ်၍ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။


တိမ်ခိုးစားသောက်ဆိုင်တစ်ဆိုင်လုံး အခိုးအငွေ့များနှင့် အမွှေးအကြိုင်ရနံများဖုံးလွှမ်းသွားလေသည်။


သူတို့ အားလုံးနှစ်သက်စွာ စားသုံးနေကြသည့်အချိန်၌ လူနှစ်ယောက် ဆိုင်ထဲသို့ ဟန်ပါပါလျှောက်ဝင်လာသည်။