အခန်း ၄၃၃
ဘယ်သူ ငါ့ယောက်ဖကို ရန်စရဲတာလဲ...
ဒီရေလှိုင်းများ မြင့်တက်လာသကဲ့သို့ အုပ်စုနှစ်စုမှအော်ရာများကလည်း လွင့်ပျံနေသည်။ညှင်သာစွာ တိုက်ခတ်နေသော လေအရှိန်ကြောင့် သူတို့၏ ဝတ်ရုံရှည်များလည်း လွင့်ခါနေသည်။
သတ်ဖြတ်ခြင်း အငွေ့အသက် လှိုင်းများကြောင့် သူတို့ရည်ရွယ်ရာ လမ်းတစ်လျှောက် ဖှုန်များကျောက်တုံးများပင် တထောင်းထောင်းထနေလေသည်။
လင်းဝူယင်းက လင်းမိသားစုမှ အဖွဲ့ကို ဦးဆောင်ပြီး ရှေ့ဆုံးမှနေ၍ ဖြေးဖြေးချင်းလျှောက်လာသည်။
သူ့၏ နောက်၌ မကြာသေးခင်ကပင် ဝှိုက်တီ၏ အဝတ်ချွတ်လွှင့်ပစ်ခြင်းကို ခံခဲ့ရေသော လင်းမိသားစု၏ တတိယသခင်လေးပါလာသည်။ယခုအချိန်၌ သူက အဝတ်အစားများကို သေချာသပ်ရပ်စွာ ဝတ်ဆင်ထားလေသည်။သူ့၏ မျက်ဝန်းအကြည့်များက တင်းမာခတ်ထန်နေပြီး သူ့ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှင့်နေလေသည်။
လင်းဝူယင်းက လင်းမိသားစု၏ အကြီးဆုံး သခင်လေး ဖြစ်သည်။ထို့အပြင် သူက လင်းတတိယသခင်လေး၏ အကိုလည်းဖြစ်သည်။
မြူကောင်းကင်မြို့ထဲ၌ သူသည်လည်း အဂ္ဂိရတ်ပညာ၌ ပါရမီပါလာသော သူတစ်ဦးဖြစ်သည်။နန်ကုန်းဝူချယ်နှင့် နှိုင်းယှဉ်လိုက်လျှင် အနည်းငယ်မျှ အားနည်းနေသော်လည်း သူတို့၏ အဆုံးမသတ်ရှိသော ယှဉ်ပြိုင်မှုကို ဘယ်တော့မှ ရပ်တန့်မည်မဟုတ်ပေ။
နောက်ထပ် နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် လင်းဝူယင်းက ချောမောခန့်ညားသော လူတစ်ယောက်တော့လည်း မဟုတ်ပေ။သူကို သေချာကြည့်မည်ဆိုလျှင် အနည်းငယ် ဝဖြိုးသည်ဟုပင် ပြောနိုင်ပေသည်။
အခြားတဖက်၌...
ကျန်းမိသားစုဝင်များ ရှိနေသည်။ကျန်းမိသားစု၏ အဓိက မိသားစုကြီးမှ အငယ်ဆုံးသခင်လေး ကျန်းတုန်ဖုန်းက သူ့၏ လူများကို ဦးဆောင်၍ လာလေသည်။လင်းမိသားစုကဲ့သို့ပင် သူတို့ဆီမှာလည်း သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်နေသည်။
သခင်လေး သုံးယောက်ဖြစ်သော ကျန်းတုန်ဖုန်း ၊ လင်းဝူယင်းနှင့် နန်ကုန်းဝူချယ်တို့က မြူကောင်းကင်မြို့၏ ကျော်ကြားသည့် ထောက်တိုင်များဖြစ်ကြသည်။
သို့သော်လည်း တစ်ခြားနှစ်ယောက်နှင့် မတူညီစွာပင် ကျန်းတုန်ဖုန်း၏ အဂ္ဂိရတ်ပညာပါရမီက ဆိုးရွားလှသည်။အလွန်ဆိုးရွားလှသည်။အမှိုက်ကဲ့သို့ ဆိုးရွားလှသည်။
မြူကောင်းကင် မြို့ထဲ၌ သူ့၏ ရပ်တည်မှုက ထူးခြားလှသည်။သူကျော်ကြားနေခြင်းမှာ ဆေးဝါးများ သက်စောင့်ဆေးများ ရောင်းခြင်းမဟုတ်ပေ။
မြူကောင်းကင်မြို့ထဲ၌ ဆေးလုံးများ ကောင်းချခြင်း၊ပြုလုပ်ခြင်းအကြောင်းကို မပြောသည့် တစ်ဦးတည်းသော သူဖြစ်သည်။ထိုအစားသူက အဂ္ဂိရတ်ပညာရှင်များ အသုံးပြုသည့် မီးပြင်းဖိုများကိုသာ ရောင်းချသည်။
သူပြောလေ့ရှိသော စကားက ...
ဟုတ်တယ် ငါက အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူး.....ဒါပေမယ့်လည်း ငါက အဂ္ဂိရတ်ပညာရှင်တွေကို ထိန်းချုပ်နိုင်တယ်....."
အဂ္ဂိရတ်ပညာရှင်များအတွက် မီးပြင်းဖိုကောင်းများက အလွန်ပင် အရေးပါလှသည်။ဒါက စစ်သားတစ်ယောက်အတွက် လက်နက်ကောင်းကောင်း လိုအပ်သလိုမျိုးပင် ဖြစ်သည်။ထိုသို့သော အခြေအနေများအောက်၌ ကျန်းတုန်ဖုန်းက မြူကောင်းကင်မြို့၏ အကြီးဆုံး ဆေးမီးဖို တင်သွင်းသူ တစ်ယောက်ဖြစ်လာခဲ့သည်။
အချိန်တိုအတွင်းမှာပင် သူ့၏ ကိုယ်ပိုင်ရပ်တည်မှုကလည်း မြင့်တက်လာခဲ့သည်။ကျန်းတုန်ဖုန်းက ပိန်ပါးသော သူတစ်ယောက်ဖြစ်သည်။သို့သော်လည်း သူ့၏ မျက်ဝန်းများကမူ အသက်စွမ်းအင်များနှင့် ပြည့်နှက်နေသကဲ့သို့ စူးရှပြီး ထက်မြက်လှသည်။
ထိုအကြည့်များနှင့် အကြည့်ခံရသူက စိတ်မသက်မသာ ဖြစ်မှုကို ခံစားရစေနိုင်လေသည်။သူ့အုပ်စုနှစ်စုက လမ်းဆုံ၌ ဆုံတွေ့မိပြီး တစ်ဖွဲ့ကို တစ်ဖွဲ့ ကြည့်လိုက်ကြသည်။
ကျန်းတုန်ဖုန်းနှင့် လင်းဝူယင်းတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အသိမှတ်ပြုရုံ ခောင်းညိတ်ပြလိုက်သည်။သူတို့က တစ်ယောက်ကိုတစ်ယောက် စကားမပြောသလ်ိုတကယ်လည်း လိုလည်းမလိုအပ်ပေ။သူတို့အဆင့်အရ အခြေအနေများကို အကဲခတ်ရုံနှင့် ကောင်းစွာ သဘောပေါက်ပေသည်။
ဒီတစ်ကြိမ်၌ သူတို့၏ ရည်ရွယ်ချက်က တစ်ခုတည်းသာ ရှိပေသည်။
ပုဖန်၏ တိမ်ခိုးစားသောက်ဆိူင်.....
လင်းဝူယင်း၏ တတိယညီငယ်လေးလင်းက အဝတ်အစားများ ချွတ်ပစ်ခံခဲ့ရသည်။သူ့လိုလူတစ်ယောက် အရှက်ကွဲခြင်းက မိသားစု အရှက်ကွဲခြင်းနှင့် တူတူဖြစ်သည်။လူတစ်ဦး၏ ရှုမြင်ပုံပေါ်မူတည်၍ ထိုကိစ္စက အရေးမကြီးဟု သတ်မှတ်နိုင်သလ်ို အလွန်အရေးကြီးသည်ဟုပင် ဆိုနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ ပြုလုပ်ခဲ့သော တရားခံက်ို အပြစ်မပေးနိုင်ပါက မြူကောင်းကင် မြို့ထဲ၌ သူတို့၏ ဂုဏ်သိက္ခာက ပျက်စီးသွားပေလိမ့်မည်။
တစ်ခြားတစ်ဖက်၌ ကျန်းမိသားစုကလည်း ထိုကဲ့သို့ အတွေးတူညီခဲ့သည်။ခြုံငုံ၍ ပြောရလျှင် သူတို့က မြူကောင်းကင်မြို့ထဲမှ မိသားစုကြီး နှစ်ခုဖြစ်လေရာ သေးငယ်သော ဆိုင်ငယ်လေး တစ်ဆိုင်က လာကျောခြင်းကို ခံမည်မဟုတ်ပေ။
မည်သို့ပင် ဖြစ်လာပါစေ သူတို့၏ အရှက်ကွဲမှုအတွက် ပြန်၍ လက်စားချေရပေမည်။ထို့အပြင် ထိုအဖြစ်အပျက်က နန်ကုန်းမိသားစု၏ ပိုင်နက်ထဲပင် ဖြစ်ပွားခဲ့သောကြောင့် အလွန်ပင် စိတ်ဝင်စားစရာကောင်းပေပြီ။
လင်းဝူယင်းနှင့် ကျန်းတုန်ဖုန်းတို့က တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့မိသားစုများကို ဆက်လက်၍ ဦးဆောင်သွားလိုက်သည်။
သူတ်ို့အဖွဲ့နှစ်ဖွဲ့လုံး နန်ကုန်းမိသားစု၏ ရသာမျိုးစုံ အဆာခံ ဆေးလုံး ရောင်းချရာနေရာသို့ ရောက်သောအခါ၌ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။တွေ့လိုက်ရသည့် မြင်ကွင်းက မျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။ထိုနေရာ၌ လုံးဝ ရှင်းလင်းနေ၏။
"ဒီနေရာမှာ ဘာတွေ ဖြစ်သွားတာလဲ.....နန်ကုန်းမိသားစုက သူတို့ စီးပွားရေးကို ရပ်တန့်လိုက်ပြီလား ....."
ထိုအတွေးက လက်ရှိအချိန်၌ လူတိုင်းတွေးနေသည့် အတွေးပင် ဖြစ်သည်။လင်းဝူယင်း၏ အဆီပြင်ရှိသော မျက်နာက အနည်းငယ်ပြောင်းလဲသွားသလို ကျန်းတုန်ဖုန်း၏ စူးရှသော မျက်ဝန်းများကလည်း အနည်းငယ် လက်တောက်သွားသည်။
သူတို့အားလုံးက သူတို့ မြင်လိုက်ရသော မြင်ကွင်းကြောင့် ပို၍ စိတ်ဝင်စားသွားပေပြီ။သို့သော်လည်း သူတို့ ခဏမျှ လျှောက်လှမ်းလိုက်ပြီးနောက် လူစည်ကားနေသော စားသောက်ဆိုင်ကို တွေ့လိုက်ရသည်။လူအုပ်က များပြားလွန်းသောကြောင့် သူတို့နားများ ကွဲမတက်ပင် ဆူညံ ပွက်လောရိုက်နေပေသည်။
"ဒါက... မင့်းပြောနေတဲ့ လူသူကင်းမဲ့တဲ့ စားသောက်ဆိုင်လား....."
လင်းဝူယင်းက သူ့တတိယညီငယ်ဆီသို့ အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။လင်းတတိယသခင်းလေးနှင့် ကျန်းသခင်းလေးတို့ နှစ်ယောက်လုံးကလည်း သူတို့ရှေ့မှ မြင်ကွင်းကြောင့် တကယ်ကို ကြောင်အနေကြသည်။
ဒီနေရာမှန်ပါတယ်....ဒါက အပုပ်အစပ်တွေကို ချက်ပြုတ်နေတဲ့ လူသူကင်းမဲ့တဲ့ ဆိုင်မဟုတ်ဘူးလား...
ပထမအချက်အနေဖြင့် ထိုစားသောက်ဆိုင်က မြူကောင်းကင်မြို့ထဲမှ တစ်ခုတည်းသော စားသောက်ဆိုင်ဖြစ်သည်။ထို့ကြောင့် သူတို့နေရာမှားစရာ အကြောင်းမရှိပေ။
"ဟုတ်....ဟုတ်တယ်......"
တတိယသခင်လေးလင်းက ကြောင်အနေရာမှ သတိဝင်လာပြီး ပြန်ဖြေလိုက်သည်။သူ့ရှေ့မှ မြင်ကွင်းမျိုးကို လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
"မင်းသေချာတယ်ဆိုရင် ငါ့နောက်က လိုက်ခဲ့...ဟမ့်...သူက လင်းမိသားစုရဲ့ မျက်နာကို ဖြတ်ရိုက်ရဲတယ် ဟုတ်လား.....သူက ဘယ်လောက်တောင် ရူးသွပ်နေပါလိမ့်..."
လင်းဝူယင်းက အေးစက်စွာ ရေရွတ်လိုက်ပြီးနောက် ထိုလူအုပ်ကြီးရှိရာဆီသို့ ဦးတည်လျှောက်သွားလိုက်သည်။
"ဒီနေရာမှာ လင်းမိသားစုရဲ့ ရှင်းစရာကိစ္စလေးတွေ ရှိနေတယ် ...ဒီကိစ္စနဲ့ မပတ်သတ်တဲ့လူတွေ ထွက်သွားပေးကြပါ..."
လင်းမိသားစု၏ သခင်လေးနှစ်ယောက်က ပင်လယ်ပြင်ကဲ့သို့ပင် များပြားလှသောလူပင်လယ်ကြီးကို ကြည့်၍ သတိပေး ပြောဆိုလိုက်သည်။သူတို့ ပတ်ဝန်းကျင်မှ ဆူညံနေသော လူစုက ငြိမ်ကျသွားသည်။သူတို့က လင်းဝူယင်း၏ အေးစက်လှသော ပုံရိပ်ကို ကြည့်ပြီး စကားတစ်ခွန်းမှ မဆိုရဲတော့ပေ။
"လင်းမိသားစု...လာပြီ...
ကောလဟလများအရ လင်းမိသားစု၏ တတိယသခင်လေးက မြို့ထဲ၌ အဝတ်ဗလာဖြင့် လျှောက်ပြေးရန် ဖိအားပေးခံခဲ့ရသည့်သူ ဆိုသည်။သူတို့က လက်စားလာချေခြင်း ဖြစ်ပေလိမ့်မည်။
လင်းဝူယင်းက လက်နှစ်ဖက်ကို နောက်ပစ်၍ လူအုပ်ကြားထဲသို့ လျှောက်ဝင်သွားလိုက်သည်။ဘေးနား၌ရှိနေသော လူများက သူဆီမှ ဖြာထွက်လာသော ဖိအားဒဏ်ကို ခံစားရသော်လည်း ဒေါသအနည်းငယ်ကိုမှ မပြရဲကြချေ။
ကျန်းတုန်ဖုန်းက ခပ်လှမ်းလှမ်းမှနေ၍ ပွဲကြည့်ပရိသတ်ကဲ့သို့ ကြည့်နေလေသည်။
"လင်းဝူယင်းကတော့ အရှေ့ကနေလမ်းရှင်းသွားပြီ....ငါတို့လည်း သွားကြစို့ အခုငါတို့လှုပ်ရှားရမဲ့အလှည့်ပဲ....."
ထို့နောက် သူ့နောက်မှ ကျန်းမိသားစုဝင်များကို ဦးဆောင်၍ လူပင်လယ်ထဲသို့ ဖြတ်လျှောက်လိုက်သည်။သူ့နောက်မှ လူငယ်များကလည်း သူတို့၏ မျက်ဝန်းများကို လခြမ်းကွေးပုံသဏ္ဍာန် ကွေးညွှတ်ထားပြီး ဆိုင်ရှိရာသို့ လျှောက်လှမ်းလာပေသည်။
မြူကောင်းကင်မြို့၏ မိသားစုကြီးနှစ်စုက တစ်ပြိုင်တည်းမှာပင် စားသောက်ဆိုင်ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။
"သေစမ်း....ဒီစားသောက်ဆိုင်ကတော့ ပြဿနာတွေကြားထဲမှာ နာမည်ကြီးအုန်းမယ်...."
သူတို့အားလုံး၏ စိတ်ထဲ ခဏမျှ ဖြတ်ပြေးသွားလေသည်။သို့သော် သူတို့၏ မျက်ဝန်းများကတော့ ပန်းကန်ပြားကဲ့သို့ ပြူးကျယ်ဝိုင်းစက်နေလေပြီ။
"သေစမ်း....ဒီလူတွေက သေချာပေါက် ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး....ဒီစားသောက်ဆိုင်တော့ ပြဿနာတက်ပြီ....."
ထိုအတွေးက သူတို့ခေါင်းထဲမှ ဒုတိယအတွေးပင် ဖြစ်သည်။လင်းဝူယင်းနှင့် ကျန်းတုန်ဖုန်းတို့ နှစ်ယောက် ဆိုင်ဆီသို့ နီးကပ်သွားသည်နှင့်အမျှ သူတို့၏ ထိတ်လန့်မှုကလည်း ပို၍ပို၍ ကြီးမားလာလေသည်။
"ကြည်ဦး....မြူကောင်းကင်မြို့ရဲ့ မိသားစုကြီး သုံးစုက ဒီစားသောက်ဆိုင်လေး တစ်ခုမှာပဲ လာစုနေကြတယ်......ဒီနေရာက လုံးဝ သာမန်မဟုတ်ဘူး....."
လူအများစုက အံ့အားသင့်နေကြသော်လည်း ထိုကဲ့သို့ အတွေးမျိုး တွေးမိသည့်သူလည်းရှိသေးသည်။သူတို့နှစ်ဦးက ဒီနေရာ၌ ပြဿနာလာရှာကြောင်း ထင်ရှားပေသည်။တစ်ခြားစကားနှင့် ပြောရလျှင် ဒီနေရာ၌ အခြေအနေကြီး တစ်ရပ် ဖြစ်ပွားပေတော့မည်။
ထို့အပြင် နန်ကုန်းဝူချယ်လည်း ထိုဆိုင်ထဲ၌ ရှိနေကြောင်းကို မေ့ထား၍ မရပေ။မြူကောင်းကင်မြို့၏ မိသားစုသုံးစု တစ်နေရာထဲ လာဆုံနေကြလေရာ သူတို့ တိုက်ပွဲ ဖြစ်ပွားကြတော့မည်လော။
လူအုပ်ကြီးက အတွေးများဖြင့် စိတ်လှုပ်ရှားနေကြသည်။သူတို့ဆိုင်ထဲကို မြင်ရရန်အလို့ငှာ လည်ပင်း ရှည်၍ မျှော်ကြည့်နေကြလေသည်။
သူတို့နှစ်ယောက် ဆိုင်ပေါက်ဝဆီသို့ ရောက်သောအခါ၌ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။ထိုအပြုံးက ပြဿနာများ စတင်တော့မည့် အပြုံးဖြစ်သည်။ထို့နောက် သူတို့ဆိုင်ထဲသို့ ဆက်လျှောက်ဝင်သွားကြသည်။
သူတို့ ပထမဦးဆုံး မြင်လိုက်ရသည့် မြင်ကွင်းမှာ...လှပလှသော ပန်းလေးတစ်ပွင့်နှင့်တူသည့် နန်ကုန်းဝမ်ကို ဖြစ်သည်။သူတို့ ဘယ်နေရာကိုပဲ သွားသည်ဖြစ်ပါစေ ထိုကဲ့သို့ ဆွဲဆောင်မှုရှိစွာ လှပလှသော ပန်းကလေးကို အမြဲတမ်းငေးကြည့်နေမိမည့်သာဖြစ်သည်။
ယခုအချိန်၌ ပြဿနာကောင်၏ နှလုံးသားက အသံကျယ်ကျယ်မြည်ဟီးနေပေသည်။
"ဒီဆိုင်ကို နန်ကုန်းဝမ်က ကူညီနေတာလား....ဒီလိုဆိုရင်တော့ ပြဿနာတွေကို အနုနည်းနဲ့ ဖြေရှင်းပဲ ကောင်းမယ်.....ဒီဆိုင်ပိုင်ရှင်ကို တောင်းပန်ခိုင်းလိုက်တာပဲဖြစ်ဖြစ်....."
သူတို့နှစ်ဦး၏ အတွေးများက အတိအကျကို တူညီနေပေသည်။သို့သော်လည်း သူတို့ နောက်ထပ် မြင်လိုက်ရသည့် မြင်ကွင်းက ပါးစပ်ထောင့်မှ ဆီများစီးကျနေပြီး အစားအစာများကို အငမ်းမရ စားသုံးနေသည့် နန်ကုန်းဝူချယ်ဖြစ်သည်။သူတို့၏ မျက်ဝန်းများက ချက်ချင်းပင် အေးစက်ကျဉ်းမြောင်းသွားကြသည်။
လခွမ်း....နန်ကုန်းဝူချယ်လည်း ဒီမှာရှိနေတယ်ဟ.....ကောင်းပြီ ဒီလိုဆိုမှတော့ ရိုးရိုးရှင်းရှင်း ဖြေရှင်းလို့မဖြစ်တော့ဘူး.....ဒီဆိုင်ပိုင်ရှင်က ပြန်ပေးဆပ်ရမယ်.....အကောင်းဆုံးသူတွေးထားဖို့ကတော့ ဒီဆိုင်လုံးဝ ဆက်မဖွင့်ဖို့ပဲ...
"နန်ကုန်းဝူချယ်....."
လင်းဝူယင်းက အံကြိတ်သံဖြင့် နန်ကုန်းဝူချယ်၏ နာမည်ကို ကျယ်ကျယ်အော်ခေါ်လိုက်လေရာ သူ့မျက်နာပေါ်ရှိ အဆီပြင်များပင် လှုပ်ခါသွားလေသည်။
ကျန်းတုန်ဖုန်းက ကျောက်ခဲကဲ့သို့ပင် အေးစက်မာတင်းလှသည့် မျက်နာထားဖြင့် နန်ကုန်းဝူချယ်ကို စိုက်ကြည့်နေခဲ့သည်။
သူတို့နှစ်ယောက်ဆီမှ ရန်လိုမှုများ ဖြာထွက်နေသောကြောင့် ပုဖန်၏ အာရုံကိုပင် ဆွဲဆောင်မိသွားလေသည်။ပုဖန်က သူတို့ မည်သည့်ကိစ္စကြောင့် လာသည်ကို မသိသောကြောင့် တည်ငြိမ်စွာပင် ကြည့်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် နန်ကုန်းဝမ်၏ အာရုံကိုလည်း ဆွဲဆောင်နိုင်သွားသည်။နန်ကုန်းဝမ် သူတို့နှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီးနောက် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
သူတို့က ဒီမှာဘာလုပ်ကြတာလဲ...လင်းဝူယင်းလည်း ဒီမှာရောက်နေတယ်...
နန်ကုန်းဝူချယ်က ထိုဝတုတ်လင်းဝူယင်းနှင့် သူမကို မိတ်ဆတ်ဖို့ ကြိုးစားခဲ့သည်။ထိုအကြောင်းကို တွေးမိရုံဖြင့်ပင် သူမစိတ်ထဲ၌ ဒေါသတရားများ ပြည့်နှက်သွားသည်။
"အိုး...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ ...မင်းတို့နှစ်ယောက်လည်း ဒီမှာလာစားတာလား..."
နန်ကုန်းဝူချယ်က သူတို့ဘက်သို့ လှည့်ကြည့်၍ ပြောလိုက်သည်။သူ့ပါးစပ်ထဲ၌ ဝက်ခြေထောက်ကို ကိုက်နေတုန်းဖြစ်သောကြောင့် စကားလုံးများက မသဲမကွဲ ဖြစ်နေလေသည်။
"ဟုတ်တယ်...တိုက်ဆိုင်လိုက်တာ..."
လင်းဝူယင်းက ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလိုက်သည်။သူ့မျက်နာပေါ်က အပြုံးက ဖော်ရွေမှုရှိသော်လည်း သူ့၏ မျက်ဝန်များကတော့ အေးစက်နေပေသည်။
ကျန်းတုန်ဖုန်းက နန်ကုန်းဝမ်ကို ကြည့်နေရာမှ ပုဖန်ဆီသို့ အကြည့်လွှဲလိုက်သည်။ထို့နောက် သူအသာအယာပင် မေးလိုက်၏။
"ဒီတော့...မင်းက ဒီဆိုင်ပိုင်ရှင်လား....."
ပုဖန်ကလည်း အသာအယာပင် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းတယ်....သိပ်ကောင်းတယ်....မင်းက ကျန်းမိသားစုရဲ့ မျက်နာကို ဖြတ်ရိုက်ပြီးတာတောင်မှ ဒီလို ပွင့်ပွင့်လင်းလင်းဝန်ခံရဲတယ်ပေါ့ ...မင်းက လူမှန်ပဲ....ငါအသိမှတ်ပြုတယ်.....ကဲ့ အဲ့ဒီတော့ ကျန်းမိသားစုပေါ်တင်နေတဲ့ အကြွေးကို မင်းဘယ်လို ပြန်ဆပ်ဖို့ စီစဉ်ထားလဲ....."
ကျန်းတုန်ဖုန်းက မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။ထိုစကားများကို ကြားလိုက်ရသော်လည်း ပုဖန်၏ အမူအရာက ပြောင်းလဲမှုမရှိပေ။
အဲ့ဒီတော့ ဆိုလိုတာက ဒီလူပြက်နှစ်ယောက်က ငါ့ဆိုင်မှာ ပြဿနာလာရှာတယ်ပေါ့...ကျန်းမိသားစု... ဒီလူတွေပဲ လာပြန်ပြီလား...
"မင်းတို့ ဘာမှမမှာဘူးဆိုရင် ထွက်သွား....."
ပုဖန်က စကားပြောဖို့ရန်ပင် အလွန်ပျင်းရိနေပေပြီ။ထိုပြဿနာကောင်များနှင့် လေကုန်မခံချင်တော့ပေ။
သူပြောရဲတယ်..
ကျန်းတုန်ဖုန်းသာ အံ့သြသင့်သွားခြင်းမဟုတ်ပဲ နန်ကုန်းဝမ်ပါ အံ့အားသင့်သွားလေသည်။
ပိုင်ရှင်ပုက ကျန်တုန်းဖုန်းက်ို မသိဘူးလား...မြူကောင်းကင်မြို့ရဲ့ အမာခံ ကျောထောက်နောက်ခံဆိုလည်း ဟုတ်တယ်..ပြီးတော့ သူက တန်ခိုးရှင်အဆင့် အထွဋ်အထိပ်ကို ချိုးဖောက်ပြီးတဲ့လူလည်း ဟုတ်တယ်...ပြီးတော့သူက မျိုးဆက်အသစ်တွေရဲ့ ခေါင်းဆောင်ဆိုရင်လည်း ဟုတ်တယ်...ပြီးတော့ ဆေးလုံးမီးဖို တင်သွင်းသူဆိုရင်လည်း ဟုတ်တယ်...တကယ်ပဲ ထွက်သွားဖို့ ပြောရဲတယ်လား.....ဝါး အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းသွားပြီ...
လင်းဝူယင်းကလည်း ပုဖန်ကို မျက်လုံးများမှေးစင်း၍ ကြည့်လိုက်သည်။သူ့မျက်နာပေါ်၌ အပြုံးတစ်စက်မှ ရှာမတွေ့တော့ပေ။စားသောက်ဆိုင်သေးသေးလေး၏ ပိုင်ရှင်က ထိုကဲ့သို့ ပြောရဲနေပေသည်။ဒီဆိုင်ကို ပိတ်သိမ်းအောင် မလုပ်နိုင်လျှင် သူလင်းဝူယင်း မဟုတ်တော့ပေ
"မင်းက လင်းမိသားစုဝင်ရဲ့အဝတ်အစားကို ချွတ်ပစ်ရဲတယ်....မင်းရဲ့စားသောက်ဆိုင်ကို ဆက်ဖွင့်ဖို့ မလိုတော့ဘူး...မင်းငါတို့ နောက်ကနေ နာနာခံခံနဲ့ လိုက်လာပြီး လင်းမိသားစုရဲ့ အကျဉ်းခန်းမှာ မင်းရဲ့ အပြစ်တွေကို ပေးဆပ်ရမယ်......"
သူ့၏ အသံ၌ ဒေါသတရားများပြည့်နှက်နေသည်။အပြင်ဘက်မှကြည့်ရှုနေသူများအားလုံးလည်း တိတ်ဆိတ်သွားကြသည်။
လင်းဝူယင်း၏ စကားများကြောင့် ပုဖန် မဲ့ပြုံးပြုံးလိုက်သည်။သူ ထိုသခင်လေးဘက်သို့ လှည့်ကြည့်လိုက်၏။
"မင်းရူးနေလား...."
လင်းဝူယင်း၏ ခန္ဓာကိုယ်မှနေ၍ ဒေါသအရှိန်အဝါများ ထွက်ပေါ်လာသည်။ဒီလူက သေချင်နေပေပြီ။သူ့ကိုပင် ထိုကဲ့သို့ မေးရဲနေသည်။မိုးကြိုးမုန်တိုင်းကဲ့သို့ အင်အားများက ဆိုင်တစ်ခွင်ကို ဖြန့်ကျက်သွားလေသည်။အပြင်ဘက်၌ ရှိနေသော လူများလည်း ထိုစွမ်းအားများ၏ ဒဏ်ကို ခံလိုက်ရသည်။ပြင်းထန်လှသော စွမ်းအားများက တောင့်ခံနိုင်ရန်မလွယ်ကူပေ။
ထိုအော်ရားများက မသေမျိုးခန္ဓာ စွမ်းအင်အဆင့် ဖြစ်သည်။သူက ကြောက်စရာကောင်းသည့် တည်ရှ်ိမှုမျိုးပင်ဖြစ်၏။တစ်ခြားသူများလည်း ပုဖန်ကို သနားသည့် အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။
"ပြဿနာရှာနေတာလား..."
ပုဖန်က မျက်ဝန်းများမှေးစင်း၍ အေးစက်စွာမေးလိုက်သည်။
"ငါက ပြဿနာရှာတာမဟုတ်ဘူး.....မင်းက သေချင်နေတာ ...."
"ဝှိုက်တီ ငါတို့မှာ ပြဿနာကောင်တွေရှိတယ်....."
ပုဖန်က အသာအယာ သက်ပြင်းချလိုက်ပြီး အေးဆေးစွာပင် လှမ်းပြောလိုက်သည်။
အချိန်ခဏအတွင်းမှာပင် လင်းဝူယင်း၏ မျက်ဝန်းများက စူးရှထက်မြသွားသည်။မီးဖိုချောင်ဘက်ဆီမှ ခရမ်းရောင် အလင်းတနနှစ်ခု ပေါ်လာသည်ကို သူတွေ့လိုက်ရ၏။ထိုအေးစက်လှသော အလင်းတန်းတစ်စုံက သူ့ခန္ဓာကိုယ်ပေါ် ဆုန်ချည်ဆန်ချည် ဖြတ်သန်းနေပေသည်။
ထို့နောက် သံချပ်ကာဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် ကြီးမားလှသော ရုပ်သေးရုပ်တစ်ရုပ် မီးဖိုချောင်ဘက်မှ ထွက်လာသည်ကို မြင်လိုက်ရသည်။ထိုရုပ်သေး၏ အကြည့်များက သူ့ကိုယ်ပေါ်၌သာ စွဲညိနေလေသည်။
"ဒီရုပ်သေးရုပ်လား...မသေမျိုးခန္ဓာအဆင့် ရုပ်သေးရုပ်ဆိုတာ ဒီဟာလား...ဟမ့်.....မင်းက ဒီရုပ်သေးကို ပိုင်ထားလို့ လင်းမိသားစုကို စိန်ခေါ်ရဲနေတာလား.."
လင်းဝူယင်း၏ ရယ်သံမဆုံးသေးခင်မှာပင် ဝှိုက်တီ၏ အေးစက်လှသောအသံထွက်ပေါ်လာသည်။
"ပြဿနာကောင် မင်းရဲ့ အဝတ်အစားတွေကို ..."
ဘုန်း.....
"လခွမ်း ....ဘယ်ကောင်က ငါ့ယောက်ဖကို လာပြီး ပြဿနာရှာရဲနေတာလဲ....."
ဝှိုက်တီ၏ စကားမဆုံးခင်မှာပင် ကျယ်လောင်သောအသံ တစ်ခုထွက်ပေါ်လာလေသည်။
အားလုံးက ဝက်ခြေထောက်ရိုးကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်သော နန်ကုန်းဝူချယ်ကို ထိတ်လန့်အံအားသင့်စွာလှည့်ကြည့်လိုက်ကြသည်။