အပိုင်း ၄၃၅
Viewers 61k

အခန်း ၄၃၅

ဒယ်အိုးများ၏ဘုရင်...မဟူရာလိပ်ခုံးဒယ်အိုး....


ရွှေရောင်အလင်းများ တောက်ပနေသည့် ဆေးမီးဖိုသုံးခုက ကျန်းတုန်ဖုန်း၏ တန်ဖိုးရှိလှသော ရတနာပင်ဖြစ်သည်။ဆေးမီးဖိုက ဆေးလုံးသန့်စင်ရာတွင်သာ အသုံးဝင်သည်မဟုတ်ပဲ တိုက်ခိုက်ရာတွင်လည်း အလွန်အသုံးဝင်လေသည်။ထိုမီးဖိုများကို တိုက်ခိုက်ရာတွင် အစွမ်းထက်လှသော လက်နက်များအဖြစ်အသုံးပြုနိုင်၏။


ထို့အပြင် ကျန်တုန်းဖုန်းက ပုဖန်ကို အဝေးမှနေ၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။သူ့၏ ရုပ်သေးက မသေမျိုးခန္ဓာအဆင့် ဖြစ်သော်လည်း ပုဖန်ကိုယ်တိုင်ကမူ တန်ခိုးရှင်အဆင့်မျှသာ ရှိသေးသည်။သူက ကျန်းတုန်ဖုန်း၏ သတ်ဖြတ်ခြင်းနည်းစနစ်များကို မည်ကဲ့သို့ ခုခံကာကွယ်နိုင်ပါမည်နည်း။


တိုက်ပွဲကို ကြည့်နေကြသော လူတိုင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ထိုတိုက်ပွဲရလဒ်ကို သူတို့ဆက်ကြည့်နေရန် ဆန္ဒမရှိစွာဖြင့် မျက်လုံးများ မှိတ်လိုက်သည်။


သူတို့၏ နတ်ဘုရားမလေးက သူ့၏ ခင်ပွန်းလောင်းကို ယခုမှ ရှာတွေ့ထားခြင်းဖြစ်သည်။သို့သော်လည်း ထိုသူက မကြာခင်မှာပင် သေဆုံးပေတော့မည်။


နန်ကုန်းဝမ်၏ စိတ်ထဲ၌ ထိတ်လန့်မှုများပင် ပြည့်နေသည်။ထိုဆေးမီးဖိုသုံးခု၌ ကြောက်စရာကောင်းလှသော အင်အားများ ပါဝင်နေကြောင်းကို သူမကောင်းစွာ သိပေသည်။


ကျန်တုန်းဖုန်းက ထိုမီးဖိုသုံးခုကို သုံး၍ ပုဖန်ကို တိုက်ခိုက်သည်ကို မြင်လိုက်သောအခါ၌ သူမ၏ အမူအရာက ပြောင်းလဲသွားလေသည်။သူမ၏ နှလုံးသားထဲ၌ ဝမ်းနည်းမှုများ စိမ့်ဝင်ရောက်လာ၏။


"ပိုင်ရှင်ပုက ဒီနေရာမှာ သေသွားတော့မှာလား....."


အကယ်၍ ပိုင်ရှင်ပုသာ သေသွားခဲ့လျှင် သူမ အရသာရှိသောအစားအသောက်များကို နောက်ထပ်ထက်၍ စားနိုင်မှာမဟုတ်တော့ပေ။


တစ်ခြားတစ်ဖက်၌ နန်ကုန်းဝူချယ်၏ မျက်ဝန်းများကလည်း လင်းကွင်းလောက် ပြူးကျယ်နေလေသည်။သူ့၏ မျက်နာပေါ်က ခံစားချက်များကလည်း ရှုပ်ထွေးနေလေ၏အလွန်ပင် ဝမ်းနည်းကြေကွဲနေပုံဖြင့် မျက်နာလေးက ဇီးရွက်တစ်မျှသေးငယ်နေလေသည်။


"ယောက်ဖ ကျေးဇူးပြုပြီး အဲ့ဒီပုံစံနဲ့တော့ သေမသွားပါနဲ့....."


သူခေါင်းကို လှုပ်ရှားလိုက်သည်နှင့် သူ့၏ မျက်ဝန်းထဲမှ မျက်ရည်များက အချိန်မရွေး စီးကျလာတော့မယောင် ပြည့်အိုင်နေပေသည်။


ပုဖန်၏ လက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးက ကြီးမားပြန့်ကားလာသည်။ပုဖန် ဆေးမီးဖို သုံးခုကို စိုက်ကြည့်လိုက်သည်။သူ့စိတ်ထဲ၌ အတွေးတစ်ချက်လက်သွားပြီး သူ့၏ နှုတ်ခမ်းကို မျဉ်းဖြောင့်တစ်ကြောင်း သဏ္ဍာန်ဖြစ်အောင် တင်းတင်းစေ့ထားလိုက်သည်။


ရုတ်တရက် ပုဖန်လက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးက ပြေးထွက်သွားသည်။ထိုဒယ်အိုး၏ အရှိန်က အလွန်ပင် လျှင်မြန်လှသည်။မသေမျိုးခန္ဓာအဆင့် ပညာရှင်၏ ဆေးမီးဖိုသုံးခုနှင့် ရင်ဆိုင်နေရသော်လည်း ပုဖန်၏ မျက်နာတွင် ကြောက်ရွံ့တစ်စက်မှ မရှိပေ။သူ့ပြိုင်ဘက်က သူ့ထက် သန်မာနေသည့် အပေါ်၌လည်း လုံးဝ စိတ်အနှောင့်အယှက်မခံစားရပေ။


ကျန်တုန်ဖုန်းက ဝှိုက်တီ၏ ရိုက်နှက်ခြင်းကို ခံ့ခဲ့ရသော်လည်း သူ့စိတ်ထဲ၌ ရှက်ရွံ့မှုကို မခံစားရပေ။မည်သို့ပင် ဆိုစေ ထိုအရာက ရုပ်သေးရုပ်တစ်ရုပ်မျှသာ ဖြစ်သည်။


သူသာပုဖန်ကို သတ်နိုင်လျှင် ထိုရုပ်သေးကို ထိန်းချုပ်မည့်လူ မရှိတော့ပေ။သူ့၏ ထိန်းချုပ်သူ မရှိတော့လျှင် ကျန်းတုန်ဖုန်းက ထိန်းချုပ်နိုင်မည့်နည်းလမ်းကို ရှာလိုက်ရုံပင်။


သူထိုရုပ်သေးကို ထိန်းချုပ်နိုင်မည့်နည်းလမ်းကို သင်ယူလိုက်သည်နှင့် ရုပ်သေးက သူ့ဟာ ဖြစ်သွားပေလိမ့်မည်။မသေမျိုးခန္ဓာအဆင့်က ထိန်းချုပ်မည့် မသေမျိုးခန္ဓာရုပ်သေးရုပ်အကြောင်း စဉ်းစားမိရုံဖြင့်ပင် ကျန်းတုန်ဖုန်း စိတ်လွတ်စွာ ရယ်လိုက်မိသည်။


ကျန်းတုန်ဖုန်းက မည်သည့်နည်းလမ်းနှင့်မဆို သူ့၏ လမ်းကြောင်းကို ရောက်အောင် ဖောက်နိုင်ပေသည်။ထို့ကြောင့်မို့လျှင် မြူကောင်းကင် မြို့ထဲ၌ ဘုန်းတန်ခိုး ကြီးမားသည့် သူတစ်ယောက် ဖြစ်လာခြင်းဖြစ်သည်။


အားလုံးက တိုက်ပွဲကို စိတ်လှုပ်ရှားစွာပင် ကြည့်နေကြသည်။


"ပိုင်ရှင်ပုက သေချာပေါက် သေတော့မှာပဲ...ဘယ်ဟာက ပိုမာလဲ ဆေးမီးဖိုကလား...ဒါမှမဟုတ် မဟူရာလိပ်ခုံးဒယ်အိုးကလား...'


ပုဖန်ကိုယ်တိုင်လည်း ထိုအဖြေကို သေချာမသိပေ။သို့သော်လည်း သူ့၏ ဒယ်အိုးပေါ်၌ သူယုံကြည်မှု အပြည့်ရှိပေသည်။ဆေးမီးဖိုသုံးခု သူ့ဆီသို့ ပျံသန်းလာသကဲ့သို့ လေပြင်းများကလည်း သူ့ကို ဦးတည်တိုက်ခိုက်လာသည်။သူ့ဆံပင်များက လွင့်ပြယ်နေသော်လည်း သူ့မျက်နာပေါ်၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်မရှိပေ။


ပုဖန်က သူ့လက်ထဲမှဒယ်အိုးနှင့် ဆေးမီးဖိုသုံးခု ပြင်းထန်စွာ ထိခိုက်မိသွားသည်ကို သေချာစွာ ကြည့်နေလိုက်သည်။သူ့၏ မဟူလိပ်ခုံးဒယ်အိုးက နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။သူက မည်သည့်အတွက်ကြောင့် မဟူရာလိပ်ခုံးဒယ်အိုးကို သံသယရှိနေရမည်နည်း။


နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများ၏ စွမ်းအားက အားလုံးတွေးထားနိုင်သည်ထက်ပင် ကျော်လွန်နေပေသည်။ပုဖန်က ယခုထိုင်အောင် အားနည်းနေသေးသော်လည်း သူ စွမ်းအားများတိုးတက်လာသည်နှင့်အမျှ နတ်ဘုရားအဆင့် ပစ္စည်းများ၏ စွမ်းအားကို သေချာခံစားမိလာသည်။


သူ့၏ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက အလင်းတစ်ချက်ဖြင့်ပင် အင်ပါရီယာမြို့တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သကဲ့သို့ပင် သူ ထိုဓားဖြင့် အဆင့်မြင့်သားရဲကိုပင် ထက်ပိုင်းပျက်အောင် ဓားချက်တစ်ချက်တည်းဖြင့် ခုတ်ချနိုင်ပေသည်။


ယခုသူ့၏ ကျင့်ကြံစဉ်က မြင့်လာလေရာ ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓား၏ စွမ်းရည်ကလည်း အလွန်သန်မာ အားကောင်းလာပေပြီ။


နန်ကုန်းဝူချယ်က အနည်းငယ်မျှပင် မလှုပ်ရှားတော့ပဲ မီးဖိုနှင့် ဒယ်အိုး ထိပ်တိုက် တွေ့ဆုံသည့် နေရာကိုသာ စိုက်ကြည့်နေလေသည်။


"အခု အဲ့ဒီအနက်ရောင် ဒယ်အိုးက ပျက်စီးသွားတော့မှာ... ဟုတ်တယ် မဟုတ်လား....."


ပြောရမည်ဆိုလျှင် ထိုမီးဖိုသုံးခုက ကျန်းတုန်ဖုန်း၏ အဖိုးတန်ရတနာဖြစ်သည်။သာမန်ဒယ်အိုးတစ်လုံးက ထိုမီးဖိုများကို ဖျက်ဆီးနိုင်လိမ့်မည်ဆိုရင်တော့... မဖြစ်နိုင်ပေ။


ဒယ်အိုးနှင့် ဆေးမီးဖိုက တိုက်မိသွားသည့် မြင်ကွင်းကိုပင် ကြည့်ရင်း သူ့စိတ်ထဲ ကြက်သေသေသွားမိသည်။ထို့နောက် သူ့စိတ်ထဲ၌ မယုံကြည်နိုင်မှုလည်း ခံစားနေမိသည်။ထိုခံစားမှုများက ဒယ်အိုးဆီက လာခြင်း ဖြစ်ပေမည်။


"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ......"


ဘုန်း.....


ဆေးမီးဖိုနှင့် ဒယ်အိုးတို့ တွေ့ဆုံရာမှ နားကွဲလောက်စရာအသံကျယ်ကြီး ထွက်ပေါ်လာသော်လည်း မည်သည့်ထိခိုက်မှုမှ ဖြစ်မသွားကြပေ။လူများက သူတို့နားများကို အုပ်ကာ၍ ကောင်းကင်ပေါ်သို့ မယုံကြည်နိုင်စွာပင် မော့ကြည့်နေကြသည်။


"ဒီအနက်ရောင်ဒယ်အိုး ကျန်းတုန်ဖုန်းရဲ့ ဆေးမီးဖိုတွေကို တယ်ပဲ တားလိုက်နိုင်တယ်လား..."


"ဒီဒယ်အိုးက တကယ့်ကို မာကြောတာပဲ...ကျန်းတုန်ဖုန်းရဲ့ ဆေးမီးဖိုအရည်အသွေးက ချို့ယွင်းနေတာလား.."


".ဆေးမီးဖိုက ဘယ်လိုဖြစ်ပြီး ဒယ်အိုးတစ်အိုးတောင် ပိန်အောင် မလုပ်နိုင်ရတာလဲ..."


ဆေးမီးဖိုသုံးခုက ဒယ်အိုးကို အနည်းငယ်မျှပင် ထိခိုက်သွားအောင် မလုပ်နိုင်သောကြောင့် သူတို့အားလုံး ကြောင်အနေကြသည်။ထို့နောက် လူများကြားထဲ၌ တီးတိုးတီးတိုး ပြောဆိုသံများ ထွက်ပေါ်လာလေသည်။


နန်ကုန်းဝူချယ်က စိတ်ပျော်ရွှင်စွာဖြင့် လေထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။


"ပိုင်ရှင်ပု... ကောင်းတယ်.....အရမ်းကိုကောင်းတဲ့ ဒယ်အိုးလေးပဲ....."


ဒယ်အိုးက မီးဖိုများကို တားဆီးသွားနိုင်သောကြောင့် အရာရာအားလုံးက ပို၍ လွယ်ကူသွားပေပြီ။နန်ကုန်းဝူချယ်က သူ့၏လက်ကို ဆန့်တန်း၍ စွမ်းအားများကို သန်မာသည်ထက်သန်မာအောင် ထုတ်ဖော်လိုက်သည်။


သူ့ခန္ဓာကိုယ်မှ စွမ်းအားပြင်းလှသော အဖြူရောင်မီးလျှံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။အပူလှိုင်းများက ကောင်းကင်ယံသို့ ထိုးတက်သွားပြီးနန်ကုန်းဝူချယ်ကို ဗဟ်ိုပြုကာ လှိုင်းများ ရိုက်ခတ်လာလေသည်။


စွမ်းအားများက အနီးနား၌ ရှိသော အရာရာတိုင်းပေါ် သက်ရောက်မှုရှိပြီးလူတိုင်းကို ကြောက်ရွံ့လာစေသည်။မီးလျှံဖြူ၏ စွမ်းအားက မယုံနိုင်စရာကောင်းလှသည်။


"စိတ်မပူပါနဲ့ ...သူရဲ့ ဆေးမီးဖိုတွေကို သူပြန်ရမှာမဟုတ်တော့ဘူး....."


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကိုကြည့်၍ အေးဆေးစွာ ပြောလိုက်သည်။ထိုစကားကြောင့် လူတိုင်းက ကြက်သေသေသွားကြသည်။တစ်ချို့က သူ့ကို ယုံကြည်မှုလွန်ကဲနေသည်ဆိုသော အကြည့်များဖြင့် ကြည့်လာကြသည်။ယခုလက်ရှိအချိန်၌ ကောင်းကင်ယံတွင် အနက်ရောင် နှင့် ရွှေရောင်အလင်းတန်းများ ပြည့်နှက်နေသည်။တစ်ခုကို တစ်ခု လွှမ်းမိုးနိုင်စွမ်းမရှိသေးပေ။


"ပိုင်ရှင်ပုက ဘယ်လိုယုံကြည်ချက်မျိုးနှင့် ဆေးမီးဖိုတွေကို ဆုံးရှုံးမယ်လို့ ပြောရတာလဲ..."


သူတို့ မယုံသင်္ကာဖြစ်နေကြစဉ်မှာပင် ကောင်းကင်ပေါ်၌ ထူးဆန်းမှု တစ်ခု ဖြ်းပေါ်လာသောကြောင့် မော်ကြည့်လိုက်ကြသည်။


ဆေးမီးဖိုသုံးခုမှ ထွက်ပေါ်လာသောရွှေရောင်အလင်းတန်းများက ပို၍ပင် လင်းထိန်လာသည်။နေအသေးအစားလေးတခုကဲ့သို့ပင် လင်းလက်နေပြီး ကြည့်နေသူများ၏ မျက်စိအမြင်ကိုပင် စူးအောင့်နာကျင်သွားစေသည်။


...ဆေးမီးဖိုတွေက ပိုတောက်ပလာတော့ ဒယ်အိုးကို အနိုင်ရတော့မဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား...


ထိုမြင်ကွင်းကိုကြည့်၍ ကျန်းတုန်ဖုန်းက သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်အောင် စိတ်လှုပ်ရှားလာသည်။သူ ကျယ်လောင်စွာပင် အော်ဟစ်ပစ်ချင်လာသည်။


သို့သော်လည်း သူ့၏ ပျော်ရွှင်မှုလေး မပြီးသေးခင်မှာပင် ဝှိုက်တီက သူ့ခေါင်းကို ရိုက်ချလိုက်ပြီး မြေပြင်ပေါ် ပစ်ချလိုက်သည်။ကျန်းတုန်ဖုန်း နောက်တစ်ကြိမ် သွေးအန်လိုက်ရပြန်သည်။သူ ပျော်ရွှင်စွာမအော်ဟစ်နိုင်သော်လည်း သူ့မျက်ဝန်းထဲမှ ပျော်ရွှင်မှုများကိုတော့ ဖုံးကွယ်နိုင်ခြင်းမရှိပေ။


အာ....


ရုတ်တရက် ကျယ်လောင်လှသော သားရဲတစ်ကောင်၏ အော်သံ ထွက်ပေါ်လာလေသည်။ရွှေရောင်အလင်းတန်းများ၏ အလယ်၌ အရိပ်တစ်ခုကို မြင်လိုက်ရသည်။


ထိုအရိပ်က ရွှေရောင်အလင်းတန်းများကို ချိုးဖောက်၍ ထွက်လာတော့မယောင် ထင်ရသည်။ထိုပုံရိပ်က ထူးဆန်းလှသောအော်ရာများကို ထုတ်လွင့်နေသည်။ကြည့်ရသည်မှာ ရွှေတောင်ကြီးတစ်ခုကို ထမ်းပိုးထားသည်နှင့်ပင် တူလှသည်။


ပုံရိပ်ထွက်ပေါ်လာသည့်ခဏ၌ ကြောက်မက်ဖွယ်ရာ ဖိအားများလည်း ပေါ်ထွက်လာလေသည်။ထိုအခြေအနေကြောင့် အားလုံးက ကြောင်အမှင်သက်နေကြသည်။


ပုဖန်စိတ်ထဲ၌လည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလေ၏။


"ဒါက လိပ်နက်လား...နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းထဲမှ တကယ်ပဲ စိတ်ဝိညာဉ် တည်ရှိနေတာလား..."


နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းများထဲ၌ စိတ်ဝိညာဉ်တစ်ခုစီ ပုန်းအောင်းနေသည်ဆိုလျှင်ပင် တခါမှ ပေါ်ထွက်လာခြင်းမရှိပေ။ဖြစ်နိုင်သည်က ဆေးမီးဖိုသုံးခု၏ ဖိအားကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည်။


နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း ၊ ကောင်းကင်ကမ္ဘာမြေ ပုံသဏ္ဍာန်ပြောင်း ဒယ်အိုး ၊ ဒယ်အိုးများ၏ ဘုရင် ၊ ဒယ်အိုး၏ ထိုကဲ့သို့သော ဂုဏ်သိက္ခာများအရ ဆေးမီးဖိုသုံးခုက သူ့၏ ပြိုင်ဘက် မဖြစ်သင့်ပေ


လျှင်မြန်စွာ ထွက်ပေါ်လာသော ဒယ်အိုးက လျှင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသည်။မဟူရာလိပ်ခုံးဒယ်အိုးကို ဖုံးကွယ်ထားသော အလင်းတန်းများက တခါမှ ပေါ်မလာဖူးသလိုပင် ပြန်လည် ပျောက်ကွယ်သွားကြ၏။


မဟူရာလိပ်ခုံးဒယ်အိုးကလည်း ပုံမှန်ဒယ်အိုးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီး လေထဲ၌ မျောလွင့်နေလေသည်။


ခရက်ရှ်....ခရက်ရှ်....ခရက်ရှ်.....


ကွဲအက်သည့် အသံများကို ထင်ထင်ရှားရှား ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသည်။လိပ်နက်၏ အော်ဟစ်မှုကြောင့် ထိတ်လန့်နေကြသော သူများက ပြန်၍ သတိဝင်လာကြသည်။


မည်သို့ ဖြစ်ပျက်သွားသည် မသိလိုက်ကြပဲ သူတို့ ပတ်ဝန်းကျင်ကို ပြူးကြောင်ကြောင်ဖြင့် ကြည့်လိုက်ကြသည်။ကောင်းကင်ယံထက်၌ ရွှေရောင်မီးဖိုသုံးခုက အက်ကြောင်းများ ပြည့်နှက်လာသည်။လေကြမ်းတစ်ချက် ဝှေ့တိုက်လိုက်သည်နှင့် ထိုမီးဖိုသုံးခုက အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှ အမှုန်များ လာလေသည်။


 "ဆေးမီးဖိုတွေက ဒီလိုပဲ ဖျက်စီးခံလိုက်ရတာလား..."


ကောင်းကင်ထက်၌ အနက်ရောင် ဒယ်အိုးတစ်လုံးသာ ကျန်နေခဲ့လေသည်။ဒယ်အိုးတစ်လုံးက တိတ်တဆိတ်ပင်ဝဲလှည့်နေ၏။သာမန်ဟုထင်ရသော ဒယ်အိုးဆီမှ ပြင်းထန်သော ဖိအားများကိုလည်း ထံစားလိုက်ရသည်။


"အိုး...ဘုရားရေ ဘာတွေ ဖြစ်သွားတာလဲ.."


".ရွှေရောင်အလင်းတန်းတွေက ဆေးမီးဖိုတွေဆီကနေ ထွက်လာတာ မဟုတ်ဘူးလား...အခြေအနေတွေက ရုတ်တရက်ကြီး ဘာလို့ပြောင်းလဲသွားတာလဲ.."


".ဆေးမီးဖိုတွေက ဘယ်လိုဖြစ်ပြီး ဒယ်အိုးနက်ကြောင့် ကွဲကြေသွားရတာလဲ..."


စိတ်လှုပ်ရှားနေသော ကျန်းတုန်ဖုန်း၏ မျက်ဝန်းများက အေးခဲသွားသည်။သူတုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်မှ ထလာသည်။သူ့မျက်နာပေါ်၌လည်းထိတ်လန့်အံ့သြမှုနှင့် မယုံကြည်နိုင်မှုက အထင်သားပေါ်လွင်နေသည်။


"ဒါဘယ်လ်ိုဖြစ်သွားတာလဲ...ငါ့ရဲ့ ဆေးမီးဖိုတွေ....."


ကျန်းတုန်ဖုန်းက စကားတစ်ခွန်းအော်လိုက်စဉ်မှာပင် ဝှိုက်တီသူ့ခေါင်းကို ထပ်မံရိုက်ခတ်လိုက်ပြီး မြေပြင်ပေါ် ပစ်ပေါက်လိုက်ပြန်သည်။


အဟွတ်.....


ကျန်းတုန်ဖုန်း၏ ခေါင်းမှ သွေးများ စီးကျလာပြီးသူ သွေးတစ်လုတ် အန်ထုတ်လိုက်လေသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း သွေးချင်းချင်းနီနေပေပြီ။


ဝှိုက်တီက ကျန်းတုန်ဖုန်း၏ အဝတ်အစားများကို ချွတ်ယူလိုက်ပြီးနောက် သူ့ကို ကောက်မလိုက်ပြီး အဝေးသို့ လွင့်ပစ်လိုက်သည်။မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ဖှုန်များ တထောင်းထောင်းထသွားလေသည်။ကျန်းမိသားစုဝင်များကလည်းကြောက်ရွံ့ထိတ်လန့်နေကြပေပြီ။


"ကျန်းတုန်ဖုန်း.....မြူကောင်းကင်မြို့က ထင်ရှားတဲ့ သူတစ်ယောက်က ဒီလိုမျိုးအဝတ်အစားချွတ်ပြီး ပစ်လွှတ်ခံရတယ်လား....."


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက အားလုံးကို ဝေ့ဝဲ အကဲခတ်ကြည့်ရှုလိုက်သည်။ထိုအကြည့်ကြောင့် သူတို့အားလုံး အေးစိမ့်မှုကို ခံစားလိုက်ရ၏။


ကျန်းမိသားစုဝင်များက ထိုအကြည့်ကြောင့် တုန်ယင်နေကြသည်။သူတို့ ထိုကြောက်စရာကောင်းလှသောအရာနှင့် အဝေးကို အလျှင်အမြန်ပင် ဆုတ်ခွာလိုက်ကြ၏။


ကျန်းမိသားစု၏ သခင်လေးက ကျန်းတုန်ဖုန်းအနားသို့ အလျှင်အမြန် သွားလိုက်သည်။သူ့၏ သိုလှောင်ပစ္စည်းထဲမှ အဝတ်အစားတစ်စုံကို ထုတ်ယူလိုက်ပြီး ကျန်းတုန်ဖုန်းကို အလျှင်အမြန် ကမ်းပေးလိုက်၏။


သူ ဝှိုက်တီ၏ အဝတ်ချွတ်ခြင်းကို ခံခဲ့ရပြီးနောက် သိုလှောင်ကိရိယာထဲ၌ အဝတ်အစားအပို တစ်စုံကို ထည့်သိမ်းထားသည့် အကျင့်ဖြစ်လာခဲ့သည်။


ယခင်က သူ့၏ သိုလှောင်ကိရိယာထဲ၌ ဆေးလုံးများ လက်နက်များနှင့် သလင်းကျောက်များကိုသာ ထည့်သွင်းထားခြင်း ဖြစ်သည်။မည်သည့်ငတုံးမှ သိုလှောင်ပစ္စည်းထဲ အဝတ်အစားထည့်ထားလိမ့်မည် မဟုတ်ပေ။


ကျင့်ကြံစဉ်မြင့်သည့် သူများနှင့် တွေ့ခဲ့လျှင်လည်း ထိုသူများက သူတို့၏ အဝတ်အစားများကိုချွတ်ရန် စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။အဝတ်ချွတ်နတ်ဆိုးနှင့် တွေ့သည့် တစ်ကြိမ်သာ သူ အဝတ်ချွတ်ခံခဲ့ရခြင်းဖြစ်သည်။ဒါတကယ့်ကို ရှက်ရွံ့စရာကောင်းလွန်းလှသည်။


မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်ဆီသို့ ပြန်လည်ရောက်ရှိလာသည်။ပုဖန်က ဒယ်အိုးကို ဖမ်းယူလိုက်ပြီး မြေပြင်ကို ရိုက်ချလိုက်၏။ကျယ်လောင်လှသောအသံနှင့်အတူ မြေပြင်ကကွဲအက်သွားသည်။


သူ ပတ်ဝန်းကျင်၌ ရှိနေသော သူများကို အေးစက်စွာဖြင့် ဝေ့ဝဲ၍ ကြည့်ရှုလိုက်သည်။


မီးတောက်များ ဖုံးလွှမ်းနေသော နန်ကုန်းဝူချယ်၏ မျက်ဝန်းများက ကျွတ်ထွက်မတက် ပြူးကျယ်လာသည်။သူခဏမျှ မှင်သက်နေပြီးနောက် သူ့၏ အမူအရာက ထူးဆန်းစွာ ပြောင်းလဲသွားလေသည်


"ငါ့ယောက်ဖကကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းက တကယ်ကို စွမ်းအားရှိတာပဲ..."


နန်ကုန်းဝူချယ်က သူ့၏ ပါးကို သူရိုက်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။


"ငါဖင်ကြီးကိုပဲ ယောက်ဖ.....မင်းပါးစပ်ကို မပိတ်ဘူးဆိုရင် မင်းသေလိမ့်မယ်....."


လင်းဝူယင်းက မြေပြင်ပေါ်မှ တဖြေးဖြေးချင်းထလာသည်။သူ့၏ မျက်ဝန်းများက အေးစက်နေတုန်းပင်ဖြစ်သည်။သူကျန်းတုန်ဖုန်း၏ စိတ်မကောင်းစရာ မြင်ကွင်းကို ကြည့်ပြီးနောက် သူ့၏ နှလုံးသားက အေးခဲသွားလေသည်။


"ဒီစားသောက်ဆိုင်ငယ်လေးက ရင်ဆိုင်ဖို့ ခက်ခဲတာပဲ...ဒါကြောင့်လည်း သူတို့ ကျန်းမိသားစုကို စိန်ခေါ်ရဲတာကို..."


"ဟေး...မင်းရဲ့ မီးအကာအကွယ်ဆေးအခုမရှိတော့ဘူး မဟုတ်လား..."


နန်ကုန်းဝူချယ်က လင်းဝူယင်းကို ပြုံး၍ ကြည့်လိုက်သည်။လင်းဝူယင်း၏ မျက်ဝန်းများက စူးရှသွားလေသည်။


မီးတောက်များ ဖုံးလွှမ်းနေသော နန်ကုန်းဝူချယ်က လင်းဝူယင်း၏ အရှေ့သို့ အရှိန်အဟုန်မြင့်ရင်း ပျံသန်းသွားလိုက်သည်။မီးလျှံဖြူများ၏ အပူချိန်ကြောင့် လင်းဝူယင်း၏ ခန္ဓာကိုယ်၌ ချွေးများစိုရွဲလာလေသည်။


ဆွစ်......


လင်းဝူယင်း၏ ပတ်ပတ်လည်၌ အနက်ရောက်အရိပ်များ ထွက်ပေါ်လာသည်။သူက ထိုအရိပ်များက်ို ရွေ့လျားစေလိုက်ပြီး နန်ကုန်းဝူချယ်၏ တိုက်ခိုက်မှုမှ လွတ်အောင် ကြိုးစားလိုက်သည်။


နန်ကုန်းဝူချယ်က လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။


"အသုံးမဝင်ဘူး...မင်းက အငယ်တန်း အဂ္ဂိရတ်ပညာရှင်တွေထဲက မကောင်းဆိုးဝါးတစ်ကောင်တောင်မဟုတ်ဘူး...မင်းလိုလူတစ်ယောက်က ငါတိုက်ခိုက်မှုကနေ ဘယ်လိုလုပ် ရှောင်လွတ်မှာလဲ...မင်း ငါတိုက်ခိုက်မှုကနေ လွတ်အောင် ရှောင်နိုင်မယ်ဆိုရင် ငါမင်းကို လင်းဝူယင်းလို့ မခေါ်တော့ဘူး..."


ထို့နောက် နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသောမီးလျှံများက ပို၍ အားပြင်းလာပြီး ပတ်ပတ်လည်ရှိ အရိပ်များကို စတင်ဝါးမြိုတော့သည်။


ဘုန်း......


ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရပြီးနောက် လင်းဝူယင်း၏ ခန္ဓာကိုယ်က မီးပင်လယ်ထဲ ကျရောက်သွားသည်။သူ့၏ အသားအရည်က နီရဲလာလေသည်။သူ အစောပိုင်းကကဲ့သို့ နန်ကုန်းဝူချယ်၏ တိုက်ခိုက်မှုကို ရှောင်မလွှတ်တော့ပေ။


"နန်ကုန်းမိသားစုရဲ့ သခင်လေး ကျေးဇူးပြုပြီး ညှာတာမှုလေး ထားပါဦး...."


နန်ကုန်းဝူချယ် လင်းဝူယင်းထံသို့ မီးတောက်တစ်ခု ပစ်လွတ်တော့မည့် အချိန်မှာပင် ကောင်းကင်ထက်ဆီမှ အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာသည်။


ကမ္ဘာမြေကြီးဆီမှ လာသော အင်အားများက အားလုံးကို ဖိနှိမ့်လာလေသည်။ခပ်လှမ်းလှမ်းဆီမှ ကြီးမားလှသော လက်အရ်ိပ်ကြီးတစ်ခု ပေါ်လာ၏။ထ်ိုအရိပ်က နန်ကုန်းဝူချယ် ပစ်လွှတ်လိုက်သော မီးလုံးကို အလွယ်တကူပင် ချေမွလိုက်သည်။


"ဒီနေ့ ပြဿနာမှာ လင်းမိသားစုက ရှုံးနိမ့်သွားတယ်လို့ မင်းသတ်မှတ်လို့ရပါတယ်...နောက်တစ်နေ့ကျရင် လင်းမိသားစုက နန်ကုန်းမိသားစုကို တောင်းပန်ဖို့ လာခဲ့ပါမယ်..."


အသံလှိုင်းများက အချိန်ခဏမျှရိုက်ခတ်နေပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။နန်ကုန်းဝူချယ်၏ နှုတ်ခမ်းပါးလေးများက ကော့တက်သွားသည်။တကယ်တမ်းတွင်လည်း သူလင်းဝူယင်းကို မသတ်ချင်ပေ။သူမီးတောက်မှုတ်၍ ဟန်ပြခြင်းသက်သက်သာ ဖြစ်သည်။


သူ မီးတောက်မှုတ်ထုတ်လိုက်ရခြင်းက ထိုလင်းမိသားစုက ပညာရှင် ထွက်ပေါ်လာအောင် ဖိအားပေးလိုက်ခြင်းပင်ဖြစ်သည်။လင်းမိသားစု၌ အထွဋ်အထိပ်အတားအဆီးကို နှစ်ကြိမ် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့် ပညာရှင်ရှိလေသည်။


ကျန်သည့် လင်းမိသားစုဝင်များက အဆက်မပြတ် ချောင်းဆိုးနေသော လင်းဝူယင်းကို တွဲကူ၍ ရပ်ပေးလိုက်သည်။


"ကျွတ်.....ကျွတ်.....ကျွတ်......ဆရာဝှိုက်ရဲ့ အံ့သြသင့်စရာ ဝါသနာအရ ဆိုရင်တော့... လင်းဝူယင်း မင်းအခုပြေးတာ အကောင်းဆုံးပဲ....."


နန်ကုန်းဝူချယ်က ကျေနပ်အားရစွာဖြင့် ပြုံးပြီး.လက်ဖျောက်တချက်တီးလိုက်သည်။


အဖြူရောင်မီးလျှံများက သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးသွားသောကြောင့် လင်းဝူယင်း တောင့်တင်းသွားလေသည်။ထိုမီးလျှံများက သူ့ကို နာကျင်စေခြင်းမရှိသော်လည သူ့အဝတ်အစားများအားလုံးကိုတော့ ပြာအဖြစ် ပြောင်းသွားစေသည်။


အဘက်ဘက်မှ တိုးဝှေ့လာသော လေအေးများကြောင့် လင်းဝူယင်း အေးစက်မှုကို ခံစားလိုက်ရသည်။


"အား....အား....နန်ကုန်းဝူချယ် ငါသေရင်တောင် မင်းကို မမေ့ဘူး....."


သတ်ဖြတ်ခံရသော ဝက်တစ်ကောင်လို အော်သံက ကောင်းကင်ယံ တစ်ခွင် ပြန့်နှံ့သွားလေသည်။