အပိုင်း ၄၄၂
Viewers 53k

အခန်း ၄၄၂

မင်းက ထောင်လွှားနေတယ် မဟုတ်လား...

ဆက်လုပ်လေ...


ရေခဲတမျှ အေးစက်လှသော မိုးရေစက်များက ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ ကျဆင်းနေသည်။ နန်ကုန်းရွှမ်ယင်က လက်နှစ်ဖက်ကို နောက်ပစ်၍ မြူကောင်းကင်မြို့တော်၏ အဓိက လမ်းမကြီးထက်၌ အေးဆေးစွာ လမ်းလျှောက်လာနေ၏။ မိုးရေစက်များက သူရှိရာ နေရာ၌ ရွာသွန်းကျနေသော်လည်း သူ့ ခန္ဓာကိုယ်ကို စိုစွတ်ခြင်းမရှိပေ။ 


သူခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်းမှာပင် အကွာအဝေး တော်တော် ဝေးဝေးသို့ ရောက်သွားသည်။ ရုတ်တရက် သူက ကျောက်စိမ်း အဆောင်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။ထိုအဆောင်ပြားမှ ထုတ်လွှင့်သော သတင်းအချက်အလက် များကို နားထောင်ပြီးနောက် သူ့၏ နှုတ်ခမ်း ထောင့်စွန်းလေးက တွန့်ကွေးသွားသည်။ 


"နောက်ဆုံးတော့ သူတို့ နန်ကုန်းဝူချယ်ကို ရှာတွေ့သွားပြီ...

ဒီတစ်ကြိမ် မင်းဘယ်ပြေးမလဲ ဆိုတာကို ငါကြည့်အုံးမယ်...''


ထိုကောင်စုတ်လေး နန်ကုန်းဝူချယ် လွတ်မြောက်သွားထဲက သူတော်တော်လေး အရှက်ရနေခဲ့သည်။ အရာအားလုံး သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ပြီဟု သူထင်သော်လည်း နန်ကုန်းဝူချယ်က လွတ်မြောက်သွားခဲ့သေးသည်။ သူ့ကြောင့်ပင် အစ်ကိုကြီးရှေ့၌ မျက်နှာပျက်ခဲ့ရသည်။ သူထိုကောင်လေးကို ကြိမ်ဆဲနေမိပြီး မြန်မြန် အကျဉ်းထောင်ထဲသို့ ထည့်သွင်းချင်ပေပြီ။ ဒီတစ်ကြိမ်၌ သူလုံးဝ ထွက်ပြေးလွတ်မြောက်ခြင်း မရှိစေရန် သေချာစွာ လုပ်ဆောင် ရပေမည်။ 


သူက မြေပြင်ကို ခြေဖျားလေးဖြင့် အသာအယာ ထောက်ကန်လိုက်သည်။ သူ့ပတ်ပတ်လည်ရှိ မိုးစက်များက ပျောက်ကွယ်သွားပြီး သူ့၏ ခန္ဓာကိုယ်က သိမ်းငှက် တစ်ကောင်ပမာ အရှေ့သို့ တဟုန်ထိုး ပျံသန်းသွားလေသည်။ သူက တိမ်ခိုးစားသောက်ဆိုင် ရှိရာဆီသို့ အလျင်အမြန် ဦးတည်လိုက်သည်။ 


.....


နန်ကုန်းချန်းက နန်ကုန်းသားစု ထဲ၌ အလွန်ပါရမီရှိသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူ့၏ စွမ်းအင်ကျင့်ကြံမှုက သန်မာသည်မက သူ့၏အဂ္ဂိရတ် ပညာပါရမီကလည်း နန်ကုန်းဝူချယ်ပြီးလျှင် ဒုတိယ နေရာ၌ရှိသည်။ 


နန်ကုန်းချန်းက နန်ကုန်းဝူချယ်ကို အမြဲတမ်း မနာလိုဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် နန်ကုန်းဝူချယ်က မြူကောင်းကင် မြို့တော်၏ ကောင်းကင်ဘုံ အမွေခံဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် နန်ကုန်းမိသားစုများကလည်း နန်ကုန်းဝူချယ် အကြောင်းကိုသာ ပြောကြပြီး သူ့အကြောင်းကို မပြောကြပေ။ နန်ကုန်းဝူချယ်က သူ့အထက်တွင် အမြဲရှိနေသောကြောင့် သူ့၏ ပါရမီများကို ထုတ်ပြခွင့်မရခဲ့ချေ။ 


အခုတော့ အခွင့်အခါ ရောက်လာပေပြီ။ 


နန်ကုန်းဝူချယ် ကျဆုံးသည်နှင့် သူ့၏ နာမည်ကို လျင်မြန်စွာ လူသိများ လာကြမည်ဖြစ်သည်။ ထို့အပြင် သူ နန်ကုန်းဝူချယ်ကို သတ်နိုင်ခဲ့လျှင် သူ့၏ ဂုဏ်သတင်းကလည်း ကျော်ကြားလာပေလိမ့်မည်။ ထို့ကြောင့်ပင် သူအလွန်အမင်း စိတ်ဓာတ်တက်ကြွ နေမိသည်။


 နန်ကုန်းဝူချယ်ဆီမှ အရိုးကွဲမတက် သတ်ဖြတ်ခြင်း အငွေ့အသက်များကို တွေ့လိုက်ရပြီးနောက် နန်ကုန်းချန်း ရယ်မောလိုက်၏။ 


ယခု လက်ရှိအချိန်၌ နန်ကုန်းဝူချယ်က သူ့၏ ပြိုင်ဘက်မဟုတ်ပေ။ နန်ကုန်းဝူချယ်၌ ငရဲဘုရင်ကိုးပါး မီးတောက် မရှိတော့သည့်အပြင် သာမန် မီးတောက်လေးတောင် မရှိတော့ပေ။ နန်ကုန်းဝူချယ်က သူ့ကို ဘယ်လိုနည်းဖြင့် ရင်ဆိုင်နိုင်ပါ မည်နည်း။


 နန်ကုန်းချန်း၏ ပတ်လည်၌ နဂါးတစ်ကောင်ကဲ့သို့ ရစ်ခွေထားသည့် သံကြိုးက ကြောက်မက်ဖွယ် ကောင်းလှသော ဖိအားများကို ထုတ်လွှင့်နေသည်။ ထိုဖိအားများက မသေမျိုး ခန္ဓာအဆင့် ပညာရှင်များ ပိုင်ဆိုင်သည့်ဖိအားများ ဖြစ်သည်။ ထိုဖိအားဖြင့်ပင် တန်ခိုးရှင်အဆင့်ကို ဖိချေ နိုင်သည့် အစွမ်းရှိသည်။ 


"ဝေရာ...''


ရုတ်တရက် ကျယ်လောင်လှသော မိုးခြိမ်းသံများ ကောင်းကင်ယံမှ ထွက်ပေါ်လာလေသည်။နန်ကုန်းချန်၏ အမူအရာကလည်း ချက်ချင်းပင် ပြောင်းလဲသွားသည်။ 


"နန်ကုန်းဝူချယ် သေပေတော့...''


ကျယ်လောင်သော မိုးခြိမ်းသံ ထွက်လာပြီးသည်နှင့် ကျယ်လောင်သော အော်ဟစ်သံက ကပ်လျက် ထွက်ပေါ်လာလေ၏။ ထိုသူက မိုးရေစက်ကလေးများကို ထက်မြည့်လှသည် အပ်ချောင်းများ အသွင်ပြောင်းပြီး နန်ကုန်းဝူချယ်ထံ ပစ်လွှတ်လိုက်ဟန်ပေါ်သည်။ နန်ကုန်းဝူချယ်က ပြင်းထန်လှသော ဖိအားများအောက်၌ တည့်တည့်မတ်မတ် ရပ်နေတုန်းပင်ဖြစ်သည်။ 


အပ်များကဲ့သို့ မိုးရေစက်များက လေထဲမှ သူ့ဆီလာနေသည်ကို တွေ့လိုက်ရသည်။ သူ လက်ကို ဝေ့ယမ်းလိုက်ရာ ထိုမိုးရေစက်များက ဘေးသို့ လွှင့်ထွက်သွားပြီး ပေါက်ကွဲသွားလေရာ ညအချိန်၌ လှပသော ပန်းပွင့်တစ်ပွင့် ပွင့်လန်းလာသကဲ့သို့ပင် ဖြစ်သွားသည်။


"ရွှစ်...''


နန်ကုန်းချန်း၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး အသံကဲ့သို့ လျင်မြန်မှုမျိုးဖြင့် လှုပ်ရှားလိုက်သည်။ အရှိန်နှုန်းက အသံဗုံးကဲ့သို့ လျင်မြန်ပြီး အတားအဆီး တစ်ခုကို ချိုးဖောက်ပြီးသော မသေမျိုး ခန္ဓာကိုယ်အဆင့်များသာ ပိုင်ဆိုင်သည့် နှုန်းဖြစ်သည်။ 


ထို အမြန်နှုန်း ကဲ့သို့ပင် သူတို့၏ လက်သီးချက်များကလည်း လျင်မြန်လှသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်က သန်မာလှပြီး သူတို့ တိုက်ခိုက်သည့်စွမ်းရည်ထက်ပင် ကောင်းနေလေသည်။ နန်ကုန်းဝူချယ်၏ အရိပ်က နန်ကုန်းချန်း၏အရှေ့၌ ပေါ်ထွက်လာသည်။


"မင်းက ငါ့ကိုနင်းပြီး အမြင့်ရောက်ချင်တယ် ဟုတ်လား... ငါ့ကို နင်းဖို့အဲ့လောက် မလွယ်ဘူး...'' 


နန်ကုန်းဝူချယ်က လှောင်ပြောင်ရယ်မောလိုက်သကဲ့သို့ သူ့၏ လက်သီးချက်ကလည်း နန်ကုန်းချန်းဆီသို့ တိုးဝင်သွားသည်။ သူ့၏ အမြန်နှုန်းက ထိတ်လန့်အံ့အားသင့်စရာ ကောင်းလှသည်။ နန်ကုန်းချန်းက လက်ကိုမြောက်ပြီး ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သည်။


"အခု အချိန်မှာ မင်းက အားနည်းနေတယ်...''


နန်ကုန်းချန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူ့၏ အစစ်အမှန်စွမ်းအင်များ ပေါ်ထွက်လာပြီးနောက် နန်ကုန်းချန်း၏ ဘေးပတ်လည်၌ အနီရဲရဲ မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုမီးတောက်က ငရဲမီးတောက်ဖြစ်သည်။ ကြမ်းတမ်းခြင်း တစ်သောင်းမီးတောက်များထက် အစပေါင်းများစွာ အားနည်းသော်လည်း ထိုမီးတောက်က အလွန်ထူးကဲသည့် မီးတောက်ဖြစ်၏။


 ထိုငရဲ မီးတောက်၏ အကူအညီဖြင့် နန်ကုန်းချန်း၏ တိုက်ခိုက်မှု စွမ်းရည်က ပိုမိုမြင့်မားလာပေသည်။ 


နန်ကုန်းချန်းက နန်ကုန်းဝူချယ်ကို မြေပြင်ပေါ်သို့ ထိုးနှက်ချလိုက်ရာ ကျယ်လောင်လှသော အသံ ထွက်ပေါ်လာ၏။ သူ့၏ ငရဲမီးတောက်၏ အရှိန် ပြင်းထန်လှသောကြောင့် မိုးရေစက်များပြင် အငွေ့ပျံ ပျောက်ကွယ်သွားသည်။ တကယ့်ကို အထင်ကြီးစရာ ကောင်းလွန်းသည်။


"ရှဲ...''


အငွေ့ပျံသည့်နှုန်းက မြန်ဆန်လှသောကြောင့် အခိုးအငွေ့များ များပြားလာပြီး ပတ်ဝန်းကျင်၌ မြူလွှာ တစ်ထပ်ပင် ဖြစ်ပေါ်လာသည်။ မီးလျှံနီက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကြီးမားလှသော လက်ဝါးပုံသဏ္ဍာန် ပြောင်းလဲသွားကာ မြေပြင်ဆီသို့ ပြန်လည်ထိုးကျလာလေသည်။ သူ့၏ စွမ်းအားများက မြေကြီးကိုပါတုန်ခါစေပြီး အက်ကွဲသံများပင် ထွက်ပေါ်လာသည်။ ထိုကြောက်စရာကောင်းလှသော လက်ဖဝါးမှ စွမ်းအားများက နန်ကုန်းဝူချယ်ကို သေအောင် ရိုက်ချလိုက်ပုံပေါ်သည်။ 


မလှမ်းမကမ်း၌ ရှိနေသော ပုဖန်က နန်ကုန်းဝူချယ် အဆက်မပြတ် ရှောင်ရှားနေသည်ကို မျက်မှောင်ကျုံ့၍ ကြည့်နေသည်။ နန်ကုန်းဝူချယ်က ပုစွန်အသားပေါင်းကို စားပြီးနောက် သူ့၏ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပြီးသည် ဆိုသော်လည်း အထွတ်အထိပ် အခြေအနေသို့ မရောက်ရှိသေးပေ။ 


ထို့အပြင် သူ့၏ ငရဲဘုရင်ကိုးပါးမီးလျှံကို ထုတ်ယူခြင်း ခံထားရသောကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့သည်။ အခု အခြေအနေထိ ပြန်လည်ကောင်းမွန်လာခြင်းကပင် ထူးကဲနေပေပြီ။ 


သို့သော်လည်း အကယ်၍ သူသာ နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲကိုသာ သောက်သုံးခဲ့ရလျှင် ယခုထက် ပို၍ပင် သက်သာနိုင်ပေသည်။ 


"ဟား ဟား ဟား ဟားးး...''


လေထဲ၌ မြောလွှင့်နေသော နန်ကုန်းချန်းက နှစ်ခြိုက်စွာ ရယ်မောလိုက်သည်။ သူကလက်ကိုဝေ့ယမ်း၍ ငရဲမီးတောက် လက်ဖဝါးကြီးကို ထိန်းချုပ်လိုက်သည်။ ထို့နောက် ထိုလက်ဖဝါးကြီးကို နန်ကုန်းဝူချယ်ကို ပြင်းထန်စွာရိုက်ချလိုက်လေ၏။ လက်ဖဝါး ရိုက်ချက်ကြောင့် မြေပြင်ပင် အက်ကွဲသွားလေ၏။ နန်ကုန်းချန်းက နန်ကုန်းဝူချယ် တစ်ကြိမ်ပြီးတစ်ကြိမ်လွတ်မြောက်အောင် ရှောင်နေသည်ကိုကြည့်ရင်း အလွန်ပင် စိတ်လှုပ်ရှားလာလေသည်။ ထိုမြင်ကွင်းက သူ့၏ သွေးများကိုပင် ဆူပွက်လာစေသည်။


"သေစမ်း... သေစမ်း...'' 


ထို ထိပ်ဆုံး၌ ရပ်တည်ခဲ့သော ရိုသေလေးစားစရာ ဂုဏ်ကျက်သရေရှိသည့် နန်ကုန်းဝူချယ်က သူ့၏ တိုက်ခိုက်မှုကို လူးလဲရှောင်နေသည်က စိတ်ကျေနပ်စရာကောင်းလှသည်။ 


သူက မီးတောက်ကို နဂါးတစ်ကောင် ပုံသဏ္ဍာန်ပြောင်းလိုက်ပြီး နန်ကုန်းဝူချယ်ကို အဆုံးသတ်ရန် ကြိုးစားလိုက်သည်။ ထိုမီးတောက်များက နန်ကုန်းဝူချယ်ကို အချိန်တိုအတွင်း သတ်ဖြတ်ပစ်လိုက်ပေမည်။ နန်ကုန်းချန်းက စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများပင် ပြူးကျယ်နေပြီး စိတ်လိုလက်ရ ထပ်မံရယ်မောလိုက်သည်။ 


"မင်းရဲ့ ရယ်သံက တကယ့်ကို အော့နှလုံး နာစရာကောင်းတယ်...''


နန်ကုန်းဝူချယ်က သေမတတ်ဖိအားပေး ခံရပြီးနောက် သူတည့်တည့်မတ်မတ် ပြန်ရပ်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ သူလက်ထဲ၌ ကျောက်စိမ်း ပုလင်းတစ်လုံးပေါ်လာသည်။ ပုလင်းကို ခွဲချေလိုက်လေရာ စိမ်းပြာရောင် ဆေးလုံးလေးများ ထွက်ပေါ်လာ၏။ ထိုဆေးလုံးလေးများက အဆင့်တစ် ဆေးလုံးလေးများ ဖြစ်သည်။ နန်ကုန်းဝူချယ်၏ လျှို့ဝှက်နည်းလမ်းဖြင့် ကိုယ်တိုင် သန့်စင်ထားခြင်းဖြစ်၏။ 


"ဂျွတ်...'' 


နန်ကုန်းဝူချယ်က ထိုဆေးလုံးကို ဝါးစားလိုက်ပြီး ချက်ချင်းမြိုချလိုက်သည်။ နန်ကုန်းဝူချယ်၏ စွမ်းအင်များကြားထဲ၌ စိမ်းပြာရောင် ပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး သူ့၏ စွမ်းအားများက တရှိန်ထိုးတက်လာပေသည်။ သူ့၏ အသားအရည်က ကြည်လင်လာပြီး လှပ လှသော ကျောက်စိမ်းနှင့်ပင် ဆင်တူလာသည်။ သူ့၏ မျက်လုံး အကြည့်များကလည်း တောက်ပလာလေ၏။ သူ လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် လေထဲ၌ ရှိနေသော မီးနဂါးက ချက်ချင်း ထက်ပိုင်းပိုင်းသွားသည်။ 


နန်ကုန်းချန်း၏ အမူအရာက တောင့်တင်းသွားပြီး သူ့၏ အပြုံးကလည်း အေးခဲသွားပေသည်။ 


"ဘာဖြစ်သွားတာလဲ... ဘယ်လိုလုပ်ပြီး နန်ကုန်းဝူချယ်ရဲ့ စွမ်းအားတွေက မြင့်တက်သွားတာလဲ... ''


နောက်ခဏ၌ နန်ကုန်းချန်း၏ အကြည့်ဖြင့် သူ့၏မီးနဂါးက ပြင်းထန်စွာ အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားလေသည်။ 


အလင်းရောင်တန်းများ ထုတ်လွှင့်နေသည့် ချောမောလှသော နန်ကုန်းဝူချယ်က သူ့၏ ရှေ့၌ပေါ်လာသည်။ နန်ကုန်းချန်း၏ ငရဲမီးတောက်ကလည်း ကျိုးပျက်သွားပြီး ဖြစ်သည်။ နန်ကုန်းဝူချယ်က သူ့၏ ဖြူဖွေးလှသော လက်တစ်ဖက်ကို မြှောက်ပြီး နန်ကုန်းချန်း၏ မျက်နှာကို အညှာအတာကင်းစွာ ရိုက်ချလိုက်သည်။ 


နန်ကုန်းချန် လေထဲမှ ပြုတ်ကျသွားပြီး ကျယ်လောင်လှသော အသံတစ်သံ ထွက်ပေါ်လာလေသည်။ ဆေးလုံးကို စားပြီးနောက် နန်ကုန်းဝူချယ်က ပို၍ အေးစက်ပြီး တည်ငြိမ်လာသည်။ သူ့၏ နှုန်းက ပိုမြန်လာပြီး တိုက်ခိုက်မှု စွမ်းရည်နှင့် အော်ရာများက ပိုသန်မာလာသည်။ 


အထွတ်အထိပ် အခြေအနေ၌ ရှိနေသော နန်ကုန်းဝူချယ်နှင့် ရင်ဆိုင်နေရသည်ဟု နန်ကုန်းချန်းခံစားလိုက်မိသည်။ ထိုသို့သော နန်ကုန်းဝူချယ်က သူ့၏ ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင်ပင် ချက်ချင်း ကြောက်ရွံ ထိတ်လန့်လာသည်။ 


နန်ကုန်းချန်က သူ့၏ စွမ်းအားအပြည့်ကို ထုတ်မသုံးနိုင်တော့ပဲ နန်ကုန်းဝူချယ်၏ လက်ဝှေ့ ထိုးအိတ် အဖြစ် ခံနေရသည်။ မြောက်မြားလှသော ထိုးနှက်ချက်များ ကျရောက်လာပြီး သေဖို့ပင် ဆုတောင်းမိသည် အထိ ရိုက်နှက် ခံလိုက်ရသည်။ သူ ချောင်းအဆက်မပြတ် ဆိုးနေပြီး အခြေအနေကလဲ ဝမ်းနည်းစရာ ကောင်းနေပေသည်။ 


နန်ကုန်းဝူချယ်က သူ့၏ စွမ်းအင်ရေဝဲထဲမှ အစစ်အမှန် စွမ်းအင်များကို စုစည်းလိုက်ပြီး နောက်ဆုံး ထိုးနှက်ချက်ကို ထုတ်သုံးလိုက်သည်။ ထိုထိုးနှက်ချက်မှ ထွက်လာသော လေလှိုင်းများက ပတ်ဝန်းကျင်ကိုပင် ဖရိုဖရဲ ဖြစ်သွားစေသည်။ နန်ကုန်းချန်းက အသိပင်လွတ်သွားပြီး မြေပြင်ပေါ်သို့ အားနည်းစွာ ပြုတ်ကျသွားပေသည်။ သူ့၏အော်ရာများကလည်း မှိန်ဖျော့နေပေသည်။ သူ့၏ ပါးစပ်မှ သွေးများ စီးကျနေပေသည်။ 


ဆေးလုံး၏ အစွမ်းပျောက်ကွယ်သွားသော အချိန်၌ နန်ကုန်းဝူချယ် ပြင်းထန်လှသော နာကြင်မှုကို ခံစားလိုက်ရသည်။ သူ့၏ ခန္ဓာကိုယ် ကို အပ်သေးသေးလေး များဖြင့် ထိုးစိုက်ခံထားရသကဲ့သို့ ခန္ဓာကိုယ်မှ သွေးများ ယိုစီးကျလာနေ သည်။ သူ့၏ ခန္ဓာကိုယ်က နောက်တစ်ဖန် သွေးများ စိုနစ်နေပေပြီ။ သို့သော်လည်း မိုးရေစက်များက သွေးများကို ဆေးကြောပေးနေသည်။ ထို့ကြောင့် ကြည့်ရသည်မှာ အလွန်ဆိုးရွားမနေပေ။ 


နန်ကုန်းဝူချယ်က ပါးစပ်သွေးများ အဆက်မပြတ် ကျဆင်းနေသော နန်ကုန်းကို ကြည့်ရင်း ရယ်မောလိုက်သည်။ 


"မင်းအခုလေးတင်ပဲ ထောင်လွှားပြနေတာ မဟုတ်ဘူးလား... ဆက်ပြီးတော့ မလုပ်တော့ဘူးလား...''


နန်ကုန်းဝူချယ်က နန်ကုန်းချန်း၏ ခေါင်းကို အဆက်မပြတ်ထုရင်း ပြောလိုက်သည်။ 


"မင်းက ငါ့ကို နင်းပြီး အမြှင့်ကို လှမ်းတက်ချင်တာ မဟုတ်လား... လာလေ ကြိုးစားကြည့်လေ... ''


နန်ကုန်းချန်းက မခံမရပ်နိုင် ဖြစ်ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ နန်ကုန်းဝူချယ်က သူ့၏ မျက်နှာပေါ် လက်သီးတစ်ချက် ထပ်မံ ထိုးလိုက်သောကြောင့် မြေပြင်ပေါ်သို့ အားနည်းစွာ ထပ်မံပြိုလဲကျသွားသည်။ နန်ကုန်းဝူချယ်က သူ့လက်ဖြင့် အစစ်အမှန် စွမ်းအင်များကို ကာလိုက်ပြီးနောက် နန်ကုန်းချန်း၏ စွမ်းအင် ရေဝဲနေရာ၌ ထားလိုက်သည်။ 


ထိုစွမ်းအင် ရေဝဲထဲမှ အနီရောင် မီးတောက် တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ် ထဲသို့ ဝင်သွားလေသည်။ နန်ကုန်းဝူချယ်၏ ငရဲဘုရင်ကိုးပါမီးလျှံကို ထုတ်ယူ ခံရသော်လည်း ထိုမီးလျှံ၏ အော်ရာများက သူ့ခန္ဓာကိုယ်ထဲ၌ ကျန်နေခဲ့သည်။ ငရဲမီးတောက်ကို ထိန်းချုပ်ရသည်မှာ သူ့အတွက် အခက်အခဲမရှိ လွယ်ကူလွန်းပေသည်။ 


"မင်းအဲ့လို မလုပ်ရဘူး... အဲ့လိုမလုပ်နဲ့...''


နန်ကုန်းချန်းက ကြမ်းတမ်းစွာရုန်းကန်လိုက်သည်။ သို့သော်လည်း သူ့၏ ငရဲမီးတောက် ထုတ်ယူခံရသည်ကိုသာ အကူအညီမဲ့စြာ ကြည်နေနိုင်သည်။ သူ့၏ ခန္ဓာကိုယ် ထဲမွ စိတ်ပျက်အားလျော့မှုများကို ခံစားနေရသည်။ 


"နန်ကုန်းဝူချယ် မင်းလုပ်ရဲတယ်... ''


အဝေးမှနေ၍ ကျယ်လောင်လှသော ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံက ချက်ချင်းပင် အနားသို့ ရောက်လာလေသည်။ ထိုအသံကြောင့် ကျဆင်းနေသည့် မိုးရေစက်များပင် ပျောက်ကွယ် သွားသလို ထင်ရသည်။


 နောက်ဆုံး၌ နန်ကုန်းရွှမ်ယင် ရောက်ရှိလာပေပြီ။ ကြောက်မက်ဖွယ် ကောင်းလှသော အော်ရာများ ထုတ်လွှင့်နေသည့် အနက်ရောင် သံကြိုးနှစ်ကြိုးကလဲ သူ့ခန္ဓာကိုယ် ဝင်းကျင်၌ လွှင့်မျောနေသည်။ 


"ရပ်လိုက်...''


နန်ကုန်းရွှမ်ယင်က အလွန်ပင် မခံချိ မခံသာ ဖြစ်နေသည်။ နန်ကုန်းချန်းက သူ့၏မျိုးဆက် ဖြစ်သောကြောင့် ဒီအတိုင်းသေသွားမည်ကို မည်သည့်နည်းနှင့် မျှ လက်သင့် မခံနိုင်ပေ။ 


"ရပ်ရမယ်... ခများပြောလိုက်တာနဲ့ ရပ်လိုက်မယ်လို့ ခများထင်နေတာလား...

ခများကိုယ် ခများဘယ်သူလို့ ထင်နေတာလဲ...''


နန်ကုန်းဝူချယ်က သွေးတစ်လုပ်အန်ထုတ်လိုက်သည်။ သူ့၏ အမူအရာကလည်း ဖျော့တော့နေပေသည်။ ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးများက ယခု ဒုက္ခပေးနေပေပြီ။ သူက ရှိသမျှ အားများကို စုစည်းလိုက်ပြီး နန်ကုန်းချန်း၏ ခေါင်းကိုထိုးချ လိုက်သည်။ 


ခပ်လှမ်းလှမ်း၌ ရှိနေသော ပုဖန်က မတုန်မလှုပ်ဖြင့်ပင် ဆက်၍ ကြည့်နေသည်။ 


နန်ကုန်းရွှမ်ယင်က အလွန်ဒေါသထွက်သွားသည်။ သူအော်ဟစ် ကြုံးဝါးလိုက်ပြီးနောက် ပတ်ဝန်းကျင် တစ်ခွင်သို့ ဖိအားများကို ထုတ်လွှင့်လိုက်သည်။ 


သူက ရိုက်ချက်တစ်ချက်ထဲနှင့် နန်ကုန်းဝူချယ်ကို အသားပြား ဖြစ်သွားအောင် ရိုက်ချလိုက်သည်။ ထို ရိုက်ချက်ထဲ၌ နန်ကုန်းရွမ်ယင်၏ အဆုံးမဲ့လှသော ဒေါသတရားများ ပါဝင်နေ၏။ 


ယခု လက်ရှိအချိန်၌ နန်ကုန်းဝူချယ်၏ အခြေအနေက အလွန်အားနည်း ဖျော့တော့နေသည်။ ထို့ကြောင်းသူ မြေပြင်ပေါ်သို့လဲကျသွားလေ၏။ အေးစက်လှသော မိုးရေစက်များက မျက်နှာပေါ်သို့ အဆက်မပြတ်ကျဆင်းနေပေသည်။ 


"ဝီ...''


ခရမ်းရောင် အလင်းတန်းများ တောက်ပလာပြီး ဝှိုက်တီ၏ ခန္ဓာကိုယ်က နန်ကုန်းဝူချယ်၏ ရှေ့၌ ပေါ်လာသည်။ နောက်ကျောမှ သတ္တုတောင်ပံ တစ်စုံကို ဖြန့်ကားလိုက်လေရာ သံအချင်းချင်း ထိကပ်သံများပင် ထွက်ပေါ်လာလေသည်။ 


"ရုပ်သေးတစ်ရုပ်...ထွက်သွားစမ်း...''


နန်ကုန်းရွှမ်ယင်က ဒေါသဖြင့် အော်ဟစ်လိုက်၏။ 


ထိုအချိန်၌ ပုဖန်က မဟူရာလိပ်ခုံး ဒယ်အိုးကို ဆင့်ခေါ်လိုက်လေသည်။ သူက ခေါက်ဆွဲပြုတ် ပြုလုပ်ရန်အတွက် လွန်တစ်ရာ ရေခဲတောင်မြစ်ရေကို အိုးထဲလောင်းထည့်လိုက်သည်။ သူရွှေရောင်မီးတောက်ကို ချက်ချင်းပင် မှုတ်ထုတ်လိုက်သည်။ သူ့၏ ကောင်းကင် ကမ္ဘာမြေမီးလျှံက ချက်ချင်းပင် လောင်ကျွမ်းလာလေ၏။


 နန်ကုန်းဝူချယ်ကလည်း ထိုမီးလျှံကို ခံစားလိုက်မိသည်။ သူချက်ချင်းပင် နောက်လှည့်ကြည့်လိုက်ပြီး ပုဖန်ကို မယုံကြည်ဟန်များဖြင့် ကြည့်လိုက်သည်။ 


"ကြမ်းတမ်းခြင်းမီးတောက် အမျိူးအစား ကောင်းကင်ကမ္ဘာမြေမီးလျှံ....

ပိုင်ရှင်ပုမှာလည်း ကြမ်းတမ်းခြင်း တစ်သောင်းမီးတောက် ရှိနေတာလား...''