အပိုင်း ၄၄၄
Viewers 53k

အခန်း ၄၄၄

မင်းဆီက ကောင်းကင်ကမ္ဘာမြေ မီးလျှံကို ငါလိုချင်တယ်...


"ဆရာဝှိုက် ဘေးဖယ်နေလိုက်တော့ အဲ့ဒီခွေးအိုကြီးကို ငါ့အတွက် ထားလိုက်..."


နန်ကုန်းဝူချယ်၏ မျက်ဝန်းများက သွေးနီရောင် ရဲရဲနီနေသည်။သူက တောင့်မတ်စွာ ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။သူ့၏ အော်သံက နန်ကုန်းရွှမ်ယင်ကို သေမတတ်ဒေါသထွက်သွားစေသည်။


"ဘယ်သူ့ကို ခွေးအိုကြီးလို့ ပြောလိုက်တာလဲ..."


သူက ဂုဏ်သရေရှိပြီး လူလေးစားရသည့် သူမျိုးဖြစ်သည်။သူ့ကို ထိုကဲ့သို့ မရိုမသေ ခေါ်လိုက်ခြင်းအား လုံးဝ ခွင့်လွှတ်နိုင်စရာမရှိပေ။


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက ခဏမျှ တဖျတ်ဖျတ်လက်လာသည်။ထို့နောက် အခိုးအငွေ့များထွက်ပေါ်လာပြီး အသက်ဝင်နေသော အမြောက်ဆန်အစီအရင်က ရပ်တန့်သွားသည်။စွမ်းအင်များပစ်လွှတ်မှုကလည်း ရပ်တန့်သွားလေသည်။


နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်က ချွေးများရွှဲရွှဲစိုနေသည်။သူက အဆင့်တူသည့် သူမျိုးကို ရင်ဆိုင်လိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ထိုရုပ်သေးနှင့် ရင်ဆိုင်ရခြင်းက တကယ့်ကို စိတ်ဓာတ်ကျစရာကောင်းလှသည်။


နန်ကုန်းရွှမ်ယင်၏ အော်ရာများက ပို၍ပင် သိပ်သည်းလာပြီး ဝှိုက်တီကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။


ထိုအချိန်၌ နန်ကုန်းဝူချယ်က ကောင်းကင်ထက်မှနေ၍ ပြန်လည် ဆင်းလာပြီး နန်ကုန်ရွှမ်ယင်၏ ရှေ့၌ ရပ်လိုက်သည်။


အေးစက်လှသော မိုးရေစက်လေးများက နန်ကုန်းဝူချယ်၏ အရေပြားက ထိမိသည်နှင့် အငွေ့ပျံသွားလေသည်။နန်ကုန်းဝူချယ်လည်း သူ့၏ အရေပြားများ လောင်ကျွမ်းနေသည်ဟု ခံစားမိလေသည်။ပူလောင်လှသော ခံစားချက်ကြောင့် သူမသက်မသာ ဖြစ်နေမိသည်။


သူ့၏ စွမ်းအင်ရေဝဲထဲ၌ရှိသောအစစ်အမှန်စွမ်းအားများက တဟုန်ထိုးတိုးတက်သွားသည်။ထို့အပြင် အစောပိုင်းက သူစုပ်ယူခဲ့သော ငရဲမီးတောက်၏ အပူချိန်ကလည်း ထိုးတက်လာခဲ့သည်။ယခုအချိန်၌ သူ့၏ ခွန်အားက ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခုဖြစ်လာခဲ့သည်။


ငာ့ခွန်အားတွေက ဘာကြောင့် မငြိမ်မသက်ဖြစ်နေရတာလဲ...ဘာကြောင့်ပြောင်းလဲလာရတာလဲ..."


နန်ကုန်းဝူချယ် သူ့၏ခန္ဓာကိုယ်မှ အပူချိန်ကို ခံစားရင်း တွေးနေမိသည်။သူ့၏ နှုတ်ခမ်းများနှင့် ပါးစပ်ကလည်း ပူလောင်နေပြီး မျက်ရည်များကလည်း မဆက်မပြတ် ကျဆင်းနေတုန်းဖြစ်သည်။


"ဒါက ခေါက်ဆွဲတစ်ပွဲကြောင့်များလား..."


ပုဖန် သူ့ကိုပစ်ပေးလိုက်သော ခေါက်ဆွဲပန်းကန်ကြောင်းကို သတိရသွားပြီး သူခါးသီးမှုကို ခံစားလိုက်မိသည်။


(မင်းရဲ့ ဒဏ်ရာတွေက အရမ်းပြင်းတယ် ဒါကြောင့် ဒီခေါက်ဆွဲတစ်ပွဲရဲ့ ပါဝင်ပစ္စည်းထက် ငါနည်းနည်းပိုထည့်ထားတယ်...)

ဒာက ပုဖန်ပြောခဲ့သောစကားဖြစ်သည်။


သူကတကယ်ပဲ ခေါက်ဆွဲပွဲထဲကို ပါဝင်ပစ္စည်းပို့ထည့်ထားတာလား...ဒါမှမဟုတ် အဲ့ဒီထဲကို အဆိပ်ပဲထည့်လိုက်တာလား...


နန်ကုန်းဝူချယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။သူ့၏ အဝတ်အစားမရှိတော့သော ခန္ဓာကိုယ်အပေါ်ပိုင်းကလည်း နီရဲနေပေ၏။


သူ့ကိုယ်ထဲမှ အစစ်အမှန်စွမ်းအားများကလည်း ပွက်ပွက်ဆူနေသည်။သူ့ခန္ဓာကိုယ်၌ ပေကျံနေသော သွေးများကိုမူ မိုးရေစက်များက ဆေးကြောပြီးသွားပြီ ဖြစ်သည်။


ယခုထိတိုင်အောင် နန်ကုန်းဝူချယ်၏ အခြေအနေက ဆိုးရွားနေဆဲဖြစ်သော်လည်း သူလက်သီးဆုပ်ကြည့်လိုက်သောအခါ၌ အားများတိုးပွားနေကြောင်းကို ခံစားလိုက်မိသည်။သူ့၏ ခွန်အားများက ဘာကြောင့် ကြောက်မက်ဖွယ်ကောင်းအောင် တိုးပွားလာလဲမသိပေ။


ရှူး.....


နန်ကုန်းဝူချယ်က နန်ကုန်းရွှမ်ယင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီးနောက် ကျွဲတစ်ကောင်ကဲ့သ်ို့ နှာမှုတ်လိုက်သည်။


"ခွေးအိုကြီး သေပေတော့..."


ထို့နောက် နန်ကုန်းဝူချယ်က အရှေ့သို့ တဟုန်ထိုးတိုးဝင်သွားသည်။သူ့၏ အရှိန်က အလွန်လျှင်မြန်လှသောကြောင့် အရိပ်ပင် ဖမ်းမိရန်ခက်ခဲလှသည်။သူ့၏ လမ်းကြောင်းပေါ်၌ရှိနေသော မိုးရေစက်များပင်လျှင် အဝေးသို့ ဖယ်ခွာသွားကြသည်။


ဘန်း.....


သူလွှဲယမ်းလိုက်သော လက်သီးချက်ကပင် လေဟာနယ်ကို ဆုတ်ဖြဲပစ်လိုက်မလို ထင်ရ၏။နန်ကုန်းဝူချယ်၏ လက်သီးချက်နှင့် ရင်ဆိုင်လိုက်ရသောအခါ၌ နန်ကုန်းရွှမ်ယင်က သူ့လက်ကို ပင့်မြှောက်လိုက်သည်။


သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံရာမှ ကျယ်လေူင်သော ပေါက်ကွဲသံထွက်ပေါ်လာပြီး သူတို့နှစ်ယောက်လုံး အနောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။နန်ကုန်းရွှမ်ယင်၏ နှလုံးသားထဲ၌ တုန်လှုပ်မှုများပင် ပြည့်နေလေသည်။


"ဒါဘယ်လိုဖြစ်ရတာလဲ... ဒီကောင်လေးက ရုတ်တရက်ကြီး ဘာလို့ သန်မာလာတာလဲ..."


အား.....


နန်ကုန်းဝူချယ်က အနောက်သို့ ဆုတ်လိုက်ရပြီးနောက် လျှင်မြန်စွာ ပြန်လည် ရပ်တန့်လိုက်သည်။ထို့နောက် နောက်တစ်ခါ အော်ဟစ်လိုက်ပြီး နန်ကုန်းရွှမ်ယင်ဆီသို့ တိုးဝင်သွားပြန်သည်။


နန်ကုန်းရွှမ်ယင်က သူ့၏ ထိတ်လန့်မှုများကို ဖိနှိမ့်ထားလိုက်ပြီး အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။သူရှေ့ရှိ သံကြိုးနှစ်ချောင်းကလည်း ကြမ်းတမ်းစွာ လွှဲယမ်းလာပြီး ကျယ်လောင်လှသောအသံများကို ထုတ်လွင့်လာသည်။


ကြောက်မက်ဖွယ်ကောင်းလောက်သော စွမ်းအင်လှိုင်းက နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်ကို ရိုက်ချလာသည်။သို့သော်လည်း နန်ကုန်းဝူချယ်၏ အစစ်အမှန်စွမ်းအင်များကအနည်းငယ်သာ လှုပ်ခတ်သွားလေသည်။ထင်မှတ်မထားစွာဖြင့် ထိုရိုက်ချက်ကို သူခုခံလိုက်နိုင်သည်။


နန်ကုန်းဝူချယ်က နန်ကုန်းရွှမ်ယင်ထံသို့ နောက်တစ်ကြိမမ ထပ်မံ တိုးဝင်သွားပြန်သည်။သူ့၏ လည်တ်ိုင်က ဖြောင့်မတ်နေပြီး သူ့၏ မျက်ဝန်းရဲရဲများက နန်ကုန်းရွှမ်ယင်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေသောကြောင့် နန်ကုန်းရွှမ်ယင်၏ နှလုံးသားထဲမှပင် တင်းကျပ်မှုကို ခံစားလိုက်မိသည်။


"မိမစစ်ဖမစစ်လေး..."


"ခွေးအိုကြီး..."


နန်ကုန်းဝူချယ်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသည်။စပ်ပြဲလန်ခေါက်ဆွဲကြောင့် သူ့၏ နှုတ်ခမ်းများကလည်း ရောင်ရမ်းနေ၏။သို့သော်လည်း ယခုအချိန်၌ နန်ကုန်းဝူချယ်က ထိုအရာများပေါ် စိတ်မဝင်စားပေ။သူက... သူ့၏ အစစ်အမှန်စွမ်းအင်များ များပြားစွာ တိုးပွားလာခြင်းကြောင့် စိတ်ပေါ့ပါးမှုကို ခံစားနေရသည်။


နန်ကုန်းဝူချယ်က နန်ကုန်းရွှမ်ယင်၏ ပုခုံးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် တစ်ခြားတစ်ဖက်ဖြင့် သူ့၏ လက်သီးကို လွှဲယမ်းလိုက်ပြီး ခေါင်းကို အားရပါးရ ထိုးချလိုက်၏။


နန်ကုန်းရွှမ်ယင်၏ အမူအရာက တင်းမာခတ်ထန်သွားသည်။သူက လက်ကိုမြှောက်၍ ထိုလက်သီးချက်ကို ကာကွယ်လိုက်၏။သူတို့၏ အင်အားနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားပြီး ပြင်းထန်လှသော အင်အားလှိုင်းများက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားပြန်သည်။


နန်ကုန်းရွှမ်ယင်က ပို၍ပင် ဒေါသထွက်လာပြီး အံကြိတ်လိုက်သည်။ထို့နောက် သူ့၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး နန်ကုန်းဝူချယ်၏ လက်ထဲမှ လွတ်မြောက်ရန် ကြိုးစားလိုက်၏။သို့သော်လည်း ထို ကောင်လေး၏ ဆုပ်ကိုင်ထားမှုက ထင်မှတ်မထားလောက်အောင်ပင် သန်မာခိုင်မြဲနေသည်။


နန်ကုန်းရွှမ်ယင် နောက်တစ်ကြိမ်အံကြိတ်လိုက်ပြီး နန်ကုန်းဝူချယ်၏ တံတောင်ဆစ်ကို အညှာတာမဲ့စွာ တိုက်ခိုက်လိုက်သည်။နန်ကုန်းဝူချယ်က အလွန်စိတ်လှုပ်ရှားနေသည်။


"ဘယ်သူက ငါရှေ့မှာ ဟန်ရေးပြဖို့ ပြောလို့လဲ...ခင်ဗျားအဖေတောင် ခင်ဗျားကို မမှတ်မိအောင် ရိုက်ပစ်မယ် ..."


သူ လက်သီးတစ်လုံးပြီးတစ်လုံး ပစ်သွင်းလိုက်သည်။


နန်ကုန်းရွှမ်ယင်က ထိုလက်သီးချက်များကို လက်ဝါးဖြင့် ပြန်လည်ခုခံနေလေ၏။နန်ကုန်းရွှမ်ယင်က နန်ကုန်းဝူချယ်၏ တံတောင်ဆစ်ကို တိုက်ခိုက်ရန် ကြိုစားလိုက်စဉ်မှာပင် သူ့ဆီမှ အော်သံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။


"အား....ခွေးမသားလေး ငါ့ကိုကိုက်ရဲတယ်..."


"ဟုတ်တယ် ...ငါ ခွေးအိုကြီးကို ကိုက်တယ် အဲ့ဒီတော့ ဘာဖြစ်လဲ..."


ခပ်လှမ်းလှမ်း၌ ရပ်နေသော ပုဖန်က ထိုနှစ်ယောက်လုံးထွေးသတ်ပုတ်နေသည်ကို ဆွံ့အစွာဖြင့် ရပ်ကြည့်နေမိသည်။နန်ကုန်းဝူချယ်က တိုက်ခိုက်ရင်းဖြင့် ရူးသွပ်လာပေပြီ။သူက ပါးစပ်ကိုပင် အသုံးပြု၍ နန်ကုန်းရွှမ်ယင်၏ လက်မောင်းကို ကိုက်ခဲခဲ့သည်။


ထို့ကြောင့်ပင် ဒေါသတကြီး အော်ဟစ်ကျုံးဝါးသံများ ထွက်ပေါ်လာခြင်းဖြစ်၏။စပ်ပြဲလန်ခေါက်ဆွဲက စားသုံးလိုက်သူ၏ ခွန်အားကို အနည်းဆုံး တစ်စ တိုးပွားစေနိုင်သည်ဆ်ိုသော်လည်း ထိုသူ၏ မခြေခံ အုတ်မြစ်ပေါ်၌ မူတည်နေသေးသည်။


နန်ကုန်းဝူချယ်၏ အခြေခံအုတ်မြစ်က ခိုင်မာလှသည်။ထို့ကြောင့် သူ ရရှိလိုက်သော ခွန်အားတစ်စတိုးခြင်းက ရိုးရိုးတန်းတန်း တိုးတက်ခြင်းပင်မဟုတ်ပေ။အကယ်၍ သူလက်ရှိ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားခြင်းကြောင့်သာ မဟုတ်ပါလျှင် နန်ကုန်းရွှမ်ယင်ကို အသာလေး အနိုင်ယူနိုင်ပေသည်။


သို့သော် ကံမကောင်းစွာဖြင့် နန်ကုန်းဝူချယ်၏ ဒဏ်ရာက အလွန် ဆိုးရွားပြင်းထန်သည်။စပ်ပြဲလန်ခေါက်ဆွဲပင်လျှင် ထိုဆိုးရွားလှသော အခြေအနေကို ပြောင်းလဲမပေးနိုင်ပေ။ထို့အပြင် စပ်ပြဲလန်ခေါက်ဆွဲ၏ အက်ျိုးသက်ရောက်မှုက အချိန်ကြာမြင့်စွာ ရှိမနေနိုင်ပေ။


ဘန်း...ဘန်း...ဘန်း....


သူတို့၏ တိုက်ခိုက်မှုကြောင့် မြေပြင်က ငလျင်လှုပ်သကဲ့သို့ပင် အဆက်မပြတ်တုန်ခါနေသည်။သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်မှု အဆင့်က မသေမျိုးခန္ဓာ အဆင့်များဖြစ်သည့်အပြင် တိုက်ခိုက်မှုစွမ်းရည်ကလည်း မြင့်မားလှသည်။ထို့ကြောင့် မြေပြင်ကို အဆက်မပြတ်ခွဲခြမ်းသလိုပင် ဖြစ်နေသည်။


သို့သော်လည်း မြူကောင်းကင်မြို့၏ မြို့ကာကွယ်ရေးအစီအရင်များက ပျက်စီးသွားသော မြေပြင်ကို အလိုအလျောက်ပင် ပြုပြင်သွားသည်။


သို့သော်... ထိုပြုပြင်မှု၌... ပတ်ဝန်းကျင်၌ ရှိနေသော သက်စောင့်ဆေးဆိုင်များ မပါဝင်ပေ။ထို့ကြောင့် ပတ်ဝန်းကျင် မြင်ကွင်းက အလွန်ကို စိတ်ပျက်စရာကောင်းနေသည်။


အားလုံးက ဆိုးဆိုးရွားရွားကို ပျက်စီးနေကြသည်။


အချိန်တော်တော်ကြာ သွားပြီးနောက် နန်ကုန်းဝူချယ်က မြေပြင်မှ ကုန်းထလာသည်။သူ့၏ ပါးစပ်ထောင့်စွန်း၌လည်း သွေးများစီးကျနေ၏။


နန်ကုန်းရွှမ်ယင်ကမူ အမြောက်ဆန်ဖြင့် ထုခံထားရသလို မြေကြီးပေါ်၌ ပြားကပ်နေသည်။သူအနည်းငယ်မျှပင် လှုပ်ရှားလိုက်နိုင်ခြင်းမရှိပေ။နန်ကုန်းဝူချယ်က ကျယ်လောင်စွာ အသက်ရှုနေပြီး သူ့၏ ရင်ဘတ်ကလည်း မောပန်းမှုကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။


စပ်ပြဲလန်ခေါက်ဆွဲ၏ အကျိုးသက်ရောက်မှုများ ပျောက်ကွယ်သွားပြီးနောက် မောပန်းမှုက ဒီရေအလား သူ့ကို ဖုံးအုပ်သွားလေသည်။သူ့ခန္ဓာကိုယ်၌ ကော်များပြည့်နေသကဲ့သို့ပင် ခြေလှမ်းတစ်လှမ်းလှမ်းရသည်ကိုပင် အလွန်လေးလံ ပင်ပန်းသည်ဟု ခံစားမိလေသည်။


နန်ကုန်းဝူချယ်က မျက်ဝန်းများကို မှေးစင်းလိုက်ပြီး သူ့၏ ရောင်ရမ်းထူအမ်းနေသော နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။ထို့နောက် သူ ပုဖန်ကို ကြည့်၍ နှစ်ခြိုက်စွာ ရယ်မောလိုက်လေသည်။


"ခွေးသားလေး မင်းတကယ်သေရမယ်..."


နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။သူ တဖြေးဖြေးလှည့်ကြည့်လိုက်ရာ မြေပြင်မှ ထရပ်လာပြီဖြစ်သော နန်ကုန်းရွှမ်ယင်ကို တွေ့လိုက်ရသည်။နန်ကုန်းရွှမ်ယင်က အနက်ရောင်ဆေးလုံးတစ်လုံးကို မြိုချလိုက်သည်။ထိုဆေးလုံးတွင် ထင်ရှားသည့် အမှတ်အသားတစ်ခုပါရှိပြီး အနက်ရောင် အစင်းကြောင်းတစ်ခုလည်းပါရှ်ိသည်။


ထိုဆေးလုံးကို မြိုချပြီးသည်နှင့် နန်ကုန်းရွှမ်ယင်၏ အော်ရာများက မြင့်တက်လာသည်။မျှော်လင့်မထားစွာပင် သူက သူ့၏ အခြေအနေ အထွဋ်အထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။သို့သော်လည်း သူရောက်လာခဲ့စဉ်ကနှင့် ယှဉ်လိုက်လျှင် သူ့၏ အခြေအနေက သနားစရာကောင်းနေဆဲပင်ဖြစ်သည်။


"သေပေတော့..."


နန်ကုန်းရွှမ်ယင်က အော်ဟစ်လိုက်ပြီးနောက် နန်ကုန်းဝူချယ်၏ ခါးကို ခြေထောက်ဖြင့် အညှာတာမဲ့စွာ ကန်ချလိုက်သည်။ယခုလက်ရှိ၌ နန်ကုန်းဝူချယ်က အလွန်အားနည်းနေပေပြီ။ထိုတိုက်ခိုက်မှုကို မည်ကဲ့သို့ ရှောင်နိုင်ပါမည်နည်း။


သူ အဝေးသို့ လွင့်ထွက်သွားပြီး ပျက်စီးပြိုကျနေသော သက်စောင့်ဆေးဆိုင်တစ်ခုအပေါ်သို့ ကျရောက်သွားသည်။အချိန်တော်တော်ကြာသည်အထိ နန်ကုန်းဝူချယ် ပြန်လည် ထလာနိုင်ခြင်းမရှိပေ။


နန်ကုန်းရွှမ်ယင်၏ ဆံပင်များက ရှုပ်ပွနေပြီး ပုခုံးထက်၌ ပြေလျော့ကျနေသည်။သူ့၏ အဝတ်အစားများကလည်း ဆိုးဆိုးရွားရွား ဆုတ်ပြဲနေ၏။ထိုလှစ်ဟနေသော အသားများအပေါ်၌လည်း ကြောက်မက်ဖွယ်ကောင်းလှသော ကိုက်ရာအများအပြားရှိနေသည်။နန်ကုန်းရွှမ်ယင်က သူ့၏ ခန္ဓာကိုယ်ကို အနည်းငယ် ပွတ်သပ်လိုက်ပြီး ပုဖန်ဆီသို့ စူးစူးရဲရဲ လှည့်ကြည့်လိုက်သည်။


"အဲ့ဒါ ...အဲ့ဒါ မင်းပဲ ...မင်းက ဟိုခွေးကောင်လေးကို ခေါက်ဆွဲတစ်ပွဲပေးပြီး သူ့ရဲ့စွမ်းအားတွေကို မြှင့်တင်ပေးလိုက်တာပဲ..."


နန်ကုန်းရွှမ်ယင်က လက်ညှိုးထိုးပြီးပြောလိုက်သည်။သူ့၏ စကားလုံးတစ်လုံးစီ၌ သတ်ဖြတ်ခြင်းအငွေ့အသက်များပါဝင်နေသည်။သူ့၏ ခန္ဓာကိုယ်မှ ထွက်လာသော သတ်ဖြတ်ခြင်း အငွေ့အသက်များကလည်း ပို၍ပင် သိပ်သည်းလာသည်။ပုဖန်က ဆိုင်အပေါက်ဝ၌ အေးဆေးစွာပင် ရပ်နေပြီးနန်ကုန်းရွှမ်ယင်ကို မတုန်မလှုပ်ပင်ကြည့်နေသည်။


"မှန်တယ်...ခင်ဗျား ခန့်မှန်းလိုက်တာ အတိအကျပဲ...ဒါပေမယ့်လည်း နှမြောစရာကောင်းတာက ခင်ဗျားအတွက် ဘာဆုမှ မပြင်ထားမိဘူး..."


ပုဖန်က တုံ့ပြန်လိုက်သည်။


"ဆု ဟုတ်လား...အဲ့ဒါ ငါပဲ မင်းကိုဆုပေးမယ့်သူက ငါပဲ...မင်းကိုငါက သေခြင်းတရားဆုပေးမယ်..."


နန်ကုန်းရွှမ်ယင်က အေးစက်စွာပင် ထပ်ပြောလိုက်၏။သူပြောနေစဉ်အတွင်း သူ့၏ မျက်ဝန်းများထဲ၌ လောဘအရိပ်အယောင်များနှင့် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။


ကောင်းကင်ကမ္ဘာမြေ မီးလျှံ...


ထိုကောင်လေး၌ ကောင်းကင်ကမ္ဘာမြေမီးလျှံရှိနေပေသည်။ထိုကောင်လေးက ရုပ်သေးဂိုဏ်းနှင့် ဆက်သွယ်မှုရှိနေနိုင်သောကြောင့် သူ့ကို အပိုလူအဖြစ်သာ သတ်မှတ်ထားခဲ့သည်။သို့သော်လည်း ယခု သူ့၌ ကောင်းကင်ကမ္ဘာမြေမီးလျှံရှိနေကြောင်း သိသွားပေသည်။


သူ့ကို လက်လွှတ်လိုက်မည်လား...


ဒါမျိုးကို ငတုံးသာ လုပ်ပေလိမ့်မည်။အကယ်၍ သူသာ ကောင်းကင်ကမ္ဘာမြေမီးလျှံကို ရရှိခဲ့လျှင် သူ့အနေအထားကလည်း သေချာပေါက် မြင့်တက်သွားပေလိမ့်မည်။


ထို့အပြင် သူ့၏ အဂ္ဂိရတ်စွမ်းအင်ကလည်း သေချာပေါက် ပိုမိုကောင်းမွန်လာနိုင်ပြီး တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်အဆင့်ကို ကျော်ဖြတ်သွားနိုင်ပေလိမ့်မည်။သူသာကောင်းကင်ကမ္ဘာမြေမီးတောက်ကို ရနိုင်ပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကကြီးမားလွန်းလှသည်။


"မင်းရဲ့ ကိုယ်ထဲက ကောင်းကင်ကမ္ဘာမြေမီးလျှံကို ဖြေးဖြေးချင်းပဲ ထုတ်ယူပါမယ်...ငါ့ရဲ့အကိုကြီးက နန်ကုန်းဝူချယ်ဆီက ငရဲဘုရင်ကိုးပါးမီးလျှံကို ယူသလိုမျိုးပဲပေါ့..."


သူပုဖန်ဆီသို့ ဖြေးဖြေးချင်းလျှောက်လှမ်းလာခဲ့သည်။ပုဖန်က သက်ပြင်းရှည်တစ်ချက်မှုတ်ထုတ်လိုက်သည်။ထိုခဏတွင် သူ့၏ရှေ့၌ ဝှိုက်တီ ရောက်လာလေသည်။


ဝှိုက်တီ၏ ခရမ်းရောင်တောက်ပေနေသောမျက်ဝန်းများက ရုတ်တရက် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။သူ့၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသော သတ်ဖြတ်ခြင်းအငွေ့အသက်များကလည်း ပို၍ပင် အေးစက်လာသည်။သူ့၏ ခန္ဓာကိုယ်မှ အစီအရင်ကလည်း စတင်၍ တောက်ပလာသည်။


"မင်းရဲ့ရုပ်သေးက တကယ်ကို သန်မာပါတယ်...ဒါပေမယ့် ငါ့ကို ရပ်တန့်နိုင်ဖို့တော့ မစွမ်းနိုင်သေးဘူး..."


နန်ကုန်းရွှမ်ယင်က နှာခေါင်းရှုံ့လိုက်ပြီးနောက် ဝှိုက်တီကိုကြည့်၍ ပြောလိုက်သည်။ချက်ချင်းပင် လှုပ်ရှားလိုက်သည်။သူ့၏ ခန္ဓာက်ိုယ်က နေရာမှပျောက်ကွယ်သွားပြီး အသံ၏ လျှင်မြန်ခြင်းမျိုးဖြင့် ဝှိုက်တီ၏ရှေ့၌ ပြန်လည်ပေါ်လာသည်။


ဝှိုက်တီ၏ အမြောက်ဆန် မှော်အစီအရင် အပြည့်အဝအသက်မသွင်းရသေးခင်မှာပင် နန်ကုန်းရွှမ်ယင်က ဝှိုက်တီ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။အစစ်အမှန်စွမ်းအင်များက အလုံးအရင်းနဲ့ ပေါ်ထွက်လာပြီးနောက် ဝှိုက်တီကို ထိုးနှက်တိုက်ခိုက်လိုက်တာ အဝေးကို လွင့်ထွက်သွားစေနိုင်သည်။


နန်ကုန်းရွှမ်ယင်ကို တားဆီးနိူင်စွမ်းမရှိတော့ပေ။သူတို့နှစ်ယောက်ကြားက လျှင်မြန်မှုအရှိန်က ကွာခြားနေပေသည်။ထိုမြင်ကွင်းကို ကြည့်၍ ပုဖန်၏ မျက်ဝန်းများကျဉ်းမြောင်းသွားသည်။ဝှိုက်တီက လှုပ်ရှားရုန်းကန်နေရပြီး နန်ကုန်းရွှမ်ယင်ကို အလွယ်တကူ ရင်ဆိုင်နိုင်စွမ်းရှိမနေပေ။သို့သော်လည်း သူတို့နှစ်ယောက်လုံးက တူညီသည့်နယ်ပယ်အဆင့်များဖြစ်သည်။တစ်ကြိမ်၌ ဝှ်ိုက်တီက နန်ကုန်းရွှမ်ယင်ကြောင့် မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။


"မင်းမြင်လား...မင်းရဲ့ရုပ်သေးရုပ်က ငါ့ကြောင့် မြန်မြန်ဆန်ဆန်ပဲ ပျက်စီးတော့မယ် အဲ့ဒီတော့ မင်းဘာလုပ်မလဲ..."


နန်ကုန်းရွှမ်ယင်က ပုဖန်ကို အေးစက်စွာကြည့်၍ လှောင်ပြောင်လိုက်သည်။


ပုဖန်က မျက်ဝန်းများ စုကျုံ့လိုက်သည်။သူ့၏ ပုခုံးပေါ်၌ လဲလျောင်းနေသော ပုစွန်ပိစိကလည်း နန်ကုန်းရွှမ်ယင်၏ ထောင်လွှားသော အမူအရာများကို မကျေနပ်ဟန်ဖြင့် သူ့၏ အမွှေးနှစ်ချောင်းကို လွှဲယမ်းနေလေသည်။


မြေပြင်ပေါ် လဲကျနေသော ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက ခဏမျှ တဖျက်ဖျက်လက်သွားသည်။ထို့နောက် ထိုမျက်ဝန်းများက ခရမ်းရောင် နှင့် အဖြူရောင် တစ်လှည့်စီ ပြောင်းလဲနေသည်။


သူ့၏ ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများ မြင့်တက်လာသည်။သို့သော် ဝှိုက်တီ၏ ခန္ဓာကိုယ်မှ အော်ရာများ မြင့်တက်လာသည်။


သ်ို့သော် ဝှိုက်တီခန္ဓာကိုယ်မှ အော်ရာများမြင့်တက်လာစဉ်မှာပင် ပုဖန်၏ ပုခုံးပေါ်မှ ပုစွန်ပိစိက တစ်ချက်အော်ဟစ်လိုက်ပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီးပျံသန်းထွက်ခွာသွားလေသည်။


ရွှေရောင်အလင်းတန်းက အလွန်ပင်မြန်ဆန်လှပြီး အရိပ်ပင် ဖမ်းဖို့ ခက်ခဲလှလေသည်။


နန်ကုန်းရွှမ်ယင်၏ နှလုံးသားထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုများကို ခံစားလိုက်ရသည်။သို့သ်ာလည်း သူက လက်ကို မြှောက်လိုက်ပြီး သူ့စီပျံသန်းလာနေသော ပုစွန်ပိစိကို ရိုက်ထုတ်ရန်ပြင်လိုက်သည်။


"ရုပ်သေးတစ်ရုပ်နဲ့ ပုစွန်တစ်ကောင် မင်းမှာရှိတာ ဒါအကုန်ပဲလား..."


နန်ကုန်းရွှမ်ယင်က အော်ဟစ်လိုက်ပြီးနောက် သူ့၏ စွမ်းအင်များကို အစွမ်းကုန်ထူတ်ဖော်လိုက်ကာ သူ့ရှေ့မှ သံကြိုးနှစ်ချောင်းကို လွှဲယမ်းရန် ပြင်ဆင်ထားလိုက်သည်။


ရုတ်တရက် သူ့၏ မျက်ဝန်းများက နှမ်းစေ့များပမာ ကျဉ်းမြောင်းသွားလေသည်။


သူဆီသို့ ပျံသန်းလာနေသော ရွှေရောင်အလင်းတန်းက ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။