အပိုင်း ၄၄၅
Viewers 53k

အခန်း ၄၄၅

ပုစွန်ပိစိ... စကြစို့...


"ပုစွန်ကောင် ဘယ်ရောက်သွားတာလဲ..."


နန်ကုန်းရွှမ်ယင်ကစူးရဲလှသော မျက်ဝန်းများဖြင့် ပျောက်ကွယ်သွားသည့် ရွှေရောင်အလင်းတန်းကို ရှာလိုက်သည်။ထိုရွှေရောင်အလင်းတန်းက သူရှေ့၌ ဘယ်တုန်းကမှ မပေါ်လာခဲ့ဖူးသလိုပင် အစရှာမရပေ။


ရုတ်တရက် အလွန်ကြီးမားလှသော အရိပ်တစ်ခုက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားဆသာကြောင့် သူတုန်ယင်သွားသည်။ထိုအရိပ်မှ ထွက်ပေါ်နေသော အော်ရာများကလည်း ဖိနှိမ့်နိုင်စွမ်းကြီးလှသည်။


"ဘာတြွေဖစ်နေတာလဲ...


နန်ကုန်းရွှမ်ယင်၏ အမူအရာက တည်ကြည်လေးနက်သွားပြီး သူတဖြေးဖြေးချင်း ကောင်းကင်ထက်ကို မော့ကြည့်လိုက်သည်။ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးကွယ်နေသော ကြီးမားလှသည့် ရွှေရောင်သားရဲကြီးကို တွေ့လိုက်ရ၏။ထိုရွှေရောင်သားရဲကြီးပေါ်သို့ ကျသော မိုးရေစက်များကလည်း ဘေးသို့ လွင့်စင်နေလေသည်။


ဝေါ.....


နားကွဲလောက်စရာ အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာသည်။ရုတ်တရက် ပုစွန်ပိစိကောင်က အံ့သြတုန်လှုပ်ဖွယ်ရာဖြစ်လာသည်။သူ့ခန္ဓာကိုယ်မှရအော်ရာများကပင် သူ့ကို တုန်ယင်နေစေသည်။


ပုဖန်ကလည်း ရုတ်တရက်ကြီးမားလာသော ပုစွန်ပိစိကိုကြည့်၍ ကြောင်အမှင်သက်နေမိသည်။သူ့၏ ပုခုံးပေါ်၌ အမြဲလိုလို အေးချမ်းစွာ လဲလျောင်းနေသော ပိစိကောင်က ထိုကဲ့သို့ ပြောင်းလဲနိုင်မည်ဟု မမျှော်လင့်ထားမိပေ။


ဒီအကောင်ပိစိက အံ့သြစရာကောင်းလှသည်။သူ့၏ ခေါင်းထိပ်မှ ချွန်ထက်နေသော အတံရှည်နှစ်ချောင်းကို လှုပ်ရမ်းလိုက်ရုံဖြင့် မြေကြီးများပင် အက်ကွဲတော့မလို ဖြစ်သွားသည်။


နန်ကုန်းရွှမ်ယင်က ရေခဲပြင်ပေါ်၌ အေးစက်နေသော လေပြင်းများ တိုက်ခိုက်ခံရသလိုပင် တုန်ရီနေမိသည်။သူနှင့်လှမ်းလှမ်းတွင်ရှိနေသော ပုံရိပ်ကို မျက်လုံးပြူးဖြင့် ကြည့်နေမိသည်။ဝှိုက်တီလည်း ကြောင်အနေမိသည်။


ဝှိုက်တီ၏ မျက်ဝန်းမှ မတည်မငြိမ်ဖြစ်နေသော အရောင်များက တည်ငြိမ်သွားပြီး မီးခိုးရောင် ပြန်ဖြစ်သွားသည်။မြေပြင်ကို ထောက်ကန်လိုက်ပြီး ကောင်းကင်ယံသို့ ထိုးတက်လိုက်သည်။


ပုစွန်ပိစိ၏ ခန္ဓာကိုယ်က ကြီးမားလှသော နဂါးကြီးတစ်ကောင်နှင့်ပင် တူညီနေသည်။သူလှုပ်ရှားမှု လုပ်လိုက်တိုင်း ခန္ဓာကိုယ်ပေါ်ရှ် အခွံများက တစ်ခုနှင့်တစ်ခု ထိခတ်မိကာ အသံများ ဆူညံစွာ ထွက်ပေါ်နေသည်။


ပုစွန်ပိစိက သူ့၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လေထဲလွင့်တက်လာသော ဝှ်ိုက်တီကို သူ့ကျောပေါ်သို့ ပြုတ်ကျစေလိုက်သည်။ထို့နောက် ပုစွန်ပိစိက သူ့၏ အသွင်ရော မျက်ဝန်းများကို လှည့်လိုက်ပြီး သူ့၏ အတံရှည်နှစ်ချောင်းကိုလည်း ဝှေ့ယမ်းလိုက်ကာ ဟိန်းဟောက်အော်ဟစ်လိုက်သည်။


ဝှစ်....


ထို့နောက် ပုစွန်ပိစိ၏ ခန္ဓာပိုယ်မှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ဝှိုက်တီ၏ ခန္ဓာကိုယ်ကို ရွှေရောင်အလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်လေသည်။ဝှိုက်တီ၏ မီးခိုးရောင်မျက်ဝန်းများကလည်း လင်းလက်လာပြီး သူ့ခန္ဓာကိုယ်မှ မှော်အစီအရင်ကလည်း စတင်တောက်ပလာသည်။


"ဒါက ဘာလဲ ...ပြပွဲတစ်ခုလား..."


နန်ကုန်းရွှမ်ယင်က ထိုမြင်ကွင်းကိုကြည့်၍ လုံးဝ ကြောင်အမှင်သက်နေလေပြီ။


ပုဖန်ကမူ ဝှိုက်တီနှင့် ပုစွန်ပိစိကိုကြည့်ပြီး မျက်ဝန်းများတောက်ပနေသည်။


ထိုနှစ်ယောက်က အတူတကွ ပူးပေါင်းနိုင်မည်ဟု သူလုံးဝမထင်ထားခဲ့မိပေ။သူထိုအကြောင်းကို တစ်ခါမှမတွေးခဲ့ဖူးပေ။ထိုပုစွန်ပိစိက ဒယ်အိုးထဲတွင် ပျော်ရွှင်စွာကူးခတ်ရင်း အရသာပိုကောင်းရုံသာ လုပ်နိုင်သည်ဟု သူ ထင်ထားခဲ့သည်။သို့သော် သူ့၏ ထင်မြင်ချက်များက လုံးဝ မှားယွင်းနေပေသည်။ပုစွန်ပိစိက ပုံသဏ္ဍာန်ပြောင်းလဲနိုင်စွမ်းပါရှိနေပေသည်။


"ဟမ့်...အဲ့ဒီလိုဆိုရင်တောင်... မင်းတို့အားလုံးက အရမ်းပဲ အားနည်းနေသေးတယ်..."


နန်ကုန်းရွှမ်ယင်က သူတို့အားလုံးကို လုံးဝ ဂရုမစိုက်ပေ။သူ ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ထို့နောက် သိမ်းငှက်တစ်ကောင်ပုံစံ ယူလိုက်ပြီး လေထဲသို့ ပျံတက်လိုက်သည်။သူ့၏ နောက်ကျောဘက်မှ သံကြိုးနှစ်ခုကလည်း လေ၌ လွင့်ဝဲနေသည်။


ဘန်း....


နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်မှ မြင့်တက်လာသော အစစ်အမှန်စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်လေထုကိုပါ ရိုက်ခတ်သွားသည်။


"ဒါ မင်းတို့တတ်နိုင်တာ အကုန်ပဲလား...မင်းတို့အားလုံးကို ငါတစ်စစီ ဆုတ်ဖြဲပစ်မယ်...မျှော်လင့်ချက် ပျက်သုန်းတာဘာလဲဆိုတာကို ခံစားရစေမယ်..."


နန်ကုန်းရွှမ်ယင်၏ အေးစက်လှသော အသံထွက်ပေါ်လာပြီးနောက် သူ့၏ အရိပ်က လျှင်မြန်စွာ ရွေ့လျားသွားသည်။အသံထက်ပင် လျှင်မြန်လှသော နှုန်းဖြင့် ရွေ့လျားမှုကြောင့် လေထုထဲ၌ ပေါက်ကွဲမှုများပင် ဆက်တိုက်ဖြစ်ပေါ်လာသည်။ထို့နောက် နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်က ကြီးမားလှသောပုစွန်ကောင်ရှေ့၌ ပေါ်လာလေသည်။


ဝှိုက်တီကို သယ်ဆောင်ထားသော ပုစွန်ပိစိကလည်း သူ့၏ မျက်လုံးပြူးများဖြင့် နန်ကုန်းရွှမ်ယင်ကို စူးစိုက်ကြည့်နေသည်။ထို့နောက် လေထဲ၌ သူ့၏ မြောက်များလှစွာသော ခြေလက်လေးများကို လှုပ်ရှားလိုက်သည်။သူ့၏ အရှိန်ကလည်း နန်ကုန်းရွှမ်ယင်ထက် နည်းနည်းလေးမှ နောက်ကျနေခြင်းမရှိပေ။


နန်ကုန်းရွှမ်ယင်က သူ့၏ လက်သီးထဲသို့ စွမ်းအားများ ပို့လွှတ်လိုက်သည်။ထိုလက်သီးက ဟိန်းဟောက်နေသော သားရဲတစ်ကောင်၏ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ပုစွန်ပိစိဆီသို့ တိုးဝင်သွားသည်။


ကြောက်စရာကောင်းလှသော စွမ်းအင်လှိုင်းများက ပုစွန်ပိစိကိုပင် တစ်စစီ ဆုတ်ဖြဲပစ်နိုင်သည်ဟု ထင်ရလေသည်။


ပုစွန်ပိစိ၏ နောက်ကျောဘက်မှလည်း ပြင်းထန်သိပ်သည်းလှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။


ရွှစ်....


ထို အလင်းတန်းများက အမြောက်ဆန်အစီအရင်မှ ပေါက်ကွဲထွက်ပေါ်လာခြင်းဖြစ်သည်။ပုစွန်ပိစိ၏ ကျောပေါ်၌ရှိနေသော ဝှိုက်တီ၏ ခန္ဓာကိုယ်ပေါ်မှ မှော်အစီအရင်ကလည်း ရွှေရောင်စွမ်းအင်များ ဖြာထွက်နေသည်။ဝှိုက်တီ၏ ခန္ဓာကိုယ်ကို ရွှေရောင်စွမ်းအင် နောက်တစ်ထပ်ဖြင့် ထပ်ဖုံးအုပ်ထားသလိုပင်ဖြစ်နေသည်။ထိုအမြောက်ဆန်အစီအရင်မှ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေပြီး ရွှေရောင်စွမ်းအင်များကို ပစ်လွှတ်နေသည်။


နန်ကုန်းရွှမ်ယင်က အားပြင်းလှသော လက်သီးချက်ဖြင့် ထိုစွမ်းအင်များကို ဆုတ်ဖြဲ ချေမွပစ်လိုက်သည်။သို့သော် စွမ်းအင်များက အဆက်မပြတ်လွင့်လာနေပြီး တဖြေးဖြေး သူနှင့် ပို၍ပို၍ နီးကပ်လာလေသည်။


"ဒါက အရမ်းမြန်တယ်...ဘယ်လိုဖြစ်ပြီး အမြောက်ဆန်အစီအရင်ရဲ့ ပေါက်ကွဲမှုအားက အရင်ကထက်ပိုမြန်လာတာလဲ..."


နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးမျှင်များ အားလုံးပင် ထောင်ထသွားသည်။


ယခင်က ဝှိုက်တီ၏ အမြောက်ဆန်အစီအရင်က ပြဿနာတစ်ခုမျှသာ ဆိုလျှင် ယခုမူ ကြောက်မက်ဖွယ်ပြဿနာကြီး ဖြစ်သွားပေပြီ။သူက ထိုပစ်ခတ်မှုအားကို ရှောင်၍ပင် မလွှတ်နိုင်ပဲ အစ်အမှန်စွမ်းအင်များကို အသုံးပြု၍ အကာအကွယ်တစ်ခုသဖွယ် အသုံးပြုလိုက်ရသည်။


ဘန်း....


မြူကောင်းကင်မြို့ထဲ၌ ရှိနေသော သူများအားလုံးကလည်း ပြင်းထန်သော ပေါက်ကွဲမှုအားများ အဆက်မပြတ် ထွက်ပော်နေသည့်နေရာသို့ မော့ကြည့်လိုက်ကြသည်။ထိုအလင်းတန်းများက ကောင်းကင်ယံထက်ကို ထိုးတက်လာပြီးနောက် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက အဖက်ဖက်သို့ ပြန့်နှံ့သွားသည်။


ပုဖန်ပင်လျှင် ထိုတောက်ပနေသော အလင်းတန်းများကိုကြည့်၍ ထိတ်လန့်နေမိသည်။သူပင် အကူရာမဲ့စွာဖြင့် လေအေးများ ရှုရှိုက်လိုက်မိသည်။


အခိုးအငွေ့များ ပျောက်ကွယ်သွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးက အပျက်အစီးပုံကြီးဖြစ်နေလေပြီ။မြေပြင်က နက်ရှိုင်းစွာ ကွဲအက်နေသလို ပေါက်ကွဲသွားသော ကျောက်တုံးကျောက်စနများကလည်း လေထဲ၌ လွင့်ပျံနေကြသည်။ဖျက်စီးနိုင်မှုစွမ်းအားက ထိတ်လန့်စရာကောင်းလှသည်။


"အမြောက်ဆန်အစီအရင်က ဘာလို့ရုတ်တရက်ကြီး စွမ်းအားတိုးလာတာလဲ..."


ပုဖန် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး သူ့၏ မျက်လုံးများပင် ဝိုင်းစက်သွားသည်။


"ပုစွန်ပိစိက ဟင်းပွဲရဲ့အရသာက်ို တိုးအောင်ပြုလုပ်နိုင်သလိုမျိုး တစ်စုံတစ်ယောက်ရဲ့ စွမ်းအင်ကိုပါ တိုးမြှင့်ပေးနိုင်တဲ့ အစွမ်းပိုင်ဆိုင်တာလား..."


ရွှေရောင်အလင်းအလွှာပါးက တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှု စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည့် စွမ်းရည်ဖြစ်နိုင်ပေသည်။ထိုအတွေးကို တွေးမိပြီးနောက် ပုစွန်ပိစိကို ကြည့်သော မျက်ဝန်းများထဲ၌ အံ့သြမှုများ ပြည့်နှက်နေပေသည်။


ပုစွန်ပိစိရဲ့ မူလဖြစ်တည်မှုက ဘာလဲ...သူက ဘယ်လိုလုပ်ပြီး သူဖွင့်လိုက်တဲ့ သလင်းကျောက်အရင်းအမြစ်ကနေ ထွက်လာတာလဲ...


နန်ကုန်းရွှမ်ယင်၏ လက်ရှိအခြေအနေက အလွန် သနားစရာကောင်းနေသည်။ထိုအမြောက်ဆန်အစီအရင်၏ ဆွဲဆောင်မှုက ရုတ်တရက် မြင့်တက်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့မိပေ။


သူ့ကိုယ်ပေါ်ရှိ အဝတ်အစားများက ပေါက်ကွဲအားကြောင့် ဆုတ်ပြဲသွားပြီး သူ့၏ အရေပြားများကလည်း လောင်ကျွမ်းနေသည်။ကြည့်ရသည်မှာ ကြောက်စရာပင်ကောင်းလှ၏။သူ့၏ အစစ်အမှန်စွမ်းအင် အကာအကွယ်ကလည်း အချိန်ခဏမျှပင် တောင့်ခံနိုင်စွမ်းမရှိပဲ ကျိုးပဲ့ပျက်စီးသွားခဲ့၏။တကယ်ကို ကြောက်စရာကောင်းလှပေသည်။


နှာခေါင်းမှ သွေးများတစိမ့်စိမ့် ယိုစီးထွက်နေဆဲဖြစ်သောနန်ကုန်းရွှမ်ယင်က ခေါင်းမော့ကြည့်လိုက်သည်။ဝှိုက်တီက ပုစွန်ပိစိ၏ ကျောပေါ်၌ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်တန့်နေသည်။သူ့၏ ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာ ဝတ်စုံမှလည်း ရွှေရောင်အလင်းတန်းများက လင်းခါနေတုန်းဖြစ်ပြီး သူ့၏ တောင်ပံတစ်စုံကိုလည်း ပြန့်ကားထားပေသည်။


ထို့နောက် သူ့၏ ဝမ်းဗိုက်ပေါ်ရှိ အမြောက်ဆန် အစီအရင် သိပ်သည်းလှသော စွမ်းမားများက်ို နောက်တစ်ကြိမ် ပစ်လွှတ်လိုက်ပြန်သည်။ထိုစွမ်းအင်များက အလွန်ပင် လျှင်မြန်လှသော အရှိန်ဖြင့် နန်ကုန်းရွှမ်ယင်ဆီသို့ တိုးဝင်သွားသည်။ထိုအမြန်နှုန်းကြောင့် နန်ကုန်းရွှမ်ယင် ထိတ်လန့်ကြောက်ရွံ့သွားသည်။


"ရှောင်ရမှာလား...မဖြစ်နိုင်ဘူး...ဒါကို အချိန်မီ မရှောင်နိုင်လောက်ဘူး...


သူ့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန်ရည်ရွယ်၍ အစစ်အမှန်စွမ်းအင်အကာအကွယ်ကို ထပ်မဲ ဖွဲ့စည်းလိုက်သည်။ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် မျက်စိကျိန်းလောက်စရာ အလင်းတန်းများပါ ထွက်ပေါ်လာသည်။နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်ကလည်း အနောက်သို့ လွင့်ပျံသွားလေသည်။


ထိုအချိန်၌ ဝှိုက်တီက လူပုံစံအမြောက်ဆန်အစီအရင်အဖြစ်သို့ ပြောင်းလဲသွားပေပြီ။သူ့၏ ဝမ်းဗိုက်ရှိ အမြောက်ဆန်အစီအရင်က အဆက်မပြတ် ပေါက်ကွဲမှု စွမ်းအားများကို ထုတ်လွင့်နေသည်။


ထိုပေါက်ကွဲမှုစွမ်းအားများက လေဟာနယ်ကိုပင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်သလိုပင် ထင်ရ၏ ။နန်ကုန်းရွှမ်ယင်က လုံးဝကို စိတ်ဓာတ်ပျက်ပြားနေပေပြီ။


"ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ..."


သူက ထိုအစီအရင်၏ တိုက်ခိုက်မှုကိုပင် တောင့်မခံနိုင်ခဲ့ပေ။ထိုစွမ်းအင် ပစ်ခတ်မှု တစ်ခုစီကပင် အဆင့် ၂ဆင့် ချိုးဖျက်ပြီးသော မသေမျိုးခန္ဓာအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ညီမျှနေသည်။သူမည်သည့်နည်းနှင့် ပိတ်ဆို့ကာကွယ်နိုင်ပါမည်နည်း။


ပိတ်ဆို့တားဆီးချင်ခဲ့သည်။သူကြိုးလည်းကြိုးစားခဲ့၏ သို့သော်လည်း ကျဆုံးခဲ့၏။ဒါဇင်ကျော်ခန့် ပေါက်ကွဲမှုများကို အဆက်မပြတ်ထုတ်လွင့်ပြီးနောက် အမြောက်ဆန်အစီအရင်မှ အခိုးအငွေ့များ ထွက်ပေါ်လာသည်။ထိုအမြောက်ဆန်အစီအရင်က သူ့၏ လစ်မစ်ကို ရောက်သွားပုံရပြီး ချက်ချင်းပင် ပြိုကွဲသွားလေသည်။


ပုစွန်ပိစိ၏ ခန္ဓာကိုယ်မှ ထုတ်လွင့်နေသော ရွှေရောင်အလင်းလွှာကလည်း တဖြေးဖြေး မှေးမှိန်းလာပြီးနောက် ပြယ်လွင့်သွားလေသည်။


ပုစွန်ပိစိ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကလည်း လှုပ်ခါလိုက်ကာ မြည်သံများဟအဆက်မပြတ် ထွက်ပေါ်လာပြီးနောက် နဂို သေးသေးပိစိဘဝသို့ ပြန်လည်ရောက်ရှိသွားကာ ဝှ်ိုက်တီ၏ ခေါင်းပြောင်ပြောင်ပေါ်၌ လဲလျောင်းနေလေသည်။


ပတ်ဝန်းကျင်၌ရှိနေသော သက်စောင့်ဆေး ဆိုင်များကလည်း လုံးဝ ပျက်စီးသွားပေပြီ။နန်ကုန်းရွှမ်ယင်က မြေပြင်ပေါ်မှနေ၍ တွားသွားထလာပြီး သူသွေးတစ်လုတ် အန်လိုက်ရသည်။သူ့၏။ အော်ရာများကလည်း အားနည်း မှိန်ဖျော့နေပေပြီ။


သို့သော် ကံကောင်းထောက်မစွာဖြင့် သူမသေသေးပေ။မျှော်လင့်ထားသည့်အတိုင်း

ပင် အဆင့်၂ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့်များက သန်မာလှပေသည်။

နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်က သွေးများစိုနစ်နေသည်။သူ အဆက်မပြတ် ချောင်းဆိုးလိုက်၏။


"မင်းတို့မှာ ဘယ်လို တိုက်ခိုက်မှု ဒါမှမဟုတ် ဘယ်လိုဝှက်ဖဲမျိုးမှ မရှိတော့ဘူးလား...ဘာလို့ ငါ့ကို ဆက်ပြီးမပစ်တော့တာလဲ...လာလေဆက်ပစ်စမ်းပါ..."


နန်ကုန်းရွှမ်ယင်က အနည်းငယ် ကြိုးစားရုန်းကန်ပြီးနောက် သေသေချာချာမတ်တပ်ရပ်လိုက်နိုင်သည်။ထို့နောက် သူက အံ့သြနေဟန်မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးကျယ်လောင်စွာ ရယ်မောလိုက်သည်။


တံခါးဘောင်ကို မှီ၍ ကြည့်နေသော ပုဖန်က မတုန်မလှုပ်ဖြင့် ဆက်၍ ကြည့်နေလေသည်။ပုစွန်ပိစိ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများက တဖြေးဖြေးမှိန်ဖျော့လာသည်။သို့သော်လည်း ရွှေရောင်အလွှာပါးက ဆက်လက်တည်ရှိနေတုန်းပင်ဖြစ်သည်။


ပုစွန်ပိစိက ပြန်လည် သေးကျုံ့သွားပြီးနောက် သူ့၏ စွမ်းအင်သက်ရောက်နိုင်စွမ်းကလည်း အားနည်းသွားသည်။သို့သော်လည်းလုံလောက်နေဆဲပင်ဖြစ်သည်။ဝှိုက်တီက သူ့၏ နောက်ကျောမှ သတ္တုတောင်ပံများကို ဖြန့်ကာလိုက်ပြီး အသံကဲ့သို့ လျှင်မြန်ခြင်းမျိူးဖြင့်နန်ကုန်းရွှမ်ယင်အရှေ့သို့ ရောက်လာသည်။


ထိုလူသား၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ဝှိုက်တီကို ခုခံကာကွယ်ရန် သူ့လက်က်ကို မြှောက်လိုက်သည်။


ဘန်း...ဘန်း...ဘန်း...


သူတို့နှစ်ယောက်လုံးစတင် လုံးထွေးသတ်ပုတ်ကြလေသည်။ဝှိုက်တီ၏ အပြင်းအထန်တိုက်ခိုက်မှုများကို နန်ကုန်းရွှမ်ယင်ရင်ဆိုင်ရန်မလွယ်ကူပေ။သူက ဒဏ်ရာရထားခဲ့သည်။သူ့၏ ဒဏ်ရာကလည်း ပြင်းထန်လှသောကြောင့် ဝှိုက်တီကို မခုခံနိုင်ကြောင်း သိလိုက်ရသည်။


သို့သော်လည်း သူ ဝှိုက်တီကို တားဆီးခြင်း မပြုနိုင်လျှင်ပင် သူမသေချင်သောကြောင့် ကြိုးစားခုခံရပေမည်။ဒေါသတကြီး အော်လိုက်ပြီးနောက် လက်သီးချက်ဖြင့် ဝှိုက်တီ၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုက ထိပ်တိုက်တွေ့ဆုံရာမှ ပတ်ဝန်းကျင်၌ စွမ်းအင်လှိုင်းများ မြင့်တက်သွားလေသည်။


သူ့၏ မျက်ဝန်းမှ အလင်းတစ်ချက်တောက်ပသွားသည်။သူ နန်ကုန်းရွှမ်ယင်ကို အဆက်အပြတ် ထိုးနှက်နေမှုကို ရပ်တန့်လိုက်ပြီးနောက် လက်ကို လျှင်မြန်စွာ လှုပ်ရှားကာ သူ့၏ အင်္ကျီကော်လံကို ဆွဲကိုင်လိုက်သည်။ထို့နောက် မြေပြင်ပေါ်သို့ အားပြင်းပြင်းဖြင့် ပစ်ပေါက်လိုက်လေသည်။


ထိုအားကြောင့် ကျောက်တုံးများပင် ကွဲကြေ၍ လေထဲသို့ ပျံတက်သွားကာ သူ့အပေါ်သို့ မိုးရွာသလို ပြန်ပြုတ်ကျလာပေသည်။မြေပြင်က သိမ့်သိမ့်တုန်ခါသွားပြီး ဝှ်ိုက်တီ၏ တိုက်ခိုက်မှုကြောင့် ထက်ခြမ်းကွဲသွားလေသည်။


မြူကောင်းကင်မြို့၏ ကာကွယ်ရေးမှော်အစီအရင်ပင် အချိန်မီပြန်လည် မပြုပြင်နိုင်တော့ပေ။နန်ကုန်းရွှမ်ယင်က မြေပြင်၌ ခွေးသေကောင်တစ်ကောင်ကဲ့သို့ လဲကျနေသည်။သူအနည်းငယ်မျှပင် လှုပ်ရှားမှု မပြုလုပ်နိုင်တော့ပေ။ဝှိုက်တီက သူ့၏ တောင်ပံများကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး မြေပြင်ပေါ်၌ မတ်တပ်ရပ်လိုက်သည်။


"မင်းငါ့ကို မသတ်နိုင်ဘူး...မင်းငါ့ကို သတ်လို့မရဘူး...အဟွတ်....အဟွတ်...."


နန်ကုန်းရွှမ်ယင်က အဆက်မပြတ်သွေးချောင်းဆိုးလိုက်ပြီးနောက် မြေပြင်ပေါ်မှ ပြန်လည်ထရပ်လိုက်သည်။ထို့နောက် သူ့လက်ထဲမှ သက်စောင့်ဆေးကို စားသုံးလိုက်သည်။


ထိုသက်စောင့်ဆေးက စိမ်းပြာရောင်အရောင်ရှိသည့် ဆေးလုံးဖြစ်သည်။မထင်မှတ်ထားစွာပင် သူ့၏ အော်ရာများက နောက်တစ်ကြိမ် ပြန်လည် ပြည့်တင်းလာသည်။သူက ဝှိုက်တီ ၊ ပုစွန်ပိစိနှင့် ပုဖန်တို့ကို ရူးသွပ်စွာ ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။


"ဒီအဆင့်၂ သက်စောင့်ဆေး ငါလက်ထဲမှာ ရှိနေမှတော့ မင်းတို့ငါ့ကို မသတ်နိုင်ဘူး..."


တကယ်တမ်းတွင် ထိုအဖိုးတန်သက်စောင့်ဆေးကို စားသုံးလိုက်ရသည့်အတွက် သူ အနည်းငယ် စိတ်ထိခိုက်နေမိသည်။နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်မှ စွမ်းအင်များ တဖြေးဖြေးပြန်လည် မြင့်တက်လာပြီး စွမ်းအင်လှိုင်းများ အဖက်ဖက်သို့ ရိုက်ခတ်သွားလေသည်။သူ့၏ အော်ရာများက ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။


ဝှိုက်တီ၏ မျက်ဝန်းများက တဖျတ်ဖျတ် တောက်ပလာသကဲ့သို့ သူ့ခန္ဓာကိုယ်မှ အော်ရာများကလည်း သိပ်သည်းလာသည်။ဝှိုက်တီ၏ ခေါင်းပေါ်၌ လှဲနေသော ပုစွန်ပိစိက ထရပ်လိုက်ပြီး သူ့၏ မျက်ဝန်းများကို လည်လိုက်၍ နန်ကုန်းရွှမ်ယင်ကို စိုက်ကြည့်လိုက်သည်။


အော်မြည်သံတစ်ခု ထွက်ပေါ်လာပြီး တောက်ပလှသော ရွှေရောင်အလင်းတန်းက နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားသောကြောင့် သူ့၏ ရယ်သံများ ရုတ်တရက် ရပ်တန့်သွားလေသည်။


ပုစွန်ပိစိက လေထဲ၌ သူ့၏ မြောက်များလှစွာသော ခြေထောက်လေးများကို အဆက်မပြတ်လှုပ်ရမ်းနေသည်။ထိုမှ ထွက်ပေါ်လာသော အလင်းတန်းများက မြောက်များလှစွာသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသလို ထင်လိုက်ရပြီး နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်ကို အားဖြင့် ထိုးဖောက်သွားလေသည်။


ခဏအတွင်းမှာပင် နန်ကုန်းရွှမ်ယင်၏ ခန္ဓာကိုယ်က အကြိမိပေါင်းများစွာ ထိုးဖောက်ခံလိုက်ရပြီး ဇကာပေါက်ကဲ့သို့ ဖြစ်လာလေသည်။