အပိုင်း ၄၄၇
Viewers 62k

အခန်း ၄၄၇

ငါ...လျှို့ဝှက်နယ်ပယ်ရဲ့ ဝေစုတခု လိုချင်တယ်...


"ရွှမ်ယင် သေပြီ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...ဟိုမျိုးမစစ်လေး နန်ကုန်းဝူချယ်က သူ့ကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ..."


နန်ကုန်းရွှမ်ယင်က သူ့ကိုယ်သူပင် မထိန်းချုပ်နိူင်ပဲ အော်ရာများက်ို ထုတ်လွင့်လိုက်မိသည်။ကြောက်မက်ဖွယ်ကောင်းလောက်သော အော်ရာများကြောင့် ပတ်ဝန်းကျင်၌ လေတိုးသံများပင် မြည်လာလေသည်။


ရှေးဟောင်းရှုရမြို့တော်မှ ပညာရှင် နှစ်ယောက်က မတုန်မလှုပ်အမူအရာဖြင့်ပင် ကြည့်နေကြသည်။သူတို့က နန်ကုန်းရွှမ်ဟယ်ကို ကြည့်ရင်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။သူတို့၏ အပြုံးက လှောင်ပြောင်မှု ဆက်နေလေသည်။


သို့သော်လည်း လက်ရှိအခ်ျိန်၌ နန်ကုန်းရွှမ်ဟယ်က ထိုသူနှစ်ယောက်ကို အာရုံမစိုက်နိုင်ပေ။သူ့၏ စိတ်ထဲ၌ ရှုပ်ထွေးနေပြီဖြစ်သည်။ရွှမ်ယင် သေသွားလေပြီ။နန်ကုန်းရွှမ်ယင်က သူ့၏ ညီငယ်လေးဖြစ်သည်။


"သူက ဘယ်လိုလုပ်ပြီး ဒီလိုသေဆုံးသွားရတာလဲ..."


ထိုအကြောင်းကိုပိုတွေးလေလေ သူဒေါသပိုထွက်လာလေလေပင် ဖြစ်သည်။နောက်ဆုံး၌ သူ့၏ ဒေါသများ ပေါက်ကွဲလုနီးပါးဖြစ်ပြီး သူ ဟစ်အော်လိုက်သည်။နန်ကုန်းရွှမ်ဟယ်၏ မျက်ဝန်းများက နီရဲနေသည်။သူက သတင်းလာပေးသောသူကို ရက်စက်မှုပြည့်နေသော မျက်ဝန်းများဖြင့် ကြီးစိုးစိုက်ကြည့်လိုက်သည်။


နန်ကုန်းရွှမ်ဟယ်၏ အော်သံကြောင့် အစောင့်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ထိုအခြေအနေကိုကြည့်၍ နန်ကုန်းရွှမ်ဟယ်ကို သူ မည်မျှပင် ကြောက်ရွံ့ကြောင်း သိနိုင်ပေသည်။နန်ကုန်းမိသားစုတစ်ခုလုံးကို နန်ကုန်းရွှမ်ဟယ်က လုယူလိုက်ခြင်းဖြစ်သည်။ထိုအချက်ကပင် သူမည်မျှကြောက်စရာကောင်းကြောင်းသိသာပေသည်။အစောင့်က နန်ကုန်းရွှမ်ဟယ်၏ ဒေါသများနှင့် ရင်မဆ်ိုင်ချင်ပေ။


"အဲ့ဒါက စားသောက်ဆိုင်လေး တစ်ဆိုင်ပါ...ဒုတိယအကြီးအကဲက စားသောက်ဆိုင်နားမှာ ပျောက်ကွယ်သွားတာ...ဒုတိယအကြီးအကဲရဲ့ အလောင်းကလွဲရင် တစ်ခြားသူတွေအားလုံးကို ငါတို့ ရှာတွေ့ထားပါတယ်..."


ထိုအစောင့်က တုန်တုန်ယင်ယင်နှင့်ပင် ပြောလိုက်သည်။


"စားသောက်ဆိုင်တစ်ဆိုင်..."


နန်ကုန်းရွှမ်ဟယ်က သူ့၏ ဒေါသများကို ထိန်းချုပ်ဖိနှိမ့်လ်ိုက်ပြီး အစောင့်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။


"စားသောက်ဆိုင်တစ်ဆိုင်ကြောင့်ဆိုတာ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ...မြူကောင်းကင်မြို့ထဲမှာ စားသောက်ဆိုင်နဲ့တူတဲ့ ဆိုင်ရှိသေးလို့လား..."


မဖြစ်နိုင်ပေ။အကယ်၍ စားသောက်ဆိုင်တစ်ဆိုင်ရှိမည်ဆိုလျှင် အသက်မသေရုံ ရှင်ကျန်နေသော ဆိုင်သာဖြစ်ပေလိမ့်မည်။ရသာမျိုးစုံ အဆာခံဆေးလုံးများ ရောင်းချနေသည့် မြူကောင်းကင်မြို့ထဲ၌ စားသောက်ဆိုင်တစ်ဆိုင် မည်ကဲ့သို့ တည်ရှိပာမည်နည်း။


ထို့အပြင် ထိုစားသောက်ဆိုင်က နန်ကုန်းမိသားစု အလိုရှိနေသော ရာဇဝတ်သားကိုပင် ကာကွယ်ပေးနိုင်သော သတ္တိရှိနေပေသည်။ထိုကိစ္စကို လုံးဝ ခွင့်မလွှတ်နိုင်ပေ။နန်ကုန်းရွှမ်ဟယ်က ဒေါသတရားကြောင့်သူ့၏ ခန္ဓာကိုယ်မှ ကမ္ဘာ့ဖိအားများပင် ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံး ပြည့်နှက်သွားလေသည်။


နန်ကုန်းရွှမ်ဟယ်က အဆင့်၂ဆင့် ချိုးဖျက်ပြီးသည့်အပြင် တတိယအဆင့်ကိုပင် ချိုးဖျက် ခံနီးအခြေနေသို့ ရောက်နေသူတစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူ့၏ ကျင့်ကြံမှုအဆင့်က အလွန်ခိုင်မာလှသည်။


သူထုတ်လွင့်လိုက်သော အော်ရာများက ကြောက်မက်ဖွယ်ကောင်းလှသည်။ပတ်ဝန်းကျင်၌ ရှိနေကြသော သူများအားလုံးက ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားကြသည်။


သို့သော်လည်း ရှေးဟောင်းရှုရမြို့တော်မှ ပညာရှင်နှစ်ယောက်ကမူ သက်သောင့်သက်သာပင် ရှိနေသေးသည်။သူတို့ကလည်း စွမ်းအားမြင့်သည့်သူများဖြစ်ကြသည်။ထို့ကြောင့် နန်ကုန်းရွှမ်ဟယ်၏ အော်ရာများနှင့် ရင်ဆိုင် ရသည့်အချိန်နှင့် အနည်းငယ်သာ မျက်မှောင်ကြုတ်လိုက်မိသည်။


"အဆင့်မြင့်အကြီးအကဲ ရွှမ်ဟယ် ကြည့်ရတာတော့ အခုချိန်မှာ ခင်ဗျား ပြဿနာတွေရှိနေပုံပါပဲ ဒီတော့ ကျုပ်တို့ အရင်ဆုံးပြန်လိုက်ပါဦးမယ်...ခင်ဗျားကျုပ်တို့ကို ကတိပေးခဲ့တာကိုတော့ သတိရပါ...မနက်ဖြန်ကျမှ တွေ့ကြတာပေါ့..."


မီရှက မတ်တပ်ထရပ်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ထို့နောက် သူ့၏ အဖော်နှင့်အတူ အခန်းထဲမှ ထွက်သွားကြသည် ။အပြင်ကို ရောက်သည်နှင့် မီရှ၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားသည်။သူခပ်တိုးတိုးရယ်မောလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားလေသည်။


......


နောက်တစ်နေ့....


 တိမ်ခိုးစားသောက်ဆိုင်...


ကောင်းကင်က အလင်းရောင်များ ပြန်လည် ပိုင်ဆိုင်လာပြီးနောက် မြောက်များလှစွာသော နေရောင်ခြည်လေးများက စားသောက်ဆိုင် နံရံပေါ်သို့ ထိုးကျလာသည်။


အလင်းရောင်ခြည်များက သွေးများပေပွနေဆဲဖြစ်သည့် နန်ကုန်းဝူချယ်၏ မျက်နာပေါ်သို့ ကျရောက်လာသည်။သူ့၏ မျက်နာပေါ်က ကြွက်သားများက အနည်းငယ် လှုပ်ရှားလာလေသည်။သူ ဖြေးဖြေးချင်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး မျက်ဝန်းအမြင်ကို မျက်တောင်ခတ်၍ ရှင်းလိုက်သည်။


"ငါဘယ်ရောက်နေတာလဲ...ငါမသေသေးဘူးလား..."


ရုတ်တရက် သူ့ခါးဆီမှ စူးရှလှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။နန်ကုန်းဝူချယ် အသက်ရှုပင် မှားယွင်းသွားပြီး လေအေးများ ရှုရှိုက်လိုက်မိသည်။ထို ခွေးအိုကြီး နန်ကုန်းရွှမ်ယင်၏ တိုက်ခိုက်မှုက အလွန်ရက်စက်ကြမ်းကြုတ်လွန်းလှသည်။


ထိုခွေးအိုကြီးက အမျိုးသားတစ်ယောက်၏ ခါးကို ပြင်းထန်စွာပင် ကန်ခဲ့သည်။ကြည့်ရသည်မှာ ထိုခွေးအိုကြီးက သူ့၏ အသက်ကို တကယ်လိုချင်နေပုံရသည်။


"ငါဘယ်ရောက်နေတာလဲ..."


နန်ကုန်းဝူချယ် အပြည့်အဝနိုးထလာပြီးနောက် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။သူ အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး မျက်မှောင်ကြုတ်လိုက်မိသည်။မိန်းမပျိုလေးတစ်ယောက်၏ အမွှေးနံ့များ ရစ်ဝဲနေဆဲဖြစ်သော သန့်ရှင်းသပ်ရပ်သည့် အမျိုးသမီးခန်း တစ်ခုအတွင်း၌ သူရောက်နေပေသည်။


နန်ကုန်းဝူချယ် အိပ်ယာမှ ထထိုင်လိုက်သည်။သူ့၏ ဒဏ်ရာများက အားလုံးနီးပါး ပြန်လည် သက်သာနေပေပြီ။သို့သော်လည်းနန်ကုန်းဝူချယ်က သူ့၏ သိုလှောင်နယ်မြေထဲမှ သက်စောင့်ဆေးကို ထုတ်၍ စားလိုက်သေးသည်။


သူ့၏ အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး သက်စောင့်ဆေးကို ချေဖျက်လိုက်သည်။ထို့နောက်သူ့၏ ပတ်ဝန်းကျင်ကို စိတ်အားထက်သန်စွာဖြင့် စူးစမ်းကြည့်လိုက်သည်။ထို့နောက် သူ့၏ အမူအရာက တဖြေးဖြေးမဲမှောင်သွားလေသည်။ဒီနေရာက အမျိုးသမီးအခန်းတစ်ခုပဲ ဖြစ်ရပေမည်။


အခန်းတစ်ခုလုံးတွင် ပန်းရောင် အဖုံးကာလေးများဖြင့် ပြည့်နှက်နေပြီး အံ့သြလောက်စရာ သင်းပျံ့မွှေးကြိုင်သည့် ရနံ့များ ပြည့်နှက်နေသည်။ဒီအခန်းက အလွန်တရာလှပပြီး ဉာဏ်ရည်မြင့်မားလှသောအမျိုးသမီးတစ်ယောက်၏ အခန်းဖြစ်ကြောင်းကို သူခန့်မှန်းနိုင်လေသည်။


သို့သော်လည်းမည်သူ အခန်းဖြစ်မည်မှန်း သူမသိပေ။


နန်ကုန်းဝူချယ်ကသူ ပိုင်ရှင်ပု၏ ဆိုင်အပြင်ဘက်၌ လဲကျသွားသည်ကိုတော့ ရှင်းရှင်းလင်းလင်း သူမှတ်မိနေသည်။


"အဲ့ဒါဆိုတော့ ဒါ ဒါက ပိုင်ရှင်ပုရဲ့ အမျိုးသမီးအသုံးဆောင် အခန်းများ ဖြစ်နေမလား..."


ရှူး....ရှူး....


နန်ကုန်းဝူချယ်က လေအေးများ အလောတကြီး ရှုရှိုက်လိုက်သည်။သူ့၏ မျက်ဝန်းများကလည်း မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်နေသည်။ပိုင်ရှင်ပုက အပျိုစင် မိန်းမငယ်လေး၏ နှလုံးသားမျိုး ပိုင်ဆိုင်ထားပေသည်။လူတစ်ယောက်၏ အပြင်ပန်း ပုံသဏ္ဍာန်ကိုကြည့်၍ စောစီးစွာအကဲ မဖြတ်သင့်ကြောင်း သူခံစားလိုက်မိသည်။


နန်ကုန်းဝူချယ်၏ စိတ်ထဲ၌ ပုဖန်က မျက်နာထားတည်တည်ဖြင့် ပန်းရောင်အိပ်ယာပေါ်၌ထိုင်နေသော မြင်ကွင်းပေါ်လာလေသည်။ထိုမြင်ကွင်းက တကယ့်ကို ထူးဆန်းနေပေသည်။လေထုပင် ထူးဆန်းလာသလို ခံစားရပြီး နန်ကုန်းဝူချယ် ကြက်သီးထစွာဖြင့် ပုခုံးများတွန့်လိုက်မိသည်။


နန်ကုန်းဝူချယ်က ထိုအတွေးကို မောင်းထုတ်နေစဉ်မှာပင် အခန်းတံခါးက ဖြေးညှင်းစွာ ပွင့်လာလေသည်။လူတစ်ယောက် အခန်းထဲသို့ ဖြေးညှင်းစွာ လျှောက်ဝင်လာသည်။


"မင်းနိုးလာပြီလား..."


ပုဖန်က အေးဆေးစွာ မေးလိုက်သည်။နန်ကုန်းဝူချယ်က မျက်လုံးပြူးများဖြင့် ခေါင်းညိတ်တုံ့ပြန်လိုက်သည်။သို့သော် သူအနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။


နန်ကုန်းဝူချယ်၏ အမူအရာကြောင့် ပုဖန် အူကြောင်ကြောင်ဖြစ်သွားသည်။နန်ကုန်းဝူချယ်က တစ်စုံတစ်ရာမှားယွင်းနေသည်ဟု သူခံစားလိုက်မိသည်။


"နန်ကုန်းဝူချယ်က ခါးကို အကန်ခံလိုက်ရတာနဲ့ ခေါင်းထိသွားတာလား...အခု သူဦးနှောက်ပျက်သွားပြီလား..."


တစ်စုံတစ်ရာ လွဲနေသည်ဟု သူခံစားလိုက်ရသော်လည်း ထိုအကြောင်းကို ဆက်မတွေးတော့ပေ။


"ထားလိုက်ပါတော့...ဘယ်သူက ဂရုစိုက်နေမှာလဲ...အခုမင်းနိုးလာပြီဆိုရင် အောက်ကို မြန်မြန်ဆင်းခဲ့တော့...ငါမင်းနဲ့ ဆွေးနွေးစရာရှိတယ်..."


ပုဖန်က နန်ကုန်းဝူချယ်ကို ပြောလိုက်ပြီးသည်နှင့် အခန်းထဲမှ လှည့်ထွက်သွားလိုက်သည်။အခန်းနံရံကို မှီနေသော နန်ကုန်းဝူချယ်က ပုဖန်ထွက်သွားသည်ကို မြင်မှသာလျှင် သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။


သူစိတ်ထဲ၌ အနည်းငယ်လည်းတင်းကျပ်နေလေသည်။ပုဖန်က ထိုကဲ့သို့ သူမျိုးဟု တစ်ခါမှမတွေးခဲ့ဖူးပေ။ထို့နောက် သူ အခန်းထဲ၌ပင် ရေအနည်းငယ်နှင့် ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်လိုက်သည်။ဆေးကြောပြီးနောက် အခန်းထဲမှ အပေါ်ပိုင်း ကိုယ်ဗလာဖြင့်ပင် လျှောက်ထွက်လာလိုက်သည်။


သူ့၏ သိုလှောင်ပစ္စည်းထဲ၌ အဝတ်အစားအပို မပြင်ဆင်ထားမိသောကြောင့် အနည်းငယ် ကသိကအောင့်ဖြစ်နေမိသည်။သို့သော်လည်းသူ အခန်းပြင်ရောက်သည်နှင့် ပုဖန်က သူဆီသို့ အဝတ်တစ်စုံ ပစ်ပေးလာလေသည်။


ထိုအဝတ်အစားက သူနှင့် ပွနေပေသည်။ သူဝတ်လိုက်ပြီးသည့်နောက် ရင်ဘတ်က လျောကျနေပြီး သူ့၏ ဖြူဖွေးသော အသားအရည်များကို လှစ်ဟပြသလို ဖြစ်နေပေသည်။


နန်ကုန်းဝူချယ် အသက်ပင် အောင့်ထားလိုက်မိပြီး ပုဖန်ကို ဂရူတစိုက်ဖြင့် အကဲခတ် ကြည့်လိုက်သည်။သူက ပုဖန်အပေါ်၌ သတိအပြည့် ထားထားပေသည်။


ပုဖန်၏အမူအရာက ပြောင်းလဲသွားသည်။နန်ကုန်းဝူချယ်၏ အကြည့်များက ထူးဆန်းနေသည်ဟု သူထင်မိလေသည်။


"ဘာဖြစ်နေတာလဲ..."


ပုဖန်က အေးဆေးစွာ မေးလိုက်သည်။


"ဘာ...ဘာမှမဖြစ်ဘူး..."


နန်ကုန်းဝူချယ်က ခောင်းကို တည့်တည့်မတ်မတ်ပြန်ထားလိုက်ပြီး ပြန်ဖြေလိုက်၏။သူ့၏ မျက်ဝန်းများကို ကျယ်ကျယ်ဖွင့်ထားပြီး ပုဖန်ကို စူးစိုက်ကြည့်နေတုန်းဖြစ်သည်။


"ဘာမှ မဖြစ်ဘူးဆိုရင်လည်းအောက်ဆင်းကြမယ်..."


ပုဖန်က နန်ကုန်းဝူချယ်ကို စိတ်အနှောင့်အယှက်မဖြစ်နေတော့ပေ။သူအာရုံစိုက်မနေတော့ပဲ မီးဖိုချောင်ဘက်သို့ တန်းဝင်သွားလိုက်သည်။ပုဖန်က သူ့၏ ရှေ့မှ ခဏချင်းမှာပင် ပျောက်ကွယ်သွားလေသည်။နန်ကုန်းဝူချယ်လည်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ရင်ဘတ်ဟိုက်လွန်းသည့် ဝတ်စုံဖြင့်ပင် အောက်ထပ်သို့ ဆင်းလာလိုက်သည်။အောက်ထပ်သို့ ရောက်သည့်အချိန်မှာပင် မီးဖိုချောင်းဘက်ဆီမှ မွှေးရနံ့များ လွင့်ပြယ်လာလေသည်။


မွှေးရနံ့များက အလွန်ပင် သိပ်သည်း ကြွယ်ဝလှသည်။နန်ကုန်းဝူချယ်က ထိုမွှေးရနံ့များက်ို ရှုရှိုက်လိုက်မိသည်နှင့် သူ့၏ နှလုံးသားပင် တုန်ယင်သွားလေသည်။


"ဒါက နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်လား..."


သူထင်ထားသည့် အတိုင်းပင် စားသောက်ခန်းထဲသို့ လျှောက်သွားလိုက်သည့်အခါ၌ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ပွဲကို တွေ့လိုက်ရသည်။


"စား...နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်က မင်းရဲ့ ဒဏ်ရာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းစေလိမ့်မယ်...မင်းရဲ့ ဒဏ်ရာတွေ သက်သာပျောက်ကင်းအောင်လို့ စောင့်နေဖို့ အချိန်အကြာကြီး မရှိဘူး...ဒါပေမယ့် ဒီစွပ်ပြုတ်ပွဲအတွက် ပိုက်ဆံပေးရမယ်နော်..."


နန်ကုန်းဝူချယ်လည်းလျှင်မြန်စွာပင် ခေါင်းညိတ်လိုက်ပြပြီးနောက် စားပွဲခုံမှာ ဝင်ထိုင်လိုက်သည်။ထို့နောက် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကို ပလုတ်ပလောင်း စတင်စားသောက်တော့သည်။


နန်ကုန်းဝူချယ်က စွပ်ပြုတ်တစ်ပွဲလုံးကို အငမ်းမရ စားသုံးနေသောကြောင့် သူ့၏ ပါးစပ်ထောင့်စွန်းမှပင် ဆီများ စီးကျနေသည်။ပုဖန်က ခုံတစ်ခုံကို ဆွဲယူ၍ နန်ကုန်းဝူချယ်၏ ဘေးနား၌ ဝင်ထိုင်လိုက်ကာ သူ့မျက်နာကို မလွှဲတမ်းကြည့်နေလိုက်သည်။


ဒီအကြည့်က...


နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ပုဖန်ဘက်သို့ အလျှင်အမြန် လှည့်ကြည့်လိုက်သည်။သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ့၏ သတိများကလည်းနိုးနိုးကြွကြွ ဖြစ်လာသည်။


"ပိုင်ရှင်ပု မင်းဘာလို့ ငါ့ကို အဲ့ဒီလို ကြည့်နေတာလဲ..."


ပါးစပ်ထဲမှ ရှိနေသောအသားပိုင်းကို ကမန်ကတမ်းမြိုချပြီး မေးခွန်းထုတ်လိုက်သည်။


"မင်းရဲ့ နန်ကုန်းမိသားစုမှာ လျှို့ဝှက်နယ်ပယ်အတွက် ဝေစုရှိတယ်မဟုတ်လား..."


ပုဖန်က တည်ငြိမ်လေးနက်သော မျက်နာထားဖြင့် မေးလိုက်သည်။နန်ကုန်းဝူချယ် အံ့အားသင့်သွားသည်။ပုဖန် ထိုမေးခွန်းမျိုး မေးလာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ဒါက သူထင်ထားသည်နှင့် တစ်ခြားစီ ဖြစ်နေလေသည်။


"အရင်တုန်းကတော့ ဟုတ်တယ်...နန်ကုန်းမိသားစုက မြူကောင်းကင်မြို့ထဲမှာ လေးစားခံမိသားစုတစ်ခုပဲ...လျှို့ဝှက်နယ်ပယ်ကို ဝင်နိုင်တဲ့ တည်နေရာ ရွှေ့ပြောင်း အစီအရင်အားလုံးကိုပဲ ငါတို့မိသားစုက ထိန်းချုပ်ထားတယ်...ဒါကြောင့်ပဲ ငါတို့မှာ လျှို့ဝှက်နယ်ပယ်ကို ဝင်နိုင်ဖို့ အတွက် ဝေစုရထားတာ ...ဒါပေမယ့် ငါတို့မှာလည်း ဝေစုနှစ်ခုပဲ ရှိတယ်...ဒါပေမယ့် အဲ့ဒီနှစ်ခုကလည်း မိသားစု ခေါင်းဆောင်အတွက်ပဲ...သူကပဲ အဲ့ဒီနေရာနှစ်နေရာအတွက် စီရင်ပိုင်ခွင့်ရှိတယ်..."


နန်ကုန်းဝူချယ်က သက်ပြင်းအသာချရင်း ပြန်ပြောလိုက်သည်။နန်ကုန်းမိသားစုအကြောင်းပြောလိုက်သည်နှင့် သူ့နှလုံးသားထဲ၌ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်သွားလေသည်။


"ငါ လျှို့ဝှက်နယ်မြေထဲ ဝင်မယ့် နေရာတစ်နေရာ လိုချင်တယ်..."


ပုဖန်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။


ဖူး....


ပုဖန်၏ စကားကြောင့် နန်ကုန်းဝူချယ် ပါးစပ်ထဲမှ အသားများကိုပင် တွေးထုတ်လိုက်မိသည်။


"ဘော်ဒါပု ပြဿနာမရှာစမ်းပါနဲ့...မင်းရဲ့ ကျင့်ကြံစဉ် အဆင့်က အရမ်းအားနည်းနေတယ်..."


နန်ကုန်းဝူချယ်က အလျှင်အမြန်ပင် အကြံပြု ပြောလိုက်သည်။လျှို့ဝှက်နယ်ပယ်သို့ ဝင်ရောက်သည့်သူများက အနည်းဆုံးအနေနှင့် အထွဋ်အထိပ်အဆင့် အတားအဆီးကို တစ်ကြိမ် ချိုးဖျက်ပြီးသည့် နတ်ဘုရားနယ်ပယ်အဆင့်ရှိသူများသာ ဖြစ်ရပေမည်။


ပုဖန်ကဲ့သို့ အဆင့် ၈ စစ်နတ်ဘုရားတစ်ပါးက လျှို့ဝှက်နယ်ပယ်သို့ ဝင်ရောက်ရန် အရည်အချည်းမပြည့်မှီပေ။သူ့၏ အဆင့်နှင့်ဆိုလျှင် လျှို့ဝှက်နယ်ပယ်၏ ဝင်ပေါက်ကိုပင် ကျော်ဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။


"မင်းက နန်ကုန်းမိသားစုရဲ့ ဆက်ခံသူမဟုတ်လား...မင်းတို့မှာ ဝေစုနှစ်နေရာ ရှိတယ်ဆိုမှတော့ ငါ့ကို မင်းနဲ့အတူခေါ်သွားလိုက်..."


နန်ကုန်းဝူချယ်က စွပ်ပြုတ်တစ်ငုံသောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။ထို့နောက် သူခေါင်းခါယမ်းပြလိုက်သည်။


"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...မင်းရဲ့ အသက်ကို နှမြောမရှိ လွှတ်ပစ်တာမျိုး ငါခွင့်မပြုနိုင်ဘူး ပြီးတော့ မင်းက ငါ့ရဲ့ အသက်ကို ကယ်လိုက်ပြီဆိုမှတော့ ထိုခွေးအိုကြီးနန်ကုန်းရွှမ်ဟယ်က မင်းကို သေချာပေါက် တိုက်ခိုက်လိုက်မယ်...တကယ်လို့ လျှို့ဝှက်နယ်ပယ်ထဲကိုသာ ငါနဲ့အတူ ဝင်မယ်ဆိုရင် ခွေးအိုကြီးကမင်းကို လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး...ပြီးတော့ ထပ်ပြောရမယ်ဆိုရင် မင်းရဲ့ စွမ်းအင်အဆင့်က အားနည်းနေတယ်..."


ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။နန်ကုန်းဝူချယ်က သူ့ကို လျှို့ဝှက်နယ်ပယ် ခေါ်သွားဖို့ရန်အတွက် ခိုင်ခိုင်မာမာ ငြင်းဆိုနေသည်ကို မြင်လိုက်ရသောအခါ၌ သူအံ့အားသင့်သွားမိသည်။


စနစ်ပေးထားသည့် မစ်ရှင်ကြောင့်သာမဟုတ်လျှင် သူကလည်း လျှို့ဝှက်နယ်ပယ်ထဲသို့ သွားချင်လိမ့်မည်မဟုတ်ပေ။


ပုဖန်၏ ပျင်းရိတက်သော အကျင့်နှင့်ဆိုလျှင် ခုံတစ်ခုံ ဆွဲယူကာ ဆိုင်ရှေ့၌သာနေပူဆာလှုံရင်း ထိုင်နေပေလိမ့်မည်။ဒါက လျှို့ဝှက်နယ်ပယ်ထဲ ဝင်ရသည်ထက် ပို၍ သက်သောင့်သက်သာရှိပေသည်။


ယာယီမစ်ရှင်။ ။ တိမ်ပင်လယ် လျှို့ဝှက်နယ်ပယ်ထဲသို့ ဝင်ရောက်၍ ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်၏ ပါဝင်ပစ္စည်းကို ရယူပါ...စိတ်ဝိညာဉ်ဆေးပင် နဂါးအရိုး မြက်ကို ရယူပါ...


မစ်ရှင်ဆု ။ ။ စွမ်းအင်တိုးတက်ပြောင်းလဲမှု ၂၀ %


ဒါက မနေ့ကမှ စနစ်သူ့ကိုထုတ်ပေးခဲ့သည့် မစ်ရှင်အသစ်ဖြစ်သည်။နန်ကုန်းဝူချယ်ကို ယန်မိန်ကျီ၏ အခန်း၌ ပစ်ထည့်လိုက်သည့်အချိန်၌ပင် ထိုမစ်ရှင်ထွက်လာခြင်းဖြစ်၏။


"အဲ့ဒီလျှို့ဝှက်နယ်မြေထဲဝင်ဖို့အတွက် ခွန်အားက မဖြစ်မနေလိုအပ်တာလား..."


"ဒါပေါ့ဟ...အဲ့ဒီလိုမှမဟုတ်ရင် မင်း လျှို့ဝှက်နယ်မြေထဲ ဝင်တဲ့အခါ မတော်တဆ အန္တရာယ်တွေနဲ့ တွေ့ဆုံနေမှာပေါ့..."


ထိုအချိန်၌ နန်ကုန်းဝူချယ်က ပြန်လည်၍ စိတ်တည်ငြိမ်သွားပြီဖြစ်သည်။သူကပုဖန်ကို ကူညီမဲ့စွာဖြင့် တုံ့ပြန်လိုက်သည်။သူကတော့ လျှို့ဝှက်နယ်မြေထဲသို့ ကျိန်းသေပေါက် သွားရပေမည်။သို့သော်လည်း ပိုင်ရှင်ပုကို သူနှင့် ခေါ်သွားလိမ့်မည်မဟုတ်ပေ။


သူ့ဒဏ်ရာများ အားလုံးနီးပါး ပြန်လည် သက်သာသွားပြီးနောက် သူရရှိထားသည့် ဝေစုနေရာကို ကျိန်းသေပေါက် ပြန်လည် ရယူရပေမည်။


နန်ကုန်းမိသားစု၏ ခေါင်းဆောင်က သေဆုံးသွားပြီ ဖြစ်သောကြောင့် လျှို့ဝှက်နယ်ပယ်ထဲသို့ ဝင်ရမည့် ဝေစုက ဆက်ခံသူ သူ့ဆီသို့ အလိုအလျောက်ရောက်လာပေသည်။ထို့ကြောင့် ဝေစုများက အခုသူ့အပိုင်ဖြစ်သွားပေပြီ။


"ဆိုတော့ ငါသာလုံလုံလောက်လောက်သန်မာမယ်ဆိုရင် အားလုံး အဆင်ပြေသွားပြီပေါ့..."


ပုဖန်က ခပ်တည်တည်ဖြင့်ပင် ထပ်မေးလိုက်သည်။နန်ကုန်းဝူချယ်က ပုဖန်၏ အမူအရာကြောင့် အနည်းငယ်ပင် ကြောက်ရွံ့သွားမိသည်။သူခပ်သာသာပင် ခေါင်းညိတ်ပြလိုက်၏။ပုဖန်က သူ့ တုံ့ပြန်ချက်ကို ရသည်နှင့် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။


"အဲ့ဒီတော့ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်အတွက် ကျသင့်ငွေကို ပေးတော့..."


ပုဖန်က မတ်တပ်ရပ်ရင်းပြောလိုက်သည်။နန်ကုန်းဝူချယ်လည်း ကြောင်အသွားသည်။


"ငါစားလို့တောင် မပြီးသေးဘူးလေ..."


သို့သော်လည်း သူက ပုဖန်၏ တောင်းဆိုမှုကို စိတ်အနှောင့်အယှက်ဖြစ်မနေပေ။သူ့၌ တခြားအရာများ များများစားစား မရှိသော်လည်း သလင်းကျောက်များကတော့ ဘုံးပလအော များပြားလှပေသည်။


သူက သလင်းကျောက်အများအပြားကိုသာ သူနှင့်အတူ ယူဆောင်လာခြင်းဖြစ်သည့်အတွက် ပုဖန်ကို တိုက်ရိုက်ပင် ကျသင့်ငွေ ပေးချေနိုင်ပေသည်။နန်ကုန်းဝူချယ်က သလင်းကျောက်တစ်ပုံကို ထုတ်ယူ၍ ပုဖန်ကိုပေးလိုက်သည်။ပုဖန်က ထိုသလင်းကျောက်များကို လက်ခံလိုက်သည်နှင့်သူ့၏ စိတ်ထဲ၌ စနစ်၏ အသံ ထွက်ပေါ်လာသည်။


"ဂုဏ်ယူပါတယ် ပိုင်ရှင်... ပြောင်းလဲဖို့အတွက် သတ်မှတ်တဲ့ ပမာဏ ပြည့်မှီသွားပါပြီ ...အခုပဲ အဆင့်မြင့်တင်ခြင်းကို စတင်ပါတော့မယ်..."