အပိုင်း ၄၄၈
Viewers 53k

အခန်း ၄၄၈

တန်ခိုးရှင် ပိုင်ရှင်ပု...


ပိုင်ရှင်ပုဖန်


အစစ်အမှန် စွမ်းအင်ကျင့်ကြံစဉ်အဆင့် ။ ။အဆင့်( ၉)


အချက်အပြုတ်စွမ်းရည်။ ။ ကြယ်လေးပွင့်


ကျွမ်းကျင်မှုများ။ ။ အဆင့်(၂) ကြယ်ပျံ ဖြတ်တောက်ခြင်း နည်းပညာ (၁၀၀/၁၀၀) ၊ အဆင့် (၂) အသားလွှာထွင်းထုခြင်း နည်းပညာ (၁၀၀/၁၀၀) ၊ လျှာကဝေ မှော်အစီအရင် (၁/၆)


ကိရိယာများ။ ။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား (နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း) ၊ မဟူရာလိပ်ခုံးဒယ်အိုး (နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း)


အချက်အပြုတ်နတ်ဘုရားအဆင့် သတ်မှတ်ချက် ။ ။ အလယ်တန်းအဆင့် စားဖိုမှူး (မင်းရဲ့ အချက်အပြုတ်စွမ်းရည်များ မြင့်တက်လာသည်နှင့်အမျှ ချက်ပြုတ်ခြင်း နည်းလမ်းတွေကလည်း ပို၍ ကောင်းမွန်လာပေလိမ့်မည်။ချက်ပြုတ်ခြင်း အနုပညာအတွက် ပိုပြီး ကောင်းမွန်တဲ့ ကမ္ဘာကြီးကို မင်းအတွက် ဖွင့်လှစ်ပေးလိုက်ပါပြီ...စွယ်စုံရ ဟင်းပွဲများကို ပိုပြီး ဖန်တီးနိုင်ပါပြီ...)


စနစ်၏အဆင့် ။ ။ အဆင့် ၉ ( ပြောင်းလဲမှုအချိုး ၁၀၀%)


စနစ်၏ဆုလာဘ် ။ ။ ဓားဆယ့်သုံးကွက်အရှင်သခင် ဓားသွားများ ၊ စွယ်စုံရ ဟင်းပွဲ ၊ ကြံ့ခိုင်သန်စွမ်း အမဲသားလုံး


စနစ်ဆီမှ အဆင့်မြင့်တင်မှု အကြောင်းကြားချက်ကို ရပြီးနောက် ပုဖန်က စနစ် ဇယားကွက်ကို ဖွင့်ကြည့်၍ သတင်းအချက်အလက်များကို စစ်ဆေးလိုက်သည်။သူ့ခန္ဓာကိုယ်ထဲသို့လည်း ကြီးမားလှသော စွမ်းအင်များ တိုးဝင်လာသည်ကို ခံစားမိသည်။


ထိုစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ ရောက်သည်နှင့် စွမ်းအင်ရေဝဲထဲသို့ ရောက်ရှိသွားကာ သိပ်သည်းလှသော အစစ်အမှန်စွမ်းအားများ အဖြစ်ပြောင်းလဲသွားလေသည်။စွမ်းအင်ရေဝဲ၏ လှည့်ပတ်မှုကလည်း မြန်သထက်မြန်လာသည်။သူ့၏ စွမ်းအင်ရေဝဲထဲမှ အလင်းများ ထုတ်လွှင့်နေသလိုပင်ထင်ရသည်။


"အဆင့် ၉ တန်ခိုးရှင်..."


ပုဖန် ကြိတ်၍ သက်ပြင်းချလိုက်သည်။နန်ကုန်းဝူချယ်ဆီက နတ်မင်းစွေ့စွေ့ခုန် ဟင်းပွဲအတွက် သလင်းကျောက်ရရှိလိုက်သည်နှင့် စနစ်သတ်မှတ်သည့် လစ်မစ် ပြည့်သွားလေပြီ။ထို့ကြောင့် သူ့၏ စွမ်းအင်အဆင့်က နောက်ဆစ်ဆင့်သို့ ရောက်သွားလေပြီ။


အရင်က တန်ခိုးရှင် အဆင့်များကို သီးခြားရပ်တည်မှုအဖြစ် သူကြည့်မြင်ခဲ့ပေသည်။ယခု သူတို့ထဲမှ တစ်ယောက်အဖြစ်သို့ သူ ပြောင်းလဲသွားလေပြီ။ပုဖန်က စိတ်တည်ငြိမ်အောင် ထားနေသော်လည်း အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။သူက အဆင့်မြင့်တင်ပြီးနောက် နည်းစနစ်အချို့ကိုလည်း ရရှိထားလေသည်။


ဓားဆယ့်သုံးကွက် အရှင်သခင် ဓားသွားများ...နာမည်ကြားလိုက်ရုံဖြင့်ပင် အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည့် နည်းစနစ်တစ်ခု ဟုပင် ထင်ရသည်။


ပုဖန်က ထိုအရာကို ဓားနည်းစနစ်ဖြစ်ရန် အနည်းငယ်မျှော်လင့်နေမိသည်။သူ့၏ ဓားကျွမ်းကျင်မှုက အချိန်ကြာမြင့်စွာ ရပ်တန့်ခဲ့ပြီးနောက် တိုးတက်မှု အချို့ရနိုင်ပေတော့မည်။


သူက ကြယ်ပျံဖြတ်တောက်ခြင်း နည်းစနစ်တွင်လည်း အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အနည်းငယ်မျှပင် တိုးတက်အောင် ပြုလုပ်ဖို့ ခက်ခဲနေပြီ ဖြစ်သည်။ဓားဆယ့်သုံးကွက် အရှင်သခင်ဓားသွားများ ပေါ်ထွက်လာသောအခါ သူအသစ်အဆန်းအနေဖြင့် ခံစားလိုက်ရသည်။


"ဓားဆယ့်သုံးကွက် အရှင်သခင် ဓားသွားများက တိုက်ခိုက်တဲ့နေရာမှာအသုံးပြုနိုင်တဲ့ ဓားနည်းစနစ်ဖြစ်တယ်...အဲ့ဒီနည်းစနစ်မှာ စုစုပေါင်း လှုပ်ရှားမှု ဆယ့်သုံးခု ပါဝင်နေပြီးတော့ လှုပ်ရှားမှု တစ်ခုနှင့်တစ်ခုကလည်း ချိတ်ဆတ်နေတယ်...အကယ်၍ အဲ့ဒီလှုပ်ရှားမှု ဆယ့်သုံးခုလုံးကိုသာ တစ်ပြိုင်နက်တည်း အသုံးပြုလိုက်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားက ကမ္ဘာမြေကိုတောင် ပြိုကွဲစေနိုင်တယ်...တကယ်လို့ ဒီနည်းလမ်းကို သင်ကျင့်ချင်တယ်ဆိုရင်တော့ အရင်ဆုံး သင့်ရဲ့ နည်းဟန်တွေကို ကြပ်ကြပ်မတ်မတ် လေ့ကျင့်ရပါမယ်..."


စနစ်၏ တက်ကြွလှသော အသံက ပုဖန်၏ နားထဲသို့ ပဲ့တင်ထပ် ရိုက်ခတ်လာသည်။ပုဖန်က မျက်ဝန်းများ မှေးကျင်း၍ ထိုအကြောင်းကို စတင်စဉ်းစားလိုက်သည်။


ဓား ဆယ့်သုံးကွက် အရှင်သခင် ဓားသွားများက ဓားနည်းစနစ် တစ်ခုမျှသာ မဟုတ်ပေ။တိုက်ခိုက်ရာတွင် အသုံးပြုသည့် နည်းလမ်းဖြစ်နေပေသည်။ ပုဖန်၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ သူသန်မာလှသော သားရဲများနှင့်လည်း တ်ိုက်ခိုက်ရပေလိမ့်မည်။


ပါဝင်ပစ္စည်းများရယူရာ၌ အလွန့်အလွန်အင်အားကြီးမားသော သားရဲများနှင့်လည်း တိုက်ခိုက်ရနိုင်ပေသည်။တစ်ချို့ စွမ်းအားကြီးသောစိတ်ဝိညာဉ်သားရဲ ဘုရင်များက ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား၏ ဖိနှိမ့်မှုကို ကျော်ဖြတ်နိုင်ပေသည်။


အကယ်၍သူသာထိုအင်အားကြီးသည့် သားရဲကို တွေ့ဆုံပြီး ဓားဆယ့်သုံးကွက်အရှင်သခင် နည်းစနစ်ကို သုံးလိုက်ပါက ပို၍ပင် ထင်ပေါ်လာပေလိမ့်မည်။သူသာ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားဖြင့် ထိုနည်းစနစ်ကို သုံးလိုက်လျှင် ပါဝင်ပစ္စည်းများကို ရယူရာ၌ အခက်အခဲများ လျော့ကျသွားပေလိမ့်မည်။


သူ မျက်မှောင်အနည်းငယ် စုကျုံ့လိုက်ပြီး စနစ်က သူ့စိတ်ထဲသို့ ပေးပို့လိုက်သည့် ဓားဆယ်သုံးကွက် အရှင်သခင်နှင့် ပတ်သတ်သည့် အချက်အလက်များကို ကြည့်ရှုလိုက်သည်။


ရင်ဘတ်ဟပြဲနှင့်ပင် ကြက်ရိုးကို ဝါးနေသော နန်ကုန်းဝူချယ်က ပုဖန်ကိုကြည့်နေသည်။ပုဖန်၏ အော်ရာများက ရုတ်တရက်ပြောင်းလဲသွားသည်ကို သူတွေ့လိုက်ရသည်။


သူမျက်စိအောက်မှာတင် ချက်ချင်း ပြောင်းလဲသွားခြင်းဖြစ်သည်။သူပုဖန်ကို သေချာစွာ နားမလည်သေးကြောင်း သတိပြုမိလိုက်သည်။သူ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများအရ သူ့၏ အဆင့်က အဆင့် ၈ စစ်နတ်ဘုရားမဟုတ်တော့ကြောင်းကို သူသိလိုက်သည်။


"အဆင့် ၉ တန်ခိုးရှင်အဆင့်...လူတစ်ယောက်က ချက်ချင်းကြီး တန်ခိုးရှင်အဆင့်ကို ရောက်သွားဖို့က ဖြစ်နိုင်လို့လား...အခုနောက်ပိုင်း အဆင့် ၉ အဆင့်ကို ချိုးဖျက်တင်ရောက်ရတာက အရမ်းလွယ်သွားတာလား...မင်းငါ့ကို လာပြောင်နေတာလား..."


နန်ကုန်းဝူချယ် သူ့၏ အတွေးများကပင် နွေးကွေးလွန်းသူဟု ခံစားနေမိသည်။သူယခုလေးတင် ပုဖန်က တန်ခိုးရှင်အဆင့်ထက်ပင် အားနည်း နေသည်ဟု ပြောခဲ့သည်။အခု သူရှေ့မှောက်မှာတင် တန်ခိုးရှင်အဆင့်ကို ချိုးဖျက်တက်ရောက်လိုက်သည်။


နောက်ခဏ၌ နတ်ဘုရားနယ်ပယ်အဆင့်ကို ချိုးဖောက်တက်ရောက်နိုင်ဦးမည်လား။


ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့ ထပ်ဖြစ်မလာတော့ပေ။ပုဖန် တန်ခိုးရှင် အဆင့်ကို တက်ရောက်ပြီးနောက် မည်သည့်ကိစ္စမှ ထပ်ဖြစ်မလာတော့ပေ။


သို့သော်....ထိုအဆင့်ချိုးဖောက်တက်ရောက်မှုကပင် နန်ကုန်းဝူချယ်၏ နှလုံးခုန်သံကို ဗရမ်းဗတာဖြစ်သွားစေသည်။


"အခုဆိုရင်ကော ငါ့ခွန်အားက လျှို့ဝှက်နယ်ပယ်ကိုဝင်ဖို့ လုံလောက်ပြီလား..."


ပုဖန်က မျက်လုံးဖွင့်၍ နန်ကုန်းဝူချယ်ကို ကြည့်လိုက်သည်။သူခပ်ဖျော့ဖျော့ အပြုံးတစ်ခုနှင့်ပင် တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။


နန်ကုန်းဝူချယ်က ထိုအခြေအနေကို မမျှော်လင့်ထားခဲ့မိပေ။သူ ပါးစပ်ထဲမှ အရိုးများကို ထွေးထုတ်လိုက်ပြီး ပုဖန်ကို အူကြောင်ကြောင်ဖြင့် ကြည့်နေမိသည်။


ပုဖန်က သူ့၏ စွမ်းအင်အဆင့်ကို ဖိနှိမ့်ထားပြီး သူ့ကို လာနောက်ပြောင်နေခြင်းဖြစ်မည်ဟုပင် သံသယရှိလာမိသည်။သို့သော်လည်း သူသေချာစဉ်းစားပြီးနောက် ပုဖန်က ထိုသို့သော အရာများလုပ်၍ သူ့ကို နောက်ပြောင်ရန်ပင် ပျင်းရိနေလိမ့်မည်ဟု ခံစားမိလေသည်။


"အဆင့် ၉ တန်ခိုးရှင်အဆင့်က ဘယ်လိုလုပ်ပြီး လုံလောက်မှာလဲ...တကယ်လို့ မင်း လျှို့ဝှက်နယ်ပယ်ထဲကို ဝင်ချင်တယ်ဆိုရင် မင်းရဲ့အဆင့်က တန်ခိုးရှင်အဆင့် အထွဋ်အထိပ်ကို ချိုးဖောက်တက်ရောက်ပြီးသား ဖြစ်ရမယ်...အထွဋ်အထိပ်အတားအဆီးကို မချိုးဖောက်ရသေးတဲ့ သူတွေက အထဲဝင်ဖို့ အရည်အချင်းမမှီဘူး...တကယ်လို့မင်း လျှို့ဝှက်နယ်ပယ်ထဲမှာ နတ်ဘုရားနယ်ပယ်နဲ့သာ တွေ့မယ်ဆိုရင် သေချာပေါက်သေရလိမ့်မယ်..."


နန်ကုန်းဝူချယ်က တက်ကြွစွာဖြင့်ပင် ထပ်မံ အကြံပေးလိုက်သည်။


"မင်းကလေ အဓိပ္ပါယ်မရှိတာတွေ ပြောရတာ တော်တော်ကြိုက်တာပဲ...ငါ့ကိုသာ ခေါ်သွားပါ ငါသေမလား ရှင်မလားဆိုတာကို ကောင်းကင်ဘုံက ဆုံးဖြတ်လိမ့်မယ်..."


"ဒါမဖြစ်နိုင်ဘူး ဘော်ဒါပု... ငါမင်းကို မနာကျင်စေချင်ဘူး...ဒါကြောင့် ငါ....."


နန်ကုန်းဝူချယ်က ပုဖန်ကို လျှို့ဝှက်နယ်ပယ်အကြောင်း စိတ်ရှည်ရှည်ဖြင့် ရှင်းပြရန်ပြင်လိုက်သည်။သို့သော်လည်း ထိုအချိန်၌ သူ့၏ ခန္ဓာကိုယ်တစ်လျှောက် အေးစိမ့်မှုတစ်ခု ဖြတ်သန်းသွားလေသည်။


နန်ကုန်းဝူချယ် ပုဖန်၏ ပုခုံးပေါ်၌ ရှိနေသော ပုစွန်ပိစိကောင်ကို မြင်လိုက်ရသည်။ထိုပိစိကောင်က သူ့၏ အမွှေးရှည်နှစ်ချောင်းကို သူထံသို့ တည့်တည့်ချိန်ရွယ်ထားလေသည်။အေးစိမ့်လှသော အော်ရာများက ထိုအမွှေးရှည်နှစ်ချောင်းမှ လာနေခြင်းဖြစ်သည်။


ပိစိကောင်က သူ့၏ အသွင်ရော မျက်လုံးများကို လှည့်လိုက်ပြီး အမွှေးရှည်နှစ်ချောင်းကို နန်ကုန်းဝူချယ်ဘက်သို့ ဝှေ့ယမ်းလိုက်သည်။ထိုပုစွန်ပိစိက သူ့ကို ခြိမ်းခြောက်နေပုံပော်လေသည်။


"ပေါက်ကရတွေ မလုပ်စမ်းပါနဲ့..."


နန်ကုန်းဝူချယ်က ပုဖန်ကို အရေးမထားဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ပြသည်။ပုဖန်က သူ့ကို စနောက်နေသည်ဟု ထင်သောကြောင့် ပြုံး၍ကြည့်နေလိုက်သည်။


သို့သော် ပုဖန်က သူ့ကို ပြန်မပြုံးပြပေ။ပုစွန်ပိစိကလည်း သူ့ကို မပြုံးပဲ စူးစိုက်ကြည့်နလေသည်။


"နန်ကုန်းရွှမ်ယင် ဘယ်လိုသေသွားလဲဆိုတာကို မင်းသိချင်လား...သူ ဒီပိစိကောင်လေးရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရတာ..."


ပုဖန်က တည်တည်ငြိမ်ငြိမ်ဖြင့်ပင် နန်ကုန်းရွှမ်ယင်အကြောင်းကို ပြောပြလ်ိုက်သည်။


"အမ်...ဒီအကောင်သေးသေးလေးက နန်ကုန်းရွှမ်ယင်ကို သတ်လိုက်တာ...ဟား....ဟား....ဟား....ဘော်ဒါပုကလည်း ဟာသ ဘယ်လိုပြောရမလဲဆိုတာ သိသားပဲ...ဒီလိုအကောင်လေး ၁၀ ကောင်လောက်ကိုတောင် ငါလက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်နိုင်တယ်..."


နန်ကုန်းဝူချယ်က ခပ်ဟဟရယ်မောလိုက်ရင်း ပုစွန်ပိစိကို နှုတ်ခမ်းတစ်ဖက်တွန့်၍ စိုက်ကြည့်နေလိုက်သည်။နန်ကုန်းဝူချယ်က ထိုအကောင်အသေးလေး သတ်သည်ဆိုသည်က်ို စနောက်နေသည်ဟုသာ ခံစားမိလေသည်။


ပုစွန်ပိစိ၏ ရှိရှိသမျှ အမွှေးများအားလုံး ထောင်ထသွားသည်။သူ သူ့၏ အမွှေးရှည်နှစ်ချောင်းကို နန်ကုန်းဝူချယ်ဆီသို့ ညွှန်၍ ဝှေ့ယမ်းလိုက်သည်။


လေထုထဲ၌ တစ်စုံတစ်ရာ ဆုတ်ပြဲသွားသည့် အသံမျိုးထွက်ပေါ်လာသည်။ပုစွန်ပိစိ၏ အမွှေးရှည်နှစ်ချောင်းက နန်ကုန်းဝူချယ်၏ နှာခေါင်းကို ရှပ်ဖြတ်သန်းသွားပြီး သူ့၏ ဆံပင်မွှေးတစ်ချောင်းကို ဖြတ်လိုက်လေသည်။


နန်ကုန်းဝူချယ်၏ မျက်ဝန်းများ စုကျုံ့သွားပြီး သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားလေသည်။ထိုအကောင်သေးလေး၏ အမြန်နှုန်းက အလွန်မြန်ဆန်လွန်းလှသည်။သူ့၏ တိုက်ခိုက်မှုကိုပင် သူမဖမ်းမိနိုင်ခဲ့ပေ။


"ငါအတည်ပြောနေတာ ...မင်းရဲ့ ဒဏ်ရာတွေကို မြန်မြန်ပြန်ကောင်းအောင် ကူညီပေးနေတာက ငါ့ကို လျှို့ဝှက်နယ်ပ

ယ်ထဲ ခေါ်သွားစေချင်လို့..."


ပုဖန်က တည်ငြိမ်စွာဖြင့်ထပ်ပြောလိုက်သည်။ယခုအချိန်မှသာ နန်ကုန်းဝူချယ်က ပုဖန်အတည်ပြောသည်ဟု ခံစားမိလိုက်သည်။ထို့နောက် သူ့၏ မျက်နာပေါ်၌ ခါးသက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။


"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ငါက ငါနဲ့အတူ လျှို့ဝှက်နယ်မြေထဲကို မင်းကို ခေါ်မသွားချင်တာမဟုတ်ဘူး...မင်းလည်း အဲ့ဒီအကြောင်းကို ကြားမှာပါ ... မိသားစုထဲမှာ ငါ့ရဲ့ လက်ရှိ အခြေအနေက အရင်ကနဲ့ ကွာခြားနေပြီ...မင်းကို ငါနဲ့အတူ ခေါ်သွားဖို့အတွက် ငါ့မှာ ဘယ်လိုအာမခံချက်မျိုးမှ မရှိဘူး..."


နန်ကုန်းဝူချယ်က ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။သူ့၌ ပုဖန်ကို ခေါ်သွားရန် အာမခံချက်မရှိသော်လည်း သူကြိုးစားကြည့်ရပေမည်။အဘယ်ကြောင့်ဆိုသော် သူပိုင်ဆိုင်သည့်အရာကို သူသေချာပေါက် ပြန်လည်ရယူရပေမည်။


"မင်းရနိုင်မယ်လို့ ငါယုံကြည်တယ်...ပိုပြီးတော့ ကြိုးစားလိုက်ပါ..."


ပုဖန်က မတုန်မလှုပ်အမူအရာဖြင့်ပင် ခေါင်းမော့ကြည့်လိုက်ပြီး သူ့၏ လက်ကို တစ်ချက်ဆုပ်ကိုင်လိုက်သည်။ထို့နောက် ပြန်လည် လွှတ်ပေးလိုက်လေသည်။


နန်ကုန်းဝူချယ်က ပုဖန်၏ စကားကို နားထောင်ပြီး ခဏမျှ စွံ့အနေလေသည်။ထို့နောက် ပုဖန်က နန်ကုန်းဝူချယ် သဘောတူသည်ဟုသာ ခံစားမိလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။သူဆိုင်တံခါးကို သွားဖွင့်လိုက်ပြီး တစ်နေ့တာ၏ စီးပွားရေးလုပ်ငန်းကို စတင်လိုက်လေသည်။


.......


မြူကောင်းကင်မြို့၏ အလယ် မြူကောင်းကင်ရင်ပြင်၌ လူမြောက်များစွာရှိနေပြီး ဆူညံပွက်လောရိုက်နေပေသည်။ထိုရင်ပြင်၏ ဘေးပတ်ပတ်လည်ရှိ ခုံနေရာများ၌ ထိုင်ခုံ အလွတ်တစ်ခုမှ မရှိတော့ပေ။ 


သူတို့၏ မျက်နာများ၌လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ရင်ပြင်အလယ်ရှိ ကြီးမားလှသော အစီအရင်ကို ကြည့်နေကြသည်။မြောက်များလှစွာသော လူများ၏ အရိပ်များက ထိုအစီအရင်ပေါ်၌ တဖျက်ဖျက် လွင့်ခါနေသည်။ထိုကြီးမားလှသော မှော်အစီအရင်မှ ကြောက်မက်ဖွယ်ကောင်းလှသော အစစ်အမှန်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။


လျှို့ဝှက်နယ်မြေ ဝေစုအတွက် ဂိုဏ်းများအားလုံး ယှဉ်ပြိုင်ရပေမည်။ပြိုင်ပွဲက အထွဋ်အထိပ်သို့ ရောက်ရှိနေပေပြီ။


ထိုစင်မြင့်ပေါ်ရှိ နေရာတစ်နေရာ၌ နန်ကုန်းရွှမ်ဟယ်က မဲမှောင်သော မျက်နာထားဖြင့် ထိုင်နေလေသည်။နန်ကုန်းဝူချယ်ကို နှင်ထုတ်ခဲ့ပြီးနန်ကုန်းမိသားစု၏ ခေါင်းဆောင်ကလည်း သေဆုံးသွားပြီ ဖြစ်သောကြောင့် လက်ရှိ မိသားစုခေါင်းဆောင်က သူသာလျှင်ဖြစ်သည်။


သူ့မျက်နာမဲမှောင်နေရခြင်းအကြောင်းအရင်းက အချက်နှစ်ချက်ကြောင့် ဖြစ်သည်။တစ်ချက်က နန်ကုန်းရွှမ်ယင် သေသွားခြင်းကြောင့် ဖြစ်ပြီးနောက်တစ်ချက်က မိသားစုပြိုင်ပွဲတွင် နန်ကုန်းမိသားစုက တစ်ယောက်မှ အနိုင်မရရြှိခင်းကြောင့်ဖြစ်သည်။


ဒါက တကယ့်ကို ရှက်စရာကောင်းလှသည်။


ကံကောင်းထောက်မစွာဖြင့် နန်ကုန်းမိသားစု၌ ဝေစုနှစ်စု ရှိနေပေသေးသည်။အကယ်၍သာ လျှို့ဝှက်နယ်မြေဝင်ခွင့်က ထိုတပည့်များအပေါ်သာ မှီတည်နေမ်ာဆိုလျှင် သူတို့ ကံဆိုးမိုးမှောင်သာကျရပေလိမ့်မည်။သူတို့ကြောင့် ဝေစုတစ်နေရာမျှပင် ရနိုင်လိမ့်မည်မဟုတ်ပေ။


"ရှေးဟောင်းရှုရမြို့တော်မှ ဆရာတို့ ကျန်တဲ့ တိုက်ခိုက်ပွဲတွေကို ခဗျားတို့အတွက် ထားခဲ့လိုက်မယ်...အဲ့ဒီမှာ ဝေစုငါးနေရာကျန်သေးတယ်...ငါတို့အားလုံးရမြှဖစ်မယ်..."


နန်ကုန်းရွှမ်ဟယ်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် သူနှင့်ခပ်လှမ်းလှမ်းနေရာတွင် ထိုင်နေသော ဝတ်ရုံနီနှင့် နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။


"ဒါက လွယ်ပါတယ်...ဒါပေမယ့် ခင်ဗျားရဲ့ ခွဲတမ်းနှစ်နေရာကို ကျုပ်တို့ကို ပေးရမယ်ဆိုတာတော့ သတိရနော်...ကျန်တဲ့ဝေစု ငါးနေရာကိုတော့ ခင်ဗျားတွက် ယူပေးမယ်..."


မီရှက နန်ကုန်းရွှမ်ဟယ်ကို ခပ်ပြုံးပြုံးကြည့်၍ ပြောလိုက်သည်။သူ့၏ မီးကဲ့သို့ နီရဲနေသော နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားသည့်အခါ၌ သွေးဆာရက်စက်သည့် အပြုံးတစ်ခုပုံပေါက်သွားလေသည်။


မီရှဆီက အတည်ပြုချက်ရမှာသာလျှင် နန်ကုန်းရွှမ်ဟယ် စိတ်သက်သာရာရသွားပြီး သက်ပြင်းမောတစ်ချက်ချလိုက်သည်။အကယ်၍ ထိုနှစ်ယောက်သာ မဆောင်ရွက်ပေးပါက ကျန်နေသည့် ဝေစုငါးနေရာထဲမှ နန်ကုန်းမိသားစု တစ်စုမှရလိုက်မည်မဟုတ်ပေ။


ထိုသို့ဆ်ိုလျှင် သူတို့၏ ကိုယ်ပိုင်ခွဲတမ်းနှစ်ခုသာ ရှိတော့မည်ဖြစ်သည်။ထိုအခြေအနေက တကယ့်ကို ရှက်စရာကောင်းလှသည်။


သို့သော် ရှေးဟောင်းရှုရမြို့တော်မှ ပညာရှင်များ၏ အကူအညီနှင့်ပင်ဆ်ိုလျှင် ဝေစုခုနှစ်ခုရှိပေသည်။ သူတို့၏ သဘောတူညီထားမှုကို သူတို့ အဆုံးရှုံးခံလိမ့်မည်မဟုတ်ပေ။


သူတို့ လျှို့ဝှက်နယ်ပယ်ထဲ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် သူတို့၏ အစီအစဉ်များအတိုင်း လျှင်မြန်စွာ လုပ်ဆောင်သွားပေလိမ့်မည်။သူတို့က တိမ်ပင်လယ် လျှို့ဝှက်နယ်ပယ်၏ သတင်းအချက်အလက်များကို ရရှိထားပေသည်။အကယ်၍ သူတို့သာ အောင်မြင်သွားခဲ့လျှင် နန်ကုန်းမိသားစု၏ အဆင့်အတန်းကလည်း လျှင်မြန်စွာ မြင့်တက်လာပေလိမ့်မည်။


ဒီတစ်ကြိမ် လျှို့ဝှက်နယ်ပယ်သို့ သွားသည့် ခရီးစဉ်က အရင်အချိန်များနှင့် သေချာပေါက် ကွဲပြားနေလိမ့်မည်။


ခပ်ဝေးဝေးနေရာဆီ၌...


 ဆေးအဆောက်အဦးမှ အဖွဲ့ဝင်များ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ယန်မိန်ကျီက အဖိုးအို တစ်ယောက်၏ နောက်မှနေ၍ လျှောက်လာခဲ့သည်။


လူတိုင်း၏ အပြုအမူများကလည်း ထိုအဖိုးအိုကိုလေးစားလှကြောင်း တွေ့မြင်နေရပေသည်။အဘယ့်ကြောင့်ဆိုသော် ထိုသူက မြူကောင်းကင်မြို့၏ ဆေးအဆောက်အဦးမှ အကြီးအကဲတစ်ယောက်ဖြစ်သည်။ထိုသူက တိမ်သုံးစ အဂ္ဂိရတ်ပညာရှင် မဟာသခင်ရွှမ်ပေဖြစ်၏။


သူက မြူကောင်းကင်မြို့ထဲ၌ ထူးခြားသည့် အဆင့်အတန်းရှိသောသူတစ်ဦးလည်းဖြစ်သည်။ဒီတစ်ကြိမ်၌ သူက လျှို့ဝှက်နယ်ပယ်ထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။သူအနေဖြင့် ထိုနယ်ပယ်ထဲ ပထမဦးဆုံး ဝင်ရောက်ခြင်းလည်းဖြစ်သည်။


သူ လျှို့ဝှက်နယ်ပယ်သို့ ဝင်ရာ၌ သူ့ကို ကန့်ကွက်မဲ့သူ မည်သူမှမရှိပေ။ခြုံပြောရမည်ဆိုလျှင် သူက ဂုဏ်သိက္ခာ ရှိသော သူတစ်ယောက်ဖြစ်သောကြောင့် အထူးအခွင့်ရေးများ ရသင့်ပေသည်။


ထိုနေရာ၌ လေပြင်းများ တဖျက်ဖျက်တိုက်ခတ်နေသည်။တိုက်ပွဲက ပိုမိုပြင်းထန်လာပြီး ကျွမ်းကျင်ပညာရှင်များ၏ လှုပ်ရှားမှုများက အလွန်စိတ်လှုပ်ရှားစရာကောင်းလှသည်။


ထို့စဉ် လူနှစ်ဦးက ရင်ပြင်အပေါက်ဝသို့ ဖြေးညှင်းစွာလျှောက်လာနေကြသည်။


နန်ကုန်းဝူချယ်က ပုဖန်ကို ပြောစရာစကားမဲ့စွာကြည့်လိုက်သည်။ပုဖန်က သူ့နောက်က လိုက်လာသောကြောင့် သူခေါင်းကိုက်သလိုပင်ခံစားနေမိသည်။ပုဖန်က တကယ့်ကို သူနောက်က လိုက်လာပေသည်။


"ဘော်ဒါပု ခဏနေရင် မင်းငါ့နောက်ကနေ ကပ်ကပ်လေး လိုက်တော့...ဘေးတွေ လျှောက်မသွားနဲ့တော့..."


နန်ကုန်းဝူချယ်က ပုဖန်ကို သတိပေးလိုက်သည်။


"အိုကေ..."


ပုဖန်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။ပုဖန် ခေါင်းညိတ်ပြသည်ကို မြင်မှ နန်ကုန်းဝူချယ်လည်း သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သံတံခါးကို တွန်းဖွင့်လိုက်လေသည်။


ကျယ်လောင်လှသော မြည်သံက လေထဲ လွင့်ပြန့်သွားသည်။နန်ကုန်းဝူချယ်၏ မျက်ဝန်းများက အေးစက်နေလေသည်။


ဒီနေရာ၌ သူ အကြွေးတစ်ချို့ ပြန်ပေးရပေမည်။