အပိုင်း ၄၅၁
Viewers 53k

အခန်း ၄၅၁

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်း..


နန်ကုန်းဝူချယ်က မျက်လုံးပြူးများဖြင့် တောက်ပနေသော အသားလုံးဟင်းပွဲကို ကြည့်လိုက်သည်။ပိုင်ရှင်ပု၏ ဟင်းပွဲက တကယ့်ကို ရိုးရှင်းပြီး သာမန်ဆန်လွန်းလှသည်။


"ဘော်ဒါပုရဲ့ ဟင်းပွဲက ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက် ရိုးရှင်းနေရတာလဲ...သို့သော် ပုဖန်၏ ထူးခြားဆန်းကြယ်သည့် အရည်အချင်းများအကြောင်းကို စဉ်းစားမိသွားပြီး သူ အနည်းငယ်စိတ်ဝင်စားမှု ဖြစ်သွားသည်။သူ့၏ မျက်နာ၌လည်း စပ်ဖြဲဖြဲ အပြုံးတစ်ခုပေါ်လာလေသည်။ဘော်ဒါပုက သူ့ကို ဒီဟင်းပွဲ ကျွေးလျှင် သေချာပေါက် ဒါက ထူးခြားမှု ရှိနေပေရမည်။


"မြည်းကြည့်ဦး...ဒီဟင်းပွဲကို ကြံ့ခိုင်သန်စွမ်းအမဲသားလုံးလို့ ခေါ်တယ်..."


ပုဖန်က ရိုးရှင်းစွာပင် ပြောလိုက်သည်။


"ကြံ့ခိုင်သန်စွမ်းအမဲသားလုံး ဘယ်သူက အဲ့ဒီနာမည် ပေးခဲ့တာလဲ...ဒီနာမည်ထက် ဘယ်ဟာကမှ အကြမ်းထည် မဆန်နိုင်တော့ဘူး...ဒီဟင်းပွဲက သက်စောင့်ဆေးကို အဆင့်မြင့်ထားသလိုမျိုး အဆင့်မြင့်ထားတာနဲ တူညီနိုင်ပါ့မလား...အရသာကော ရှိပါ့မလား..."


သူပုဖန်၏ တိုက်တွန်းသည့်အကြည့်များကို မြင်လိုက်ပြီးနောက် တောက်ပမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည့် အသားလုံးတစ်ခုကို ကောက်ယူလိုက်သည်။အသားလုံးကတကယ့်ကို သာမန်အသားလုံးတစ်ခုနှင့် ပို၍ တူသွားပေပြီ။


သို့သော် အသားလုံးစီမှ မွှေးရနံ့သင်းသင်းလေးထွက်ပေါ်နေဆဲဖြစ်သည်။ထိုမွှေးရနံ့များက သိပ်သည်းကြွယ်ဝမှုမရှိသော်လည်းနန်ကုန်းဝူချယ်၏ နှလုံးသားကို ရစ်ပတ်ဆွဲငင်နေသည်ဟု ခံစားရလေသည်။


"အင်း...တော်တော်တော့ မွှေးတယ်..."


နန်ကုန်းဝူချယ်က အသားလုံးကို သက်စောင့်ဆေးများစားသကဲ့သို့ပင် ပါးစပ်ထဲ တန်းထည့်လိုက်သည်။အသားလုံးလေးက သူ့၏ လျှာဖျားနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် နန်ကုန်းဝူချယ်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။အသားလုံးက သူ့ပါးစပ်ထဲတွင် ပြည့်နေသောကြောင့် သူ့အမူအရာက ရယ်စရာကောင်းနေပေသည်။


"အရသာက ဘယ်လိုနေလဲ..."


ပုဖန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။


 စားဖိုမှူးက မင်းလေ ငါ မဟုတ်ဘူး... အရသာက ဘယ်လိုနေလဲဆိုတာ ဘာလို့ ငါ့ကို လာမေးနေတာလဲ...


နန်ကုန်းဝူချယ် ကြောင်အစွာ တွေးလိုက်ပြီး ပုဖန်ကို မျက်လုံးလှန်ကြည့်လိုက်သည်။


ဒါ ဘာအဓိပ္ပါယ်လဲ...


ရုတ်တရက် ပုဖန်က မယုံကြည်ရသော စိတ်မချရသော သူတစ်ယောက်အဖြစ် ခံစားလိုက်မိသည်။


ရှလွတ်....


သူအသားလုံးကို ကိုက်လိုက်သည်နှင့် အတွင်း၌ ပုန်းအောင်းနေသောပေါက်ကွဲသံလေးများ ထွက်ပေါ်လာသည်။အထဲ၌ စိမ့်ဝင်နေသည့်အရည်ပူပူလေးများက ပါးစပ်ထဲ မှ အနည်းငယ်စင်ထွက်လာသည်။


"ဘာဖြစ်သွားတာလဲဟ..."


နန်ကုန်းဝူချယ် စိတ်ထဲ၌ တုန်ယင်သွားမိသည်။အသားလုံးက အလွန်အရသာရှိသည့်အပြင် ကိုက်ချလိုက်သည့်အချိန်၌ အရည်များ ပန်းထွက်လာပုံကပင် စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည်။


တကယ်တမ်းပြောရမည်ဆိုလျှင် ဟင်းပွဲကို စစားစဉ်တည်းက သူ စိတ်လှုပ်ရှားနေမိခြင်းဖြစ်သည်။ဘော်ဒါပုကိုယ်တိုင် ပြင်ဆင်ပေးသောဟင်းပွဲများက သာမန်ဟင်းပွဲများ လုံးဝမဟုတ်ပေ။


ပလပ်...ပလပ်...ပလပ်....


နန်ကုန်းဝူချယ်က အသားကို လျှင်မြန်စွာ ဝါးလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။


"အရသာက အရမ်းကိုကောင်းတယ်...မင်းလုပ်သမျှ ဟင်းပွဲတိုင်းရဲ့ အဆင့်ကတော့ လုံးဝ အထက်တန်းစားပဲ..."


နန်ကုန်းဝူချယ်က ချီးကျူးပြောဆိုလိုက်သည်။


"အလျှင်စလို မဆုံးဖြတ်ပါနဲ့ မင်းခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကို အရင်ဆုံးသေသေချာချာလေး ဂရုစိုက်ဦး..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီးနောက် နန်ကုန်းဝူချယ်ကို လျှင်မြန်စွာပင် အကြံပြုလိုက်သည်။နန်ကုန်းဝူချယ် အံ့အားသင့်သွားသည်။


"သူ့၏ ခန္ဓာကိုယ်ကလည်း ပြောင်းလဲဦးမှာလား..."


ရုတ်တရက်နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံး ထောင်ထသွားပြီး သူ့မျက်ဝန်းများလည်းပြူးကျယ်သွားသည်။သူ့၏ ဝမ်းဗိုက်ပိုင်းစီမှ နွေးထွေးလှသော စီးဆင်းမှုတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ လျှင်မြန်စွာပင် ဖြန့်ကျက်သွားသည်။သူ့ခန္ဓာကိုယ်က ရေပူနွေးနွေးလေးထဲ၌ နစ်မြှုပ်နေသလိုမျိုး ခံစားမှုကောင်းလှသည်။ထိုခံစားချက်က အလွန်ပင် အံသြသင့်ဖွယ်ကောင်း၏။


"ဘာတြွေဖစ်နေတာလဲ..."


အသားလုံးကို စားပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများပင် ပို၍ ဖောင်းကား ကြီးထွားလာသည်ဟု ခံစားမိလိုက်ပြီးသူ အလွန်အံ့အားသင့်သွားပြန်သည်။


နွေးထွေးသည့် စီးကြောင်းလေးက သူ့၏ ခြေလက်လေးခုလုံးစီသို့ ဖြာထွက်သွားပြီးနောက် အရိုးပေါင်းတစ်ရာစီသို့ပါ ဖြန့်ကျက်သွားသည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ အရ်ိုးအဆစ်များနှင့် ကြွက်သားများက ပို၍ သန်မာလာသည်ဟု ခံစားရသည်။


"ဘော်ဒါပုရဲ့ ဟင်းပွဲက လူတစ်ယောက်ရဲ့ တည်ဆောက်ပုံကိုတောင် ပြောင်းလဲပစ်နိုင်တာလား...ဒီလိုအကျိုးသက်ရောက်မှု မျိုးရှိတဲ့ ဟင်းပွဲကို တီထွင်တဲ့ ရည်ရွယ်ချက်က ဘာလဲ..."


ရုတ်တရက် သူ့စိတ်ထဲ၌ ပန်းရောင်အခန်းကို ပြန်တွေးမိလိုက်ပြီး တုန်လှုပ်သွားမိသည်။


သူ့ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော အနွေးစီးကြောင်းလေးက ပို၍ သိပ်သည်းလာသည်။သူ့၏ ခန္ဓာကိုယ်က လန်းဆန်းပြီး ပို၍ အားအင်များ ပြည့်လာသည်ဟု ခံစားမိသည်။သူ့၏ လမ်းကြောင်းပေါ်၌ ရှိနေသောမည်သည့်အရာကိုမဆို အလွယ်တကူပင် ဖျက်စီးလိုက်နိုင်သည်ဟု ခံစားမိသည်။


ထိုခံစားချက်က တကယ့်ကို အံ့သြဖို့ကောင်းလှသည်။နန်ကုန်းဝူချယ်က လေထဲသို့ လက်သီးတစ်လုံး ပစ်လွှတ်လိုက်ပြီး စမ်းသပ်ကြည့်လိုက်၏။သူ့၏ ခွန်အားများက တကယ့်ကိုပင် အရင်ကထက် သန်မာအားကောင်းလှပေသည်။ထို့အပြင်ခွန်အားက သာမန် တိုးပွားလာခြင်းမျိုး မဟုတ်ပဲ အရင်ကထက် သုံးဆတိတိ တိုးပွားလာခြင်းဖြစ်သည်။


"ဒါတွေအားလုံးက အသားလုံးရဲ့ အက်ျိုးသက်ရောက်မှုလား..."


သူပုဖန်ကို မယုံကြည်နိုင်စွာဖြင့် အံအားသင့်သင့် ကြည့်လ်ိုက်သည်။သာမန်မျှသာ ထင်ရသော ဟင်းပွဲတစ်ပွဲက ထိုသို့ အကျိုးသက်ရောက်မှု ရှိမည်ဟု မမျှော်လင့်ထားခဲ့မိပေ။


တကယ့်ကို မယုံနိုင်စရာကောင်းလွန်းလှ၏။


လူတစ်ယောက်၏ ခွန်အားများက မဆုတ်မနှစ် ဇွဲလုံ့လနှင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး တိုးမြှင့်မှသာ ရနိုင်သည့်အရာ မဟုတ်သည်လော...


နန်ကုန်းဝူချယ်က သူခန္ဓာက်ိုယ်ထဲ၌ လည်ပတ် စီးဆင်းနေသော စွမ်းအားများကြောင့် အနည်းငယ်ပင် ရစ်မူးနေသည်။


ပုဖန်က သူ့ကိုယ်သူ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။သူ ပထမဦးဆုံးအကြိမ် ကြိုးစားပြုလုပ်လိုက်သည့်အသားလုံးက အောင်မြင်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။တစ်ခါတည်းနဲ့ အောင်မြင်သွားခြင်းက နောက်ထပ်ပြုလုပ်ရမည့် အချိန်ကုန်ခြင်းမှ သက်သာ သွားစေသည်။


ပုဖန်လည်း အသားလုံးတစ်လုံးကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။သွားဖြင့်ဖိကိုက်လိုက်သည်နှင့် မွှေးရနံ့များ ပေါက်ကွဲထွက်လာပြီး အရည်လေးများကလည်း လွင့်စင်ထွက်လာသည်။ခဏမျှ ဝါးပြီးသည်နှင့် သူအသားကို မြိုချလိုက်သည်။ထို့နောက် မျက်ဝန်းများမှေးစင်း၍ သူ့ခန္ဓာကိုယ်ထဲ၌ တရိပ်ရိပ်တိုးပွားလာသည့် ခွန်အားများကို ခံစားကြည့်နေလိုက်သည်။


ကြံ့ခိုင်သန်စွမ်းအမဲသားလုံးက တကယ့်ကို သက်ရောက်မှု ကောင်းလှသည်။သူ့ကို ကျေနပ်မှု ရှိစေ၏ စားသုံးပြီးနောက် ပုဖန်က စားပွဲပေါ်မှ ပန်းကန်လုံးများကို သိမ်းလိုက်ပြီး သူတို့၏ ခရီးစဉ်အတွက် ပြင်ဆင်လိုက်သည်။


သူတို့လက်ထဲ၌ သူတို့၏ တ်ိုက်ခိုက်မှု စွမ်းရည်နှင့် ခွန်အားများကို တိုးမြင့်ပေးနိုင်သော စပ်ပြဲလန်ခေါက်ဆွဲနှင့် ကြံ့ခိုင်သန်စွမ်းအမဲသားလုံးရှိနေပေပြီ။နန်ကုန်းဝူချယ်ကလည်း စိတ်လှုပ်ရှားတက်ကြွစွာဖြင့် သူတို့၏ ခရီးစဉ်တွက် ပြင်ဆင်လိုက်သည်။ရုတ်တရက် သူ မကြာခင်အချိန်အတောအတွင်းမှာပင် လျှို့ဝှက်နယ်မြေကို ဝင်ရန်အတွက် စိတ်အားထက်သန်လာသည်။


စပ်ပြဲလန်ခေါက်ဆွဲနှင့် ကြံ့ခိုင်သန်စွမ်းအမဲသားလုံးရှိနေလျှင် သူက ခွေးအိုကြီးထက် ပို၍ သန်မာနေပေလိမ့်မည်။သူ ထိုခွေးအိုကြီးကို သတ်နိုင်မည်ဟု တွေးလိုက်မိသည်နှင့် ပို၍ပင် စိတ်လှုပ်ရှားတက်ကြွလာသည်။ထ်ိုစိတ်လှုပ်ရှားမှုများကြောင့် ညပင် အိပ်မပျော်နိုင်လောက်ဟု ခံစားမိလေသည်။


ပုဖန်နှင့် နန်ကုန်းဝုချယ်က နေ့တစ်ဝက်မျှ အချိန်ယူ၍ ပြင်ဆင်ခဲ့သည်။သူတို့အားလုံး ပြင်ဆင်ပြီးသည်နှင့် ဆိုင်မှထွက်ခွာလာခဲ့သည်။


ခရမ်းရောင် မျက်ဝန်းများ တောက်ပနေသော ဝှိုက်တီက ပုဖန်၏ ဘေးမှ လိုက်ပါလာသလို ပုစွန်ပိစိကလည်း သူ့၏ ပုခုံးထက်၌ ပျင်းရိစွာအိပ်၍ လိုက်ပါလာသည်။


သူတို့ နန်ကုန်းမိသားစု၏ အဆောက်အဦးဆီ ရောက်သည့်အခ်ျိန်၌ တည်နေရာရွှေ့ပြောင်းအစီအရင်အရှေ့၌ လူများစွာ စုရုံးရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။


ထိုလျှို့ဝှက်နယ်မြေသို့ ပို့ဆောင်ပေးနိုင်သည့် တည်နေရာရွှေ့ပြောင်းအစီအရင်က အထပ်မြင့် အဆောက်အဦးရဲ့ ခေါင်းမိုးထက်၌ တည်ရှိနေသည်။ဒီတည်နေရာရွှေ့ပြောင်း အစီအရင်ကိုလည်း နန်ကုန်းမိသားစုမှပိုင်ဆိုင်ထားခြင်းဖြစ်၏။


သို့သော်လည်း နန်ကုန်းမိသားစုက သေးငယ်ပြီးအားနည်းလှသည်။သူတို့သာ ထိုလျှို့ဝှက်နယ်မြေကို တခြားသူများနှင့် မမျှဝေလျှင် ထိုမှ ရရှိလာမည့် ဖိအားဒဏ်ကို ခံနိုင်လိမ့်မည်မဟုတ်ပေ။လျှို့ဝှက်နယ်မြေက မိသားစုလေးတစ်ခု ထိန်းချုပ်နိုင်မည့် အရာမဟုတ်ပေ။


ပုဖန်က အဆောက်အဦးအတွင်းသို့ အေးဆေးစွာပင် လျှောက်ဝင်လာခဲ့သည်။အဆောက်အဦးအတွင်း၌ လူများစွာ ရောက်ရှိနေသောကြောင့် ဆူညံသံများလည်း ထွက်ပေါ်နေလေသည်။ထိုနေရာ၌ လျှို့ဝှက်နယ်မြေသို့သွားရန် ဝေစုရထားသည့် သူအားလုံးနီးပါး ရောက်ရှိနေပေပြီ။


လက်ရှိအချိန်၌ မြောက်များစွာသော သူများက ပုဖန်နှင့် နန်ကုန်းဝူချယ်ကို စဉ်းစားဉာဏ် မရှိသောသူများအဖြစ် သတ်မှတ်ထားကြသည်။အထူးသဖြင့် အဆင့် ၉ သာရှိသေးသော ပုဖန်ကို ဖြစ်သည်။ထိုသူက မသေမျိုးခန္ဓာအဆင့် သူများနှင့်အတူ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်၍ အခွင့်အရေးများအတွက် တိုက်ခိုက်ရဲပေသည်။


ဝေစုတစ်နေရာကို ရိုးရှင်းစွာပင် ဖြုန်းတီးပစ်နေသည်။နန်ကုန်းဝူချယ်၏ ခေါင်းထဲ၌ မည်သည့်အတွေးများတွေးနေမည်ကိုလည်း မစဉ်းစားတက်တော့ပေ။သူက တန်ဖိုးရှိလှသော ဝေစုတစ်နေရာကို ထိုကဲ့သို့ပင် အလဟဿလုပ်ပစ်လိုက်လေသည်။


သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နေသည့် အကြည့်စူးစူးတစ်ခုက သူတို့ နှစ်ယောက်ဆီသို့ ရောက်ရှိလာသည်။သူတို့၏ ခန္ဓာကိုယ်က ထိုအကြည့်ကို ခံစားလိုက်မိပြီး စိတ်မသက်မသာပင် ဖြစ်လာမိသည်။သူတို့ ချက်ချင်းလှည့်ကြည့်လိုက်ရာ နန်ကုန်းရွှမ်ဟယ်ကို တွေ့လိုက်ရ၏။


ထိုခွေးအိုကြီးက မလှမ်းမကမ်းနေရာတွင် ရပ်၍ သူတို့နှစ်ယောက်လုံးကို စူးစူးရဲရဲ စိုက်ကြည့်နေပေသည်။သူ့၏ မျက်နာအမူအရာက မဲမှောင်နေပြီး သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကို မဲ့ထားလေသည်။


ခြုံ၍ ပြောရလျှင် ထိုခွေးအိုကြီး၏ အမူအရာက ရုပ်ဆိုးနေပေသည်။


ပုဖန်က နန်ကုန်းရွှမ်ဟယ်နှင့် ပြုံးဖြဲဖြဲဖြစ်နေသော နန်ကုန်းဝူချယ်နှစ်ယောက်လုံးကို လျစ်လျူ ရှုထားလိုက်သည်။နန်ကုန်းဝူချယ်က ခေါင်းမော့ကြည့်လိုက်ပြီး ခွေးအိုကြီးဆီသို့ လက်ခလယ်ထောင်ပြလိုက်သည်။


အချိန်တိုအတွင်းမှာပင် တည်နေရာရွှေ့ပြောင်းအစီအရင်ဆီမှ အလင်းတန်းများစတင် တောက်ပလာသည်။အဆောက်အဦးအတွင်း၌ တုန်ခါသံများ ထွက်ပေါ်လာပြီး သံတံခါးကြီးက တဖြေးဖြေးချင်း ဖွင့်လှစ်သွားလေသည်။


အဝေးမှ ကြယ်များဖြင့် တောက်ပနေသော ကောင်းကင်ယံက အားလုံးမျက်ဝန်းထဲ ဝင်ရောက်လာလေသည်။


ကောင်းကင်ယံ၌ ထွန်းလင်းသာယာနေသောလမင်းနှစ်စင်းကလည်း တစ်စင်းနဲ့တစ်စင်း တဖြေးဖြေးနီးကပ်လာလေသည်။မကြာခင် အချိန်အတောတွင်းမှာပင် ထိုလနှစ်စင်းက နှစ်ခုအဖြစ်မှ တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားတော့မည်ဟု ထင်ရသည်။


လူအားလုံးက ကောင်းကင်ပေါ်မှလနှစ်စင်းကို စူးစိုက်ကြည့်ရင်း တစ်ထပ်တည်းဖြစ်လာမည့်အချိန်ကို စောင့်နေကြသည်။လနှစ်စင်း တဖြေးဖြေးနီးကပ်လာသည်နှင့်အမျှ အားလုံး၏ အသက်ရှုသံများကလည်း ပြင်းပြလာလေသည်။


တည်နေရာရွှေ့ပြောင်းအစီအရင်ဆီမှ ပေါ်ထွက်နေသော စွမ်းအင်အတက်အကျလှိုင်စများကလည်း တဖြေးဖြေးပြင်းထန်လာသည်။ထိုမှော်အစီအရင်မှ ထွက်ပေါ်လာသည့် တုန်ခါသံများကိုလည်း အားလုံးအတိုင်းသားကြားနေရသည်။


လနှစ်စင်းဆီမှ ဖြာကျလာသော အလင်းရောင်ကလည်း တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီးနောက် အစီအရင်၏ အလယ်တည့်တည့်သို့ ထိုးကျလာသည်။အစီအရင်ဆီမြှပင်းထန်သောတုန်ခါသံများ ထွက်ပေါ်လာပြီး အလင်းရောင်က ပေါက်ကွဲသလို ဖြာထွက်သွားသည်။


ထို တည်နေရာရွှေ့ပြောင်းအစီအရင်၏ အထက် လေဟာနယ်က စတင်၍ တွန့်ရှုံ့လာလေသည်။


အားလုံးက အသက်ရှုပင် အောင့်ထားကြပြီး ထိုအစီအရင်အထက် လေဟာနယ်ကို စူးစိုက်ကြည့်နေကြသည်။


အဝတ်များ ဆုတ်ဖြဲသည့် အသံကဲ့သို့ အသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ကောင်းကင်ယံထက်၌ အက်ကြောင်းတစ်ခုဖြစ်ပေါ်လာလေသည်။ထိုအပေါက်ဝများမှ ပြင်းထန်လှသော စွမ်းအင်အတက်အကျလှိုင်းများ နှင့် တောက်ပလှသည့် အလင်းလှိုင်းများ ဖြာထွက်နေသည်။


ထိုလေဟာနယ်အက်ကွဲကြောင်းက အလွန်ပင် ကြီးမားလှသည်။သူ့၏ အရွယ်အစားက နန်ကုန်းမိသားစု အဆောက်အဦးထက် သေးငယ်လိမ့်မည် မဟုတ်ပေ။ထို တည်နေရာကို မြူကောင်းကင်မြို့၏ မည်သည့်နေရာကမဆို မြင်နိုင်ပြီး ကောင်းကင်ယံမှ ထွက်ပေါ်နေသော အသံများကိုလည်း ကြားနိုင်ပေသည်။


ထိုဝင်ပေါက် အက်ကြောင်းမှ ထွက်ပေါ်နေသည့် စွမ်းအင်အတက်အကျလှိုင်းများ တည်ငြိမ်လာသည်နှင့် လူတစ်ချို့က စောင့်ဆိုင်းမနေနိုင်တော့ပေ။


လူအုပ်ထဲက လူတစ်ယောက်ဆီမှ စွမ်းအင်လှ်ိုင်းများ ထွက်ပေါ်လာပြီး ထိုသူကအက်ကြောင်းဆီသို့ အလျှင်မြန်စွာဦးတည်သွားလိုက်သည်။


တစ်စုံတစ်ယောက်က အရှေ့မှနေ၍ ဦးဆောင်လိုက်သည်နှင့် လူများစွာကလည်း အနောက်ကနေ၍ လိုက်ပါလုပ်ဆောင်ကြသည်။သူတို့ လျှို့ဝှက်နယ်မြေ ဝင်ပေါက်ကိအလျှင်စလို သွားနေသကဲ့သို့ သူတို့၏မျက်ဝန်းထဲ၌လည စိတ်အားထက်သန်မှုနှင့် လောဘတရားများ ပြည့်နှက်နေလေသည်။


သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှေးဟောင်းရှုရမြို့တော်မှ ပညာရှင်နှစ်ယောက်ကလည်း ထိတ်လန့်စရာ အငွေ့အသက်များ ထုတ်လွင့်နေသည်။သူတို့က ဝင်ပေါက်အက်ကြောင်း ရှိရာဆီသို့ အလျှင်စလိုသွားနေသော လူအများ၏ နောက်မှ လိုက်ပါလာသည်။


သူတို့၏ မျက်ဝန်းထဲ၌လည်း စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။အက်ကြောင်းနှင့် နီးကပ်လာသည်နှင့်အမျှ သူတို့၏ မျက်ဝန်းများက ပို၍ပင် တောက်ပလာလေသည်။


"ရှုရမျှော်စင်... ငါ မီရှ လာနေပြီ..."


...


နန်ကုန်းရွှမ်ဟယ်က မြေပြင်ကို ခြေထောက်ဖြင့် အသာထောက်ကန်လိုက်ပြီး လေထဲသို့ မျောလွင့်တက်လိုက်သည်။


"လျှို့ဝှက်နယ်မြေထဲမှာ ငါမင်းတို့ နှစ်ယောက်ကို မမြင်ရစေနဲ့ ...ငါတွေ့တာနဲ့ မင်းတို့နှစ်ယောက်လုံးကို အသားငါးပိလုပ်ပစ်ပြီးတော့စိတ်ဝိညာဉ်သားရဲတွေကို ကျွေးပစ်မယ်..."


နန်ကုန်းရွှမ်ဟယ်၏ စူးရှလှသောအကြည့်များက ပုဖန်နှင့် နန်ကုန်းဝူချယ်ပေါ်သို့ ဖြာကျလာပြီးနောက် ရေခဲတမျှ အေးစက်နေသော အသံဖြင့် ကျိန်းမောင်းလိုက်သည်။


"ခွေးအိုကြီး စိတ်ပူမနေနဲ့ လျှို့ဝှက်နယ်မြေထဲ ရောက်တာနဲ့ ငါအရင်ဆုံးလာရှာမှာခင်ဗျားကိုပဲ...ခင်ဗျားကို တစ်စစီ ဆွဲဖြဲပစ်မယ်...ဒါပေမယ့် စိတ်ဝိညာဉ်သားရဲတွေကိုတော့ မကျွေးပါဘူး...သားရဲတွေက အရမ်းအပြစ်ကင်းတယ်လေ...ခင်ဗျားရဲ့ ရွံစရာအသားတွေ သူတို့ကို ကျွေးလို့ဘယ်ဖြစ်မလဲ..."


ထိုအချိန်၌ မီးလျှံဖြူများ ထွက်ပေါ်လာပြီး နန်ကုမ်းရွှမ်ဟယ်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားလေသည်။နန်ကုန်းရွှမ်ဟယ်က မီးလူသားတစ်ယောက် အဖြစ် ပြောင်းလဲသွားသလို ထင်ရပြီးအက်ကြောင်းရှိရာဆီသို့ လျှင်မြန်စွာ ဖြတ်သန်းသွားလေသည်။


နန်ကုန်းဝူချယ်က လက်သီးကိုတင်းတင်းစုပ်၍ အံတင်းတင်းကြိတ်ထားလေသည်။သူ့၏ မျက်ဝန်းထဲမှသတ်ဖြတ်ခြင်းအငွေ့အသက်များကလည်းပို၍ တောက်ပြောင်လာ၏။


အဖြူရောင်မီးတောက်ကသူ့၏ ငရဲဘုရင်ကိူးပါးမီးလျှံဖြစ်သည်။ထိုခွေးအိုကြီးက သေလမ်းကို ရှာဖွေနေပေသည်။


နန်ကုန်းဝူချယ် စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ပုဖန်နှင့်အတူ လျှို့ဝှက်နယ်မြေထဲဝင်ရန် ပြင်လိုက်သည်။


ကြီးမားလှသော အနက်ရောင်သစ်သားတစ်ခုကို လွယ်ပိုးထားသည့် သူတစ်ယောက်က ပုဖန်နှင့် ဝှိုက်တီကို လှည်ကြည့်လိုက်သည်။ထိုသူ၏ အကြည့်များက နက်ရှိုင်းလွန်းလှသောကြောင့် ပုဖန်ပင် အနည်းငယ် တုန်ယင်သွား၏။


"စ်ိတ်ဝင်စားစရာ ကောင်းတဲ့ ရုပ်သေးပဲ...လျှ်ို့ဝှက်နယ်မြေထဲမှာ ပြန်လည်တွေ့ဖို့ မျှော်လင့်တယ်..."


ထိုရုပ်သေးဂိုဏ်းမှ သူက အေးဆေးတည်ငြိမ်စွာ ပြောလိုက်ပြီးသည်နှင့် အက်ကြောင်းထဲသို့ ဝင်ရောက်သွားလေသည်။


မဟာဂိုဏ်းမှ ပညာရှင်များ ၊ လေမိုးကြိုးမျှော်စင်မှ ပညာရှင်များ ၊ ရုပ်သေးဂိုဏ်းမှ ပညာရှင်များ ကောင်းကင်ဆေးမြို့တော်၊ တောက်ပကောင်းကင်မြို့တော်နှင့် အခြားနေရာမှ သူများအားလုံးလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။


ပုဖန်နှင့်နန်ကုန်းဝူချယ်လည်းတစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် အက်ကြောင်းထဲသို့ တိုးဝင်လိုက်သည်။အက်ကြောင်းထဲသို့ ဝင်လိုက်သည့်ခဏမှာပင် ပြင်းထန်လှသည့် သက်ရောက်မှု အားတစ်ခုကို ခံစားလိုက်ရ၏။


ပုဖန်သူ့၏ ရှေ့၌ မည်သည့်အရာကိုမှ မမြင်ရပေ။သူ့၏ ရှေ့၌ အဆုံးအစမဲ့သော အဖြူရောင်လွင်ပြင်ကြီး တစ်ခုသာရှိနေလေသည်။သူ အချိန်အတော်ကြာ ကျင့်သားရအောင် စောင့်ပြီးမှသာလျှင် အနက်ရောင်အရိပ်တစ်ချို့ကို မြင်နိုင်လာလေသည်။


အက်ကြောင်းထဲ ဝင်ရောက်ခဲ့ပြီးသည်နောက် မည်သည့်အရာမှ မရှိသော အဖြူရောင် ကွက်လပ်တစ်ခုကို ဖြတ်သန်းလာရသလို ခံစားလိုက်ရသည်။သူ ဘယ် ညာဟူ၍ပင် မခွဲခြားနိုင်တော့ပဲ ထိုနေရာ၌သာ ရပ်တန့်မိန်းမောနေမိသည်။


အချိန်အတော်ကြာပြီးနောက်ပုဖန်၏ ခန္ဓာကိုယ်က သံကြိုးများမှလွတ်မြောက်သွားသကဲ့သို့ အသံများထွက်ပေါ်လာသည်။ကောင်းကင်ယံထက်မှ ကြီးမားလှသောလှိုင်းတစ်ခုက သူ့ဆီသို့ ထိုးကျလာသည်။ထိုလှိုင်းကြောင့် သူလွင့်ထွက်သွားပြီး ပြန်လည်၍ သတိဝင်လာ၏။


သူ့၏ပုခုံးထက်မှ ပုစွန်ပိစိကလည်း လွင့်ကျသွားသည်။သူ့၏ ခြေလက်လေးများကို လေထဲ၌ ဆက်လက်လှုပ်ရှားကူးခတ်နေလေ၏။


 ဗွမ်းခနဲ အသံတစ်ခုထွက်ပေါ်လာပြီးပုဖန်ရေထဲသို့ ပြုတ်ကျသွားလေသည်။ရေမျက်နာပြင်၌ ရေပူစီးဖောင်းများပလုံစီထသွားသည်။အချိန်ခဏမျှ ကြာပြီးမှ ပုဖန် ရေပြင်ပေါ်သို့ ပြန်လည် ထွက်ပေါ်လာနိုင်သည်။


လေထုထဲ၌ သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များပြည့်နှက်နေသောကြောင့် ပုဖန်၏ အရိုးအဆစ်များပင် အလိုလို ပွင့်သွားလေသည်။


"ဒါကတိမ်ပင်လယ် လျှို့ဝှက်နယ်မြေလား..."


သူ ရှေ့၌ ကြီးမားလှသော ရေနံရံတစ်ခု ထွက်ပေါ်လာသည်။အထက်သို့ လျှင်မြန်စွာ ကူးခတ်လိုက်ပြီး ရေတံခွန်၏ ရှေ့၌ ရပ်လိုက်သည်။နေရာတိုင်းစီမှ ကျယ်လောင်လှသော ရေကျသံများကို ကြားနေရ၏။


ပြင်းထန်လှသော ငါးညှီနံ့များထွက်နေသည့် ကြီးမားလှသော အရိပ်ကြီးတစ်ခုက ရေတံခွန်ထဲမှ ဖောက်ထွက်လာပြီး ပုဖန်စီသို့ တိုးဝင်လာသည်။