အပိုင်း ၄၅၃
Viewers 54k

အခန်း ၄၅၃

ငရဲကမ္ဘာသင်္ဘော


လှေနံရံပေါ်၌ စကားလုံးများကို ရေးဆွဲထားပေသည်။ထိုစကားလုံးများက တိမ်ပင်လယ် လျှို့ဝှက်နယ်မြေအကြောင်းကို မိတ်ဆက်ထားခြင်းဖြစ်သည်။


ထိုစကားလုံးများ၌ ပါဝင်နေသည့် သတင်းအချက်အလက်တစ်ချို့က ပုဖန်၏ စိတ်ဝင်စားမှုကို ဆွဲယူသွားလေသည်။ပထမဉီးဆုံးအနေဖြင့် သူလျှို့ဝှက်နယ်မြေထဲ ထွက်လာရခြင်းက နတ်မင်းစွေ့စွေ့ခုန်ဟင်းပွဲတွင်ပါဝင်သည့် ပါဝင်ပစ္စည်းများကို ရှာဖွေရန်ဖြစ်သည်။ဒုတိယအနေဖြင့် နောက်ထပ်ရည်ရွယ်ချက်တစ်ခုက စနစ်ကပေးထားသော မစ်ရှင်ဖြစ်သည့် နဂါးအရိုးမြက်ကို ရှာဖွေရန်ဖြစ်၏။


အဆင့် ၁၀ စိတ်ဝိညာဉ်ဆေးပင်များက အလွန်တန်ဖိုးရှိလှသည်။ထိုအဆင့် ၁၀ စိတ်ဝိညာဉ် ဆေးပင်များကြားမှ တန်ဖိုးအရှိဆုံး ဖြစ်သည့် နဂါးအရိုးမြက်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ပေ။


သူက လျှို့ဝှက်နယ်မြေနှင့်ပတ်သတ်၍ ဘာမှမသ်ိပေ။သူ နယ်မြေထဲသို့ ဝင်ရောက်ပြီးသည်နှင့် နန်ကုန်းဝူချယ်နှင့် တကွဲတပြား ဖြစ်သွားမည်ဟုလည်း မမျှော်လင့်ခဲ့မိပေ။သို့သော်လည်း လှေနံရံ၌ ရေးထွင်းထားသော သတင်းအချက်အလက်များကို ရရှိပြီးနောက် သူ့၏ ပြဿနာများ ဖြေရှင်းပြီးသားဖြစ်သွားပေပြီ။


သတင်းအချက်အလက်များအရ ပုဖန် နတ်လှေငယ်ကို စီးသွားလျှင် လျှို့ဝှက်နယ်မြေအနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားပေလိမ့်မည်။သူ ထိုနေရာသို့ ရောက်ရန်အတွက်လည်း ကျွန်းပေါင်းမြောက်များစွာကို ဖြတ်ကျော်သွားရပေမည်။


တိမ်ပင်လယ် လျှို့ဝှက်နယ်မြေထဲ၌ ကျွန်းပေါင်းမြောက်များစွာရှိသည်။တစ်ချို့က ကျွန်းသေများဖြစ်ပြီး တစ်ချို့ ကျွန်းများ၌မူ စိတ်ဝိညာဉ်ဆေးပင်များနှင့် စိတ်ဝိညာဉ် သားရဲများ ပြည့်နှက်နေသည်။


ထိုအချက်ကပင် တိမ်ပင်လယ်လျှို့ဝှက်နယ်မြေ၏ ဆွဲဆောင်မှု တစ်ခုဖြစ်ပြီး မြောက်များလှစွာသော သူများ နယ်မြေထဲသို့ ဝင်ရောက်လိုခြင်းအကြောင်းလည်းဖြစ်သည်။


လှေငယ်ပေါ်၌ ကျွန်းတစ်ကျွန်း၏ အကြောင်းကို မှတ်တမ်းရေးထိုးထားပေသည်။ထိုကျွန်း၌ စိတ်ဝိညာဉ် ဆေးပင်များနှင့်သာ ပြည့်နှက်နေခြင်းကြောင့် ဆေးဥယျာဉ်ဟု ခေါ်ဆိုလေသည်။


လေပြင်းများက လှေငယ်၏ အနောက်မှနေ၍ အဆက်မပြတ် ပင့်တိုက်နေသောကြောင့် နတ်လှေငယ်လေးက အကန့်အသတ်မဲ့ သမုဒ္ဒရာထဲ၌ တဖြေးဖြေးချင်း မျောလွင့်နေသည်။ထိုလှေငယ်ကို မည်သူကပြုလုပ်ပြီး ကျွန်းပေါ်၌ ထားခဲ့ကြောင်းကို သူမသိပေ။


ပုဖန်လုပ်ရန်လိုသည်က ထိုလှေငယ်ပေါ်၌ ရေးဆွဲထားသော အစီအရင်ကို သူ့၏ အစစ်အမှန်စွမ်းအင်ဖြင့် နှိုးဆွလိုက်ခြင်းသာဖြစ်သည်။


သူ့၏ အစစ်အမှန်စွမ်းအင်များကို နှိုးဆွလိုက်သည်နှင့် လှေငယ်၏ နောက်ဘက်မှ လေလှိုင်းများကို ထုတ်လွင့်ပေလိမ့်မည်။ထိုလေလှိုင်းများကလျှို့ဝှက်နယ်မြေအတွင်းသို့ရောက်အောင် ပို့ဆောင်ပေးပေလိမ့်မည်။


ပုဖန်က နတ်လှေပေါ်တွင် ခြေထောက်ချိတ်ထိုင်၍ အရှေ့သို့ မျက်စိရှင်ရှင်ထားကာ ကြည့်ရှုနေလေသည်။သူက နတ်လှေနံရံပေါ်တွင် ရေးထွင်းထားသော ဆေးဥယျာဉ်ကျွန်းကို ရှာဖွေနေခြင်းဖြစ်သည်။


ပုဖန်နားလည်ထားမှုအရ ထိုဆေးဥယျာဉ် ကျွန်းပေါ်၌ နဂါးအရိုးမြက်ကဲ့သို့သော တန်ဖိုးရှိသည့် စိတ်ဝိညာဉ် ဆေးပင်များကို ရှာဖွေတွေ့ရှိနိုင်ရန် အခွင့်အလမ်းများပေသည်။


ထိုဆေးဥယျာဉ်ကျွန်းကို ရှာတွေ့သည်နှင့် စိတ်ဝိညာဉ်ဆေးပင်များကို တွေ့နိုင်လိမ့်မည်ဟု ခံစားနေမိသည်။နတ်လှေငယ်လေးက အရှေ့သို့ အရှိန်ဖြင့် ရွက်လွင့်နေသည်။ပထမဦးဆုံး ထွက်ခွာလာသည့် ကျွန်းက တဖြေးဖြေး ဝေး၍ ဝေး၍ ကျန်ခဲ့ပြီး မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားလေသည်။


.....


သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပိုင်းပိုင်းဆုတ်ဖြဲထားသလိုမျိုး ပြင်းထန်သည့် နာကျင်မှုကို နန်ကုန်းဝူချယ်ခံစားနေရသည်။သူ အတင်းအကျပ်အားထုတ်လိုက်မှသာ သူ့၏ မျက်ဝန်းများကို ဖွင့်လိုက်နိုင်သည်။သူ သဘောင်္ဝမ်းဗိုက်ထဲ၌ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။


"သဘောင်္ဝမ်း...ငါက သဘောင်္ပေါ်မှာလား..."


နန်ကုန်းဝူချယ် သူသတိမလစ်ခင်က အနက်ရောင်သံသဘောင်္တစ်စင်းပေါ်သို့ ခုန်တက်လိုက်သည်ကို အမှတ်ရလိုက်သည်။အခု သူလှဲလျောင်းနေသည်က ထိုလှေဝမ်းဗိုက်ထဲ၌ ဖြစ်နိုင်သည်။


သူ ခန္ဓာကိုယ်မှ ပြင်းထန်သည့် နာကျင်မှုများကို လျစ်လျူရှုလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ မတ်တပ်ထရပ်လိုက်သည်။သူ့၏ ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်လိုက်၏။သူတကယ်ကိုပင် သဘောင်္တစ်စင်းထဲ ရောက်နေပေသည်။


သဘောင်္တစ်ခုလုံးက အနက်ရောင်ဖြစ်ပြီး ကိုယ်ထည်ပေါ်၌ အစင်း ကြောင်း (သို့မဟုတ်) ရေးထွင်းထားသည့် စကားလုံး တစ်လုံးမျှပင် ရှိမနေပေ။ကိုယ်ထည်တစ်ခုလုံးက အနက်ရောင်ဖြစ်နေပြီး မည်သည့်ပစ္စည်းမှ ပြုလုပ်ထားသည်ကိုလည်း သူမသိရပေ။


ထိုအနက်ရောင်သံသဘောင်္က ရေခဲတမျှ အေးစက်လှသော ခြောက်ခြားဖွယ်ရာ အော်ရာများကို ထုတ်လွင့်နေသည်။ထိုသဘေင်္ယ၌ ရွက်တိုင်တစ်ခုလည်းရှိနေသည်။သို့သော် ရွက်တိုင်ကလည်း လုံးဝ အနက်ရောင်သာ ဖြစ်သည်။သဘောင်္၏ အစိတ်အပိုင်းတိုင်းက ထူးခြားဆန်းကြယ်နေပေသည်။ထိုသဘောင်္ကို ကြည့်လိုက်ရုံ၌ပင် စိတ်မသက်မသာ ခံစားနေရသည်။


နန်ကုန်းဝူချယ်က မျက်ဝန်းများကြုတ်၍ ရွက်သဘောင်္ ကုန်းပတ်ပေါ်၌ ဖြေးညှင်းစွာ လျှောက်နေလိုက်သည်။ရွက်သဘောင်္ကို မည်ကဲ့သို့ အသုံးပြုရမည်ကို သူသိဖို့ လိုအပ်သလို ထိုသဘောင်္ မည်သည် အရပ်သို့ ဦးတည်နေကြောင်းကိုလည်း သိချင်ပေသည်။


ဘန်း....ဘန်း....


လှိုင်းလုံးများက ရွက်လှေကို ရိုက်ခတ်လိုက်သောကြောင့် ကျယ်လောင်သည့်အသံများထွက်ပေါ်လာသည်။သို့သော်လည်း လှေက အလွန်ပင် တည်ငြိမ်နေသည်။နန်ကုန်းဝူချယ်က ကုန်းပတ်ပေါ်၌ လမ်းလျှောက်နေခြင်းဖြစ်သော်လည်း သူ လဲကျမသွားရုံသာမက အနည်းငယ် ယိမ်းယိုင်သွားမှုကိုပင် မခံစားရပေ ။


အချိန်ခဏမျှ ရှာပြီးသည့်နောက် သူ သင်္ဘောအခန်းတစ်ခု၏ ဝင်ပေါက်ကို တွေ့လိုက်သည်။ထိုဝင်ပေါက်က အနည်းငယ်မှောင်မဲနေပြီး ထိုနေရာမှာ လေအေးများ ထွက်ပေါ်နေသည်။


ထိုမှောင်မဲနေသော ဝင်ပေါက်က အနည်းငယ်ထူးဆန်းပြီး ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလှသည်။ဝင်ပေါက်ရှေ့၌ ရပ်နေသော နန်ကုန်းဝူချယ်ပင်လျှင် တုန်လှုပ်မှုကို ခံစားနေရသည်။


နန်ကုန်းဝူချယ် သူ့ကိုယ်သူ အားတင်းလိုက်ပြီးနောက် ထိုဝင်ပေါက်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။သူအကြောင်းပြချက်ကို မသိသော်လည်း သူ့ကိုယ်သူပင် နားမလည်နိုင်လောက်အောင် ရုတ်တရက်ကြီး သင်္ဘောအကြောင်းကို စိတ်ဝင်စားလာပေသည်။


အခန်းထဲသို့ ဝင်လိုက်ပြီးသည့်နောက် သူ့ပတ်ဝန်းကျင်တစ်ခုလုံး မည်သည့်အရာကိုမှ မတွေ့ရလောက်အောင် မဲမှောင်နေသည်ကို သိလိုက်ရသည်။


ဒီသင်္ဘောက ကြီးမားလှသည်။၄င်းက သာမန်နတ်လှေလေးများထက် အဆပေါင်းများစွာ ကြီးမားနေသည်။ပြောရမည်ဆိုလျှင် ထိုသင်္ဘောကြီးက တိမ်ပင်လယ် လျှို့ဝှက်နယ်မြေကို ဖြတ်သန်းသွားသော တောင်ကြီးတစ်လုံးနှင့်ပင် တူနေသည်။


နန်ကုန်းဝူချယ်က လက်ကိုမြှောက်၍ သူ့၏ ငရဲမီးတောက်ကို ထုတ်ဖော်လိုက်သည်။ထို့နောက် သူ့၏ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ သူ့နှလုံးသားကလည်း တဒိန်းဒိန်းခုန်နေပေသည်။သူ အခန်း၏ ထောင့်တစ်နေရာ၌ မြောက်များလှစွာသော အရိုးစုများကို တွေ့လိုက်ရသည်။


ထိုအရိုးစုများက တော်တော်ကို ကြာမြင့်လှ ပြီ ဖြစ်ပြီး သူတို့၏ အဝတ်အစားများပင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။


သို့သော် အဘယ်အကြောင်းကြောင့် သင်္ဘောအခန်းထဲ၌ အရိုးစုမြောက်များစွာ ရှိနေရသနည်း။


ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံး ထောင်ထသွားသလိုပင် နန်ကုန်းဝူချယ် ခံစားလိုက်မိသည်။သူ့၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုများပြည့်နှက်လာသောကြောင့် ပတ်ဝန်းကျင်ကို ထပ်မံ၍ အကဲခတ်လိုက်ပြန်သည်။သူ အခန်းထဲမှ အရိုးပုံကို ကြည့်ပြီးနောက် ကြောက်ရွံ့မှုများက ပိုလာပေသည်။


"ဘယ်လိုကြောင့် ဒီလောက်မဲမှောင်ပြီး ကြောက်ဖို့ကောင်းနေရတာလဲ...ဘာမှထွက်မလာနဲ့နော်...ဘာမြင်ကွင်းမှလည်း မပြနဲ့...ငါ့မှာ အမဲသားလုံးတွေ ရှိတယ်..."


နန်ကုန်းဝူချယ်က သူ့နှလုံးသားထဲ၌ တုန်လှုပ်မှုကို စတင်ခံစားလာရသည်။သူ့ဘာသာသူ တတွတ်တွတ်ရေရွတ်လိုက်သည်။သူ ပုဖန်ကိုယ်တိုင် လုပ်ပေးထားသော ပူပူနွေးနွေးအမဲသားလုံးများကို ထုတ်ယူလိုက်သည်။


နန်ကုန်းဝူချယ်ကိုင်ထားသော ထိုအသားလုံးလေးများက အလင်းဖျော့ဖျော့လေး ထုတ်လွင့်နေသည်ဟုပင် ထင်ရသည်။ရုတ်တရက် နန်ကုန်းဝူချယ်က သူနှင့်ခပ်လှမ်းလှမ်းတွင်ရှိနေသော ကျောက်ပြားတစ်ခုကို မြင်လိုက်ရသည်။ထိုကျောက်ပြားကို အခန်း၏ အလယ်တွင် စိုက်ထူထားသည်။ထိုကျောက်တိုင်ရှိရာဆီသို့ လျှောက်လာလိုက်ပြီး ရေးထွင်းထားသည့် စာများကို ဖတ်လိုက်သည်။


"ငရဲကမ္ဘာသင်္ဘော..."


ထိုကျောက်တိုင်ပေါ်မှ စကားလုံးများကို ဖတ်လိုက်သည့်ခဏ၌ သူ့၏ နှလုံးသားက တုန်ယင်သွားလေသည်။၄င်းက မမြင်ရသော ပုံသဏ္ဍာန်မရှိသော အရာများ ပင်လယ်ထဲ ဖြတ်သန်းသွားနေသလိုပင် ခံစားလိုက်ရသည်။


သင်္ဘော၏ အစိတ်အပိုင်းတစ်ခုချင်းစီက ဘေးအန္တရာယ်ကို ကိုယ်စားပြုနေသည်။ထိုသင်္ဘောက သတ်ဖြတ်ခြင်းနှင့် သေဆုံးခြင်း၏ သင်္ကေတပင်ဖြစ်သည်။


၄င်းက နမိတ်မကောင်းသော သင်္ကေတပင်ဖြစ်သည်။


၄င်းက မနှစ်မြို့စရာ သင်္ဘောပင်ဖြစ်သည်။


အနက်ရောင်သင်္ဘောက လူတစ်ယောက်၏ နှလုံးသားကို မှောင်မိုက်လာစေပြီး ကြောက်ရွံ့မှုများ ဖုံးလွှမ်းသွားစေလိမ့်မည်။ယခုလက်ရှိအချိန်၌ နန်ကုန်းဝူချယ် ငို ချချင်နေပေပြီ။ 


သူတကယ့်ကို ကံမကောင်းပုံပေါ်သည်။


နန်ကုန်းရွှမ်ဟယ်၏ လက်ထဲမှ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ငရဲကမ္ဘာသင်္ဘောထဲသို့ ဝင်ပြေးခဲ့မိသည်။နှစ်ပေါင်းတစ်ရာ ကြာခဲ့လျှင်တောင်မှ ထိုငရဲကမ္ဘာသင်္ဘောကို တွေ့ရန် အလွန်ခက်ခဲသည်။


သို့သော်လည်း နန်ကုန်းဝူချယ်ကမူ လျှို့ဝှက်နယ်မြေထဲ ရောက်ပြီးသည်နှင့် ထိုသင်္ဘောထဲသို့ စိုက်စိုက်မြိုက်မြိုက်ကြီးပင် ဝင်ပြေးခဲ့မိပေသည်။


ဝုန်း....


နန်ကုန်းဝူချယ် ဝမ်းနည်းပူဆွေးနေစဉ်မှာပင် တံခါးပေါက် ပိတ်ကျသွားလေပြီ။အသံကျယ်ကျယ်တစ်ချက်နှင့်အတူ တံခါးက တင်းတင်းစေ့ပိတ်သွား၏။


နန်ကုန်းဝူချယ်က သင်္ဘောခန်းထဲမှ အလျှင်အမြန်ထွက်ရန် ပြင်လိုက်သည်။သို့သော်လည်း သူ ထွက်စရာလမ်းကြောင်းရှာမတွေ့ပေ။အထူးသဖြင့် အခန်းထဲ၌ လူအများ၏ သီချင်းဆိုသံ ခပ်တိုးတိုးလေး ထွက်ပေါ်လာသည်ဟု ထင်လိုက်မိသည်။တကယ့်ကို ကြောက်စရာ ထိတ်လန့်စရာကောင်းလှပေ၏။


.....


ပင်လယ်ရေပြင်မှ မြူငွေ့များ ဖြေးဖြေးချင်းတက်နေသည်။လှေဝမ်းထဲတွင် ခြေချိတ်၍ ထိုင်နေသော ပုဖန်က သူ့လက်က်ို မြှောက်လိုက်သည်။ရုတ်တရက် နတ်လှေငယ်၏ ပတ်ဝန်းကျင်၌ မြူများအုံ့ဆိုင်းလာသည်ကို သတိပြုမိလိုက်သည်။


အရာအားလုံးက မြူများအဖြစ် ပြောင်းလဲသွားသည်ဟုပင် ထင်ရသည်။ထိုမြူများက သိပ်သည်းလှပြီး အရာအားလုံးကို ဖုံးကာထားသည့် လိုက်ကာတစ်ခုနှင့်ပင် တူသည်။


မြုများက ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမကြည့်နိုင်အောင် တားဆီးထားပေသည်။


ထို့စဉ်... သူ၏ ဘယ်ဘက်မှနေ၍ သင်္ဘောတစ်စင်းချဉ်းကပ်လာလေသည်ကို သတ်ိပြုမိလိုက်သည်။


ထိုသင်္ဘောက အလွန်ပင် ထူးခြားဆန်းကြယ်ပြီး အလွန်တရာပင် မွန်းကျပ်စေသော အော်ရာများကို ထုတ်လွင့်နေသည်။ထိုအရာက အနက်ရောင် သံသင်္ဘောတစ်စင်းဖြစ်သည်။


ထိုသင်္ဘောက မြူထဲ၌ ဖုန်းကွယ်နေပြီး ပင်လယ်ပြင်တွင် တစ္ဆတေစ်ကောင်လို ရွေ့လျားနေ၏။ပုဖန် သူ့ရှိရာဆီသို့ တဖြေးဖြေးနီးကပ်လာနေသည့် ကြီးမားလှသော အနက်ရောင်သင်္ဘောကို မျက်မှောင်ကြုတ် ကြည့်လိုက်မိသည်။


ထိုအနက်ရောင်သင်္ဘောကြီးက ပုဖန်၏ လှေငယ်လေးဘေးမှ တဖြေးဖြေးချင်းဖြတ်သွားပြီး မြူများကြား တိုးဝင်ပျောက်ကွယ်သွားလေသည်။ပုဖန် အသက်ပြင်းပြင်းရှိုက်လိုက်မိသည်။ထိုသင်္ဘော၏ နံရံပေါ်၌ ငရဲကမ္ဘာသင်္ဘောဟု ရေးသားထားလေသည်။


ငရဲကမ္ဘာမှ လာသောသင်္ဘောတစ်စင်း ...သေခြင်းတရားကို ကိုယ်စားပြုသော သင်္ဘောတစ်စင်း...


သူ ငရဲကမ္ဘာဆိုသော နာမည်ကို အနည်းငယ်ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ပုဖန် မျက်မှောင်ကြုတ်၍ ထိုအကြောင်းကို စဉ်းစားလိုက်၏။သို့သော်လည်း သူ မည်သည့်အကြောင်းအရာကိုမှ မှတ်မိခြင်းမရှိပေ။


မြူများကြားထဲ ပြန်လည် ပျောက်ကွယ်သွားသော သင်္ဘောကိုကြည့်၍ ပုဖန် တစ်စုံတစ်ခုနှင့် လွဲချော်သွားသည်ဟု ခံစားနေမိသည်။


သူ တိမ်ပင်လယ် လျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းသို့သာ ဆက်လက်၍ ခရီးနှင်လာခဲ့သည်။မြူများက အနည်းငယ်ကျဲပါးသွားပြီးနောက် တစ်ချို့သော ကျွန်းများကို မြူကြားထဲမှ ဖြတ်၍ မသဲမကွဲ မြင်လာရလေသည်။


ကျွန်းပေါင်းမြောက်များစွာကို ဖြတ်ကျော်လာပြီးနောက် ပထမဦးဆုံးကျွန်းထက်ကြီးသည့် ကျွန်းတစ်ခုကို သူတွေ့လိုက်ရသည်။သူ့၏ နတ်လှေငယ်လေးက ဧရာမကျွန်းကြီးဆီသို့ တဖြေးဖြေးချင်းကပ်သွားပြီးနောက် ကမ်းစပ်တွင် ရပ်တန့်သွားသည်။


ပုဖန်က နတ်လှေကို သူ့၏ သိုလှောင်နယ်မြေထဲ သိမ်ဆည်းရန် ကြိုးစားလိုက်သည်။သို့သော်လည်း ထိုနတ်လှေက သိမ်းဆည်းရန် မဖြစ်နိုင်ကြောင်း သူတွေ့လိုက်ရသည်။


သူနတ်လှေကို ကမ်းခြေအထိရောက်အောင် တွန်းတင်ခဲ့ပြီးနောက် ထိုနေရာမှာတင် ထားခဲ့ဖို့သာ တတ်နိုင်လေသည်။


ထို့နောက် သူ ကျွန်း၏ အတွင်းပိုင်းစီသို့ လျှောက်လာခဲ့သည်။ကျွန်းက အလွန်ကြီးပြီး တစ်ခြားတစ်ဖက်ကိုပင် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ထ်ို့အပြင် အနည်းငယ်မွန်းကျပ်စေသည့် ခံစားမှုမျိုးကိုလည်း ပေးစွမ်းလေသည်။


ကျွန်းပေါ်၌ မြောက်များလှစွာသော ကျောက်တုံးများစွာ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ဒီကျွန်းက ဆေးဥယျာဉ်ကျွန်းမဖြစ်နိုင်တော့ပေ။


စိတ်ဝိညာဉ် ဆေးပင်များက ကျောက်တုံးများကြား၌ မပေါက်ရောက်ပေ။အကယ်၍ ဆေးပင်များက လိုအပ်သည့် အာဟာရကိုသာ စုပ်ယူနိုင်ခြင်းမရှိလျှင် မည်ကဲ့သ်ို့ အကျိုးသက်ရောက်မှုမျိုးကို ပိုင်ဆိုင်ပါမည်နည်း။


ဝှိုက်တီက ပုဖန်နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသလို သူပုခုံးပေါ်မှ ပုစွန်ပိစိကလည်း ငြိမ်ငြိမ်သက်သက်ဖြင့် လဲလျောင်းနေလေသည်။


ကြည့်ရသည်မှာငြိမ်းအေးအတိတ်နမိတ်ကောင်းနေလေသည်။


ပုဖန်က အကောက်အကွေ့များလှသော လမ်းများကို ကြည့်လိုက်သည်။ထို့နောက် ကျွန်း၏ အတွင်းပိုင်းစီသို့ ဦးဆောင်သွားနိုင်သည်ထင်ရသော လမ်းတစ်လမ်းကို ရွေးလိုက်သည်။


ဒီအကြိမ်၌ မြောက်များလှစွာသော နတ်လှေငယ်များ ကျွန်းပတ်လည်၌ စိုက်ကပ်ထားသည်ကို သူမသိသေးပေ။မြောက်များလှစွာသော သူများကလည်း ကျွန်းအတွင်းပိုင်းသို့ ရောက်နိုင်မည့် လမ်းကို ရွေးချယ်ပြီး လာလေကျလေရာ မကြာခင် သူတို့ချင်းချင်း ထိပ်တိုက် တွေ့ဆုံပေတော့မည်။


သူ အချိန်အတော်ကြာ လျှောက်လှမ်းပြီးနောက် အနက်ရောင် နယ်မြေတစ်ခုသို့ ဝင်ရောက်သွားလေသည်။ထိုနေရာမှ အေးစက်ကြမ်းတမ်းလှသော လေပြင်းများကလည်း သူ့ကို တိုး၍ တိုက်ခိုက်နေ၏။သို့သော်လည်း သူထိုနေရာ၌ အချိန်ကြာကြာ ပိတ်မိမနေပဲ တောက်ပသည့် လင်းရှင်းသည့် ဝင်ပေါက်တစ်ခုကို အလျှင်အမြန် ရှာတွေ့သွားသည်။


ပုဖန် ထိုဝင်ပေါက်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူရှေ့မှ ရှိနေသော အရာရာတိုင်းက အလင်းရောင်များ တောက်ပလာလေသည်။ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ပုဖန်၏ မျက်ဝန်းများကျဉ်းမြောင်းသွားပြီး လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။


အဘယ်ကြောင့်ဆိုသော် သူရှေ့မှ အရာများက သူရင်းနှီးနေသည့် စိတ်ဝိညာဉ်သားရဲများဖြစ်နေသည်။


ထိုသားရဲများက ပုံရိပ်ယောင်စိတ်ဝိညာဉ် နယ်မြေ သလင်းကျောက်တွင်း၌ သူတွေ့ကြုံခဲ့ရသည့် ပုံဆောင်ခဲသားရဲများဖြစ်သည်။


သို့သော်လည်းယခု ပုံဆောင်ခဲသားရဲများက သူတွေ့ကြုံခဲ့သော သားရဲထက် ပိုကြီးပြီး ပိုကြောက်စရာကောင်းလေသည်။သူတို့ ထုတ်လွင့်နေသော ဖိအားစွမ်းရည်ကပင် တစ်စုံတစ်ယောက်၏ နှလုံးသားကို တဒုန်းဒုန်းလှုပ်ခါသွားစေဖို့ လုံလောက်နေပေပြီ။


တစ်...နှစ်...သုံး...


တကယ်တမ်းတွင် ဒီနေရာ၌ အလွန်ပြင်းထန်လှသော အော်ရာများ ထုတ်လွင့်နေသည့် ကြီးမားသော သားရဲ သုံးကောင်သာရှိသည်။သူတို့၏ ဘေးနားရှိနေသော တခြားပုံဆောင်ခဲ သားရဲများထုတ်လွင့်နေသည့် အော်ရာများကမူ အားနည်းကြသည်။


ထိုပုံဆောင်ခဲသားရဲများကိုကြည့်၍ ပုဖန်အရာရာတိုင်း နားလည်သွားလေသည်။ဒီကျွန်းက မြှုပ်ကွယ်နေသော ကျွန်းတစ်ခုဖြစ်နိုင်သည်။ဒီကြီးမားသော ကျွန်းပေါ်၌ အလွန်ကြီးမားလှသည့် သလင်းကျောက်တွင်း တည်ရှိနေပေလိမ့်မည်။


ကျွန်းလယ်မှာရှိနေသော တောင်ကြီးကဲ့သို့ ကြီးမားသည့် ပုံဆောင်ခဲသားရဲများက သူတို့နောက်ရှိ သလင်းကျောင်ရင်းမြစ်များကို ကာကွယ်နေခြင်းဖြစ်သည်။ထိုသလင်းကျောက်ရင်းမြစ် သုံးခုမှ အလင်းရောင်များကလည်း မျက်စိမလွှဲချင်အောင်ပင် ဆွဲဆောင်ထားပေသည်။


ဘန်း...ဘန်း...ဘန်း...


"ကြီးမားတဲ့ သလင်းကျောက်အရင်းအမြစ်...အဲ့ဒီသလင်းကျောက်ရင်းမြစ်ထဲမှာ တန်ဖိုးရှိတဲ့ရတနာတွေရှိနေမှာ အသေအချာပဲ..."


"ဒီသလင်းကျောက် အရင်းအမြစ်အားလုံးက ငါ့ဟာပဲ မင်းတို့အားလုံး ဒီနေရာက ထွက်သွားမလား...ဒါမှမဟုတ် ငါငရဲကို ပို့ပေးရမလား..."


"ဒီနေရာမှာရှိနေတဲ့ စိတ်ဝိညာဉ် အနှစ်သာရတွေက အရမ်းကိုပဲ သိပ်သည်းတယ်...သလင်းကျောက်အရင်းအမြစ်ထဲမှာသေချာပေါက်ကို တန်ဖိုးရှိတဲ့ ရတနာ ရှိနေလိမ့်မယ်..."


ပတ်ဝန်းကျင်အဘက်ဘက်မှ စိတ်လှုပ်ရှားစွာ ရေရွတ်သံများနှင့် ဒေါသတကြီး ကျုံးဝါးသံများထွက်ပေါ်လာသည်။အနီးအနား ဝင်ပေါက်ဆီမှ ထွက်ပေါ်လာသော သူများကိုကြည့်၍ ပုဖန် ရုတ်တရက် ထိတ်လန့်သွားမိသည်။


သူတို့ တစ်ယောက်ချင်းစီကလည်း ကြောက်မက်ဖွယ်ကောင်းလှသောအော်ရာများကို ထုတ်လွင့်နေသည်။အများအပြား ပေါင်းစုလိုက်သောအခါ၌ ဒီနေရာတစ်ခွင်လုံး ကမ္ဘာ့ဖိအားများဖြင့် ပြည့်နှက်သွားလေသည်။


သူ့၏ အနီးအနား၌ မြောက်များလှစွာသော မသေမျိူးခန္ဓာအဆင့်များကို စုပြုံလိုက် တွေ့ရလိမ့်မည်ဟု ပုဖန်မမျှော်လင့်ခဲ့မိပေ။


ဧရိယာတစ်ခွင်လုံးပင် ပြည့်သွားသည့် ပြင်းထန်လှသော ကမ္ဘာ့ဖိအားကြောင့် ပုံဆောင်ခဲသားရဲများ၏ မျက်ဝန်းများ ပွင့်လာကြသည်။သူတို့မျက်ဝန်းမှ အနီရောင်အလင်းတန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲသွားလေသည်။