အခန်း.၄၅၈
မင်းက ဒီခွေးဘုရင်ကို လူလည်ကျလိုက်တာပဲ...
ကျောက်ရေပူများက ဘေးဘက်သို့ လွင့်စင်သွားသည်။အချိန်ခဏမျှ ကျဆင်းနေပြီးနောက် သူ့၏ ခန္ဓာကိုယ်က မာကြောသည့် မျက်နာပြင်နှင့် ထိတွေ့သွားကြောင်း မီရှခံစားလိုက်ရသည်။
ဒီတစ်ကြိမ်၌ ချော်ရည်ပူများကို ဖြတ်သန်းစဉ်ကလို ပူလောင်သည့် ခံစားချက်မျိုး မခံစားရပေ။ထိုအစား အေးစက်မှု အနည်းငယ်ကိုပင် ခံစားလိုက်ရသေးသည်။လေထဲ၌ ပြန့်နှံ့နေသော သွေးနံ့များက သူ့၏ နှာခေါင်းပေါက်ထဲသို့ တိုးဝင်လာသည်။
သူ့၏ ခန္ဓာကိုယ်မှ အရိုးအဆစ်များက ပိုကျယ်ပြန့်လာသလို ထင်ရပြီး စိတ်လှုပ်ရှားသည့် ခံစားချက်တစ်ခုက သူ့ကိုလွှမ်းခြုံလာလေသည်။သူဝတ်ထားသည့် သွေးနီရောင်ဝတ်စုံက ပို၍ တောက်ပြောင်လာပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်လာသည်။ထိုဝတ်ရုံမှ သွေးများ စီးကျနေသလိုပင်ထင်ရသည်။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ဆီမှ သွေးများ စီးဆင်းကျနေပုံပေါ်နေ၏။သူတို့နှစ်ယောက်လုံး တိတ်ဆိတ်စွာဖြင့်ပင် ဆက်လျှောက်လာခဲ့သည်။မီရှက မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ထဲမှ စွမ်းအင်လှိုင်းများ ညွှန်ပြနေသည့် နေရာသို့သာ ဦးတည်လိုက်သည်။
သူ့၏ ရှေ့မှ အဆုံးအစမဲ့ ဧရိယာတစ်ခွင်လုံးက သွေးနီရောင်သာ လွှမ်းခြုံနေပြီး သူအရှေ့သို့ တိုးလာလေ စိတ်လှုပ်ရှားမှုများ ပို၍ ပြင်းထန်လာလေပင်ဖြစ်သည်။
"ငါတို့ရောက်တော့မယ်...ငါတို့ မကြာခင်မှာပဲ ရောက်တော့မယ် ..."
မီရှက တီးတိုးရေရွတ်လိုက်သောကြောင့် သူနောက်မှလိုက်ပါလာသောသူက မျက်မှောင်ကြုတ်လိုက်မိ၏။အရှေ့ကို တစ်လှမ်းလှမ်းလိုက်တိုင်း သူတို့ရှေ့မှရှိနေသော တွေ့ကြုံနေသည့် အရာရာများက ပြောင်းလဲသွားသည်ဟု ခံစားနေရသည်။
ရုတ်တရက် သူတို့၏ ရှေ့၌ ပျက်စီးယိုယွင်းနေသော သွေးနီရောင်မျှော်စင်တစ်ခုပေါ်လာသည်။ထိုမျှော်စင်၌ ရှုပ်ထွေးလှသည့် လမ်းကြောင်းများနှင့် အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။သွေးနီရောင် လိုင်းကြောင်းကလေးများမှလည်း ထူးခြားဆန်းကြယ်လှသော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွင့်နေ၏။
"အဲ့ဒါ ရှုရမျှော်စင်မဟုတ်လား..."
မီရှက တီးတိုးရေရွတ်လိုက်သည်။ရှုရမျှော်စင်က ကျိုးပဲ့သွားပြီဖြစ်ကြောင်း မီရှသိပေသည်။သို့သော်လည်းသူ့၏ အရှေ့၌ ပေါ်လာသည့် အသွင်အပြင်ကို ကြည့်၍ အကောင်းတိုင်းရှိနေသည်ဟုပင် ခံစားနေရသည်။
မျှော်စင်မှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်စွမ်းအင်များကိုဖိနှိမ့်ထားပြီးနောက် လှုံ့ဆော်ပေးနေပေသည်။မျှော်စင်မှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်ထဲရ်ှအစစ်အမှန်စွမ်းအင်များကို ဖိနှိမ့်ထားပြီးနောက် လှုံ့ဆော်ပေးနေသေးသည်။
ရှုရမျှော်စင်က ရှေးဟောင်းရှုရမြို့တော်မှ ကျွမ်းကျင်ပညာရှင်အပေါ်၌ ဖိနှိမ့်နိုင်သည့် အကျိုးသက်ရောက်မှုမျိုးရှိသည်။
ထိုသွေးနီရောင် ရှုရမျှော်စင်၏ ပြတင်းပေါက်တစ်ခု၌ လူတစ်ယောက်ရပ်နေသည်ကို သတိပြုမိသွားသောကြောင့် မီရှ၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။
ထိုလူ၏ ခန္ဓာကိုယ်က တောင့်တင်းသန်မာလှသည်။သူ့၏ ပုခုံးပေါ်သို့ ပြေလျော့ကျနေသော သွေးနီရောင်ဆံပင်များကလည်း လေအရှိန်ဖြင့် တဖျက်ဖျက်လွင့်ခါနေသည်။ထိုလူ၏ အေးစက်ပြီး အကြင်နာမဲ့လှသော အကြည့်များက သူတို့နှစ်ယောက်ကို စိုက်ကြည့်နေလေသည်။
....
"ပုဖန် ကောင်လေး...မင်းရဲ့သခင်ခွေးက ခဏလေးပဲ အိပ်ရသေးတယ်...ဒါတောင်မှ မင်းက ငရဲကမ္ဘာကတစ်ယောက်ယောက်ကို သွားပြီးတော့ ရန်စထားပြီးပြီ အခါတိုင်းလိုပဲ မင်း အေးအေးဆေးဆေးကစားနေလို့ မရဘူးလား...ဟုတ်လား..."
ပုဖန်၏ စိတ်ထဲ၌ အမျိုးသားတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ထိုအသံကို ကြားလိုက်ရသည်နှင့် ပုဖန်၏ မျက်ဝန်းများ တောက်ပသွားသည်။ထိုအသံက ခွေးငပျင်းဘလက်ကီ၏ အသံဖြစ်သည်။နောက်ဆုံးတော့ ခွေးဝတုတ်က နှိုးထလာခဲ့ပေပြီ။
ဘလက်ကီက ပုံရိပ်ယောင်စိတ်ဝိညာဉ် နယ်မြေ၌ မည်သည့်အရာမှန်းမသိသည့် အရာတစ်ခုကို စားခဲ့ပြီးနောက် သူအင်ပါရီယာမြို့တော်သို့ ပြန်ရောက်သည့်အချိန်ထိပင် အိပ်ပျော်နေခဲ့သည်။
ခွေးငပျင်းက အိပ်စက်နေသည်မှာ တော်တော်ကြာသွားခဲ့ပြီဖြစ်ပြီး ယခုတော့ နှိုးထလာပေပြီ။ထို့အပြင် ဘလက်ကီက ငရဲကမ္ဘာနှင့်လည်း ရင်းနီးနေပုံရသည်။
လေထဲတွင် မျောလွင့်နေသော ငရဲကမ္ဘာသင်္ဘောမှ ကြောက်မက်ဖွယ်ရာအော်ရာများကို ထုတ်လွင့်နေတုန်းဖြစ်သည်။ဝှိုက်တီ၏ ခန္ဓာကိုယ်က တောက်ပလာသည်။သူ့၏ ဝတ်ရုံပေါ်မှ အစီအရင်များက တဖျက်ဖျက်လက်လာ၏။ထိုအမျိုးသမီး၏ ဖိအားအောက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
ပုစွန်ပိစိကမူ အခ်ျိန်အတိုအတွင်း နှ်ိုးထမလာသေးမည့်ပုံပေါ်သည်။အဘယ့်ကြောင့်ဆိုသော် သူ့၏ အမွှေးရှည်နှစ်ချောင်းက လှုပ်ရမ်းနေသည်ဆိုသော်လည်း အနည်းငယ်မျှ ရောင်ရောင်လေးမျှသာဖြစ်သည်။
"ငရဲကမ္ဘာသင်္ဘောက ငရဲကမ္ဘာကနေလာတာ အဲ့ဒီအမျိုးသမီးကလည်း ငရဲကမ္ဘာကပဲ ...သူမနဲ့ ရင်ဆိုင်ရမှာတော့ မလွယ်ဘူးထင်တယ်..."
ဘလက်ကီက ပြောလိုက်သည်။သူ့၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များ အရှိန်ဖြင့် စတင်လည်ပတ်လာသည်ကို ပုဖန်ခံစားလိုက်မိသည်။ထို့နောက် သူ့၏ ခေါင်းပေါ်၌ အလင်းအစက်အစက်အပျောက်အငယ်လေးများ တဖြေးဖြေးစုစည်းလာသည်။ထိုထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာ၏။ထိုပုံရိပ်က ခွေးဘုရင်ဘလက်ကီပင် ဖြစ်သည်။
အမျိုးသမီး၏ လေမှာလွင့်ဝဲနေသည့် ဆံနွယ်များက မြောက်များလှစွာသောမြှားများကဲ့သို့ အဘက်ဘက်သို့ ဦးတည်လွင့်ထွက်သွားသည်။သူမ၏ နဖူးပေါ်ရှိ အက်ကွဲရာသေးသေးလေးမှလည်း တတိယမျက်လုံးတစ်ခု ထွက်ပေါ်လာသလ်ို ထင်ရ၏။
နန်ကုန်းရွှမ်ဟယ်ကအဝေးသို့ လျှင်မြန်စွာ ထွက်ပြေးသွားပြီးနောက် မုန်တိုင်းထန်သော ပင်လယ်ပြင်ထဲသို့ အလျှင်စလို တိုးဝင်သွားသည်။သူ့၏ အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်သုံးစွဲပြီး ထိုအနက်ရောင်သင်္ဘောနှင့် ဝေးနိုင်သမျှ ဝေးအောင် လှည့်မကြည့်စတမ်းပြေးနေလေသည်။သူပြေးရပေမည်။မဟုတ်လျှင် သူသေရလိမ့်မည်။
ထိူအမျိုးသမီးကို ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။သူမ၏ အော်ရာများက လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်တော့မယောင် ထင်ရသည်။ထိုခံစားချက်က အဆင့် ၃ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့် ပညာရှင်ပင်လျှင် သူမနှင့် ရင်မဆိုင်နိုင်ဟု ထင်မိသည်။
သူတို့ထဲ၌ သူမနှင့်အဆင့်တူသည့် သူမရှိပေ။ထိုငရဲကမ္ဘာသင်္ဘောက တကယ့်ကို ကပ်ဆိုးသင်္ဘောဖြစ်သည်။မမျှော်လင့်ထားစွာပင် သူက ထိုသင်္ဘောနှင့် တွေ့ကြုံခဲ့ရ၏။
ဒီတစ်ကြိမ်၌ ပုဖန်စိုးရိမ်သောကကို ခံစားနေရပေသည်။သူမည်မျှကြာမှ လွတ်မြောက်နိုင်မည်ကို မသိသေးပေ။
သို့သော်လည်း သူတကယ့်ကို မသေချင်သေးပေ။ထိုအမျိုးသမီး၏ အေးစက်လှသော မျက်ဝန်းများက ပုဖန်ကိုသာ မလွှဲတမ်း စိုက်ကြည့်နေကာ သတ်ဖြတ်ခြင်း အငွေ့အသက်များကလည်း မြင့်တက်လာသည်။
သူမ၏ နဖူးပေါ်၌လည်း ဒေါင်လိုက် မျက်လုံးတစ်လုံးပေါ်လာသည်။ထို့နောက် ထိုမျက်လုံးမှ အလင်းရောင်တန်းများ ပစ်လွှတ်လာလေသည်။ထိုအလင်းတန်းက လေဟာနယ်ကိုပင် ပျက်စီးသွားစေပြီး ပုဖန်ရှိရာဆီသို့ ရောက်ရှိလာလေသည်။
စိတ်ဝိညာဉ်ရှိသည်ဟုထင်ရသော အနက်ရောင်မီးလျှံများက လေထဲ၌ ပေါ့ပါးစွာမျောလွင့်နေ၏။သူ့၏ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကလည်း ထိုမီးလျှံနက်၏ ဖိနှိမ့်ခြင်းကို ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။သူ ထိုအမျိုးသမီးကို ခုခံတွန်းလှန်နိုင်စွမ်းလုံးဝ မရှိပေ။
ထိုအချိန်၌ သူ့၏ ခေါင်းပေါ်၌ ရှိနေသော အရိပ်က ဖြေးဖြေးချင်း ထရပ်လာသည်။ဘလက်ကီ၏ အမှတ်အသားတစ်ခုဖြစ်နေသော ကြောင်ခြေလှမ်းများနှင့် ဖြစ်သည်။ခွေးတစ်ကောင်၏ ပုံရိပ်က ကြောင်တစ်ကောင်ကဲ့သို့ သွားလာနေသည်။သခင်ခွေးက ယခင်အတိုင်း သိမ်မွေ့နေတုန်းပင်ဖြစ်သည်။
ဝှစ်....
အလင်းတန်းက ပုဖန်ဆီသို့ ရောက်လာသည်နှင့် ခွေးဘုရင်က သူ့၏ရှေ့၌ ဝင်ရပ်လိုက်ပြီး သေးငယ်လှသော လက်ဖဝါးလေးကို မြှောက်လိုက်သည်။
ဘန်း....
အလင်းတန်းက လေထဲလမ်းတစ်ဝက်၌ပင် ရပ်တန့်သွားပြီး ခွေးဘုရင်၏ ရိုက်ချခြင်းကို ခံလိုက်ရသည်။ကျွန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ထက်ခြမ်းကွဲလုနီးပါးပင်ဖြစ်သွားသည်။
မြောက်များလှစွာသော ကျောက်တုံးများကွဲကြေသွားပြီး ပင်လယ်ထဲပြုတ်ကျသွားသောကြောင့် ကြောက်မက်ဖွယ်ရာ လှိုင်းလုံးများ မြင့်တက်လာသည်။မြေပြင်က အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
ငရဲကမ္ဘာသင်္ဘော၏ နက်မှောင်နေသော ရွက်တိုင်ကလည်း ပြင်းထန်သောလေကြမ်းများကြောင့် တဖျက်ဖျက်ခါယမ်းနေ၏အမျိုးသမီး၏ အနက်ရောင်ဆံပင်များက လေ၌ အကြမ်းပတမ်း လွင့်ခါနေသော်လည်း သူမ၏ သွေးမရှိသည့်မျက်နာက မတုန်မလှုပ်ရှိနေတုန်းပင်ဖြစ်သည်။ပုဖန်ကလည်း သူမကို မျက်နာသေဖြင့်သာ စိုက်ကြည့်နေသည်။
ပြင်းထန်လှသော လေလှိုင်းများက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း သူ့အပေါ်၌ လုံးဝ သက်ရောက်မှု မရှိပေ။ထိပ်တိုက်တွေ့ဆုံမှုမှ အလင်းတန်းများ ဖြာထွက်လာပြီးနောက် ဖုန်မှုန်များနှင့်အရာအားလုံးက အဝေးသို့ လွင့်စင်ပပျောက်သွားသည်။
ထိပ်တိုက်တွေ့ဆုံမှုမှ အလင်းတန်းများ ဖြာထွက်လာပြီးနောက် ဖုန်မှုန့်များနှင့်အရာအားလုံးက အဝေးသို့ လွင့်စင်ပပျောက်သွားသည်။ခွေးဘုရင်၏ ပုံရိပ်က သူ့၏ လက်ဖဝါးလေးကို မြှောက်၍ အေးဆေးစွာ ရပ်နေတုန်းပင်ဖြစ်သည်။
"လျှို့ဝှက်နယ်မြေထဲကို ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့ ငရဲကမ္ဘာကအမျိုးသမီးလေး မင်းမှာ ငါတို့ကို မကျေနပ်တာရှိတယ်ဆိုရင်လည်း သေသေချာချာလေး ဆွေးနွေးပြောဆိုကြတာပေါ့ ...တိုက်ခိုက်တာကိုရပ်ကြစို့..."
ခွေးဘုရင်၏ ပုံရိပ်မှ တည်ငြိမ်အေးဆေးလှသော အသံထွက်ပေါ်လာသည်။ခွေးဘုရင်၏ စကားများကို ကြားသည်နှင့် အမျိုးသမီး၏ အသက်ဝိညာဉ်ကင်းမဲ့နေသော မျက်ဝန်းများက အနည်းငယ်တောက်ပသည့် အရိပ်အယောင်မျိုးဖြစ်သွသည်။
"ရှင်...ရှင်က ကျွန်မကို ဘယ်လိုလုပ်သိတာလဲ...ရှင်ဘယ်သူလဲ..."
သူမ၏ အေးစက်လှသော အသံက အနည်းငယ်ကွဲအက်နေသည်။
"ငါ မင်းကို သိတယ်...ဒါပေမယ့် ငါဘယ်သူလဲဆိုတာကိုတော့မပြောန်ိုင်ဘူး...စိတ်မပူပါနဲ့ ဒီခွေးဘုရင်က မင်းကို မျက်နာသာ နည်းနည်းပေးပါ့မယ်...ငါ ငရဲကမ္ဘာကိုပြန်ရောက်တဲ့အခါကျရင် မင်းသက်ညှာမှုရဖို့အတွက် ဆွေးနွေးပေးမယ်..."
ဘလက်ကီ၏ စကားကို ကြားသည်နှင့် ပုဖန်မျက်ဖြူလှန်လိုက်မိသည်။ထိုခွေးဝတုတ်က အရှက်မဲ့သည်ဟုပင် ခံစားမိလေသည်။
"မင်းဘယ်သူလဲဆိုတာတောင် သူကမသိဘူးလေ...အဲ့ဒါကို မင်းက ဘာကို မျက်နာသာပေးမယ်လဲ..."
အမျိုးသမီး၏ နဖူးပေါ်မှ အက်ကွဲရာလေးက ပြန်လည် ပိတ်သွားပြီး သူမ၏ အေးစက်လှသော မျက်နာပေါ်၌ စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်လေးများ ကျန်ခဲ့သည်။သူမက ခွေးဘုရင်၏ ပုံရိပ်ကို နက်နင်ရှိုင်းရှိုင်းစိုက်ကြည့်နေသည်။ကြည့်ရသည်မှာ သူမတစ်စုံတစ်ခုကို စဉ်းစားနေပုံပေါ်သည်။
ထို့နောက် သူမ၏ အသက်ဝိညာဉ်ကင်းမဲ့နေသော မျက်ဝန်းများထဲ၌ စိုးရိမ်မှုနှင့် အံ့သြမှု အရိပ်အယောင်မျိုး ပေါ်လာသည်။
"အဲ့ဒါက ရှင်လား..."
ခွေးဘုရင်က သူ့၏ လက်ဖဝါးလေးကို မြှောက်ပြီး ခေါင်းညိတ်ပြလိုက်၏။ငရဲကမ္ဘာမှအမျိုးသမီးက မည်သည့်စကားမှ ထပ်မပြောတော့ပေ။
သူမက သင်္ဘောအတွင်းပိုင်းသို့ ပြန်လှည့်ဝင်သွားသည်။သင်္ဘောအခန်း၏တံခါးက ပွင့်ဟလာပြီး အထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
"သူတို့ခိုးသွားတဲ့ သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရတွေက ငါသိမ်းထားခဲ့တာ...ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ သူတို့ကို မျက်နာသာပေးလိုက်မယ်...ရှင်ခုဏက ပြောခဲ့တာတွေသာမမေ့ပါနဲ့..."
အမျိုးသမီး၏ အသံက လေပြေကြားထဲ၌ ပဲ့တင်ရပ်နေသည်။ထို့နောက် ရိုင်းစိုင်းကြမ်းတမ်းနေသော ပင်လယ်ပြင်က တစ်ဖန်ပြန်၍ အေးငြိမ်းသွားလေပြီ။ပုဖန်၏ မျက်ဝန်းများက ပြူးကျယ်လေသည်။
ဒါက...
သူ ထူးဆန်းသည့် အမူအရာနှင့် ငရဲကမ္ဘာသင်္ဘောကို စူးစိုက်ကြည့်နေ၏။
အကယ်၍ သူသာမမှားဘူးဆိုလျှင် ထိုသင်္ဘောအတွင်းထဲ၌ ရုန်းကန်နေသည့် တစ်စုံတစ်ယောက်ရှိနေပေသည်။ထိုလူ၏ မျက်နာကလည်းသူနှင့် ရင်းနီးနေပေ၏။
"နန်ကုန်းဝူချယ် ...ဒီလူပြက်က ငရဲကမ္ဘာသင်္ဘောထဲကို ဘာသွားလုပ်တာလဲ...သူကအမျိုးသမီးရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး သူမရဲ့ ခင်ပွန်းဖြစ်လာဖို့ ဖိအားပေးခံရတာလား..."
ပုဖန်၏ စိတ်ထဲ၌ မရေရာသောအတွေးများဖြင့် ပြည့်သွားသည်။သူချွေးထွက်မတက်စဉ်းစားလိုက်သော်လည်းမည်သည့်အကြံဉာဏ်မှမရခဲ့ပေ။ထို့အပြင် ငရဲကမ္ဘာသင်္ဘောကလည်းမြူခိုးများကြား ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ကောင်းပြီလေ...ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြောင်းကိုလည်း ဘယ်သူကဂရုစိုက်လို့လဲ..."
"သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရ...ပုဖန် ကောင်လေး မင်းသူ့ဆီက သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရကို ခိုးခဲ့တာလား...အဲ့ဒာတကယ်တော့..."
ခွေးဘုရင်က ကျယ်လောင်စွာ မေးလ်ိုက်သည်နှင့် ပုဖန် ချက် ချင်းခေါင်းညိတ်ပြလ်ိုက်သည်။
"အဲ့ဒါ ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ မင်းသိရဲ့လား...သလင်းကျောက်ပေါင်းများစွာထဲမှာမှ တစ်ခုပဲရှိနိုင်တာ...ကြည့်ရတာတော့ ငါသူမအပေါ်မှာ အကြွေးကြီးကြီးတင်သွားပြီ..."
ခွေးဘုရင်ကို ကြည့်ရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်နေပုံပေါ်သည်။
"ကောင်လေး မင်းပြန်ရောက်တဲ့အခါကျရင် ငါ့အတွက် တစ်နေ့ကို နံရိုးချိုချဉ်ကြော် သုံးပွဲလုပ်ပေးရမယ်...မလုပ်ပေးဘူးဆိုရင် မင်းကိုငါ ကိုက်ပစ်မယ်..."
"ကောင်းပြီ သဘောတူတယ်..."
ပုဖန်က ခပ်တည်တည်ပင်ပြန်ပြောလိုက်သည်။ထို့နောက်သူက သိုလှောင်နယ်မြေထဲမှ ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။ထိုပုလင်းမှ မွှေးရနံ့သင်းသင်းလေးများ ဝေ့ဝဲလာပေသည်။
"အဲ့ဒီအမျိုးသမီးက ဒီဟာကိုသလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရလို့ခေါ်တာ ဟုတ်တယ်မဟုတ်လား..."
ပုဖန်က ဘလက်ကီ၏ ရှေ့၌ ပုလင်းက်ို လှုပ်ခါပြပြီးမေးလိုက်သည်။ထိုပုလင်းကို မြင်လိုက်သည်နှင့် ခွေးဘုရင်၏ အမွှေးများပင် ထောင်ထသွားသည်။
"ပုဖန် ကောင်လေး မင်းက ဒီခွေးဘုရင်ကို လှည့်ဖျားလိုက်တာပဲ...သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရတွေက ဒီဘူးတစ်ဘူး အပြည့်ကြီးလား...သူမက မင်းကို သတ်သွားရင်တောင် ငါမအံ့သြတော့ဘူး...တကယ်လို့ ငါသာဆိုရင်တော့ မင်းကို ကမ္ဘာဆုံးတဲ့ထိအောင်လိုက်ဖမ်းမှာ ..."
ခွေးဘုရင်၏အသံပင် အနည်းငယ် တုန်ယင်နေသည်။ခွေးဘုရင် အခ်ျိန်ကြာကြာအိပ်ပျော်သွားခြင်းက သလင်းကျောက်အရင်းအမြစ်ခရမ်းအနှစ်သာရကိုသောက်သုံးခဲ့ခြင်းကြောင့်ဖြစ်သည်။သို့သော်လည်း သူသောက်သုံးခဲ့သည်က အစက်အနည်းငယ်သာ ဖြစ်သည်။ပုဖန်လက်ထဲမှ ပုလင်းနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။
ခွေးဘုရင်၏ ပုံရိပ်မှ အလင်းများ ဖြာထွက်လာပြီးနောက် စတင်၍ လည်ပတ်လာကာ အလင်းစက်လေးများက တဖြေးဖြေးလွင့်စင်ပျောက်ကွယ်သွားလေသည်။
"စိတ်ပုပ်ကောင်စုတ်လေး...ဒီခွေးဘုရင်ကိုစောင့်နေဦး...ခွေးဘုရင်က မင်းဆီကိုချက်ချင်းလာခဲ့မယ်...ငါ့အတွက် သလင်းကျောက်အရင်းအမြစ် အနှစ်သာရက်ို ချန်ထားပေးဦး..."
ထိုအသံက အလင်းစက်များနှင့်အတူတပါတည်းပြန်လည် ပျောက်ကွယ်သွားလေပြီ။ထို့နောက် ပတ်ဝန်းကျင်တစ်ခွင်လုံး ပြန်လည်ငြိမ်သက်အေးဆေးသွားသည်။
ကျွန်းတစ်ခုလုံးက တကယ့်ကို ဖရိုဖရဲဖြစ်နေသည်။နတ်ဆိုးလက်သည်းချီသစ်သီး ကျနေသည့်နေရာက ပုဖန်နှင့် နီးကပ်နေ၏။သူ ကြောင်အမ်းအမ်းပင်ဖြစ်နေမိသည်။ခြေလှမ်းအနည်းငယ်လျှောက်သွားလိုက်ပြီးနောက် သစ်သီးကို ကောက်ယူလိုက်သည်။
"ဒီလိုနဲ့ပဲ သူရသွားပြီလား..."
အားစိုက်ထုတ်မှုပင်မရှိပဲ တကယ့်ကို လွယ်ကူလွန်းလှသည်။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများပင် ကော့တက်သွားလေသည်။သူသစ်သီးကို သိုလှောင်နယ်မြေထဲ ပြန်လည် သိမ်းဆည်းလိုက်သည်။မည်သည့်နည်းနှင့်ပင်ရရ နတ်ဘုရားနယ်ပယ် အဆင့် ပစ္စည်းဖြစ်သောကြောင့် တော်တော်လေး စိတ်ကျေနပ်နေမိသည်။
ဝှိုက်တီက မြေပြင်ပေါ်မှ ပြန်လည် ကုန်းထလာသည်။သူ့၏ မျက်ဝန်းများက ခရမ်းရောင်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ပုခုံးပေါ်မှ ပုစွန်ပိစိကလည်း နှိုးထလာပြီဖြစ်၏။သူ့၏ မျက်ဝန်းများကိုလည်လိုက်ပြီး ပုဖန်ကို စိုက်ကြည့်လိုက်သည်။
ဝုန်း...
ရုတ်တရက် ကျွန်းတစ်ခုလုံး လှုပ်ခါသွားသည်။ပုဖန်၏ နှလုံးသားထဲ၌ သူကြောက်ရွံ့မှုများ မြင့်တက်သွားပြီး ခပ်လှမ်းလှမ်းနေရာဆီသို့ လှမ်းကြည့်လိုက်မိသည်။ပင်လယ်လှိုင်းများစီမှ မီးတောက်အကြီးကြီးတစ်ခုနှင့်အတူ ကြီးမားလှသည့် တိမ်သဏ္ဍာန်အခိုးအငွေ့များ မြင့်တက်လာလေသည်။ထူးခြားမှု တစ်ခုခုဖြစ်နေပုံပေါ်သည်။
အမ်...
ပုဖန် အံ့အားသင့်သွားသည်။မီးတောက်များ ထွက်ပေါ်လာသည့်နေရာမှစွမ်းအင်လှိုင်းများ ပြန့်နှံ့လာသည်။ထို့နောက် ထိုနေရာမှ သွေးနီရောင်ရှိသော ကြီးမားသည့် မျှော်စင်ကြီးတစ်ခု ပေါ်ထွက်လာ၏။
ထိုအရာပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် တိမ်ပင်လယ် လျှို့ဝှက်နယ်မြေထဲ၌ မြောက်များလှသော ထူးခြားဆန်းကြယ်သည့် အော်ရာများ ပေါက်ကွဲသွားလေသည်။