အပိုင်း ၄၆၅
Viewers 53k

အခန်း ၄၆၅

ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်...


မိုးခြိမ်းသံကဲ့သို့ စူးရှကျယ်လောင်သော အသံများ ထုတ်လွင့်နေသည့် သွေးနီရောင်လက်ဖဝါးက ပုဖန်ကို ထုချေချရန် ပျံသန်းလာခဲ့သည်။ထိုလက်ဖဝါးမှထွက်ပေါ်လာသော အော်ရာများက ပုဖန်ကို မလှုပ်နိုင်အောင် ဖိနှိပ်ထားပေသည်။


ငရဲကမ္ဘာအမျိုးသမီးက စက်ကွင်းထဲမှ အသာအယာပင် ရှောင်ထွက်လိုက်ပြီး ပုဖန်ဘက်သို့ အေးစက်စွာပင် ကြည့်နေခဲ့သည်။ပုဖန်၏ လက်ရှိ ကျင့်ကြံစဉ်နှင့် ထိုလက်ဖဝါး ကြီးကို ဟန့်တားနိုင်ရန် မဖြစ်နိုင်ပေ။ထိုကောင်လေး သေဆုံးရမည်မှာ သံသယရှိစရာမလိုပေ။


သို့သော်လည်း သူသေတော့မည်မှာ သေချာနေသည့်အချိန်၌ပင် ထိုသူ၏ ခေါင်းပေါ်၌ အလင်းစက်အပျောက်အငယ်လေးများ ထွက်ပေါ်လာသည်။ထိုအလင်းများက အဘက်ဘက်မှ ပျံသန်းလာသော ပိုးစုန်းကြူးအုပ်စုလိုက်ကြီးနှင့်ပင် ဆင်တူနေသည်။ထိုအလင်းစက်များက လေဟာနယ်ထဲ၌ ပိုးအိမ်မျှင် သဏ္ဍာန် တဖြေးဖြေးဖွဲ့တည်လာခဲ့သည်။ထို့နောက် တစ်စုံတစ်ခု ကွဲကြေသွားသည့်အသံမျိုးကြားလိုက်ရသည်။


ထိုအက်ကွဲကြောင်းထဲမှ နက်မှောင်လှသော ခွေးလက်ဖဝါးလေးတစ်ခုပေါ်ထွက်လာလေသည်။


သွေးနီရောင်လက်ဖဝါးကြီးမှ ထုတ်လွင့်နေသော အော်ရာများကြောင့် ပုဖန်၏ ဆံပင်မွှေးများပင် ထောင်နေသည်။ထို့အပြင် ထိုလက်ဖဝါးမှ ထုတ်လွင့်နေသော ဆိုးရွားလှသည့် သွေးနံ့များက ပုဖန်ကို မူးဝေနေစေသည်။


သွေးလွှမ်းလူသားကလည်း သူ့၏ တိုက်ခိုက်မှုက်ို လုံးဝ ယုံကြည်မှုရှိနေသည်။သူ့၏ လက်ဖဝါးရိုက်ချက်က ထိုပုရွတ်ဆိတ်ကဲ့သို့သော ကောင်စုတ်လေးကို သေချာပေါက် သေဆုံးသွားစေပေလိမ့်မည်။


ငရဲကမ္ဘာအမျိုးသမီးကလည်း ဖြစ်ရပ်များကို ရှင်းရှင်းလင်းလင်း သ်ိမြင်နေပေသည်။သွေးလွှမ်းလူသားက အဆင့် ၅ဆင့်ကို ချိုးဖောက်ပြီးသော မသေမျိုးခန္ဓာအဆင့် တည်ရှိမှုမျိုးဖြစ်သည်။ ထိုကဲ့သို့သော သူမျိုးက ပုဖန်လို နတ်ဘုရားနယ်ပယ်(နေါက့ပိုင်းမှာ မသေမျိုးနယ်ပယ်လို့ ပြောင်းလဲသုံးစွဲသွားပါမယ်) ကိုပင် လှမ်းတက်ခြင်းမရှိသေးသောသူမျိုးကို သတ်ရခြင်းမှာ ပုရွတ်ဆိတ်တစ်ကောင်ကို သတ်ရသကဲ့သို့ လွယ်ကူလွန်းလှသည်။


ပုဖန်အတွက် ထိုတိုက်ခိုက်မှုမှ လွတ်လာနိုင်စရာအကြောင်းမရှိပေ။သူမက ပုဖန် သေဆုံးသွားမည့် အချိန်ကို စောင့်နေပေသည်။သို့မှသာလျှင် ပုဖန်လက်ထဲမှ သလင်းကျောက်အရင်းအမြစ်ခရမ်းအနှစ်သာရကို သူမ ပြန်လည်ရရှိနိုင်ပေမည်။


ပြောရမည်ဆိုလျှင် ထိုခရမ်းအနှစ်သာရက သူမအတွက် အလွန်အရေးကြီးပေသည်။နဂိုအချိန်က ထိုသူဆီသို့ သူမပေးလိုက်ခြင်းမှာ ခွေးနက်ကြီးကြောင့်ပင် ဖြစ်သည်။


ယခုမူ ခွေးနက်ကြီးလည်း ဒီနေရာတွင် ရှိမနေသည့်အတွက် ထိုသလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရကို သူမနောက်တစ်ကြိမ်လက်လွှတ်လိုက်နိုင်စရာအကြောင်းမရှိပေ။


ထိုအချိန်မှာပင် လေဟာနယ် အက်ကွဲကြောင်းထဲမှ ခွေးလက်ဖဝါးလေး ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသောကြောင့် အမျိုးသမီးက အလွန်အံ့အားသင့်သွားသည်။ထိုခွေးလက်ဖဝါးလေးက နက်မှောင်ပြီး နူးညံ့ချစ်စရာကောင်းလှသည်။


ထိုခွေးလက်ဖဝါးက သာမန်ခွေးလက်ဖဝါးနှင့် တူလှသော်လည်း မြင်လိုက်ရသည့်ခဏ သူမတကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထသွားလေသည်။


ပုဖန်လည်း ထိုအက်ကွဲကြောင်းထဲမှ ခွေးလက်ဖဝါးလေး ထွက်လာသည်ကို တွေ့မြင်လိုက်ပြီး မျက်လုံးများ ပြူးသွားသည်။သူ့၏ မျက်နာက ပျော်ရွှင်မှုကို မဖုံးဖိနိုင်တော့ပဲ ဝင်းလဲ့သွားလေသည်။


"ဒါက ဘလက်ကီပဲ..."


ထိုအနက်ရောင်လက်ဖဝါးက ခွေးဘုရင်ဘလက်ကီမှ လွဲ၍ မဖြစ်နိုင်ပေ။သူပေါ်ထွက်လာပေပြီ။ထိုချစ်စဖွယ်ကောင်းလှသော လက်ဖဝါးသေးလေးမှ ထွက်ပေါ်လာသော အရှိန်အဝါများက အလွန်ကြောက်စရာကောင်းလှသည်။ ပုဖန်ကို ထုချေချမည့် ထိုသွေးနီရောင်လက်ဖဝါးက မမြင်ရသည့် အင်အားတစ်ခု၏ နှောင့်ယှက်မှုကြောင့် အနည်းငယ်မျှပင် ရှေ့ဆက်မတိုးနိုင်တော့ပေ။


သူရှေ့မှ မြင်ကွင်းကိုကြည့်၍ သွေးလွှမ်းလူသား၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။ကမ္ဘာ့ဖိအားများ သူ့အပေါ်သို့ ပြိုကျလာသည်ကို ခံစားမိလိုက်၏။ထိုခွေးလက်ဖဝါးမှလာသော ဖိအားများက သူကိုယ်ပိုင် ကမ္ဘာ့ဖိအားများကို ဖယ်ရှားလိုက်လေသည်။


ပုံသဏ္ဍာန်မဲ့သော စွမ်းအင်လှိုင်းများက သူ့၏ သွေးနီရောင် လက်ဖဝါးကို အဝေးသို့ လွင့်ထွက်သွားစေသည်။ထို့နောက် သူ့၏ သွေးနီရောင် လက်ဖဝါးပုံသဏ္ဍာန်က ကွဲကြေသွားပြီးနောက် သွေးမိုးများ အဖြစ်သို့ ပြောင်းလဲသွားသည်။


သွေးလွှမ်းလူသားက ခြေလှမ်းအနည်းငယ်မျှ ဆုတ်လိုက်ရသည်။သူ့၏ မျက်နာက ရုပ်ဆိုးအကျည်းတန်လွန်းနေပေပြီ။သူ မယုံကြည်နိုင်မှု အပြည့်ဖြင့် သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်သည်။


"ဒီကောင်စုတ်လေးက အဲ့ဒီလောက်တောက်သန်မာတာလား...မဖြစ်နိုင်ဘူး... ဒါ သူခြွန်အားမဖြစ်နိုင်ဘူး...ဒါဆို ဘယ်သူလဲ... ဒီ လျို့ဝှက်နယ်မြေထဲမှာ မသေမျိုးခန္ဓာ အထွဋ်အထိပ်အဆင့် ပညာရှင် ရှိနေသေးတာလား...ဒါမှမဟုတ် မသေမျိုးခန္ဓာဆင့်ကို ကျော်လွန်တဲ့ တည်ရှိမှုများ ဖြစ်နိုင်လား..."


သွေးမြူများက တဖြေးဖြေး လွင့်ပါးသွားပြီးနောက် သူ့ရှေ့မှ မြင်ကွင်းက ထင်ထင်ရှားရှားပေါ်လာလေသည်။သွေးလွှမ်းလူသား၏ အကြည့်များက ခွေးလက်ဖဝါး အပေါ် စူးစိုက်ကျရောက်သွားသည်။ထိုသေးငယ်လှသော ခွေးလက်ဖဝါးလေးက အက်ကြောင်းထဲမှ ထွက်ပေါ်လာသည့်အတိုင်း မြှောက်လျက်အနေထားပင် ရှိနေသေးသည်။ထိုလက်ဖဝါးလေးက သူ့၏ သွေးလက်ဖဝါးကို ပြိုကွဲနိုင်သည့် စွမ်းအားရှိနေမည်ဟု မထင်ထားမိပေ။


"အဲ့ဒါက ခွေးလက်ဖဝါး မဟုတ်ဘူးလား...ဒီလို ခွေးလက်ဖဝါးသေးသေးလေးက သူ့လိုလူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တာလား...သူက မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် ပညာရှင်လား..."


သွေးလွှမ်းလူသား၏ နှုတ်ခမ်းများက ရှုံ့မဲ့သွားပြီး သူ့မျက်နာအမူအရာက ရုပ်ဆိုးသွားလေသည်။


"ကြည့်ရတာတော့ ငါအချိန်မှီသွားပုံပဲ..."


အက်ကွဲကြောင်းက တဖြေးဖြေးကြီးမားလာပြီး အနည်းငယ်ပျင်းရိနေသော အသံတစ်သံ လွင့်ပျံထွက်လာသည်။ထို့နောက် ထိုအက်ကွဲကြောင်းထဲမှ ပုံရိပ်တစ်ခု တဖြေးဖြေးလျှောက်ထွက်လာ၏။ထိုပုံရိပ်က သေချာပေါက်ကို လူတစ်ယောက်မဟုတ်ပေ။ထိုပုံရိပ်က ကြောင်တစ်ကောင်လို ခြေလှမ်းများဖြင့် လျှောက်လှမ်းလာ၏။


"နေအုံး ...ဘာ... ကြောင်တစ်ကောင်လို လျှောက်လာတာ ...အဲ့ဒါက ခွေးလက်ဖဝါး မဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့ ပုံရိပ်က ကြောင်တစ်ကောင်လို ခြေလှမ်းတွေနဲ့လဲ ..."


သွေးလွှမ်းလူသား၏ အတွေးများပင် ချာချာလည်သွားသည်။သူ မျက်မှောင်ကို ကြုတ်၍ အက်ကွဲကြောင်းထဲမှ ထွက်လာသော ပုံရိပ်ကို သေချာစွာ စူးစိုက်ကြည့်လိုက်သည်။


ထိုအရာက ခွေးတစ်ကောင်ပင်ဖြစ်သည်။တိတိကျကျပြောရလျှင် ဝဝဖီးဖီး ခွေးနက်တစ်ကောင်ပင်ဖြစ်သည်။သူ ကြောင်တစ်ကောင်ကဲ့သို့ ဟန်ကျပန်ကျ လျှောက်လာစဉ်တွင် သူ့၏ အဆီများက ခြေလှမ်းလှမ်းလိုက်တိုင်း လှုပ်ခါနေပေသည်။


"ဒီခွေးက သွေးလက်ဖဝါးကို တားဆီးခဲ့တာလား..."


ခွေးဘုရင်ကို မြင်လိုက်သည့်အချိန်၌ ငရဲကမ္ဘာအမျိုးသမီး၏ အမူအရာကလည်းထူးဆန်းသွားလေသည်။အဘယ့်ကြောင့်ဆိုသော် ထိုခွေးဘုရင်၏ ပုံပန်းက သူမမှတ်မိထားသော ပုံသဏ္ဍာန်နှင့် လုံးဝ ကွာခြားနေပေပြီ။


သူမ ထိုခွေးဘုရင်ကို ငရဲကမ္ဘာမှာ ရှိစဉ်က တစ်ကြိမ်ဆုံခဲ့ဖူးသည်။ထိုအချိန်က သူထိုမျှလောက်မဝပေ။ယခု၌မူ သူ့၏ ဆူဖြိုးသည့် အသားများကပင် လမ်းလျှောက်တိုင်း တုန်ခါနေသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးတက်သွားသည်။သူ့စိတ်ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အားနည်းသည့် ခံစားချက်ကြီးကလည်း ပျောက်ကွယ်သွားသလို သူ့ခန္ဓာအတွင်းရှိ အစစ်အမှန်စွမ်းအင်များလည်း ကုန်ခမ်းသွားပေပြီ။


ပုဖန် ကမာနှလုံးသားပန်ကိတ်ကို ထုတ်ယူလိုက်ပြီး အလုတ်ကြီး ကိုက်ဝါးလိုက်သည်။သူ ပန်ကိတ်ကို မြိုချပြီးသော အခါမှသာလျှင် ခန္ဓာကိုယ်တွင်းရှိ အစစ်အမှန် စွမ်းအင်များ ပြန်လည် ရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။တဖြေးဖြေးချင်း စွမ်းအားများ ပြန်လည် ဖြည့်တင်းလာပေသည်။


"ပုဖန် ကောင်လေး ...ငါမင်းကို ငါ့အတွက် သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရ နည်းနည်းချန်ထားဖို့ ပြောထားတယ်နော်... မင်းငါ့အတွက် ချန်ထားရဲ့လား ...အဲ့ဒါက အရမ်းအရသာရှိတယ် အဲ့ဒါကို မင်း ငရဲကမ္ဘာမိန်းကလေးဆီက ခိုးယူဖို့ဆိုရင် မင်းအတွက် တော်တော်ခက်ခဲမှာ ...ဒါပေမယ့် အခုတော့ ငါဒီမှာရှိနေတယ်...အခု ငါ့ကို ပေးလိုက်တော့ ငါမင်းအတွက် သိမ်းထားပေးမယ်..."


ဘလက်ကီက ပုဖန်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းများသပ်၍ ပြောလိုက်သည်။သူရဲ့ အသံကလည်း စိတ်မရှည်မှုများနှင့် ပြည့်နှက်နေလေသည်။ပုဖန်က ဘလက်ကီကို မျက်နာသေဖြင့်ပင် စိုက်ကြည့်နေလေသည်။သူက ဘလက်ကီ ရုတ်တရက် ပေါ်ထွက်လာသည့် အကြောင်းအရင်းကို စဉ်းစားနေခြင်းဖြစ်သည်။


"လတ်စသတ်တော့ ဒီခွေးက သူ့ဗိုက်လာဖြည့်ချင်နေတာကို...ငရဲကမ္ဘာအမျိုးသမီးက အခု ခင်ဗျားနောက်မှာ ရပ်နေတယ်လေ...ခင်ဗျား အဲ့ဒီလို စကားတွေ ပြောချင်တာ သေချာရဲ့လား..."


ထိုအချိန်၌ ငရဲကမ္ဘာအမျိုးသမီး၏ မျက်နာကလည်း ရုပ်တုတစ်ခုကဲ့သို့ပင် အေးစက်နေပေပြီ။


"တကယ်ပဲ မင်းမှာ အကူတစ်ယောက်ရှိနေတာကို ဒီခွေးက ဘယ်လောက်များ အသုံးဝင်လိုက်မလဲ ..."


သွေးလွှမ်းလူသားက လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး အံ့အားသင့်သင့် လေသံဖြင့်မေးမြန်းလိုက်သည်။


မသေမျိုးနယ်ပယ် ပုစွန်ပိစိနှင့်မသေမျိုး နယ်ပယ် စက်ရုပ်တစ်ရုပ် ပေါ်ထွက်ခဲ့ပြီးပေပြီ။ယခုနောက်ထပ် မသေမျိုးနယ်ပယ် ခွေးတစ်ကောင်ပေါ်ထွက်လာခြင်းက သိပ်မထူးဆန်းတော့ပေ။


ဒီပုဖန်က ထိုကဲ့သို့ အစွမ်းရှိလှသော များပြားသည့် အကူများကို ခေါ်ထုတ်နိုင်လေရာ သူ့၏ တည်ရှိမှုက သာမန်တော့ မဟုတ်နိုင်ပေ။သို့သော်လည်း သွေးလွှမ်းလူသားက ပုဖန် သာမန်နောက်ခံ ဟုတ်ဟုတ် မဟုတ်ဟုတ် ဂရုမစိုက်ပေ။ဒီနေရာက သူ၏ ပိုက်နက်သာဖြစ်သည်။ပုဖန်၏ သေခြင်းရှင်ခြင်းကို သူကသာ ထိန်းချုပ်ထားနိုင်ပေသည်။


သွေးလွှမ်းလူသား၏ ရေခဲတမျှ အေးစက်လှသော ရယ်သံ၌ သတ်ဖြတ်ချင်စိတ်များ အပြည့်အဝ ပါဝင်နေပေသည်။သွေးလွှမ်းလူသား၏ စကားကြောင့် ခွေးဘုရင်ကလည်း သတိဝင်သွားပြီး သူ့ကို လှည့်၍ စူးစိုက်ကြည့်လိုက်သည်။


"သူက ဘယ်သူလဲ...ကြည့်ရတာတော့ တော်တော်လေး အထင်ကြီးစရာပဲ..."


ထိုလူသား၏ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးများလွှမ်းခြုံနေသည့်အပြင် သူ့ဆီမှ ထွက်ပေါ်လာသော အော်ရာများကလည်း အလွန်အားကောင်းလှသည်။


ထို့အပြင် ထိုသူ၏ နောက်ကျော၌ သွေးနီရောင် သံကြိုးငါးကြိုးက လွင့်ဝဲနေပြီး ထိတ်လန့်အံ့သြသင့်စရာ အော်ရာများကို ထုတ်လွင့်နေပေပြီ။


"သူက အဆင့် ငါးဆင့်ကိုတောင် ချိုးဖောက်ပြီးသွားပြီလား..."


ထိုသို့ဆိုလျှင် ကောင်စုတ်လေး ပုဖန် သနားစရာ အခြေအနေဖြစ်သွားခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ယခုအချိန်၌ ထိုကောင်စုတ်လေးတွင် တိုက်ခိုက်ရေးစွမ်းရည် နည်းနည်းရှိသည့်အပြင် ဝှိုက်တီ၏ အကူအညီလည်း ရှိသည်ဆိုသော်လည်း အဆင့် ၅ ဆင့် ချိုးဖောက်ပြီးသည့် သူက သူတို့၏ ပြိုင်ဘက်မဟုတ်နိုင်ပေ။


"ငါ ရှုရမျှော်စင်ထဲမှာ ပိတ်မိနေတည်းက ခွေးသားမစားရတော့တာ...အခုဆိုရင် တော်တော်ကိုကြာခဲ့ပြီ...အခု ဒီနေရာမှာ ခွေးတစ်ကောင်ရှိနေပြီဆိုမှတော့ ငါဒီနေ့ ပျော်ပျော်ကြီး ခွေးသားစားရတော့မှာပေါ့..."


သွေးလွှမ်းလူသားက ပုဖန်နှင့် ဘလက်ကီကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။ထို့နောက် သူ့၏ လက်ကို မြှောက်လိုက်ရာ သွေးမြူများက သွေးလှံများအဖြစ်သို့ ပြောင်းလဲသွားလေသည်။


"ခွေးသားစားမယ်..."


ပုဖန် အံ့အားမှင်သက်သွားမိသည်။ငရဲကမ္ဘာအမျိုးသမီးလည်း ထိတ်လန့်အံ့အားသင့်သွားသလို ဘလက်ကီ၏ ကြွက်သားများလည်း ရှုံ့တွသွားလေသည်။


"မင်းက ဒီခွေးဘုရင်ကို လှောင်ပြောင်ရဲတယ်လား...ဘာလို့ မင်းက ခွေးသားစားဖို့ လိုအပ်နေတာလဲ..."


သွေးလွှမ်းလူသား၏ ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။သွေးလှံများမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်လှိုင်းများကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန့်နှံ့သွားလေသည်။


သွေးလှံများအားလုံးက ဘလက်ကီရှိရာဆီသို့ ဦးတည်လာလေ၏။သို့သော်လည်း ထိုသွေးလှံများက ဘလက်ကီကို ထိတော့မည့်အချိန်မှာပင် ထိုခွေးဝတုတ်က ရုတ်တရက် ပျောက်ကွယ်သွားလေသည်။


မဟုတ်သေးပေ... ဘလက်ကီက လုံးဝ ပျောက်ကွယ်သွားခြင်း မဟုတ်ပဲ ထိုသွေးလွှမ်းလူသားနှင့် မီတာအနည်းငယ်အကွာတွင် ပြန်လည် ထွက်ပေါ်လာလေသည်။


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."


သွေးလွှမ်းလူသားက ခဏမျှ ကြောင်အသွားသည်။သူ သတိပြန်ဝင်လာသည့်အချိန်၌ ခွေးလက်ဖဝါးက မြှောက်တက်သွားသည်ကို မြင်လိုက်ရသည်။ထိုလက်ဖဝါးလေးက ကောင်းကင်ယံဆီသို့ မြင့်တက်သွားပြီးနောက် တဖြေးဖြေး တဖြေးဖြေး ကြီးမားလာကာ ဧရာမလက်ဖဝါးကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။


ဘန်း...


ထိုခွေးလက်ဖဝါးကြီးက သွေးလှံများအားလုံးကို ပေါက်ကွဲ ပြိုပျက်သွားစေပြီးနောက် သွေးလွှမ်းလူသား ရှိရာဆီသို့ ဆက်လက်ပျံသန်းလာလေသည်။ထိုလက်ဖဝါးက သွေးလွှမ်းလူသားကို အရှိန်ပြင်းပြင်းနှင့် ရိုက်ချလိုက်ပြီး မျှော်စင်အောက်ခြေထိရောက်အောင် ထုချလိုက်လေသည်။


နေရာတစ်ခုလုံးက စတင်၍ တုန်ခါလာလေသည်။


"မင်းကဘာလို့ ခွေးသားကို စားမှာလဲ ဟမ်...ဒီလိုမြင့်မြတ်တဲ့ တည်ရှိမှုက အသားကိုတောင် စားဖို့ ကြံရဲတယ်ဟုတ်လား...နဂါးသားတို့ ဝက်သားတို့လို စားစရာ အသားတွေ ဒီလောက်အများကြီး ရှိတဲ့အထဲမှာမှ ခွေးသားကို စားချင်တယ်ပေါ့ ဟမ်... မင်းကသေတွင်းတူးနေတာပဲ..."


ခွေးဘုရင် ဒေါသတကြီး စကားပြောနေသောကြောင့် သူ့မျက်နာပေါ်ရှိ အဆီပြင်လေးများက လှုပ်ခါနေလေသည်။


ထိုမြင်ကွင်းကို ကြည့်နေသော ငရဲကမ္ဘာအမျိုးသမီး၏ နှုတ်ခမ်းများက ရှုံ့မဲ့သွားလေသည်။ထိုမျှ လေလုံးထွား ဟန်များလှသော သူက လုံးဝ သေချာပေါက် ထိုခွေးအစစ်အမှန်ပေ။


ထိုခွေးက သူမသိခဲ့သော ခွေးပင်ဖြစ်သည်။သို့သော် အရင်အချိန်က လှပပြီး သိမ်မွေ့လှသော ခွေးက မည်ကဲ့သို့ ခွေးဝတုတ် တစ်ကောင်ဖြစ်လာသနည်း။


ပုဖန်က ဘလက်ကီကို စူးစိုက်ကြည့်ရင်း မေးပွတ်၍ လျှာသပ်လိုက်သည်။သူ့ဆိုင်လေးအတွက် ခွေးဘုရင်၏ အသားက အလွန်ပင် ကြီးကျယ်ခမ်းနားနေပေလိမ့်မည်။ခွေးဘုရင် ရောက်လာပြီးသည့်နောက် ပုဖန်၏ စိတ်ခံစားချက်များက ပြန်လည်၍ တည်ငြိမ်သွားပေပြီ။သူက ကမာနှလုံးသား ပန်ကိတ်ကို တကျွတ်ကျွတ် အသံမြည်အောင် ကိုက်ဝါးရင်း ဖီးနစ်ဥရှိရာဆီသို့ လျှောက်လာလေသည်။


"ငါ ဖီးနစ်ဥကို ကြည့်နေတုန်းမှာ မင်းတို့အားလုံး တိုက်ခိုက်ကြ..."


"ခွေးမသား ခွေး..."


သွေးလွှမ်းလူသား၏ ဒေါသတကြီးကျုံးဝါးလိုက်သံက ပဲ့တင်ထပ်ပြန့်နှံ့သွားသည်။ခွေးဝတုတ်ကို ကြည့်နေသော သူ့၏ မျက်ဝန်းများကလည်း သွေးနီရောင်ရဲရဲတောက်လာပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များ တောက်လောင်နေပေသည်။


ထိုအချိန်တွင် 


ရွှတ်...


ပုဖန်က ဖီးနစ်ဥ၏ ဘေးတွင်ကြီးထွားရှင်သန်နေသော နဂါးရိုးအသွင်မြက်ကို ဖြတ်တောက်လိုက်သည့်အသံက ကြည်လင်ထင်ရှားစွာ ထွက်ပေါ်လာသည်။


သွေးလွှမ်းလူသား ခဏမျှ တောင့်တင်းသွားပြီးနောက် ပုဖန်ရှိရာဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။သူ အလွန်တရာ ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါးပင် ဖြစ်သွားလေသည်။