အပိုင်း ၄၇၁
Viewers 53k

အခန်း ၄၇၁

သူ ကိုယ်ပေါင်ကိုယ်လှန်ထောင်းမှာ မဟုတ်ဘူး


သူမ စားခဲ့ဖူးသည့် ထမင်းကြော်က အရသာခံ အာရုံကြောများအားလုံးကို စိမ့်သွားစေပြီး ခန္ဓာကိုယ်ထဲသို့ အားတစ်ခုစီးဆင်းသွားကာ အလွန်အံ့သြလောက်စရာကျေနပ်နှစ်သိမ့်မှုကို ခံစားခဲ့ရသည်။သူ ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်းကို သူမ မယုံသင်္ကာပင်ဖြစ်ခဲ့ရသည်။ထို့ကြောင့်ပင် သူမက ပုဖန်၏ ထမင်းကြော်ကို နောက်ထပ်တစ်ကြိမ် ထပ်မံ မြည်းစမ်းလိုနေခြင်းဖြစ်သည်။


ငရဲကမ္ဘာအမျိုးသမီးက စိတ်မရှည်မှုစိုးရိမ်မှုများဖြင့် ပူပန်နေစဉ်မှာပင် ပုဖန်ကလည်း တွေ့ကြုံနေရသည့် အခြေအနေကြောင့် ခေါင်းကိုက်နေပေသည်။ထမင်းကြော်တစ်ပွဲ မပြုလုပ်ပေးလိုခြင်းမဟုတ်ပဲ သူ့၌ ပါဝင်ပစ္စည်းများ ရှိမနေခြင်းသာဖြစ်သည်။


သူ့၌ နဂါးသွေးဆန်များရှိနေသေးသည်။သို့သော်လည်း နဂါးသွေးဆန်တစ်မျိုးတည်းဖြင့် နဂါးသွေးထမင်းကြော်၏ အရသာအပြည့်အဝကို ဖော်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။သွေးသရဖူသာ မပါပါက အရသာက လုံးဝ ကွဲပြားခြားနားသွားပေလိမ့်မည်။


တကယ်တမ်းပြောရမည်ဆိုလျှင် နဂါးသွေးဆန် တစ်မျိုးတည်းဖြင့်လည်း အရသာရှိလှသော ထမင်းကြော်တစ်ပွဲဖြစ်အောင် သူပြုလုပ်နိုင်ပေသည်။သို့သော်လည်း သွေးသရဖူမပါသော ထမင်းကြော်က အမျိုးသမီးအတွက် စိတ်ဝိညာဉ်အနှစ်သာရစွမ်းအင်များ လုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။


စားသုံးသူများကို ပြီးပြည့်စုံသည့် စိတ်ကျေနပ်မှုမျိုး မပေးနိုင်ခြင်းက စားဖ်ိုမှူး တစ်ယောက်အတွက် အလွန်ရှက်ရွံ့ဖွယ်ကောင်းသည့် အရှက်ကွဲမှုမျိုးပင်ဖြစ်သည်။ပုဖန်က သူ့ကိုယ်သူ ထိုကဲ့သို့ ဟင်းပွဲမျိုးပြုလုပ်ရန် ခွင့်ပြုမပေးနိုင်ပေ။


ငရဲကမ္ဘာအမျိုးသမီး၏ မျက်ဝန်းနက်နက်လေးများက ပုဖန်ကို မလွှဲတမ်း စိုက်ကြည့်နေသည်။ထိုအကြည့်ကြောင့် ပုဖန်တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များပင် ထောင်ထသွားလေသည်။အဘယ့်ကြောင့်ဆိုသော် သူမ၏ မျက်ဝန်းအကြည့်လေးများက စင်ကြယ်ပြီး မျှော်လင့်ချက်များ ပြည့်ဝနေသောကြောင့်ဖြစ်သည်။


သူမကိုသာ ငြင်းပယ်လိုက်လျှင် သူ မကောင်းသည့် ငမိုက်သား လုံးလုံးဖြစ်တော့မည့်ဟု ပုဖန် ခံစားမိလေသည်။


"ကောင်လေးပုဖန်...မင်းမှာ သလင်းကျောက်အရင်းအမြစ်ခရမ်းအနှစ်သာရတွေရှိသေးတယ် မဟုတ်လား..."


သင်္ဘောကုန်းပတ်တစ်နေရာတွင် အိပ်ပျော်နေမည်ဟု ထင်ထားသော ဘလက်ကီက ပုဖန်ဘေးတွင် ရုတ်တရက် ပေါ်လာကာ တီးတိုးမေးလိုက်သည်။


"သလင်းကျောက် အရင်းအမြစ် ခရမ်းအနှစ်သာရ..."


ပုဖန်၏ မျက်ဝန်းများက လက်ခနဲတောက်ပသွားသည်။ဘလက်ကီစကားက မှန်ပေသည်။အကယ်၍ သူမှာ သွေးသရဖူမရှိလျှင်တောင်မှ ခရမ်းအနှစ်သာရများရှိနေသေးသည်။


ထိုတန်ဖိုးရှိလှသော ပစ္စည်းတွင်ပါဝင်သော စိတ်ဝိညာဉ်အနှစ်သာရများက သွေးသရဖူထဲတွင်ပါဝင်သော စိတ်ဝိညာဉ်အနှစ်သာရများထက်ပင် ပို၍ သိပ်သည်းလှပေ၏။ထို့အပြင် ယခင်က ငရဲကမ္ဘာအမျိုးသမီးနှင့်ပင် ထိုခရမ်းအနှစ်သာရများကြောင့် ရင်ဆိုင်ခဲ့ရဖူးလေသည်။ထိုအကြောင်းအရာကို စဉ်းစားပြီးနောက် ပုဖန်က ဘလက်ကီကို သံသယမကင်းစွာဖြင့် ကြည့်လိုက်သည်။


ထိုခွေးငပျင်း သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရကို ရည်ညွှန်းရသည့်ကိစ္စက ထိုမျှ ရိုးရှင်းလှမည် မဟုတ်ပေ။ထိုခွေးငပျင်းက အကြံအစည်များဖြင့်ပင် ပြည့်နှက်လှသည်ကို သူရုတ်တရက် သတိပြုမိလိုက်သည်။


"အဲ့ဒီ သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရက အရမ်းကို ကောင်းတဲ့ ပါဝင်ပစ္စည်းတစ်ခုပဲ...တကယ်လို့ သူ့ကိုမချက်ပဲနဲ့ ဒီတိုင်းစားသုံးမယ်ဆိုရင်တောင်မှပဲ သူ့ရဲ့ အရသာက အရမ်းထူးကဲ ကောင်းမွန်တယ်...ပြီးတော့ အဲ့ဒီ ခရမ်းအနှစ်သာရက ဝိညာဉ်အနှစ်သာရတွေနဲ့ ပြည့်နှက်နေပြီးတော့ ငရဲကမ္ဘာအမျိုးသမီးအတွက် အရမ်းပဲ ကောင်းမွန်တယ်..."


ဘလက်ကီက ရှင်းပြလိုက်သည်။ထိုစကားကိုကြားပြီးနောက် ငရဲကမ္ဘာအမျိုးသမီး၏ မျက်ဝန်းလေးများက တလက်လက်တောက်ပသွားသည်။


ပုဖန်က ခဏမျှကြောင်အသွားသည်။သူ မကောင်းသည့် အငွေ့အသက်များ ခံစားမိနေပေပြီ။


"မင်းရဲ့ စကားတွေကတော့ အရမ်းကိုပဲ နည်းလမ်းကျနတယ်...ဒါပေမယ့်လည်း အဲ့ဒီအကြောင်းကိုမပြောခင် အရင်ဆုံးဒီ တိမ်ပင်လယ်လျှို့ဝှက်နယ်ပယ်ထဲက ထွက်ဖို့ နည်းလမ်းရှာလိုက်ပါဦး...ငါတို့ ဒီကထွက်သွားပြီးရင်တော့ ငါ ဒီငရဲကမ္ဘာအမျိုးသမီးအတွက် ကျိန်းသေ ချက်ပြုတ်ပေးမယ်..."


ပုဖန်က အနောက်ကိုတစ်ချက်မှ လှည့်မကြည့်တော့ပဲ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ငရဲကမ္ဘာအမျိုးသမီးကလည်း စိုးရိမ်တကြီးဖြင့်ပင် ပုဖန်အနောက်မှ ခြေလှမ်းကျဲများဖြင့် လိုက်ပါသွားလေသည်။


"ဘော်ဒါပု ...အဲ့ဒီခွေးဖက်တီးကို မင်းမွေးမြူထားတာလား...ဆိုင်မှာတုန်းက ငါတစမခါမှ မတွေ့ဖူးဘူးနော် ..."


နန်ကုန်းဝူချယ်က ဘလက်ကီကို မြင်သောအခါ၌ သူ့၏ မျက်ဝန်းလေးများက တောက်ပနေလေသည်။သူ ဘလက်ကီကို မြင်သည့်အခ်ျိန်၌ သူပထမဦးဆုံးတွေးမိသည့်အတွေးက ထိုခွေးက အလွန်ပင် ဝဝတုတ်တုတ်လေးဖြစ်နေသည်။ဒုတ်ိယတွေးမိသည့်အတွေးက ထိုခွေးက အရသာရှိလှမည်။


နန်ကုန်းဝူချယ်က အရင်ကလည်း ဆေးလုံးအဆောက်အဦးမှ ကြက်ကို ခိုးခဲ့ဖူးသည်။ယခုဝဝတုတ်တုတ်ခွေးတစ်ကောင်ကိုမြင်လိုက်သည့်အခါ၌လည်း သံသယရှိစရာမလိုပဲ ထိုကိစ္စရပ်မျိုး လုပ်ပေလိမ့်ဦးမည်။ကြက်ခ်ိုးခြင်း ခွေးခိုးခြင်းတို့ကဲ့သို့သော စိတ်လှုပ်ရှားစရာ ကောင်းသည့် ကိစ္စမျိုးက ထပ်မရှိနိုင်တော့ပေ။


သူတွေးနေစဉ်မှာပင် ပုဖန်နောက်မှ လိုက်ပါလာသော ငရဲကမ္ဘာအမျိုးသမီးကို တွေ့လိုက်ရသောကြောင့် တုန်ယင်သွားပြန်သည်။ထိုအမျိုးသမီးက အလွန်ကြောက်စရာကောင်းလှသည်။သူမက သူ့နှလုံးသားထဲတွင် အရိပ်မည်းတစ်ခု ချန်ထားခဲ့ပြီးပေပြီ။


ဘလက်ကီကလည်း နန်ကုန်းဝူချယ်၏ အကြည့်များကို ခံစားမိလိုက်သည်။သို့သော်လည်း သူနှုတ်ခမ်းတစ်ချက်တွန့်ရုံသာ မဲ့လိုက်ပြီး ထိုလူပြက်က်ု လျစ်လျူရှုထားလိုက်သည်။


"ငါတို့ ဒီလျှို့ဝှက်နယ်မြေထဲက ဘယ်လိုမျိုး ထွက်ခွာကြမလဲ ..."


ပုဖန်က နန်ကုန်းဝူချယ်ကို မေးလိုက်သည်။ဒီနယ်မြေထဲမှ ထွက်ခွာချင်လျှင် နန်ကုန်းဝူချယ်၏ အကူအညီကို ကျိန်းသေပေါက်လိုအပ်ပေမည်။ထိုလူက လူပြက်တစ်ယောက်ဖြစ်နေသော်လည်း သူက နန်ကုန်းမိသားစု၏ အမွေဆက်ခံသူဖြစ်နေလေသည်။ထို့ကြောင့် လျှို့ဝှက်နယ်ပယ်၏အကြောင်းကို သူတို့ထက် ပို၍ နားလည်ပေလိမ့်မည်။


သူတို့မည်ကဲ့သို့ ဝင်ရောက်ရမည်ကို သူသိကတည်းက မည်ကဲ့သို့ ထွက်ရမည်ကို သ်ိမှာလည်း သေချာပေသည်။


"ငါတို့က အစောကြီး ပြန်ထွက်သွားတော့မလို့လား..."


နန်ကုန်းဝူချယ်က အနည်းငယ်အံ့အားသင့်သွားပြီး ပုဖန်ကို မေးခွန်းထုတ်လိုက်သည်။


ဘာကြောင့်သူတို့ ထွက်သွားချင်ရတာလဲ...ဘာတွေဖြစ်လို့လဲ...လျှို့ဝှက်နယ်ပယ်ထဲက တိုက်ပွဲတွေက အခု ပြီးဆုံးသွားပြီလား...သူတို့က ရတနာတွေနဲ့ သူတို့ရဲ့ ကံကောင်းမှုတွေ အခွင့်ရေးတွေအတွက် တိုက်ခိုက်ပြီးသွားပြီလား...


"ငါတို့က ဒီကနေ မထွက်သွားဘူးဆိုရင် ဒီမှာနေပြီး ဘာလုပ်ကြမလို့လဲ..."


ပုဖန်က အေးဆေးစွာပင် ပြန်မေးခွန်းထုတ်လိုက်သည်။နန်ကုန်းဝူချယ်က ငရဲကမ္ဘာအမျိုးသမီးကို လှမ်းကြည့်လိုက်သည်။သူ့အသက်ကိုစွန့်လွှတ်ရမည်ဆိုလျှင်ပင် သူမကို အပြစ်တင် စွဲချက် တင်ချင်လွန်းလှသည်။


သူလျှို့ဝှက်နယ်ပယ်ထဲ ဝင်ရောက်ဖို့အတွက် အခက်အခဲများစွာကို ခံစားလာခဲ့ရသည်။ထိုသို့သာဆိုလျှင် သူ ထိုကံကောင်းမှုများ တွေ့ကြုံပြီး သူ့၏ နန်ကုန်းမိသားစုကို လက်ဝယ်ပြန်လည် ရရှိနိုင်ပေမည်။


သို့သော်လည်း ထိုမိန်းမက သူ့ကို ဘာလုပ်ခဲ့သနည်း။


သူမက သူ့ကို မှောင်မိုက်အေးစက်လှသော သင်္ဘောခန်းထဲတွင် အကျဉ်းချထားခဲ့သည်။ထို့အပြင် သူ့ကိုလည်း မကြာခဏ လာလာရပ်သေးသည်။


"ဒါတွေအားလုံးရဲ့ ရလဒ်က ဘာလဲ..."


သူ၏ ကံကောင်းမှု အခွင့်အလမ်းအားလုံး ပျောက်ဆုံးသွားလေပြီ။သူလျှို့ဝှက်နယ်ပယ်ထဲ ဝင်ရောက်လာခြင်းက အချည်းနှီးပင် ဖြစ်သွားခဲ့သည်။လောကကြီးက ဘာကြောင့်များ သူ့အပေါ် ရက်စက်ရပါသလဲ။မမြင်နိုင်သော မြှားမြောက်များစွာဟသူ့နှလုံးးသားထဲ စိုက်သလို ထံစားလိုက်ရပြီး မျက်ရည်များမရပ်မနား စီးဆင်းကျလာသည်။


နန်ကုန်းဝူချယ် ဘာကြောင့် ရုတ်တရက် စတင်ငိုကြွေးလာသည်ကို ပုဖန် နားမလည်တော့ပေ။ယခင်ကလည်း ထိုသူက အမျိုးသမီးတစ်ယောက်ကဲ့သို့ပင် ငိုကြွေးနေသည်ကို သူတွေ့ခဲ့ရသည်။


လျှို့ဝှက်နယ်ပယ်ထဲ ဝင်လာပြီးနောက် ကံကောင်းမှုများအတွက် တိုက်ခိုက်ရင်း ထိုလူပြက်၏ လိင်အမျိုးအစားက ပြောင်းလဲသွားပြီလား....


"လျှို့ဝှက်နယ်ပယ်ထဲက ထွက်သွားဖို့က အရမ်းပဲ ရိုးရှင်းပါတယ်...နန်ကုန်းမိသားစုက ငွေပမာဏအမြောက်အများသုံးပြီးတော့ အစီအရင်တစ်ခု တည်ဆောက်ထားခဲ့တယ်...အဲ့ဒီအစီအရင်က ငါတို့ကို တိမ်ပင်လယ်လျှို့ဝှက်နယ်မြေ အပြင်ဘက်ကို ပို့ဆောင်ပေးလိမ့်မယ်..."


နန်ကုန်းဝူချယ်က မျက်ရည်များကို သုတ်၍ ပြောလိုက်သည်။ယခုအချိန်၌ သူ တကယ်ကို စိတ်ဒုက္ခရောက်နေပေပြီ။


"ပို့ဆောင်ရေးအစီအရင်လား..."


ပုဖန်က မေးလိုက်သည်။ထိုပို့ဆောင်ရေးအစီအရင်ကို အသုံးပြုနိုင်သည်နှင့် ကိစ္စရပ်များအားလုံးက လွယ်ကူသွားပေလိမ့်မည်။


"ခင်ဗျား အဲ့ဒီပို့ဆောင်ရေး အစီအရင်ကို ရှာနိုင်လား...ကျုပ်တို့ကို အဲ့ဒီကို ခေါ်သွားပေး...ဒါဆိုရင် အဆင့်မြင့် နဂါးသွေးထမင်းကြော်ကို ချက်ချင်းချက်ပေးမယ်..."


ပုဖန် ငရဲကမ္ဘာအမျိုးသမီးဘက်သို့ လှည့်လိုက်ပြီး တက်ကြွစွာပြောလိုက်သည်။


အမျိုးသမီးက ခေါင်းငြိမ့်လိုက်ပြီးနောက် သူမ၏ လက်လေးကို မြှောက်လိုက်သည်။ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီးနောက် သင်္ဘောရွက်များက တဖျက်ဖျက် လှုပ်ခါသွားပြီး သင်္ဘောက ပင်လယ်ပြင်ထဲစတင်ရွက်လွှင့်သွားသည်။


"ခဏပဲစောင့် ...မကြာခင်မှာပဲ ရှင် ပို့ဆောင်ရေးအစီအရင်ကို မြင်ရလိမ့်မယ်...ရှင်ပြောထားတာကိုသာ မမေ့ပါနဲ့..."


ပုဖန်အေးဆေးစွာပင် ခေါင်းငြိမ့်ပြလိုက်သည်။


နန်ကုန်းဝူချယ်က နှာခေါင်းမှ စီးကျနေသော နှာရည်များကို လက်ဖြင့် သုတ်လိုက်ပြီးနောက် ပုဖန်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်ပြီး လျှို့ဝှက်နယ်မြေထဲမှ ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို မေးမြန်းလိုက်သည်။


လျှို့ဝှက်နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သည့် သူ့၏ ခရီးစဉ်က အချည်းနှီးဖြစ်သွားခဲ့သော်လည်း ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကိုတော့ သူသိချင်သေးသည်။ထိုသို့သာလျှင် တစ်စုံတစ်ယောက်က ခရီးစဉ်နှင့်ပတ်သတ်၍ မေးခဲ့လျှင် သူပြန်ဖြေနိုင်ပေလိမ့်မည်။


ပုဖန်လည်း ဖြစ်ပွားခဲ့သည့် အကြောင်းအရာတစ်ချို့ကို နန်ကုန်းဝူချယ်အား ပြန်လည်ပြောပြပေးလိုက်၏။


သို့သော် သူပါဝင်ပစ္စည်းများရရှိခဲ့သည့် တကယ့်အဖြစ်အမှန်နှင့် ဖီးနစ်ဥကို မည်ကဲ့သည့် ရရှိခဲ့သည်ဆိုသည့် အကြောင်းအရာအချို့ကိုတော့ ဖုံးကွယ်ထားလိုက်သည်။


"အဲ့ဒီ ခွေးအိုကြီး နန်ကုန်းရွှမ်ဟယ်က သေသွားပြီလား...ဟား ဟား...ကောင်းတယ် အဲ့ဒီခွေးအိုကြီးသေသွားတာ ကောင်းတယ်...လျှို့ဝှက်နယ်ပယ်ထဲ ဝင်မလာခင်တည်းက အဲ့ဒီခွေးအိုကြီး မကြာခင်မှာ သေတော့မယ်လို့ ဆိုတာငါသိတယ်...အခုတော့ ငါမျှော်လင့်တဲ့အတိုင်းပဲ ဖြစ်လာတယ်..."


နန်ကုန်းဝူချယ်က နန်ကုန်းရွှမ်ဟယ် သေသွားသည့် အကြောင်းကို ကြားရသည်နှင့် အလွန်အမင်းပျော်ရွှင်သွားမိသည်။သူ ကောင်းမွန်လှသည့် အခွင့်အရေးကြီးကြီးမားမားကို ရရှိလိုက်သကဲ့သို့ပင် ခံစားမိလေသည်။


ယခုအချိန်၌ လျှို့ဝှက်နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ရသည့်ခရီးစဉ်က တန်သွားပြီဟု သူခံစားမိလေသည်။သူ ဒီနေရာမှ ဘာရတနာပစ္စည်းကိုမှ မရခဲ့သော်လည်း ခွေးအိုကြီး သေဆုံးသွားသည့် သတင်းနှင့်ပင် သူ့အတွက် လုံလောက်နေပေပြီ။


ထိုခွေးအိုကြီး နန်ကုန်းရွှမ်ဟယ်သေသွားပြီဆိုလျှင် နန်ကုန်းမိသားစုကို ပြန်လည် ပိုင်ဆိုင်နိုင်ဖို့ သူ့တွင် အခွင့်အရေး ရှိလာပေပြီ။သို့သော်လည်း နန်ကုန်းရွှမ်ဟူက အခုထိတိုင်အောင်ရှိနေသေးသည်။ထိုသူက အဆင့် ၂ဆင့် ချိုးဖျက်ပြီးသော မသေမျိုးခန္ဓာပညာရှင်ဖြစ်သည်။နန်ကုန်းဝူချယ်အနေဖြင့် သူ့ကို အနိုင်ယူနိုင်မည့် စွမ်းအား မရှိသေးပေ။


သို့သော်လည်း ထိုကိစ္စများက သိပ်ပြဿနာမကြီးပေ။နန်ကုန်းရွှမ်ဟယ်သေသွားပြီ ဆိုသည့်နောက် ကျန်သည့် ကိစ္စများကို ကိုင်တွယ်ဖို့ ပို၍ လွယ်ကူသွားပေပြီ။


"ဟိုကိုကြည့်လိုက်ကြ...အဲ့ဒီဟာက ပို့ဆောင်ရေးအစီအရင်ရှိတဲ့နေရာပဲ..."


အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သော ငရဲကမ္ဘာအမျိုးသမီးက ရုတ်တရက်ထပြောလိုက်သည်။သူမညွှန်ပြလိုက်သော နေရာတွင် အလင်းရောင်လေးများ ဖြာထွက်နေပြီး ကောင်းကင်ယံ၌ တိမ်ထူထူများပြည့်နေသည်။ထိုနေရာက တိမ်ရေဝဲတစ်ခုနှင့်ပင် တူနေလေသည်။


ထိုမြင်ကွင်းက တော်တော်လေးထူးဆန်းသည့် မြင်ကွင်းမျိုးပင်ဖြစ်သည်။


ပုဖန်က ကျယ်ပြန့်လှသော ကျွန်းပေါ်တွင် တည်ရှိနေသော အစီအရင်ကို လှမ်းကြည့်လိုက်သည်။နန်ကုန်းမိသားစုက တကယ့်ကို ငွေကြွေးအမြောက်အများ သုံးစွဲထားပေသည်။သူက ကျယ်ပြန့်လှသော ကျွန်းတစ်ခုလုံးကိုပင် အစီအရင်အဖြစ် အသုံးပြုထား၏။


များပြားလှစွာသော နတ်ဝိညာဉ်လှေငယ်များက အရှိန်ဖြင့် ငရဲကမ္ဘာသင်္ဘောကို ဖြတ်ကျော်သွားကြသည်။ထိုလှေငယ်များကျွန်းဆီသို့ စိုက်ရောက်သည်နှင့် အနက်ရောင်အရိပ်တစ်ချို့ ထွက်ပေါ်လာပြီးနောက် အစီအရင်ထဲသို့ လျှင်မြန်စွာပင် ဝင်သွားကြသည်။


ပုဖန်က အစီအရင်ဖြစ်ကြောင်း အတည်ပြုပြီး သူမကို ခေါင်းငြိမ့်ပြလိုက်သည်။


ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။ထိုဒယ်အိုးက ပုံမှန်အရွယ်အစားအတိုင်းရှိနေသော်လည်း သူ့ရဲ့ အလေးချိန်က လေးလံနေဆဲပင်ဖြစ်သည်။သူထုတ်လွှင့်နေသောအော်ရာများကပင် နှလုံးသားထဲမှ ကြောက်ရွံ့ခြင်းများကို တိုးပွားစေနိုင်သည်။


သူ့ပါးစပ်ကို ဟ၍ ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်သည်။သူက ငရဲကမ္ဘာအမျိုးသမီးကို ပေးထားသည့်ကတိအား ဖြည့်တင်းနေခြင်းဖြစ်သည်။


သူ နဂါးသွေးထမင်းကြော်တစ်ပွဲ ပြန်ပေးရန်အတွက် စတင်ပြင်ဆင်လိုက်သည်။ငရဲကမ္ဘာအမျိုးသမီးက မျှော်လင့်ချက်အပြည့်ဖြင့် ထိုအနားတွင် ရပ်နေလေသည်။


နန်ကုန်းဝူချယ်ကလည်း လည်ပင်းဆန့်၍ ပုဖန်၏ ကောင်းကင်ကမ္ဘာမြေမီးလျှံကို မျှော်ကြည့်လိုက်သည်။သူသည်လည်း ထိုကဲ့သို့ အမျိုးအစားတူညီသော ကောင်းကင်ကမ္ဘာမြေမီးလျှံမျိုး ပိုင်ဆိုင်ခဲ့ ဖူးပေသည်။


ခဏအတွင်းမှာပင် မဟူရာလိပ်ခုံးဒယ်အိုးဆီမှ ဝေ့ဝဲထွက်လာသော မွှေးရနံ့များက ငရဲကမ္ဘာအမျိုးသမီးနှင့် နန်ကုန်းဝူချယ်ကို ယစ်မူးပျော်ဝင်သွားစေသည်။ဒီတစ်ကြိမ်၌ ပုဖန်တွင် သွေးသရဖူးမရှိတော့သောကြောင့် ထိုအစား ခရမ်းအနှစ်သာရများကိုသာ အသုံးပြုလိုက်သည်။


သူသိုလှောင်နယ်မြေထဲမှ နွေးထွေးလှသော ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ထိုပုလင်းဆီမှ သိပ်သည်းလှသော စိတ်ဝိညာဉ် အနှစ်သာရ ရနံ့များ လွင့်ပြယ်ထွက်လာသည်။ထိုကျောက်စိမ်းပုလင်းထဲမှ စိတ်ဝိညာဉ်အနှစ်သာရများ ပြည့်နှက်နေသည်။ထိုအရာက သူ ကျောက်တွင်းထဲ၌ ရှာဖွေတွေ့ရှိခဲ့သည့် ခရမ်းအနှစ်သာရများပင် ဖြစ်သည်။


ပုဖန်၏ ဘေးနားသို့ ခွေးဘုရင် ရုတ်တရက် ရောက်လာပြီး သူ့လက်ထဲမှ ကျောက်စိမ်းပုလင်းကို မျက်လုံးဝိုင်းများဖြင့် စိုက်ကြည့်နေသည်။ထိုကျောက်စိမ်းပုလင်းမှ ထုတ်လွှင့်နေသော ရနံ့များက သူနှင့် အရမ်းရင်းနီးနေသည်။ထို့ကြောင့်ပင် ဘလက်ကီက စိတ်လှုပ်ရှားလာမိသည်။


သူ့၏ လျှာက အပြင်သို့ တန်းလန်းထွက်နေ၍ သရေများလည်း တများများစီးကျနေပေပြီ။


သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရများက နံရိုးချိုချဉ်ကြော်ပြီးလျှင် ဒုတိယအရသာအရှိဆုံး ပစ္စည်းပင် ဖြစ်သည်။


ပုဖန်က သူ့၏ အစစ်အမှန်စွမ်းအင်များကို လက်အပေါ်ဖုံးအုပ်လိုက်ပြီးနောက် ကျောက်စိမ်းပုလင်းအပေါ် ဖိအားပေးလိုက်သည်။


ပုလင်းထဲမှ လှပလှသော ခရမ်းရောင်အစက်တစ်စက်ပေါ်ထွက်လာပြီးနောက် သူ့၏ လက်ပေါ်၌ ဝေ့ဝဲနေသည်။ထိုအရာက ခရမ်းအနှစ်သာရပင်ဖြစ်သည်။အစက်တစ်စက်တည်းပင် ဖြစ်သော်လည်း အံ့အားသင့်လောက်စရာ စိတ်ဝိညာဉ် စွမ်းအင် ပမာဏများများ ပါဝင်နေသည်။ခရမ်းအနှစ်သာရကို မဟူရာလိပ်ခုံးဒယ်အိုးပေါ်တွင် လွင့်မျောစေလိုက်ပြီးနောက် ပုလင်းကို ပြန်လည် သိမ်းဆည်းလိုက်သည်။


ပုဖန်၏ လက်ချောင်း၌ ရစ်ပတ်နေသော အစစ်အမှန်စွမ်းအင်များက ထက်မြေ့လှသော အချွှန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုအစက်ကို ပိုင်းဖြတ်လိုက်လေသည်။


တစ်စုံတစ်ရာကွဲကြေသံကဲ့သို့သော အသံဖျော့ဖျော့လေး ပဲ့တင်ထပ် ထွက်ပေါ်လာ၏။


ထိုခရမ်းအနှစ်သာရအစက်တစ်စက်က သေးငယ်သော အစက်လေးများအဖြစ်ပြောင်းလဲသွားပြီး ဒယ်အိုးထဲသို့ ကျရောက်သွားသည်။နီရဲနေသော နဂါးသွေးထမင်းက ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ခရမ်းရောင်ကလည်း အလွန်အမင်းတောက်ပြောင် စိုလဲ့နေလေသည်။


ပုဖန်က ဒယ်အိုးကို လှုပ်ခါ၍ အထဲမှ ထမင်းကြော်များကို မွှေပေးလိုက်သည်။ထို့ကြောင့် မွှေးပျံ့ကြိုင်လှိုင်နေသည့် ရနံ့က သိပ်သည်းလာပေသည်။ထိုရနံ့ကပင် အရသာရှိလွန်းလှသောကြောင့် ပုဖန်ကိုယ်တ်ိုင်ပင် အံ့အားသင့်ရလေသည်။


ထိုခရမ်းအနှစ်သာရက တကယ့်ကို ကောင်းမွန်းလှသော ပါဝင်ပစ္စည်းတစ်ခုဖြစ်နေပေသည်။ဒယ်အိုးမှ ထွက်ပေါ်လာသော တိမ်ထူထူကဲ့သို့ အခိုးအငွေ့များတွင် သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအားများ ပါဝင်နေပေသည်။


ဘေးတွင်ရှိနေသော လူတိုင်းက လုံးဝပင် မထိန်းချုပ်နိုင်တော့ပဲ အလုအယက် အသက်ပြင်းပြင်းရှုလိုက်ကြသည်။


ပုဖန်က ခရမ်းရောင်တောက်ပြောင်နေသော နဂါးသွေးထမင်းကြော်ကို ခပ်ယူ၍ ပန်းကန်လုံးထဲ ထည့်လိုက်ပြီး အမျိုးသမီးဆီသို့ လှမ်းပေးလိုက်သည်။


သူမက အလောတကြီးပင် ပန်းကန်ကို ဆွဲယူလိုက်ပြီး စတင်၍ စားသောက်တော့သည်။ထမင်းကြော်၏ တရှိရှိန်ပူနေသော အပူချိန်က သူမကို အနည်းငယ်မျှပင် အနှောင့်အယှက်မဖြစ်နိုင်ပေ။


သူမစားသောက်သည့် အမူအကျင့်က သူမ၏ မြင့်မြတ်သော နေပုံထိုင်ပုံနှင့် အလွန်တရာ ကွာခြားလှသည်။


"ကောင်လေးပုဖန် ...ဒီခွေးဘုရင်အတွက်လည်း တစ်ပန်းကန်ပေးပါ..."


"ဘော်ဒါပု ...ငါရော... ငါလည်း သုံးရက်သုံးညကျော်တောင် ဘာမှမစားရသေးဘူး..."


ပုဖန်က အမျိုးသမီးကို ကြည့်နေစဉ်မှာပင် သူ့၏ ဘေးနားမှ အလောတကြီး အသံနှစ်သံ ထွက်ပေါ်လာလေသည်။ထိုအသံများကြောင့် ပုဖန်ပင် အကြောင်းအရင်းမရှိ တုန်ယင်သွားမိလေသည်။