အခန်း ၄၇၅
ပုဖန် ငါ...ဗိုက်ဆာပြီ
မြေပြင်ပေါ်၌ ကျောက်တုံးကျောက်စနများ ပြည့်နေကာ ပြင်းထန်လှသော လေအားကြောင့် ဖုန်များ တထောင်းထောင်းထနေသည်။နန်ကုန်းမိသားစု၏ ခြံဝန်းထဲမှ သိပ်သည်းလှသော စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်နေသည်။
သူတို့၏ တိုက်ခိုက်မှုမှ ပြင်းထန်လှသော လေထုဖိအားကို ဖြစ်ပေါ်စေသည်။တိုက်ခတ်လာသော လေများက ကြည့်ရှုနေသူများ၏ မျက်နာကိုပင် ရိုက်ခတ်မိပြီး အလွန်နာကျင်မှုကို ခံစားရလေသည်။
နန်ကုန်းဝူချယ်ဆီမှ အလွန်ပြင်းထန်သော အော်ရာများ ထုတ်လွှင့်နေသည်။ သံကြိုးနှစ်ကြိုးကလည်း အနောက်တွင် ဝှေ့ယမ်းနေသည်။သူ့၏ နီရဲလှသော ဆံနွယ်များက မီးတောက်များကဲ့သို့ပင် ထင်ရသည်။
သူ အရှေ့သို့ ဖြေးဖြေးချင်း ခြေလှမ်းလိုက်သည်။သူ၏ ခြေလှမ်းအောက်တွင်ရှိနေသော ကျောက်တုံးများ ကြေမွသံက အဆက်မပြတ်ထွက်ပေါ်လာသည်။
နန်ကုန်းရွှမ်ဟူက ရှုပ်ပွနေသည့် မြေပြင်ပေါ်တွင် လဲကျနေသည်။သူ့၏ အော်ရာများကလည်း မှိန်ဖျော့နေ၏။သူက ဗလာမျက်နာထားဖြင့် ကောင်းကင်ကို မော့ကြည့်နေသည်။
"ငါပြောခဲ့တယ်မဟုတ်လား...အချိန်ကြလာရင် မင်းတို့ ငါ့ကို ပြန်ပေးဆပ်ရမယ်လို့...မင်းနဲ့ မင်းရဲ့ ညီအကို နှစ်ယောက်က ငါ့ရဲ့ မိသားစုကို ကသောင်းကနင်းဖြစ်အောင် လုပ်ခဲ့တယ်...အဲ့ဒီပြစ်မှုက ခွင့်လွှတ်လို့မရဘူး...မင်းတို့ကို ဘာတွေကြိုစောင့်နေတယ်ဆိုတာကို သိသင့်ပြီ..."
နန်ကုန်းဝူချယ်က အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ပြောလိုက်သည်။တစ်ခါတစ်ရံ၌ လူပြက်တစ်ယောက်ကဲ့သို့ နောက်နောက်ပြောင်ပြောင်နေတက်သော်လည်း တည်ကြည်လေးနက်သော မျက်နာထားဖြစ်သွားပြီဆိုသည်နှင့် သူ့၏ အမူအရာက တကယ့်ကို ခန့်ညာွးှပေသည်။
သူ နန်ကုန်းရွှမ်ဟူကို ကျောက်ပုံများထဲမှ ဆွဲထုတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
နန်ကုန်းရွှမ်ဟူ၏ ပါးစပ်ထောင့်မှ သွေးများစီးကျနေပြီး အလွန်အမင်း အခြေအနေဆိုးသော်လည်း ရုတ်တရက် သူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ထို့နောက် သွေးချောင်းအဆက်မပြတ်ဆိုးလညပေသည်။
"နန်ကုန်းဝူချယ် ... မင်းက နန်ကုန်းမိသားစုကို ပြန်ယူပြီးသွားရင် အရာအားလုံး ပြီးဆုံးသွားပြီလို့ တကယ်ပဲ ယူဆထားတာလား...ဟား ဟား ဟား...အဲ့ဒါက အသုံးမဝင်ဘူး...နန်ကုန်းဝမ်ထျန်နဲ့ ငါတို့ ညီအကိုသုံးယောက်သာမရှိဘူးဆိုရင် နန်ကုန်းမိသားစုက မြူကောင်းကင်မြို့တော်ရဲ့ ကျန်းမိသားစုနှင့် လင်းမိသားစုရဲ့ ဝါးမြိုခြင်းကို ခံရလိမ့်မယ်...အဲ့ဒီအချိန်ရောက်လာရင် မင်းကလည်း ငါအခြေအနေနဲ့ လုံးဝ ကွာခြားတော့မှာမဟုတ်ဘူး..."
နန်ကုန်းရွှမ်ဟယ်က အေးစက်စွာဖြင့် ရယ်မောလိုက်သည်။ထိုစကားကို ကြားလိုက်သည့်အခ်ျိန်၌ နန်ကုန်းဝူချယ်၏ အမူအရာက မဲမှောင်သွားလေသည်။အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ပြီး နန်ကုန်းရွှမ်ဟူ၏ မျက်နာကို အားအပြည့်ဖြင့် ထိုးနှက်လိုက်သည်။နန်ကုန်းရွှမ်ဟူက လွှင့်ထွက်သွားပြီး မြေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားကာ သွေးများနေရာအနှံ့ပြန့်ကျဲသွားသည်။
"စိတ်မပူပါနဲ့ ငါ့လက်ထဲမှာ နန်ကုန်းမိသားစု ကျရှုံးသွားမှာ မဟုတ်ဘူး..."
နန်ကုန်းဝူချယ်က တိကျပြတ်သားသည့် အသံဖြင့် ပြောလိုက်သည်။သူက အနားဝန်းကျင်တွင်ရှိနေဆဲဖြစ်သော အစောင့်များကို ကြောက်စရာကောင်းအောင်လှမ်းကြည့်လိုက်သည်။
"အခုအချိန်ကစပြီး နန်ကုန်းမိသားစုရဲ့ ဆက်ခံသူက ငါပဲ...အားလုံး ငါအမိန့်ကို နာခံရမယ်..."
အစောင့်များက သူ့၏ စကားကို မည်ကဲ့သို့ ငြင်းရဲပါမည်နည်း။ပြောရမည်ဆိုလျှင် ညီကိုသုံးယောက်ထဲမှ နန်ကုန်းရွှမ်ဟယ်နှင့် နန်ကုန်းရွှမ်ယင်က သေသွားပြီးပေပြီ။ယခု နောက်ဆုံးတစ်ယောက်ကျန်ခဲ့သောနန်ကုန်းရွှမ်ဟူ၏ အခြေအနေကလည်း မလှတော့ပေ။ထို့ကြောင့် သူတို့က နန်ကုန်းဝူချယ်ကိုပင် ထောက်ခံရပေမည်။
"ကောင်းပြီ...ဒီခွေးအိုကြီးကို အချုပ်ထဲ ထည့်ထားလိုက်..."
" နန်ကုန်းမိသားစု တိုးတက်လာတာကို သူမျက်မြင်ကြုံတွေ့စေရမယ်..."
အစောင့်များက မည်သည့်တုံ့ပြန်မှုမှ မှမဆိုပဲ ကျင့်ကြံဆင့်များ ပျက်စီးသွားပြီဖြစ်သော နန်ကုန်းရွှမ်ဟူကို အကျဉ်းထောင်ရှိရာဆီသို့ အလျှင်အမြန် ခေါ်ဆောင်သွားလိုက်သည်။နန်ကုန်းဝူချယ်က သူ့၏ မေးစေ့ကို ပွတ်ရင်း အဝေးသ်ို့ မျှော်ကြည့်နေလေသည်။တစ်စုံတစ်ရာစဉ်းစားသည့်အချိန်တိုင်း ထိုမေးပွတ်သည့် အရာကို မထိန်းချုပ်နိုင်ပေ။
နန်ကုန်းရွှမ်ဟူစကားကလည်း မှန်ပေသည်။အဆင့်မြင့် ကျွမ်းကျင်သူများက ဆုံးရှုံးခဲ့ရသည့် နန်ကုန်းမိသားစုအနေဖြင့် မြူကောင်းကင်မြို့ထဲသို့ ခြေချနိုင်ဖို့ရာ အလွန်ခက်ခဲပေလိမ့်မည်။ထို လင်း... ကျန်း..မိသားစုများကမူ ရွှေတွင်းကြီးကဲ့သို့ဖြစ်နေသော အားနည်းနေသည့် နန်ကုန်းမိသားစုကို အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ပထမအဆင့်ဂိုဏ်းများဖြစ်သော မဟာဂိုဏ်း ၊ လေမိုးကြိုးမျှော်စင်နှင့် ရုပ်သေးဂိုဏ်းတို့မှ တပည့်မြောက်များစွာ လျှို့ဝှက်နယ်ပယ်ထဲတွင် သေဆုံးခဲ့ရသည်။ထို့ကြောင့် ထိုဂိုဏ်းများကလည်း သူတို့၏ အဆင့်မြင့်ပညာရှင်များကို စေလွှတ်နိုင်ပေသည်။
ထိုလျှို့ဝှက်နယ်ပယ်၏ ပို့ဆောင်ရေးအစီအရင်ကို နန်ကုန်းမိသားစုက ပိုင်ဆိုင်ထားလေရာ သူတို့၏ ဒေါသများကို မလွှဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။အရာရာအားလုံးက တကယ့်ကို ဒုက္ခများနေပေသည်။
......
နယ်သာရီက အငွေ့တထောင်းထောင်းထနေသော ထမင်းကြော်ပန်းကန်ကို ကိုင်လိုက်သည်။
"ဒီထမင်းပွဲကို မှာလိုက်တဲ့ စားသုံးသူဆီ သွားချပေး ..."
ပုဖန်က နယ်သာရီကို စေ့စေ့ကြည့်ရင်းပြောလိုက်သည်။သူမက ထမင်းကြော်ဆီမှ အကြည့်တစ်ချက်မလွှဲပဲ ခေါင်းငြိမ့်ပြလိုက်သည်။ချောမွေ့လှသော မျက်နာက ပန်းကန်းလုံးနား နီးကပ်သထက်နီးကပ်လာလေသည်။ထမင်းကြော်ဆီမှ ထွက်ပေါ်နေသော အငွေ့တထောင်းထောင်းက သူမ၏ မျက်နာကိုပင် အနီရောင်သန်းသွားစေသည်။
သူမ လျှာကို ထုတ်၍ ထမင်းကြော်များကို လျှာဖြင့် လိပ်သွင်းယူလိုက်သည်။ဥထမင်းကြော်၏ ချိုမြိန်သောအရသာက သူမ၏ ပါးစပ်ထဲပေါက်ကွဲသွားသောကြောင့် သူမ၏ မျက်ဝန်းလေးများက တလက်လက် တောက်ပသွားသည်။
"အရသာကောင်းတယ်..."
နယ်သာရီက သူမ၏ နှုတ်ခမ်းပါးများကို လျှာဖြင့်သပ်လိုက်သည်။မျက်ဝန်းများကလည်း တောက်ပြောင်နေလေသည်။
ပုဖန် ထမင်းကြော်ကို လျှာဖြင့်လျက်၍ စားနေသော နယ်သာရီကို ကြည့်၍ နှုတ်ခမ်းထောင့်စွန်းများ မဲ့ကွေးသွားလေသည်။သူထင်ထားသည့်အတိုင်းပင် ထိုအမျိုးသမီးက စားပွဲထိုးလုပ်ရန် မသင့်တော်ပေ။
ထို့နောက် နယ်သာရီက ထိုပန်းကန်ကို သယ်ဆောင်သွားပြီး စားသုံးသူဆီ၌ ချပေးလိုက်သည်။
စားသုံးသူလည်း သူ၏ ရှေ့မှ ထမင်းကြော်ပန်းကန်ကိုကြည့်၍ ကြောင်အနေမိသည်။ထမင်းကြော်က သုံးပုံတစ်ပုံမျှသာ ရှိနေတော့သည်။
နယ်သာရီ၏ မျက်နာကို ကြည့်လိုက်သည်။ထိုအမျိုးသမီး၏ လှပသော မျက်ဝန်းလေးများက သူ့၏ ထမင်းကြော်ပန်းကန်ကို မလွှဲတမ်း စိုက်ကြည့်နေတုန်းပင်ဖြစ်သည်။သူအ၏ ပါးစပ်၌လည်း ထမင်းစေ့များ ကပ်နေလေ၏။
အစ်မကြီး မင်းငါ့အပေါ် အဲ့ဒီလိုလုပ်လို့ရမလား...
စားသုံးသူက အော်ဟစ်ငိုကြွေးပစ်ချင်လေသည်။သို့သော်လည်း နယ်သာရီ၏ စွမ်းအားများကို သတိရသွားသောကြောင့် သူမငိုရဲတော့ပေ။
"အလှလေး...ဒီကျန်နေသေးတဲ့ ထမင်းကြော်တွေကို မင်းကို လက်ဆောင်အဖြစ် ပေးမယ်လေ...အဲ့ဒီတော့ ကျေးဇူးပြုပြီး ငါ့ကို နောက်ထပ်အသစ်တစ်ပွဲ ချပေးလို့ရမလား..."
စားသုံးသူလည်း နာကျင်မှုကို တောင့်ခံရင်း ပြောလိုက်သည်။ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက် ၁၀ တုံး ကျသင့်ပေသည်။ထိုအရာက သက်စောင့်ဆေးလုံးများထက်ပင် ပို၍ စျေးကြီးနေသည် ။
ထိုသူ့စကားကို ကြားပြီးနောက် နယ်သာရီက အံ့သြသလိုတစ်ချက်ကြည့်လိုက်သည်။ထို့နောက် အနည်းငယ်မျှပင်တွန့်ဆုတ်ရှက်ရွံ့ခြင်းမရှိပဲ ထမင်းကြော်ပန်းကန်ကိုယူကာ သူမပါးစပ်ထဲ လောင်းထည့်လိုက်လေသည်။
ထိုထမင်းကြော်ထဲတွင် ပါဝင်သော စိတ်ဝိညာဉ်အနှစ်သာရပမာဏက အလွန်ပင်နည်းပါးသော်လည်း အရသာက အလွန်ရှိပေသည်။ဒီထမင်းကြော်ကလည်း နဂါးသွေးထမင်းကြော်ကဲ့သို့ပင် အရသာရှိလှပြီး ကမ္ဘာမြေရတနာများ ကောင်းကင်ဘုံပစ္စည်းများထက်ပင် သာလွန်နေပေသည်။
သူမ၏ ရှေ့မှောက်၌ နောက်ထပ်အရသာရှိလှသော ဟင်းပွဲတစ်ခုရှိနေလေရာ သူမမည်သည့်နည်းနှင့်မှ အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
ထမင်းကြော်များကို စားပြီးနောက် သူမ၏ ပါးစပ်ကို သုတ်လိုက်သည်။ယခုမူ သူမ၏ နှုတ်ခမ်းပါးလေးများက နီရဲ ရွှဲအိနေပေ၏။အဘယ့်ကြောင့်ဆိုသော် ထမင်းကြော်မှဆီများ ကပ်တွယ်နေခြင်းကြောင့်ဖြစ်သည်။
စားသုံးသူများက သူမကို ဗလာမျက်ဝန်းများဖြင့်သာ ကြည့်နေနိုင်ပေသည်။
"နယ်သာရီ ဒီကိုလာခဲ့..."
ပုဖန်၏ အနိမ့်အမြင့်အပြောင်းအလဲမရှိလှသော အသံထွက်ပေါ်လာသည်။သူက မီးဖိုချောင်တံခါးကိုမှီ၍ နယ်သာရီ၏ လှုပ်ရှားမှုများကို ကြည့်နေခြင်းဖြစ်သည်။
နယ်သာရီက သကြားလုံးခိုးယူရာတွင် မိသွားသည့် ကလေးငယ်တစ်ယောက်လိုပင် ပျာယာခတ်သွားလေသည်။
သို့သော်လည်း ပုဖန်က သူမကို ဆူပူခြင်းမရှိပဲ ဟင်းပွဲများချရာတွင် မည်ကဲ့သို့ လုပ်ဆောင်ရမည်အကြောင်းကိုသာ ရှင်းပြပေးလိုက်သည်။
စားသုံးသူများ၏ ဟင်းပွဲထဲမှ ခိုးယူခွင့်မပြုကြောင်းကို သူအလေးထား၍ ပြောပြလိုက်သည်။နယ်သာရီက အခုလတ်တလောပင် ဗိုက်ပြည့်အောင် စားထားပြီးပေပြီ။ထို့ကြောင့် သူ အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။
ကျန်သည့် ဟင်းပွဲများကို မှာယူသည့် စားသုံးသူများထံသို့ မှန်မှန်ကန်ကန်ချပေးနိုင်သောကြောင့် ပုဖန် အတော်လေး စိတ်ကျေနပ်သွားမိသည်။သူမ ၏ အလုပ်နှင့် နေသားတကျဖြစ်လာပြီး အတော်လေး အဆင်ပြေနေသည်ကို တွေ့ရလေသည်။
တကယ်တမ်းတွင် သူမဟင်းပွဲ ချပေးသည့်အခါတိုင်း နှုတ်ခမ်းတသပ်သပ်ဖြစ်နေမိသည်။ သူ အရသာရှိလှသည့် ဟင်းများကို ခိုးယူစားသောက်ချင်နေပေသည်။ထိုဟင်းပွဲများက သူမကို ဆွဲဆောင်ညှို့ယူနေပေ၏။
ကွမ်းရှောင်ယီသာ နယ်သာရီ၏ လက်ရှိအခြေအနေကိုမြင်လျှင် သူမ ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်မိပေလိမ့်သည်။ပုဖန်၏ စားသောက်ဆိုင်၌ စလုပ်သည့်မည်သူမဆို ထ်ိုကဲ့သို့ အခြေအနေမရှ်ိပဲ နေပါလိမ့်မည်နည်း။
တစ်နေ့တာအတွက် စီးပွားရေးလုပ်ငန်းက ပြီးဆုံးသွားလေပြီ။စားသုံးသူများကလည်း ဆိုင်မှ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် ပုဖန်လည်း ဆိုင်တံခါးကို ဆွဲပိတ်ချလိုက်သည်။ထို့နေက် ထိုင်ခုံတစ်ခုံကိုဆွဲ၍ ခဏမျှ အနားယူလိုက်သည်။
နယ်သာရီက ခြေဗလာဖြင့်ပင် ဆိုင်ထဲ ပတ်ပတ်လ်ာလျောက်သွားနေသည်။သူမဘက ဆိုင်ထဲရှိ အရာရာကိုစူးစမ်းနေပုံပေါ်သည်။
ခဏမျှကြာပြီးနောက် သူမလည်း ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည်။ထို့နောက် ပုဖန်ရှိရာဆီသို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ပုဖန် ...ငါ ဗိုက်ဆာနေပြီ..."
ထိုစကားကြားပြီး ခဏ၌ ပုဖန်အံ့အားသင့်သွားမိသည်။ရုတ်တရက် ခွေးဘုရင်ကလည်း သူမဘေးနားထွက်ပေါ်လာလေသည်။
"ငါလည်း ဆာနေပြီ..."
ဒီခွေးဝတုတ်က ပြန်လာတည်းက အိပ်နေတာမဟုတ်ဘူးလား...သူ ဗိုက်မဆာခင်အချိန်မှာနည်းနည်းလေးမှတောင်မလှုပ်ဘူး မဟုတ်လား...အဲ့ဒါက ထူးဆန်းလွန်းတယ်...
တကယ်ကို အံ့အားသင့်သွားသည်။
သူ မည်သည့်စကားမှမဆိုတော့ပဲ ခုံပေါ်မှ ထကာ မီးဖိုချောင်ဘက်သို့ သွားလိုက်သည်။နယ်သာရီကလည်း သူ့နောက်မှ ထပ်ကြပ်မကွာလိုက်သွားလိုက်သည်။သို့သော်လည်း သူမမီးဖိုချောင်ထဲသို့ ဝင်တော့မည့်အချိန်မှာပင် ပုဖန်၏ တားမြစ်ခြင်းကို ခံလိုက်ရသောကြောင့် ခုံသို့သာ ပြန်လာခဲ့လိုက်သည်။
ပုဖန်က နဂါးသွေးထမင်းကြော်ကို ခရမ်းအနှစ်သာရ အနည်းငယ်ထည့်၍ ကျွမ်းကျင်ပိုင်နိုင်စွာ ချက်ပြုတ်လိုက်၏။ထို့နောက် နံရိုးချိုချဉ်ကြော်ကိုလည်း ခရမ်းအနှစ်သာရ အနည်းငယ်ထည့်၍ ချက်ပြုတ်ပေးလိုက်သည်။သူချက်ပြုတ်ပြီးသည်နှင့် ဟင်းပွဲနှစ်ခုလုံးကို တစ်ပြိုင်နက်တည်းသယ်ဆောင်၍ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
နယ်သာရီနှင့် ခွေးဘုရင်က တူညီနေသော အမူအရာဖြင့်ပင် ပုဖန်ကို မျှော်လင့်တကြီး စောင့်နေကြသည်။
"ဒါက နယ်သာရီအတွက်..."
ပုဖန်က ထမင်းကြော်ပန်းကန်ကိုချပေးလိုက်သည်။
"ဒါက ဘလက်ကီအတွက်..."
ဘလက်ကီရှေ့၌ နံရိုးချိုချဉ်ကြော်ကို ချပေးလိုက်သည်။ဟင်းပွဲနှစ်ပွဲလုံးဆီမှ ကြွယ်ဝလှသော မွှေးရနံ့များနှင့် အပူငွေ့တထောင်းထောင်းထနေသောကြောင့် ဆိုင်ထဲတွင် မြူဆိုင်းသလိုပင်ဖြစ်သွားလေသည်။
စိတ်မရှည်တော့ပြီဖြစ်သော ဘလက်ကီက သူ့၏ အစားကိုအလောတကြီး စတင် စားသုံးတော့လေသည်။တစ်လုတ်မျှ စားပြီးလိုက်သည်နှင့် သူ့၏ မျက်ဝန်းလေးများ မှေးစင်းသွားပြီး အမြီးတယမ်းယမ်း လှုပ်ခါလာလေသည်။နံရိုးချိုချဉ်ကြော်ကို စားရသောကြောင့် ပျော်ရွှင်နေမှန်းသိသာလှပေသည်။
"ငါ မင်းကို တကယ့်ကိုပဲ ချီးကျူးတယ်...ကောင်လေးရဲ့ နံရိုးချိုချဉ်ကြော်က တကယ့်ကို အပြည့်စုံဆုံးပဲ...ငါ ဒီနံရိုးချိုချဉ်ကြော်ကို နောက်ဆုံးစားခဲ့ရတာတောင် တော်တော်ကြာပြီ..."
နယ်သာရီက ထမင်းများကို လက်ဖြင့် ဆုပ်၍ ပါးစပ်ထဲ သွင်းလိုက်သည်။ထိုမြင်ကွင်းကို မြင်ပြီး ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။ထို့နောက် မီးဖိုချောင်ထဲသို့ သွား၍ ဇွန်းတစ်ချောင်းယူပေးလိုက်သည်။နယ်သာရီကို လက်အစား ဇွန်းကိုအသုံးပြုဖို့ အမူအရာပြလိုက်၏။
နယ်သာရီက ကြွေဇွန်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလေသည်။နောက်ဆုံး၌ ထိုဇွန်းကို ဘေး၌ချထားလိုက်ပြီး သူမ၏ လက်ကိုသာ ဆက်လက်အသုံးပြု၍ စားသောက်နေသည်။လက်မှလည်းအဆီများ တတောက်တောက်စီးကျနေသည်။
လှပသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်နှင့် တကယ့်ကို လိုက်ဖက်မှုမရှိပေ။သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ခွေးဘုရင်၏ အမူအကျင့်ထက်တော့ သာနေဆဲဖြစ်သည်။
ပုဖန် ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။ထိုငရဲကမ္ဘာအမျိုးသမီးကို ဇွန်းမည်ကဲ့သို့ သုံးရမည့်အကြောင်း သင်ပေးရမည်က အလွန်ခက်ခဲမည့်ပုံပေါ်လေသည်။
ရှလွတ်...
ထိန်လင်းနေသည့် ဆိုင်ထဲတွင် ငရဲကမ္ဘာအမျိုးသမီးနှင့် ခွေးဘုရင်တို့ အစားအစာများကို ပျော်ရွှင်စွာ စားနေသည့်အသံကို ကြားနေရသည်။ထိုအသံက ဆိုင်အပြင်ထိတောင်လွင့်ပျံနေလေသည်။
ညအချိန်ကျရောက်လာပေပြီ။
မှောင်မဲလှသည့် ကောင်းကင်ယံထက်တွင် လခြမ်းကွေးလေးနှစ်ခုက ထိန်လင်းသာနေ၏။အေးမြသည့် လရောင်များကို ထုတ်လွင့်ရင်း ကမ္ဘာမြေတစ်ခွင်ကို လွှမ်းခြုံထားပေသည်။ထိုအေးမြမှုက လူသားတိုင်း၏ နှလုံးသားကိုလည်း အေးချမ်းသာယာစေပေသည်။
"ပုဖန်...ကောင်လေး...မင်းရဲ့အချက်အပြုတ်စွမ်းရည်က အများကြီးတိုးတက်လာတာပဲ...ဒီနံရိုးချိုချဉ်ကြော်က...ဝုတ်...ကောင်မလေး ငါ့ရဲ့ နံရိုးချိုချဉ်ကြော်တွေ မခိုးနဲ့..."
"ငါက အရသာမြည်းကြည့်ချင်လို့ အပိုင်းသေးသေးလေး တစ်ခုပဲ စားမှာပါ..."
အမျိုးသမီး၏ အေးစက်သော အသံထွက်ပေါ်လာသည်။
"ဝုတ်...နင်က တိုက်ခိုက်ချင်နေတာလား...ဒါက အပိုင်းသေးသေးလေးတစ်ခုပဲ မဟုတ်ဘူး...ကောင်မလေး နင်က ပြဿနာရှာနေတာပဲ..."
ဘလက်ကီက သူ့၏ ပန်းကန်ကို လက်ဖဝါးနှစ်ဖက်ဖြင့် ဖုံးအုပ်ထားလိုက်ပြီး နယ်သာရီ၏ မျက်ဝန်းအကြည့်များထဲမှ ကာကွယ်ထားလိုက်သည်။ပုဖန် ထိုမြင်ကွင်းကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။
"မင်းတို့နှစ်ယောက်လုံး ပျော်နေတယ်ဆိုရင် ပြီးတာပါပဲ..."
နောက်ထပ် သူဖြေရှင်းရမည့် ပြဿနာက ငရဲကမ္ဘာအမျိုးသမီး အိပ်စက်ရမည့်နေရာပင်ဖြစ်သည်။