အပိုင်း ၄၇၆
Viewers 53k

အခန်း ၄၇၆

ဒီနေရာက နတ်ပြည်လား...


သူမကို ဘယ်နေရာမှာ အိပ်ခိုင်းရမလဲ...


ပုဖန်က ထိုင်ရ၍ စဉ်းစားနေရင်း အမျိုးသမီးနှင့် ခွေးဝတုတ်တို့ တက်ကြွစွာ တိုက်ခိုက်နေသည်ကို ကြည့်နေလိုက်သည်။


ထိုကိစ္စရပ်လေးကပင် သူ့ကို ခေါင်းခဲစေလေသည်။ဒီစားသောက်ဆိုင်၌ အခန်းနှစ်ခန်းသာရှိသည်။တစ်ခန်းက သူ့အခန်းဖြစ်ပြီး တစ်ခန်းက ယန်မိန်ကျီ၏ အခန်းဖြစ်သည်။


သူ့ကို ယန်မိန်ကျီရဲ့ အခန်းမှာ နေခိုင်းလိုက်ရမလား...ဒါပေမယ့် အဲ့ဒီလိုမျိုး နေခိုင်းလိုက်လို့ ယန်မိန်ကျီ ပြန်လာတဲ့အခါကျရင်ကော...


ယန်မိန်ကျီ ပြန်လာသည်က ရှားပါးသည်ဆိုသော်လည်း အကယ်၍ သူမပြန်လာချိန် တခြားလူတစ်ယောက်က အခန်း၌ နေနေသည်ကိုတွေ့လျှင် သူမ အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားနိုင်ပေသည်။


ဒါမှမဟုတ်...သူ့အခန်းမှာပဲ နေခိုင်းလိုက်ရမလား...


ပုဖန်လည်း အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချလိုက်နိုင်သည်။


"ကောင်မစုတ်လေး...နင် ဒီခွေးဘုရင်ရဲ့ နံရိုးကြော်ကို လာလုနေမယ်ဆိုရင် ငါဒေါသထွက်လာတော့မယ်နော်..."


ခွေးဘုရင်က နယ်သာရီ၏ လက်များကြားထဲမှ နံရိုးချိုချဉ်ကြော်ကို ကြည့်ရင်း အမြီးတန်းနေအောင်ပင် ဒေါသထွက်နေပေသည်။


နယ်သာရီက နှုတ်ခမ်းပါးလေးများကို သပ်လိုက်သည်။ထို့နောက် သူ့လက်ထဲမှ နံရိုးချိုချဉ်ကြော်ကို တပ်မက်စွာကြည့်လိုက်ပြီး ပါးစပ်ထဲထည့်ကာ တကျွတ်ကျွတ်မြည်အောင် ဝါးစားလိုက်သည်။


နံရိုးချိုချဉ်ကြော်က အရသာရှိလှသောကြောင့် စိတ်ကျေနပ်မှုက သူမခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ဘလက်ကီ မတရားခံလိုက်ရသလိုပင် ခံစားလိုက်မိသည်။သူရသင့်ရထိုက်သည်က ပဲ့ပါသွားပေပြီ။


ဘယ်လောက် ဒေါသထွက်စရာကောင်းလိုက်လဲ...


ထိုကောင်မလေးကို ခေါ်လာခဲ့ခြင်းက သူတွင်းသူ တူးမိသလိုဖြစ်ကြောင်း ခွေးဝတုတ်သတိပြုမိလိုက်သည်။ထိုကောင်မလေးက အစားကြီးသူပင်ဖြစ်သည်။တစ်နေ့တစ်နေ့ သူမ ဘယ်လောက်စားနိုင်သည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။


ဟုတ်သည် သူ့၏ နံရိုးချိုချဉ်ကြော်ကို လုစားပြီးသည့် နောက်တွင်တောင်မှစိတ်မကျေနပ်နိုင်သေးပေ။


"နင် နည်းနည်းပါးပါး ဆီလျော်အောင် နေလို့မရဘူးလား...ဒီခွေးဘုရင်အတွက် နံရိုးချိုချဉ်ကြော်နည်းနည်းလောက်ရဖို့က အရမ်းလွယ်ကူတယ်လို့ နင်ထင်နေတာလား..."


ဘလက်ကီလည်း သူမနှင့် ပတ်သတ်၍ ဘာမှ မတက်နိုင်ပေ။သူ လက်ကို ဝှေ့ယမ်း၍ သူမကို ရိုက်နှက်ခြင်း (သို့မဟုတ်) အဝေးက်ို လွင့်ထွက်သွားအောင်လည်း လုပ်လို့မရပေ။


ပြောရမည်ဆိုလျှင် သူကိုယ်တိုင် သူမကို ဆွဲဆောင်လာခဲ့ခြင်းဖြစ်သည်။ဒီဘေးအန္တရာယ်ကြီးကို သူကိုယ်တိုင် သယ်ဆောင်လာခြင်းဖြစ်၏။သူင်ိုချင်သော်လည်း မျက်ရည်မကျနိုင်တော့ပေ။ဘလက်ကီက မျက်လုံးများမှေးစင်း၍ နံရိုးချိုချဉ်ကြော်ကို ပျော်ရွှင်စွာ စားသောက်နေသော နယ်သာရီကိုကြည့်၍ စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ချက် ထိုးဟောင်လိုက်သည်။ထို့နောက် ကျန်နေသေးသည့် အစားအစာများကို လောဘတကြီး စားသောက်လိုက်တော့သည်။


ခွေးဘုရင်က သူ့ပန်းကန်ထဲမှ နံရိုးချိုချဉ်ကြော်များအားလုံးကို ပါးစပ်ထဲထိုးထည့်လိုက်သည်။သူ့ပါးစပ်က ပလုတ်ပလောင်းဖြစ်နေပြီး နယ်သာရီကို စူးစိုက်ကြည့်နေသည်။ထို့နောက် နယ်သာရီဆီမှ အကြည့်တစ်ချက်မလွှဲပဲနှင့် နံရိုးကြော်များကို တဖြေးဖြေးစတင်ဝါးစားလေသည်။


ပုဖန်လည်း သူတို့ နှစ်ယောက်ကိုကြည့်၍ ပြောစရာစကားမဲ့နေပေပြီ။


ဒီခွေးက ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်တွန့်တိုရတာလဲ...ဒါက ရွှေငွေရတနာတွေလည်းမဟုတ်ဘူး အစားအစာလေးတစ်ခုအတွက်နဲ့ အမျိုးသမီးတစ်ယောက်နဲ့တောင် တိုက်ခိုက်နိုင်တယ်လား...


နယ်သာရီက နံရိုးကြော်များအားလုံးကို ခွေးဘုရင်စားလိုက်သည်ကို သတိပြုမိသွားသောအခါ သူမ မျက်နာသေဖြင့်ပင် ပန်းကန်ကိုဆွဲယူ၍ စတင်လျက်တော့သည်။


ကြွေပန်းကန်တွင် နံရိုးချိုချဉ်ကြော်၏ ရနံ့နှင့် အချိုအရသာများ ကပ်ကျန်ခဲ့သောကြောင့် အရသာရှိလှသည်။သူမအမူအရာကို တွေ့လိုက်သောအခါ၌ ဘလက်ကီပင်လျှင် သီးနင်မတက် ဖြစ်သွားသည်။


"နင်ဒီလောက်ထိ ငတ်ကြီးမကျလို့ရမလား...အဲ့ဒါက ငါရဲ့ နံရိုးကြော်အရည်တွေလေ..."


ပုဖန်လည်း သူမ၏ အပြုအမူကို ကြည့်၍ စွံ့အနေမိသည်။


"ကောင်းပြီ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့ကို ဘာမှမပြောနဲ့တော့...ဒီနယ်သာရီက တကယ့်ကို အရူးပဲ..."


သူမက ကြွေပန်းကန်ကို ပြန်ချလိုက်ပြီးနောက် ခုံပေါ်၌ သက်တောင့်သက်သာ မှီလိုက်သည်။ယခုအခ်ျိန်၌ သူမက ပျင်းရိနေသော အနက်ရောင်ကြောင်လေးတစ်ကောင်နှင့် ဆင်တူလှသည်။အသက်ရှုလိုက်တိုင်းတွင်လည်း သူမ၏ လှပလှသော ခန္ဓာကိုယ်က အသာအယာလှုပ်ခတ်နေလေရာ ထိုမြင်ကွင်းက အလွန့်အလွန် ဆွဲဆောင်မှုရှိလှသည်။


သူမ၏ ဆံနွယ်များက မျက်နာရှေ့ဝဲကျနေပြီး မျက်နာတစ်ဝက်ကို ဖုံးကွယ်ထားလေသည်။တစ်ဝက်တည်းသော မြင်ရသည့် လှပမှုကပင် ကြည့်မြင်လိုက်သူတို့၏ နှလုံးသားကို ဆွဲကိုင် လှုပ်ယမ်းနိုင်ပေသည်။ဘလက်ကီကနံရိုးကြော် စားပြီးနောက် နှုတ်ခမ်းများကို လျက်လိုက်သည်။ထို့နောက် ပျင်းရိစွာ ထိုင်နေသည့် နယ်သာရီကို စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။


ကြောင်တစ်ကောင်ကဲ့သို့ ကြွကြွရွရွခြေလှမ်းများဖြင့် သိမြင်မှု သစ်သီးပင်ဘေးနားသွားလိုက်ပြီး ပြန်လည်အိပ်စက်လိုက်လေသည်။


စားပြီးအိပ် အိပ်ပြီးစားနေသောကြောင့်ပင် ဘလက်ကီ ထိုမျှထိ ဝလာခြင်းဖြစ်သည်။


နယ်သာရီက ပုဖန်ကို လှမ်းကြည့်လိုက်သည်။ထို့နောက် နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေး၍ သူမ၏ ပျော်ရွှင်မှုကို ဖော်ပြလိုက်သည်။


ထို့နောက် ကြောင်အနေဆဲဖြစ်သည့် ပုဖန်ကို လျစ်လျူရှုလိုက်၏။သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အခိုးအငွေ့များပေါ်လာပြီး ငရဲကမ္ဘာသင်္ဘောပေါ်လာလေသည်။ထိုသင်္ဘောက ကျယ်လောင်လှသော အသံနှင့်အတူ ခွေးဘုရင်ဘေးနားသို့ ပြုတ်ကျသွားသည်။ပြင်းထန်သည့် လေအားကြောင့် အမွှေးဖွားဖွားများပင် ဖွားခနဲ ဖြစ်သွားသည်။


နယ်သာရီ၏ ကောင်းမွန်စွာ ထိန်းချုပ်မှုအောက်၌ ထိုသင်္ဘောက တဖြေးဖြေးချင်း ပြန်လည် ကျုံ့ဝင်သွားသည်။ထို့နောက်သာမန်အရွယ်အစားလောက် ဖြစ်သွားပြီး သစ်ပင်၏ ဘေးနားတွင် တည်ငြိမ်စွာ ရှိနေလေသည်။


"ဒီအမျိုးသမီးက ဘာတွေလုပ်နေပြန်တာလဲ ..."


ပုဖန်လည်း သူမ၏ လှုပ်ရှားမှုကိုကြည့်၍ စိတ်ရှုပ်ထွေးနေမိသည်။သူ့၏ အကြည့်များအောက်မှာပင် နယ်သာရီက ဆံပင်များပင်ဝဲခါသွားအောင် လမ်းလျှောက်သွားလေသည်။သူမ သင်္ဘောရှေ့နားရောက်သည်နှင့် ပုဖန်ဘက်သို့ လှည့်ကြည်းရင်း လက်ချင်းဆုပ်၍ ခေါင်းညွှတ်နှုတ်ဆက်လိုက်သည်။ထ်ို့နောက် သင်္ဘောပေါ်သို့ တက်သွားလေသည်။


ထိုမြင်ကွင်းကိုကြည့်၍ ပုဖန်၏ နှုတ်ခမ်းများ တွန့်ရှုံ့သွားလေသည်။ကြည့်ရသည်မှာ သူ့၏ စိုးရိမ်မှုက အသုံးမဝင်ပေ။သူမအိပ်မည့်နေရာအကြောင်းကို သူအချိန်ကြာမြင့်စွာ စဉ်းစားခဲ့ရသည်။သို့သော်လည်း ယခု ထိုအကြောင်းနှင့်ပတ်သတ်၍ ထပ်မံ စိုးရိမ်စရာမလိုတော့ပေ။


မကြာခင်မှာပင် သင်္ဘောဆီမှ စည်းချက်ကျကျ အသက်ရှုသံများထွက်ပေါ်လာသည်။ပုဖန် မတ်တပ်ထရပ်လိုက်ပြီး ခုံပေါ်မှ ပန်းကန်များကိုသိမ်း၍ မီးဖိုချောင်ဘက်ဆီသို့ လှည့်ဝင်သွားလိုက်သည်။


သူ စားသောက်ခန်း၏ မီးကိုပိတ်လိုက်သောကြောင့် အမှောင်ထုသာ ကြီးစိုးနေလေသည်။သူ ပန်းကန်ပြားများကို ဝှိုက်တီ၏ ဝမ်းဗိုက်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ဗိုက်ကို အသာအယာပုတ်လိုက်သည်။ထို့နောက် အပေါ်ထပ်သို့ တက်သွားလေ၏။


ပုဖန် ရေချိုးသန့်စင်ပြီးနောက် စိုစွတ်နေသော သူ့၏ ဆံပင်များကို အသာခါယမ်းလိုက်သည်။


သူပြတင်းပေါက်ဘောင်ကို အသာမှီရင်း လှပလှသော မြူကောင်းကင်မြို့၏ ညအလှကို ခံစားကြည့်နေလေသည်။ယခုအခ်ျိန်၌ သူ့စိတ်က အလွန်ပင် သက်တောင့်သက်သာရှိနေပေ၏။


ညက အေးချမ်းစွာပင် ကုန်ဆုံးသွားလေသည်။


နောက်တစ်နေ့၌ နွေးထွေးလှသော နေရောင်ခြည်က ပြတင်းပေါက်ကိုဖြတ်၍ ပုဖန်၏ မျက်နာပေါ်ကျရောက်လာချိန်၌ သူမျက်လုံးများ ဖွင့်လိုက်သည်။မျက်ဝန်းများက အနည်းငယ် အိပ်ချင်မူးတူး ဖြစ်နေဆဲဖြစ်ပြီး မထိန်းနိုင်စွာဖြင့် သန်းဝေလိုက်သည်။


ထို့နောက် သူ မတ်တပ်ထရပ်လိုက်ကာ ဆံပင်ကို သိုးမွှေးတစ်စဖြင့် ချည်နှောင်လိုက်သည်။သူ သန့်ရှင်းရေးလုပ်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့လိုက်လေသည်။


သူ အောက်သို့ ရောက်သည်နှင့် မီးဖိုခန်းနှင့် စားသောက်ခန်းကြားနေရာ၌ အနက်ရောင်အရိပ်တစ်ရိပ်က မျက်လုံးဝိုင်းများဖြင့် သူ့ကိုကြည့်နေသောကြောင့် လန့်ဖြန့်သွားမိသည်။


"ဘာလဲဟ..."


ပုဖန် လန့်ပြီး အနောက်သို့ပင် ခြေလှမ်းအနည်းငယ် ခုန်ဆုတ်လိုက်မိသည်။ထိုအရိပ်က နယ်သာရီပင်ဖြစ်သည်။


"ဘယ်လိုဖြစ်လို့ မနက်စောစောစီးစီး လူတွေကို ကြောက်လန့်အောင်လို့ ခြောက်လှန့်နေရတာလဲ..."


ပုဖန် ပြောစရာစကားပင်မဲ့နေမိသည်။သူမက မျက်ဝန်းများမှေးကျင်းလိုက်ပြီးနောက် စားသောက်ခန်းဘက်ဆီသို့ လှည့်ထွက်သွားလိုက်သည်။ထို့နောက် ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်လေသည်။


သူမ မနက်စာ စားချင်နေတာလား...


ပုဖန် နှုတ်ခမ်းများတွန့်ရှုံ့လိုက်မိသည်။ထိုအမျိုးသမီးက တကယ့်ကို စိတ်အားထက်သန်လှပေသည်။ရုတ်တရက် ခုံတစ်ခုံပေါ်၌ တည့်မတ်စွာ ထိုင်နေသော ခွေးဘုရင်ကိုလည်း သူသတိပြုမိလိုက်သည်။


ထိုခွေးဝတုတ်ကို ဒီပုံစံဖြင့် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ခွေးဘုရင်က သူ့၏ လက်နှစ်ဖက်ကို ခုံပေါ်တင်ထားပြီး လျှာတန်းလန်းထုတ်ကာ ထိုင်နေလေသည်။


ထိုနှစ်ယောက်က တကယ့်ကို အစားသရဲများပင် ဖြစ်သည်။


ပုဖန်က ခပ်ဖွဖွရယ်လိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားလိုက်သည်။သို့သော်လည်း သူချက်ချင်းစတင်မချက်ပြုတ်သေးပေ။သူ့၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်လိုက်ပြီး ဓားဆယ့်သုံးကွက် အရှင်သခင်ကို လေ့ကျင့်နေလိုက်သည်။


သူ့၏ မစ်ရှင်ကို ပြီးမြောက်ပြီးနောက် အစစ်အမှန်စွမ်းအင်များလည်း ပမာဏများများတိုးတက်လာခဲ့သည်။သို့သော်လည်း မသေမျိုးနယ်ပယ်ကို ချိုးဖောက်တက်လှမ်းနိုင်ဖို့အတွက်တော့ လိုအပ်နေပေသေးသည်။


သူ အရင်က ကြယ်ပျံ နည်းပညာကို လေ့ကျင့်ခဲ့သည့်အတိုင်း ဓားဆယ့်သုံးကွက် နည်းလမ်းကိုလည်း အာရုံစိုက်၍ လေ့ကျင့်ရပေမည်။


စားဖိုမှူးတစ်ယောက်အနေဖြင့် သူတို့၏အချက်အပြုတ်စွမ်းရည်များက အခြေအနေ ဆိုးရွားနေလို့မရပေ။သူနေ့တိုင်းမပြတ် လေ့ကျင့်နေရပေမည်။လေ့ကျင့်နေခြင်းကမည်သည့်စားဖိုမှူးအတွက်မဆို အလွန်အရေးကြီးပေသည်။ပုဖန်က ရွှေနဂါးအရိုးဓားကိုဟကိုင်ထားရင်းဖြင့် သူ့ပုခုံးပေါ်မှ ပုစွန်ပိစိကို ယူလိုက်ကာ မီးဖိုခုံပေါ်တင်လိုက်သည်။


ပုစွန်ပိစိက ပုဖန်၏ အပြုအမှုကြောင့် အံ့အားသင့်သွားလေသည်။သူ့၏ ပြူးကျယ်နေသော မျက်ဝန်းများထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေလေ၏။ပုဖန်က သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ပြီး ပုစွန်ပိစိဆီ ချိန်ရွယ်လိုက်သည်။သူ့၏ အော်ရာများကလည်း ပို၍ ပြင်းထန်လာသည်။ 


သို့သော်လည်း ပုစွန်ပိစိက ထ်ိုအော်ရာများကြောင့် ခြိမ်းခြောက်ခံရခြင်းမရှိပေ။သူက ပူပန်ကြောင့်ကြမဲ့စွာဖြင့်ပင် ခြေထောက်သေးသေးလေးများကို လှုပ်ယမ်းရင်းမီးဖိုခုံပေါ် လျှောက်ပြေးနေလေသည်။


"ကောင်းပြီ ...ငါ က်အရှင်သခင်လိုမျိုးနည်းလမ်းကို အလောတကြီး မလေ့ကျင့်သင့်ဘူး..."


ထို့နောက် သူ ဓားကို ပြန်သိမ်းလိုက်ပြီး ပုစွန်ပိစိကို ပုခုံးပေါ်ပြန်တင်ထားလိုက်သည်။ပုဖန်၏ ပုခုံးပေါ် ရောက်သွားပြီးနောက် ပုစွန်ပိစိက ပို၍ ငြိမ်းချမ်းသွားဟန်ဖြင့် လဲလျောင်းလိုက်ပြီး ပါးစပ်မှ ပူစီဖောင်းလေးများပင် မှုတ်ထုတ်နေလေသည်။


ပုဖန်က သူ့၏ နေ့စဉ် ချက်ပြုတ်ခြင်းနည်းလမ်းကို စတင်လေ့ကျင့်လိုက်သည်။သူ အဆင့်မြင့်သားရဲ၏ အသားကို ထုတ်ယူဖြတ်တောက်လိုက်ကာ နံရိုးချိုချဉ်ကြော် အတွက် ပြင်ဆင်လိုက်သည်။ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူလိုက်ပြီး အိုး၏ အောက်ခြေသို့ မီးလုံးမှုတ်ထုတ်လိုက်သည်။မီးဖိုချောင်ခန်း၏ အပူခ်ျိန်က ချက်ချင်းမြင့်တက်လာပေသည်။ထို့နောက် သူ စတင်၍ ကြော်လှော်လိုက်သည်။


အချိန်ခဏအတွင်းမှာပင် မွှေးရနံ့များ ကြိုင်လှိုင်သင်းပျံ့လာပေသည်။စားသောက်ခန်းထဲ၌ ရှိနေသော ဘလက်ကီနှင့် နယ်သာရီတို့၏ မျက်ဝန်းများက တောက်ပသွားသည်။သူတို့က ပို၍ပင် စိတ်လှုပ်ရှားတက်ကြွလာသည်။


မီးဖိုခန်းဘက်ဆီမှ ဆူညံသံများ တိတ်ဆိတ်သွားပြီးနောက် နယ်သာရီနှင့် ဘလက်ကီတို့၏ အကြည့်မြင်ကွင်းထဲသို့ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။ထိုသူ၏ လက်နှစ်ဖက်လုံး၌ ဟင်းပွဲတစ်ခုဆီ သယ်ထားလေသည်။


"ဒါက ဘလက်ကီအတွက် နံရိုးချိုချဉ်ကြော်...ဒါက နယ်သာရီအတွက် နဂါးသွေးထမင်းကြော်..."


ပုဖန်က အသာအယာပြောလိုက်ပြီး ဟင်းပွဲများကို ချပေးလိုက်သည်။ထို့နောက် မီးဖိုချောင်ခန်းဘက်ဆီသို့ ပြန်ဝင်သွားလိုက်သည်။ခဏအတွင်းမှာပင် အငွေ့တထောင်းထောင်ထနေသော ရွှေဝါရောင် အသားပေါင်းဖက်ထုပ်ကို သယ်၍ ပြန်ထွက်လာခဲ့သည်။


နယ်သာရီက လက်ကိုသာအသုံးပြုပြီး ထမင်းတစ်လုတ် ပါးစပ်ထဲ ထည့်လိုက်သည်။ဒီရက်ပိုင်းအတွင်း သူမ အလွန်ပင်ပျော်ရွှင်ဝမ်းမြောက်နေလေသည်။အဘယ့်ကြောင့်ဆိုသော် နေ့စဉ်နေ့တိုင်း စိတ်ဝိညာဉ် အနှစ်သာရများ ပါဝင်သည့် ဟင်းပွဲများကို စားနေရပေသည်။


အစားစားရဖို့ အာမခံချက်မရှိသော လျှို့ဝှက်နယ်ပယ်ထဲမှ ဆိုးရွားလှသော သူမ၏ အခြေအနေနှင့် ယှဉ်လိုက်လျှင် ယခုက ပို၍ပင် သက်တောင့်သက်သာ ဖြစ်နေပေသည်။တကယ်တမ်းပြောရလျှင် ငရဲကမ္ဘာ၌ ရှိနေစဉ်ကထက်ပင် အခြေအနေပိုကောင်းနေပေ၏။


ခွေးဘုရင်ကလည်း နံရိုးချိုချဉ်ကြော်ကို ပျော်ရွှင်စွာဖြင့် စားသောက်နေသည်။သို့သော်လည်း နယ်သာရီ လာရောက်လုစားမည်ဆိုးသောကြောင့် အလွန်လျှင်မြန်စွာဖြင့် စားနေလေ၏။


ပုဖန်၏ အပြုအမူများက ထိုအစားသရဲနှစ်ယောက်နှင့် ကွာခြားစွာအလွန်တင့်တယ်လှသည်။သူ တူတစ်စုံကို ကောက်ယူလိုက်ပြီး အသားပေါင်းဖက်ထုပ်၏ ထိပ်ကို အပေါက်ဖောက်လိုက်သည်။ထိုအပေါက်ထဲမှ မွှေးရနံ့သင်းကြိုင်နေသော စွပ်ပြုတ်ရည်လေးများ စီးကျလာပေသည်။ပုဖန်က လျှင်မြန်စွာပင်ယူ၍ ထိုစွပ်ပြုတ်ရည်များကို စုပ်ယူလိုက်သည်။


လည်ချောင်းထဲသို့ ချောမွေ့စွာ စီးဆင်းဝင်ရောက်သွားသည်နှင့် ချိုမြလှသည့်အရသာ သူ့ခန္ဓာကိုယ်ရှိ အရိုးအဆစ်များကိုပါ ပွင့်ထွက်သွားစေသလို ခံစားလိုက်မိသည်။နယ်သာရီနှင့် ခွေးဘုရင်တို့ စားသောက်ခြင်းကို ခုန်မင်နေသည်မှာ အံ့သြစရာမရှိပေ။


ဟင်းပွဲများထဲသို့ သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရများ ထည့်ပေါင်းပြီးနောက် ဟင်းပွဲ၏ အရသာက အဆင့်တစ်ဆင့်တိုးတက်သွားပေသည်။


ယခုရွှေဝါရောင်အသားပေါင်းဖက်ထုပ်၏ အရသာကလည်းယခင်ကထက် တမူထူးခြားနေပေပြီ။ပုဖန်က စွပ်ပြုတ်အရည်ကို သောက်ပြီးသည်နှင့် ဖက်ထုပ်ကို စတင်၍ ဝါးလိုက်သည်။ဝက်သား၏ အရသာက သူ့ပါးစပ်ထဲ၌ လှည့်လည်နေသည်။သူမြိုချလိုက်သောအခါတွင် လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲထိ စီးဆင်းသွားပြီး နွေးထွေးမှုကို ခံစားလိုက်ရသည်။သူစိတ်ကျေနပ်မှုအပြည့်ဖြင့် အသက်တစ်ချက်ရှိုက်လိုက်သည်။


နယ်သာရီက သူ့၏ ထမင်းကြော်ကို ကုန်သွားပြီဖြစ်ပြီး ယခု ရွှေဝါရောင်အသားပေါင်းဖတ်ထုတ်ကို စူးစ်ိုက်ကြည့်နေကြောင်း ပုဖန် သတိပြုလိုက်မိသည်။သူမက ပုဖန်ကို အနည်းငယ်မျှပင် ခွင့်တောင်းခြင်းမပြုပဲ ဖက်ထုပ်တစ်ခုကို ဆွဲယူ၍ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။သူမက အပူဒဏ်ကို မှုပုံလည်း မပေါ်ပေ။


ရှလွတ်...ရှလွတ်...


ဝါးနေရင်းဖြင့် သူမ၏ မျက်ဝန်းများက တောက်ပလင်းလင်လာလေသည်။


"ငါနောက်ထပ် စားကောင်း သောက်ဖွယ်အသစ်တစ်ခုကို ရှာတွေ့ပြန်တာလား...ဒီနေရာက နတ်ပြည်များလား..."


ထိုအမျိုးသမီးက စိတ်ကျေနပ်စွာဖြင့် သူမ၏ မျက်ဝန်းများကို မှိတ်ထားလေသည်။သူမ၏ နှုတ်ခမ်းများကလည်းဆီများ ဝေ့နေကာ ပြောင်နေလေသည်။


ပုဖန် ထ်ိုမြင်ကွင်းကို ရှုံ့မဲ့ကြည့်လိုက်မိသည်။


"ဒီအစားသရဲကတော့..."


ထို့နောက် နောက်ထပ် အသားပေါင်းဖက်ထုပ်တစ်ခုကိုယူ၍ ပျော်ရွှင်စွာ စားသောက်လိုက်သည်။


ခွေးဘုရင်က သူ့၏ ကံကောင်းမှုကြောင့် ပျော်ရွှင်နေပေသည်။


"ကောင်းလိုက်တာ...ဒီနေ့တော့ အဲ့ဒီကလေးမလေးက ငါ့ရဲ့ နံရိုးချိုချဉ်ကြော်ကို မခိုးတော့ဘူး ..."


ထို့နောက် သူ့၏ နောက်ဆုံးလက်ကျန်နံရိုးကြော်ကို ဝါးစားလိုက်ပြီး သစ်ပင်နားသို့ ပြန်သွားကာ လှဲအိပ်လိုက်လေသည်။ပုဖန် ဒုတိယမြောက် ဖက်ထုပ်ကို စားပြီးသွားသည့်အခ်ျိန်၌ သူ တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။


နယ်သာရီ၏ လက်တစ်ဖက်တစ်ချက်ဆီတွင် ဖက်ထုပ်တစ်ခုဆီ ကိုင်ထားကာ ပါးစပ်ထဲ၌လည်း တစ်ခုကို ဝါးနေသည်မြင်သောကြောင့် အလွန်အံ့အားသင့်မှင်သက်သွားမိသည်။


နောက်ဆုံး၌ မနေ့က ဘလက်ကီ၏ နာကျင်မှုကို သူ ကိုယ်ချင်းစာသွားပေသည်။ဒီအမျိုးသမီးက တကယ့်ကို အစားကြူးလှပေသည်။


သူတတိယမြောက် ဖက်ထုပ်ကို စားပြီးသည့်နောက် သူ့ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။


 သူ့၏ ဖက်ထုပ်ပေါင်းခံခြင်းလေးက လုံးဝ ပြောင်သလင်းခါနေပေပြီ။