အပိုင်း ၄၇၈
Viewers 53k

အခန်း.၄၇၈

နယ်သာရီ VS နန်ကုန်းဝမ်


နန်ကုန်းမိသားစု၏ အထပ်အမြင့် အဆောက်အဦး၌ ပြင်းထန်သည့် အငွေ့အသက်များ ဖုံးလွှမ်းနေသည်။သွေးနံ့များက အခ်ျိန်ကြာကြာဖုံးလွှမ်းမနေပဲ မကြာခင်မှာပင် ပျောက်ကွယ်သွားသည်။


နန်ကုန်းဝူချယ်က သူ့၏ ခုံ၌ မတ်မတ်ထိုင်နေခဲ့သည်။ယခုအခ်ျိန်၌ ဘယ်သူမှသူကိုအထင်သေးရဲမည်မဟုတ်ပေ။


"ဆက်ခံသူ အခု နန်ကုန်းမိသားစုထဲက အတွင်းရေးပြဿနာတွေကို ဖြေရှင်းပြီးပြီဆိုပေမယ့် ကျန်းမိသားစုနှင့် လင်းမိသားစုက စတင်ပြီး ငါတို့ကို ဆန့်ကျင်လာကြပြီ...ငါတို့ရဲ့ လုပ်ငန်းတွေကို ထိုးဖောက်ဝင်ရောက်လာတယ်..."


အကြီးအကဲ တစ်ယောက်က လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။


"လာမယ့် ပဉ္စလက် အစည်းအဝေးပွဲကိုလည်း ငါတို့ရဲ့ မြူကောင်းကင်မြို့မှာ ကျင်းပဖို့အတွက် အတည်ပြုပြီးပါပြီ...သွေးနန်းတော်ကလည်း အဲ့ဒီအတွက် ပြင်ဆင်နေပြီ...မြောက်များလှစွာတဲ့ ပညာရှင်တွေကော အဂ္ဂိရတ်ပညာရှင်တွေကော အထူးလက်ဆောင်တွေ ပြင်ဆင်ပြီး ငါတို့မြို့တော်ဆီကို အလျှင်စလိုလာနေကြပြီ...အစည်းအဝေးပွဲက ပြိုင်ပွဲနေရာအတွက် ငါတို့မိသားစုရထားတဲ့ ဝေစုတွေကို ဘယ်သူယူမလဲဆိုတာကို မြန်မြန်လေး အတည်ပြုဖို့လိုတယ်..."


အကြီးအကဲ တစ်ယောက်ကနန်ကုန်းဝူချယ်ကို သတိအပြည့်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။ထိုသတင်းစကားကြောင့် နန်ကုန်းဝူချယ် အနည်းငယ် အံ့အားသင့်သွားသည်။


"ပဉ္စလက်အစည်းအဝေးပွဲက နောက်တစ်ခါစတော့မှာလား..."


ဒီတစ်ကြိမ်၌ အစည်းအဝေးပွဲကို မြူကောင်းကင်မြို့၌ ကျင်းပခြင်းဖြစ်သည်။


ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်သလဲ...


 မြူကောင်းကင်မြို့က ယခုအခ်ျိန်တွင် အတော်ကို မငြိမ်မသက်ဖြစ်နေပေသည်။သို့သော် ထိုအစည်းအဝေးပွဲကိုလည်း လျစ်လျူရှု၍ မရပေ။အဘယ့်ကြောင့်ဆိုသော် ထိုပွဲက ဆေးလုံး နန်းတော်မှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်သည်။


ထိုပွဲက အဂ္ဂိရတ်ပညာရှင်များကို အဆင့်သတ်မှတ်သည့် ပွဲ ဖြစ်ရုံသာမက ပါရမီရှိသော လူငယ်များကို မွေးမြူ ထောက်ပံ့ပေးသည့် ပွဲတစ်ခုလည်းဖြစ်သည်။ထိုစုဝေးပွဲ၌ နဂါးမြို့ဟောင်းတိုက်ကြီး တစ်ခုလုံး ပါဝင်ပတ်သတ်ခြင်းမရှိသော်လည်း ဆေးနန်းတော်၏ ပိုင်နက်အတွင်းမှ သူများအားလုံး ပါဝင်ပတ်သတ်နေဆဲဖြစ်သည်။


ဆေးနန်းတော်၏ ပိုင်နက်နယ်မြေသည် အလွန်ကျယ်ပြန့်ပြီး လူဦးရေသန်းချီနေထိုင်သည်။ထိုလူများကြား၌ အဂ္ဂိရတ်ပညာရှင်သောင်းကျော်ရှိ၏။ထိုအထဲတွင် အထူးလက်ဆောင်မွန်များရရှိထားသည့် ပါရမီရှင်လူငယ်လေးများ မပါသေးပေ။


ပဉ္စလက်စုဝေးပွဲကို ဆေးနန်းတော်မှ အဆင့်မြင့်အဖွဲ့ဝင်များက ဦးဆောင်ကျင်းပသည်။ထိုစုဝေးပွဲကိုကျင်းပရသည့်အကြောင်းကလည်း အဂ္ဂိရတ်ပညာရှင်များ၏ ကျော်ကြားမှုကို ပြန့်ပွားအောင်ဖြစ်သည်။


အကယ်၍ စုဝေးပွဲတွင် ပါဝင်သည့် အဂ္ဂိရတ်ပညာရှင်တစ်ဦးက ထိပ်ဆုံး အဆင့် ၁၀ အတွင်းသို့ ဝင်ရောက်နိုင်ခဲ့လျှင် ဆေးနန်းတော်တစ်ခွင်၌ ကြောက်စရာကောင်းလောက်အောင်ပင် ကျော်ကြားသွားပေလိမ့်မည်။


စုဝေးပွဲက အဂ္ဂိ ရတ်ပညာရှင်များအတွက်သာမဟုတ် ပါရမီရှင်လူငယ်လေးများအတွက်လည်း အထူးအခွင့်အရေး အထူးအခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ထိုစုဝေးပွဲတွင် ဆေးဆရာများ အဆိပ်သခင်များ စသည်ဖြင့် နယ်ပယ်မ်ျိုးစုံကလူများလည်း ပါဝင်နေပေသည်။သူတို့အတွက်လည်း အရည်အချင်းများကို ပြသဖို့ အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။


ကုသနိုင်ရေး စွမ်းရည်တစ်ခုထဲကိုသာ အခြေပြုထားခြင်းမဟုတ်ပဲ သူတို့က လူတစ်ယောက်၏ အဆင့်ကို ချိုးဖောက်ရာတွင် ကူညီပေးနိုင်ခြင်း (သို့မဟုတ်) စွမ်းအင်များ မြင့်တက်လာရာတွင် ကူညီပေးနိုင်ခြင်း စသည်ဖြင့် တစ်ခုခုကို လုပ်ပြနိုင်ခဲ့လျှင်လည်း စုဝေးပွဲအတွင်း၌ ကျော်ကြားလာနိုင်ပေသည်။


ယခင်အချိန်က ထိုလက်ဆောင်မွန်များနှင့် ပါရမီရှိသော လူငယ်လေးများပင်လျှင် ထိုစုဝေးပွဲ၌ နေရာဖြည့်ရန်လောက်သာဖြစ်သည်။ပြောရမည်ဆိုလျှင် ဆေးဆရာများ အဆိပ်သခင်များနှင့် တစ်ခြားပညာရှင်များက အဂ္ဂိရတ်ပညာရှင်များနှင့် မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်မည်နည်း။သက်စောင့်ဆေးဖော်စပ်နိုင်သူ တစ်ယောက်တည်းကပင် ထို သူများအားလုံးကို ဖိနှိမ့်နိုင်နေပမည်။


"ဆက်ခံသူ ဒီစုဝေးပွဲအတွက် ငါတို့ နန်ကုန်းမိသားစုက ဘယ်သူကို စေလွှတ်မလဲ..."


အကြီးအကဲက အပြုံးကြီးကြီးပြုံး၍ နန်ကုန်းဝူချယ်ကို သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။ယခင်ပြိုင်ပွဲတုန်းက နန်ကုန်းဝူချယ်က မ်ိသားစု၏ ကိုယ်စားပြုအနေဖြင့် ယှဉ်ပြိုင်ခဲ့သည်။သို့သော် ယခုသူက ဆက်ခံသူ ဖြစ်လာပြီဖြစ်လေရာ ထိုပြိုင်ပွဲတွင် ပါဝင်နိုင်ပါဦးမည်လား...။


ထိုကိစ္စက အကြီးအကဲ ရှုပ်ထွေးနေမ်ိသည့်အကြောင်းပင်ဖြစ်သည်။


"ငါတို့ပါဝင်ရမယ်...ငါတို့ဘယ်လိုဖြစ်ပြီး မပါဝင်ပဲ နေရမလဲ...ငါရုတ်တရက်ပဲ ဒီတစ်ကြိမ် ပဉ္စလက်စုဝေးပွဲကို စိတ်ဝင်စားလာမိတယ်..."


"ငါတစ်ယောက်ပဲရှိတာလည်းမဟုတ်ဘူးလေ...ပြောရမယ်ဆိုရင် ဝမ်ကလေးလည်း ရှိသေးတယ်...သူ အဂ္ဂိရတ်ပညာကို လေ့လာခဲ့တာလည်း တော်တော်လေးကြာပြီ ဒါပေမယ့် ပြိုင်ပွဲတွေမှာ သူတစ်ခါမှ ဝင်မပြိုင်ဖူးသေးဘူး...သူမ ရဲ့ အရည်အချင်းကို စမ်းသပ်ရမယ့်အချိန်ပဲ..."


နန်ကုန်းဝူချယ်က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် လက်ခုပ်တီးပြီး ပြောလိုက်သည်။


"မြို့အရှင်နန်းတော်က ငါ့ကို ခပ်မြန်မြန်ဖိတ်ကြားစာ ပို့ဖို့အတွက် မင်းဆောင်ရွက်သင့်တယ်...ဘာလို့လဲဆိုတော့ ဒီပဉ္စလက်စုဝေးပွဲ အတွက် အကြောင်းအရာတစ်ချို့ကို မိသားစုဆက်ခံသူတွေက ဆွေးနွေးကြရမယ်မဟုတ်လား..."


နန်ကုန်းဝူချယ်က မတ်တပ်ထရပ်လိုက်ပြီးနောက် အရှေ့ကို လျှောက်သွားလိုက်သည်။သူ အခန်းထဲက ထွက်ခွာတော့မည့်အချိန်၌ ရုတ်တရက် အနောက်သို့ လှည့်ပြီး ထပ်ပြောလိုက်သည်။


"ထပ်လောင်းပြီးပြောရမယ်ဆိုရင်တော့ ငါတို့ နန်ကုန်းမိသားစုက အခက်အခဲ အကျပ်အတည်းထဲက အခုမှ ဖြတ်ကျော်လာခဲ့တယ်ဆိုပေမယ့် အပြင်လူတွေ ငါတို့ကို အနိုင်ကျင့်နိုင်မယ်လို့ မဆိုလိုဘူး...အဲ့ဒီ ကျန်းမိသားစု ပဲကဖြစ်ဖြစ် လင်းမိသားစုကပဲဖြစ်ဖြစ် စေလွှတ်လိုက်မယ်ဆိုရင် ငါတို့ ကြောက်စရာမလိုဘူး...ငါတို့ကြောက်ရမယ့်အစား သူတို့ကိုတိုက်ရိုက်သာ ပြန်တိုက်ခိုက်လိုက်..."


အာ...


ထိုစကားက အားလုံးကို ထိတ်လန့်စွံ့အသွားစေလေသည်။


"ဘယ်လိုမတော်တဆဖြစ်မှုမျိုးပဲ ဖြစ်လာလာ ငါဖြေရှင်းမယ်...ငါတို့ နှိမ့်ချပြီးမနေသင့်ဘူး...ငါတို့ နှိမ့်ချလေလေ သူတို့က ငါတို့ကို ပိုဖိနှိမ့်လေလေပဲ ..."


နန်ကုန်းဝူချယ်က သူ့၏ နောက်ဆုံးစကားကိုပြောပြီးနောက် အခန်းထဲမှ ထွက်သွားလိုက်သည်။


......


နန်ကုန်းဝမ် တိမ်ခိုးစားသောက်ဆိုင်ထဲ လှမ်းဝင်လိုက်သည်နှင့် လေထုထဲပြည့်နှက်နေသည့် မွှေးကြိုင် သင်းပျံ့သော ရနံ့များကို လက်ခံရရှိလိုက်သည်။သူမ၏ မျက်နာကာကို ချွတ်၍ လှပလှသော မျက်နာလေးကိုဖွင့်လှစ်လိုက်သည်။


အနီရောင်ဆံနွယ်များ၊ ဖြူဖွေးသော အသားအရည်နှင့် ကြည်လင်လှသော မျက်နာလေးက ပို၍ပင် လှပအောင် ပြုလုပ်နိုင်လေသည်။


ဆိုင်ထဲတွင် ရှိနေဆဲဖြစ်သော စားသုံးသူများက ကြောင်ငေးစွာဖြင့် ကြည့်နေကြသည်။ငရဲကမ္ဘာအမျိုးသမီးလည်း လှပသည်ဆိုသော်လည်း သူမက အလွန်တသီးတခြားဖြစ်လွန်းလှသည်။သူမက အေးစက်ကာ တစ်သီးတစ်ခြားဆန်ပြီး နန်ကုန်းဝမ်က လှပသည် ချစ်စရာကောင်းသည် ပျော်မြူးတက်ကြွသည်။ထို့ကြောင့် သူမ၏ အလှအပကလည်း အားလုံးကို စိတ်လှုပ်ရှားစေသည်။


"လခွမ်း...အဲ့ဒါက နန်ကုန်းနတ်သမီးလေး မဟုတ်လား...သူမက ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာရတာလဲ...နန်ကုန်းမိသားစုက အဆုံးသတ်သွားပြီ မို့လို့ သူမက ဒီနေရာကို အလျှင်စလို ပြေးလာပြီးတော့ ဖြစ်နိုင်တာက ..."


"ပေါက်ကရတွေ လျှောက်ပြောမနေစမ်းနဲ့ နန်ကုန်းမိသားစုက သူမကို ပါရမီရှင်တစ်ယောက်နဲ့ လက်ထပ်ဖို့ သတိပေးထားပြီးပြီလေ ဟုတ်တယ်မဟုတ်လား...ဒါပေမယ့် သူမက ပိုင်ရှင်ပုနဲ့ ဆက်ဆံရေးကို အဆုံးမသတ်ရသေးဘူး မဟုတ်လား...ကျွတ်...ကျွတ်..."


နန်ကုန်းဝမ်ကို မြင်လိုက်သည့်အခါ စားသုံးသူများ၏ မျက်ဝန်းများက တောက်ပလာကြသည်။စားသောက်ဆိုင်က သူတို့အတွက် အလွန်အံ့အားသင့်စရာကောင်းသောနေရာဖြစ်သည်။


အရသာရှိကောင်းမွန်လှသော စားသောက်စရာများကို စားရရုံသာမက လှပလှသော အမျိုးသမီးများကိုလည်း ရှုစားနိုင်ပေသည်။ထို့အပြင် စားသောက်ဆ်ိုင်ပိုင်ရှင်နှင့် အမျိုးသမီးတို့၏ အဆီတဝင်းဝင်းသတင်းအတင်းအဖျင်းများကိုလည်း ကြားနိုင်သေးသည်။


လှပလှသော ခန္ဓာကိုယ်ကို အသာအယာယိမ်းနွဲ့ရင်း အရှေ့သို့လျှောက်လာသည့် နန်ကုန်းဝမ်၏ ပုံစံက အားလုံးကို ဆွဲဆောင်ထားပေသည်။


သူမက ခုံတစ်ခုံ၌ ဝင်ထိုင်လိုက်ပြီးနောက် ညာခြေကိုချိတ် လိုက်သည်။ဝတ်စုံအာက်မှ နူးညံ့ကြည်လင်လှသော အသားအရေက အလွန်တရာ ဆွဲဆောင်မှုရှိလှသည်။စားသုံးသူများအားလုံးက ထိုနေရာကိုသာ မလွှဲတမ်းကြည့်နေကြပေသည်။ 


ဒုန်း...ဒုန်း...ဒုန်း...


နယ်သာရီက အရှေ့သို့လျှောက်လှမ်းလာခဲ့သည်။သူမ၏ အမူအရာက စားသုံးသူများ၏ အော်ဒါကောက်ခံရာတွင် တကယ့်ကိုဆရာကြီးတစ်ယောက်ဟန်ဖြစ်လာပေသည်။


"ဘာစားမှာလဲ... မှာ..."


နယ်သာရီက အနိမ့်အမြင့်မရှိသော အေးစက်သည့် အသံဖြင့်ပြောလိုက်သည်။


သို့သော်လည်း နန်ကုန်းဝမ်က ချက်ချင်းမမှာသေးပေ။သူမက ခေါင်းမော့၍ နယ်သာရီကို ကြည့်လိုက်သည်။ထိုတသီးတခြား နေတတ်သည်ဆ်ိုသော အမျိုးသမီးက လှပသည်ဆိုသော အချက်လုံးကို ငြင်းပယ်၍ မရပေ။နန်ကုန်းဝမ်ပင်လျှင် နယ်သာရီကို နီးနီးကပ်ကပ်တွေ့လိုက်သောအခါ၌ အံ့အားသင့်သွားမိသည်။


အနက်ရောင်ဆံပင် အနက်ရောင်ဝတ်စုံနှင့် မျက်ဝန်းနက်နက်များ သူမထက် ဖြူဖွေးလှသော အသားအရေ... တကယ့်ကို အသက်ရှုမှားလောက်စရာ အလှလေးဖြစ်သည်။နန်ကုန်းဝမ်ပင်လျှင် ထိုမြင်ကွင်းကြောင့် ရှက်ရွံ့သိမ်ငယ်မှုကို ခံစားလိုက်ရသည်။


တစ်ခြားတစ်ဘက်၌မူ နယ်သာရီက အချိန်ခဏမျှစောင့်နေသေးသော်လည်း ဟင်းပွဲမှာသံကို မကြားရသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူမရှေ့က စားသုံးသူကို ကြည့်လိုက်၏။


"ဟင်းပွဲမှာ... မမှာရင်ထွက်သွား..."


နယ်သာရီက စိတ်သိပ်မရှည်ပေ။အရသာရှိ ကောင်းမွန်လှသော ဟင်းပွဲများကြောင့်သာ မဟုတ်လျှင် သူမကဲ့သို့ ဂုဏ်ယူဝင့်ကြွားလိုသည့် လူက မည်ကဲ့သို့ စားပွဲထိုးလုပ်နေပါမည်နည်း။သူမရှေ့က စားသုံးသူကဲ့သို့ အားနည်းလှသော သူမျိုးကိုဆိုလျှင် တစ်ချက်တည်းဖြင့်ပင် သေအောင်ရိုက်သတ်နိုင်ပေသည်။


"နင်က ပိုင်ရှင်ပုရဲ့ စားပွဲထိုးအသစ်လား...နင့်ရဲ့ ဆက်ဆံရေးကလည်း ဆိုးဝါးလိုက်တာ..."


နန်ကုန်းဝမ်က နှုတ်ခမ်းတစ်ချက်မျှ တွန့်ကွေးလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။သူမက အန္တရာယ်ရှိသော မျက်နာထားကို လှစ်ဟလိုက်လေသည်။


အမ်...


ရန်လိုမုန်းတီးမှု အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် အမူအရာမဲ့လှသော နယ်သာရီ၏ မျက်နာပင် အနည်းငယ် လှုပ်ရှားသွားလေသည်။သူက ထိုအမျိုးသမီးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။သူမ(နန်ကုန်းဝမ်)က လှပလှသည်။သို့သော် သူမ(နယ်သာရီ)လောက်တော့ မလှပေ။


"ပိုင်ရှင်ပုကိုပဲခေါ်လိုက်...ငါမှာချင်တဲ့ ဟင်းပွဲကို ငါကိုယ်တိုင်ပဲ သူကိုပြောမယ်...ဟင်း ...ဟင်း..."


နန်ကုန်းဝမ်က ခပ်ဖွဖွရယ်လိုက်ပြီးနောက် သူမ၏ လှပလှသော လက်ချောင်းသွယ်သွယ်များဖြင့် နှုတ်ခမ်းရဲရဲလေးကို တို့ထိကစားနေသည်။


ဘာအဓိပ္ပါယ်လဲ သူမက ဒီနေရာမှာ ပြဿနာလာရှာချင်နေတာလား...


နယ်သာရီ၏ အနက်ရောင်မျက်ဝန်းလေးများက ပို၍ပင် နက်မှောင်လာသည်။နန်ကုန်းဝမ် သူမကို ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းထဲမှ ပုံသဏ္ဍာန်မဲ့သော စုပ်ယူမှု အားတစ်ခု ဖြန့်ကျန့်နေသလို ခံစားလိုက်ရသည်။


သူ့၏ မျက်ဝန်းများက တွင်းနက်ကြီးတစ်ခုကဲ့သို့ပင် သူမကို မလှုပ်နိုင်အောင် ချုပ်ထားသကဲ့သို့ပင် ခံစားလိုက်ရသည်။နန်ကုန်းဝမ်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ရီလာပြီး သူမခန္ဓာကိုယ်တွင် ချွေးများစိုရွှဲလာသည်။


ဖတ်...


သူမပုခုံးပေါ် လက်တဖက် ကျရောက်သည်ကို နယ်သာရီခံစားလိုက်ရသည်။


နန်ကုန်းဝမ် ရုတ်တရက် သတိပြန်ဝင်လာသည်။သူမကြီးမားနက်ရှိုင်းလှသော ရေကန်တစ်ကန်ကို ဖြတ်ကူးခဲ့ရသလိုမျိုး ခံစားနေရလေ၏။အစောက တွေ့ခဲ့ရသော နယ်သာရီ မျက်ဝန်းထဲမှ အရိပ်အယောင်များကလည်း ပျောက်ကွယ်သွားပေပြီ။


"နယ်သာရီ ပြဿနာရှာမနေနဲ့ ..."


ပုဖန်က အေးဆေးစွာ ပြောလိုက်သည်။


နယ်သာရီက ပုဖန်ကို လှည့်ကြည့်လိုက်ပြီးနောက် အသာနှာခေါင်းရှုံ့လိုက်သည်။ထို့နောက် သူမ သိမြင်မှု သစ်သီးပင်ဘေးနာ လျှောက်သွားလိုက်ပြီး ခုံတစ်ခုံဆွဲ၍ ခွေးဘုရင်နားတွင် ထိုင်လိုက်သည်။


နန်ကုန်းဝမ် အသက်အလုအယက်ရှုလိုက်မိသည်။သူမ၏ ရင်ဘတ်ကလည်း ကြီးမားလေးလံလှသော တောင်တစ်တောင် ဖိနှိမ့်ခြင်းခံရသလို နာကျင်နေပေသည်။သူမမျက်ဝန်းထဲ၌လည်း ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် တုန်ရီနေပေသည်။


အစောပိုင်းလေးက သူမသေတော့မည်ဟုပင် ထင်လိုက်မိသည်။ပုဖန်က သူမကို ကယ်တင်လိုက်ခြင်းဖြစ်၏။သူမခေါင်းမော့ကာ အားတင်းပြုံးပြလိုက်သည်။


"ပိုင်ရှင်ပု မတွေ့ရတာတောင်ကြာပြီ နင်ငါ့အကိုကို ကယ်တင်ခဲ့တယ်လို့ ကြားတယ် ဒါကြောင့်မို့ ငါလာပြီး ကျေးဇူးတင်တာ..."


ခပ်လှမ်းလှမ်း၌ရှိနေသော နယ်သာရီက မျက်လုံးဝိုင်းလေးများဖြင့် သူတို့ကို စောင့်ကြည့်နေလေသည်။


ခွေးဘုရင်က နန်ကုန်းဝမ်ကို ဖျက်ခနဲ တစ်ချက်မျှသာကြည့်လိုက်ပြီးနောက် သန်းဝေလိုက်သည်။


"လှပတဲ့ အမျိုးသမီးတွေက ဘာလုပ်ရမှာလဲ...သူတို့က နံရိုးချိုချဉ်ကြော် စားရတာလောက်တောင် အသုံးဝင်မှာမဟုတ်ဘူး..."


ကျန်ရှိနေသေးသည့် စားသုံးသူများကလည်း နယ်သာရီနှင့် နန်ကုန်းဝမ်ကြားမှ အဖြစ်အပျက်ကို စိတ်လှုပ်ရှားမှု သိချင်စိတ်များစွာဖြင့် ကြည့်နေလေသည်။နန်ကုန်းနတ်ဘုရားမက ဒီစတိုးဆိုင်၏ သီးခြားအေးခဲနတ်ဘုရားမနှင့် ပထမဦးဆုံးတွေ့ဆုံမှုတွင် ရှုံးနိမ့်ခဲ့ရသည်။


ဒီကိစ္စက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလာပြီ...ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီ...