အခန်း ၄၈၃
မင်းလို စားဖိုမှူးကတောင် ပြိုင်ပွဲတွက် စာရင်းသွင်းချင်တာလား...
"ဒီသွေးစက်က အဲ့ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်ကနေ လွင့်ထွက်လာတာလား...သူ့ ခန္ဓာကိုယ်မှာဘာလို့သွေးတွေပေနေတာလဲ...ဒီအမျိုးသမီး ဘာတွေလုပ်ထားတာလဲ..."
နန်ကုန်းဝမ်၏ စိတ်ထဲ၌ သံသယများပြည့်နှက်သွားသည်။သူ တင်းမာခက်ထန်သော အကြည့်နှင့် နယ်သာရီကို စိုက်ကြည့်လိုက်သည်။ထိုတသီးတသန့်ဆန်သည့် အမျိုးသမီးက မြင်နေရသလို မရိုးရှင်းဟု နန်ကုန်းဝမ်ခံစားလိုက်မိသည်။ထိုခံစားမှုက နန်ကုန်းဝူချယ်သူမကို ကြောက်ရွံ့နေခြင်းကြောင့် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အော်ရာ တစ်စွန်းတစ်စကပင် သူ့ကို ကြောက်ရွံ့စေနိုင်သောကြောင့် ဖြစ်သည်။နယ်သာရီက သူမ၏ ဆံပင်ကို ဆွဲဆန့်လိုက်ပြီးနောက် နန်ကုန်းဝမ်ဆီသို့ ခေါင်းမော့ကြည့်လိုက်သည်။နန်ကုန်းဝမ် သူ့ကို စိုက်ကြည့်နေသောကြောင့် သူမအံ့အားသင့်သွားလေသည်။
သို့သော်လည်း သူက နန်ကုန်းဝမ်ကို ကြာကြာအာရုံစိုက်မနေပဲ မီးဖိုခန်းဘက်ဆီသို့ တိုးကပ်သွားလိုက်ပြီး မျှော်လင့်ချက်များပြည့်နေသည့် အကြည့်များဖြင့်ကြည့်နေလေသည်။ဒီအချိန်က မနက်စာစားရတော့မည့်အချိန်မှန်းသူမသိပေသည်။မကြာခင်မှာပင် မီးဖိုခန်းဆီမှ မွှေးရနံ့လေးများ လွင့်ဝဲထွက်လာသည်။
နန်ကုန်းဝမ်က ထိုင်ခုံတစ်ခုပေါ်တွင် သိမ်မွေ့စွာ ဝင်ထိုင်လိုက်ပြီး ခြေထောက်ချိတ်ထားလိုက်သည်။သူမဆီမှ အမျိုးသမီးတစ်ယောက်၏ လှပတင့်တယ်လှသည့် အော်ရာများဖြာထွက်နေသည်။
နယ်သာရီကလည်း သူမဘေးနား၌ စိတ်မရှည်စွာ ဝင်ထိုင်လိုက်ပြီးနောက် မီးဖိုခန်းဘက်ဆီသို့ ခဏခဏလှမ်းကြည့်နေလေသည်။
သူမက တကယ့်ကို အစားသရဲ တစ်ယောက်ပင်ဖြစ်သည်။
ထို့နောက် သူမ၏ ဘေးတစ်ဘက်တွင် ခွေးနက်ကြီးတစ်ကောင်လာထိုင်သောကြောင့် နန်ကုန်းဝမ် ကြောင်အသွားမိသည်။ထိုခွေးက ရှေ့လက်နှစ်ချောင်းကို စားပွဲပေါ်တင်၍ လျှာတန်းလန်းထုတ်ကာ သူ့၏ မနက်စာကို စောင့်နေလေသည်။
သူမက လူတစ်ယောက်နှင့် ခွေးတစ်ကောင်၏ ကြားထဲတွင် ထိုင်နေရပေသည်။အခြေအနေက အတော်လေး ကို့ရိုးကားယားဖြစ်နေပေသည်။
"သောက်ကျိုးနဲ ...ဒါ ဘယ်လိုအခြေအနေကြီးလဲဟ..."
မကြာခင်မှာပင် မွှေးရနံ့များသင်းကြိုင်နေသည့် ဟင်းပွဲကို လက်တစ်ဖက်တစ်ချက်စီတွင် သယ်၍ မီးဖိုခန်းထဲမှ ပုဖန်ထွက်လာလေသည်။ထိုသုံးယောက်၏ အနေအထားကို မြင်လိုက်သည့်အချိန်၌ ပုဖန်၏ မျက်နာအမူအရာပင်ထူးဆန်းသွားသည်။သို့သော် သူက အများကြီးတွေးမနေတော့ပေ။
"ဘလက်ကီ ဒါက မင်းအတွက် နံရိုးချိုချဉ်ကြော်..."
"ဒီထမင်းကြော်က နယ်သာရီအတွက်"
ထို့နောက် ပုဖန်က နန်ကုန်းဝမ်ကို တစ်ချက်မျှ ကြည့်လိုက်ပြီး မီးဖိုခန်းဘက်သို့ ပြန်ဝင်သွားလိုက်သည်။ခဏအတွင်းမှာပင် သူ ဖတ်ထုပ်ခြင်း နှစ်ခြင်းကိုသယ်၍ ပြန်ထွက်လာသည်။
"ဒါကို ဖက်ထုပ်ပြုတ်လို့ခေါ်တယ်...ဒါက အရမ်းအရသာရှိပြီးတော့ မနက်စာစားဖို့သင့်တော်တယ်..."
ပုဖန်က ခြင်းတစ်ခြင်းကို နန်ကုန်းဝမ်ဆီသို့ ကမ်းပေးလိုက်ပြီး သူစတင်စားသောက်တော့သည်။သူ မကြာခဏ ဟင်းပွဲအသစ်များကို ပြုလုပ်လေ့ရှိသည်။
ယခု ဖက်ထုပ်ပြုတ်ကလည်း ဟင်းပွဲအသစ်ပင် ဖြစ်သည်။သို့သော်လည်း သူက ဒီဟင်းပွဲကို တီထွင်သူတော့မဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် သူ၏အရင်ကမ္ဘာမှလည်း ဒီစားစရာမျိုးပြုလုပ်သည့်သူများစွာ ရှိနေသည်။
ဖက်ထုပ်ပြုတ်နှင့် သာမန်ဖက်ထုပ်တို့အကြားကွားခြားချက်က ဖက်ထုပ်အသား ပါးလွှားမှုပင်ဖြစ်သည်။ချိုမြလှသော စွပ်ပြုတ်ရည်ကို စုပ်ယူပြီးနောက် ဖက်ထုပ်အသားက ပါးလွှားကြည်လင်သွားသည်။သို့သော်လည်း ဖက်ထုပ်အလွှာ၌ စွပ်ပြုတ်ရည်ကြီးပဲ ပြည့်နှက်နေသည်တော့မဟုတ်ပေ။
ချိုမွှေးပြီးအရသာရှိလှသော ဖက်ထုပ်ပြုတ်ကို ၁၀ ခုလောက်စားပြီးလျှင်ပင် နောက်ထပ်စားရန် ငြီးငွေ့သွားမည်မဟုတ်ပေ။ထို့ကြောင့် ဒီဖက်ထုပ်ကို မနက်စာအဖြစ်ရွေးချယ်ခြင်းက သင့်တော်လှပေသည်။
ဖက်ထုပ်ခြင်းကို စိုက်ကြည့်နေသော နန်ကုန်းဝမ်၏ မျက်ဝန်းများက လင်းလက်တောက်ပနေလေသည်။မွှေးပျံ့လှသော ရနံ့နှင့် ဖြူဖွေးလှသော ဖက်ထုပ်လေးများက သူမကို စားပါ စားပါ ဟု လက်ယက်ခေါ်နေပေသည်။
သူမဘေးနားရှိ နှစ်ယောက်က အစားအစာကို စတင်၍ အလေးတကြီး စားသောက်နေပြီဖြစ်သည်။
ခွေးဘုရင်က ဆူညံစွာ စားသောက်နေသလို နယ်သာရီကလည်း သူမ၏ ထမင်းကြော်ကို လက်ဖြင့်ယူ၍ ပါးစပ်ထဲ ပလုတ်ပလောင်းထိုးသွင်းနေသည်။သူမ စားသောက်ပုံက တကယ့်ကို ထိတ်လန့်စရာကောင်းလှသည်။
နန်ကုန်းဝမ်က ပျော့ပျော့အိအိ ဖတ်ထုပ်တစ်ခုကို တူဖြင့် အသာအယာညှပ်ယူ၍ တစ်ကိုက်ကိုက်လိုက်သည်။ချိုမြလှသည့်စွပ်ပြုတ်ရည်က သူမပါးစပ်ထဲသို့ စိမ့်ဝင်သွားလေသည်။ကောင်းမွန်လှသော အရသာက ပါးစပ်တစ်ခုလုံးတွင်ပြည့်သွားပြီး အကြောပေါင်းတစ်ထောင်စိမ့်သွားလေသည်။
"ဒါက တကယ်ကို အရသာရှိတယ် ..."
နန်ကုန်းဝမ်က အလျှင်အမြန် မြိုချလိုက်ပြီးနောက် ကောင်းမွန်မှုကို ချီးကျူးလိုက်သည်။
ပုဖန်ကလည်း သူဖက်ထုပ်များကို ပျော်ပျော်ရွှင်ရွှင်ပင် စားသောက်နေသည်။အမှန်တကယ်တမ်းတွင် ဖက်ထုပ်ထဲ၌ အသားတစ်မျိုးမျိုးဖြစ်ဖြစ် အရွက်တစ်မျိုးမျိုးဖြစ်ဖြစ် ထည့်ရမည်ဖြစ်သည်။
သို့သော်လည်း သူ ထိုအရာများကို ပြင်ဆင်ရန် အလွန်ပျင်းရိနေသောကြောင့် စွပ်ပြုတ်ရည်နှင့် အထူးစပါယ်ရှယ်ဆော့စ်တစ်မျိုးကိုသာ ဖြည့်ထားခဲ့သည်။
ခွေးဘုရင်က အရင်ကြုံခဲ့ရသော သင်ခန်းစားများမှ သူသင်ယူပြီးပြီ ဖြစ်သည်။ထို့ကြောင့် သူ့၏ နောက်ဆုံး နံရိုးကြော်စားပြီးသည့်အချိန်က နယ်သာရီ နောက်ဆုံးထမင်းလုတ်ကို စားလိုက်သည့်အချိန်နှင့် ကွက်တ်ိပင်ဖြစ်သည်။
သူ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး နယ်သာရီကို လှောင်ပြောင်ဟန်တစ်ချက်ကြည့်ကာ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ဘေးနားသို့ ပြန်လျှောက်သွားလိုက်သည်။စားပြီးအိပ်ရသည်က ခွေးဘုရင်၏ ဘဝပင်ဖြစ်သည်။
ထမင်းကြော်ကုန်သွားပြီဖြစ်သောနယ်သာရီ၏ အကြည့်များက ပုဖန်၏ ဖက်ထုပ်ခြင်းဆီသို့ ရောက်လာလေသည်။
.....
ပုဖန် စားသောက်၍ ပြီးသွားသည်နှင့် ဒီနေ့အတွက် အလုပ်နားလိုက်ကာ ဆိုင်တံခါးကိုပိတ်၍ နန်ကုန်းဝမ်နှင့်အတူ ထွက်လာခဲ့လိုက်သည်။သူတို့ ပဉ္ဇလက်စုဝေးပွဲတွင် ပါဝင်ရန်စာရင်းသွင်းဖို့အတွက်မြို့၏ တောင်ဘက်ပိုင်းသို့ ဦးတည်လာခဲ့ကြသည်။
မိသားစုတစ်ခုစီတိုင်းတွင် သတ်မှတ်ထားသည့် ခွဲတမ်းအရေအတွက်ရှိပြီးဖြစ်သည်။ထိုအရေအတွက်တိုင်း သူတို့ ကိုယ်စားပြုသူများကို စေလွှတ်နိုင်သည်။စာရင်းပေးသွင်းကြသည့် သူများက အရှေ့ကပြောခဲ့ဖူးသလိုပင် ဆေးဆရာများ အဆိပ်သခင်များနှင့် အခြားလူသိမများသော ပါရမီရှင်များဖြစ်ကြသည်။
အဂ္ဂိရတ်ပညာရှင်များက သူတို့အုပ်စုကို အထင်အမြင်သေသည်။အဘယ့်ကြောင့်ဆိုသော် အတော်ဆုံး ဆေးဆရာပင်လျှင် စိတ်ဝိညာဉ်ဆေးလုံးနှင့် မယှဉ်ပြိုင်န်ိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ပဉ္ဇလက်စုဝေးပွဲတိုင်းတွင် ထိုဆေးဆရာများနှင့် အဆိပ်သခင်များက ထိပ်ဆုံး လူ ၅၀ အတွင်းသို့ ဝင်ရန် မျှော်လင့်ချက်ဖြင့်သာ ပါဝင်ကြပေသည်။ထိုနေရာကပင် သူတို့၏ ဂုဏ်သတင်းနှင့် ကျော်ကြားမှုကို တိုးပွားလာစေလိမ့်မည်။ဂုဏ်သတင်းကျော်ဇောလာခြင်းက သူတို့အတွက် အလွန်အကျိုးရှိပေသည်။
တောင်ပိုင်းဒေသက တိုးတက်ကြီးပွားသည်ဆိုသော်လည်း မြူကောင်းကင်မြို့ ဗဟိုနှင့် နီးကပ်သည့်နေရာများတွင်သာ တိုးတက်နေခြင်းဖြစ်သည်။မြို့တော်နှင့် အလှမ်းကွာဝေးသည့် နေရာများ၌မူ အလွန်ဆင်းရဲကြသည်။
မြောက်များလှစွာသော အထပ်မြင့်အဆောက်အဦးများက မြို့တော်အတွင်းသာရှိပြီး တောင်ပိုင်းဒေသ၌မူ အလွန်ရှားပါးလှသည်။သူတို့ ထိုနေရာသို့ ရောက်သောအခါ၌ အဆောက်အဦးအများစုမှ သေးငယ်ပြီး အိုဟောင်းလှသော အိမ်များသာ ဖြစ်သည်ကို သတိပြုမိလိုက်သည်။
နန်ကုန်းဝမ်က ဒီနေရာနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေသောကြောင့် ပုဖန် သူမနောက်ကသာ လိုက်လာလိုက်သည်။သူမက မြောက်များလှစွာသော လမ်းသွယ်လေးများကို ဖြတ်လျှောက်လာခဲ့သည်။ထိုအရာက ဝင်္ကပါတစ်ခုနှင့်ပင် ဆင်တူနေသည်။အချိန်ခဏမျှကြာပြီးနောက် သူတို့ အလွန်မြင့်မားလှသည့် အဆောက်အဦးတစ်ခုရှေ့သို့ ရောက်လာလေသည်။
"ဒါက စာရင်းသွင်းရတဲ့ ဌါနပဲ...စုဝေးပွဲမှာပါဝင်ချင်တဲ့ ပါရမီရှင် လူငယ်တွေက ဒီမှာစာရင်းသွင်းရတယ်..."
ပုဖန်က အဆောက်အဦးကိုကြည့်၍ ခေါင်းအသာငြိမ့်ပြလိုက်သည်။ဆန်းပြားသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော လူများစွာလည်း အဆောက်အဦးထဲ ဝင်ထွက်သွားလာနေကြသည်။
သူတို့ဆီမှ ထုတ်လွင့်နေသော အော်ရာများက အလွန်သန်မာခြင်းမရှိသော်လည်း အတော်လေး ထူးဆန်းပေသည်။တစ်ချို့သူများက မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူတို့ထုတ်လွင့်နေသော အော်ရာကလည်း မှောင်မိုက်လှသည်။
တချို့က မုတ်ဆိတ်များရှည်ပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြကာ သူတို့မျက်နာ၏ အမူအရာကလည်း နူးညံ့သိမ့်မွေ့လှသည်။ထိုသူများက အဆိပ်သခင်များနှင့် ဆေးဆရာများပင်ဖြစ်ကြသည်။သူတို့၌ အဂ္ဂိရတ်ပညာ ပါရမီ မရှိပေ။ထိုကြောင့်ပင် တခြားလမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းခဲ့ကြခြင်းဖြစ်သည်။
နန်ကုန်းဝမ် ပုဖန်ကို ဦးဆောင်၍ အဆောက်အဦးထဲသို့ ဝင်လိုက်သည်။အထဲ၌ ဆရာဝန်များ အဆိပ်သခင်များစွာနှင့် စည်းကားသိုက်မြိုက်နေလေသည်။
ပုဖန်များပြားလှသော လူများကိုကြည့်၍ ခေါင်းမူးနေပေပြီ။
သူတို့ ထိုလူအုပ်ကို ဖြတ်ကျော်လာပြီးနောက် အခန်းငယ်လေးတစ်ခုရှေ့သို့ မရောက်မီ အချိန်အတော်ကြာ လျှောက်လိုက်ရသေးသည်။
"ပိုင်ရှင်ပု ဒီနေရာက စာရင်းသွင်းရတဲ့နေရာပဲ...ဒီနေရာမှာ တာဝန်ကျတဲ့လူက ငါနဲ့ အသိပဲ..."
နန်ကုန်းဝမ်က ပြောပြီးသည်နှင့် အပြုံးတစ်ပွင့်နှင့်အတူ တံခါးက်ို တွန်းဖွင့်၍ ဝင်သွားလိုက်သည်။ပုဖန် သူမနောက်မှ လိုက်ဝင်လိုက်သည်နှင့် စာအုပ်တစ်အုပ်ကို ဖတ်နေသော မျက်စိတစ်ဖက်လပ် လူကြီးတစ်ယောက်ကို တွေ့လိုက်သည်။ထိုလူက တစ်စုံတစ်ယောက်ဝင်လာသည်ကို ခံစားမိဟန်ဖြင့် မော့ကြည့်လာလေသည်။
"မိန်းကလေး နန်ကုန်းပါလား...ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ..."
ထိုလူကြီးက အံ့အားသင့်ဟန်ဖြင့် မတ်တပ်ထရပ်လိုက်သည်။နန်ကုန်းဝမ်က နန်ကုန်းမိသားစု၏ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူမကို သိသိသာသာမှတ်မိနေပေသည်။
သူမ ဘာကြောင့်ရောက်လာသည်က်ို တွေးလိုက်မိသည်။ဒီနေရာက တစ်ခြားစွမ်းဆောင်ရည်ရှိသော ပါရမီရှင်လူများ စာရင်းသွင်းသည့်နေရာဖြစ်သည်။
"ဖုပါ့...ဒါက ကျွန်မသူငယ်ချင်းတစ်ယောက်ပါ...သူ ပဉ္ဇလက်စုဝေးပွဲအတွက် စာရင်းသွင်းချင်လို့..."
နန်ကုန်းဝမ်က လူအိုကြီးကို ပုဖန်အား မိတ်ဆတ်ပေးလိုက်သည်။ထိုမျက်စိတစ်ဖက်လှပ် လူကြီးက ခဏမျှ အံ့အားသင့်သွားသည်။သို့သော် နောက်ဆုံး၌ နန်ကုန်းဝမ်ရောက်လာရသည့်အကြောင်းအရင်းကို နားလည်သွားပြီ ဖြစ်သည်။
"ကောင်းပြီလေ...မင်းရဲ့ နာမည် ၊ ကျင့်ကြံ မှုအဆင့်နဲ့ ကျွမ်းကျင်မှုကိုပြော..."
ထိုသူက သူ့နေရာတွင် ပြန်ထိုင်လိုက်ပြီးနောက် ထူထဲလှသော စာရင်းစာအုပ်ကို ထုတ်ယူလိုက်သည်။ထို့နောက် စာရွက်များကို တဖျတ်ဖျတ် လှန်လောလိုက်၏။
"ပုဖန်...ငါ့ရဲ့ စွမ်းအင်အဆင့်ကတော့ အဆင့် ၉ တန်ခိုးရှင်အဆင့်...ငါရဲ့ ကျွမ်းကျင်မှုက စားဖ်ိုမှူး..."
ပုဖန်က မျက်နာသေဖြင့်ပင် ပြောလိုက်သည်။ထိုလူကြီးက ခေါင်းငြိမ့်လိုက်ပြီး စတင်၍ ရေးမှတ်တော့သည်။
"မင်းက အဆိပ်သခင်လား..."
ထိုမျက်စိတစ်ဖက်လပ်လူကြီးက ပုဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ချောမောပြီး ရိုးသားပုံရသည့် လူငယ်လေးက ထိုကြမ်းကြုတ်လှသော အဆိပ်သခင်များနှင့် အပ်စပ်မှုမရှိပေ။
နန်ကုန်းဝမ်က အပြုံးတစ်ပွင့်ဖြင့် ဝင်ပြောလိုက်သည်။
"ဖုပါ့ ကျွန်မသူငယ်ချင်းက အဆိပ်သခင်မဟုတ်ပါဘူး သူက စားဖိုမှူးပါ..."
"စားဖိုမှူး ...နေပါဦး နင်ပြောနေတာ မီးဖိုချောင်ထဲမှာ ဟင်းပွဲတွေချက်တဲ့ စားဖိုမှူးလား..."
ထိုလူကြီးက ကြောင်အသွားပြီး နန်ကုန်းဝမ်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်မိသည်။
"စားဖိုမှူး တစ်ယောက်တောင်မှ ပဉ္ဇလက်စုဝေးပွကို လာစာရင်းသွင်းတာလား ...ဒါ တကယ်ကို မရယ်ရဘူးနော်..."
ဖုပါ့က အရည်အချင်းရှိကြသော ဆေးဆရာများ လာရောက်စာရင်းသွင်းသည်ကိုသာ မြင်ဖူးသည်။ကုသသည့် ဆရာသခင်များပင် ပါသေးပေသည်။သို့သော်လည်း စားဖိုမှူး တစ်ယောက် လာရောက်စာရင်းသွင်းသည်ကို ယခုခ်ျိန်ထိတိုင်အောင် သူမမြင်ဖူးခဲ့ပေ။
"တခြားသူတွေ ပါဝင်တယ်ဆိုတာက ဆေးလုံးတွေ အဆိပ်တွေကို ပြုလုပ်တာလေ ...သူက ဘာလုပ်မှာလဲ ဟင်းပွဲလုပ်မှာလား...စင်ပေါ်မှာချက်မှာလား..."
ဖုပါ့က ထိုမြင်ကွင်းကိုပုံဖော်ကြည့်ပြီး တကယ့်ကို ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
"မိန်းကလေး နန်ကုန်း မင်းက ဒီလူအိုကြီးကို လာပြီး နောက်ပြောင်နေတာလား...ပဉ္ဇလက်စုဝေးပွဲကို စားဖိုမှူး တစ်ယောက်ပါဝင်မယ်ဆိုတာက အဓိပ္ပါယ်မရှိဘူး ဒါကြောင့် ငါသူကို စာရင်းမသွင်းပေးနိုင်ဘူး..."
မျက်စိတတစ်ဖက်လပ် လူအိုကြီးက ပုဖန်နှင့် နန်ကုန်းဝမ်တို့ သူ့ကို လာရောက်နောက်ပြောင်သည်ဟုသာ ယုံကြည်ထားပေသည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။
"စုဝေးပွဲမှာ စားဖိုမှူး တွေ ပါဝင်ခွင့်မပြုဘူးဆိုတာက စည်းမျဉ်းလား..."
ပုဖန်၏ မေးခွန်းကြောင့် လူကြီးလည်းကြောင်အသွားလေသည်။သူတို့၌ ထိုကဲ့သို့ စည်းမျဉ်းမျိုး မရှိပေ။ထူးချွန်သော ပါရမီရှင်လူငယ်တိုင်း ပြိုင်ပွဲတွင် ဝင်ပြိုင်ခွင့်ရှိပေသည်။သူတို့ ကျွမ်းကျင်မှု အရည်အချင်းများကို သတ်မှတ်ထားခြင်းမရှိပေ။
သို့သော်လည်း စားဖိုမှူး တစ်ယောက်ဆိုသည်က ထူးဆန်းပြီး ရယ်စရာကောင်းလှသည်။
"အဲ့ဒီလိုဆိုရင် ငါနာမည်ကို စာရင်းသွင်းလိုက် ...ပြိုင်ပွဲမှာ ငါနိုင်မလား မနိုင်ဘူးလားဆိုတာက ခင်ဗျားနဲ့ ဘာသက်ဆိုင်လို့လဲ..."
လူကြီးက မျက်ခုံးပင့်လိုက်မိသည်။ထိုကောင်လေးက ယုံကြည်မှုလွန်ကဲနေသည်ဟု ခံစားမိလေသည်။သူ အေးစက်စွာ ပြုံးလိုက်ပြီးနောက် စုတ်တံကို ပြန်ချကာ ပုဖန်ကို ကြည့်လိုက်သည်။
"မင်းက တကယ်ယုံကြည်မှု ရှိတာပဲ...ကောင်းပြီ ငါမင်းနာမည်ကို စာရင်းသွင်းပေးနိုင်တယ် ...ဒါပေမယ့် အရင်ဆုံး စမ်းသပ်မှု အသေးစားတစ်ခုကို ကျော်ဖြတ်ရမယ်...တကယ်လို့ ပါဝင်ဖို့ ထိုက်တန်ကြောင်း အရည်အချင်းမပြနိုင်ရင်တော့ ဒီနေရာကနေ ချက်ချင်းထွက်သွား..."