အပိုင်း ၄၉၀
Viewers 62k

အခန်း ၄၉၀

မင်း...ဟာသ လာလုပ်တာလား


"မင်းအဆင်သင့်ပဲဆိုတာ ဘာအဓိပ္ပါယ်လဲ...ချက်ပြုတ်ဖို့ အဆင်သင့်ပဲလို့ပြောချင်တာလား..."


အနား၌ရှိနေသောသူအားလုံးက ပုဖန်ကို ကြောင်ငေးကြည့်နေကြသည်။ထုတ်ယူပြင်ဆင်ထားသော ပစ္စည်းများက ပဉ္ဇလက်စုဝေးပွဲတွင် ပြိုင်ပွဲဝင်မည့် ပစ္စည်းများနှင့်မတူညီပေ။


ထိုအစား ထိုပစ္စည်းများက ချက်ပြုတ်မည့် ပစ္စည်းများနှင့်သာတူညီလေသည်။


အကြိုပြိုင်ပွဲတစ်ခုသာဖြစ်သောကြောင့် စိတ်ဝင်စားသည့်သူအများအပြားမရှိပေ။ထို့ကြောင့် လာရောက်ကြည့်ရှုသူများက အလွန်နည်းပါးလေသည်။လူတိုင်းလိုလိုက အကြိုဗိုလ်လုပွဲနှင့် ဖိုင်နယ်ဗိုလ်လုပွဲမရောက်ခင်ထိ စောင့်စားနေကြပေလိမ့်မည်။ထိုအချိန်ရောက်လာလျှင် ပါရမီရှိသော အဂ္ဂိရတ်ပညာရှင်များသာ ကျန်ရစ်ပေလိမ့်မည်။ထိုလူများထဲတွင် အင်အားအသန်မာဆုံးသူသာလျှင် စင်ပေါ်တွင် ကျန်ရစ်နိုင်ခဲ့မည်ဖြစ်သည်။


လူများက ထိုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းလှသော ပြိုင်ပွဲမျိုးကိုသာ စိတ်ဝင်စားကြသည်။ယခုပဉ္ဇလက်စုဝေးပွဲတွင် အကဲဖြတ်ပေးမည့်သူအများစုက ဆေးနန်းတော်မှ သူများသာဖြစ်ကြသည်။ထိုသူများက ဆေးနန်းတော်၏ အဖွဲ့ဝင်များဖြစ်သည့်အပြင် အဆင့်မြင် အဂ္ဂိရတ်ပညာရှင်များလည်းဖြစ်သည်။


ထိုဒိုင်တစ်ယောက်က ပုဖန်၏ အပြုအမူကို သည်းမခံနိုင်တော့ပေ။ပုဖန်ဆီသို့ လျှောက်သွားလိုက်ပြီးနောက် စင်မြင့်ပေါ်၌ တင်ထားသော ပစ္စည်းများကို ကြည့်၍ နှုတ်ခမ်းတစ်ချက်တွန့်လိုက်သည်။


"ယှဉ်ပြိုင်သူ မင်းက ပဉ္ဇလက်ယှဉ်ပြိုင်ပွဲမှာလာပြီး ဟာသလာလုပ်နေတာလား...ဒီပြိုင်ပွဲက ဆေးနန်းတော်အတွက် တကယ့်ကို အလေးအနက် အရေးကြီးလှတဲ့ ပြိုင်ပွဲပဲ...မင်းဟာသလာလုပ်တာဆိုရင်တော့ ကျေးဇူးပြုပြီးတော့ ဒီနေရာကထွက်သွားပေးပါ..."


ပုဖန် ထိုလူကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်မိသည်။


"ဘာကြောင့် မင်းက ငါ ဒီမှာ ဟာသလာလုပ်လို့ ထင်နေရတာလဲ...ဒီပွဲမှာ ပါရမီရှိတဲ့ထူးချွန်တဲ့သူ ဘယ်သူကိုမဆို ပါဝင်ခွင့်ပြုတယ်မဟုတ်ဘူးလား...အဲ့ဒီတော့ ငါ့ရဲ့ ဟင်းပွဲက လိုအပ်တဲ့ သက်ရောက်မှုမျိုး ပါနေသရွေ့ အဆင်ပြေတာပဲမဟုတ်လား...အဆိပ်သခင် ဆေးဆရာနဲ့ အဂ္ဂိရတ်ပညာရှင်တွေတောင် ဝင်ပြိုင်နိုင်ပြီးတော့မှ ဘာလို့ စားဖိုမှူးက ပြိုင်လို့မရတာလဲ..."


ပုဖန်၏ အမေးကြောင့် ဒိုင်၏ မျက်နာကအနည်းငယ်မှောင်မဲသွားသည်။သူထိုမေးခွန်းကို မည်သို့ ပြန်ဖြေရမှန်းမသိတော့ပဲ အသက်ပြင်းပြင်းတစ်ချက်သာရှိုက်လိုက်သည်။


ယခုပြိုင်ပွဲ၌ စားဖိုမှူးများကို ပါဝင်ခွင့်မပြုဟု စည်းမျဉ်းထုတ်ထားခြင်းတော့မရှိခဲ့ပေ။သို့သော်လည်း စားဖိုမှူးများ လာရောက်ယှဉ်ပြိုင်ခြင်းက အကျိုးမရှိဟူသော အချက်ကိုမူ အားလုံးတိတ်တဆိတ်လက်ခံထားကြပြီးဖြစ်သည်။


ဟင်းတစ်ပွဲက ဆေးစွမ်းအားများကဲ့သို့ တူညီသည့် သက်ရောက်မှုမျိုးရှိဖို့ မဖြစ်နိုင်ပေ။ဆေးများကိုပင် မယှဉ်ပြိုင်နိုင်လျှင် သက်စောင့်ဆေးကို မည်ကဲ့သို့ ယှဉ်ပါမည်နည်း။


"ကောင်းပြီလေ...မင်းက ပြိုင်ပွဲမှာ ပါချင်နေပါတယ်ဆိုမှတော့ ပါနိုင်ပါတယ် ...မင်းဘယ်လိုပစ္စည်းမျိုးကို ဖန်တီးမလဲဆိုတာကို ငါတကယ်ပဲ သိချင်တယ်...တကယ်လို မင်းဒီပွဲမှာ ဟာသလုပ်တာဆိုရင်တော့ ငါကိုယ်တိုင် မင်းကိုကန်ချပစ်မယ်..."


ဒိုင်လူကြီးက အနည်းငယ်စ်ိတ်ဆိုးသွားပြီးနောက် အေးစက်သော မျက်နာထားများဖြင့် ပြောလိုက်သည်။


ပုဖန်ကမျက်နှာသေဖြင့် မျက်လုံးစွေကြည့်ပြီး လျစ်လျူရှုထားလိုက်သည်။


စင်မြင့်ပေါ်၌ သူ့၏ ဆိုင်းဘုတ်ကို တင်ထားလိုက်ပြီး တိတ်ဆိတ်စွာပင် စောင့်နေလိုက်သည်။ပြိုင်ပွဲကွင်း၌ရှိနေသော သူများကလည်း ထပ်ကြည့်မနေတော့ပဲ အကြည့်လွှဲလိုက်ကြသည်။ပြိုင်ကွင်းရှစ်နေရာ၌ ပြိုင်ပွဲဝင် ငားဆယ်စီရှိလေသည်။ထိုသူများထဲမှ သုံးပုံတစ်ပုံက အဂ္ဂိရတ်ပညာရှင်များဖြစ်ပြီး ကျန်သူများက တခြားပါရမီရှင်များဖြစ်ကြသည်။


"အကြိုပြိုင်ပွဲအတွက် လိုအပ်ချက်တွေကတော့ အရမ်းပဲ ရိုးရှင်းတယ် အခ်ျိန်သတ်မှတ်ထားတာတော့ တစ်နာရီ...အဂ္ဂိရတ်ပညာရှင်တွေက အဆင့် ၉ သက်စောင့်ဆေးလုံးကို သန့်စင်ရမယ်...တခြားအဆိပ်သခင်နှင့် ဆေးဆရာတွေကတော့ အဆင့် ၉ သက်စောင့်ဆေးနဲ့အာနိသင်ခြင်းတူတဲ့ ဆေးမှုန့် (သို့မဟုတ်)ဆေးရည်ကို သန့်စင်ရမယ်..."


ပြိုင်ကွင်း၏ အလယ်မှ ကြေငြာသူ၏ အသံက ကြည်လင်စွာ ထွက်ပေါ်လာသည်။


သူက ပထမဦးဆုံးပြိုင်ပွဲ၏ စည်းကမ်းများအကြောင်းကို ကြေညာလိုက်ပြီးနောက် သူ့အကြည့်များ ပုဖန်ဆီကိုရောက်လာပြီး မျက်မှောင်ကြုတ်လိုက်မိသည်။


"မင်းတို့ ဒီပြိုင်ပွဲကို အလေးအနက်ထားဖို့ ငါမျှော်လင့်ပါတယ်...ဒီပွဲက မင်းတို့ရဲ့ နှစ်များစွာ လေ့ကျင့်လာမှုတွေကို စစ်ဆေးတဲ့ ပွဲဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားလာဖို့လည်း အခွင့်အရေးတစ်ခုလည်းဖြစ်တယ်...ပြိုင်ပွဲမှာလာပြီး အရူးတစ်ယောက်လို အူကြောင်ကြောင်တွေမလုပ်နဲ့..."


ပြိုင်ပွဲဝင်တိုင်းက ထိုဒိုင်၏ စကားများ မည်သူကို ရည်ညွှန်းနေသည်ကို သိရှိကြသည်။ထို့ကြောင့် သူတို့ မထိန်းချုပ်နိုင်ပဲ ဝါးလုံးကွဲ ရယ်မောလိုက်ကြ၏။တကယ်တမ်းပြောရမည်ဆ်ူလျှင် ပဉ္ဇလက်စုဝေးပွဲဆီသို့ စားဖ်ိုမှူးတစ်ယောက် လာပြိုင်ခြင်းကပင် ရယ်စရာကောင်းနေပြီဖြစ်သည်။


အဆာခံဆေးလုံးများကို ထုတ်လုပ်ပြီးနောက် ကောင်းကင်ဆေးမြို့တော်နှင့် တောက်ပကောင်းကင်မြို့တော်၌ရှိသော စားသောက်ဆိုင်များလည်း ပိတ်သိမ်းခဲ့ကြသည်။ယခုလက်ချိန်၌ မြူကောင်းကင်မြို့၌သာ တိမ်ခိုးစားသောက်ဆိုင်တစ်ဆိုင်တည်းရှိနေခြင်းဖြစ်သည်။ထို့ကြောင့်ပင် ပြိုင်ပွဲဝင်အားလုံးက စားဖိုမှူးများကို အထင်သေးကြခြင်းဖြစ်သည်။


ပုဖန်ကမူ ထိုလှောင်ပြောင်နေသော မျက်နာများနှင့် ရင်ဆိုင်ရသည့်တိုင်အောင် တည်ငြိမ်နေတုန်းဖြစ်သည်။အရပ်မျက်နာ အဘက်ဘက်ဆီမှလာသော ရယ်သံများက သူ့အပေါ်အနည်းငယ်မျှပင် သက်ရောက်မှုမရှိပေ။


ဒိုင်လူကြီးက မှာကြားချက်အရှည်ကြီးကို ပြောကြားပြီးနောက် နောက်ဆုံးတွင် ပြိုင်ပွဲကို တရားဝင်စတင်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။


များပြားလှသော မီးတောက်များမှ ထွက်ပေါ်လာသည့် အခိုးအငွေ့များက ကောင်းကင်ပေါ်သို့ လွင့်တက်နေသည်။


ထိုအဂ္ဂိရတ်ပညာရှင်များ၏ ငရဲမီးက အလွန်ပူပြင်းလှသည်။အဂ္ဂိရတ်ပညာရှင်များအားလုံးက မီးတောက်များကိုကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နေကြသည်။တစ်ချို့အဂ္ဂိရတ်ပညာရှင်များက မီးထိန်းချုပ်မှုကို အလှပြသရန်အတွက်ပင် သေသေချာချာလေ့ကျင့်ထားကြသည်။


ပုဖန်ရှိနေသော ပြိုင်ကွင်းနေရာ၌ပင် ငရဲမီးကို ပိုင်ဆိုင်ထားကြသော အဂ္ဂိရတ်ပညာရှင်များစွာရှိသည်။ပြိုင်ပွဲစသည်ဟု ကြေငြာလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ လက်ဖဝါးပေါ်တွင် အရောင်များစုံ တောက်ပနေသော မီးလျှံများ၏ တရှဲရှဲမြည်သံထွက်ပေါ်လာသည်။


တစ်ချို့အဂ္ဂိရတ်ပညာရှင်များက သူတို့၏ လက်ချောင်းလေးများကို အသာလှုပ်ရမ်း၍ မီးတောက်ကို ထိန်းချုပ်နေကြသည်။လက်ချောင်းများကြား၌ မီးတောက်ကလေး ပြေးလွှားဆော့ကစားနေပုံမှာ အလွန်ကြည့်ကောင်းလှသည်။


အဆိပ်သခင်နှင့် ဆေးဆရာများကမူ မီးတောက်ထိန်းချုပ်နိုင်စွမ်းမရှိကြချေ။သူတို့၏ ဆေးမီးဖိုများက သာမန်မီးတောက်များကိုသာ မှီခိုနေရသည်။သူတို့က မီးဖ်ို၌ မီးထွန်းညှိလိုက်ကြသည်။သူတို့၏ မီးတောက် အဆင့်ကလည်း အလွန်နိမ့်ကျလှသည်။အဂ္ဂိရတ်ပညာရှင်များနှင့် ထိုသူများ၏ ကြား၌ မီးတောက်တစ်ခုတည်းနှင့်ပင် အဆင့်သတ်မှတ်ချက်ကွာခြားနေပြီဖြစ်သည်။


ထိုကြောင့်ပင်ဆိုလျှင် အဂ္ဂိရတ်ပညာရှင်များက သူတို့၏ မီးတောက်များကို ဂုဏ်ယူဝင့်ကြွားစွာ ကစားပြနေခြင်းဖြစ်သည်။


သူတို့က ဆေးဆရာများ အဆိပ်သခင်များ၏ မနာလိုအားကျနေသော အကြည့်များကို ခံစားလိုကြသည်။ထို့နောက်မှ သူတို့လက်ကိုဝှေ့ယမ်း၍ ငရဲမီးတောက်ကို ဆေးမီးပြင်းဖိုဆီ ပစ်လွှတ်လိုက်သည်။ပြိုင်ပွဲကွင်းနေရာရှိ အပူချိန်က ပိုမို၍ သိပ်သည်းလာပေသည်။


အဂ္ဂိရတ်ပညာရှင်များအားလုံးက ကျန်သည့်သူများကို လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်နေကြသည်။သူတို့ကြား၏ ယှဉ်ပြိုင်မှုက မွေးရာပါအကျင့်တစ်ခုလို စွဲမြဲနေပေပြီ။


ထိုဆေးဆရာ အဆိပ်သခင်များကလည်း စိတ်ဆိုးဒေါသတကြီးဖြင့် မျက်နာလွှဲလိုက်ကြသည်။


ရုတ်တရက်နိမ့်ကျလှသော တည်ရှိမှုလေးတစ်ခုရှိနေသည်ကို သူတို့ သတိရသွားသည်။


သူက ဆိုင်းဘုတ်ကိုင်၍ ပြိုင်ပွဲလာဝင်သောထိုကောင်လေးဖြစ်သည်။သူတို့၏ မီးတောက်က အဂ္ဂိရတ်ပညာရှင်များ၏ မီးတောက်ကို မယှဉ်နိုင်ဆိုသော်လည်း ထိုစားဖိုမှူးလေးကို မည်ကဲ့သိူ့ ရှုံးနိမ့်ပါမည်နည်း။


သူတို့အားလုံး ပုဖန်ရှိရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။


ဘန်း...


ရွှေရောင်တောက်ပနေသောမီးတောက်တစ်ခုက သူတို့မျက်လုံးများ ကန်းမတက်ပင်ဖြစ်သွားစေသည်။


ပုဖန် ပါးစပ်ကိုဖွင့်ဟ၍ ရွှေရောင်မီးတောင်ကို မှုတ်ထုတ်လိုက်သည်။မီးတောက်ထွက်ပေါ်လာပုံက နေမင်းတစ်စင်းထွန်းလင်းထွက်ပေါ်လာသလိုပင် တောက်ပလှသော အလင်းရောင်များကို ထုတ်လွင့်နေလေ၏။


မီးတောက်များထဲ၌ မြောက်များလှစွာသော သားရဲများ ကဆုန်ပေါက်ပြေးလွှားနေသလိုပင် ခံစားမိသည်။ထိုသားရဲများက ဒေါသတကြီးအော်ဟစ်နေပုံပင်ပေါ်သည်။


ဝီ...


ပြိုင်ကွင်းရှစ်၌ရှိနေသောလူအားလုံး နှလုံးသားများ တုန်ယင်သွားကြသည်။အဂ္ဂိရတ်ပညာရှင်များ၏ အမူအရာကလည်း ပြောင်းလဲသွားပြီးလေးနက်တည်ကြည်မှုများ အစားထိုးဝင်ရောက်လာသည်။


ထိုမီးတောက်မှ ထွက်ပေါ်လာသော စွမ်းအင်လှ်ိုင်းများ...


အားလုံးက ပုဖန်မှုတ်ထုတ်လိုက်သော ရွှေရောင်မီးတောက်ကို လှည့်ကြည့်လိုက်ကြသည်။ရွှေရောင်မီးတောက်က မီးတောက်များကြားထဲတွင် ဘုရင်တစ်ပါး ဖြစ်ပုံပေါ်နေလေသည်။အဂ္ဂိရတ်ပညာရှင်များ၏ ငရဲမီးလျှံများအားလုံးက ပုဖန်ဆီမှ ထွက်ပေါ်လာသော မီးတောက်စွမ်းအင်များကြောင့် သူ့ဆီသို့ ကိုးကွယ်ဆည်းကပ်လိုနေကြပုံပေါ်နေလေသည်။


"ဒါ ကောင်းကင်ကမ္ဘာမြေ မီးလျှံလား..."


အဂ္ဂိရတ်ပညာရှင်များအားလုံး လေအေးတစ်ရှိုက်ရှူရှိုက်လိုက်မိကြသည်။ထိုကောင်လေး မှုတ်ထုတ်လိုက်သည့် မီးတောက်က တကယ့်ကို ကောင်းကင်ကမ္ဘာမြေမီးလျှံဖြစ်နေသည်လား။


အဂ္ဂိရတ်ပညာရှင်များနှင့် ဆန့်ကျင်စွာပင် ဆေးဆရာများနှင့် အဆိပ်သခင်များကမူ စ်ိတ်ရှုပ်ထွေးနေကြသည်။


သူတို့၏ မီးတောက်များက သာမန်မီးတောက်များသာဖြစ်သောကြောင့် မည်သည့်စိတ်ဝိညာဉ်စွမ်းအားကိုမှ ပိုင်ဆိုင်ထားခြင်းမရှိပေ။ထို့ကြောင့်ပင် ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ဆီမှ ထွက်ပေါ်လာသော ဖိအားကို မခံစားမိပေ။သူတို့တစ်ခုတည်းသော ခံစားမိသည်က ပုဖန်၏ မီးတောက်က တော်တော်အံ့သြဖို့ကောင်းသည်ဟုပင်။


သို့သော်လည်း မည်ကဲ့သို့ အံ့သြဖို့ကောင်းမည်မှန်းကိုလည်း သေချာစွာမရှင်းပြနိုင်ကြပေ။


ဒိုင်လူကြီး ပါးစပ် ဟောင်းလောင်းပွင့်သွားလေသည်။


"ကောင်းကင်ကမ္ဘာမြေမီးလျှံ ...ဒီကောင်လေးက ကောင်းကင်ကမ္ဘာမြေမီးလျှံကိုတောင်ပိုင်ဆိုင်ထားတာလား...ကောင်းကင်ကမ္ဘာမြေမီးလျှံကို အဂ္ဂိရတ်ပညာရှင်တွေပဲ ထိန်းချုပ်နိုင်တာမဟုတ်ဘူးလား...ဒါဆိုဒီကောင်လေးက ..."


ဒိုင်လူကြီးက မျက်ဝန်းများမှေးကျင်း၍ ဖြစ်နိုင်ချေရှိသည်များကို စဉ်းစားနေမိသည်။ပုဖန်က သူ့ကို လိမ်ထားသည်များဖြစ်နိုင်မလား။တကယ်တမ်းတွင် သူက အလွန်ပါရမီကောင်းမွန်လှသည့် အဂ္ဂိရတ်ပညာရှင်များဖြစ်နေမလား။


ဖြစ်နိုင်ပေသည်။ထိုကိစ္စကတကယ့်ကိုဖြစ်နိုင်ပေသည်။သို့သော်လည်း ပုဖန်၏ နောက်ထပ်အပြုအမူများက သူ့၏ ခန့်မှန်းမှုများကို ရိုက်ချိုးပစ်လိုက်သည်။


ပုဖန်က သူ့၏ သိုလှောင်နယ်မြေထဲမှ မြေအိုးတစ်လုံးကို ဆွဲထုတ်လိုက်သည်။ထို့နောက် ထိုအိုးထဲမှနေ၍ ဟင်းပွဲပြုလုပ်ရာတွင် အသုံးပြုမည့် ပါဝင်ပစ္စည်းအများအပြားကို ထုတ်ယူလိုက်လေ၏။


သူထုတ်ယူလိုက်သည့်အမျိုးအစားတိုင်းက တကယ့်ကို ဟင်းပွဲပြုလုပ်သည့် ပစ္စည်းများဖြစ်ပြီး စိတ်ဝိညာဉ်ဆေးပင် အချို့ ပင်မပါဝင်ပေ။


ထိုဖြစ်ရပ်ကြောင့် ပုဖန်၏ စင်မြင်ရှေ့တွင် ရပ်နေသော ဒိုင်လူကြီး၏ မျက်နာ၌ နောင်တတရားများနှင့် ပြည့်နှက်သွားလေသည်။


ပုဖန်၏ နောက်ထပ်အပြုအမူက သူ့ကိုပို၍ နာကျင်သွားစေသည်။


သူ့အပြုအမူက ဒိုင်လူကြီးကိုသာမက ပြိုင်ကွင်းရှစ်နေရာတွင်ရှိနေသော အဂ္ဂိရတ်ပညာရှင်အားလုံးကိုပါ ထိခိုက်သွားစေလေသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုး၏ အောက်သို့ မီးတောက်ကိုပစ်လွှတ်လိုက်ပြီး အိုးကိုအပူပေးလိုက်သည်။


"ဒီကောင်လေးက ကောင်းကင်ကမ္ဘာမြေမီးလျှံကို ဟင်းချက်ဖို့သုံးတယ်...ဒီလောက်တန်ဖိုးရှိတဲ့ ကောင်းကင်ကမ္ဘာမြေမီးတောက်ကို သူက ဖြုန်းတီးပစ်နေတာပဲ...ဒီလိုလူမျိုးက ဘာလို့ မိုးကြိုးပစ်ခံရပြီး မသေသေးတာလဲ..."


ဒိုင်လူကြီး၏ စိတ်ထဲ၌ အသဲအသန်အော်ဟစ်နေမိသည်။


ရွဲ...ရွဲ...


ဒယ်အိုးထဲသို့ ဆီလောင်းထည့်လိုက်ပြီးနောက် ပုဖန်သူ့၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းကစားလိုက်သည်။ထို့နောက် သူ ပါဝင်ပစ္စည်းများအားလုံးကို စတင်၍ ပြင်ဆင်လိုက်သည်။အားလုံးပြင်ဆင်လှီးဖြတ်ပြီးသည်နှင့် ဒယ်အိုးထဲသို့ အားလုံး ပစ်ထည့်ကာ ရောမွှေကြော်လိုက်သည်။


အချိန်တိုအတွင်းမှာပင် ချိုမြသော မွှေးရနံ့များပြန့်လွင့်ထွက်ပေါ်လာလေသည်။ပြိုင်ကွင်းရှစ် တွင်ရှိနေကြသော သူများအားလုံးက ထိုမြင်ကွင်းကို ကြောင်အမှင်သက်စွာ ကြည့်နေမိကြ၏။ထိုမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်းက အနည်းငယ် ရယ်ချင်မှုနှင့် စိတ်ကသိကအောင့်ဖြစ်မှုကို ခံစားမိကြလေသည်။


"သူတကယ်ကြီးပဲ ဟင်းချက်နေတာပဲ..."


ထိုကလေးက ပဉ္ဇလက်စုဝေးပွဲ၏ ပြိုင်ပွဲစင်မြင့်ထက်တွင် တကယ့်ကို ဟင်းတစ်ခွက်ချက်ပြုတ်နေပေသည်။သူက ဒီကမ္ဘာကြီးထဲမှာ ထူးဆန်းလှသော လူမျိုးပင်ဖြစ်သည်။


ပုဖန်၏ စင်မြင့်ရှေ့တွင်ရပ်နေသော ဒိုင်လူကြီးက သူ့ကိုသာမလွှဲတမ်းစိုက်ကြည့်နေလေ၏။ပုဖန်က ကောင်းကင်ကမ္ဘာမြေမီးလျှံကို အသုံးပြု၍ မည်ကဲ့သို့သော ဟင်းပွဲမျိုးကိုပြုလုပ်မည်ကို သူတကယ်ကိုသိချင်လှပေသည်။


"ခင်ဗျား ကျုပ်နဲ့ ဝေးဝေးမှာ သွားမနေသင့်ဘူးလား..."


ပုဖန်က မြေအိုးတစ်ခုကို ဖွင့်တော့မည့်အချိန်၌ ဒိုင်လူကြီး၏ အကြည့်များကို ခံစားမိသွားပြီး သူလှည့်၍ မေးလိုက်သည်။


"အာ...ဘာအဓိပ္ပါယ်လဲ ငါကဘာလို့ မင်းရဲ့အဝေးမှာ သွားနေရမှာလဲ...ဘာလဲ မင်းက မသန်မာတဲ့ နည်းလမ်းတွေ အသုံးပြုမလို့လား...ငါက မင်းရဲ့လှုပ်ရှားမှုတိုင်းကို မျက်စိဒေါက်ထောက်ကြည့်နေမှာ..."


"ငါရဲ့ လှုပ်ရှားမှုတိုင်းကို ကြည့်နေမယ်..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများအသာအယာ ကွေးတက်သွားသည်။


"ကောင်းပြီလေ...ခင်ဗျား အဆင်ပြေနေသရွေ့ ပြီးတာပါပဲ...ပြီးတော့မှ ခင်ဗျားမငိုဖို့ မျှော်လင့်ပါတယ်..."


ပုဖန်က ဒိုင်လူကြီးကို အဓိပ္ပါယ်ပါပါတစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့လက်ဖဝါးပေါ်၌ စွမ်းအားများကိုစုစည်းပြီး မြေအိုးအဖုံးကို ရိုက်ချလိုက်၏။ဒိုင်လူကြီး၏ မျက်ဝန်းများကလည်း ထိုမြေအိုးကိုသာ မလွှဲတမ်းကြည့်နေလေသည်။


ဒီကောင်လေးက မြေအိုးထဲမှာရှိတဲ့အရာက်ို အားကိုးနေတာလား...


သူ့မျက်ဝန်းများက ပို၍ပင်တောက်ပလာ၏။သူအိုးထဲမှာရှိသည့် အရာများကို သ်ိချင်လွန်းလှသောကြောင့် လည်ပင်းဆန့်၍ စပ်စုလိုက်သည်။


ကွဲအက်သွာသည့်အသံတစ်ခုနှင့်အတူ အဖုံးက လွင့်စင်ထွက်သွားသည်။


စပ်စုချင်စိတ်ပြည့်နေသော ဒိုင်လူကြီး၏ မျက်နာက ချက်ချင်းပင်အေးခဲသွားလေ၏။


အိုးထဲမှ ထွက်ပေါ်လာသော အနံ့များက သူ့နှာခေါင်းထဲ အလုံးအရင်းတိုးဝင်သွားလေသည်။